ငပိ ငပိချင်း ဘာကွာလဲ
တနေ့က စီးတီးမတ်ကို ဈေးဝယ်ထွက်ရင် အပြန်မှာ စီးတီးမတ် မှာ ငှားဖွင့်တဲ့ ဆိုင်တဆိုင်က မုန့် ကို ဝယ်စားတယ်.. ဖြစ်ချင်တော့.. ဆိုင်က တူညီ ဝတ်စုံနဲ့ ဝန်ထမ်း နှစ်ယောက် ဝယ်သူတွေ ဘက်ကို ကျောပေးပြီး ကွန်ပြူတာ ကို နှစ်ယောက်သား အလုအယက် ကြည့်နေကြတယ်။ ဒါနဲ့.. မုန့်ဝယ်မယ်လို့ ကျောပေးနေတဲ့ လူနှစ်ယောက် ကို အသံပေးလိုက်တယ်။ မုန့်ဝယ်မယ်လို့ အသံကြားတော့ လှည့်ကြည့်တော့.. မုန့်ကို လက်ညိုးထိုးပြလိုက်တယ်.. မုန့် ၃ခုလို့ ပြောလိုက်တော့ မုန့်ကို ဘူး တခုထဲ ထည့်ဖို့ ကြိုးစားတယ် စိတ်ကတော့ ကွန်ပြူတာ ဆီကို ရောက်နေတယ်.. စိတ်နဲ့ လူနဲ့ တခြားစီ ဖြစ်နေတယ်.. မုန့် ၂ခုဘဲ ဆန့်တဲ့ ဘူးထဲကို မုန့် ၃ခု ထပ်ထည့်ပြီး အပေါ်ကနေ မုန့်ထည့်တဲ့ ညှပ်ကြီးနဲ့ ဖိလိုက်တယ်.. ဒါနဲ့ လှမ်းပြီး.. သတိပေးလိုက်တယ်.. မုန့်တွေပြားကုန်မယ်…
မုန့်ထည့်ပေးတဲ့ ဝန်ထမ်းက.. ဘာလဲလို့ ဘိုလို မေးလိုက်တယ်..
မုန့်က မဆန့်ဘူး.. အဲဒီလို လက်ညိုးထိုးပြီး ပြောလိုက်တယ်..
မျက်နှာ အနေအထား.. အိုး…… ဆော်ရီးးးးးးးးးးးး…..
နောက်ထပ် ဘူး တခု ယူပြီး ထည့်လိုက်သည်။
ထို့နောက် ရေခဲမုန့် စားချင်တာနဲ့.. ရေခဲမုန့် ဘက်ကိုကြည့်လိုက်သည်.. ဒါလေးက ဘာလဲ ဗမာလိုမေးတော့.. စတော်ဘယ်ရီ.. ဘလူးဘယ်ရီ.. ဆိုပြီး ဖြေတယ်..
ဘယ်ဟာ ကောင်းမလဲ မသိဘူး ဆိုတော့.. ထရိုင်းကြည့်ပါလား.. တေ့စ် လုပ်ပြီး ကြိုက်တာ ဝယ်ပါ.. 1 scoop 2000 ဆိုပြီး ဆိုင်းဘုတ် ထောင်ထားတော့.. 1 scoop ပေးလို့ သူ ပြောသလို ဘိုလို နဲနဲ မှုတ်ပြောလိုက်တယ်..
အိုကေ………… 1 scoop ဆိုပြီး ခပ်ပြီး ပေးသတဲ့.. ဘယ်လောက်ကျလဲ ဆိုတော့ ၃၈၀ဝ ကျပါတယ်တဲ့.. ပေးပြီး ပြန်လာသတဲ့..
ရီချင်လိုက်တာ အလွန်ဘဲ.. ဗမာ ဗမာ အချင်းချင်း.. ဘိုလို မှုတ်ချင်နေတာ.. မျက်နှာအနေအထားက အစ.. စလုံးပြန်တွေ လုပ်တဲ့ ပုံစံမျိုးနဲ့.. တဆိုင်လုံးလည်း အင်္ဂလိပ်စာတွေ ကြီးဘဲ.. မြန်မာမြေမှာ မြန်မာတွေက ဝယ်သာ မစားကြရင် ဒီဆိုင်တွေ ပိတ် လိုက်ရမှာပေါ့. အဓိက ဝယ်နေတဲ့ မြန်မာတွေ ကို ရောင်းတဲ့ ဆိုင် တွေက မြန်မာတွေ ကို မရောင်းချင်တာလား.. မြန်မာလူတွေက အင်္ဂလိပ်စာ တဖက်ကမ်းခပ် နေတယ်လို့ မြင်နေတာလား.. သို့တည်းမဟုတ်.. အမေကျော် ဒွေးတော် လွမ်းနေတာများလား.. ထိုင်း တရုတ် ဂျပန် ကိုရီးယား စတဲ့ နိုင်ငံတွေမှာ ဆို ဆိုင်တွေ အကုန်လုံး သူ့ လူမျိုးစာတွေကြီးဘဲ.. မဖတ်တတ်တော့ နဲနဲတော့ ကသိကအောက် နိုင်တယ်.. ဒီနိုင်ငံက အဲဒီလို နိုင်ငံကြီးတွေလောက် နိုင်ငံခြားသား အဝင် မရှိပါဘူး နိင်ငံတကာ စံချိန်မှီ ဆိုတဲ့ အသုံးတွေနဲ့.. နိုင်ငံခြားစာတွေ ရေးနေတာ မကောင်းဘူး ထင်တာဘဲ.. နိင်ငံတနိုင်ငံရဲ့ စာကို လေးစားသဖြင့်.. ရှိသင့်တယ် ထင်တယ်.. တရုတ်ဆိုင်တွေမှာ ဆို တရုတ် စာတွေ ရှိတတ်တယ်.. ဘယ်နိုင်ငံ ရောက်ရောက်.. တရုတ် ဆိုင်ဆိုတာ သိသာတယ်.. ဒီက ဘိုရူး ငပိတွေ.. နိုင်ငံခြားသားက ဖွင့်ထား သလား ထင်ရအောင် ပြင်ဆင်ထားကြတယ်.. ရန်ကုန်မြို့ အင်းယားလမ်းမှာ ဆို ပြင်သစ်နဲ့ တူတယ်.. ပိုင်ရှင်က မြန်မာ ထမင်းဆိုင်ဖွင့်ထားတယ်. ဆိုင်အပြင်အဆင်ကတော့.. ရှေးဆန်တဲ့ ပုံစံမျိုး.. အတွေးနဲ့ လူတွေ ရဲ့ စိတ်ကလည်း တမျိုးပါလားလို့ မြင်မိပါတယ်
14 comments
weiwei
November 5, 2010 at 4:22 pm
ဆူးရေးတာဖတ်ပြီး ရီချင်တယ် … ဟားဟားဟားဟား …..
kopauk mandalay
November 5, 2010 at 4:28 pm
အဲဒါ နိုင်ငံခြားကို အရမ်းအထင်ကြီးတာ အဲလို သူများစာတွေ နဲ့ဆိုင်းဘုတ်တပ်ထားမှာ ဂုဏ်ရှိတယ်ထင်တဲ့ ရောဂါပါ။
တော်တော်များများ မြန်မာပြည်က ထုတ်လုပ်တဲ့ ပစ္စည်းတွေမှာ ဒီပစ္စည်းကို မြန်မာပြည်ထဲမှာတင်ရောင်းတာ
မြန်မာတွေဘဲသုံးတာ မှန်းသိရက်နဲ့ နာမယ်တွေကို ဘိုနာမယ်တွေပေး ဘိုလိုတွေရေးထားကြတာကိုတွေ့ရင်
အာရုံနောက်လာတာတော့ အမှန်ပါ။
ငပီချင်းတော့ မကွာပါ ငပီကို ချိစ်လို့ထင်နေတဲ့သူတွေရဲ့ အမြင်မှာသာ ကွာနေတာပါဗျာ။
မိုက်ကယ်ဂျော်နီအောင်ပု
November 5, 2010 at 4:45 pm
ကိုပေါက် မန်းလိုက်တာ ကျွန်တော့်ရင်ထဲ ဒိန်းကနဲ ့ဖြစ်သွားတယ်ဗျာ
မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့နာမည်မှာ တော်သေးတယ် အောင်ပု ကယ်လို ့
မဟုတ်လို ့ကတော့ မတွေးဝန် ့စရာဘဲ
ဆူး
November 5, 2010 at 5:40 pm
မြန်မာမှုပြုပေးရမလား မိုက်ကယ်ဂျော်နီ အောင်ပု = မိုက်ခဲ ထော်လာဂျီ အောင်ပု လို့ ပြောင်းလိုက်ပါလား ငပိ ငပိချင်းဘဲ
ဆူး
November 5, 2010 at 4:48 pm
တခြား နိုင်ငံက လူတွေ က သူတို့ လူမျိုး အတွက် လူမျိုးရေး သိပ်သိတာ.. မြန်မာ မှ… လူမျိုးရေး သွေးကြီးရကောင်းမှန်း မသိ ဖြစ်နေတာ..
ဥပမာ တရုတ်မတယောက်ကို ဗမာ တယောက် သွားကြိုက်ကြည့် မိသားစု က ခွဲမှာ.. ကုလားမလေး လည်း ဒီတိုင်းဘဲ.. အမျိုးတွေ အရမ်းချစ်နေကြတာ..
unclegyi1974
November 5, 2010 at 5:04 pm
သူတို့ဆိုင်ကိုမြန်မာတွေဝင်စားတာကိုမကြိုက်လို့နေမှာ
ပေါ့ဗျာ
ဘိုတွေနဲ့သူတို့ဆိုင်ရပ်တည်လို့ရလို့နေမှာပေါ့
ရှင်ပါတယ် ဘယ်မြန်မာမှသွားမစားဘဲသပိတ်မှောက်လိုက်ကြ
ပါ လုပ်နိုင်ကြပါ့မလား
kai
November 5, 2010 at 7:16 pm
ယူအက်စ်လို အင်္ဂလိပ်စကားပြောတဲ့နိုင်ငံမှာ ဗမာစာနဲ့သတင်းစာထုတ်တဲ့အခါ တွေ့ရတဲ့အခက်အခဲတွေ တွေးကြည့်ပေါ့..။
အခုတော့ ၄နှစ်ကျော်ပြီမို ့ ပြသနာမရှိသလောက်ဖြစ်သွားပါပြီ..။
စထုတ်တဲ့ နှစ်တွေများ ..အလကားဝေပါတယ်ဆိုပြီး ပေးတာကို ဗမာစာမဖတ်တတ်ဘူး လုပ်သွားသူတွေ.. စကားတောင်ပြန်မပြောပဲ.. ဘာလာကြောင်နေသလဲအကြည့်နဲ့ လက်ပဲခါပြသူတွေ..။
…တွေ..
…တွေ..
အခုတော့..ဘုရားသွား..ကျောင်းးတက်တောင်.. ဗမာအဝတ်အစားနဲ့ ..အများကြီးတွေ့လာရပြီ..။
သခင်မျိုးဟေ့…ဒို့ဗမာ..
bigcat
November 6, 2010 at 12:26 am
ဆူးရေးတာလေးဖတ်လိုက်ရတာ I feel so bad ကွယ်။ Sorry နော် ကိုကြောင်ကြီးက အကျင့်ပါနေလို့။
ဆူး
November 6, 2010 at 2:33 am
တချို့ ကြောင်များလည်း ရေခံ မြေခံ ပြောင်းလို့ ငပိမစားဘဲ ချိစ်ပြောင်းစားလို့ အကျင့်ပါသွားတာ တူပါရဲ့.. ငပိစားချင်ရင် အဲဒီကလေ လှုပ်လှုပ် လှုပ်လှုပ် လုပ်ပြီး ရန်ကုန် လာခဲ့ အင်းစိန်မှာ နေ့တိုင်း ငပိကျွှေးပေးမယ်
kyawmonkhant
November 6, 2010 at 1:46 am
မြန်မာတွေထုတ်တဲ့ကုန်ပစ္စည်းတွေတော်တော်များများကလဲ မြန်မာလိုမရေးကြဘူးဗျ။ ဥပမာ-ရေသန့်ဗူးတွေ။ သောက်တာကတော့ မြန်မာတွေ။ မြန်မာလို မဖြစ်မနေပါသင့်တယ်လို့ ထင်ပါတယ်။
naywoonni
November 6, 2010 at 6:13 am
မန်မာတွေထုတ်တဲ့ကုန်ပစ္စည်းတွေတော်တော်များများကလဲ မြန်မာလိုမရေးကြဘူးဗျ။ ဥပမာ-ရေသန့်ဗူးတွေ။ သောက်တာကတော့ မြန်မာတွေ။ မြန်မာလို မဖြစ်မနေပါသင့်တယ်လို့ ထင်ပါတယ်။)ဟုတ်တယ်ဗျို့…………
အဲဒိရေသန့်ဗူးတွေကိုအင်္ဂလိပ်တွေသွားဖတ်ခိုင်းရင်လည်းသူတို့ဖတ်တတ်မှာမဟုတ်ဘူးဗျဘာလို့လည်းဆိုတော့
သိတယ်မဟုတ်လား။အင်္ဂလိပ်လိုရေးရရင်ပြီးရောဆိုပြီးမြန်မာအသံထွက်အတိုင်းစာလုံးပေါင်းတားတာကိုး……….
မြန်မာတွေတိုးတက်သလား….ဘာလားသိချင်ရင်ဆရာတော်ဥူးသုမင်္ဂလတရားတွေနာကြည့်ပါ့လား……………….
သူကကျွန်တော်တို့ဒီမန္တလေးဂဇက်တက်ထဲပြောနေတာထက်ကိုပိုပြီးပြောရဲဟောရဲတယ်ဗျ
ဘာပဲပြောပြောကျွန်တော်တော့ြ ကည်ညိုတယ်။လေးစားတယ်။တစ်ကယ့်ကိုယ့်ပုံကိုယ်ပြန်မြင်ရသလိုမျိုးခံစားရတယ်
ဆူး
November 6, 2010 at 7:01 am
ဥူးသုမင်္ဂလ စကားနဲ့ ဆို ခွာသေးသေး
ကိုပွကြီး
November 7, 2010 at 3:59 am
အေးဗျာ … ဆူး ရေးထားတဲ့ စာကို ဖတ်ရတော့ အတော် စိတ်မကောင်းဖြစ်ရပါတယ် … မြန်မာ အချင်းချင်း အဲလို နှိမ်ချင်တဲ ့ အမြင် မြင်တတ်နေပြီလားဗျာ … ခင်ဗျား စပြောကထဲက မှားနေပြီ ဆူး ရဲ ့ …. ခင်ဗျား ဈေးဝယ်ထွက်တာ City Mart လေ …လှိုင်သာယာ မီးခွက်ဈေးမှ မဟုတ်တာ …. City Mart လို ့ နာမည်ပေးထားတဲ့နေရာမှာ ဝန်ထမ်းတွေက အင်္ဂလိပ်လို ပြောချင် ပြောမယ် ဒါ သူတို ့ရဲ ့ ဝန်ဆောင်မှုပဲ .. ထုတ်ကုန်တွေကလည်း အဂ်လိပ်လို စာတမ်း ကပ်ချင် ကပ်မယ် ဒါ မဆန်းဘူး … မြန်မာဖြစ်ပြီး ဒီလောက်လေးတောင် အကောင်းမြင်စိတ် နဲ ့ မတွေးပေးနိုင်ဘူးလားဗျာ … အောက်တန်းကျလိုက်တာ …
ခုခေတ် မြန်မာလူငယ်တွေဟာ ငတုံးတွေ ငအတွေ မဟုတ်တော့ဘူးဆိုတာတော့ လက်ခံပေးပါ …. ငပိစားပေမဲ ့ အင်္ဂလိပ်လို လည်း ငပိသံမထွက်အောင် ပြောနိုင်နေတာကို မချီးကျူးရင်နေ အသိအမှတ်ပြုတဲ ့ အပြောလေး အပြုံးလေး နဲ ့ နေပေးပါလား … ခင်ဗျား နားလည်မလားတော့ မသိဘူး …. မြန်မာ စကား ရိုးရိုးလေးပါ …
လဒ လောက်တော့ ငှက်တိုင်း လှပါတယ် တဲ ့ …. ဒါဆိုရင် ခင်ဗျားက လဒ …….. ပေါ့ …….. 😀
ဆူး
November 7, 2010 at 8:36 am
လူတကိုယ် အမြင် တမျိုးစီ မို့.. သိပ်ပြီး စာချဲ့ မပြောတော့ဘူး ကိုပွကြီးရေ..
ကြုံတွေ့ခဲ့တာကို ဟာသနှောပြီး ရေးလိုက်ယုံဘဲ။
ငပိစားတဲ့ မြန်မာ ဘိုလို ပီပီ ပြောနိုင်တာ ကိုပွကြီး သိမှာပါ.. ဘိုက မြန်မာ စကားကို ပီပီ မပြောနိုင်ဘူး.. အားလုံးကို အကောင်းမြင်ပြီး ကိုယ်အမျိုးကို အကောင်းဘက် ကိုမြင်အောင် ပိုကြည့် သင့်တယ်။ နိုင်ငံခြား မှာ ရှိတဲ့ လူတွေ ကို မေးကြည့်ပါ.. သူတို့ နေတဲ့ နေရာမှာ အင်တာနေရှင်နယ် ဘိုလိုလေးဘဲ ဖတ်တတ်လို့ ဖတ်တတ်တဲ့ စာလေး ရှာမယ် ဆိုရင်တောင် ရှာဖို့ မလွယ်ဘူး။ သူတို့ လူမျိုးကို အလေးထားတဲ့ အတွက်.. လူမျိုးရဲ့ စာကို မမေ့ မလျော့ ဖော်ပြပေးတာ.. ကိုယ်ပိုင်စာ ကိုယ်ပိုင် စကား ရှိနေတဲ့ ခေတ်မမှီသေးတဲ့ မြန်မာ နိုင်ငံပါ. မြန်မာ ထက် ခတ်မှီပြီး ကမာ္ဘမှာ ကျားဖြစ်နေတဲ့ နိုင်ငံတွေမှာတောင် ရိုးရာ ဓလေ့ ဆိုတာ မမေ့အောင် လေ့ကျင့်သင်ကြားပေးတတ်တယ်။ ငှက်တိုင်း လဒ လောက် လှချင်လှမှာပါ..
ငှက်က စာမရိုက်တတ်ဘူး။ ကိုပွကြီး တောင် အမျိုး ဇာတိ မမေ့လို့ မြန်မာဆန်ဆန် နာမည်နဲ့ စာရိုက်ပြီး မြန်မာလို ကိုပွကြီးလို့ ပေးထားတာလို့ ထင်ပါတယ်။