သင်ဘယ်လိုလူလဲ

မောင်ဆန်းMarch 16, 20111min1363

ဝန်ခံချက်

ကျွန်တော်ရေးတာ မဟုတ်ပါ ၊ ဘယ်သူရေးမှန်းလဲမသိပါ ၂၀၀၄ လောက်က သိမ်းထားတဲ့ ထဲကတွေ့လို့ ပြန်ဝေငှပေးတာပါ၊ လိုက်ရှာကြည့် သလောက် မတွေ့လို့ မည်သူမှ မတင်ရသေးဟု ယူဆပြီး တင်ပေးခြင်းဖြစ်ပါသည်၊ ဟာသ သက်သက်သာဖြစ်ပါသည် မည်သည့်ဗဟုသတ မျှ မပါဝင်ပါ ရင်ထဲတင်းနေတာလေးတွေ လျော့သွားရုံသာ တတ်နိုင်ပါသည်။

သင်ဘယ်လိုလူလဲ

ယဉ်ကျေးသူ    –       အီးမပေါက်ခင် “ ခွင့်ပြုပါနော်” ဟုပြောပြီး အီးပေါက်ပြီးသောအခါ “ဆောရီး” ဟုပြောတတ်သူ

မရိုးသားသူ     –        ကိုယ်ကအီးပေါက်သော်လည်း ဝန်မခံပဲ ကျွန်တော့်ခွေး လက်ချက်ပေ့ါဟု လွှဲချတတ်သူ

မိုက်မဲသူ        –        အီးပေါက်ချင်သော်လည်း မပေါက်ပဲ အတင်းအောင့်ထားသူ

ဗဟုသုတကြွယ်ဝသူ    –        ဘယ်အချိန် ဘယ်နေရာတွင် အီးပေါက်၍ရမလဲ သိသူ

ဒုက္ခရောက်နေသူ       –        အီးအလွန်ပေါက်ချင်သော်လည်း အီးပေါက်ရန် ဘယ်လိုမှ ကြိုးစားမရသူ

လျှို့ဝှက်တတ်သူ        –        လက်သည်မပေါ်အောင် (သို့) သူ့ လက်ချက်မှန်း ဘယ်သူမှ မသိအောင် အီးပေါက်သူ

ဝါကြွားသူ       –        အီးပေါက်နိုင်ခြင်းနှင့်ပတ်သက်၍ အလွန်ဂုဏ်ယူသူ

နှိပ်စက်တတ်သူ         –        လူများသော နေရာတို့တွင် ရွေးပြီး အီးပေါက်သူ

ပတ်ဝန်းကျင်ရေးလှုပ်ရှားသူ    –        အီးမှန်မှန်ပေါက်သော်လည်း လေထုညစ်ညမ်းမှာကို စိုးရိမ်သူ

ရှက်တတ်သူ    –        အီးပေါက်ပြီး မျက်နှာ တစ်ခုလုံးနီရဲလာသူ

အကြံပိုင်သူ     –        အီပေါက်သော်လည်း သူ၏ အီးပေါက်သံကို သူများ မကြားအောင် အသံကျယ်ကြီးနှင့် ရယ်မောသူ

အလွန်တုံးပြီး အသုံးမကျသူ     –        အီးပေါက်လိုက်တာ ငါ့ကိုယ်ထဲက လေတွေ လျော့သွားပြီဟု ထင်၍ Balance ဖြစ်အောင် အသက်ပြင်းပြင်း ရှူသွင်းမှဟု ဆိုကာ လေကို တစ်ဝကြီး ရှူ သူ

ကပ်စေးနဲသူ    –        အီးကို ကုန်အောင်မပေါက်ပဲ စုထားသူ

အတ္တကြီးသူ     –        ငါ့အီး တယ်မွှေးပါလားဟု ယုံကြည်သူ

အပေါင်းအဖော်မက်သူ –        သူတစ်ပါးတို့ အီးပေါက်ခြင်းကို နှစ်သက်သူ

သီးသန့်ဆန်သူ –        ဆိတ်ကွယ်ရာသို့ သွားပြီးမှ အီးပေါက်သူ

ရေကိုချစ်သူ    –        ရေချိုးကြွေဇလုံ ကြီးထဲတွင် ရေချိုးသန့်စင်ရင်း အီးပေါက်သူ

အားကစားသမား        –        ပင်ပင်ပန်းပန်း အင်အားမစိုက်ရပဲ အီးပေါက်နိုင်သူ

အသိဉာဏ်ရှိသူ         –        အသံကြားရရုံဖြင့် ဘယ်သူ အီးပေါက်သလဲ ဖော်ထုတ်နိုင်သူ

ကံဆိုးသူ        –        အီးပေါက်ရန် ကြိုးစားရာမှ ချီးထွက်သွားသူ

3 comments

  • davit

    March 16, 2011 at 10:53 am

    ကံဆိုးသူ………( ဟီး…..ဟီး……..တစ်ခါကံဆိုးဘူးလို့ဗျို့ ………)

  • bigbird

    March 16, 2011 at 11:34 am

    ဦးငှက်လို အီးအီးပေါက်ရင် ရ အိမ်ကြားအောင် အကျယ်ကြီးအားရပါးရပေါက်တက်တဲ့သူကိုကျတော့ ဘယ်လိုခေါ်မလဲဟင်။

  • white

    March 17, 2011 at 3:13 am

    ဦးငှက်ကလဲ လွယ်လွယ်လေးပါ ဗုံးခွဲသူပေါ့

Leave a Reply