Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သီချင်းလေးတစ်ပုဒ်…ဓါတ်ပုံလေးတစ်ပုံ… ကိုငှက် နှင့် ယူမိုး…။

black chawJune 17, 20171min36758

ဖေ့စ်ဘုတ်မှာ ကိုယူမိုး က ဓါတ်ပုံလေးတစ်ပုံ
တင်လာပါသည်။
ကိုငှက် နဲ ့ကိုယူမိုး ပုံလေး။
စိတ်ထဲ တစ်မျိုးကြီး ခံစားရသည်။
ဒီပုံလေး ရဲ ့ရာဇဝင်ကို မေးဖို ့
ဒေါ်အေးကြင်ဆိုင်မှာ ကိုယူမိုးနှင့်
လဖက်ရည်သောက်ဖြစ်ကြသည်။
လဖက်ရည်သောက်ရင်း မေးမြန်းမိတော့
ကိုယူမိုးက အခုလို ပြန်ပြောပြသည်။

“ကိုငှက် က အဲ့ဒီတုန်းက နာမည်ကြီး အဆိုတော်ကြီး
ဖြစ်နေပါပြီ။
ကျွန်တော်တို ့က ကိုငှက်ကို
ချစ်ခင်လေးစားစိတ်နဲ ့ကျောက်မြောင်းအိမ်ကို သွားပြီး
မိတ်ဆက်တာပေါ့။
နောက်​ပိုင်း ရင်းနှီးသွားပြီး
မကြာမကြာပဲ သူ့ဆီရောက်ဖြစ်သွားတက်​တယ်​။
ပြီး​တော့
သီချင်းအကြောင်းလေးတွေ ပြောဖြစ်ကြပါတယ်။
ကျွန်တော် ကစားပွဲများအခွေ မစ်​ဆင်​မဆွဲ​သေးခင်​
မှာ တစ်​ရက်​ အ​ခွေကြမ်​း​လေးကိုယူပြီး
​ကိုငှက်​ရဲ့အကြံဉာဏ​်တွေလိုချင်​တာနဲ့
သူ့ဆီ​ရောက်​သွားဖြစ်​ပါတယ်​
ကိုငှက် က အဲဒီတုန်းက ကျွန်တော်ရေးတဲ့
ဗက်ထရန်စမေလိုဗစ် သီချင်းကို
အတော် သဘောကျခဲ့ဘူးတယ်​။
အဲ့သီချင်​းက အဲဒီအချိန်​တုန်​းက လူပုဂ္ဂိုလ်​
တစ်​​ယောက်​ရဲ့အ​ကြောင်​းကို ​ဝေါ့ဇ်​ပုံစံ​လေးနဲ့
​ထူးထူးခြားခြား​လေး​ရေးဖြစ်​ခဲ့တဲ့ အ​ကြောင်​း​လေး​ပေါ့​လေ။
အဲဒါ​လေးကိုသူစိတ်​ဝင်​စားသွားတယ်​
ထင်​တာပါပဲဗျာ။
ပြီး​တော့ကျနော့်အခွေကိုတောင်
ပရိုဂျူဆာ တစ်ယောက်ယောက်လက်ကို အပ်ပြီး
အစအဆုံးပြန်လုပ်ဖို ့ စီစဉ်ပေးမယ်လို ့
ပြောသေးတယ်ဗျ။
သူကိုယ်တိုင် အက်ဒစ်လုပ်ပြီး အခွေကို
ပိုကောင်းအောင် စီစဉ်ပေးမလို့ထင်​ပါရဲ့ဗျာ။
ဒါပေမယ့် အဲ့ဒီ အချိန်မှာ
ကိုသူရ (ရာစု) နဲ့စာချုပ်က ရှိနေပြီးပြီ ။
ကိုသူရလည်​းကျွန်​​တော်​ရဲ့အနုညာတ အ​ခွေ​လေးကို
ဂီတချစ်​စိ်​တ်​နဲ့ အရှုံးခံပြီး လုပ်​​ပေးရှာပါတယ်​ ။
ကိုငှက်​ကို စာချုပ်​ကိစ္စ​ပြောပြ​တော့
သူဘာမှဆက်​ပြီး ကျွန်​​တော်​့ကိုမ​ပြော​တော့ပါဘူး

ကိုယူမိုး က ကိုငှက် ကို သတိရနေဟန်တူပါသည်။
ရေနွေးကြမ်းတစ်ခွက်ကို ငှဲ ့ထည့်ရင်း
စကားကိုဆက်သည်။

“ကျွန်တော် အခွေလုပ်တုန်းက လင်းစတူဒီယို ကို
သူရောက်လာဖူးတယ်။ မာရဇ္ဇ လည်းပါတယ်ဗျ။
ကိစ္စ တစ်ခု ရှိလို ့ထင်ပါတယ်ဗျာ။
စတူဒီယို ထဲ ဝင်လာပြီးတော့
ခဏတဖြုတ်​ကြုံလို့်​ဝင်​နား​ထောင်​ပြီး
ကျွန်​​တော့်​ရဲ့ပိုးဟပ်​မ​လေးသီချင်​း​ကို
ဒရမ်​ဘိတင်​အစိပ်​အကြဲ​လေးနဲ့ပတ်​သက်ပြီး
အကြံဝင်​​ပေးသွား​သေးတယ်​ဗျ။
ပြီးမှ နှုတ်ဆက်ပြီးပြန်​ထွက်​သွားတာ မှတ်​မိတယ်​ဗျာ။

ကျနော် က

“ကိုယူမိုး ရေးတဲ့ သီချင်းကို
ကိုငှက် ဆိုခဲ့ဖူးတယ်နော်
ဝံရိုးစွန်းမီး ခွေထဲမှာ ထင်တယ်
ဘယ်လိုဆိုဖြစ်သွားတာလဲဗျ”

လို ့မေးလိုက်ပါတယ်။

“အဲ့ဒါက သူ ့အမုန်း ဆိုတဲ့ သီချင်းလေးဗျ။
ကျွန်တော်ရေးပြီးခါစ မှာပဲ
အိမ်မှာ ပြန် အချောသပ်နေတုန်း
ကိုဇော်မိုးသွင် ရောက်လာတယ်ဗျ။
ကိုငှက် အတွက် ရယ် ဘာရယ် မဟုတ်ပါဘူး
ပုံမှန်ရေးဖြစ်လိုက်တဲ့ သီချင်းတစ်ပုဒ်ပေါ့။
အဲ့ဒီအချိန်မှာ ဇော်မိုးသွင်ကလည်း ကိုငှက်အတွက်
သီချင်းပြဖို ့စီစဉ်နေချိန်ပေါ့။
ကျွန်တော့် သီချင်းလေး သူကြားတော့
ကိုငှက် နဲ ့လိုက်မယ်ဆိုပြီး
ယူသွားတာဗျ။
အဲ့ဒါ ကိုငှက် က သဘောကျပြီး ဆိုဖြစ်သွားတာပါ။
ဝံရိုးစွန်းမီး ခွေက ကိုငှက် ရဲ ့ထွက်ခဲ့ဖူးသမျှ ခွေတွေထဲမှာ
လူသိ အနည်းဆုံး ခွေပါ။
ဒါပေမယ့် ကျွန်တော်တို ့ရဲ ့အနုပညာကတော့
မနည်းခဲ့လောက်ပါဘူးဗျာ”

ကျွန်တော် က

“ဒါ ခင်ဗျား ရဲ ့သီချင်းရေးသူ ဘဝမှာ
အင်မတန်ဂုဏ်ယူစရာ ကိစ္စကြီး တစ်ခုလို ့
ကျွန်တော် ထင်ပါတယ်။
ကိုယူမိုး ရင်ထဲက ခံစားမှုကိုလည်း
သိချင်တယ်ဗျာ”

ဆိုတော့…

“အဲ့ဒီတုန်းကတော့ အရမ်းကြီး ထူးထူးခြားခြား
ဂုဏ်ယူတာမျိုးတော့ မရှိခဲ့ဘူးဗျ။
တခြားသူတွေကို သီချင်းပေးသလိုပါပဲ။
ကျွန်တော့် သီချင်းတစ်ပုဒ်ကို ကိုငှက် ကို
ပေးဖြစ်တယ်။ ဆိုဖြစ်သွားတယ်။ ပုံမှန်ပါပဲ။
ဒါနဲ ့ ဘယ်မှာ သတိထားမိသွားလဲ ဆိုတော့
သူကွယ်လွန်သွားတဲ့ အချိန်နောက်ပိုင်း ကိုငှက်ကို
သတိရတိုင်းမှာ အဲ့ဒီသီချင်းလေးကို
သူဆိုသွားတဲ့အတွက်
အရမ်းပဲ ကျေနပ်မိတယ်။
မရှိတော့တဲ့လူတစ်ယောက်
ကိုယ်တန်ဘိုးထားခဲ့ဖူးတဲ့ လူတစ်ယောက် နဲ ့
ပတ်သက်ခဲ့ဖူးတဲ့ အမှတ်တရ တစ်ခုအနေနဲ ့ပေါ့။
အများကြီးလည်းမရှိပါဘူးဗျာ။
ဘဝမှာ ကိုငှက်နဲ ့ပတ်သက်ပြီး ချပြစရာဆိုလို ့
ဒီသီချင်းလေးတစ်ပုဒ်ပဲ ပြောစရာ ရှိတာပါ။”

စကားနည်းတဲ့ ကိုယူမိုး ရဲ ့
ရှည်လျားတဲ့ ဒိုင်ယာလော့ခ် ပါပဲ။
ကျွန်တော်က ဆက်မေးမိပြန်ပါတယ်။

“ဟိုနေ ့က တင်လိုက်တဲ့ ကိုငှက် နဲ ့ ကိုယူမိုး ပုံလေး
အကြောင်းပြောပါဦးဗျ”

ကိုယူမိုးက

“အဲ့ဒါက ဒီလိုဗျ။
လှည်းတန်းက ချာတိတ်တစ်ယောက်က ကိုငှက် ကို
အရမ်း ခရေဇီ ဖြစ်ပြီး ကိုငှက်ကို
မြင်ဖူးချင်နေတယ်။
ကျွန်တော်ကလည်း ကိုငှက်အိမ်ကို
အဝင်အထွက်ရှိတယ်ဆိုတော့
လိုက်ပါရစေ ပူဆာလို ့ခေါ်သွားလိုက်တာပါ။
သူက ကင်မရာလေးတစ်လုံးလည်း
ယူခဲ့လို ့ကိုငှက်ကို ခွင့်တောင်းပြီး
ဓါတ်ပုံလေးရိုက်ယူခဲ့တာဗျ။
ကျွန်တော့်နဲ ့ကိုငှက်ပုံကို ချာတိတ်က
ကျွန်တော့်ကိုပေးလို ့သိမ်းထားမိတယ်ဗျ။
အဲ့ဒီမန်မိုရီလေးက အဲ့ဒီအချိန်တုန်းက
ဘာမှန်းညာမှန်းမသိခဲ့ပေမယ့်
အခုမှ တန်ဘိုးသိလာတယ်ဗျ”

စကားကို ခဏရပ်ပြီး ပြန်ဆက်သည်။

“ကိုငှက်အိမ်သွားရင်…၊ အိမ်ရှေ ့ဝရံတာကနေ
ဓါတ်ကြိုးတန်းတွေတွေ ့ရမယ်…။
ဓါတ်ကြိုးပေါ်နားနေတဲ့ ကျီးကန်းတွေကို
တွေ ့ရမယ်။
တစ်ခါလေကျ ကိုငှက်က အဲ့ဒီအိမ်ရှေ ့ကို
ထွက်လာမယ်…။
ကျီးကန်းတွေကိုထိုင်ငေးနေမယ်…။
ငေးရင်း သီချင်းတစ်ပုဒ်အကြောင်းကို
သူပြောချင်ပြောနေမယ်…။
တစ်ခါတလေကျရင် ဘာမှ မပြောပဲ
သူ တိတ်ဆိတ်ငြိမ်သက် နေမယ်”

သူ မှတ်မိသမျှ ကိုငှက်အိမ်မှ မြင်ကွင်းတွေကို
တလွမ်းတဆွေး ပြန်ပြောပြနေသည်။
ကိုငှက် က အခုချိန်ထိ
ကျွန်တော်တို ့ရင်ထဲမှာ ရှင်သန်နေဆဲ။

8 comments

  • ဦးကျောက်ခဲ

    June 17, 2017 at 11:15 am

    နှံ့စပ်ပါပေ့ ကိုဘလက် …
    သမိုင်းဝင်ဓာတ်သေလေးတွေနဲ့ ပို့စ်မို့ …
    တချိန်မှာ အဘိုးမဖြတ်နိုင်အောင် သမိုင်းတန်ကြေးရှိမှာ …

    • black chaw

      June 17, 2017 at 2:39 pm

      @ ဦးကျောက်ခဲ !!!
      ကိုကျောက်ရေ…/
      ဓါတ်ပုံလေးတစ်ပုံကနေ ဖြစ်လာတဲ့ ပို ့စ်လေးပါဗျာ။
      စိတ်ဝင်စားသူတွေအတွက်ပဲတန်ဘိုးရှိမှာဗျ။

      (BC)

  • surmi

    June 17, 2017 at 1:13 pm

    တူးးး
    တူးးး
    ဆက်တူးပါဗျို့
    မသိမမှီ မကြားဖူးတာလေးများ အရသာရှိပါ့ဗျာ :mrgreen:

    • black chaw

      June 17, 2017 at 2:47 pm

      @surmi !!!
      လူတစ်ယောက်ရဲ ့တန်ဘိုးရှိတဲ့ ဖြတ်သန်းမှုတစ်ခုကို
      ဖေါ်ထုတ်တင်ပြတတ်တာ ကျနော့် အကျင့်ပါဗျာ။
      ဝါသနာတူသူတွေအတွက် အရသာရှိမယ် ထင်ပါရဲ ့။

      (BC)

  • ဦး လေး မန်း

    June 17, 2017 at 6:02 pm

    ကျွန်​​တော်​လဲကိုငှက်​သီချင်​း​တွေကြိုက်​သဗျ ဒါ​ပေမဲ့ ဝံရိုးစွန်​းမီး ဆိုတာ​တော့ ကိုဘလက်​​ရေးမှဘဲကြားဘူး​တော့တယ်​။ တချိန်​​တော့ရှာပြီးနား​ထောင်​လိုက်​အုံးမယ်​ လိုင်​း​ပေါ်မှာများရှိမလားမသိဘူး။

    • black chaw

      June 18, 2017 at 8:22 am

      @ ဦးလေးမန်း !!!
      ကျေးဇူးပါခင်ဗျာ။

Leave a Reply