Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သခင်မျိုးဟေ့..ဒို့ဗမာကွ…

မမေလးSeptember 24, 20102min2812

ကျွန်တော့အမိနိုင်ငံကို ကျွန်တော့ အသက်ထက် မြတ်နိုးပါတယ်။ ချစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ဗမာ/မြန်မာလို့ပြောရမှာရှက်တတ်သူတွေကို မကြည့်ချင် မမြင်ချင်ပါ။ ရွံပါတယ်။ စက်ဆုပ်ပါတယ်။ မုန်းပါတယ်။

ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ သနားစရာသတ္တဝါတွေပါလားလို့ မြင်လာရပြန်ပါတယ်။ အသိဉာဏ် တစ်ထွာတစ်မိုက်လေးမှမရှိဘူးလို့ ထင်မိပါတယ်။ သမိုင်းမသိ၊ စာမဖတ်၊ ပညာမတတ်၊ အတွေးအခေါ်နိမ့်ကျသူတွေလို့လဲ ထင်လာပါတယ်။

ဒီတော့ ဒီလိုလူမျိုးတွေအထင်သေးတဲ့ ဗမာ/မြန်မာပြည် ကထင်ရှားသူတွေ၊ လေးစားစရာကောင်းသူတွေအကြောင်းကို ပြောပြချင်စိတ်ပေါ်လာပါတယ်။ ဒါနဲ့ ဖတ်မိသမျှ၊ မှတ်မိသမျှလေးတွေကို ချရေးမိပါတယ်ဗျာ။ ပိုတာ၊ လိုတာ၊ မှားတာလေးတွေရှိရင် ကူကြပါ၊ ကယ်ကြပါ၊ ဖေးမကြပါ၊ ညွှန်ပြကြပါဦးဗျာ။

ပထမဦးဆုံး ပြောချင်တဲ့ ပုဂ္ဂိုလ်ကတော့ ကျွန်တော်တို့အားလုံးလေးစားရတဲ့ ဦးသန့်ပါ။ ဦးသန့်ရဲ့ ဘဝဖြစ်စဉ်ကိုတော့ ချန်ခဲ့ပါရစေ။ ဘိုမျှော်၊ ဘိုမ၊ ဘိုထင်ကြီး၊ ဘိုကြောင်တွေကို သိစေချင်တာလေးတွေ၊ အထင်ကြီးနိုင်တာလေးတွေကိုသာ အဓိကထားပြောချင်လို့ပါ။

ဦးသန့်ဟာ ကမာ္ဘ့တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်ခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ ဒီတာဝန်ကိုထမ်းဆောင်ခဲ့တာပါ။ ကုလအတွင်းရေးမှုးချုပ်ရာထူးကို ကာလအကြာရှည်ဆုံး ထမ်းဆောင်ခဲ့သူ တစ်ယောက်လဲဖြစ်ပါတယ်။ ဒီလိုတာဝန်ထမ်းဆောင်နေစဉ်တုန်းမှာ အရေးကြီးတဲ့ ကမာ္ဘ့အရေးပေါင်းများစွာကို ဖြေရှင်းပေးခဲ့သလို၊ ယနေ့ကမာ္ဘကို အကျိုးပြုနေတဲ့ ကုလလက်အောက်ခံအဖွဲ့အစည်းပေါင်းများစွာကိုလဲ အစပြုပေးခဲ့တာပါ။ ဦးသန့်ဟာ အရှေ့၊ အနောက်၊ အရှေ့အလယ်ပို်င်း၊ အာဖရိက စသဖြင့် ကမာ္ဘကြီးရဲ့ နေရာဒေသပေါင်းစုံက ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့လို့ လေးစားခံရတဲ့သူတစ်ဦးပါ။

ဦးသန့်ဟာသူ့ရဲ့ အကျိုးပြုမှုတွေ၊ အမျှော်အမြင်ကြီးမှုတွေအတွက် ဆုတံဆိပ်ပေါင်းများစွာကိုလဲ ရခဲ့တဲ့သူဖြစ်ပါတယ်။ မြန်မာအစိုးရကချီးမြှင့်တဲ့ မဟာသရေစည်သူ၊ သီရိပျံချီ၊ ဝဏ္ဏကျော်ထင်စတဲ့ဘွဲ့ထူးတွေသာမက၊ နိုင်ငံတကာဆုတွေဖြစ်တဲ့ နေရူးဆု၊ စတီဗင်ဖောင်ဒေးရှင်းဆု စသဖြင့် ဆုတံဆိပ်ပေါင်းများစွာရခဲ့သူပါ။

ဦးသန့်ကိုနိုင်ငံတကာကလေးစားကြတဲ့အတွက် သူ့အမည်ကိုအစွဲပြုပြီး နာမည်ပေးကြတာတွေလဲရှိပါတယ်။ မလေးရှားနိုင်ငံက သံတမန်လမ်းကို ဂျလမ်းဦးသန့်လို့ နာမည်ပေးထားသလို၊ အမေရိကန်နိုင်ငံမှာလဲ ကျွန်းငယ်လေးတစ်ခုကို ဦးသန့်ကျွန်းလို့နာမည်ပေးထားခဲ့ပါတယ်။ ဒါတင်မကပါဘူး ဂျပန်နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂတက္ကသိုလ်ကလဲ ဦးသန့်ဂုဏ်ထူးဆောင်ပို့ချမှုကို အတွဲလိုက် နှစ်စဉ်လုပ်လေ့ရှိပါတယ်။ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကျောင်းမှာလဲ အထူးချွန်ဆုံးကျောင်းသားကို ဦးသန့်စကော်လာလို့ ဂုဏ်ပြုကာခေါ်လေ့ရှိပါတယ်။

ဦးသန့်ရဲ့သူမတူအောင် လေးစားစရာကောင်းလှတဲ့ ထူးချွန်မှုတွေကြောင့် ရရှိခဲ့တဲ့ဂုဏ်ထူးဆောင်ဘွဲ့တွေကလဲ မနည်းလှပါဘူး။ ကျွန်တော်ဖတ်မိ၊ မှတ်မိ၊ လေ့လာမိသလောက်ပြောရရင် ဘွဲ့ပေါင်း(၃၀)ကျော်ရှိပါတယ်။ ကျွန်တော်သိသလောက်ကို စာရင်းလုပ်ပြပါ့မယ်။ အဲဒါတွေကတော့ –

(၁) LL.D, Williams College, US

(၂) LL.D, Mount Holyoke College, US

(၃) LL.D, Harvard University, US

(၄) LL.D, Dartmouth College, US

(၅) LL.D, University of Calfornia, Berkley, US

(၆) LL.D, University of Denver, US

(၇) LL.D, Swarthmore College, US

(၈) LL.D, New York University, US

(၉) LL.D, Colby College, US

(၁၀) LL.D, Yale University, US

(၁၁) LL.D, Hamilton College, US

(၁၂) LL.D, Fordham University, US

(၁၃) LL.D, Manhattan College, US

(၁၄) LL.D, University of Michigan, US

(၁၅) LL.D, Boston University, US

(၁၆) LL.D, Rutgers University, US

(၁၇) LL.D, Columbia University, US

(၁၈) LL.D, Syracuse University, US

(၁၉) LL.D, Princeton College, US

(၂၀) LL.D, Carleton College, Canada

(၂၁) LL.D, Queen’s University, Canada

(၂၂) LL.D, University of Windsor, Canada

(၂၃) LL.D, University of Alberta, Canada

(၂၄) LL.D, Laval University, Canada

(၂၅) LL.D, Moscow University, USSR

(၂၆) LL.D, Dehli University, India

(၂၇) LL.D, University of Leeds, UK

(၂၈) LL.D, University of Dublin, Ireland

(၂၉) LL.D, Louvain University, Belgium

(၃၀) LL.D, University of Philippines, Philippines

(၃၁) Doctor of International Law, Florida International University, US

(၃၂) Doctor of Civil Laws, Colgate University, US

(၃၃) Doctor of Laws, University of Hartford, US

(၃၄) Doctor of Humane Letters, Duke University, US နဲ့

(၃၅) Doctor of Divinity, The First Universal Church ဂုုဏ်ထူးဆောင်ဘွဲ့တွေပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဘိုမကျတကျ ဘိုထီးဘိုမတွေ လေးစားလောက်ပြီထင်ပါရဲ့။

ဦးသန့်ပြောခဲ့တဲ့ ကမာ္ဘကျော်စကားတစ်ခွန်းကတော့

“ …. governments, systems, ideologies come and go, but it is humanity which remains …. “  ပါတဲ့ဗျာ။

ဒါဟာ ဦးသန့်ရဲ့ အမျှော်အမြင်ဉာဏ်ကြီးစွာပြောခဲ့တဲ့ စကားများစွာထဲကတစ်ခွန်းပါ။

ဘိုကပ်၊ ဘိုချစ်၊ ဘိုယောင်တွေ ဗမာ/မြန်မာအဖြစ် ဂုဏ်ယူနိုင်ကြပါစေဗျာ။

မြတ်မင်း

မယ်လ်ဘန်းမြို့

၂၀၁၀၊ စက်တင်ဘာလ (၂၂) ရက်။

2 comments

  • zawana

    September 24, 2010 at 9:37 pm

    “ဦးသန့်ကိုနိုင်ငံတကာကလေးစားကြတဲ့အတွက် သူ့အမည်ကိုအစွဲပြုပြီး နာမည်ပေးကြတာတွေလဲရှိပါတယ်။ မလေးရှားနိုင်ငံက သံတမန်လမ်းကို ဂျလမ်းဦးသန့်လို့ နာမည်ပေးထားသလို၊ အမေရိကန်နိုင်ငံမှာလဲ ကျွန်းငယ်လေးတစ်ခုကို ဦးသန့်ကျွန်းလို့နာမည်ပေးထားခဲ့ပါတယ်။ ဒါတင်မကပါဘူး ဂျပန်နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂတက္ကသိုလ်ကလဲ ဦးသန့်ဂုဏ်ထူးဆောင်ပို့ချမှုကို အတွဲလိုက် နှစ်စဉ်လုပ်လေ့ရှိပါတယ်။ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကျောင်းမှာလဲ အထူးချွန်ဆုံးကျောင်းသားကို ဦးသန့်စကော်လာလို့ ဂုဏ်ပြုကာခေါ်လေ့ရှိပါတယ်။”

    မြန်မာနိုင်ငံမှာရော ဦးသန့် သေဆုံးပြီးနောက် ဘယ်လို ဂုဏ်ပြုခဲ့ပါသလဲ။

    ကျနော်တို့ တိုင်းပြည်မှာ ဘိုမျှော်၊ ဘိုကပ် ၊ ဘိုချစ်၊ ဘိုယောင်၊ ဘိုထင်ကြီး၊ ဘိုကြောင် ဆိုတဲ့ လူတွေထက် ဗိုလ်မျှော်၊ ဗိုလ်ကပ် ၊ ဗိုလ်ချစ်၊ ဗိုလ်ယောင်၊ ဗိုလ်ထင်ကြီး၊ ဗိုလ်ကြောင် ဆိုတဲ့ လူမျိုးတွေက ပိုများမယ်လို့ ထင်ပါတယ် ခင်ဗျား။

  • kai

    September 24, 2010 at 10:00 pm

    အထောက်အထားရှာနေသူများအတွက်..ဖြည့်ပေးတာပါ။
    U Thant Island (officially Belmont Island) is New York City’s smallest island. The tiny artificial island is 100 by 200 feet (30 by 61 m) in size and located in the East River, just south of Roosevelt Island. It lies midway between the United Nations Headquarters at 42nd Street and Gantry Plaza State Park in Long Island City and is legally considered part of the Borough of Manhattan and New York County.
    http://en.wikipedia.org/wiki/U_Thant_Island

    ရှိဘူယာ (ခွေးရုပ်)ဘူတာကနေ နည်းနည်းလျှောက်လိုက်ရင် တွေ့ရတဲ့ ယူနီဗာစတီကို ဦးသန့်မတည်လုပ်ပေးခဲ့တယ်လို့ ပြောကြတယ်..။အဲဒီမှာ အလုပ်လုပ်နေတဲ့ ဗမာတွေရှိတယ်။
    U Thant International Conference Hall, Third floor, UN House, Tokyo, Japan
    53-70, Jingumae 5-chome, Shibuya-ku, Tokyo 150-8925, Japan
    http://www.ilo.org/public/english/region/asro/tokyo/conf/2004youth/outline.htm

    အောက်ကလင့်ကကြည့်ရင်တွေ့ရမယ့် စာအုပ်က ဦးသန့်မြေး၊ သန့်မြင့်ဦးရေးတာပါ။ အဲဒီစာအုပ်ကို ဟားဗတ်ကျောင်းထွက် အောင်သူငြိမ်းက ဝေဖန်ဆန်းစစ်တဲ့စာတွေကို မန်းလေးဂေဇက်မှာ ပုံနှိပ်ဖေါ်ပြဖူးတယ်..။
    http://www.amazon.com/River-Lost-Footsteps-Histories-Burma/dp/0374163421

Leave a Reply