Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

bali

Mon LayOctober 17, 20208min35800

✅ Sky Garden Rooftop Lounge

Kuta, Bali ရဲ့ နာမည်ကျော် နေရာတစ်ခု ဖြစ်ပါတယ်။ နာမည်နဲ့ လိုက်ဖက်အောင်ပဲ နေရာ အပြင်အဆင်က (၄) လွှာအထက် Rooftop မှာ ဥယျာဉ်ပုံစံ ဖန်တီးထားပါတယ်။ နိုင်ငံခြားသား ခရီးသည်များ၊ Local များနဲ့ စည်ကားနေလေ့ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ညအခါ ကောင်းကင်ယံက ထွက်ပေါ်လာတဲ့ ငွေသော်တာကို ငေးမောရင်းနဲ့ ခါးသက်သက် ဘာလီ Beer ကို မော့နိုင်ပါမယ်။ စိမ်းလန်းတဲ့ ဥယျာဉ်ကြီးထဲမှာ ပေါ့ပါး ရွှင်လန်းစွာ စားသောက်ရင်း အနည်းငယ် ပျင်းရိလာတဲ့အခါ အောက်ထပ်တွေ ဆင်းသက်ပြီး နာမည်ကျော် DJs တေးသွားများကို နားဆင်ရင်း ကခုန်နိုင်ဦးမှာ ဖြစ်ပါတယ်။

Sky Garden ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က Promotion တွေပါပဲ။ တစ်ခါတစ်ရံ အမျိုးသမီးများ အတွက် Free Drinks ပေးခြင်း၊ အခမဲ့ ဝင်ခွင့် ပေးခြင်း … စတဲ့ Promo တွေ ပေးတတ်ပါတယ်။

နေ့စဉ် ညနေ (၆) နာရီမှ ညနက်သည် အထိ နေ့စဉ် ဖွင့်လှစ်ပါတယ်။ ပုံမှန်အားဖြင့် ဝင်ကြေး ကောက်ခံတဲ့ ဈေးနှုန်းကို Section (၂) ခု ခွဲပြီး ကောက်ခံတတ်ပါတယ်။ ညနေ (၆) နာရီမှ (၉) နာရီအထိ Section (1) အဖြစ် သတ်မှတ်ပြီး ည (၉) နာရီမှ နောက်ပိုင်းအား Section (2) အဖြစ် သတ်မှတ်ပါတယ်။

Section (1) အတွက် (7 USD) ခန့် ကောက်ခံပြီး များသောအားဖြင့် Free Service တွေ မပါဝင်တတ်ပါဘူး။ Section (2) အတွက်ကတော့ (15 USD) ခန့် ကောက်ခံပြီး “First Drink(s) + All-You-Can-Eat-BBQ Buffet till late” ဆိုတဲ့ စိတ်ဝင်စားစရာ Service တွေ ပါဝင်ပါတယ်။

ဘာလီညခင်းရဲ့ နာမည်ကျော် နေရာတစ်ခု ဖြစ်တဲ့ Sky Garden Rooftop ကို သွားရောက်ချင်တယ် ဆိုရင်တော့ Taxi ငှားစီးသွားလိုက်ရုံပါပဲ။ တည်းခိုတဲ့ ဟိုတယ်က အနီးအပါးမှာ ဆိုရင်တော့ လမ်းလျှောက် သွားရုံပါပဲ။

🔹 တည်နေရာ း Jalan Legian 61 Kuta, Bali – Indonesia
🔹 ဝင်ကြေး း 7-15 USD ဝန်းကျင်
🔹 Website : https://skygardenbali.com/

✅ Bounty Discotheque in Bali

ဘာလီရဲ့ တစ်နေ့တာ သွားလာ၊ လည်ပတ်လို့ ပင်ပန်းခဲ့သမျှကို စိတ်လွတ်ကိုယ်လွတ် ခါချလိုက်နိုင်တဲ့ နေရာတစ်ခုကို ညွှန်းဆိုရမယ် ဆိုရင် … Bounty Discotheque ကို သွားပါလို့ ဆိုရပါလိမ့်မယ်။ ဒီနေရာဟာ ဘာလီရဲ့ Nightlife Spot တွေထဲက နာမည်ကျော် နေရာတစ်ခုပဲ ဖြစ်ပါတယ်။

One-Stop Entertainment Complex ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အပန်းဖြေစရာ မှန်သမျှ တစ်နေရာထဲမှာ ရနိုင်တဲ့ နေရာတစ်ခုပါပဲ။ Fashion Show, Sexy Dance, DJs … စတာတွေကို တစ်နေရာထဲမှာ ပျော်ရွှင်နိုင်မှာ ဖြစ်ပါတယ်။

မီးရောင်စုံတွေနဲ့ မြူးမြူးကြွကြွ ပျံ့လွှင့်နေတဲ့ ဂီတသံစဉ်များ၊ တေးသွားများ၊ လွတ်လပ်စွာ ပျော်ရွှင်နေကြတဲ့ လူသားတွေ ကြားမှာ တစ်နေ့တာ ပင်ပန်းခဲ့သမျှကို ခါချပစ်လိုက်နိုင်မှာပဲ ဖြစ်ပါတယ်။ Sky Garden Rooftop နှင့် အနီးအပါးမှာ တည်ရှိပါတယ်။ ဝင်ကြေး ကတော့ အခမဲ့ ဖြစ်ပါတယ်။

🔹 တည်နေရာ း Jalan Raya Legian, Legian
🔹 ဝင်ကြေး း FREE
🔹 ဖွင့်ချိန်၊ ပိတ်ချိန် း (8:00 PM – 4:00 AM)

✅ Discovery shopping Mall

ဘာလီဟာ ညမှောင်တာနဲ့ တိတ်ဆိတ်သွားတဲ့ နေရာတစ်ခု မဟုတ်ပါဘူး။ နေ့ခင်း အလင်းရောင် အောက်မှာ သွားလာ၊ လည်ပတ်နေတဲ့ လူတွေနဲ့ စည်ကားနေတတ်သလို၊ ညခင်းရဲ့ လျှပ်စစ် မီးရောင်များ အောက်မှာလည်း သွားလာ၊ လည်ပတ်သူတွေနဲ့ စည်ကား နေတတ်ပြန်ပါတယ်။

ညခင်းရဲ့ ရှုခင်းတွေထဲမှာ ကလပ်၊ ဘား၊ စားသောက်ဆိုင် များအပြင် အချိန်အတိုင်းအတာ တစ်ခုအထိ သွားလာ လည်ပတ်လို့ ရမယ့် ရှော့ပင်မောလ်များ၊ ညဈေးများကိုလည်း ထည့်သွင်းရပါလိမ့်မယ်။

Discovery shopping Mall ဟာဆိုရင် ဘာလီရဲ့ အကြီးဆုံး Shopping Mall တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒီထဲမှာဆိုရင် Branded အဝတ်အထည်တွေ၊ ဖက်ရှင်ပစ္စည်းတွေ၊ လျှပ်စစ် ပစ္စည်းတွေ .. စသည်ဖြင့် ပစ္စည်း အမျိုးအစားပေါင်း များစွာကို ဝယ်ယူ နိုင်စေမှာ ဖြစ်သလို စားသောက်ဆိုင် များမှာလည်း ဝယ်ယူ စားသောက်နိုင်မှာ ဖြစ်ပါတယ်။

နံနက် (၁၀) နာရီမှ ည (၁ဝး၃၀) နာရီအထိ ဖွင့်လှစ်ပါတယ်။ ဒါကြောင့် ဘာလီရောက်ခိုက် ညဘက် ရှော့ပင်း ထွက်ချင်သူများ အတွက် သွားရောက် လည်ပတ်သင့်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Discovery Shopping Mall ဟာ Kuta ကမ်းခြေကို မျက်နှာမူ တည်ဆောက်ထားတဲ့ အတွက်ကြောင့် ပင်လယ်ပြင်က တိုက်ခတ်လာတဲ့ ညလေညှင်းတွေကို ရှူရှိူက်နိုင်စေမှာပဲ ဖြစ်ပါတယ်။

🔹 တည်နေရာ း Kartika Plaza Street, Kuta Beach
🔹 ဖွင့်ချိန်၊ ပိတ်ချိန် း (10:00 AM – 10:30 PM)

✅ Kuta Art Market

လှပပြီး၊ လက်ရာမြောက်တဲ့ အနုပညာ ဖန်တီးမှုတွေကြောင့် ဘာလီကို ဒီလို တင်စားကြတယ် … ” နတ်ဘုရားတို့ရဲ့ ကျွန်းမြေ ” … ။ ဒီလို နေရာကို သွားရောက်၊ လည်ပတ်တဲ့အခါ … သူတို့ရဲ့ အနုပညာ ဖန်တီးမှုကို မကြည့်ဖြစ်ခဲ့ဘူး ဆိုရင် ဟာတာတာ ခရီးတစ်ခု ဖြစ်စေပါလိမ့်မယ်။

Kuta Art Market ဟာ ဘာလီရဲ့ နာမည်ကြီးနေရာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Kuta ကမ်းခြေကို ဆင်းသူတိုင်း ဖြတ်သန်းသွားရတဲ့ နေရာတစ်ခု ဖြစ်တဲ့အတွက် Kuta ရောက်သူတိုင်း Art Market ကို သေသေချာချာ ဝင်ရောက် မလေ့လာခဲ့ဘူး ဆိုရင်တောင်မှ ဖြတ်သန်း သွားလာခဲ့ဖူးတယ်လို့ ဆိုရပါလိမ့်မယ်။

Market လို့ဆိုပေမယ့် ဈေးအကြီးကြီးတော့ မဟုတ်ပါဘူး။ လမ်းဘေး ဆိုင်တန်းလိုမျိုး ဖွင့်လှစ်ထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ ပန်းချီကား၊ လက်ကောက်၊ ဆွဲကြိုးများ၊ ရိုးရာ အဝတ်အထည်များ … စတဲ့ ဘာလီတို့ရဲ့ လက်ရာမြောက် အနုပညာ ဖန်တီးမှုများကို ဝင်ရောက် ကြည့်ရှုကာ ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

Ubud နဲ့ Sukawati မှာ ရောင်းချတဲ့ အနုပညာ ပစ္စည်းများ အားလုံးနီးပါးကို ပြသ၊ ရောင်းချပေးပါတယ်။ ဒါ့အပြင် ဘာလီရောက် အမှတ်တရ ပစ္စည်းများ၊ အကျင်္ီများ၊ ဦးထုပ်၊ သော့ချိတ် များလည်း ဝယ်ယူနိုင်မှာ ဖြစ်သလို၊ ကမ်းခြေရဲ့ အနီးမှာ တည်ရှိတဲ့ အတွက်ကြောင့် Surfboard တွေလည်း ရောင်းပါတယ်။

Kuta Art Market ကို နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ ဖွင့်လှစ် ရောင်းချပေးပါတယ်။ ဒါကြောင့်မို့ ဘာလီ ညခင်းမှာ ဘာလီရဲ့ အနုပညာ လက်ရာများကို သွားရောက် ကြည့်ရှု၊ ဝယ်ယူလိုသူများ အနေနဲ့ Art Market ကို သွားရောက် လည်ပတ်သင့်ပါတယ်။

ဈေးနှုန်း အနေနဲ့က ပုံသေ သတ်မှတ်ထားတာ မရှိပါဘူး။ ဈေးဆစ်ရင် ဆစ်နိုင်သလောက် ဈေးနှုန်းက ပြောင်းလဲစေမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဈေးဆစ်ပုံဆစ်နည်း အနည်းငယ် ပြောပြရရင် … ပြောတဲ့ဈေးထက် ထက်ဝက်လောက် အထိ ဈေးဆစ်ပါ။ မျက်နှာကို အမြဲတမ်း ပြုံးပြုံးလေးပဲ ထားပြီး ဈေးဆစ်ပါ။ စိတ်ရှည်လေလေ … ဈေးနှုန်း သက်သက်သာသာနဲ့ ရရှိနိုင်လေပါပဲ။

🔹 တည်နေရာ း Jalan Bakung Sari, Kuta
🔹 ဖွင့်ချိန်၊ ပိတ်ချိန် း (8:00 AM – 10:00 PM)

✅ Hard Rock Cafe Bali

Rock သီချင်းသံတွေ နားဆင်ရင်းနဲ့ ဘာလီရဲ့ ညခင်းကို ဖြတ်သန်းလိုရင်တော့ Hard Rock Café ကို သွားရောက် သင့်ပါတယ်။ Kuta Beach ကို မျက်နှာမူ ဖွင့်လှစ်ထားပြီး Hard Rock Hotel အနီးမှာ တည်ရှိပါတယ်။

Hard Rock Café ရဲ့ အောက်ထပ်မှာ Bar အဖြစ် တည်ခင်းထားပြီး အပေါ်ထပ်မှာတော့ စားသောက်ဆိုင် အဖြစ် ဖွင့်လှစ်ထားပါတယ်။ ဒီဆိုင်ရဲ့ နာမည်ကျော် အစားအစာ ကတော့ ဘာဂါ ဖြစ်ပါသတဲ့။ နေ့လည်စာ၊ ညစာ အတွက် အခြားသော အစားအသောက် များစွာကိုလည်း သုံးဆောင် နိုင်မှာ ဖြစ်ပါတယ်။

နံနက် (၁၁း၃၀) နာရီမှ နံနက် (၁းဝ၀) အထိ ဖွင့်လှစ်ထားတဲ့ အတွက်ကြောင့် – ဘာလီရဲ့ ညခင်းမှာ ဂီတသံတွေ နားဆင်ရင်းနဲ့ အေးချမ်းစွာ ညစာ သုံးဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

🔹 တည်နေရာ း Jalan Pantai Kuta, Banjar Pande Mas
🔹 ဖွင့်ချိန်၊ ပိတ်ချိန် း (11:30 AM – 1:00 AM / 2:00 AM)

✅ VH Bali – Velvet & Hypnotized

Kuta ရဲ့ အကောင်းဆုံး စာရင်းဝင် Rooftop Bar တစ်ခု ဖြစ်ပါတယ်။ လှိုင်းဂယက်တွေ တလက်လက် ထ,နေတဲ့ ပင်လယ်ပြင်ကြီး နဲ့အတူ ဘာလီရဲ့ နေဝင်ချိန် ရှုမျှော်ခင်းကို Rooftop ပေါ်ကနေ ကောက်တေးလေး တစ်ခွက် သောက်ရင်း၊ ညစာ သုံးဆောင်ရင်းနဲ့ ဖြတ်သန်းနိုင်ပါလိမ့်မယ်။

နေဝင်ချိန် ရှုခင်းကို ခံစားရင်းနဲ့ အမှောင်ထု ဖုံးလွှမ်းသွားတဲ့အခါ လျှပ်စစ်မီးတွေ လင်းလက်လာမယ်။ ဒီအခါမှာ Rooftop ပေါ်ကနေ အဆောက်အဦးရဲ့ အတွင်းပိုင်းထဲ ဝင်ရောက်ပြီး မြူးကြွနေတဲ့ ဂီတသံစဉ်တွေကြား တစ်နေ့တာ ပင်ပန်းခဲ့သမျှကို လွတ်လပ်စွာ အပန်းဖြေ နိုင်စေပါလိမ့်မယ်။

VH Bali Rooftop Bar ဟာ Kuta ကမ်းခြေကို မျက်နှာမူထားတဲ့ Beachwalk Shopping Center ကြီး အပေါ်ထပ်မှာ တည်ရှိပါတယ်။

🔹 တည်နေရာ း Kuta Beachwalk, Level 3, Jalan Pantai Kuta, Kuta
🔹 ဖွင့်ချိန်၊ ပိတ်ချိန် း (11:00 AM – 3:AM )

✅ Pyramid Club Bali
Late Night Clubbing in Kuta

ရှေးခေတ် အီဂျစ်တို့ရဲ့ ကမ္ဘာကျော် သင်္ကေတ ဖြစ်တဲ့ Pyramid, Mummy … စတာတွေနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အကြောင်းအရာ အများစုဟာ ကြောက်ရွံ့ ထိတ်လန့်ဖွယ်ရာ ကောင်းနေတတ်ပါတယ်။ သို့ပေမယ့် အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီမှာ ရှိတဲ့ Pyramid Club ကတော့ မိတ်ဆွေတို့အတွက် အပျော်တွေပဲ ဆောင်ကြဉ်း ပေးပါလိမ့်မယ်။

ဒီကလပ်ကတော့ ဘာလီရဲ့ “မိုးလင်းပေါက်ဖွင့်တဲ့” ကလပ် အနည်းငယ်ထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကလပ်ရဲ့ အပြင်အဆင် ဒီဇိုင်းကို အီဂျစ် ပိရမစ်များမှာ တွေ့ရတတ်တဲ့ ရုပ်တုများ၊ နံရံပန်းချီများနဲ့ အလှဆင်ထားပါတယ်။

ကလပ်အတွင်းမှာ ရောင်းချပေးတဲ့ အဖျော်ယမကာ ဈေးနှုန်းများဟာလည်း တန်းဖိုးသင့်ပါတယ်။ ပိရမစ် နံရံများနဲ့ ပိတ်ကာထားတဲ့ အခန်းအတွင်းမှာ နေ့စဉ် ည (၁ဝး၃၀) ခန့်မှစတင်ကာ … တလက်လက် တောက်ပနေတဲ့ မီးရောင်စုံများ၊ မြူးမြူးကြွကြွ လှိုင်းဂယက် ထ,နေတဲ့ DJ တေးသွားများနဲ့အတူ လွတ်လပ် ပေါ့ပါးစွာ အပန်းဖြေနိုင်မှာပဲ ဖြစ်ပါတယ်။

🔹 တည်နေရာ း Jalan Dewi Sri No. 33, Kuta
🔹 ဖွင့်ချိန်၊ ပိတ်ချိန် း ( 10:30 PM – 6:00 AM )

✅ Stark Craft Beer Garden

“ည နဲ့ ဘီယာ” ဆိုတာ … ခွဲခြားလို့ ရနိုင်ကောင်းတဲ့ အရာ မဟုတ်ပါဘူး …။
ကောင်းကင်ယံမှာ လမင်းကြီး သာသာ၊ မသာသာ …
ကိုယ့်နံဘေးမှာ ဘီယာလေးသာ ရှိနေရင် ညရဲ့အလှဟာ ပြည့်စုံနိုင်ပါပြီ …။

ဘာလီရဲ့ နာမည်ကျော် Premier Beer အမှတ်တံဆိပ်တစ်ခု ရှိပါတယ်။ Stark Craft Beer လို့ ခေါ်ပါတယ်။ ဘာလီကို ရောက်ပြီး … “World Class” အဆင့်ရှိတဲ့ Stark ဘီယာ တစ်ခွက်မှ မသောက်ခဲ့ရဘူး ဆိုရင်တော့ ဘာလီ ရောက်ခဲ့တယ်လို့ ဆိုနိုင်မှာ မဟုတ်ပါဘူး။

အခု Stark Craft Beer Garden ကတော့ .. ဘာလီ ညခင်းမှာ ဘီယာ အေးအေးလေးကို သုံးဆောင်လိုသူများ အတွက် အကောင်းဆုံး တည်နေရာ ဖြစ်စေမှာပါ။ ညဥ့်နက် အချိန်အထိ ဖွင့်လှစ် ပေးထားတဲ့ အတွက် အေးဆေးစွာ ဘီယာ သောက်ရင်းနဲ့ အပန်းဖြေ အနားယူနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီနေရာကို Beer Garden Kuta လို့လည်း ခေါ်ကြပါတယ်။ J Boutique Hotel အောက်ထပ်မှာ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။ ဆိုင် အပြင်အဆင် အနေနဲ့ကတော့ သစ်သားတွေနဲ့ ရိုးရိုးစင်းစင်းလေးပါပဲ။ Indoor ရော၊ Outdoor ပါ ခင်းကျင်း ပေးထားတဲ့အတွက် နှစ်သက်ရာ အတွင်းအပြင် နေရာတွေကို ရွေးချယ်နိုင်စေမှာပဲ ဖြစ်ပါတယ်။

🔹 တည်နေရာ း J Boutique Hotel, Jalan Kartika Plaza No. 20, Kuta
🔹 ဖွင့်ချိန်၊ ပိတ်ချိန် း 9:00 AM – 12:00 AM

✅ 5GX Bali – Reverse Bungy

ဘာလီရဲ့ ညအခါမှာ …
ရင်တုန်၊ စိတ်လှုပ်ရှားစရာ အတွေ့အကြုံသစ် တစ်ခုကို ရှာဖွေချင်ပါသလား မိတ်ဆွေ။
ဒါဆိုရင်တော့ 5GX ကို သွားပါလို့ ညွှန်းဆိုပါရစေ။

5GX ဆိုတာက ဘာလီရဲ့ ဆန်းသစ်တဲ့ ကစားနည်း စင်တာ တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ ကစားနည်းက ဘာနဲ့ ဥပမာ တူသလဲဆိုရင် … လေးခွ ကနေ လောက်စလုံး ပစ်လွှတ်လိုက်သလိုမျိုးပါပဲ။ လောက်စလုံး ထဲမှာတော့ လူတွေ ပါသွားမှာပေါ့။ တစ်နာရီ မိုင် (၂၀၀) နှုန်းနဲ့ လေထဲကို မြှောက်တက်သွားတဲ့ ခံစားမှုကို အပြည့်အဝ ရရှိစေမှာပဲ ဖြစ်ပါတယ်။

5GX ရဲ့ ဆန်းပြားတဲ့ လေးခွပစ် ကစားနည်းဟာ နယူးဇီလန် နိုင်ငံမှာ ဒီဇိုင်းဆွဲ၊ သေချာ စမ်းသပ်ထားတဲ့ ကစားနည်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လောက်စလုံး အိမ်ထဲမှာ ဆိုရင် လူ (၃) ယောက်အထိ လိုက်ပါခွင့် ရှိပါတယ်။ ထိုင်ခုံတွေကို အဆင့်မြင့် လုံခြုံရေး စနစ် ထည့်သွင်း ပေးထားပါတယ်။

မနက်ခင်း (၁၁) နာရီကနေ မိုးသောက်ယံ ဖြစ်တဲ့ နံနက် (၃) နာရီအထိ ဖွင့်လှစ် ထားပါတယ်။ ဒါကြောင့်မို့ ဘာလီ ညခင်းရဲ့ ရှုမျှော်ခင်းနဲ့ အတူ … ဘဝရဲ့ မမေ့နိုင်တဲ့ အခိုက်အတန့်များကို ပိုင်ဆိုင် ချင်ရင်တော့ 5GX ကို သွားပါလို့ ညွှန်းဆိုပါတယ်။

🔹 တည်နေရာ း Jalan Legian No.99, Legian, Kuta, Kabupaten Badung, Bali
🔹 ဖွင့်ချိန်၊ ပိတ်ချိန် း 11:00 AM – 3:00 AM
🔹 ဈေးနှုန်း
*** (၁၊ ၂) ယောက်အတွက် တစ်ဦး . USD (25) …
(၃) ယောက် ဆိုရင် တစ်ဦး – USD (18) ခန့် …
စီးနေစဉ်အတွင်း Video, Photo များကို ရယူချင်ရင် USD (8) ဝန်းကျင် ကျသင့်နိုင်ပါတယ်။***