Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပဲလှော်ကြိုက်သူ အီးတဘူဘူ :)

alien on the planet earthNovember 10, 20101min48111
ရေးသူကိုတော့မသိပါ. ရီရလို့ share တာပါ…
တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက် ရှိသတဲ့။ ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလောက်အောင် တားမနိုင်ဆီးမရ ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။

တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့ အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး” လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။

ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့ နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက် အကြောင်းကြားထားလိုက်တယ်။

အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ ပဲကြီးလှော်သည်နဲ့ ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး ထကြွသောင်းကျန်းလာပြန်တော့တာပေါ့။

အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ စားသွားလိုက်ရင် အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို အီးပေါက်တာလည်း ပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ ပဲကြီးလှော်တွေ ဝယ်စားမိရောတဲ့။

ဒီလိုနဲ့ တလမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်း ပြန်လာခဲ့တယ်။ အိမ်နားရောက်တဲ့အခါမှာတော့ အတော်လေးကို နေသာထိုင်သာရှိသွားပြီး သူမဘာသာလည်း ထိန်းချုပ် အောင့်အီးသွားနိုင်ပြီလို့ တွက်ဆမိသတဲ့။

အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ခင်ပွန်းသည်ဟာ သူမကိုမြင်လိုက်ရတဲ့အခါ အင်မတန် စိတ်လှုပ်ရှားဟန်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆီးပြောတယ်။

“အချစ်ရေ…. ညစာအတွက် အံ့အားသင့်စရာတခု ကိုယ်စီစဉ်ထားတယ်၊ သိလား”

အဲဒီလို ပြောပြီးတာနဲ့ သူမ မျက်နှာ(မျက်စိ)ကို အဝတ်စည်းလို့ ထမင်းစားခန်းထဲကို တန်းခေါ်သွားတယ်။ ထမင်းစား စားပွဲက ကုလားထိုင်မှာ ထိုင်ခိုင်းတယ်။ ထိုင်ပြီးပြီးချင်း သူမမျက်နှာမှာစည်းထားတဲ့ အဝတ်ကို ဖြည်ပေးမယ်အလုပ် ဧည့်ခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ခင်ပွန်းသည်က မျက်နှာစည်းထားတဲ့ အဝတ်ကို သူပြန်မလာခင် ဖြည်မကြည့်ဘို့ ကတိတောင်းပြီးမှ တယ်လီဖုန်းကို သွားကိုင်တယ်။

တကယ်တော့ သူမ စားလာတဲ့ ပဲကြီးလှော်ဟာ အဲသည်အချိန်အထိ အရှိန်မသေသေးဘူး။ ခဏအတွင်းမှာပဲ ဗိုက်ထဲမှာ လေတွေ တင်းလာပြီး ထိန်းမထားနိုင်လောက်အောင် ဖြစ်လာတယ်။ ဒါနဲ့ ခင်ပွန်းသည် ဧည့်ခန်းထဲမှာ ဖုန်းပြောနေတာကို အခွင့်ကောင်းယူပြီး သူ မရှိတုန်း ခါးကလေးကို အသာလိမ်၊ တင်ကလေးတဖက် အသာကြွပြီး အီးတလုံးကို အားပါးတရ လွှတ်ထည့်လိုက်တယ်။ အဲဒီအီးဟာ အသံကျယ်ရုံတင်မကဘူး၊ အနံ့ကလည်း မြေဆွေးကားကြီးတစီး ဖြတ်မောင်းသွားသလိုပဲတဲ့။

ပြီးတော့မှ သူမပေါင်ပေါ်မှာ ဖြန့်တင်ပေးထားတဲ့ လက်သုတ်ပုဝါကို လက်နှစ်ဖက်နဲ့ အသာဖြန့်ကိုင်လိုက်ပြီး လေထဲက အနံ့တွေ ပျောက်သွားအောင် လက်သုတ်ပုဝါနဲ့ အသည်းအသန် ယပ်ခတ်ပြီး ထုတ်လိုက်တယ်။ ခဏနေပြန်တော့ နောက်ထပ်တင်ပါးလေးတဖက်ကို ကြွလိုက်ပြန်ပြီး အီးသုံးလုံး ဆက်တိုက် ပေါက်ထုတ်လိုက်ပြန်တယ်။ ဒီတခါတော့ အမှိုက်ကားကြီး ဖြတ်မောင်းသွားသလိုပါပဲတဲ့။

ဒီလိုနဲ့ ဧည့်ခန်းထဲက ယောက်ျားဖုန်းပြောနေတဲ့အသံကို တဖက်က နားစွင့်ရင်း နောက်ထပ်ဆယ်မိနစ်လောက်အတွင်းမှာ သူမဟာ တင်ပါးလေးနှစ်ဖက်ကို တလှည့်စီကြွပြီး အီးတွေ ဆက်တိုက်လွှတ်နေခဲ့သတဲ့။ ဧည့်ခန်းထဲက ခင်ပွန်းသည် တယ်လီဖုန်းချတော့မလို့ နှုတ်ဆက်စကားပြောနေသံ ကြားတဲ့အချိန်ကျမှ သူမဟာ ပတ်ဝန်းကျင် လေထုထဲက အနံ့တွေပျောက်အောင် လက်သုတ်ပုဝါနဲ့ ကဗျာကယာ ယပ်ထုတ်လိုက်ပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ပြန်ဖြန့်တင်၊ လက်ကလေးနှစ်ဖက်ကို အသာယှက်လို့ ကျေနပ်နှစ်သိမ့်တဲ့အပြုံးလေးနဲ့ ခင်ပွန်းသည်အလာကို စောင့်စားနေလိုက်တယ်။

ခင်ပွန်းသည်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ပီဘိ အပြစ်ကင်းစင်တဲ့ ဇနီးသည်ကလေးတယောက်ပုံမျိုး ဖမ်းနေတော့တာပေါ့။ ခင်ပွန်းဟာ ဖုန်းပြောတာ အချိန်ကြာသွားတဲ့အတွက် သူမကို တောင်းပန်လိုက်ပြီး သူမသိအောင် အဝတ်စည်းထားတဲ့အောက်က ချောင်းကြည့်သေးသလားလို့ မေးတယ်။ သူမကလည်း ဟင့်အင်း၊ ချောင်းမကြည့်ပါဘူးလို့ ဖြေလိုက်တယ်။

အဲသည်တော့မှ ခင်ပွန်းသည်က သူမ မျက်နှာမှာ စည်းထားတဲ့ အဝတ်ကို အသာအယာ ဖယ်ပေးလိုက်တယ်။ သူမ အကြီးအကျယ် အံ့အားသင့်သွားတယ်။

ထမင်းစားပွဲ ပတ်ပတ်လည်မှာ ဧည့်သည် ဆယ့်နှစ်ယောက်ဟာ သူမကို “ဟက်ပီးဘတ်သ်ဒေး” ပြောဖို့ ထိုင်စောင့်နေကြတာကို တွေ့လိုက်ရသတဲ့။

11 comments

    • alien on the planet earth

      November 11, 2010 at 4:56 am

      ခုလိုပြောပြတာကို ကျေးဇူးတင်ပါတယ်.:)

  • kai

    November 11, 2010 at 12:56 am

    မွေးနေ့က ပိုပျော်စရာဖြစ်မှာပေါ့..။
    အနောက်တိုင်းကလူတွေရှေ ့ အီးပေါက်တာ သိပ်ပြသနာမရှိပါဘူး..။
    အစည်းအဝေးထဲ ဒီအတိုင်း “ဘူ၊ဘွမ်”နေတာတောင်တွေ့ဖူးတယ်..။
    နံရင်တော့ ..နံသဟ ဆိုပြိး အော်ကြတာပဲ..။

    ကိုပေါက စင်္ကာပူကဆိုတော့ စင်္ကာပူဗားရှင်းဖြစ်ချင်ဖြစ်မှာပါ။
    အေရှန်းတွေကတော့ အီးတဘူဘူရှက်စရာထင်ကြတယ်..။

  • saunghnin@gmail.com

    November 11, 2010 at 3:57 am

    ပဲလှော်ကအစွမ်းပြတာ သိသာတယ်နော်။ အဲဒီလောက်ပေါက်တယ်ဆိုတော့ သူမကဘယ်လောက်တောင် စားထားလဲမှမသိတား။

  • bigcat

    November 11, 2010 at 4:15 am

    အဆုံးမှာ အော်ဟစ်ပြီးတောင် ရီမိပါသဗျာ။ မမျှော်လင့်ထားတဲ့ အဆုံးသတ်မှုလေးကြောင့်ပါ။
    စကားစပ်လို့ ကျနော်ကတော့ လူရှေ့သူရှေ့မှာ အီးပေါက်တဲ့ အနောက်တိုင်းအကျင့်ကို သဘောမတူပါ။ သူတို့ဓလေ့ကို အတုခိုးလွန်းသူအချို့ကို မြန်မာပြည်မှာကထဲကတွေ့ဖူးပါသည်။ အတုခိုးပိုလွန်းသည် ထင်ပါသည်။ ကျနော်လည်း မြန်မာ့ထုံးစံ လက်ဖြင့်ထမင်းစားခြင်းကို ငယ်ငယ်ကထဲက အဖေကြောင့် ဖျောက်ခဲ့ပါသည်။ တချို့ကပိုသည်ဟုပြောပေမဲ့ တကိုယ်ရေ သန့်ရှင်းမှုရှုထောင့်အရ လက်ခံနိုင်ဖို့ခက်ခဲလို့ ဇွန်းခက်ရင်းဖြင့်ပြောင်းစားခဲ့သည်ကို မှန်သည်ဟု ယုံကြည်ပါသည်။ ဒါပေမဲ့ အီးပေါက်တာကိုတော့ လူမှုရေးရှုထောင့်၊ ကျန်းမာရေးရှုထောင့် ကနေ စဉ်းစားလို့မရပါ။ အီးပေါက်ခြင်းကို လူရှေ့သူရှေ့ အောင့်အီးလိုက်ရ၍ ရောဂါရသွားသည်ဟုမကြားမိပါ။

  • shwemanthar

    November 11, 2010 at 4:19 am

    တို.ကတော့စားတော့ဘူး

  • alien on the planet earth

    November 11, 2010 at 5:01 am

    တခါတလေတော့လဲဆင်ဆင်ခြင်ခြင်ပေါက်သင့်တာပေါ့လေ. ဟိုတနေ့ကဆို public train ပေါ်မယ် ဘယ်သူထုသွားတယ်မသိဘူး တော်တော်ခံလိုက်ရတယ်. တချို့ကတော့ပြောကြတယ်.
    “ရွာရှိသူကြီး ဖင်ရှိအီး ” ဆိုဘဲ.

  • ဆူး

    November 11, 2010 at 6:11 am

    လေမထွက်အောင် လျှက်ဆား ကို ကျန်းမာရေးအတွက် စားရတာ ရှိတာဘဲ။
    လင်မယား ဆိုတာ တယောက်နဲ့ တယောက် ချစ်လို့ ယူကြတာဘဲ ဖြစ်ဖြစ်.. ညားမှတော့.. တယောက် အပေါ် တယောက် နားလည်မှု ရှိမှ ဘဝ ဆိုတာ စိုပြေမှာဘဲလေ။ ကျန်းမာရေးကိစ္စဆိုရင်တော့ ဘာပဲဖြစ်ဖြစ်.. ကာယကံရှင်ကလည်း မလွဲမရှောင်နိုင်လို့ ဖြစ်ရသလို.. ကာယကံရှင်ရဲ့ အဖော်ကလည်း နားလည် ခွင့်လွတ်ပေးရမှာပေါ့။ တခြား ကိစ္စ နားမလည်နိုင်ရင်တောင် ကျန်းမာရေး ကိစ္စ နားမလည်နိုင်တဲ့ ယောကျား.. ပေါင်းမနေနဲ့ ကွာပလိုက်တာဘဲ အေးတယ်။

  • nyeinwailwin

    November 11, 2010 at 6:23 am

    ဒီပို့စ်လေးကိုဖတ်ဖူးတယ် ဒါပေမဲ့ ဖတ်တိုင်းလဲ အဆုံးသတ်ရောက်ရင် ရီလိုက်မိတာချည်းပဲ ..

  • draungkyawkyawoo

    November 11, 2010 at 8:26 am

    တော်တော်ရယ်ရတဲ့ပို့စ်ပဲ ။ မျက်လုံးထဲမြင်ယောင်ပြီး နှစ်ခေါက်တောင် ပြန်ဖတ်မိတယ် ။ လူကြားထဲမှာ အီးပေါက်တာပြသနာမဟုတ်ပေးမဲ့ နံစော်နေရင်တော့ ဘေးလူတွေ မသတီတော့ဘူးလေ ။

  • kopauk mandalay

    November 11, 2010 at 3:12 pm

    ရီလဲရီရတယ်။
    အရင်ကမြန်မာစာရေးဆရာထဲက သင်္ကြန်တွင်းကြီးမှာကွယ်လွန်သွားတဲ့ ရင်သိမ့်တုန်စာရေးဆရာဆွေလှိုင်ဦးဆိုတာရှိတယ်။
    သူက အီးသုတေသနလုပ်တဲ့နေရာမှာတော်တယ်။
    လူတစ်ယောက်ပေါက်တဲ့ အီးကို အနံ့ခံပြီးရင် ဘာဟင်းနဲ့စားထားသလဲဆိုတာကိုပြောပြနိုင်တယ်။
    အဲဒါသူ့ ဇာတ်လိုက်လေ။
    ကဲ သိချင်ရင် ကို်ယ်ပေါက်တဲ့အီးကို ပုလင်းထဲထည့် ။
    ရူကြည့်။
    ဘာဟင်းနဲ့စားထားရင ်ဘာနံ့ဆိုတာပြောနိုင်ရင် အီးဗေဒင်ဟောလို့ရပြီ။
    just do it !

Leave a Reply