Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မမခင်ဦးစံပယ်သို ့တမ်းချင်း(၉) – အောင်ဝေး

kaiJanuary 15, 20111min2472

မိုးကုပ်စက်ဝိုင်းမှာတော့
မုန်တိုင်းမိုးတိမ်တွေက
ဆင်နေဆဲပါ
မမခင်ဦးစံပယ်။
တောင်တွေက
မြင့်မြင့်လာတယ်။
တောတွေက
နက်နက်လာတယ်။
မြစ်တွေက
ကွေ ့ကွေ ့လာတယ်။
၃၃လမ်းကတော့
လမ်းတိုကလေးပါပဲ။
ဒါပေမဲ့
ကဗျာဆရာတွေရဲ ့
ဒုက္ခကတော့
ရှည်လျားလှပါတယ်။
မနေ ့တစ်နေ ့က
မိုးကြီးတစ်မ
ရွာချခဲ့တယ်။
၃၃လမ်းဟာ
မိုးရေထဲမှာ
လန်းဆန်းသွားမယ်။
၃၃လမ်းထိပ်က
ခရေပင်ရိပ်ကလေး
အခုရှိသေးလား
မမခင်ဦးစံပယ်။
၃၃လမ်း
ကျနော်လွမ်းတယ်။
သူငယ်ချင်းတွေ
ရဲဘော်တွေ
မိတ်ဆွေတွေ
အဲဒီမှာဆုံနေကျ
၃၃လမ်း။
တစ်ယောက်ပခုံးသားထဲ
တစ်ယောက်ကျုံ ့ဝင်
ရာဇဝင်ကိုထမ်းခဲ့ကြ
၃၃လမ်း။
ဆရာဒဂုန်တာရာပြောတဲ့
ပျားအုံခံစားမှု
အနုပညာသံမဏိ
၃၃လမ်း။
ဒီ၃၃လမ်း
ကျနော်လွမ်းတယ်။
၃၃လမ်း
ညနေချမ်း
ဇာတ်ခုံပေါ်မှာ
ဂန္ဒမာတောင်ဇာတ်ဝင်ခန်း။
၃၃လမ်းရဲတိုက်ကနေ
ကဗျာဆရာတွေ
ရန်သူကိုတိုက်ခိုက်နေကြမယ်။
၃၃လမ်းခံတပ်ကနေ
ကဗျာဆရာတွေ
ရန်သူကိုခုခံနေကြမယ်။
တောင်မြင့်မြင့်တွေပေါ်မှာ
၃၃လမ်းအလံတော်တွေ ့မယ်။
တောနက်နက်တွေထဲမှာ
၃၃လမ်းရနံ ့ရမယ်။
မြစ်ကွေ ့ကွေ ့တွေကြားမှာ
၃၃လမ်းအသံကြားမယ်။
သတိရပါတယ်
သူငယ်ချင်းတို ့။
လေးစားပါတယ်
မိတ်ဆွေတို ့။
အလေးပြုပါတယ်
ရဲဘော်တို ့။
မနေ ့တစ်နေ ့က
မိုးကြီးတစ်မ
ရွာချခဲ့တယ်။
ချိုးဖြူတစ်ထောင်
ကြိုးကြာတစ်ထောင်
လရောင်ထဲပျံသန်း။
ယောနသံစင်ရော်
ပင်လယ်ကိုခေါ်
၃၃လမ်းပေါ်
လွမ်းလို ့အော်တယ်။
မနေ ့တစ်နေ ့က
မိုးကြီးတစ်မ
ရွာချခဲ့တယ်လေ
မမခင်ဦးစံပယ်။
၃၃လမ်းဟာ
ဝမ်းပန်းတသာနဲ ့
ဒဏ်ရာတွေကိုမေ ့သွားတယ်။
ပြီးတော့
၃၃လမ်းဟာ
ကမ္ဘာတစ်ခြမ်းကနေ
သူ ့ကိုလွမ်းနေတဲ့
ပြည်ပြေးတစ်ယောက်ကို
လွမ်းနေဦးမယ်။
တစ်ခါတစ်ခါ
၃၃လမ်းဟာ
အဲဒီပြည်ပြေးကဗျာဆရာအတွက်
မျက်ရည်ကျတယ်။
ညနေ ညနေ
စည်တယ်လေ
လွမ်းဟေ လွမ်းဟေ
၃၃လမ်းရေ။
မစ်ရှီဂန်ညချမ်း
ရာဇဝင်ကိုထမ်း
ငါပြန်လာမယ်
၃၃လမ်း။
ဒီမှာတော့
ကျနော်က
ဝံပုလွေလာဆင်ရဲ ့
တစ္ဆေသင်္ဘောပေါ်မှာ
မမခင်ဦးစံပယ်။
ဒီမှာတော့
ကျနော်က
တံငါအိုကြီး
စန်တီယာဂိုနဲ ့အတူ
မမခင်ဦးစံပယ်။
ဒီမှာတော့
ကျနော်က
မစ္စစ္စပီမြစ်ကြီးကိုစီးလို ့
မမခင်ဦးစံပယ်။
ဒီမှာတော့
ကျနော်က
ပရေရီမြက်ခင်းပေါ်
မြင်းကိုစိုင်းလို ့
မမခင်ဦးစံပယ်။
ဒီမှာတော့
ကျနော်က
လွမ်းလို ့ပေါ ့
မမခင်ဦးစံပယ်ရယ်။
ငယ်ငယ်တုန်းက
လီနင်နဲ ့တွေ ့တယ်
ကြီးလာတော့
လင်ကွန်းနဲ ့တွေ ့ချင်တယ်။
ဒီမှာ
လင်ကွန်းနဲ ့ကျနော်တွေ ့ပြီ
မမခင်ဦးစံပယ်။
ကျနော်
ဝါရှင်တန်ဒီစီကိုသွားတယ်။
ကျနော်
လင်ကွန်းနဲ ့တွေ ့တယ်။
ကျနော်
အင်ဒီယားနား-ဖို ့တ်ဝိန်းကိုသွားတယ်။
ကျနော်
လင်ကွန်းနဲ ့တွေ ့တယ်။
ကျနော်
ဆန်ဖရန်စစ္စကိုသွားတယ်
လော့စ်အိန်ဂျယ်လိစ်သွားတယ်။
ကျနော်
ချီကာဂိုသွားတယ်
ဒိထရွိုက်သွားတယ်
နယူးယောက်သွားတယ်။
ကျနော်
လင်ကွန်းနဲ ့တွေ ့တယ်
မမခင်ဦးစံပယ်။
ကျနော်
လင်ကွန်းရဲ ့ဂက်တီးစဘတ်မိန် ့ခွန်း
နားထောင်တယ်။
ကျနော်
တိုင်းပြည်ကိုလွမ်းတယ်။
ကျနော်
မင်းသားကြီး ပီတာဖောင်ဒါ
သရုပ်ဆောင်တဲ့
“လူငယ်လင်ကွန်း”ရုပ်ရှင်ကြည့်တယ်။
ကျနော်
လူမျိုးကိုလွမ်းတယ်။
မမခင်ဦးစံပယ်
ကျနော်မညာပါဘူး
ငမိုးရိပ်ချောင်းကမ်းပါးမှာ
ကျနော့်ရဲ ့
အသန် ့စင်ဆုံး
အလွမ်းတွေရှိတယ်။
မမခင်ဦးစံပယ်
ကျနော်မလိမ်ပါဘူး
၃၃လမ်း ညနေချမ်းမှာ
ကျနော့်ရဲ
အမွန်မြတ်ဆုံး
အဆွေးတွေရှိတယ်။
မမခင်ဦးစံပယ်
ဘယ်နေရာရောက်ရောက်
မြန်မာတစ်ယောက်ဟာ
မြန်မာတစ်ယောက်ပါပဲ။
မမခင်ဦးစံပယ်
ဘယ်အချိန်ဖြစ်ဖြစ်
ကဗျာဆရာတစ်ယောက်ဟာ
ကဗျာဆရာတစ်ယောက်ပါပဲ။
ကျနော်
မြန်မာကဗျာဆရာ
မစ်ရှီဂန်မှာ
မြန်မာပါပဲ
ကဗျာဆရာပါပဲ။
မနေ ့တစ်နေ ့က
မိုးကြီးတစ်မ
ရွာချခဲ့တယ်
မမခင်ဦးစံပယ်။
မိုးရေထိလို ့
၃၃လမ်းက အိပ်မက်တွေ
လန်းသလို
ကမ္ဘာတစ်ခြမ်းက
အိပ်မက်တွေလည်း
လန်းတာပါပဲ
မမခင်ဦးစံပယ်။
အဝေးရောက်လင်းယုန်တစ်ကောင်
အဝေးရောက်ပင်လယ်တစ်စင်း
အဝေးရောက်နှင်းဆီတစ်ပွင့်
အဝေးရောက်တယောတစ်လက်
အဝေးရောက်ရင်ခုန်သံတစ်ချက်
အဝေးရောက်ပျားရည်တစ်အိုး
အဝေးရောက်ငွေနှင်းတစ်မှုန်
အဝေးရောက်ပြဇာတ်တစ်ပုဒ်
အဝေးရောက်ပေးစာတစ်စောင်
အဝေးရောက်မျက်ရည်တစ်ပေါက်
အဝေးရောက်ပိတောက်တစ်ပင်
အဝေးရောက်သပြေတစ်ခင်း
အဝေးရောက်ပန်းချီကားတစ်ချပ်
အဝေးရောက်အနာဂတ်တစ်ခု
…   …   …   …

အားလုံးဟာ
ကျနော်တို ့ဖြစ်တယ်။
အားလုံးဟာ
အစဖြစ်တယ်
အားလုံးဟာ
အဆုံးဖြစ်တယ်။
အားလုံးဟာ
ဧရာဝတီကလာတယ်
အားလုံးဟာ
ဧရာဝတီကိုပြန်မယ်။
သေချာတယ်
မမခင်ဦးစံပယ်။
အားလုံးဟာ
ကျောင်းသားသမဂအဆောက်အအုံကို
ကာကွယ်ခဲ့ကြတယ်။
အားလုံးဟာ
ဆင်မလိုက်သင်္ဘောကျင်းမှာ
တော်လှန်ရေးကိုရေချခဲ့ကြတယ်။
အားလုံးဟာ
ဦးသန် ့အုတ်ဂူကို
တည်ဆောက်ခဲ့ကြတယ်။
အားလုံးဟာ
ရွှေတိဂုံမှာ
သစ္စာဆိုခဲ့ကြတယ်။
အာလုံးဟာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဗိမာန်မှာ
တိုင်တည်ခဲ့ကြတယ်။
အားလုံးဟာ
အစိုးရတစ်ရပ်
သမ္မတသုံးယောက်ကို
ဖြုတ်ချခဲ့ကြတယ်။
အားလုံးဟာ
အားလုံးဟာ
အားလုံးဟာ
ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်
တိုက်ပွဲဝင်ခဲ့ကြတယ်။
လှည်းတန်းညချမ်း
ခံတပ်စခန်းမှာ
လွမ်းအားပိုခဲ့ကြတယ်။
အားလုံးဟာ
ဒီပရင်္ဂဆိုတဲ့ ဒီပဲရင်းမှာ
သွေးချင်းချင်းနီခဲ့ကြတယ်။
နောက်ဆုံးမှာ
အားလုံးဟာ
တစ်ပြည်လုံးကို
ရွှေဝါရောင်ခြယ်ခဲ့ကြတယ်။
မမခင်ဦးစံပယ်
အားလုံးဟာ
အကျဉ်းထောင်တွေထဲမှာ
အနာဂတ်ကိုတည်ဆောက်ခဲ့ကြပြီ်။
မမခင်ဦးစံပယ်
အားလုံးဟာ
လိုအပ်မှုအရ
လက်နက်ကိုင်တော်လှန်ရေး
ဆင်နွှဲခဲ့ကြပြီ။
အားလုံးဟာ
အားလုံးပဲဖြစ်တယ်။
အားလုံးဟာ
အိမ်ပြန်ချင်သူတွေလည်း
ဖြစ်တယ်လေ။
မနေ ့တစ်နေ ့က
မိုးကြီးတစ်မ
လှလှပပ
ရွာချခဲ့ပြီ။
မိုးရေဖျန်းလို ့
၃၃လမ်းဟာလည်း
အခြားလမ်းတွေလိုပဲ
လန်းဆန်းခဲ့ပြီ။
၃၃လမ်းကို
လွမ်းနေတဲ့
ကမ္ဘာတစ်ခြမ်းလည်း
လန်းခဲ့ပြီ။
လွမ်းတဲ့အလွမ်းက
ဆန်းခဲ့ပြီ။
မိုးကုပ်စက်ဝိုင်းမှာတော့
မုန်တိုင်းမိုးတိမ်တွေက
ဆင်နေဆဲပါ
မမခင်ဦးစံပယ်။
ဘာပဲဖြစ်ဖြစ်
ကျနော်တို ့
လမ်းဆက်လျှောက်မယ်။
ဘာပဲဖြစ်ဖြစ်
ကျနော်တို ့
အိ်ပ်မက်ဆက်မက်မယ်။
တစ်နေ ့
ကျနော်တို ့
အိ်မြ်ပန်လာမယ်။
အဝေးဆုံးက
တယောသံတွေ
အိမ်ပြန်လာမယ်။
အဝေးဆုံးက
ဗုံသံတွေ
အိမ်ပြန်လာမယ်။
ငှက်တွေ
တောင်ပံခတ်သလို
ဖြတ်သန်းလာမယ်။
၃၃လမ်း
ညနေချမ်းကို
ငါပြန်လာမယ်။
ဆရာဂျမ်းရဲ ့
အရိုးပြာအိုးကိုထမ်းပြီး
ငါပြန်လာမယ်။
ပဉ္စမမြန်မာနိုင်ငံတော်
တည်ထောင်ဖို ့
ငါပြန်လာမယ်။
၃၃လမ်းရေ
လွမ်းပေတော့။
ရေးဖော်တို ့ရေ
လွမ်းပေတော့။
မမခင်ဦးစံပယ်ရေ
လွမ်းပေတော့။
မနေ ့တစ်နေ ့က
မိုးကြီးတစ်မ
ရွာချခဲ့ပြီ။
ဒီလိုပုံဆို
မိုးကြီးမချုပ်မီ
ကျွန်ုပ်အိမ်ပြန်ရောက်တော့မည်။
ကျောက်တုံးက
ပန်းပွင့်ပြီ။
ရွှေတိဂုံမိန် ့ခွန်း
ရွှေဂုံတိုင်မိန် ့ခွန်း
“ရန်ကုန်ကွန်မြွန်း” *
ထွန်းစေသတည်း။       ။
(ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခြင်းမှသည်
ပြည်သူ ့လွတ်လပ်ရေးဆီသို ့)
အောင်ဝေး
နိုဝင်ဘာ ၂၀၊၂၀၁၀
ခေတ္တမစ်ရှီဂန်။

* Rangoon Commune

မှတ်ချက်။  ။ မန္တလေးဂေဇက် ဒီဇင်ဘာ – ၂၀၁ဝ ထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

မိုးကုပ်စက်ဝိုင်းမှာတော့မုန်တိုင်းမိုးတိမ်တွေကဆင်နေဆဲပါမမခင်ဦးစံပယ်။တောင်တွေကမြင့်မြင့်လာတယ်။တောတွေကနက်နက်လာတယ်။မြစ်တွေကကွေ ့ကွေ ့လာတယ်။၃၃လမ်းကတော့လမ်းတိုကလေးပါပဲ။ဒါပေမဲ့ကဗျာဆရာတွေရဲ ့ဒုက္ခကတော့ရှည်လျားလှပါတယ်။မနေ ့တစ်နေ ့ကမိုးကြီးတစ်မရွာချခဲ့တယ်။၃၃လမ်းဟာမိုးရေထဲမှာလန်းဆန်းသွားမယ်။၃၃လမ်းထိပ်ကခရေပင်ရိပ်ကလေးအခုရှိသေးလားမမခင်ဦးစံပယ်။၃၃လမ်းကျနော်လွမ်းတယ်။သူငယ်ချင်းတွေရဲဘော်တွေမိတ်ဆွေတွေအဲဒီမှာဆုံနေကျ၃၃လမ်း။တစ်ယောက်ပခုံးသားထဲတစ်ယောက်ကျုံ ့ဝင်ရာဇဝင်ကိုထမ်းခဲ့ကြ၃၃လမ်း။ဆရာဒဂုန်တာရာပြောတဲ့ပျားအုံခံစားမှုအနုပညာသံမဏိ၃၃လမ်း။ဒီ၃၃လမ်းကျနော်လွမ်းတယ်။၃၃လမ်းညနေချမ်းဇာတ်ခုံပေါ်မှာဂန္ဒမာတောင်ဇာတ်ဝင်ခန်း။၃၃လမ်းရဲတိုက်ကနေကဗျာဆရာတွေရန်သူကိုတိုက်ခိုက်နေကြမယ်။၃၃လမ်းခံတပ်ကနေကဗျာဆရာတွေရန်သူကိုခုခံနေကြမယ်။တောင်မြင့်မြင့်တွေပေါ်မှာ၃၃လမ်းအလံတော်တွေ ့မယ်။တောနက်နက်တွေထဲမှာ၃၃လမ်းရနံ ့ရမယ်။မြစ်ကွေ ့ကွေ ့တွေကြားမှာ၃၃လမ်းအသံကြားမယ်။သတိရပါတယ်သူငယ်ချင်းတို ့။လေးစားပါတယ်မိတ်ဆွေတို ့။အလေးပြုပါတယ်ရဲဘော်တို ့။မနေ ့တစ်နေ ့ကမိုးကြီးတစ်မရွာချခဲ့တယ်။ချိုးဖြူတစ်ထောင်ကြိုးကြာတစ်ထောင်လရောင်ထဲပျံသန်း။ယောနသံစင်ရော်ပင်လယ်ကိုခေါ်၃၃လမ်းပေါ်လွမ်းလို ့အော်တယ်။မနေ ့တစ်နေ ့ကမိုးကြီးတစ်မရွာချခဲ့တယ်လေမမခင်ဦးစံပယ်။၃၃လမ်းဟာဝမ်းပန်းတသာနဲ ့ဒဏ်ရာတွေကိုမေ ့သွားတယ်။ပြီးတော့၃၃လမ်းဟာကမ္ဘာတစ်ခြမ်းကနေသူ ့ကိုလွမ်းနေတဲ့ပြည်ပြေးတစ်ယောက်ကိုလွမ်းနေဦးမယ်။တစ်ခါတစ်ခါ၃၃လမ်းဟာအဲဒီပြည်ပြေးကဗျာဆရာအတွက်မျက်ရည်ကျတယ်။ညနေ ညနေစည်တယ်လေလွမ်းဟေ လွမ်းဟေ၃၃လမ်းရေ။မစ်ရှီဂန်ညချမ်းရာဇဝင်ကိုထမ်းငါပြန်လာမယ်၃၃လမ်း။ဒီမှာတော့ကျနော်ကဝံပုလွေလာဆင်ရဲ ့တစ္ဆေသင်္ဘောပေါ်မှာမမခင်ဦးစံပယ်။ဒီမှာတော့ကျနော်ကတံငါအိုကြီးစန်တီယာဂိုနဲ ့အတူမမခင်ဦးစံပယ်။ဒီမှာတော့ကျနော်ကမစ္စစ္စပီမြစ်ကြီးကိုစီးလို ့မမခင်ဦးစံပယ်။ဒီမှာတော့ကျနော်ကပရေရီမြက်ခင်းပေါ်မြင်းကိုစိုင်းလို ့မမခင်ဦးစံပယ်။ဒီမှာတော့ကျနော်ကလွမ်းလို ့ပေါ ့မမခင်ဦးစံပယ်ရယ်။ငယ်ငယ်တုန်းကလီနင်နဲ ့တွေ ့တယ်ကြီးလာတော့လင်ကွန်းနဲ ့တွေ ့ချင်တယ်။ဒီမှာလင်ကွန်းနဲ ့ကျနော်တွေ ့ပြီမမခင်ဦးစံပယ်။ကျနော်ဝါရှင်တန်ဒီစီကိုသွားတယ်။ကျနော်လင်ကွန်းနဲ ့တွေ ့တယ်။ကျနော်အင်ဒီယားနား-ဖို ့တ်ဝိန်းကိုသွားတယ်။ကျနော်လင်ကွန်းနဲ ့တွေ ့တယ်။ကျနော်ဆန်ဖရန်စစ္စကိုသွားတယ်လော့စ်အိန်ဂျယ်လိစ်သွားတယ်။ကျနော်ချီကာဂိုသွားတယ်ဒိထရွိုက်သွားတယ်နယူးယောက်သွားတယ်။ကျနော်လင်ကွန်းနဲ ့တွေ ့တယ်မမခင်ဦးစံပယ်။ကျနော်လင်ကွန်းရဲ ့ဂက်တီးစဘတ်မိန် ့ခွန်းနားထောင်တယ်။ကျနော်တိုင်းပြည်ကိုလွမ်းတယ်။ကျနော်မင်းသားကြီး ပီတာဖောင်ဒါသရုပ်ဆောင်တဲ့“လူငယ်လင်ကွန်း”ရုပ်ရှင်ကြည့်တယ်။ကျနော်လူမျိုးကိုလွမ်းတယ်။မမခင်ဦးစံပယ်ကျနော်မညာပါဘူးငမိုးရိပ်ချောင်းကမ်းပါးမှာကျနော့်ရဲ ့အသန် ့စင်ဆုံးအလွမ်းတွေရှိတယ်။မမခင်ဦးစံပယ်ကျနော်မလိမ်ပါဘူး၃၃လမ်း ညနေချမ်းမှာကျနော့်ရဲအမွန်မြတ်ဆုံးအဆွေးတွေရှိတယ်။မမခင်ဦးစံပယ်ဘယ်နေရာရောက်ရောက်မြန်မာတစ်ယောက်ဟာမြန်မာတစ်ယောက်ပါပဲ။မမခင်ဦးစံပယ်ဘယ်အချိန်ဖြစ်ဖြစ်ကဗျာဆရာတစ်ယောက်ဟာကဗျာဆရာတစ်ယောက်ပါပဲ။ကျနော်မြန်မာကဗျာဆရာမစ်ရှီဂန်မှာမြန်မာပါပဲကဗျာဆရာပါပဲ။မနေ ့တစ်နေ ့ကမိုးကြီးတစ်မရွာချခဲ့တယ်မမခင်ဦးစံပယ်။မိုးရေထိလို ့၃၃လမ်းက အိပ်မက်တွေလန်းသလိုကမ္ဘာတစ်ခြမ်းကအိပ်မက်တွေလည်းလန်းတာပါပဲမမခင်ဦးစံပယ်။အဝေးရောက်လင်းယုန်တစ်ကောင်အဝေးရောက်ပင်လယ်တစ်စင်းအဝေးရောက်နှင်းဆီတစ်ပွင့်အဝေးရောက်တယောတစ်လက်အဝေးရောက်ရင်ခုန်သံတစ်ချက်အဝေးရောက်ပျားရည်တစ်အိုးအဝေးရောက်ငွေနှင်းတစ်မှုန်အဝေးရောက်ပြဇာတ်တစ်ပုဒ်အဝေးရောက်ပေးစာတစ်စောင်အဝေးရောက်မျက်ရည်တစ်ပေါက်အဝေးရောက်ပိတောက်တစ်ပင်အဝေးရောက်သပြေတစ်ခင်းအဝေးရောက်ပန်းချီကားတစ်ချပ်အဝေးရောက်အနာဂတ်တစ်ခု…   …   …   …အားလုံးဟာကျနော်တို ့ဖြစ်တယ်။အားလုံးဟာအစဖြစ်တယ်အားလုံးဟာအဆုံးဖြစ်တယ်။အားလုံးဟာဧရာဝတီကလာတယ်အားလုံးဟာဧရာဝတီကိုပြန်မယ်။သေချာတယ်မမခင်ဦးစံပယ်။အားလုံးဟာကျောင်းသားသမဂအဆောက်အအုံကိုကာကွယ်ခဲ့ကြတယ်။အားလုံးဟာဆင်မလိုက်သင်္ဘောကျင်းမှာတော်လှန်ရေးကိုရေချခဲ့ကြတယ်။အားလုံးဟာဦးသန် ့အုတ်ဂူကိုတည်ဆောက်ခဲ့ကြတယ်။အားလုံးဟာရွှေတိဂုံမှာသစ္စာဆိုခဲ့ကြတယ်။အာလုံးဟာဆရာကြီးသခင်ကိုယ်တော်မှိုင်းဗိမာန်မှာတိုင်တည်ခဲ့ကြတယ်။အားလုံးဟာအစိုးရတစ်ရပ်သမ္မတသုံးယောက်ကိုဖြုတ်ချခဲ့ကြတယ်။အားလုံးဟာအားလုံးဟာအားလုံးဟာငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်တိုက်ပွဲဝင်ခဲ့ကြတယ်။လှည်းတန်းညချမ်းခံတပ်စခန်းမှာလွမ်းအားပိုခဲ့ကြတယ်။အားလုံးဟာဒီပရင်္ဂဆိုတဲ့ ဒီပဲရင်းမှာသွေးချင်းချင်းနီခဲ့ကြတယ်။နောက်ဆုံးမှာအားလုံးဟာတစ်ပြည်လုံးကိုရွှေဝါရောင်ခြယ်ခဲ့ကြတယ်။မမခင်ဦးစံပယ်အားလုံးဟာအကျဉ်းထောင်တွေထဲမှာအနာဂတ်ကိုတည်ဆောက်ခဲ့ကြပြီ်။မမခင်ဦးစံပယ်အားလုံးဟာလိုအပ်မှုအရလက်နက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့ကြပြီ။အားလုံးဟာအားလုံးပဲဖြစ်တယ်။အားလုံးဟာအိမ်ပြန်ချင်သူတွေလည်းဖြစ်တယ်လေ။မနေ ့တစ်နေ ့ကမိုးကြီးတစ်မလှလှပပရွာချခဲ့ပြီ။မိုးရေဖျန်းလို ့၃၃လမ်းဟာလည်းအခြားလမ်းတွေလိုပဲလန်းဆန်းခဲ့ပြီ။၃၃လမ်းကိုလွမ်းနေတဲ့ကမ္ဘာတစ်ခြမ်းလည်းလန်းခဲ့ပြီ။လွမ်းတဲ့အလွမ်းကဆန်းခဲ့ပြီ။မိုးကုပ်စက်ဝိုင်းမှာတော့မုန်တိုင်းမိုးတိမ်တွေကဆင်နေဆဲပါမမခင်ဦးစံပယ်။ဘာပဲဖြစ်ဖြစ်ကျနော်တို ့လမ်းဆက်လျှောက်မယ်။ဘာပဲဖြစ်ဖြစ်ကျနော်တို ့အိ်ပ်မက်ဆက်မက်မယ်။တစ်နေ ့ကျနော်တို ့အိ်မြ်ပန်လာမယ်။အဝေးဆုံးကတယောသံတွေအိမ်ပြန်လာမယ်။အဝေးဆုံးကဗုံသံတွေအိမ်ပြန်လာမယ်။ငှက်တွေတောင်ပံခတ်သလိုဖြတ်သန်းလာမယ်။၃၃လမ်းညနေချမ်းကိုငါပြန်လာမယ်။ဆရာဂျမ်းရဲ ့အရိုးပြာအိုးကိုထမ်းပြီးငါပြန်လာမယ်။ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ဖို ့ငါပြန်လာမယ်။၃၃လမ်းရေလွမ်းပေတော့။ရေးဖော်တို ့ရေလွမ်းပေတော့။မမခင်ဦးစံပယ်ရေလွမ်းပေတော့။မနေ ့တစ်နေ ့ကမိုးကြီးတစ်မရွာချခဲ့ပြီ။ဒီလိုပုံဆိုမိုးကြီးမချုပ်မီကျွန်ုပ်အိမ်ပြန်ရောက်တော့မည်။ကျောက်တုံးကပန်းပွင့်ပြီ။ရွှေတိဂုံမိန် ့ခွန်းရွှေဂုံတိုင်မိန် ့ခွန်း“ရန်ကုန်ကွန်မြွန်း” *ထွန်းစေသတည်း။       ။(ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခြင်းမှသည်ပြည်သူ ့လွတ်လပ်ရေးဆီသို ့)အောင်ဝေးနိုဝင်ဘာ ၂၀၊၂၀၁ဝခေတ္တမစ်ရှီဂန်။* Rangoon Communeမှတ်ချက်။  ။ မန္တလေးဂေဇက် ဒီဇင်ဘာ – ၂၀၁ဝ ထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

2 comments

  • manawphyulay

    January 15, 2011 at 9:38 am

    ဦးအောင်ဝေးကတော့ အဝေးက လွမ်းလို့ရလို့ လွမ်းနေပြန်ပြီ။ ၃၃ လမ်းကို သတိရလို့ ကျေးဇူးတင်ပါတယ်။ ပုံနှိပ်ပေးမယ်ဆိုတဲ့ကဗျာတွေလည်း စုထားခဲ့တာ ကြာခဲ့ပါပြီ။
    ကဗျာဆရာတွေ စုံတိုင်း ဦးအောင်ဝေးကို သတိရကြလေသတည်း…….

  • naywoonni

    January 15, 2011 at 4:04 pm

    ဆရာ နာမယ်ကိုက ဝေးအောင် ဖန်နေရော့သလား ဆရာရယ်

Leave a Reply