Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” လမ်းခွဲဇယား ” (a way to keep yr greedy honey, hehe)

အာဖ်ံ ကြီးJanuary 20, 20111min3056

ဒီနေ့ ကျနော်နဲ့ လမ်းခွဲမယ်လို့ သူမပြောခဲ့တယ်။

မနေ့ညက တစ်ညလုံး ကျနော်အိပ်မပျော် နိုင်ခဲ့ဘူး။ ကံဆိုးစွာနဲ့
ဒီနေ့မနက်စောစော ကတည်းက မိုးရွာနေခဲ့ပြန်တယ်။ တစ်ကယ်ကို
ကျနော်ဘာလုပ်သင့်လဲ သေချာစဉ်းစား ခဲ့တယ်။ ကျနော်ထီးမစောင်းပဲ ခပ်စောစော
ထွက်လာခဲ့တယ်။ ကျနော်တို့ နောက်ဆုံး ချိန်းထားတဲ့ နေရာက ကော်ဖီဆိုင်
အစွန်ဆုံးက စားပွဲဝိုင်းလေးမှာ။ ကျနော်ရောက်တော့ သူမကရောက်နှင့် နေပြီ။
သူမဘာသာ ကော်ဖီတစ်ခွက်မှာ သောက်နေတယ်။ ကျနော်ရောက်တော့ ခံစားချက်မဲ့တဲ့
မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကျနော်အသက်ပါပါ ပြုံးပြလိုက်ပေမယ့်
သူမနှုတ်ခမ်းတွေ နှုတ်ဆိတ်နေခဲ့တယ်။ ကျနော်တို့ အတန်ကြာနှုတ်ဆိတ်
နေခဲ့ကြတယ်။

” လမ်းခွဲတဲ့ အတွက်စိတ်မကောင်းပါဘူး..အဲဒီအတွ
က်လည်း ကျမ
မတောင်းပန်နိုင်ဘူး….” လို့သူမပြောခဲ့တယ်။ ကျနော်တို့ အတန်ကြာ
ဘာမှမပြော ဖြစ်ကြပြန်ဘူး။ ခဏကြာတော့ သူမလက်သန်းကြွယ်က ပလက်တီနမ်
လက်စွပ်လေးကို ချွတ်လိုက်တယ်။ ကျနော့်ကို လှမ်းပေးခဲ့တယ်။ ကျနော့်မှာ
ပြောစရာစကား ရှားပါးနေခဲ့တယ်။

” ကျမ သွားတော့မယ်..နှုတ်ဆက်ခဲ့ပါတယ်..” တဲ့။ ကျနော် သတိဝင်လာပြီး
သူမလက်ကို လှမ်းဆွဲ လိုက်မိတယ်။ ပြီးမှ ပြန်တောင်းပန် လိုက်တယ်။

” ကိုယ်တို့ စာရင်းရှင်းကြရအောင်…” ကျနော်ခပ်တိုတို ပဲပြောပြီး
အသင့်ယူထာတဲ့ မှတ်စုစာအုပ်လေး ကိုထုတ်လိုက်တယ်။

” လမ်းခွဲဇယား ”

1.1st, June, ကျနော့်မွေးနေ့မှာသူ့ကိုပထမဆုံးလက်ဆောင်ပေးခဲ့တယ်။ (Sony
Ericsson Handset = 150$)
2. 3rd, June , KFC စားကြတယ်..( 30$ / 2= 15$ per each )
3. 15th, June , သူအိမ်ပြောင်းတာ ( Taxi = 25$ for 13 minutes )
4. 30th, June , သူ့အမေအတွက် CG Brand လက်ဆွဲအိတ် ( 45 $ )
5. 15th, July, သူငယ်ချင်း မင်္ဂလာဆောင်သွားဖို့ အင်္ကျီဖိုး ( 39 $ )
6. 30th, July ,အိမ်လခစဖော်ဖိုး ခုထိပြန်မပေးရသေး ( 300 $ )
7. 17th, October, passport သက်တမ်းတိုးဖို့ အခွန်ဆောင်ပိုက်ဆံမလောက်လို့
စိုက်ထားတာ ( 50 $ )
( မှတ်ချက်။ လကုန်ရင် လွဲမယ်ဆိုပြီး ခုထိမလွဲရသေး )
8. Hari Raya Haji Holiday >> Zoo သွားတော့ လက်မှတ်ခ ( သူမနဲ့
သူမရဲ့သူငယ်ချင်းအတွက် 20 $ )
9. Phone Card ဖိုး ( Total 5 cards = 8×5= 40$ )
( Date မမှတ်မိတော့…)
10. 2006-07 New Year Night ( Party ဖိုးသူ့အတွက်စိုက်ခ = 30$ )

” ချစ်သူအတွက်နှစ်ချုပ် ”

စုစုပေါင်း ရည်းစားသက်တမ်း – June to December ( 7 Months )
စုစုပေါင်း ကုန်ကျငွေ – 702 $
Remarks – ရည်းစားသက်တမ်း ရ လအတွင်း သူမလက်ကိုသာ ကိုင်ခိုင်းခြင်း။
( ရုပ်ရှင်လက်မှတ်ဖိုးများ ထည့်မတွက်ထားပါ။ ကျနော်က လက်မှတ်ဝယ်၍
သူမကမုန့်ဝယ်သော ကြောင့်ဖြစ်သည်။ )

” ဟင်..နင်..နင်..” သူမတုန်လှုပ် စွာကျနော့်ကို အော်ခဲ့တယ်။

” နောက်တစ်နှစ်အတွက်က ဟိုဘက်စာမျက်နှာမှာပါ….” လို့ကျနော်
သူမမျက်နှာကို မကြည့်ပဲ ပြောလိုက်တယ်။ ဖြတ်ကနဲ သူမလက်ညှိုးလေးနဲ့ 2007-08
နှစ်ချုပ်လေးကို တန်းခနဲ ထောက်ကြည့် လိုက်တယ်။

” 975$ and 50cents…ဟင် ပြားငါးဆယ်က ဘာအတွက်စွန်း နေရတာလဲ….” တဲ့။

” ချစ် ဒန်ပေါက်စားတဲ့နေ့ ကတစ်ရှူးလာရောင်းလို့ ဝယ်လိုက်တာလေ…”

” ကို..ရယ်..အဲဒီလောက်တောင် မှတ်မိတာလားဟင်…” သူမပြောနေရင်း
မျက်ရည်ဝိုင်းလာခဲ့တယ်။ ချစ်သူ သက်တမ်း တစ်လျှောက်လုံး ခေါ်လာတဲ့ ” ကို ”
ဆိုတဲ့အသုံးအနှုန်း ရုတ်တရက် ပြန်ပေါ်လာ ခဲ့တယ်။ ရုတ်တရက် ဆိုသလို
သူမမျက်နှာထားတင်း လာပြန်တယ်။

” အေး ..ကောင်းပြီလေ….ငါ ..နင့်ကို လကုန်ရင် ဒီငွေတွေ
အားလုံးလွဲလိုက်မယ်…” သူမ ဒေါသသံနဲ့အတူ ငိုသံပါ ရောနေခဲ့တယ်။

” ကျန်သေးတယ်….” ကျနော်ခပ်ပြတ်ပြတ် ပြောမိလိုက်တယ်။

” ဘာလဲ..ဘာကျန်သေးလဲ..နင်ဘာပြန်လိုချင်သေးလဲ…” သူမနှုတ်ခမ်းတွေ
တစ်ဆတ်ဆတ် တုန်ရီလာခဲ့တယ်။

” လက်ထဲက လက်ကိုင်ဖုန်း၊ ပြီးတော့ ဒီဖိနပ်ကလည်း Anniversary တုန်းက
အမှတ်တရ ပေးခဲ့တဲ့ဟာမလား…”

သူမဆောက်တည်ရာမရ ထထွက်သွားခဲ့တယ်။ မြက်ခင်းပြင်ပေါ် ရောက်တော့
ဖိနပ်ချွတ်ပြီး ကျနော့် ရင်ဘတ်ကို ကောက်ပေါက်ခဲ့တယ်။ မိုးတွေကလည်း
သဲကြီးမဲကြီးပါပဲ ရွာနေလိုက်ကြတာ။ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတဲ့
ပွဲကြည့်ပရိသတ်တွေ လိုပဲ။ သူမလှည့်ထွက် သွားခဲ့တယ်။ သူမငိုနေတာ
ကျနော်မြင်နေရတယ်။ ကျနော်လည်း မတတ်နိုင်တော့ဘူး။

” ခဏ..ခဏ…”

သူမကိုက်စား လုမတတ်မျက်လုံးစိမ်းကြီးတွေနဲ့ လှမ်းကြည့်နေခဲ့တယ်။ သူမနဲ့
တော်တော် ဝေးတာတောင် အသက်ရှုသံတွေ ကြားနေရတယ်။ သူမပါးမှာ မိုးရေတွေလား၊
မျက်ရည်တွေလား ကျနော်မခွဲခြား တတ်တော့ဘူး။

” ထီးလည်း ပြန်ပေးခဲ့ဦး…”

” ဘာ !!!!!! ”

သူမ ခန္ဓာကိုယ် ရုတ်တရက်ဆိုသလို မိုးရေထဲမှာ ယိုင်လဲသွားခဲ့ တော့တယ်။

————————————–။။။။။။။—————————————————

ခုတော့ ဒီအကြောင်းတွေကို ကျနော်တို့ရဲ့ မြေးတွေ၊ မြစ်တွေ အထိနှစ်ယောက်သား
ဟာသ ပြောဖြစ်နေကြ ဦးမှာပါလေ။ စာဖတ်သူမောင်ဘွား မိတ်ဆွေတွေလည်း ချစ်သူက
လမ်းခွဲမယ်ဆို ထုတ်သုံးဖို့ လက်နက်လေးပြင်ဆင် ထားကြဦးနော့။ ဒါမှ
ချစ်သူကို အကြွေးနဲ့သိမ်းလို့ ရမှာ။

6 comments

  • bigcat

    January 20, 2011 at 5:21 am

    တော်သေးတာပေါ့ အတွင်းခံ ဝယ်မပေးထားလို့။ နို့မို့လို့ကတော့ ကြည့်ကောင်းလိုက်မဲ့ဖြစ်ခြင်း။

    • etone

      January 20, 2011 at 6:55 am

      ကိုကြောင်ကြီးကလည်း ကောင်လေးကသတိရပါတယ်… နောက်ဆုံးကျည်ဆံထုတ်မသုံးခင် ကောင်မလေးလဲသွားလု့ိပါ ။ 😀 😀

  • လင်းငယ်

    January 20, 2011 at 7:17 am

    အရမ်းကောင်းတဲ့ စိတ်ကူးလေးတစ်ခုပဲ။ ကိုယ်လည်း တစ်ခါမှ အဲဒီလိုမျိုး မတွေးခဲ့ဘူးလေ။

  • The Reds

    January 20, 2011 at 4:02 pm

    ကောင်း လွန်း အား ကြီး ပေ မဲ. ကောင် မ လေး ကို တော. သ နား မိ တယ် .. ဒါ ပေ မဲ. မ သ နား ဝူး ဟီး ဟီး .. ပေး တိုင်း ယူ ခဲ. တာ ကို .. … ကို အာ ဖျံ ကော အဲ ကြား ထဲ တော် တော် ရှာ ရ မှာ ပဲ နော် .. အဲ ဒေါ် လာ တွေ ကို ..

  • The Reds

    January 20, 2011 at 4:04 pm

    ဟင် ကျန် ခဲ. လို. ထီး က ကော ကို အာ ဖျံ ပဲ ဝယ် ပေး ခဲ. တာ လား ဟင် ။

  • kai

    January 20, 2011 at 5:58 pm

    ရှေးခေတ်က ချစ်တီးတွေ..မြန်မာမိန်းကလေးတွေ သိမ်းတာအဲဒီသဘောမျိုးးနဲ့ပဲ..။
    တယောက်ထဲတောင်မဟုတ်.. ..ဟောတယောက်..ဟောတယောက်နဲ့..တယောက်ပြီးတယောက်..။
    အရွယ်ကောင်း…ကလျှာအရွယ်.. အသက်မပြည့်တာတွေချည်းလိုလိုပဲ..။
    ပြီးတော့ ကလေးတထွေးကြီးမွေးခိုင်းလိုက်ပြီး ..အတိုးေတွေချတော့တာပေါ့..။

    လူမျိုးရေးအရ..ရောနှောကုန်တာကို ပြောစရာမရှိပေမဲ့..
    သူတို့အယူဝါဒတွေ..ဗုဒ္ဓဘာသာထဲ ရောနှောပစ်လိုက်တာတော ့..ဝမ်းနည်းစရာပေါ့..။
    အမဲသားမစားရတာနဲ့..။ သက်သတ်လွတ်နဲ့.။နတ်ကိုးကွယ်တာနဲ့..။ ယောဂကျင့်ရတာနဲ့ (ပြန်)ဖြစ်ကုန်ရော… 🙂

Leave a Reply