Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သတင်းအမှန်တာ တင်ပေးပါ။

mGOctober 26, 20101min49322

myanmargazette.net တွင်သတင်းများအား တိကျမှန်ကန်သော သတင်းများကိုသာ တင်ပေးကျပါရန် မေတ္တာရပ်ခံချင်ပါတယ်….။မြန်မာတနိုင်ငံလုံး ကိုယ်စားပြုဖြစ်နေသော ဒီဆိုဒ်ကို မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲ ပြည်သူအများစုက သတင်းများကြည့်ရှု့ပြီး သုံးသပ်၊ဝေဖန်၊အကြံပြုချက်များအား စက္ကန့်နှင့်သပြေညီပြုလုပ်အားပေးနေသော ပရိတ်သက်များအတွက် မိမိတဦး တယောက်၏သတင်းအမှားကြောင့် ဆိုဒ်၏အဘက်ဘက်မှ၊အကြောင်းအမျိုးမျိုး နှင့်ထိခိုက်နစ်နာနိုင်ပါသည်။သတင်းရေးသား သူများအနေဖြင့် ငွေအတွက်(သို့မဟုတ်) Point များအတွက်

အလေးပေးရေးသားချင်းသည် Media များကြားတွင် မျက်နှာပျက်စရာများကြုံလာနိုင်ပါသည်။

မေတ္တာရပ်ခံချက် ။ ။ တိကျသေချာသော သတင်းများကိုသာပေးကြပါခင်ဗျာ….။ရန်ကုန်တမြို့လုံးနည်းပါးရှိ ပြည်သူများမှ ထိုဆိုဒ်အား အလေးထား အားပေးနေပါသောကြောင့်

သတင်းများမှာအမျိုးမျိုး တင်ထားသော်လည်း တိကျသောသတင်းများအား များများစားစား မတွေ့ရပါ။သတင်းမှားများ များနေရသော ပြသနာကအဆိုးဆုံးပင်ဖြစ်၏။

မှတ်ချက် ။ ။ ဆရာလုပ်တာမဟုတ်ဘူးနော်……။ဖြစ်သင့်တယ်ထင်လို့ပြောပြတာပါ။ဘယ်သူ့ကိုမှလည်းသတင်းရေးတာ မမှန်ဘူးလို့ပြေတာမဟုတ်ဘူးနော် အများအားဖြစ်

အရင်နဲ့မတူပဲPoint ကိုအလေးထား ငွေကိုဦးစားပေးပြီး သတင်းမှန်သည်ဖြစ်စေ၊မမှန်သည်ဖြစ်စေ တင်ပြထားခြင်းသည်အဆိုးဆုံးပင်ဖြစ်သည်။

22 comments

  • ဆူး

    October 26, 2010 at 12:21 pm

    စာရေးသူ ပိုစ်တင်သူလည်း ဒီဆိုက်ကို သတင်းစာ အနေနှင့် မဖတ်ရှုဘဲ.. ကျေးရွာ စကားဝိုင်း သို့တည်းမဟုတ် ရပ်ကွက် စကားဝိုင်း အနေနှင့် ဖတ်သင့်သည်ထင်ပါသည်။ ကျေးရွာ စကားဝိုင်း ဆိုရင်တော့ အတင်းအဖြင်းနဲ့ ချောက်တွန်းတာ ပါနိုင်သလို မြှောက်ပင့် ပြောဆိုတာလည်း ပါနိုင်တယ်။ သတင်း အနေနှင့် တိတိ ကျကျ တင်ဖို့ ဆိုတာ အဖက်ဖက်က ပြည့်စုံဖို့ လိုတယ်။ ဟုတ်မဟုတ် စစ်ဆေးဖို့ အချက်အလက် အခိုင်အမာ အထောက် အထားနဲ့ ပြဖို့.. အထောက်အထား မပြနိုင်တဲ့ သတင်းမျိုးဆို ချင့်ယုံဖို့ဘဲ ပြောချင်ပါတယ်။
    ဒီမှာ ရေးနေတဲ့ လူတွေ အားလုံးက ကြေးစား သတင်းထောက်များ မဟုတ်သလို ကိုယ်ပိုင်ခံစားချက်နဲ့ ဖော်ထုတ်တဲ့ စာအတိုအစလေးတွေကို လေ့ကျင့်တဲ့ ကစားကွင်းကြီးလို သဘောထားပြီး ရေးနေကြတာပါ။ မြင်လိုက် ကြားလိုက်တာကို သတင်း ဆောင်းပါးအနေနှင့် စာတတန် ပေတဖွဲ့ ရေးသားတဲ့ လူမရှိပါဘူး။ ရှိတဲ့ လူဆိုရင်လည်း ရတနာပုံနေပြည်တော် သတင်းစာမှာ ပင်တိုင် ဆောင်းပါးရှင်တွေ ဖြစ်ကုန်ကြမှာပေါ့။ Do & Don’t ပို့စ်မှာ အစတည်းက ရေးထားပါတယ် သတင်းအနေနှင့် မမြင်ဘဲ ဖိုရမ် တခုလို သဘောထားဖို့.. ကိုယ်သိတာလေးတွေ အချင်းချင်း နှီးနှော ဖလှယ်ဖို့ ရေးထားပါတယ်။

    • etone

      October 27, 2010 at 2:18 am

      ဆူးပြောတာ အပြည့်အဝထောက်ခံပါတယ် ။ သတင်းဆန်ဆန်တမျိုးတည်းမဟုတ်ပဲ စကားဝိုင်းတစ်ခုအနေနဲ့သတ်မှတ်ကြည့်ရင်တော့ ပိုပြီးမှန်ပါလိမ့်မယ် ။ အခုဆိုရင် member တွေလည်းပိုများလာပြီး အကြောင်းရာတစ်ခုကိုတောင် မတူညီတဲ့ အတွေးမြင်တွေနဲ့ နှီးနောပြောဆိုလို့ရနေပြီလေ။

  • ဆူး

    October 26, 2010 at 12:26 pm

    ပွိုင့်ပေးတယ် ပိုက်ဆံ ပေးတယ်ဆိုတာကတော့ ဒီဆိုက် ထောင်တဲ့ လူတွေရဲ့ စေတနာပေါ့. ပွိုင့် ရအောင် ဘယ်လောက်ရေးရေး.. ပိုစ်တခုမှ ၁၀ဝ ရတာ.. တနေ့ကို ၁ဝခု တင်လို့ ၁၀၀ဝ ရတယ် ထား.. ကိုယ်ထက် သူများ ဦးအောင် တင်ထားတဲ့ ဟာမျိုးဆိုရင် ပြန်အဖြတ်ခံရတာနဲ့.. ပိုစ်တခုကို ၁၀၀ဝ နုတ်သွားမှာပါ..
    ကွန်မန့်တခုကိုလည်း ၁ဝဘဲပေးတာ..
    ၁သိန်းရအောင် ရေးဖို့ ကွန်မန့်ဘယ်လောက် ရေးမလဲ.. ပိုစ်ဘယ်လောက်ရေးမလဲ.. ၁သိန်းမပြည့်ရင် ပိုက်ဆံ ထုတ်လို့မရဘူး.. အကြောင်းမျိုးစုံနဲ့.. ဒီဆိုက်ကို ဖတ်လို့ မရတော့ တဲ့ အခြေအနေမျိုး ဖြစ်သွားရင်လည်း ပိုက်ဆံ ရထားပြီး ၁သိန်းမပြည့်တဲ့ အတွက် ရမှာ မဟုတ်ပါဘူး.. ရေးတဲ့ လူတွေက ဝါသနာနဲ့ ဒီမှာ ရှိတဲ့ မန်ဘာအချင်းချင်း ရင်းနှီးစွာ သိတာလေး ဖော်ထုတ်ပြောပြပေးတဲ့ သဘောပါ။ အတင်းအဖြင်း ဖြစ်နေရင်တော့ သိနေတဲ့ လူက အတင်းလို့ ဝင်ထောက် ပိုင်ခွင့်ရှိတာဘဲ အချိန်နဲ့ တပြေးညီ တက်နေတာ ဆိုတော့.. ဟုတ်တယ် ပြောနေတဲ့ လူ ဘယ်လောက် များများ.. မဟုတ်ဘူး ပြောတဲ့ လူကလည်း တချိန်တည်းမှာ ကန့်ကွက် ငြင်းဆန်နိုင်ပါတယ်။
    အားလုံးက တူညီတဲ့ အခွင့်အရေး ရှိကြတာမို့.. အငြင်းအခုန် ဝါသနာပါရင် ကပ်ငြင်းလို့တောင် ရသေးတယ်။

    • zawana

      October 26, 2010 at 12:37 pm

      အင်တာနက်မှာ ငွေရှာနည်းတွေ အများကြီး ရှိပါတယ် ခင်ဗျာ။ ကျနော် ကိုယ်တိုင်လည်း အင်တာနက်နဲ့ လုပ်စားနေသူပါ။ ဒါပေမဲ့ ဒီနေရာမှာတော့ မလုပ်စားကြစေချင်ဘူး။
      လူတစ်ယောက် တစ်နေ့ကို ပို့စ် ၁ဝ ခု ကျော်ကျော် ရေးနိုင်ဖ်ို့ ဆိုတာကတော့ အတော့်ကို မလွယ်တဲ့ ကိစ္စပါ။ ဘာသာပြန်မယ်ဆိုရင်တောင် မလွယ်ဘူးလို့ ထင်ပါတယ်။ ကိုယ်ကိုယ်တိုင် ဖန်တီးချက်ကို လိပ်ပြာသန့်စွာနဲ့ တင်ပြကြရင် ပိုမကောင်းပေဘူးလား ခင်ဗျာ။ မြန်မာနိုင်ငံ အနေနဲ့ CJ (Citizen Journalist) တွေ အများကြီးလိုအပ်နေပါတယ်။ ဒီနေရာမှာ ကြိုးစားသင့်ကြပါတယ်။

      • ဆူး

        October 26, 2010 at 12:49 pm

        ဆိုလိုတာ နားလည်မှု လွဲသွားပြီ ထင်တယ်.. ဒီမှာ ပေးတဲ့ ငွေ မဖြစ်စလောက်နဲ့.. ကူးချ လျောက်ရေးလည်း ဘယ်လောက်မှ ရမှာ မဟုတ်ဘူးလို့ ပြောတာပါ။ စီတီးဇင် ဂျာနယ်လစ် အစစ်အမှန်တွေကတော့ ဂျာနယ်တိုက်မှာ သူတို့ တဝမ်း တခါးအတွက် ကြိုးစားနေကြမှာပါ။

        • zawana

          October 26, 2010 at 12:55 pm

          CJ ဆိုတာ ငွေကြေးအတွက် လုပ်နေသူတွေ မဟုတ်ပါဘူးခင်ဗျာ….

        • zawana

          October 26, 2010 at 12:57 pm

          Cj ဆိုတာ ဗမာလို ပြောရရင် ပြည်သူထဲက သတင်းသမားလို့ ဆိုရမယ် ထင်တယ်။ သတင်းထောက်ကို ဆိုလိုတာ မဟုတ်ပါ။

    • etone

      October 27, 2010 at 2:29 am

      ဆူးပြောတာမှန်ပါတယ် ။ပို့တင်ခပေးတာ ဆိုက်တည်ထောင်သူတွေရဲ့စေတနာဖြစ်ပေမဲ့ ပို့စ်တစ်ခု၊ ကော့မန့်တစ်ခုရေးလို့ ရတဲ့အခကိုမျှော်လင့်ပြီးရေးတဲ့လူ အတော်ရှားပါတယ်။ ဟိုးတလောက ကိုဖက်တီးရေးခဲ့သလိုပဲ ပို့စ်တင်ခနဲ့ အင်တာနက်ဖိုးမကြေလို့ တော့ပ်တန်းမန်ဘာတယောက်ထွက်သွားတယ်ဆိုသလိုဖြစ်နေပါပြီ ။ သို့သော်လည်း ဒီဆိုက်ကို သံယောဇဉ်ဖြစ်နေကြတဲ့အတွက် ပိုက်ဆံရရမရရရေးကြမှာပါ ။
      ”အရင်နဲ့မတူပဲPoint ကိုအလေးထား ငွေကိုဦးစားပေးပြီး သတင်းမှန်သည်ဖြစ်စေ၊မမှန်သည်ဖြစ်စေ တင်ပြထားခြင်းသည်အဆိုးဆုံးပင်ဖြစ်သည်။” ဆိုတဲ့စာကြောင်းကို လုံးဝကန့်ကွက်ပါတယ် ။

      • bigcat

        October 27, 2010 at 2:45 am

        mGလေးကို
        အများမုန်း၊
        မအီးတုံးက
        အဆိုးဆုံး၊
        တောင်းပန်လိုက်ပါ
        ခပ်ပြုံးပြုံး၊
        လူတိုင်းကြိုက်တဲ့
        စံပယ်ကုံး။

  • zawana

    October 26, 2010 at 12:28 pm

    ဟုတ်ပါတယ် …… ဝက်ဆိုက်တွေမှာ တွေ့သမျှ မြင်သမျှ သတင်းတွေကို မှန်၊ မမှန် သုံးသပ်ခြင်းမရှိပဲ အရမ်းကာရော တင်နေတာတွေ ရပ်သင့်ပြီလို့ ထင်ပါတယ်။ သတင်းမှား တစ်ခုဟာ သက်ဆိုင်တဲ့ လူတစ်ယောက်အတွက် အကျိုးသက်ရောက်မှု အရမ်းကြီးမားပါတယ်။ ဆင်ခြင်ကြပါခင်ဗျာ။ ကိုယ့်ကိုယ်ကို Citizen Journalist တစ်ယောက်လို့ ခံယူထားတယ် ဆိုရင်လည်း အရင်တခါ Fatty တင်သလိုမျိုး ဓါတ်ပုံ သတင်းလေးပဲဖြစ်ဖြစ် တင်ပေးကြတာ ပိုကောင်းလိမ့်မယ်လို့ ထင်ပါကြောင်း။ နည်းနည်းတော့ ကိုယ်ပိုင်အားထုတ်မှု ပြုကြစေလိုပါတယ် ခင်ဗျာ။

  • weiwei

    October 26, 2010 at 1:07 pm

    ဒီမှာပို့စ်တွေလာတင်နေကြတာ ပွိုင့်ရဖို့အတွက်တော့ မဟုတ်နိုင်ပါဘူး။ ဝါသနာပါသူတွေက လက်တွေ့ကွင်းဆင်းပြီး စမ်းရေးကြည့်ကြတယ့်နေရာပါ။ သတင်းတစ်ခုတည်းမှမဟုတ်တာ.. စိတ်ဝင်စားတယ့်လိုင်းတစ်ခုခုနဲ့ လုပ်ချင်တယ့်စိတ်ကြောင့်သာ အချိန်ကုန်ခံပြီး လုပ်ကြတာပါ။
    တစ်ဖက်က ပြန်ကြည့်တော့လဲ သတိပေးတယ့်အပိုင်းကတော့ လုပ်သင့်ပါတယ်။ မှားတာတွေတွေ့ရင်တော့ သတိပေးရင်း အမှန်ကိုပြင်ပေးရင်းနဲ့ နောင်တစ်ချိန်မှာ အောင်မြင်တယ့် journalist တွေ ဖြစ်သွားနိုင်ပါတယ်။ နားလည်တတ်ကျွမ်းတယ့်သူများကလဲ အပြစ်တင်တာချည်းမလုပ်ပဲ သင်ကြားပြသပေးကြရင် ပိုကောင်းမယ်။ မိသားစု စိတ်ဓါတ်ပေါ့။

  • fatty

    October 26, 2010 at 3:25 pm

    အပေါ်ကဆွေးနွေးကြတာလေးတွေကောင်းကြပါတယ်ဗျာ …. ဒီမှာသတင်းတင်ကြသောသူများဟာ … ကိုယ်သိတဲ့ အရပ်သတင်းတွေကိုဘဲတင်ကြတာဖြစ်ပါတယ်။ သူများတွေလဲ သိစေချင်တဲ့စေတနာနဲ့နေမှာပါ။ သတင်းကိုတကူးတကတော့မလိုက်နိုင်ကြဘူးထင်ပါတယ် …ကုန်ကျစားရိတ်ကရှိတာကိုး … အ.ဲဒါပေတဲ့ ချင့်ချိန် ပြီးလုပ်ကြ တာပေါ့။
    အောင်မြင်ကြပါစေ။

  • winkyawaung

    October 26, 2010 at 3:36 pm

    နှစ်ဦး နှစ်ဘက် အဆင်ပြေနားလည်မှု ရှိနိုင်ကြပါစေ..။
    မတူသော အတွေးနှင့်( တာဝန်ယူရဲသော) ကိုယ်ပိုင်စာ ချရေးပါ.. လို့ရေးထားပါတယ်။ ပို့စ် တစ်ခု တစ်ခုမှာ စာဖတ်သူ များအတွက် အကျိုးတစ်ခုခုကိုတော့ ရရှိဖို့လိုမည်ထင်ပါတယ်။ စာရေးသူများကလည်း ရိုးသားဖြူစင်စွာဖြင့် စေတနာမှန်နဲ့ အားစိုက်ရေးသားကြပါဟုသာ လေးစားစွာ အကြံပြုလိုက်ရပါတယ်။ ဆရာလုပ်ခြင်းမဟုတ်ပါ ။ မန္တလေးဂေဇက် ကောင်းမွန်ရေးအတွက် ဆွေးနွေးပေးခြင်းပါနော်..။

  • PaukPhaw

    October 26, 2010 at 4:01 pm

    လတ်တလော အမှန်ထင်လို ့ တင်လိုက်ကြတာပါ
    ဒီလိုအဖြစ်မျိုး..
    ရတနာပုံ သတင်းစာ တစ်ခုထဲမှာတင် မဟုတ်ပါဘူး
    တခြား သတင်းစာတွေလဲ ဒီလိုပါပဲ..
    ဥပမာ..
    အခုရက်ပိုင်းအတွင်း ပြည်တွင်းမှာ ကွန်နက်ရှင်မကောင်းဘူး
    ဘာကြောင့်မကောင်းမှန်း အနော်တို ့လဲ သေချာသိဘူး
    ဒါပေမဲ့ သတင်းတွေက အမျိုးမျိုးထွက်နေတာပဲ
    ရတာနာပုံကပဲ တမင်တကာလုပ်ထားသလိုလို
    DDoS အတိုက်ခံရသလိုလို..
    Gmail,Gtalk မရတဲ့အတွက် Google မှပဲ အနော်တို ့မြန်မာနိုင်ငံကို တမင်တကာ ပိတ်ထားသလိုလို
    အဲသလိုတွေပေါ့ဂျာ..
    ဟုတ်တယ်မလား အဒေါ်…?

  • HayMonChan

    October 26, 2010 at 4:45 pm

    အထက်ပြောသွားတဲ ့အတိုင်းပါဘဲ
    ချမ်းချမ်းက ဒီဆိုဒ်လေးကို အရမ်းကြိုက်တယ်
    ကိုယ်ပိုင်အတွေးအရေးတွေများလို ့ပါ
    ချမ်းချမ်းကူးပြီးတခြားဆိုဒ်မှာပြန်တင်ရင်
    ဆိုဒ်နာမည်ရယ် ရေးတဲ ့သူရယ်ပါတစ်ခါတည်းတင်တာပါ….
    အမှားတွေတင်မိရင် ချမ်းချမ်းလဲမကောင်းဘူး
    ဆိုဒ်လဲမကောင်းပါဘူး
    အားလုံးကို စေတနာမှန်မှန် စိတ်ထားမှန်မှန်နဲ ့
    တင်စေချင်ပါတယ်

  • bigcat

    October 26, 2010 at 11:45 pm

    ဆူးပြောတာ လက်ခံပါတယ်။ မန်းလေးဂေဇက်ကို ပေါ့ပေါ့ပါးပါး စာမျိုးတွေ ဖတ်လို့ရတဲ့ဆိုက် တခုလည်းဖြစ်တယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ သတင်းအမှန်အမှား အတွက်ကတော့ အယ်ဒီတာများဖက်က တည်းဖြတ်ရတာ ခက်မှာပါ။ သူတို့လည်း ဝါသနာအရင်းခံပြီး တည်ထောင်ထားရတာပါ။ သတင်းရင်းမြစ် မှန်ကန်မှုအပေါ် သံသယရှိသူများက အချိန်နဲ့ တပြေးညီ မှတ်ချက်ပြု ဒါမှမဟုတ် အပြိုင်ပို့စ်တခု တင်ပေးကြမယ်ဆိုရင် ပိုဖြစ်နိုင်မယ် ထင်ပါတယ်။ ပို့စ်တိုင်းမှာလည်း အယ်ဒီတာ့ထံ သတင်းပို့ဖို့ လုပ်ပေးထားတော့ ကိုယ့်ဘက်က ခိုင်လုံတယ်ဆိုရင် အထောက်အထားနဲ့ သတင်းပို့ပြီး သင့်တော်တဲ့ အရေးယူမှုတွေကို လုပ်ဖို့တောင်းဆိုနိုင်ပါတယ်။ အကယ်၍ မရခဲ့ရင် ကိုယ့်အမြင်ကို သီးခြားပို့စ်တင်ပြီး စာဖတ်သူများကို ဆုံးဖြတ်ခွင့်ပေးတဲ့ နည်းလမ်းကိုလည်း ကျင့်သုံးနိုင်ပါတယ်။

    လေးစားစွာဖြင့် လူသားများအတွက် ကြောင်ကြီး

  • meelay

    October 27, 2010 at 4:48 am

    ဒီဆိုဒ်က သတင်းဆိုဒ်သက်သက်မဟုတ်ပါ။ ဘလော့ဂ်တစ်ခု၊ ဖိုရမ်တစ်ခုသာ ဖြစ်တဲ့အတွက် လူတိုင်း ကိုယ်တွေ့၊ ကိုယ်သိရတာလေးတွေကိုသာ တင်ကြတာပါ။ တင်လိုက်တဲ့ ပို့စ်က မမှန်ဘူးဆိုရင် ကော်မက်မှာ ရေးလို့ရပါတယ်။ ဒီဆိုဒ်မှာက ကိုယ်တွေ့တင်တဲ့ ပို့စ်တွေ သိပ်မရှိပါဘူး။ တခြားဆိုဒ်မှ ဖတ်မိ၊ ကြားမိတာတွေကို ပြန်လည်မျှဝေပေးနေတဲ့ ဆိုဒ်ဖြစ်တဲ့အတွက် တစ်ခါတစ်လေ ပို့စ်တင်ထားပြီးမှ အဲဒီသတင်းက တစ်မျိုးပြောင်းသွားတာတွေ ရှိတတ်ပါတယ်။

  • meelay

    October 27, 2010 at 4:50 am

    ဒီဆိုဒ်က သတင်းဆိုဒ်သက်သက်မဟုတ်ပါ။ ဘလော့ဂ်တစ်ခု၊ ဖိုရမ်တစ်ခုသာ ဖြစ်တဲ့အတွက် လူတိုင်း ကိုယ်တွေ့၊ ကိုယ်သိရတာလေးတွေကိုသာ တင်ကြတာပါ။ တင်လိုက်တဲ့ ပို့စ်က မမှန်ဘူးဆိုရင် ကော်မက်မှာ ရေးလို့ရပါတယ်။ ဒီဆိုဒ်မှာက ကိုယ်တွေ့တင်တဲ့ ပို့စ်တွေ သိပ်မရှိပါဘူး။ တခြားဆိုဒ်မှ ဖတ်မိ၊ ကြားမိတာတွေကို ပြန်လည်မျှဝေပေးနေတဲ့ ဆိုဒ်ဖြစ်တဲ့အတွက် တစ်ခါတစ်လေ ပို့စ်တင်ထားပြီးမှ အဲဒီသတင်းက တစ်မျိုးပြောင်းသွားတာတွေ ရှိတတ်ပါတယ်။ ဒီမှာရေးနေတဲ့သူတွေကလဲ ပွိုင့်ရဖို့သက်သက် ရေးတဲ့သူတွေ မဟုတ်ပါဘူး။

  • mG

    October 27, 2010 at 12:16 pm

    Comment ပေးသွားတဲ့ လူအားလုံးကို ကျေးဇူးတင်ပါတယ်။အထူးသဖြင့် Post တခုကို အလေးထားပြောကြားပေးတဲ့ (ဆူး ၊ zawana ၊ etone) တို့ကိုအထူးကျေးဇုူးတင်ပါတယ်နော်။လူကြီးမင်းတို့ အားလုံးအခုလို သတိပြုမိသွားတာလေးကို သိရလို့ဝမ်းသာမိပါတယ်။

  • unclegyi1974

    October 27, 2010 at 4:40 pm

    mg ရေဒီဆိုက်မှာပွိုင့်အတွက်ရေတယ်ဆိုရအောင်
    စည်ကမ်းလေးတွေသေချာဖတ်ကြည့်ပါအုန်း
    ရမယ့်ပွိုင့်နဲ့မြန်မာနိုင်ငံကလိုင်းအခြေအနေနဲ့
    ရေးတဲ့လူရှုံးသွားမှာပေါ့
    သတင်းမှန်ချည်းဘဲတင်ဖို့ဆိုတာကဒီမှာရေးနေတဲ့လူအား
    လုံးဘယ်သူမှသတင်းတခုထဲသီးသန့်ရေးနေတဲ့
    သတင်းသမားစစ်စစ်မဟုတ်ကြပါဘူး
    ကိုယ်သိတာလေးတွေကိုအများသိစေလိုတဲ့ဆန္ဒနဲ့
    မျှဝေနေကြတာပါ
    နောက်ပြီးမြန်မာနိုင်ငံရဲ့အခြေအနေကိုလဲသိရဲ့သားနဲ့
    ဒီလောက်ဘဲရရင်ကျေနပ်ရမှာပါ

  • kai

    October 27, 2010 at 6:18 pm

    zawana ပြောတဲ့အတိုင်းပါပဲ..။
    CJ ကို အလေ့အကျင့်ယူကြစေချင်ပါတယ်..။
    မန္တလေးဂေဇက်မှာ တခြားအစီအစဉ်တွေတော့ရှိပါတယ်..။ အဲဒါတွေထဲက ..တခုကတော့ .. ဒီဝက်ဘ်ဆိုက်ထဲကို မြန်မာပြည်ကကြော်ငြာတွေ ဝင်လာရင် .. ရတဲ့ဝင်ငွေအကုန် မန်င်ဘာတွေကို ပြန်ခွဲပေးမဲ့ အစီအစဉ်ပါ။
    အဲဒီအခါမှာ မန်င်ဘာတွေကိုလည်း အရည်အချင်းအလိုက် Rank တွေခွဲပြီး ပွိုင့်ခွဲပေးသွားဖို ့စဉ်းစားထားပါတယ်..။
    ကြိုးစားကြပါနော..။

  • ဆူး

    October 28, 2010 at 5:29 am

    အစကတော့ ဒီဆိုက်ကို အပျင်းပြေ ဝင်ဖတ်တယ်.. မန်ဘာဖြစ်ခါစမှာ လျောက်ရေးတယ်.. အငြင်းအခုန်တွေ နဲ့ ရေးရင်းနဲ့ အခု နောက်ပိုင်း တည်တည်တံ့တံ့ နေတဲ့ လူတွေ တောင် မောင်နှမသားချင်း ရပ်ဆွေရပ်မျိုးတွေလို အပြန်အလှန် ကွန်မန့်လေးတွေ ပေးပြိး ရင်းနှီးစွာ ရေးလာတာကိုတွေ့ရတယ်..
    ဂီရိ မလာခင်က ဂျီတော့မှာလည်း မုန်တိုင်းသတင်း အချက်ပေး.. မြန်မာဆိုရင် မြန်မာ နိုင်ငံသားတွေ အတွက် သတင်းဖြန့်ပါဆိုပြီး အရေးအသားနဲ့ ဝင်လာတယ်.. ဖတ်ကြည့်တော့ ဘီဂျလီ မုန်တိုင်း.. ကဲ..
    တင်တဲ့ လူကလည်း စေတနာ ရှေ့ထား.. သို့သော် အမှန် မဟုတ်တာကတော့.. သူလည်းခံ လိုက်ရတာ ဖြစ်မှာပေါ့.. ဘယ်တတ်နိုင်မလဲ.. အားလုံးကတော့ ကိုယ်သိသလို အများ သိပါစေလို့ တင်ပေးတာဘဲ..
    ပိုစ်ကအကန့် အသတ်မရှိတော့.. မဟုတ်ဘူး ဆိုရင် ငြင်းချက်ထုတ်ပြီး ဝေဖန်လိုက်ရင် တားမြစ်လိုက်ရင်.. အဆင်ပြေတာဘဲ..
    နောက်ပြီး ပိုစ်တိုင်းရဲ့ အောက်မှာ မှတ်ချက်.. သတင်းပေးပို့ပါဆိုတာ ရှိနေတာဘဲ.. သတင်းပို့လိုက်ပေါ့.. ပြီးတာဘဲ.. အားလုံး ပျော်ရွင်စွာနဲ့ ဆက်လက် ရေးသားနိုင်တာပေါ့.. အခုဆို အင်တာနက်က တက်တဲ့ အချိန်လေး မနဲ တိုးကျိတ်ပြီး ခိုးဝင်နေရတာ.. စာတွေ တင်ဖို့ စိတ်ကူးအများကြီး ရှိတယ်. မရေးနိုင်သေးဘူး.. အခြေအနေ စိတ်မချရလို့.. အားလုံး နားလည်မှု ကိုယ်စီ ရှိကြပါစေလို့ မျှော်လင့်ပါတယ်

Leave a Reply