တလွဲ
ဗမာစကားမပြောတတ်တာနဲ့ပတ်သက်လို့
သတိရမိတဲ့ပုံပြင်လေးတစ်ပုဒ်ပြောပြဦးမယ်။
တခါတုန်းက ရွာတစ်ရွာမှာ ဒကာတစ်ယောက်ဟာ
မိုးလေဝသညီညွတ်မျှတတဲ့အလျှောက် လယ်ယာများအောင်မြင်တဲ့အတွက်
ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပါတယ်။
ကျောင်းဘုန်းကြီးတစ်ပါးကိုလည်း စိတ်ကြိုက်ရွေးချယ်ပင့်ဆောင်ပြီး ကိုးကွယ်ထားသတဲ့။
ကျောင်းဒကာနဲ့ ကျောင်းအမဟာ တစ်ဦးတည်းသောသမီးပျိုကို
ဆရာတော်ဘုန်းကြီးထံလှူရန် ပစ္စည်းအမျိုးမျိုးနဲ့
နေ့စဉ်ဆွမ်းချိုင့်ပို့ပြီး လှူဒါန်းဆက်ကပ်စေပါတယ်။
ကျောင်းဒကာရဲ့သမီးကလည်း ကျောင်းရောက်တဲ့အခါ တံမြက်လှည်း
ရေတော် ပန်းတော်ဆက်ကပ် ဝေယျာဝစ္စအဝဝကို သေချာကျနစွာ ပြုလုပ်ပြီးမှ
ဘုန်းတော်ကြီးကို ရိုသေစွာ ဝတ်ချကာ အိမ်ကို ပြန်လာလေ့ရှိပါတယ်။
ဒါပေမဲ့ ကျောင်းဒကာရဲ့သမီးဟာ
ကျောင်းကိုသွားလို့ ပြန်တဲ့အခါတိုင်း ဘုန်းတော်ကြီးကို ဝတ်ချပြီး
“အရှင်ဘုရား၊ တပည့်တော်မ ကြွပါဦးမယ်ဘုရား” လို့
အမြဲလျှောက်ထားတတ်သတဲ့။
ဘုန်းတော်ကြီးကလည်း
“ဒီကလေးမ စကားပြော တယ်မချောဘဲကိုး၊
ဘယ့်နှယ် ဘုန်းကြီးကို သူက ပြန်ပါဦးမယ်ဘုရားလို့ မပြောဘဲ
ကြွပါဦးမယ်ချည်းပြောနေရသလဲ မသိဘူး၊
ဒီကိစ္စ ကျောင်းအမကြီး ကျောင်းကိုလာမှ ပြောရဦးမယ်” လို့တွေးပြီး
ကျောင်းအမကြီး ကျောင်းကို အလာစောင့်နေတာပေါ့။
တစ်နေ့ ကျောင်းအမကြီးဆွမ်းပို့လာတဲ့အခါ ဘုန်းတော်ကြီးက
“ကျောင်းအမကြီး၊ သင့်သမီးဟာ နည်းမဟုတ် လမ်းမကျ၊
ပြန်မယ်လို့ ဦးချတဲ့အခါတိုင်း ဘုန်းကြီးကို တပည့်တော်မ ကြွပါဦးမယ်လို့
ပြောတဲ့စကား အလွန်ပဲ မှားတာပေါ့။
ဘုရားယဉ်ကျေးမှုနဲ့ လားလားမှ မလျှော်၊ ဒကာမကြီး ဆုံးမမှ တော်ရော့မယ် လို့
ဆီးကြိုပြောပါတယ်။
အဲဒီအခါ ကျောင်းအမကြီးက
“အရှင်ဘုရား၊ ဟုတ်ရဲ့လားဘုရား၊ ရိုင်းလိုက်လေဘုရား၊
ဒီသမီးဟာ သူအမိန့်ရှိလိုက်ရင် ဒီလိုပဲဘုရား” လို့
ဘုန်းတော်ကြီးကို လျှောက်ထားပါသတဲ့။
အဲဒီအခါ ဘုန်းတော်ကြီးက
“အင်း၊ သမီးမှားလို့ အမေဖြစ်သူကို ပြောခါမှ သာပြီး မှားတော့တာပဲ။
အင်း တတ်နိုင်ပါဘူး၊ ကျောင်းဒကာလာမှပဲ သူတို့သားအမိဖြစ်ပျက်ပုံကို
အကြောင်းစုံပြောပြရမှာပဲ” လို့ စိတ်ကူးပြီး
ကျောင်းဒကာ ကျောင်းအလာကို မျှော်နေမိသတဲ့။
ကျောင်းဒကာလည်း စီးပွါးရေးရာ လယ်ယာကိစ္စနဲ့ အလုပ်များနေတာမို့
ကျောင်းကို ရောက်မလာနိုင်ဘဲ ဖြစ်နေတာပေါ့။
ဘုန်းကြီးကလည်း
“ဒီကျောင်းဒကာကလည်း ကျောင်းကို လာနိုင်ခဲသားပဲ” လို့ မျှော်နေတုန်း
တစ်နေ့တော့ ကျောင်းဒကာဟာ ပျာယီးပျာယာကျောင်းကို ရောက်လာသတဲ့။
အဲဒီအခါ ဘုန်းတော်ကြီးက
“ကျောင်းဒကာကြီး၊ ကျောင်းဒကာကြီးရဲ့ သမီးဟာ စိတ်ကြီးဝင်နေသလားမှ မသိဘူး၊
ကျောင်းကပြန်တော့မယ်စိတ်ကူးလို့ ဘုန်းကြီးကို ဦးချရင်
တပည့်တော်မ ကြွပါဦးမယ်လို့ချည်း အမြဲမှားပြီး လျှောက်ထားနေတာပဲ။
အင်း၊ သူက ငယ်ရွယ်သူမို့ မှားတာကို ဘုန်းကြီး သည်းခံပါတယ်။
ဒါပေမဲ့ ကျောင်းအမကြီး ကျောင်းကိုလာတော့
ကျောင်းအမကြီးသမီး စကားမှားကြောင်း ပြောမိတဲ့အခါ
“ဒီသမီး အမိန့်ရှိလိုက်ရင် ဒီလိုချည်းပဲ” လို့
ကျောင်းအမကြီးကပါ ထပ်ပြီးမှားပြန်တယ် ကျောင်းဒကာကြီးရဲ့။
ကျောင်းဒကာ ကျောင်းအမတွေဖြစ်ပြီး ဘုန်းကြီးနဲ့ စကားမပြောတတ်တာကတော့
မတော်ပါဘူး။ အဲဒါ ကျောင်းဒကာသိအောင် ဘုန်းကြီးက ပြောပြပေးတာပါ” လို့
ညည်းညည်းညူညူ ပြောပြလိုက်သတဲ့။
အဲဒီအခါ ကျောင်းဒကာကြီးက စိတ်ဆိုးမာန်ဆိုးနဲ့
“အရှင်ဘုရား၊ သမီးမှားရာမှာ မိခင်ကပါ ရောမှားလို့
သဘောထား ဒီလောက်ရိုင်းတာတွေ၊
သူတို့ကို ဒီကျောင်းထဲမှာ တစ်ခါလာပြီး ခြေတော်ရာမှ မချပါစေနဲ့ဘုရား”
လို့ ဘုန်းတော်ကြီးကို လျှောက်လိုက်သတဲ့။
ကျောင်းဒကာရဲ့စကားကို ကြားလိုက်ရတဲ့ ဘုန်းတော်ကြီးဟာ
“အင်း၊ ဘယ်လိုမျှ မတတ်နိုင်တော့ဘူး။ ကျောင်းဒကာမိသားစုတွေမှာ
ဒီလိုသာ အထပ်ထပ်လွဲမှားနေကြရင် ငရဲလားဖို့ပဲ ရှိတော့တယ်” လို့
ညည်းမိသတဲ့။
တော်ဝင်နွယ်၏ အပ္ပမာဒပုံပြင်များမှ
14 comments
bigcat
February 12, 2011 at 6:50 am
အရှင်ဘုရား ဟာသကို ညဖက်မကျိန်းခင် ဖတ်လိုက်တာ ရယ်ရလွန်းလို့ မျက်စိတောင် ကျယ်သွားပါတယ်။
ashinindaka
February 12, 2011 at 6:59 am
ကျိန်းစက်ပီးရင် မနက်အလုပ်မသွားခင် အရုဏ်ဆွမ်းစားသွားအုံး
bigcat
February 12, 2011 at 7:13 am
မှန်လှပါ၊ ယာဂုကို ဘုမ်းပေးလိုက်ပါ့မယ်။
nigimi77
February 12, 2011 at 8:58 am
ကြောင်ကြီး မင်း ဘုန်းကြီးကို နောက်စရာလား။ မင်းတော့ ဘဝနတ်ထံ ပျံပြီးရင်
ငရဲ ကျမဲ ့ အကောင်။
ashinindaka
February 12, 2011 at 9:48 am
ကောင်းရော
အာဖျံ ကွီး
February 12, 2011 at 12:35 pm
ဟားဟားဟား
အရှင်ဘုရားရဲ. ပ်ို.စ်ကိုဖတ်လိုက်တော့ ဖတ်ဖူးတဲ့ ဟာသအဟောင်းလေးတစ်ခုကို သွားသတိရမိပါတရ် ဘုရား။
တစ်ခါတုန်းက ကျောင်းတစ်ကျောင်းကို ဆရာမအသစ်တစ်ယောက် တာဝန်ကျလာတရ်။ ပထမဆုံးစာစသင်တဲ့နေ.မှာ … ပန်းသီးပုံလေးတစ်ပုံဆွဲလိုက်ပီး .. ဒါဘာပုံလဲ တပည့်တို. … ကလေးတွေက ညီညီညာညာနဲ. … ဖင်တုံးကြီးပါ ဆရာမ … ဆရာမလဲ ဒေါသထွက်ပီး .. ကျောင်းအုပ်ကြီးကို သွားတိုင်တရ်တဲ့ .. ကလေးတွေက အရမ်းရိုင်းတရ် .. ဘာညာပေါ့ … ကျောင်းအုပ်ကြီးလဲ ဆုံးမဖို. ချက်ချင်း ဆရာမနောက်က လိုက်လာတရ် … အတန်းထဲလဲ ရောက်ရော သင်ပုန်းကြီးကို ကြည့်ပီး … ဟေ ~ ဒီဖင်တုန်းကြီးပုံကို ဘယ်ကောင်ဆွဲထားတာလဲကွ .. တဲ့။ 😀 😀 😀
antimoe
February 12, 2011 at 12:52 pm
ကွီးကွီးရေ။
ဘုန်းကြီးနဲ့ ပန်းသီး…တလွဲတွေ မိန့်တော်မူနေပါ့လား။
အာဖျံ ကွီး
February 12, 2011 at 1:21 pm
ဟီးဟီး … တလွဲမိန်.တရ်ဆိုလဲ … ခံရပေတော့မပေါ့ …
တစ်ကယ်တော့ … အကုန်လုံးက အစကတည်းက တလွဲတွေဆိုတာကို ပြောချင်လို.ပါ။ ဟီးဟီးးး
ashinindaka
February 12, 2011 at 2:54 pm
ဒါမျိုးကြတော့ ဒို့ဒကာ ဒကာမများ မြိုင်လို့ပါလား
moethidasoe
February 13, 2011 at 6:36 am
အရှင်ဘုရား .. ဒီလို ပုံပြင်ကို ခဏခဏ ဖတ်ဖူးတဲ့အတွက် တပည့်တော် ကိုယ်တိုင် သတိထားနေတဲ့ ကြားက ဘုန်းကြီးကို အဲဒီလို လျှောက်ထားမိခဲ့ပါတယ် .. ဘာလို့ဆို .. ခဏခဏ ဖတ်မိတော့ .. အသိထဲမှာ စွဲနေတော့ ဖြစ်သွားတာ ..
တစ်ခါတုန်းကလဲ အခမ်းအနားတစ်ခုမှာ စကားပြောရမယ် ဆိုတော့ .. အခမ်းအနား မစခင် သူငယ်ချင်းတွေနဲ့ နောက်ပြောင်ပြီးတော့ ကျွဲရောင်းလာကြတဲ့ တောင်သူလယ်သများ ဦးကြီးမား .. အစရှိသလို စကြ ပြောင်ကြ နောက်ကြနဲ့ တကယ် စင်ပေါ်ရောက်တဲ့ အခါမှာ ကလေးတွေကို ဦးတည်ပြောရတော့ .. သားသားတို့ မီးမီးတို့လို့ ပြောရမယ့် အစား သီးသီးတို့ မားမားတို့ ဆိုပြီးဖြစ်ခဲ့ဘူးပါတယ် ဘုရား
ashinindaka
February 13, 2011 at 6:46 am
နောက်တာကလဲ တကယ်ဖြစ်တတ်တယ်။ ဓမ္မာစရိယအောင်လို့ ဘွဲ့နှင်းသဘင်တက်တော့ တိုင်းမှူးက နိဂုံးချုပ်ပါတယ် လို့ ပြောရမှာကို နိဂျုန်းခုတ်ပါတယ် လို့ပြောတာ ကြားဘူးတယ်။
kai
February 13, 2011 at 7:10 am
ပြောင်းပြန်.. စကားလုံးတွဲတွေကို ..လှည့်ပြောလို့ရတာ ..မြန်မာစကားပဲရှိမယ်ထင်ပါတယ်.။
(တကယ်လို့ ..တခြား ဘာသာစကားမှာရှိရင် ..ထောက်ပြကြပါ..။)
ဆလာတိုကို အခိုလု ရပြေး တိုကာ ပြာတော..။ 🙂
ashinindaka
February 13, 2011 at 1:23 pm
ဒကိုင်ခါနှယ်၊ ဖန်ဖန်ကြံကြံ
kopauk mandalay
February 13, 2011 at 4:13 pm
ပြာသော ပြရော အမာသော အဖင်တတ်သတဲ့။