ယုန်

nigimi77March 5, 20111min2659

မေး   ။   ယုန်တွေဟာ မျက်စိ အားကောင်းပါသလား  ?            ယုန်တွေဟာ အသီး အရွက်တွေ စားသလို မုန်လာဥနီ လည်းစားတယ်လေ။  မုန်လာဥနီမှာ Vitamin A ဓါတ်က အများကြီး            ပါဝင်နေတော့ မျက်လုံးအားကောင်းစေတယ် မဟုတ်လား ? များများ စားသုံးရင် ဘယ်လိုပဲဖြစ်ဖြစ် ယုန်တွေလဲ မျက်စိ အမြင်အားကောင်းမှာ             မဟုတ်ဘူးလား ? ဖြေ   ။   ယုန် တွေဟာ ဘေးအန္တရာယ်ကို ကာကွယ်ဖို ့ သဘာဝအလျောက် ကြီးမားတဲ့ နားရွက်နဲ ့ ရှည်လျားတဲ့            ခြေထောက်ကို ပိုင်ဆိုင်ထားတယ် လို ့ထင်ပါတယ်။ တဖန် ကြီးမားတဲ့ နားရွက်ထဲက နားစည်နဲ ့ အသံကို  သေချာနားစွင့်ပြီး ရှည်လျားတဲ့ ခြေထောက်နဲ ့ မြန်ဆန်စွာ အန္တရာယ်က ပြေးလွားတယ်လို ့ထင်ပါတယ်။ ဒါကြောင့် မုန်လာဥနီစားတာနဲ ့ပဲ ယုန်ဟာ မျက်စိကောင်းတဲ့ သတ္တဝါလို ့ မထင်ပါ။ ယုန်ဟာ နားပါးပြီး အပြေးသန်ပေမဲ့လည်း တပါးထက်ပိုမို ထူးခြားစွာ မျက်လုံးအား ကောင်းတဲ့ သတ္တဝါ မဟုတ်နိုင်ပါ။  ခွေးဟာ အနံ ့ခံကောင်းသလို၊ စွန်ဟာ မျက်စိလျင်ပြီး၊ ယုန်ဟာ နားပါး အပြေးလျင်တဲ့ သတ္တဝါတွေ ဖြစ်နိုင်ပါတယ်။  ယုန်ဟာ  မုန်လာဥနီပဲ စားသုံးတာ မဟုတ်ပါဘူး။  အကြာင်းအမျိုးမျိုးကြောင့် မုန်လာဥနီကိုတွေ ့ရင် ကောင်းကောင်းစားသောက်တာလောက်ပါ။ မုန်လာဥနီမဟုတ်ပဲ ကန်ဇွန်း(စွန်း)ဥ ကျွေးရင်လဲ မုန်လာဥနီ စားသလိုပဲ စားပါလိမ့်မယ်။

9 comments

  • bigcat

    March 5, 2011 at 3:27 am

    မျက်မှန်တပ်တဲ့ ယုန်ရှိတယ်ဆိုပြီး တခါမှ မကြားမိပါဘူးဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 5, 2011 at 5:12 am

    အကျွန်ကျွန်ုပ် ယုန်တစ်တုတ်ကို
    ခွာဆုတ်ရေလှန် ကြပ်ခိုးခံ၍
    ပရန်နဝါ ရွက်နုညှာကို
    အိုးးးးးးးးးးးးးးးဘိုးတော်ကယ်ပါ
    မမှတ်မိတော့ဘူး နောက်ဆုံးစာရင်းချုပ်လိုက်တော့
    ယုံ ကို စွတ်ပြုပ်လုပ်စားလို ့ရလေသည်ဟူ၍ မှတ်သားဂျလေဂုန်။

  • bigcat

    March 5, 2011 at 5:26 am

    ကျနော်တို့ငယ်စဉ်က မြန်မာစာမှာသင်ခဲ့ရတဲ့ ကဗျာလေးပေါ့။ ရေးသူစာဆိုဦးကြီးထင်တယ်။

    အကျွန်ကျွန်ုပ်
    ယုန်တထုပ်ကို (not တစ်တုတ်)
    ခွာဆုန်ရေလှန်း (not လှန်)
    ကြပ်ခိုးခံလို့ (not ၍)
    ပရန်နဝါ ရွက်နုညှာနှင့်
    ဝါးပြာထည့်ကြို
    အိုးနားတိုနှင့်
    အိုး…….လေးလှုပ်ပါအုံး
    ကျုပ်လည်းဒီအထိပဲမှတ်မှိတယ်
    မန်းလေးကိုပေါက်ရေ ဆက်လုပ်ပါအုံး။

  • bigcat

    March 5, 2011 at 5:28 am

    စာလုံးပေါင်းအကျအပေါက်တွေပါသွားလို့ ပြန်ပြင်ထားတယ်။
    အကျွန်ကျွန်ုပ်
    ယုန်တထုပ်ကို (not တစ်တုတ်)
    ခွာဆုတ်ရေလှန်း (not လှန်)
    ကြပ်ခိုးခံလို့ (not ၍)
    ပရန်နဝါ ရွက်နုညှာနှင့်
    ဝါးပြာထည့်ကြို
    အိုးနားတိုနှင့်
    အိုး…….လေးလှုပ်ပါအုံး
    ကျုပ်လည်းဒီအထိပဲမှတ်မိတယ်
    မန်းလေးကိုပေါက်ရေ ဆက်လုပ်ပါအုံး။

  • good

    March 5, 2011 at 5:40 am

    အကျွန်ကျွန်ုပ်
    ယုန်တထုပ်ကို
    ခွာဆုန်ရေလှန်
    ကြပ်ခိုးခံလို့
    ပရန်နဝါ ရွက်နုညှာနှင့်
    ဝါးပြာထည့်ကြို
    အိုးနားတိုနှင့်
    xxxxxxxxxx
    အာခေါင်မှာ ပူအောင်ထည့် လို့
    မြိုလှည့်ကွယ့်လေး………….။

  • ကိုငြိမ်းချမ်း

    March 5, 2011 at 7:24 am

    ………..
    အိုးနားတိုနှင့်
    ဆောင့်ကြောင့်ထိုင်မွှေလိုက်တယ်
    ချိုပေစွဟင်းချိုကို
    စလောင်းတိုအခြေပဲ့နှင့်
    အာခေါင်မှာပူအောင်ထည့်လို ့
    မြိုလှည့်ကွယ့်လေး
    (မှတ်မိသလောက်ကလေးကို ပြန်ဖြည့်စွက်လိုက်တာပါ)

  • kuroko

    March 5, 2011 at 11:27 am

    ကဗျာတွေ ပြန်ဖတ်ပြီး ဗိုက်တောင်ဆာလာပေါ့လေး….

  • cherrykoko

    March 5, 2011 at 3:29 pm

    သနားပါတယ်နော်..ယုန်လေးတွေကိုမစားသင့်ပါဘူး..သနားစရာချစ်စရာကောင်းတဲ့ သတ်သတ်လွတ်ပဲစားတတ်တဲ့သူတော်ကောင်းလေးတွေပါ….တခြားစားစရာတွေများကြီးရှိပါတယ်..

  • Gong Zhu

    March 7, 2011 at 3:00 pm

    မျက်မှန်တပ်တဲ့ယုန်ရှိတယ်လေ ကိုကိုကြောင်ကြီး / မမကြောင်မကြီး အရုပ်ဆိုင်မှာ မေးကြည့်လို့ရတယ်နော် ဟီးဟီး 😛

Leave a Reply