အရေးပေါ်သုံး အင်္ဂလိပ်စာ(၈) English for Emergencies (8)

kaiAugust 30, 20256min44860

by Prof: Myo Kyaw Myint

ယခင်လက Mental illnesses နှင့်ပတ်သက်သည့် အရေးပေါ်ကိစ္စများနှင့် ကြုံကြိုက်ရသည့်အခါ သိသင့်သိထိုက်သော၊ သုံးသင့်သုံးထိုက်သော စကားလုံးလေးများ expressions လေးများကို အတော်အသင့် ဖော်ပြခဲ့ပြီးပါပြီ။ ယခုလတွင် မည်သူမျှ မကြားလိုသော်လည်း၊ တွေးပင် မတွေးလိုသော်လည်း မိမိ၏ မိသားစု၌၎င်း၊ အပေါင်းအသင်းများကြား၌၎င်း ကြုံတွေ့ရတတ်သည့် suicide ခေါ် သေခြင်းအဖြစ်ဆိုးနှင့် မတွေ့ရ၊ မကြုံရအောင်၊ ကြိုတင်ကာကွယ်ပေးနိုင်ရန် tell-tale signs လေးများကို ဦးစွာဖော်ပြပေးလိုပါသည်။

Prevention is better than cure ဆိုသည့်စကားအတိုင်း Suicide ဆိုသည့်စကားကို ကြားပင်မကြားရအောင် ဖော်ပြပါ ထို Signs လေးများကို အထူးဂရုပြုဖို့ လိုပါသည်။

(1) Talking about committing suicide

တခါတရံ အခက်အခဲများနှင့် ကြုံတွေ့ရသည့်အခါ အချို့သူများက “သေတောင် သေချင်တယ်” သို့မဟုတ် “ကိုယ့်ကိုကိုယ်တောင် သတ်ပစ်လိုက်ချင်တယ်” စသဖြင့် ပြောဆိုတတ်ကြပါသည်။ I just want to kill myself ဟု ပြောသံ ကြားရင် အပိုတွေလုပ်နေတယ်၊ Drama လုပ်နေတယ်လို့ ထင်မည့်အစား အလေးအနက် စဉ်းစားပြီး အကူအညီပေးဖို့ ပြင်ဆင်ရမည် ဖြစ်ပါသည်။ အင်္ဂလိပ်လိုတော့ We must take such outbursts seriously and take appropriate action. ဟု ဆိုပါသည်။

(2) Giving away prized possessions

မိမိ၏ မိသားစုထဲမှ တစုံတယောက်က ၎င်းမိတ်ဆွေအပေါင်းအသင်းထဲမှ တစုံတယောက်သည် ၎င်းအမြတ်တနိုးစုဆောင်းထားသော ပစ္စည်းများ၊ တန်ဖိုးမသေးလှသော ပစ္စည်းများကို ပေးဝေနေပြီး အလှူကြီးပေးနေပြီဆိုရင် မိမိလည်း ထိုက်သင့်သလောက် ရအောင် တန်းသွားစီဖို့ စိတ်မကူးပါနှင့်။ ထိုအလှူကြီး ပေးနေသူကို ကူညီဖို့ စဉ်းစားဖို့ လိုအပ်လာပါပြီ။ ထိုသူ၏ Mental health နှင့် ပတ်သက်၍ စိုးရိမ်စရာ ဖြစ်နေပြီဆိုတာ သဘောပေါက်ဖို့ လိုပါသည်။

(3) Excessive use of alcohol and drugs

အရက်တွေ၊ ဆေးတွေ၊ အထူးသဖြင့် မူးယစ်ဆေးတွေ အလွန်အကျွံ သောက်သုံးနေသူ တယောက်ယောက်နှင့် ကြုံလာရလျှင် အမြန်ဆုံး အကူအညီပေးဖို့ စဉ်းစားသင့်ပါပြီ။ Why ဆိုသည့် မေးခွန်းမထုတ်ဘဲ Let me help you / Let me find help for you ဟု ပြောရပါမည်။

(4) Reckless behavior

Suicide လုပ်မည့်လူအချို့သည် ဖြစ်ချင်တာ ဖြစ်ပါစေ၊ ဘာမှ ဂရုစိုက်စရာ မလိုပါဆိုသည့် အပြုအမူများကို ပြုလုပ်လေ့ရှိပါသည်။ ကားကို အရှိန်ပြင်းပြင်း မောင်းလိုမောင်းပြီး မိမိ၏ အထက်အရာရှိများ၊ လူကြီးများကို စော်ကားမော်ကား ပြုလုပ်လျှင် ပြုလုပ်မည်။ ထိုသူများကို အမြန်ဆုံး အကူအညီပေးနိုင်ဖို့ လိုပါသည်။ အချိန်အနည်းငယ်လေးမျှ နောက်ကျသွားလျှင် ဘဝတခု ဆုံးရှုံးသွားနိုင်ပါသည်။ အထူးသဖြင့် Suicide by cop ဆိုသည့်အပြုအမူမျိုးကို အထူးကာကွယ်ရမည် ဖြစ်ပါသည်။

Suicide by cop also known as suicide by police or law-enforcement-assisted suicide, is a suicide method in which a suicidal individual deliberately behaves in a threatening manner with intent to provoke a lethal response from a public safety or law enforcement officer to end their own life.

ဖော်ပြပါ Sign လေးတွေက‌တော့ တကယ်တော့ Call for help များပင် ဖြစ်ပါသည်။ နမူနာအချို့ကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။ အရွယ်ရောက်ပြီးသား လူကြီးများသည် အောက်ဖော်ပြပါ အပြုအမူလေးများ ပြုလုပ်လာပြီဆိုပါက အကူအညီ လိုအပ်နေပါပြီ။

Signs for Adults

  • Talking about or making plans for suicide.
  • Acting anxious or agitated; behaving recklessly.
  • Talking about being a burden to others.
  • Talking about feeling trapped or in unbearable pain.
  • Increasing the use of alcohol or drugs.
  • Talking about feeling hopeless or having no reason to live.
  • Sleeping too little or too much.
  • Withdrawing or feeling isolated.
  • Showing rage or talking about seeking revenge.

Signs for teens ဆယ်ကျော်သက်လေးများ၏ အပြုအမူများက အနည်းငယ် ကွဲပြားပါသည်။

  • Talking about or making plans for suicide.
  • Expressing hopelessness about the future.
  • Displaying severe/overwhelming emotional pain or distress.
  • Showing worrisome changes in behavior, particularly in combination with the warning signs above, including significant:
    • Withdrawal from or changing social connections/situations.
    • Changes in sleep (increased or decreased).
    • Anger or hostility that seems out of character or out of context.
    • Recent increased agitation or irritability.

Suicide ကို လျှော့တွက်၍ မရပါ။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွင် အထူးဂရုစိုက်ဖို့ လိုပါသည်။ အရေးပေါ် ကြုံရပြီဆိုလျှင် လိုအပ်သည့် English expressions လေးများကို မှန်မှန်ကန်ကန် သုံးတတ်မှ လိုအပ်သည့် အကူအညီ ရနိုင်ပါလိမ့်မည်။ အထူးသဖြင့် ဖော်ပြပါ ဝေါဟာရလေးများကို လေ့လာထားပါ။ လိုအပ်လျှင် အသုံးချနိုင်ပါစေ။

Tell-tale Signs = သေကြောင်းကြံတော့မည့် အရိပ်အယောင်များ၊

Call for help = တဖက်လှည့်ဖြင့် အကူအညီလိုအပ်ကြောင်း ပြောပြနေခြင်း၊

Suicide by cop = ရဲများက မိမိကို ပစ်သတ်ရန် ကြံစည်ခြင်း၊

အကူအညီလိုလျှင် 988 Suicide and Crisis Lifeline ကို ခေါ်ယူနိုင်ပါသည်။ Text ပို့နိုင်ပါသည်။