နင်ဘာလဲ..ငါဘာလဲ
လာမဖြဲနဲ…..ရွာထဲကိုရောက်နေပြီး….ရွာတံခါးပိတ်..ဝိုင်နှိပ်လိုက်ရမလား
ရွာထဲနောက်တစ်ခေါက်..ခွေးတိုးပေါက်ကဝင်သွားရမယ်….
အင်း…ငါလည်းတိတ်တိ်တ်…ရွာတံခါးပိတ်မှပဲ…ခွေးတိုးပေါက်ကဝင်ရမယ်….
ရွာထဲကဆူညံသံကြားရင်…လူလုံးသွားမပြနဲ့…..တစ်ဘက်နဲ့တစ်ဘက်..ပစ်ပေါက်နေတဲ့ကြားထဲ
စကားလုံးသရဲဆွဲလို့…….ဒူးတစ်ဖက်ပြဲသွားမယ်
သူ့အုပ်စုနဲသူ..အသံတူရာကိုစုပြီး…ညီညီညာညာ………ဆူနိုင်ဘို့
ရွာသားတစ်ယောက်ယောက်စိတ်ဖေါက်ရင်…မညှာမတာဝိုင်းသမဘို့
ကော့မက်များများနဲ….ရွာသားငထွားတွေလည်းရှိတယ်…..
စာမျက်နှာများများနဲ..ရွာသားသရဲတွေလည်းရှိတယ်..
ကိုဂျေမင်းရေ..ခင်ဗျားကတော့ရောက်သွားပြီ…..
နဲနဲကြောက်စိတ်နဲ…ခင်ဗျားနောက် ..ခပ်မဆိပ်..လိုက်ခဲ့ပေမယ့်
ရွာထိပ်ရောက်မှလူချင်းကွဲ……သရဲတွေဆွဲမှာကြောက်တယ်…
ဒါကြောင့်…..သူတို့အသံတိတ်ရွာတံခါးပိတ်မှ..
ခွေးတိုးပေါက်ကဝင်ခဲ့မယ်….
ဘီလူး
3 comments
ပေါက်ဖော်
March 5, 2011 at 2:50 pm
အဟက်ဟက်..
ဒီပို ့စ် လေးဖတ်ရတာ အင်မတန်ဘောကျတယ်
အဲ.အဲ..
သဘောကျတယ်လို ့ပြောတာ .. XD
ရွာထဲမှာဖြစ်ပျက်နေတာတွေ အကုန် ကွိတက်..
အဲအဲ…မှားပြန်B
တစ်ဂယ်ကွက်တိပဲ…..အဟ
Like this!…Like this!
မှတ်ချက်။ ။တစ်ချယ်လိုချင်သော်ငြားလဲ ကိုးနတ်ရှင် မကောင်းလို ့အပြင်ကပဲ မန် ့ တွားပါကြောင်း……။
nigimi77
March 5, 2011 at 8:27 pm
ခွေးတိုးပေါက်က ဝင်မယ်ဆိုရင်တော့ ကျုပ်က အမြီးလေး တနှံ ့နှံ ့ ရှုးလေး တစပ်စပ် နဲ ့ လက်ခမောင်း ခတ်ပြီး စောင့်နေပါ့မယ်ဗျား။
ogre
March 6, 2011 at 1:57 am
လာပြီဗျို့