သမ္မတ Trumpရဲ့ Tariff အသစ်နဲ့ အနာဂတ်အမေရိကားစီးပွားရေး
By SweSwe Aye

သမ္မတသစ်လက်ထက်တွင် ပြည်ပနိုင်ငံများမှ US သို့ သွင်းကုန်အခွန် တိုးပြီးကောက်ခြင်းအပေါ် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးကွက်၊ ဝယ်ယူသူများ၊ အမေရိကားရှိအလုပ်ဖန်တီးမှုများအား သက်ရောက်ထိခိုက်စေသောအကြောင်းအရာများ ဆွေးနွေးပွဲကို ၂၀၂၅၊ သြဂုတ်၁၅က American Community Media က ပြုလုပ်ခဲ့ပါသည်။
ပြည်ပသွင်းကုန် ကုန်သွယ်ခွန်တက်ခြင်းရဲ့ အသေးစားလုပ်ငန်းများ၊ အလုပ်ဖန်တီးမှု၊ ဝယ်ယူအားအပေါ် ရိုက်ခတ်ချက်များ။
Dr. Anil Diolalikar, a Professor of economics at the University of California, Riverside, and founding Dean Emeritus of the UC Riverside School of Public Policy, က ကုန်သွယ်ခွန်များအပြောင်းအလဲသည် စီးပွားရေးလုပ်ငန်းများ၊ ဝယ်ယူသုံးစွဲသူများသာမက labor market အလုပ်ရှင်ကဝန်ထမ်းရှာရေးနင့် အလုပ်လိုသူများကအလုပ်ရှာနေသောဈေးကွက်အပေါ်ကိုပါ သက်ရောက်စေသည်ဖြစ်ရာ သမ္မတသစ်လက်ထက်တွင် ကုန်သွယ်ခွန်များကို တိုးမြှင့်လိုက်သည့်အတွက် ဝယ်ယူသုံးစွဲသူများနှင့် US ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းများ၏အလုပ်ကို နှေးကွေးစေကြောင်းကို Dr. Anil Diolalikar က စတင်ဆွေးနွေးခဲ့သည်။ အခြေခံအားဖြင့် အစိုးရက အကောက်ခွန် (သွင်းကုန်ခွန်) စည်းကြပ်သည့်အခါ အခွန်ပေးဆောင်သည့် ကုမ္ပဏီ (တင်သွင်းသူ) သည် သူပေးလိုက်ရသည့် ထပ်တိုးကုန်သွယ်ခွန်အသစ်အတွက် ကုန်ပစ္စည်းကို ဈေးတင်ရရာ ထို အခွန်၏ကုန်ကျစရိတ်ကို အများအားဖြင့် စားသုံးသူက မြင့်မားသောဈေးနှုန်းဖြင့် ပေးလိုက်ရခြင်းဖြစ်သည်။ ၂၀၂၅၊ ဖေဖော်ဝါရီ၂တွင် Mexico, Canada, China နိုင်ငွများကို သွင်းကုန်အခွန်နှုံးများ မြှင့်လိုက်ပြီး “Liberation Day” ဟု သမ္မတ Trump က သတ်မှတ်ခဲ့သည်။ ဧပြီမှဇူလိုင်ထိ အချိန်ဆွဲခဲ့သော်လဲ သြဂုတ်လတွင် ထိုသွင်းကုန်နှုံးများစတင် အသက်ဝင်လာခဲ့သည်။ “ဒီနေ့ သွင်းကုန်ခွန်နှုံးက အမြင့်ဆုံးပါပဲ။ ၁၉၃၀ခုနှစ်တွေကနေစပြီး အကြမ်းဖျင်းအားဖြင့် ဆယ်ဆခုန်တက်သွားပါတယ်။” ဟု Dr. Diolalikar ကဆိုသည်။ “သမ္မတ Trump ပထမသက်တမ်းမှာ ကျနော်တို့မြင်ခဲ့ရတာတွေကိုအခြေခံပြီး ကုန်သွယ်ခွန်တွေရဲ့ ကနဦး သက်ရောက်မှုတွေကို ခန့်မှန်းကြတာဖြစ်ပါတယ်”
Dr. Anil Diolalikar ကအချက်၃ချက်ကို ဆွေးနွေးခဲ့ရာ ပထမအချက်- သွင်းကုန်အခွန်များတက်လာခြင်းကို အမီလိုက်ဖို့ စီးပွားရေးလုပ်ငန်းများသည် သွင်းကုန်အသစ်အတည်မပြုခင်မှာ ပြည်ပမှသွင်းကုန်များကို အမြန်ဝယ်ပြီး တင်သွင်းကြရသည်။ ဒုတိယအချက်- COVID-19 ကပ်ရောဂါအပြီးမှာ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ ဝင်ငွေနှင့် နှိုင်းယှဉ်ပါက ပုံမှန်ထက် အမြတ်အစွန်းများခဲ့သည်။ ၎င်းတို့အားကုမ္ပဏီများသည် ဈေးနှုန်းကို ချက်ချင်းမြှင့်တင်ရန်မလိုဘဲ အပိုကုန်ကျစရိတ်များကိုကျခံရန် လုံလောက်သောဘဏ္ဍာရေးကြားခံတစ်ခုရှိခဲ့သည်။ တတိယအချက်- ကုန်သွယ်ခွန်နှုံးများဖြစ်သည်။ “ဝယ်ယူသုံးစွဲသူတွေက အဝယ်နည်းလာကြတယ်။ စီးပွားရေးလုပ်ငန်းတွေကလဲ ဝန်ထမ်းများအသစ်ခန့်ခြင်း၊ ကုန်စည်/လုပ်ငန်းသစ်တွေမှာ ထပ်ပြီးရင်းနှီးတာတွေမလုပ်တော့ဘဲ ဝန်လေးသွားကြတယ်။ ဒီအခြေအနေမှာ ဈေးတွေတက်သွားတာဟာ ဒီ၂နေရာကို တောက်လျှောက်ဖြတ်သွားပြီး ဈေးတက်တယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်လက ရခဲ့တဲ့ data တွေက ဒီလို တောက်လျှောက်ဖြတ်သွားခြင်း ဖြစ်ခဲ့တာကို ပြတယ်” ဟု Dr. Diolalikar က ပြောကြားခဲ့သည်။
စီးပွားရေးလုပ်ငန်းများတွင် small business လုပ်ငန်းအသီးသီးမှ အသေးစားစီးပွား၇ေးလုပ်ငန်းများက ကုန်သွယ်ခွန်သည် ၎င်းတို့၏ ကုန်စည်ကွင်းဆက်များအတွက် ဧရာမကိစ္စကိုဖန်တီးပေးနေကြောင်း စောဒကတက်သည်။ အသေးစားစီးပွား၇ေးလုပ်ငန်းများသည် ပြည်ပမှသွင်းကုန်များအပေါ်တွင် မှီခိုနေရသည်။ ပြည်ပမှသွင်းကုန်များကို US ပြည်တွင်းရှိထုတ်ကုန်များမှာသုံးပြီး လုပ်ငန်းများကို လည်ပတ်ရသည်။ U.S. Firms များသည် ဝယ်ယူသူများအတွက် နောက်ဆုံးထုတ်ကုန်များကို ဖန်တီးကြရသည်။ “ဒါ့ကြောင့် လုပ်ငန်းများအပေါ်မှာ သွင်းကုန်အခွန်တက်ခြင်းရဲ့ သက်ရောက်မှုဟာ သမ္မတ Trump ရဲ့ ထိပ်တန်းဦးစားပေးအချက်ဖြစ်တဲ့ United States အတွင်းမှာ လုပ်ငန်းများကို တိုးတက်အောင်လုပ်ဖို့ဆိုခြင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်” ဟု Dr. Diolalikar က ဆိုသည်။ ဥပမာ ကြေးနီ၊ သံမဏိလုပ်ငန်းများမှာ သွင်းကုန်အခွန်တွေတက်ခြင်းသည် US ပြည်တွင်းလည်ပတ်နေသော ထိုလုပ်ငန်းများကို ပိုခက်ခဲစေသည်။
အဝတ်အထည်၊ ကော်ဖီ၊ လျှပ်စစ်ပစ္စည်း၊ ပရိဘောဂ၊ ကစားစရာ ကဲ့သို့သောပစ္စည်းများအတွက် ဈေးဝယ်သူများအပေါ်တွင်လဲ ထိုသွင်းခွန်များ၏သက်ရောက်မှုများမှာ အခွန်အခ ဖြစ်နေသည်။ လူအများဝယ်ယူသုံးစွဲနေသောပစ္စည်းများ၏ **၁၀%**မှာ US ၏ပြည်ပတိုင်းပြည်များမှသွင်းကုန်များဖြစ်ပြီး သွင်းခွန်သည် **၁၅%**အထက်မြင့်တက်ပါက သမားရိုးကျသင်္ချာနည်းဖြင့်တွက်ပါက စုစုပေါင်းဈေးနှုံးများတွင် ၁.၅% မြင့်တက်သွားမည်ဖြစ်သည်။ “labor market အပေါ်သက်ရောက်မှုလဲရှိတယ်။ အခု labor market က မြင့်တက်မြန်ဆန်နေတာကနေ ဖြည်းနေ၊ အေးနေတယ်။ ဒါပေမယ့် Recession မဖြစ်အောင် တဖြည်းဖြည်းချင်းပဲ ကျမယ်။ သိသိသာသာပမာဏ ဝန်ထမ်းလျှော့တာတွေ ရှိလာလိမ့်မယ်။ အလုပ်ဖန်တီးမှုတွေတိုးတက်နေတာက ပုံမှန်တိုးတက်နေခဲ့တာဟာ ဒီနှစ်ဇန်နဝါရီအထိပဲ။ ဒါပေမယ့် ကျနေခဲ့ပြီ” ပြီးခဲ့သောသုံးလကျော်အထိ လိုအပ်နေခြင်း၏ထက်ဝက်ခန့်သော အလုပ်သစ် သုံးသောင်းကျော်ဖန်တီးနိုင်ခဲ့သည်။ ၂၀၂၄၊ အောက်တိုဘာ ရွေးကောက်ပွဲမတိုင်မီအထိ US ၏စီးပွားရေးအခြေအနေကို ကမ္ဘာ့အခြားနိုင်ငံများက အားကျရသည်အထိ ဖြစ်ခဲ့သည်။ Wall Street Journal က နောက်တက်လာမည့် သမ္မတသည် အမေရိကား၏ သိသာထင်ရှားသောစီးပွားရေးကို ဆက်ပြီး ထိန်းသိမ်းမည်ဟု ဆောင်းပါးရေးခဲ့သော်လဲ ထို့နောက်မှာတော့ ကုန်သွယ်ခွန်များမှာ တဟုန်ထိုးတက်လာခဲ့သည်။ ၂၀၂၄ခုနစ်က စီးပွားရေးတက်နှုံးမှာ ၂.၅% ဖြစ်ပြီး ၂၀၂၅မှာ ၁.၂% သာရှိပြီး တဝက်သာကျန်တော့သည်။ ၂၀၂၄က ဈေးဝယ်သူများ၏ စီးပွားရေးကိုတိုးတက်စေသောနှုံးမှာ ၃% ဖြစ်ပြီး ယခုနှစ်မှာ ဈေးဝယ်သူများ၏ဝယ်ယူအားသည် တန့်နေသည်။
“မနစ်က အလုပ်လက်မဲ့နှုံးတွေ အများကြီးတက်ခဲ့တာကို ကျနော်တို့ မတွေ့ခဲ့ကြရဘူး။ ဒါပေမယ့် အခု လားရာက အဲ့ဒီ့ဆီကို ဦးတည်နေတယ်။ သတင်းကောင်းကတော့ ဒါဟာကိုယ်ကိုယ်တိုင်ကိုယ်ထိခိုက်စေတာဖြစ်တယ်။ ကုန်သွယ်ခွန်တွေကို ပြောင်းလဲလိုက်တယ်။ အတိုးအလျော့မလုပ်ဘဲ သော့ခတ်လိုက်သလို အသေသတ်မှတ်လိုက်တယ်။ ဒါကို နောက်ပြန်ဆုတ်နိုင်ရင်တော့ စီးပွားရေးကတရိပ်ရိပ်ပြန်တက်လာမယ်လို့ ကျနော်မြင်တယ်။ သတင်းဆိုးကတော့ အဲ့သလိုဖြစ်လာဖို့ သမ္မတ Trumpက လေသံပြောင်းတဲ့ အရိပ်အယောင်မတွေ့ရဘူး:”
လက်ရှိအခြေအနေတွင် US စီးပွားရေးသည် စတော့ဈေးကွက်၌ AI ကဲ့သို့သောစတော့များတွင် ရင်းနှီးကြပြီး အမေရိကန်အများစုအတွက်ကိုမူ One Big Beautiful Bill အတည်ပြုပြီးနောက် ကုန်ဈေးနှုံးများတက်လာခြင်း၊ Affordable Care Act ကိုပြောင်းကာ Medicaid နင့် Food stamps များဖြတ်ခြင်းတို့ကြောင့် အသေးစားလုပ်ငန်းပိုင်ရှင်များ၊ လူလတ်တန်းစားများအတွက် အလွန်ခက်ခဲသောကာလဖြစ်ပြီး လက်ရှိအုပ်ချုပ်ရေးနှင့် ကွန်ဂရက်ရှိ Republicans တို့က ဈေးနှုံးများကိုထိုးတက်စေပြီး Labor market အလားအလာပိုဆိုးစေကာ Social safety net ကို ဖြိုခွဲနေကြသည်ဟု Dr. Anil Diolalikar က ပြောကြားခဲ့သည်။ “ကျနော်က Trump ရဲ့စိတ်ကို မဖတ်နိုင်ပါဘူး။ ဒါပေမယ့် တကယ်လို့ ကျနော်တွေးဆပြောရမယ်ဆိုရင်တော့ Trump အုပ်ချုပ်ရေးက ပါဝါပုံသဏ္ဍာန်ဖြစ်တာမို့ ကုန်သွယ်ခွန်တွေကို ကြိုက်တယ်။ ကုန်သွယ်ခွန်က သူတို့ကို တခြားတိုင်းပြည်ကအစိုးရတွေဆီကနေ လိုက်လျောမှုတွေရစေတယ်။ အဓိပ္ပာယ်က US က အကြီးဆုံး Fortune 500 company က CEO တွေက Mar-a-Lago မှာ Trump ကို ခယမြှောက်စားဖို့ တန်းစီနေချိန်မှာ အသေးစားလုပ်ငန်းရှင်တွေက အဲ့ဒီ့ထဲမှာ မပါဘဲ သူတို့ရဲ့ဈေးဝယ်သူတွေအတွက် ဒူးထောက်နေကြရတယ်”
China, India, Brazil မှ သွင်းကုန်အခွန်များ တိုးမြှင့်ခြင်းအကြောင်းရင်းများ။
Dr. Anil Deolalikar, Professor of Economics at the University of California Riverside, and Founding Dean Emeritus, UCR School of Public Policy, က China, Brazil, India နိုင်ငံများအတွက် ကုန်သွယ်ခွန်မြင့်တက်ရခြင်းအကြောင်းတွင် ထိုသုံးနိုင်ငံသည် BRICS ၅နိုင်ငံတွင်ပါဝင်ပြီး ကမ္ဘာ့စီးပွားရေးထိုးတက်နေသောတိုင်းပြည်များဖြစ်ကြောင်းကို စတင်ဆွေးနွေးခဲ့သည်။ လက်ရှိ US အစိုးရသစ်လက်ထက်တွင် China သည် ကုန်သွယ်ခွန် ထပ်တိုး၅၀%၊ India သည် ၂၅%၊ Brazil သည် ၁၀% ပေးဆောင်ရမည်ဖြစ်သည်။ ပြီးခဲ့သည့်အပတ်က နှIndia နှင့် Brazil ကို ကုန်သွယ်ခွန်သစ်စတင်ကောက်ခံခဲ့ပြီ ဖြစ်သော်လဲ China ကိုတော့ နိဝင်ဘာ၁၀၊ ၂၀၂၅ထိ ရက်ပေါင်း၉၀ဆိုင်းငံ့ကြောင်း သမ္မတ Trump က သြဂုတ်၁၁၊ ၂၀၂၅တွင် သူ၏ Truth social media တွင် ကြေငြာခဲ့သည်။ China သည် ကုန်သွယ်ခွန် **၁၄၅%**ထိ တက်သွားနိုင်ချေရှိသည်။ မနှစ်က China က US သို့ $450 ဘီလျံဖိုး ကုန်စည်တင်သွင်းခဲ့ပြီး Indiaက $80 ဘီလျံဖိုး၊ Brazil က $40 ဘီလျံဖိုး တင်သွင်းခဲ့သည်။
India မှ US သို့ပို့ကုန်များမှာ software နှင့် IT services များဖြစ်ကြပြီး $200 ဘီလျံပမာဏကို နှစ်စဉ်ပို့သော်လဲ US မှ software နှင့် IT services များအတွက် ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ရှိပြီး IT နင့် software ပါဝင်သောကုန်ပစ္စည်းများပေါ်တွင်သာ အခွန်ချသည်။ ထိုတိုင်းပြည်များမှ US သို့သွင်းကုန် software နှင့် IT services များမှာ ပမာဏများလှသော်လဲ ပေးရသော ကုန်သွယ်ခွန်မှာ ထိုတိုင်းပြည်များ GDP ၏ရာနှုံးပမာဏသာရှိသည်။ India နင့် Brazil မှာသူတို့တိုင်းပြည် GDP ၏ ၂% နှင့် China မှာ ၃% သာ ရှိသည်။ ဥပမာအားဖြင့် iPhones ၇၅% ကို China မှာထုတ်ပြီး ၃ပုံတပုံနီးပါးကို US သို့သွင်းသည်။ ထို့ကြောင့် iPhones အတွက် ကုန်သွယ်ခွန်၁၀၀%အထက်တိုးပါက အလုပ်လက်မဲ့ခြင်းများ ထိုထုတ်လုပ်ခြင်းတွင် သိသိသာသာတက်ခြင်းဖြစ်လိမ့်မည်။ “နောက်ဆုံးသတင်းအရ smartphones, ကွန်ပြူတာနဲ့ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းတွေအတွက် ကုန်သွယ်ခွန်ကနေ ကင်းလွင့်ခွင့်တွေရမယ်လဲ ဆိုတယ်။ Apple က US မှာ ရင်းနှီးမြှုပ်နှံမှုအများကြီးလုပ်မယ်လို့ ကတိပေးထားတဲ့အတွက် အထူးအခွန်ကင်းလွတ်ခွင့်ကိုရခဲ့တယ်။ ဒါ့ကြောင့် အခုအချိန်မှာ အရာရာကို မှန်းဆရ ခက်နေတယ်” ဟု Dr. Deolalikar က ပြောကြားခဲ့သည်။ သို့သော်လဲ အကယ်၍ China သွင်းကုန်များကို ၁၀၀% အထက် သွင်းကုန်အခွန်တက်ပါက China ရှိ ပြည်ပပို့ကုန်လုပ်ငန်းအမြောက်အများကို သိသိသာသာထိခိုက်မည်ဖြစ်ကြောင်း Dr. Anil Deolalikar က ဆက်ပြီးဆွေးနွေးခဲ့သည်။ လွန်ခဲ့သောနှစ်များအတွင်းမှာ China ၏စီးပွားရေးမှာ သိသိသာသာကျဆင်းလာခဲ့ပြီး recession သို့မရောက်သော်လဲ လွန်ခဲ့သောနှစ်၂၀က တိုးတက်မှုနင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့ပြီး အလုပ်လက်မဲ့နှုံးတက်ခဲ့သည်။
“China နဲ့ US က နှစ်နိုင်ငံ စီးပွားရေးက တော်တော့်ကို ရောယှက်နေပြီး တနိုင်ငံနဲ့တနိုင်ငံက မှီခိုနေကြရတယ်။ ကုန်သွယ်ခွန်ညှိနှိုင်းကြမယ်လို့ တကယ်ပဲ ထင်ပါတယ်။ ကုန်သွယ်ခွန်အတော့်ကိုထိုးတက်တာက နှစ်နိုင်ငံလုံးကို ကပ်ဆိုးဖြစ်စေမှာပဲ။ ဒါ့ကြောင့် ဒီနှစ်နိုင်ငံလုံးက နားလည်မှုကို မြန်မြန်ဆန်ဆန်ရယူကြဖို့က ပြင်းပြင်းထန်ထန်လိုအပ်ပါတယ်” ဟု Dr. Deolalikar က ဆိုသည်။ India ကို ကုန်သွယ်ခွန်တက်ရခြင်းအကြောင်းမှာတော့ ရုရှ၏ဆီကို ဝယ်ယူခြင်းကြောင့်ဖြစ်သည်။ “US က ဆက်ပြီးဒီသဘောထားကို တင်းခံနေမယ်ဆိုရင်တော့ India နဲ့ညှိုဖို့က နဲနဲခက်လိမ့်မယ်။ Brazil က US နဲ့ ကုန်သွယ်ခွန်ကိုညှိုဖို့ကြိုးစားနေတယ်။ US က Brazil ရဲ့အကြီးဆုံးကုန်သွယ်မိတ်ဖက်တော့ မဟုတ်ဘူး။ China က Brazil ရဲ့ စီးပွားရေးကျဆင်းတာကို ကူဖို့ အလုံးစုံ bail out လုပ်ပေးမယ့်ပုံလို့ အတော့်ကို ထင်ရပါတယ်” ။ Brazil သည် China နှင့် စီးပွားရေးအရ ပိုမိုရင်းနှီးသော မိတ်ဖက်နိုင်ငံဖြစ်ရန် ဦးတည်နေသည်ကို US ကကောင်းစွာနားလည်သဘောပေါက်သည်။
မြန်မာနိုင်ငံအတွက် ကုန်သွယ်ခွန်သွင်းကုန်၄၀% တိုးလိုက်ခြင်းကို သမ္မတ Trumpက မြန်မာစစ်အာဏာပိုင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ တရားဝင်စာပို့ပြီးနောက် မြန်မာစစ်အာဏာပိုင်၏ညှိုနှိုင်းမှုကို တုန့်ပြန်မှုရှိကြောင်း မထုတ်ပြန်ခဲ့ပေ။ “ဒီလို တခြားတိုင်းပြည်က သွင်းကုန်တွေ တိုးကောက်လိုက်တာက စီးပွားရေးမဟုတ်တဲ့ သဘောသဘာဝကို လှစ်ဟပြနေတာပါပဲ။ စီးပွားရေးအတွက် ရည်ရွယ်ချက်က ပထမမဟုတ်ပါဘူး။ ဒါတွေက US က ဒီတိုင်းပြည်တွေကို တသီးတသန့် နိုင်ငံရေးဆိုင်ရာ actionတွေ လုပ်ဖို့ နိုင်ငံရေးအတွက်အသုံးချကိရိယာအနေနဲ့သုံးတာ အသိသာကြီးပါပဲ” ဟု US က စီးပွားရေးပိတ်ဆို့ထားသောမြန်မာနိုင်ငံ၏သွင်းကုန်နှုံးတက်လိုက်ခြင်းအပေါ် Myanmar Gazette ၏မေးခွန်းကို Dr. Anil Deolalikar က ဖြေကြားခဲ့သည်။
အသေးစားလုပ်ငန်းများ၏ လက်ရှိ data များနှင့် အနာဂတ်။
US Small Business Administration ၏ Deputy Administrator ဟောင်းတစ်ဦးဖြစ်သူ Dilawar Syed က small businesses များသည် US ၏ GDP ကို အဓိကဝင်ငွေရစေပြီး အလုပ်အကိုင်ဖန်တီးမှုအများဆုံးဖြစ်ကြောင်းနင့် US သို့သွင်းကုန် ၉၇% မှာ အသေးစားလုပ်ငန်းများ၏ သုံးပုံနှစ်ပုံဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ “ကျနော်တို့ဟာ ကုမ္ပဏီကြီးတွေအကြောင်းကို မကြာခဏပြောလေ့ရှိပြီး ကုမ္ပဏီကြီးများတွေနဲ့ ညှိနှိုင်းဖို့ နည်းဗျူဟာတွေကို သုံးခဲ့ကြတယ်။ ဒါပေမယ့် ကိန်းဂဏန်းတွေက အကြီးမားဆုံး သက်ရောက်မှုတွေကို ညွှန်ပြနေပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် အသေးစားလုပ်ငန်းတွေအပေါ် သက်ရောက်မှုက လုံလောက်တဲ့ အာရုံစိုက်မှု မရှိခဲ့ဘူး” ဟု Syed က ဆိုသည်။ ပြည်ပမှသွင်းကုန် တဝက်ကို USက ထုတ်လုပ်ကုန်များမှာသုံးကြပြီး ယခုအခါ ထောပတ်သီး၊ အမဲသား၊ ထိုင်းနှင့် China မှ သွင်းသောပိတ်စများ အပေါ်သွင်းကုန်ခွန်များတက်သဖြင့်ကုန်ဈေးနှုံးမှာ ၁၂% ပိုတက်သွားကြောင်းကို ဥပမာ ပေးခဲ့သည်။ နောက်ထပ်ဥပမာ တခုဖြစ်သော ရိုးရာအစားအသောက်ဆိုင်ပိုင်ရှင် Latina တဦးကို Customer Border Patrol ထံမှ $19,500 ပေးရန် ပြေစာရောက်လာရာ “အကျိူးဆက်မှာ ထိုအပိုဆောင်းငွေကိုပေးချေဖို့ ဆိုင်ဝန်ထမ်းများကို အလုပ်ဖြုတ်မလား၊ ဆိုင်ပိတ်မလား၊ ဈေးတက်မလား မည်သည့်အချက်တို့ဖြင့် ဖြေရှင်းရမည်စဉ်းစားရကျပ်နေသည့် လုပ်ငန်းရှင်၏အခြေအနေကို အုပ်ချုပ်သူများ နားလည်ကြပါသလား” ဟု Syedက မေးခွန်းထုတ်ခဲ့သည်။
National Small Business Association ၏ မေ၊ ၂၀၂၅ထုတ်ပြန်ချက်တွင် အသေးစားလုပ်ငန်းပေါင်း၆၅၀ကို စစ်တမ်းထုတ်ခဲ့ရာ (ကမ္ဘာ့ pandemic ကျရောက်ချိန်နှင့် Great Recession 2008-2009 ကာလအပါအဝင်) နှစ်ပေါင်း၁၅နှစ်အတွင်းမှာ Small business sentiment သည် အနိမ့်ဆုံးဖြစ်နေခဲ့သည်။ ၅၈% သောအသေးစားလုပ်ငန်းရှင်များက သမ္မတသစ်အုပ်ချုပ်သော၆လသက်တမ်းအတွင်းမှာ အဆိုးဆုံးဟု ထင်မြင်ယူဆသည်။ အသေးစားလုပ်ငန်းရှင်များအပေါ်ထိုသို့ ဆိုးကျိုးသက်ရောက်မှုများရှိနေချိန်တွင် အုပ်ချုပ်ရေးပိုင်းသည် လိုအပ်သောထောက်ပံ့များမပြုဘဲ၊ အရင်းအမြစ်ဖန်တီးပေးခြင်းများမပြုဘဲ ထပ်ဆောင်းအခွန်များတိုးခဲ့သည်။ SBA ရုံးများကို ပိတ်ခဲ့သည်။ “ကျနော်တို့မှာ ဒီမိုကရေစီရှိတယ်။ အချိန်တိုင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကို အသံကုန်အော်ပြောရမယ်။ လူတွေဟာ သူတို့အဖြစ်အပျက်တွေကို ဘာပြောနေလဲဆိုတာတွေကို ပြောရမယ်။ ခင်ဗျားတို့ရဲ့ CBB bill ကို သင့်ဒေသက Congress ကိုယ်စားလှယ်ဆီ မိတ္တူကူးပြီး စာပို့ပါ။ White House ကို email ပို့ပါ။ ခင်ဗျားရဲ့စီးပွားရေးမှာ အခွန်ဘယ်လောက်ထိနေတယ်ဆိုတာကိုပြောပါ” ဟု Syed က တိုက်တွန်းခဲ့သည်။ ယခုသမ္မတသစ်၏မူဝါဒသစ်တွင် 7(a) and 504 loan programs တွင် ကန့်သတ်လိုက်သည်မှာ SBA loan ကို နိုင်ငံခြားသားစီးပွားရေးပါတနာပါဝင်ပါက ချေးခွင့်မရဘဲ ကိုယ်တိုင်က အမြဲတမ်းနေထိုင်ခွင့်ရှိသူ၊ နိုင်ငံသား ဖြစ်ပါမှ ချေးခွင့်ရမည်ဖြစ်ကြောင်းလဲ ဖြေကြားခဲ့သည်။
သွင်းကုန်အခွန်တိုးမြှင့်ခြင်းကို လက်တွေ့ရင်ဆိုင်နေရသော အမေရိကန်လုပ်ငန်းရှင်။
She’s Happy Hair ဆံပင်ဆက်များထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင် Marcus Bowers က ၂၀၁၂မှစပြီးကမ္ဘာအရပ်ရပ်တွင်လှည့်ပြီး စီးပွားရေးလုပ်ငန်းများ စဦးလုပ်ကိုင်သည့်အတွက် သူ့ကိုယ်သူ Globalpreneur ဟု အမည်တပ်ကာ အလှအပဈေးကွက်တွင်လိုအပ်သော ဆံပင်ဆက်ခြင်းအတွက် ဆံပင်လုပ်ငန်းကို Craigslist တွင် စတင်ကာ digital marketing များ မထွန်းကားချိန်တွင် TV, Radio တို့မှာ ကြော်ငြာခဲ့သည်။ hair industry တွင် She’s Happy Hair သည် Black Friday, Cyber Monday, back-to-school sales, proms နှင့် graduation အချိန်များတွင် ဈေးလျှော့ရောင်းကာ ဝယ်ယူသူအပေါ် ဈေးမများစေရဘဲ ဝယ်ယူသူအရေအတွက်များစေရန် စီးပွားရေးပုံစံကွက်ကိုချခဲ့သည်။ အခြားဆံပင်ဆက်လုပ်ငန်းများက ဆံပင်အဆက်တစည်းကို $180 ရောင်းချိန်တွင် She’s Happy Hair က $75 ဖြင့်ရောင်းခဲ့သည်။ လုပ်ငန်းများကို Malaysia, China, Indonesia, Brazil တို့တွင်လုပ်ကိုင်ခဲ့ပြီး ဆံပင်အဆက်အတွက် အဓိကကုန်ကြမ်းမှာ India မှ ဆံပင်ဖြတ်ရောင်းသူများ၏ဆံပင်ကို လေလံဆွဲကာ အသုံးပြုရသည်။ အချို့သောထိုဆံပင်များကို China, Brazil သို့ပို့ပြီး ထိုနိုင်ငံများရှိစက်ရုံများတွင်ဆံပင်အဆက်ပြန်ုလုပ်ကာ US ကို တင်သွင်းရသည်။ ယခု သွင်းကုန်ခွန်တက်သွားခြင်းကြောင့် ဆံပင်ကုန်ကြမ်းများကို India နှင့် Brazil မှ လျော့မှာကာ China နှင့် Malyasia တို့မှ တိုးမှာယူရတော့မည်ဖြစ်ပြီး ဆံပင်အဆက်တစည်းကို $75 မှ $110, hair extensions installations ကြေးကို $1000 မှ $1500 သို့ ဈေးတက်ရောင်းရတော့မည်ဖြစ်ကြောင်းနှင့် ဝယ်ယူသူများကို ဆက်ထိန်းထားဖို့ အထူးဈေးနှုံးများလျှော့ပေးခြင်းများ ပြုလုပ်နေရသည်ဟု ဆိုသည်။
“အခု India, China, Brazil နိုင်ငံတွေက သွင်းကုန်အခွန်တွေက ဝုန်းကနဲ မထင်မှတ်လောက်အောင် တက်တော့မှာဆိုတော့ လုပ်ငန်းအတွက် တော်တော့်ကို ခက်ခက်ခဲခဲရုန်းကန်ရမှာကို ပြောချင်ပါတယ်။ ကုန်ကြမ်းတွေက ဒီမှာရှိတယ်။ ဆံပင်အဆက်တွေကို US က စက်ရုံမှာယက်ပြီး ရောင်းဖို့ဆိုတာက တနေ့၈နာရီကနေ ၁၂နာရီထိ ဆံပင်ယက်တဲ့အလုပ်ကို အမေရိကန်တွေက လုပ်ချင်မယ်လို့ ကျနော်က မထင်ပါဘူး။” ဟု Marcus Bowers က ဆိုသည်။ “အမေရိကန်တွေက deep cleaning, sterilization ပိုးသတ်တာ၊ ပစ္စည်းတွေစီတာ၊ အရောင်ဆိုး၊ အရောင်ချွတ် အလုပ်တွေကို လုပ်မယ်လို့ ကျနော် မထင်ဘူး။ ကျွန်တော် အမေရိကန် စိတ်ပညာနဲ့ ကျနော်တို့ မလုပ်တဲ့၊ မလုပ်လိုတဲ့အရာတွေကို စဉ်းစားပြီး ကျနော်ပြောတာပါ” Bowers က ပြောသည်။
