Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မကောင်းတဲ့အတိတ်မှကင်းဝေးနိုင်ကြပါစေ

aye.kkOctober 4, 20171min75914

အတိတ်ဆိုတာ

လူတိုင်းမှာရှိပါတယ်။

အတိတ်နဲ ့ပတ်သက်ရင်

ကောင်းတဲ့အတိတ်ရှိခဲ့သလို

မကောင်းတဲ့အတိတ်လည်းရှိပါတယ်။

ကောင်းတဲ့အတိတ်ကတော့

ဘယ်အချိန်ခါမှာဘဲဖြစ်ဖြစ်

ပြန်ပြီးတွေးမိ,စဉ်းစားမိတိုင်း

ကိုယ့်ကိုယ်ကိုအားရကျေနပ်တဲ့စိတ်နဲ ့ထပ်တူကြည်နှူးဝမ်းသာစိတ်တွေ

ဖြစ်ပေါ်ခံစားရစေပါတယ်။

မကောင်းတဲ့အတိတ်ကတော့

ဘယ်အချိန်မှာဘဲဖြစ်ဖြစ်

ပြန်ပြီးတွေးမိ,စဉ်းစားမိတိုင်းလဲ

ကိုယ့်ကိုယ်ကိုအားမလို,အားမရစိတ်တွေနဲ့ထပ်တူပူပန်ဝမ်းနည်းစိတ်တွေသာ

ဖြစ်ပေါ်ခံစားရစေပါတယ်။

ကောင်းတဲ့အတိတ်ဆိုတာလဲ

မိမိရဲ ့ပြုလုပ်ဆောင်ရွက်ခဲ့တာတွေပါဘဲ။

မကောင်းတဲ့အတိတ်ဆိုတာလဲ

မိမိပြုလုပ်ဆောင်ရွက်ခဲ့တာတွေပါဘဲ။

မိမိစိတ်မှာဖြစ်ပေါ်လာတဲ့စိတ်ခံစားဖြစ်ပေါ်မှုတွေအရ,

အကောင်းစိတ်,အဆိုးစိတ်တွေအတိုင်း၊ ပြုမူဆောင်ရွက်မိကြလို ့သာ

ကောင်းတဲ့အတိတ်,မကောင်းတဲ့အတိတ်တွေဖြစ်ပေါ်ခံစားကြရတာပါ။

မကောင်းတဲ့အတိတ်က

အဆိုးစိတ်တွေအတိုင်းသာ ပြုမူဆောင်ရွက်,လုပ်မိခဲ့ကြတဲ့အတွက်

ကိုယ့်ကိုယ်ကိုစိတ်ဆင်းရဲစေတာကလွဲရင်

ပစ္စုပ္ပန်အတွက်လဲ  အကျိုးမရှိပါဘူး။

ကောင်းတဲ့အတိတ်က

အကောင်းစိတ်တွေအတိုင်းသာ ပြုမူဆောင်ရွက်,လုပ်မိခဲ့ကြတဲ့အတွက်

ကိုယ့်ကိုယ်ကိုလည်း စိတ်ချမ်းသာမှုရရှိစေတဲ့အပြင်

ပစ္စုပ္ပန်အတွက်လဲ အကျိုးရှိပါတယ်။

မကောင်းတဲ့အတိတ်ဆိုတာ

ကိုယ့်မှာမရှိခဲ့ရင်၊စိတ်ချမ်းသာမှုသာခံစားကြရမှာပါ။

မကောင်းတဲ့အတိတ်မှကင်းဝေးနိုင်ဘို ့အတွက်

အသိတရား,ကိုယ်ချင်းစာတရားရှိရပါမယ်။

အသိတရား,ကိုယ်ချင်းစာတရားက

စိတ်ကိုထိန်းချုပ်နိုင်တဲ့လက်နက်ကောင်းတွေပါဘဲ။

လက်နက်ကောင်းတွေနဲ ့စိတ်ကိုထိန်းချုပ်နိုင်ပါမှ

မကောင်းတဲ့အတိတ်ကနေ ကင်းဝေးနိုင်ကြမှာပါ။

အားလုံး-

မကောင်းတဲ့အတိတ်မှကင်းဝေးနိုင်ကြပါစေ။

 

 

 

 

 

 

 

14 comments

  • သင့်အေးရိပ်

    October 5, 2017 at 7:56 am

    .ပြန်တွေးချင်စရာတောင် မကောင်းခဲ့တဲ့အတိတ်တွေ
    ကျနော့်မှာ ရှိဖူးတယ်။
    အခုတော့လည်း နောင်တချိန် ပြန်တွေးရင် တွေးလို့ကောင်းမယ့်အတိတ်တွေပဲ ကျန်အောင်
    ချန်ခဲ့နိုင်ဖို့ ကြိုးစားနေရတယ်

  • kai

    October 5, 2017 at 4:23 pm

    ဒီလို စက်မှု၊နည်းပညာနဲ့ ဇီဝသိပ္ပံခေတ်ကြီးမှာ.. မကောင်းဘူးထင်ရတဲ့အတိတ်တွေဖျောက်လို့ရနေပါပြီ..။
    ဆေးသောက်ဖျောက်မလား..။ လျှပ်စီးခေါင်းအုပ်လေးထားပြီး.. အဲဒီမှတ်ဉာဏ်နေရာကို.. ရှော့ရိုက်ဖျောက်မလား.. ကြိုက်တာရွေးပါ..။
    ငါးမူးစီပဲ..။ :k:

    Scientists Already Know How to ‘Erase’ Your Painful Memories… And Add New Ones
    Nothing lasts forever.
    FIONA MACDONALD 15 FEB 2016
    We all have things in our past that we’d like to forget – bad break-ups, traumatic experiences, loss. No matter how hard we try, these memories can continue to haunt us, occasionally triggering conditions such as anxiety, phobias, or post-traumatic stress disorder. But scientists are now on the verge of being able to change that for good, with the discovery that our memories aren’t as permanent as we once thought.

    https://www.sciencealert.com/scientists-have-figured-out-how-to-to-erase-your-painful-memories

  • aye.kk

    October 5, 2017 at 9:09 pm

    သူကြီး
    .
    .
    သိပ္ပံနည်းထက်
    ဗုဒ္ဓဓမ္မတရားအရ
    ပစ္စုပ္ပန်တည့်တည့်မှာ
    ဝိပဿနာရှုမှတ်ပြီး
    ဖြစ်,ပျက်(ပညတ်)မရှိတဲ့နိဗ္ဗာန်ကိုရွေးချယ်တာအကောင်းဆုံးပါ။

    • kai

      October 6, 2017 at 4:57 pm

      ဝိပဿနာရှုနည်း.. တရားထိုင်နည်းတွေကို ဗုဒ္ဓဟောသွားတယ်လို့.. မယုံကြည်တာမို့.. ပိဋကတ်၃ပုံထဲ.. သွားရှာတော့လည်း.. ဓမ္မက္ခန္ဒာ ၈သောင်းလေးထောင် ထဲ..နိဗ္ဗာန်ရောက်မယ့် တခုတည်းသောလမ်း.. ဝိပဿနာ ဆိုတဲ့..စာလုံး၁၅လုံးလားပဲတွေ့..။ :k:
      ဆိုတော့..
      အဲဒီဝိပဿနာနည်းဆိုတာက လယ်တီဆရာတော်ကြီးနည်းဖြစ်ပါတယ်..။
      အဆင့်ဆင့်.. အနာဂါမ်ဆရာသက်ကြီးတို့..။ ဦးဘခင်တို့…. ဦးဂိုအင်ဂါတို့ကတဆင့်.. မြန်မာထေရာဝါဒသမားတွေသာ တော်တော်မာျးများ.. လုပ်နေကြတာပေါ့..။
      အာနာပါနအနေနဲ့.. ဟိန္ဒူတွေ.. ကျင့်ကြတဲ့အရေအတွက်ကတော့ ပိုများမယ်ထင်ပါတယ်..။

      .. တလက်စထဲ.. အမဲသားပါရှောင်မှ ပိုထိရောက်မယ်လို့ပါ..။
      နောက်တာနော…။ ပျော်စေ..။ :k:

      • aye.kk

        October 6, 2017 at 6:07 pm

        သူကြီး
        ဝိပဿနာဆိုတာ
        စာသိနဲ ့မရဘူး။
        တကယ်လက်တွေ ့ကျင့်မှသာသိတာပါ။
        သိမှယုံတာပါ။
        ဘုရားကိုယုံတယ်။
        တရားကိုယုံတယ်။
        သံဃာကိုယုံတယ်။
        ယုံတယ်ဆိုတာ ယုံကြည်တာကိုပြောတာပါ။
        မငြင်းတော့ဘူးနော်။
        သူကြီးလဲပျော်ပါစေ။။

        • kai

          October 7, 2017 at 3:51 am

          +၁ ပေးလိုက်ပါတယ် အရီးအေးရေ..။
          စာတွေ့အရကတော့.. အဲဒီ၃ပါးကို (တကယ်)တကယ်ယုံကြည်သူဟာ.. သောတာပန်တည်တာပဲ..။
          ခေသူမဟုတ်..။ :k:

      • သင့်အေးရိပ်

        October 8, 2017 at 12:53 pm

        kai says:

        ဝိပဿနာရှုနည်း.. တရားထိုင်နည်းတွေကို ဗုဒ္ဓဟောသွားတယ်လို့.. မယုံကြည်တာမို့.. ပိဋကတ်၃ပုံထဲ.. သွားရှာတော့လည်း.. ဓမ္မက္ခန္ဒာ ၈သောင်းလေးထောင် ထဲ..နိဗ္ဗာန်ရောက်မယ့် တခုတည်းသောလမ်း.. ဝိပဿနာ ဆိုတဲ့..စာလုံး၁၅လုံးလားပဲတွေ့..။ :k:
        ဆိုတော့..
        အဲဒီဝိပဿနာနည်းဆိုတာက လယ်တီဆရာတော်ကြီးနည်းဖြစ်ပါတယ်..။
        ————————————————————-
        ဆိုတော့ကာ…..သူကြီးပြောပုံအရဆိုရင် ဗြိတိသျှခေတ် မတိုင်မီက
        ဝိပသနာ တရားအားထုတ်နည်းဆိုတာ မပေါ်သေးဘူးပေါ့နော်။ မသိလို့။
        ဒါဆို ဝိပသနာ ဆိုတာ ပေါ်လာတာ မကြာသေးတဲ့ မော်ဒန်ပဲ
        :k:

        • kai

          October 9, 2017 at 3:39 pm

          မှန်ရင်လည်းမှန်တယ်.. မှားတယ်လည်းမှားတယ်..။
          ဟိန္ဒူသာသနာမှာက.. အသက်ရှု၊ ဖေါင်းပိန်ထိုင်ထိအပါအဝင်… ရုပ်စိတ်နာမ်တွေကို ခွဲဖြာစိတ်စီကျင့်တာ.. ဗုဒ္ဓမပွင့်ခင်ကထဲကရှိပြီးသား.. ရှိနေဆဲ.. ရှိလတ္တံ့ပါ..။
          အမေရိကားမှာလည်း.. အဲဒီ မက်ဒီတေးရှင်းနည်းပေါင်းစုံကို.. ဟိန္ဒူဆြာကြီးတွေ ပိုက်ပိုက်ယူ..နည်းပြတဲ့သင်တန်းတွေ အများးးး ကြီးရှိပါတယ်..။
          အဲ.. မြန်မာမှာကျတော့.. ဝိပဿနာကျင့်တယ်ဆိုတာက.. လယ်တီဆတော်ကြီးရှေ့မယ်..ပုဂံခေတ်.. အင်းဝ..ကစလို့..ကုန်းဘောင်ခေတ်အထိ.. ဝိပဿနာတရားစခန်းတွေလည်းမရှိ..။
          တရားစခန်းဝင်ကြတဲ့လူထုတွေအကြောင်းလဲ.. မရေးစဖူး..။
          ဆိုတော့..
          နာမယ်ပြောင်းထားတဲ့.. လယ်တီဆတော်ကြီးမူပိုင်ဖြစ်ပါ၏… လို့ပဲ..။ :k:

  • ဦးကျောက်ခဲ

    October 6, 2017 at 1:42 pm

    ကင်းဝေးအောင် နေချင်ပေမည့် အတိတ်ဆိုတာ မေ့မရဘူးလေ …
    အဲသည့်တော့လည်း ပြန်သတိရတိုင်း နောင်တတွေရ …
    သဂျီးပြောသလို ရှော့လည်းမရိုက်ရဲတော့ သေခါနီး အဲသည့် “ဇော” တွေမကပ်အောင် …
    ငါလုပ်ခဲ့တာ အကုန်မှန်တယ်လို့ စိတ်ထားရမလိုလို … :k:
    ငွင်း … ပစ္စုပ္ပန်တည့်တည့်ရှုမှပဲ… အပမ္မာဒေထ …

    • kai

      October 6, 2017 at 4:49 pm

      ရှော့မရိုက်လည်း.. သောက်ဆေးနဲ့ရပြီတဲ့..။ The Forgetting Pill တဲ့..။
      ဆိုတော့…
      မှားခဲ့တာတွေကို.. နောင်တမရချင်ရင်.. ဖွင့်ဟဝန်ခံရတယ်တဲ့..။
      ဒါကတော့ ဗုဒ္ဓဟော..။ :k:

      https://www.wired.com/2012/02/ff_forgettingpill/
      AUTHOR: JONAH LEHRER. JONAH LEHRER MAGAZINE DATE OF PUBLICATION: 02.17.12.
      02.17.12
      TIME OF PUBLICATION: 3:44 PM.
      3:44 PM
      THE FORGETTING PILL ERASES PAINFUL MEMORIES FOREVER

      Jeffrey Mitchell, a volunteer firefighter in the suburbs of Baltimore, came across the accident by chance: A car had smashed into a pickup truck loaded with metal pipes. Mitchell tried to help, but he saw at once that he was too late.

      The car had rear-ended the truck at high speed, sending a pipe through the windshield and into the chest of the passenger—a young bride returning home from her wedding. There was blood everywhere, staining her white dress crimson.

      Mitchell couldn’t get the dead woman out of his mind; the tableau was stuck before his eyes. He tried to tough it out, but after months of suffering, he couldn’t take it anymore. He finally told his brother, a fellow firefighter, about it.

      • ဦးကျောက်ခဲ

        October 6, 2017 at 9:26 pm

        “မှားခဲ့တာတွေကို.. နောင်တမရချင်ရင်.. ဖွင့်ဟဝန်ခံရတယ်တဲ့..”
        ဟီ ဟိ … “မင်း လာပြန်ပြီလား” လို့ ဘုန်းကြီးက ဟောက်လွှတ်မှာ… :k:
        အတည်ပြောရရင် ဆေးစွဲ အရက်စွဲ မူးယစ်သမားတွေက အတိတ်ကို မေ့နိုင်ဖို့ ကြိုးစားရင်း လမ်းလွဲကုန်ကြတာ ။ High ဖြစ်နေချိန်မှာ မေ့ချင်တာတွေမေ့ပြီး အကုန် မှန် သွားတယ် … လက်တွေ့ :k:

        • kai

          October 7, 2017 at 3:57 am

          ခရစ်ယန်ဘုန်းကြီးဆီသွား.. confession လုပ်ပေါ့..။
          ဟောက်မလွှတ်ပါဘူး..။
          ဆိုတော့… မူးယစ်ဆေးက.. ဓာတုဆေးဝါးမို့… ဝယ်ရတာ ပိုက်ပိုက်ကုန်တယ်လေ..။
          ပိုက်ပိုက်မကုန်ပဲ.. အဲဒီမူးယစ်ဆေးရဲ့ ကမ်မစ်ကယ် အလိုလိုထွက်လာတဲ့.. ယောဂကျင့်ကြည့်ပါလား..။
          ဖရီးလည်းရ.. ဝမ်းလည်းဝ..။ :i:

          The God Chemical: Brain Chemistry And Mysticism
          New Avenues To Study Spirituality In The Brain

          Of course, it’s more complicated than that. There are other chemicals and receptors at play, and, of course, mystical experience happens without drugs — through prayer, meditation, chanting and fasting.

          But Griffiths says this study will open new vistas into the science of spirituality. Until now, he says, we couldn’t systematically study mystical states.

          “You can’t just say, ‘Well, come into the laboratory and pray for two hours, and then we’re going to image your brain because we know you’ll have a mystical experience then!’ ” he says. “We’re talking about rates of experience that may occur once in a lifetime or once every year or two.”
          http://www.npr.org/templates/story/story.php?storyId=104240746

  • manawphyulay

    October 13, 2017 at 3:22 pm

    လူတိုင်းလူတိုင်း ဒီလိုအတိတ်လေး ရှိစေချင်ပါတယ်။

    ကောင်းတဲ့အတိတ်က

    အကောင်းစိတ်တွေအတိုင်းသာ ပြုမူဆောင်ရွက်,လုပ်မိခဲ့ကြတဲ့အတွက်

    ကိုယ့်ကိုယ်ကိုလည်း စိတ်ချမ်းသာမှုရရှိစေတဲ့အပြင်

    ပစ္စုပ္ပန်အတွက်လဲ အကျိုးရှိပါတယ်။

  • Shar Thet Man

    October 16, 2017 at 4:10 pm

    ပေးတဲ့ဆုနဲ့ပြည့်ပါစေ

Leave a Reply