Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကဗာပတ်ရှုပ်သောတရုတ် နှင့် ဘူရှီဒိုစိတ်ဓါတ်ဂျပန် ပထမစစ်ပွဲ (၁၈၉၄-၉၅)

အောက်တိုဘာ ရ ရက်နေ့က တင်တာ ဘာရယ်ကြောင့်မသိ မန်းဂေဇက်ဖေ့စ်ဘွတ်မှာ မတက်လို့ ကော်ပီပေ့စ် ကက်တီဂိုရီနဲ့ ထပ်တင်သည်။  ။။။။
 မီဂျီဂျပန်နိုင်ငံထံ ကိုရီးယားပိုက်နက်နယ်မြေ အပ်ရသော တရုတ်ကွင်ဘုရင့်နိုင်ငံ…
၁၈၉၄ ဩဂုတ် ၁ မှ ၁၈၉၅ ဧပြီ ၁ရ အထိ တရုတ်ကွင်ဘုရင်နိုင်ငံသည် မီဂျီဂျပန်အင်ပါယာ နှင့် ကိုရီးယားနယ်မြေ ထိန်းချုပ်ရန် တိုက်ခိုက်ခဲ့ပြီး ဂျပန်မှ ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။ စစ်ပွဲအပြီး ကိုရီးယားကျွန်းဆွယ်အား ဂျပန် လက်ဝေခံအဖြစ် သွပ်သွင်းလိုက်ကာ ထိုင်ဝမ် ဖေါ်မိုဆာကျွန်း၊ ပန်ဂူကျွန်းနှင့် လ ျှိုဒေါင် ကျွန်းဆွယ်တို့အား ရရှိခဲ့သည်။ အချောင်သက်သက် ရခဲ့တာတော့မဟုတ်၊ တရုတ်စစ်သား သုံးသောင်းငါးထောင် နီးပါး စစ်ပွဲတွင် ကျဆုံးဒဏ်ရာ ရပြီး ဂျပန်ဖက်တွင် စစ်သားနှင့် အမှုထမ်း ငါးထောင်နီးပါး ဆုံးရှုံးမှု ရှိသည်။ ဆိုးတာက နှစ်ဖက် တင်းမာမှု ပြီးဆုံးမသွားဘဲ ဒုတိယကဗာစစ်၏ တစိတ်တပိုင်း ဖြစ်သော ဒုတိယ တရုတ် – ဂျပန် စစ်ပွဲ ၁၉၃ရခုနှစ်တွင် ဆက်လက်ဖြစ်ပွားသည်။ ။။။။
ပဋိပက်ခ ကာလ
၁၉ရာစုနှစ် ဒုတိယပိုင်းတွင် အမေရိကန် ရေတပ်ဗိုလ်ချုပ် မက်သယူး ပယ်ရီ ပြင်ပကဗာနှင့် မဆက်ဆံ အထီးကျန် ပိတ်ဆို့နေထိုင်သော တိုကူဂါဝါ ဂျပန်နိုင်ငံအား အင်အားသုံး ဖွင့်လှစ်ခဲ့သည်။ ရှိုဂန် နယ်စား အုပ်ချုပ်မှု အဆုံးသတ်ခဲ့ရပြီး ၁၈၆၈ မေဂျီဘုရင်၏ ခေတ်မှီပြုပြင်ပြောင်းလဲရေးကာလ ဂျပန် ကျော်ဖြတ်နိုင်ခဲ့ကာ အလျင်အမြန် ခေတ်မှီတိုးတက် စစ်အင်အားကြီး တနိုင်ငံ မရည်ရွယ်ဘဲ ဖြစ်လာသည်။ ။။။။
ထိုအချိန်တွင် အရှေ့အာရှ အစဉ်အလာ အင်အားကြီး ကွင်တရုတ်နိုင်ငံမှာ စစ်တပ် နှင့် အုပ်ချုပ်ရေးစနစ်ကို ခေတ်မှီတည်ဆောက်ရန် ပျက်ကွက်သဖြင့် အနောက် အင်အားကြီးနိုင်ငံများအား ဘိန်းစစ်ပွဲ နှစ်ပွဲတွင် ရှုံးနိမ့်သည်။ ဒေသတွင်း အင်အားအကြီးဆုံးမို့ ရာစုနှစ်များစွာ ကိုရီးယား၊ ဗီယက်နမ် ကဲ့သို့ အိမ်နီးခြင်း လက်ဝေခံ နိုင်ငံများ၏ ရိုကျိုးလိုက်နာမှုကို ခံယူခဲ့ရပြီး ရံဖန်ရံခါ ဂျပန် ပင်ပါသည်။ ။။။။
အင်္ဂလိပ် နှင့် ပြင်သစ်တို့ သူ့ အားနဲချက်ကို ဖေါ်လိုက်တာမို့ တရုတ် အရှက်ကွဲ သိပ်ခါကျပြီး ၁၉ ရာစုနှစ် ကုန်ခါနီးတွင် ဂျပန်က ထိုအားနဲချက်ကို အမြတ်ထုတ်ရန် အားထုတ်သည်။ ။။။။
ဂျပန် ရည်မှန်းချက်မှာ ဓါးဦးချွန်ဟု စစ်ရေးကျွမ်းကျင်သူများ ယုံကြည်သည့် ကိုရီးယားကျွန်းဆွယ် သိမ်းပိုက်ရန်ဖြစ်သည်။ ကိုရီးယားမှာ တရုတ် နှင့် ဂျပန် ဘတပြန် ကျားတပြန် တလှည့်စီ ကျူးကျော်ရန်စသည့်အခါ ဖြစ်နေကျ စစ်တလင်း ဖြစ်သည်။ ဥပမာအားဖြင့် ကူဗလိုင်ခန် ဂျပန်အား ၁၂၇၄ နှင် ၁၂၈၁ တွင် ကျူးကျော်ရန်စပြီး မင်တရုတ်ပြည်ကို တိုယိုတိုမီ ဟိုင်ဒီယိုရှီ ၁၅၉၂ နှင့် ၁၅၉ရ တွင် သိမ်းပိုက်ရန် ကြိုးစားဖူးသည်။ ။။။။
ပထမ တရုတ် – ဂျပန် စစ်ပွဲ
ရာစုနှစ်များစွာ ကိုရီးယားကို ဗိုလ်ကျစိုးမိုးခွင့် ရှိထားပြီးနောက် ဂျပန် နှင့် တရုတ်၁၈၉၄ ဇူလိုင် ၂၈ အာဆန် တိုက်ပွဲမှစတင်ကာ ချက်ခြင်း ရန်သူဖြစ်ကုန်သည်။ ဇူလိုင် ၂၃၊ ဆိုးလ်ကို ဂျပန်တို့ ဝင်ရောက်ပြီး ဘုရင် ဂိုဂျောင် Joseon King Gojong အားထိန်းသိမ်းကာ တရုတ်လက်မှ လွတ်မြောက်ခြင်း အမှတ်အသား အဖြစ် ဂွမ်မူကိုရီးယား အင်ပါယာဘွဲ့ ပြောင်းလဲ ခံစေသည်။ ငါးရက်အကြာတွင် အာဆန်၌ တိုက်ခိုက်မှုများ စတင်သည်။ ။။။။
ပထမ တရုတ် – ဂျပန် စစ်ပွဲ အများစုမှာ ရေကြောင်းတိုက်ပွဲ ဖြစ်ပြီး တရုတ်ဘုရင်မ ဒေါင်ဝါဂါ စီဇီ (Empress Dowager Cixi) မှ တရုတ်ရေတပ် ခေတ်မှီရေး သုံးရမည့်ငွေများကို ပေကျင်းရှိ နွေရာသီနန်းတော် ပြန်လည်တည်ဆောက်ရာ၌ သုံးခဲ့ရွေ့ နောက်ကျနေသော ပြိုင်ဖက်တရုတ်အား ဂျပန်ရေတပ် အသာဆီးရခဲ့ကြောင်း သတင်းများတွင်ဆိုသည်။ ။။။။
တရုတ် မြို့စောင့်တပ်အတွက် ထောက်ပို့လမ်းကြောင်းများကို အာဆန်တွင် ဂျပန်တို့ ရေတပ်ဖြင့် ဖြတ်တောက် ဟန်တားပြီး ဂျပန် နှင့် ကိုရီးယား စစ်တပ်တို့ အင်အား ၃၅၀ဝရှိ တရုတ်တပ်အား ဇူလိုင် ၂၈တွင် ဝင်ရောက်စီးနင်းရာ တရုတ်ငါးရာ ကျဆုံး၊ ကျန်လူများစွာ အဖမ်းခံရအပြီး နှစ်ဖက်စလုံးမှ စစ်ဖြစ်ကြောင်း ဩဂုတ် ၁ တွင် တရားဝင် ကြေငြာသည်။ ။။။။

လွတ်မြောက်သွားသော တရုတ်တပ်များ မြောက်ပိုင်းမြို့တော် ပြုံယမ်းသို့ ဆုတ်ခွာပြီး ကတုတ်ကျင်းတူးကာ ကွင်ဘုရင် စစ်ကူတပ်စောင့်နေသောကြောင့် ပြုံယမ်းရှိ တရုတ်မြို့စောင့်တပ်ဦးရေ ၁၅၀၀ဝ နီးပါးရှိလာသည်။ ၁၈၉၄ စက်တင်ဘာ ၁၅ မနက်အစောပိုင်းတွင် အမှောင်ထု အကာကွယ်ယူရွေ့ မြို့ကို ဂျပန်တို့ ဝိုင်းကာ နေရာပေါင်းစုံမှ တပြိုင်နက် ထိုးစစ်ဆင်သည်။ ၂၄နာရီကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပြီးနောက် ပြုံယမ်းကို ဂျပန်တို့ ရသွားကာ တရုတ် ၂၀၀ဝ သေ၊ ၄၀၀ဝ ဒဏ်ရာရ (သို့) ပျောက်ဆုံးပြီး ဂျပန်ဘုရင့်တပ်မှ ၅၆၈ဦး ဒဏ်ရာရ၊ သေ (သို့) ပျောက်ဆုံးခဲ့ကြောင်း မှတ်တမ်းရှိသည်။ ။။။။

ပြုံယမ်းတိုက်ပွဲ ယုံတမ်းမိုက်ခဲ
ပြုံယမ်းကျပြီးနောက် ။။။။ ။။။။။
ယာလူးမြစ် တိုက်ပွဲတွင် ရေတပ် အရေးနိမ့်သည့်အပြင် ပြုံယမ်းပါ ဆုံးရှုံးသဖြင့် ကိုရီးယားမှ တရုတ် ဆုတ်ခွာရန် ဆုံးဖြတ်ပြီး နယ်စပ်တွင် အခိုင်အမာပြုသည်။ ၁၈၉၄ အောက်တိုဘာ ၂၄၊ ယာလူးမြစ်အား ဂျပန်တို့ တံတားထိုး ဖြတ်ကာ မန်ချူးရီးယာားထဲ ချီတက်ဝင်ရေက်သည်။ တချိန်ထဲတွင် ပေကျင်းနှင့် မြောက်ကိုရီးယား အကြား ပင်လယ်ဝါထဲ ငေါထွက်နေသည့် အချက်အခြာကျ လ ျှူဒေါင် ကျွန်းဆွယ်သို့ ဂျပန်ရေတပ် ကမ်းတက်ထိုးသည်။ မကြာခင် တရုတ်မြို့များဖြစ်သော Mukden, Xiuyan, Talienwan နှင့် Lushunkou ( Porn Arthur ပို့အာသာ) တို့အား ဂျပန်တို့ သိမ်းပိုက်သည်။ နိုဝင်ဘာ၂၁ အစတွင် လက်နက်မဲ့ တရုတ်အရပ်သား ထောင်ပေါင်းများစွာ အသတ်ခံရမည့် ရာဇဝင်တွင်သည့် ပို့အာသာ လူသတ်ပွဲ ဖြစ်ရာ လူရွှန်းကူမြို့အား ဂျပန်တပ်များ ဒလကြမ်း စီးနင်းသိမ်းပိုက်ခဲ့သည်။ ။။။။
အရေးနိမ့်သွားသော ကွင်ရေတပ်အုပ်စုဟာ ဝေဟိုင်ဝေမြို့ ဆိပ်ကမ်း ခံတပ်သို့ ပြန်ဆုတ်ခွာခဲ့သဖြင့် လုံခြုံစိတ်ချပြီ ထင်မှတ်စရာ ဖြစ်ခဲ့သည်။ သို့သော် မြို့အား ဇန်နဝါရီ ၂ဝ ၁၈၉၅ တွင် ဂျပန်ကြည်းတပ်၊ ရေတပ် ဝိုင်းထားမိသည်။ ဝေဟိုင်းဝေကို ဖေဖေါ်ဝါရီ ၁၂ အထိ ထိန်းထားနိုင်ပြီး မတ်လတွင် ရင်ကူ၊ မန်ချုးရီးယား နှင့် ထိုင်ဝမ်အနီး Pescadores ကျွန်းများ တရုတ် လက်လွတ်ရသည်။ ဧပြီတွင် ဂျပန်တပ်များ ပေကျင်းသို့ ချီတက်လာပြီကို ကွင်အစိုးရ နားလည်သဘောပေါက်သည်။ တရုတ်တို့ ငြိမ်းချမ်းရေး ကမ်းလှမ်းရန် ဆုံးဖြတ်လိုက်သည်။ ။။။။။
ရှီမိုနိုဆီကိုင်း စာချုပ်
၁၈၉၅ ဧပြီ ၁၇၊ တရုတ် – ဂျပန် စစ်ပွဲ အဆုံးသတ်သည့် ရှီမိုနိုဆီကိုင်းစာချုပ်ကို ကွင်တရုတ် နှင့် မီဂျီဂျပန် လက်မှတ်ထိုးသည်။ ကိုရီးယားတွင် တရုတ်၏ ဩဇာသက်ရောက်မှု အားလုံးကို ဖျက်သိမ်းရကာ ဂျပန် အစောင့်ရှောက်ခံ နယ်မြေအဖြစ် ၁၉၁ဝခုနှစ် အထိ ဆက်တိုက် သဘောတူ ပေးရခဲ့ရသည်။ ထိုင်ဝမ်၊ ပန်ဂူကျွန်းများ နှင့် လ ျှူဒေါင် ပင်နီဆူလာ ကျွန်းဆွယ်များကိုလည်း ဂျပန်တို့ ရရှိသည်။ ။။။။
နယ်မြေများ သိမ်းပိုက်ရရှိသည့်အပြင် စစ်လျော်ကြေး ငွေတုံး သန်းနှစ်ရာကိုလည်း တရုတ်ထံမှ ဂျပန် ရရှိသည်။ ယာလူးမြစ်ဆီသို့ ဂျပန်သင်္ဘောများ ဝင်ခွင့်ပြုခြင်း၊ တရုတ်ပိုင် ဆိပ်ကမ်းများတွင် ဂျပန် ကုန်ထုတ်လုပ်ခွင့် ပြုခြင်း၊   ဂျပန်ကုန်သင်္ဘောများအား နောက်ထပ် တရုတ်ပိုင် ဆိပ်ကမ်းလေးခု ဖွင့်ပေးခြင်း အပါအဝင် အထူး ကုန်သွယ်မှု အခွင့်အရေးများ ဂျပန်ကို တရုတ် လိုက်လျောရသည်။ ။။။။
ရှီမိုနိုဆီကိုင်း စာခုျပ်ရေးထိုးအပြီးတွင် မေဂျီဘုရင့်ဂျပန်နိုင်ငံ အလ ျှင်အမြန် နိုးထလာမှုကို သတိပြုမိသော ဥရောပအင်အားကြီး နိုင်ငံသုံးနိုင်ငံမှ ဝင်ရောက်စွက်ဖက်သည်။ ရုရှားတို့ လုယူထားသော လ ျှှူဒေါင် ကျွန်းဆွယ် ဂျပန်တိို့ သိမ်းပိုက်ခြင်းကို ရုှား၊ ဂျာမနီ၊ ပြင်သစ်တို့ အပြင်းအထန် ကန့်ကွက်သည်။ အင်အားကြီး သုံးနိုင်ငံမှ ဂျပန်အား ဖိအားပေးရွေ့ ငွေတုံးသန်း၃ဝနှင့် လဲလှယ်ရွေ့ လ ျှူဒေါင်ကို ရုရှားအား ပြန်ပေးခိုင်းသည်။ အောင်ပွဲယစ်မူးနေသော ဂျပန်စစ်ခေါင်းဆောင်များ ဥရောပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုကို အနိုင်ကျင့် အရှက်ခွဲခြင်းဟု ယူဆကြပြီး ယင်းမှ ၁၉၀၄ – ဝ၅ ရုရှား – ဂျပန်စစ်မီး တောက်လောင်ရန် လေပင့်ပေးခဲ့သည်။ ။။။။
တရုတ်သဗုံ အော်ကွေ့ကျီ ကြေးမုံဂျီး၏ဘဲ ဆာမူရိုင်း တန်ပူရာကြောင် *=)) rolling on the floor
မူရင်း။ ။။ https://www.thoughtco.com/first-sino-japanese-war-1894-95-195784