မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း၏ အနာဂါတ် အပိုင်း(၃)

nigimi77February 18, 20111min1743

ဖွံ  ့ဖြိုးတိုးတက်မှု မရှိသေးသော မြန်မာနိုင်ငံတွင်  သဘာဝ သယံဇာတပေါများခြင်း၏ အကျိုးကျေးဇူးကို နိုင်ငံသားများမှ ခံစားနိုင်သည့် အခွင့်အရေးမရှိလာခဲ့ပေ။

ထို ့ကြောင့်  လုပ်သားအင်အား လုပ်အားဝင်ငွေဖြင့် နိုင်ငံသားများ  ကြိုးနီစနစ်ကြားမှ ရုန်းကန် လှုပ်ရှားနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ အလွန် ဈေးသက်သာလှသော လုပ်အားခသည် လုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြုတ်နှံရန် အကြောင်းရင်းတရပ်ဖြစ်စေသော်လည်း

တဖက်မှကြည့်လျင်    (၁) ခိုင်မာသော ကျွမ်းကျင်လုပ်သားရှားပါးမှု၊  (၂) ပြီးပြည့်စုံသော လုပ်ငန်း အဆောက်အဦ နည်းပါးမှု၊  (၃) အလုပ်ရွှေ  ့ပြောင်းမှုအား တည်ငြိမ်

စေအောင် ထိမ်းသိမ်းနိုင်မည့် မြင့်မားသော(သို ့) လုံလောက်သော လစာငွေအား ပေးရန် ခက်ခဲမှု၊  (၄) အဓိက ကျသော လျှပ်စစ်ဓါတ်အား စက်မှု လုပ်ငန်းများသို ့ အချိန်ပြည့် ပေးဝေနိုင်ခြင်း မရှိမှု၊  (၅) အစိုးရ ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများ၊ ကန် ့သတ်ဘောင်များမှာ လွန်မင်းစွာ များပြားနေပြီး မည်သည့်အရာကို မဆို ငွေကြေးနှင့်သာ ဖြေရှင်းနေရမှု၊  (၆) အထည် ချုပ်လုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသော အခြားလုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိသောကြောင့် အစစအရာ ပြည်ပ

မှ တင်သွင်းနေရခြင်း၊  အစရှိသည့် အခက်အခဲများရှိနေပေသည်။

လက်ရှိ အထည်ချုပ် လုပ်ငန်း လုပ်ကိုင်သူများအထဲတွင် ကိုရီးယားလူမျိုးသည် အများဆုံးဖြစ်သည်။ တရုပ်၊ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန် တို ့လည်းရှိသော်လည်း

မြန်မာပြည်၏ အထည်ချုပ်လုပ်ငန်းကြီး အများစုသည် ကိုရီးယားပိုင်ဖြစ်လာနေသည်။ သူတို ့သည် ဆက်စပ်လုပ်ငန်းများကိုလည်းလုပ်ကိုင်ကြသည်။

ရန်ကုန်မြို  ့၏ စက်မှုဇုံ များတွင် ကိုရီးယားပိုင် အထည်ချုပ်စက်ရုံများအား တွေ ့မြင်နိုင်သည်။ ယခင်နှစ်ကထက်စာ လျင် ယခုနှစ်အတွင်း ရင်းနှီးမြုတ်နှံရန် ဝင်ရောက်

လာမှုသည် များပြားမြင့်တက်လာပြီး ထိုအချက်အားကြည့်ခြင်းဖြင့် အနာဂါတ်တွင် မည်သို ့ဖြစ်လာနိုင်သည်အား နောက်ပိုင်းတွင် သုံးသပ်ကြည့်မည် ဖြစ်သည်။

လူသားများရှိနေ သမျှ အထည်ချုပ် လုပ်ငန်းသည်လည်း ရှိနေဦးမည်ဖြစ်သည်။  တရုပ်ပြည်မှ အထည်ချုပ်နှင့် ဆက်စပ် လုပ်ငန်းများ ရင်းနှီး လုပ်ကိုင်သူများ

အခြားနိုင်ငံများသို ့ ဦးလှည့်နေပြီဆိုသော်လည်း  ၂ဝ မှ ၃ဝ ရာခိုင်နှုံးမျှသာဖြစ်သည်။ သို ့သော် အလွန်ကြီးမားသော တရုပ်ပြည်၏ ဈေးကွက်မှ ခွဲထွက်လာသော

အဆိုပါ ပမာဏသည် ကျန်ရှိသည့် ဖွံ  ့ဖြိုးဆဲ နှင့် မဖွံ  ့ဖြိုးသေးသော နိုင်ငံများ အားလုံးပေါင်းလိုက်လျင်ပင်  လွန်စွာကြီးမားသော ပမာဏဖြစ်လာပေမည်။

အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို ့ အရာရာ မပြည့်စုံသေးသော အခြေခံ အုတ်မြစ်မရှိသော နိုင်ငံအတွက် လွန်စွာလေးပင်သော ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သည်။

ပထမဆုံး အချက် အနေဖြင့် ယခင်ကထက်စာလျင် လုပ်ငန်းလုပ်ကိုင်ရန် အခွင့်အလမ်း အရိပ်အယောင်အားမြင်ရသောကြောင့် လုပ်ငန်းရှင်များ မြန်မာပြည် အတွင်း

အလုံးအရင်းနှင့် ဝင်ရောက်လာပြီး မြေနေရာများ ငှားရမ်းပြီး စက်ရုံကြီးများ တည်ဆောက်လာကြသည်။

အဓိက ပြသာနာမှာ  ကျွမ်းကျင် လုပ်သား ရှားပါးမှုဖြစ်သည်။ အစောပိုင်းကတည်းက ဝင်ရောက် လုပ်ကိုင်နေသော လုပ်ငန်း အချို  ့တို ့တွင် အတိုင်းအတာ တခု

အလျောက် ဝန်ထမ်းများ ကျွမ်းကျင်မှုများပြားလာပြီး အလုပ်ရွှေ  ့ပြောင်းမှု နည်းပါးလာသော်လည်း၊ အံ့အားသင့်လောက်စရာပင် မြန်မာနိုင်ငံ၏ လုပ်သက်ရင့်

ကျွမ်းကျင် လုပ်သားအများအပြားသည် ယိုးဒယား နယ်စပ်ရှိ အထည်ချုပ်လုပ်ငန်းများ၏ ငွေကြေးစွဲဆောင်မှုကြောင့် ပြောင်းရွှေ  ့သွားကြသည်။

ရာခိုင်နှုံး အလိုက် တွက်ချက်ရန် ခက်ခဲသော်လည်း မြန်မာပြည်အား စီးပွားရေး ပိတ်ဆို ့မှု ဂယက်တွင် အထည်ချုပ် လုပ်ငန်းများမှ အမျိုးသမီး ကျွမ်းကျင် ဝန်ထမ်း

အများစုသည် မိမိ ဘဝ ဆက်လက် ရပ်တည်ရေးအတွက် ခေါင်းစဉ် အမျိုးမျိုးအောက်တွင် တည်ရှိသော အခြား အလုပ်အကိုင် များသို ့ ဝင်ရောက် လုပ်ကိုင်သွားကြ

ပြီး အထည်ချုပ် လောက သို ့ပြန်လည်ဝင်ရောက်လာသူ လွန်စွာနည်းပါးခဲ့သည်။ ထိုအကျိုးဆက်များ သည် လက်ရှိ အထည်ချုပ်လောက အား များစွာ ဆိုးကျိုးသက်

ရောက်စေသည်။  လက်ရှိတွင်လည်း ကျွမ်းကျင် ဝန်ထမ်း လွန်စွာနည်းပါးပြီး လုပ်သား အင်အားသည်လည်း နယ်မြေ အလိုက် ရှာဖွေရန် ခက်ခဲလာသည်။

လတ်တလောမှ ဝင်ရောက်လာပြီး စက်ရုံထောင်သူတို ့မှာ လိုအပ်သော ဝန်ထမ်းရရှိရေး အတွက်  တခုတည်းသော နည်းလမ်းအဖြစ် မက်မောလောက်သော လစာငွေအား သတ်မှတ်လိုက်ခြင်းဖြင့်  လုပ်သား စုဆောင်းကြသည်။ ထိုအခါ လက်ရှိ အလုပ်အကိုင်တွင် လုပ်ကိုင်နေသော ဝန်ထမ်းများသည် ငွေကြေးပိုမိုရရှိနိုင်

သော လုပ်ငန်း အသစ်သို ့ ကူးပြောင်းနေကြခြင်းသည် စက်ရုံများ၏ လစာထုပ်ရက်၏ နောက်တနေ ့တွင် စာရင်းအင်း ဖော်ပြချက်များ အရ ရာဂဏန်းနှင့် အထက်ဖြစ်သည်။ ထိုအခါ လက်ရှိလည်ပတ်နေသော လုပ်ငန်းသည် ဝန်ထမ်းများ ပြောင်းရွှေ  ့မှုကြောင့် လုပ်ငန်းရပ်တန် ့သွားပြီး  သတ်မှတ်ချိန်အတွင် းတင်ပို ့ရမည့်

အထည်များအား မတင်ပို ့နိုင်တော့ပဲ ဝယ်ယူသူ Buyer များနှင့် ပြသာနာ တက်တော့သည်။  ထို အချက်သည် လုပ်ငန်းရှင်များ အကြား ဝန်ထမ်းလုသော စစ်ပွဲ အနေ

ဖြင့် ကူးပြောင်းလာသည်။ ရလာဒ်သည် ရေရှည်တွင် မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သား လေ့ကျင့် သင်ကြားမှုအား အစိုးရမှ ပံ့ပိုးဆောင်ရွက်မှု မပေးလျင် လုပ်အားဖြင့် တိုင်းပြည်ဝင်ငွေ တိုးတက်စေခြင်း အကျိုးကျေးဇူးအား ခံစားရမည် မဟုတ်သည့် အပြင် မည်သို ့မျှ အခြေခိုင် စီးပွားရေး အဆောက်အဦတည်ရှိသည့်

နိုင်ငံဖြစ်လာမည် မဟုတ်ပေ။ ထိခိုက်မှုမှာ ပြည်သူများထံ တိုက်ရိုက်ဖြစ်စေတော့သည်။

ဆက်ရေးပါမည်။

3 comments

  • kai

    February 18, 2011 at 8:54 am

    ဒါကိုဖတ်ပြီး..အမြဲစဉ်းစားမိနေတာလေးတခု… ရေးပြချင်တယ်..။
    မြန်မာပြည်က .. အလုပ်သမားရှားပါးမှုပြသနာတက်လာနိုင်တယ်…။

    အရှေ ့တောင်အာရှနဲ့..အိန္ဒိယ၊ တရုပ်ပြည်ကို ဆက်စပ်ပေးတဲ့ နေရာကောင်းရထားတဲ့တိုင်းပြည်ဆိုတော့… နောက်ပိုင်းမှာ စီးပွားရေးတွေတက်လာဖို့ဖြစ်နိုင်ပါတယ်..။
    ဒီလောက်ကောင်းတဲ့မြေနေရာမှာ .. ဒီလူဦးရေ သန်း ၅ဝနဲ့ အလုပ်မဖြစ်နိုင်ပါဘူး..။
    အနည်းဆုံး လူဦးရေ သန်း ၁၀ဝ ရှိနေမှဖြစ်မယ်..။
    ဆိုတော့…
    အဲဒီအခါမှာ ..အဓိကတက်မဲ့ပြသနာက ..အလုပ်သမားရှားပါးမှုပဲ..။ ကျွမ်းကျင်အလုပ်သမားလည်း ပါတယ်ပေါ့လေ..။
    ဘာဖြစ်လာမလည်းဆိုောတ့ ..
    အိန္ဒိယ၊ဘင်္ဂလားဒေရှ်က .လူူတွေပြိုဆင်းလာပြီး.. အလုပ်သမားလိုအပ်မှု လာဖြည့်ကြမှာပဲ..။

    ဒါမျိုးတွေကို .. နောင်အနှစ် ၂ဝ အတွက်ကြိုစဉ်းးစားပြီး လုပ်နေတဲ့ နိုင်ငံရေးသမား ရှိမယ်မထင်သေးဘူး..။

  • padonmar

    February 18, 2011 at 1:11 pm

    nigimi 77 ရေးတာ မှန်ပါတယ်။2003 sanction မ တိုင်မီ အထည်ချုပ်စက်ရုံ ထောင်ချီ ရှိရာကနေ အခု 100 လောက် ပဲ ကျန်ပါတော့တယ်၊american order ဆို ရင် အရေအတွက်များသလို quality သိပ်မကျပ်တဲ့အတွက် အထည်ချုပ် လုပ်ငန်း
    ရဲ့ ရွှေ ခေတ်ပါ။လုပ်သားတွေ ဝင်ငွေကောင်းသလို ပိုင်ရှင်တွေလဲ အမြတ်ကြီးပါတယ်၊အခု ဒီလုပ်ငန်းထဲ ကျန်နေတဲပြည်တွင်း လုပ်ငန်းရှင်တွေက အမြတ်ကြီးလွန်းလို့ လုပ်နေတာမဟုတ်ပါဘူး၊အ ရှုံ့းသက်သက်တော့ ဘယ်ဟုတ်ပါ့မလဲ။
    ဒီလုပ်ငန်းကို ဝါသနာပါတာနဲ့ အမြတ် ပါးပါးကျန်ရင် လည်ပတ်နေကြတာပါ၊ကိုယ်တွေ့ပါ။
    အစိုးရပိုင်းကလဲ ဒီလုပ်ငန်းအပေါ် အားမပေးပါဘူး၊မျက်စိ စပါးမွှေးစူးနေတာပါ။
    restriction တွေ အများကြီးပေးထားပါတယ်၊grassroot people ရဲ့ စားဝတ်နေရေး ပြေလည် စေတဲ့ အခြေခံ ပေမယ့်လို့ ဘာ subsidize မှ မပေးပါဘူး။
    ဒါကြောင့်လဲ လစာ နဲ့ စားဝတ်နေရေးဖောင်းပွမှု မညီမျှဘဲ labour drain ဖြစ်နေပါဲပြီ။
    ကျွမ်းကျင်လုပ်သားတင်မက မကျွမ်းကျင်တဲ့သူတောင် ရှာရ ခက် နေပါပြီ။
    Kai ပြောသလို အလုပ်သမားရှားပါးမှု ပြသသနာ စနေပါပြီ။
    ပခုံးထမ်းလုပ်သားတွေ တော်တော်ရှားလာပါပြီ။
    မြန်မာပြည်ကလူတွေ နာဂစ်အပြီးမှာ ရွာလိုက်ကို နိုင်ငံခြား ထွက်နေကြပါပြီ၊ ပန်းဆိုးတန်း passport ရုံးသွားကြည့်ရင်တွေ့ပါလိမ့်မယ်၊
    ဘကုလားတွေတော့ ဝင်လာမယ်မထင်ပါ။
    အဖမြန်မာပြည် ဟာရေကြည်တဲ့ မြက်နုတဲ့နေရာ မဟုတ်တော့ပါ။၊

  • thethtet87

    March 1, 2011 at 12:44 pm

    အလုပ်သမားရှားပါးလာတယ်ဆိုကလည်း အခြေအခံအချက်ကိုစဉ်းစားကြည့်ရင်
    အလုပ်ချိန်များလွန်းတာရယ်။ အခြေခံလုပ်ခလစာနည်းလွန်းတာရယ်ကြောင့်လည်းပါတယ်ထင်တယ်။ အထည်ချုပ်လုပ်ငန်းဖွံ့ဖြိုးတယ်ဆိုတာ။ တိုင်းပြည်ရဲ့အခြေခံစီးပွါးရေးအားနည်းလို့ပါ။အထည်ချုပ်လုပ်ငန်းနဲ့ကုန်ထုတ်လုပ်မှုကိုအခြေခံပြီးတိုင်း
    ပြည်ကိုပြန်ပြီးတည်ဆောက်ရတယ်လေ။ ဒါကိုလည်းရေရှည်စီမံကိန်းလုပ်မှရတာ
    ပေါ့။ကျွန်တော်နိုင်ငံမှာတော့ရေတိုအကျိုးနဲ့ကြည့်တော့အလုပ်မဖြစ်ဘူး။
    ပြန်ပြီးထူထောင်ဖို့ခက်နေတယ်။ အခုဒီနိုင်ငံခြားသားကျွမ်းကျင်ပညာရှင်တွေ
    ကိုသုံးနေရတုန်းဘဲလေ။ ခက်တာကလည်းကိုယ်လူမျိုးကလည်းမတိုးရဲကြဘူး
    အခုလောက်အချိန်ဆိုရင်ကျွမ်းကျင်ပညာရှင်တွေ ပေါ်နေသင့်ပြီထင်တယ်။
    တိုင်းပြည်ရဲ့ပိတ်ဆို့ခံထားရမှုတွေလည်းပါတာပေါ့။ နောက်ပြီအဓိကကလူမှုရေး
    ကိစ္စတွေဘဲလေ။လူမှုရေးရှုပ်ထွေးမှုက အထည်ချုပ်လုပ်ငန်းရဲ့ စတိုင်ဖြစ်နေ
    တယ်။အဲတော့တိုးတက်နိုင်ပါတော့မလား ။အထည်ချုပ်လုပ်ငန်းမှတိုးတက်နေ
    တဲ့လူဆိုတာရှားနေတယ် ။တိုင်းပြည်တိုးတက်လို့မဟုတ်ဘူး။လုပ်ငန်းတွေ
    ကိုဆက်မလုပ်ကြတာပါ

Leave a Reply