ဘာတန်းခိုးနဲ့နှစ်ဆတိုးသလဲ?

naywoon niMarch 18, 20111min18210

17-3-2011 နေ့ညနေပိုင်း ဈေးပိတ်ချိန်မှာ နေပြည်တော် ဆားဈေးဟာ ပိဿာချိန်-50 ပါတစ်အိတ်ကို -11500 ကျပ်ပဲရျိပါသေးတယ်။ လက်လီ တစ်ပိဿာကို -250 ကျပ်နဲ့ ပျော်ပျော်ကြီးရောင်းလို့ကောင်းတုန်း ဒီကနေ့ ဈေးပြန်ဖွင့်ချိန်မှာ ဆားဖြန့်တဲ့ ကိုယ်စားလှယ် ဆိုင်ကြီးတွေမှာ ဆားရောင်းစရာမရှိတဲ့ဆိုင်နဲ့ မနက် 07း00နာရီလောက်က -12000 ကျပ်ဖြစ်သွားပြီလို့ ပြောတဲ့သူက 08း30 လောက်မှာ -16000 ဖြစ်သွားပါသတဲ့။ လက်လီဈေးကိုလည်း သူတို့က စပြီး တစ်ပိဿာ -500 နဲ့ရောင်းနေပါတယ်။ ကျန်တဲ့ သူတွေကိုလည်း ဆားဈေး ဘယ်လောက်ဖြစ်မယ်မသိ ရောင်းစရာလက်ကျန်မရှိ ဆိုပြီး -500 နဲ့ရောင်းဖို့ လည်ပြောပေးနေပါတယ်။ တစ်ခဏချင်းမှာပဲ တစ်ဈေးလုံး ဆားတစ်ပိဿာ -500 အတည်ဖြစ်သွားပြီး ရော်းချနေကုန်ပါပြီ။ ဘာတန်းခိုးနဲ့များနှစ်ဆတိုးသွားတာလဲ ဆားဈေးရယ်လို့ ပြောရမလိုဖြစ်နေပြီဗျို့………။ ကျန်တဲ့ ကုန်ပစ္စည်း အတော်များများဟာလည်း ဆားဈေးနဲ့လိုက်ပြီး တက်ဖို့တာစူနေကြပါ ကြောင်း…..ရွာသူရွာသားအပေါင်းတို့ရေ………ဒူ……..ဒူ…….ဒူ :p

10 comments

  • naywoonni

    March 18, 2011 at 4:21 am

    အနုမြူဓါတ်ငွေ့ကို ဆားက စုတ်တယ်ဆိုတော့ ဆားထုတ်လုပ်တာကိုများ ကန့်သတ်လိုက်လေသလား? မျက်စိကြီး နားကြီးများက စနည်းနာပေးကြပါဦး ။ မကန့်သတ်ဘူး ထုတ်ခွင့်ပေးထားတယ်ဆိုရင်တော့ ဒါတစ်မင်သက်သက် ညစ်ပတ်တာပဲ။

  • char too lan

    March 18, 2011 at 6:12 am

    လုပ်စားကြတာလေ သူများဒုက္ခရောက်ရင် သူတို့လုပ်စားပီ ဟိုကပေးတဲ့ဆေးက အိုင်အိုဒင်း ဘာဆိုလားပဲ အဲ့ဒါကြားပီး နားပင်းလန့် အမြတ်ထုတ်နေကြတာနေမှာပေါ့ 🙁

  • အာဖျံ ကွီး

    March 18, 2011 at 6:30 am

    တကယ်တမ်း ပြဿနာဖြစ်တဲ့နေရာမှာတောင် ဒီလိုမဆိုးဘူး … သူများတွေများ … ထေရဝါဒ မဟုတ်ကြပဲနဲ.တောင် … သူတို.ရဲ. စာရိတ္တတွေက ကောင်းကြတာ လက်ဖျားခါလောက်တရ် …

    အဘနီရေ …

    တန်ခိုးတော့ တန်ခိုးပဲ …

    ပွဲလန်.တုန်းဖျာခင်းတတ်တဲ့ ဝိသမလောဘ အစာရိတ္တ တန်ခိုးဗျား …

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 18, 2011 at 6:34 am

    ဒီနေရာမှာတော့ ပြောစရာတွေ အများကြီးဖြစ်သွားတယ်ဗျ
    ပုံမှန်အနေနဲ ့ကတော့
    စီးပွားရေးသမားတွေရဲ ့မသမာတဲ့နည်းတွေကို နားလည်ကြရပါမယ်
    ဒါကလည်းအကြောင်းတစ်ခုကို အခြေခံပြီးဖြစ်သွားတာပါဘဲ
    သဘာဝပါ
    တကယ်မှာဆို မူရင်းဆားတောင်သူတွေဟာ
    တော်တော်အကျပ်အတည်းနဲ ့ရင်ဆိုင်ရပါတယ်
    အထူးသဖြင့် လောင်စာဆီတွေပါ
    ပထမ ပင်လယ်ရေကို ဆားကွင်းတွေထဲရောက်အောင်
    စက်တွေနဲ ့စုပ်တင်ရပါတယ် လောင်စာဆီကုန်ပါတယ်
    နောက် အလုပ်သမားစရိတ်တွေပါ
    ဒါတောင် ဆားဖို အလုပ်သမားတွေကို
    အခြားသောအလုပ်သမားတွေနဲ ့ယှဉ်ပြီး ငွေများများမပေးနိုင်ပါဘူး
    ဒါ့ကြောင့် ဆားဖိုအလုပ်တွေဆိုတာ ပင်ပန်းပါတယ်
    ငွေရနည်းပါတယ် လုပ်တဲ့သူရှားပါတယ်
    ( ကြုံလို ့ပြောရလျှင် တစ်ခါ ခွေးမသား စစ်ဗိုလ်တစ်ယောက်
    ဆားဖိုတွေကို လက်ညှိုးထိုးပြီး မြန်မာပြည်မှာ အလုပ်ကိုင်တွေ ပေါ .. ပါတယ်ဆိုပြီး လုပ်ဘူးတယ်
    နေပူကျဲလဲထဲမှာ ဘယ်လို ရုန်းကန်ရတယ်ဆိုတာ စိတ်ကူးလေးဘဲ ယဉ်ကြည့်ပါဦး)
    ဒီလို အကျပ်အတည်းတွေထည်းကနေမှ
    ရထားတဲ့ဆားတွေဟာ ကုန်သည်တွေရဲ ့ဈေးကစားတာကိုခံရတဲ့အခါ
    သူတို ့တော်တော်နစ်နာပါတယ်
    ဒီလိုဆားဈေးတက်တဲ့အခါ ဆားတောင်သူတွေလက်ထဲမှာ
    ဆားလှောင်ထားတယ်ဆိုတာ ဖြစ်ခဲပါတယ်
    တစ်ကယ်လှောင်ထားတာ ကုန်သည်တွေပါ
    ဆားတောင်သူလက်ထဲမှာ လှောင်ဆားရှိတယ်ဆိုရင်တောင်
    ဆားကြမ်းတွေပါ ဆားချောတွေမဟုတ်ပါဘူး
    ဒါကတစ်ကြောင်းပါ။
    နောက်ထပ် ဆားနဲ ့နိုင်ငံရေးပေါ်ရစီတစ်ခုကို နည်းနည်းလေးသုံးကြည့်ရရင်
    ဆားဆိုတာ ဘယ်လိုဈေးနှုန်းဘဲရှိရှိ
    မြန်မာပြည်ရဲ ့တော်ရုံဒေသတစ်ခုတွက်
    လက်လီအရောင်းဆိုင်တွေမှာ ပစ္စည်းပြတ်လပ်သွားဘို ့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ပစ္စည်းတစ်ခုပါ
    အခုကြည့်ကြပါ
    နျူကလီးယားကြောင်း ဆားမရှိလျှင် သေကြရတော့မယ်ဆိုပါတော့
    ကျုပ်တို ့အားလုံးသေကြရမှာပါ
    ဘာ့ကြောင့်လဲ
    ကျုပ်တို ့မြန်မာနိုင်ငံရဲ ့ဒေသထွက်ကုန်တွေကို
    တရုပ်တွေ ကောင်းကောင်း ထိန်းချုပ်ထားတယ်ဆိုတာ ဒါလက်တွေ ့ပါဘဲ
    ဖြစ်လာတာနဲ ့အားလုံးကို ငွေနဲ ့ကိုင်ပေါက်ခံလိုက်ရတာပါဘဲ
    ငွေနဲ ့မရရင် အင်အားသုံးမခံရဘူးလို ့
    ဘယ်သူပြောနိုင်မှာလဲ
    ဒီသတင်းဟာ တရုပ်နိုင်ငံထည်းမှာ ဖြစ်သွားတဲ့ကောလဟာလတစ်ခုပါ
    ဆိုလိုခြင်တာက တစ်ကယ့်အကျပ်အတည်းထည်းကို
    ရောက်သွားမယ်ဆိုရင် ခင်ဗျားတို ့ကျုပ်တို ့ဟာ
    အစတေးခံတွေဘဝမှာ ရှိတယ်ဆိုတာ မြင်အောင်ကြည့်ကြဘို ့တိုက်တွန်းပါတယ်
    မကြာပါဘူး သဂျီးပြောသလိုပါဘဲ
    နျူကလီးယား ကာကွယ်ရေးပစ္စည်းတွေ လှိမ့်ပြီးဝင်လာဦးမှာ မြင်ရောင်မိတယ်
    ကြုံလို ့တိုက်တွန်းရမယ်ဆိုရင်
    ကျုပ်တို ့ဟာ အင်တာနက်လိုင်းတွေထည်းမှာသာ ပြောနေဆိုနေကြတာပါ
    ကျုပ်တို ့တွေ နားလည်သည် မလည်သည် က တစ်ကြောင်းသွားပါမယ်
    ခုနေ သူသူငါငါ အင်တာနက်လိုင်းတွေထည်းက
    အသိတရားလေးတစ်ခု သတင်းလေးတစ်ခုကို သိရှိနားလည်းနေပြီဆိုပါဆို ့
    ကွန်ပြူတာကို ရှပ်ဒေါင်းပြီး လမ်းမကိုထွက်လိုက်ပါ
    နေ ့တစ်ဒူဝ လှုပ်ရှားသွားလာနေကြတဲ့လူတွေဟာ ခင်ဗျားတို ့သိသလို
    သိမယ်လို ့ထင်နေလား
    သူတို ့ဘာကို စိတ်ဝင်တစားရှိကြတယ်လို ့ထင်ပါသလဲ
    တစ်ခါလောက် ရိုးရိုးလေးသုတေသနပြုဘူးပါသလား
    သူတို ့မသိတာကို အပြစ်ပြောလို ့ရမှာလား
    သူတို ့တွေသိနားလည်အောင် ခင်ဗျားတို ့ကျုပ်တို ့ဘာလုပ်ပေးနိုင်သလဲ
    ကျုပ်တို ့နားလည်နေရုံနဲ ့ပြီးမှာလား
    ခင်ဗျားတို ့နားလည်ထားတဲ့အကြောင်းအရာလေးတွေကို
    ပရင်တာလေးနဲ ့ကူးထုပ်ပြီး ဖြန်ဝေပေးကြည့်မယ်ဆိုရင် မဖြစ်နိုင်ဘူးလား
    ဒီလိုဖြန် ့ဝေပေးလို ့လူတွေစိတ်ဝင်စားမယ်လို ့ထင်ပါသလား ဘာကြောင့်လဲ
    ဒါမှမဟုတ် အများသူငါနားလည်နိုင်တဲ့ ရေဒီယိုတွေကို သတင်းအချက်အလက်တွေ
    ပို ့ဆောင်ပေးကြမယ်ဆိုမဖြစ်နိုင်ဘူးလား
    ဆိုလိုတာက ငါသိတယ် ငါတတ်တယ်ဆိုပြီး ဆရာဘဲလုပ်ခြင်နေလို ့ရမလား
    အဲ့သည် ဂရုမစိုက်တဲ့လူတွေ၊ သဘောထားကွဲလွဲနေတဲ့သူတွေကို
    တစ်ကယ့်အမှန်တရားတွေ သူတို ့ရင်ထဲကို ရောက်သွားအောင်
    ခင်ဗျားတို ့ဘာမှမလုပ်ဘဲနဲ ့တော့ ဘာမှမဖြစ်လာနိုင်တော့ပါဘူး
    သေခြာတာကတော့ ယနေ ့စားဝတ်နေရေးတွေကြောင့်
    သတင်းဆိုတာ ဘာမှန်းမသိတော့တဲ့လူတွေအများကြီးရှိနေပြီ
    ကျုပ်တို ့က စားပေါက်ချောင်နေတိုင်းနဲ ့
    ကြပ်တည်းနေတဲ့လူတွေကို အပြစ်ပြောလို ့မရနိုင်တော့ဘူးထင်ပါတယ်
    ဒီတော့ကာ
    ဒီတော့ကာ
    ဘာရယ်မဟုတ်ပါဘူး
    အပျင်းပြေဂျဂါးများကြည့်တာ။

  • zaw min

    March 18, 2011 at 7:52 am

    ဘာဖြစ်လို့ အဖျားရူးသွားတာလဲ ကိုပု၊အဓိက အကြောင်းအရင်းကတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အကြောက်တရားကြီးကြပါတယ်။နဲနဲခြောက်ရင်များများကြောက်ကြပါတယ်။ဒါကြောင့် လူတိုင်းလူတိုင်း ကြောက်ရွံခြင်းမှ ကင်းဝေးကြပါစေ။

  • kai

    March 18, 2011 at 8:12 am

    ဇတ်လမ်းက .. စကောတပ်ကြီးလာသလိုဖြစ်ကုန်ပြီ..။
    တရုတ်တွေဝယ်တာက အိုင်အိုဒင်းဆား..ဘာကြောင့်အိုင်အိုဒင်းဆားဝယ်ကြသလည်းအောက်မှာ ရှင်းပြထားတယ်..။
    အဲဒီအိုင်အိုဒင်းဆားက ရောင်ခြည်သင့်တာမကယ်နိုင်ဘူးဆိုတာ ..အောက်မှာလည်းထပ်ရှင်းပြပေးလိုက်ပါတယ်..။
    ဆိုတေ့ာ ..မြန်မာတွေ..တရုတ်တွေကို ရှိသမျှဆားတွေလှိမ့်ထုတ်ပြီး အိုင်အိုဒင်းဆားဆိုပြီးဈေး တင်ရောင်းဖို့ပဲ..။
    တရုတ်ဝမ် သာများများတောင်းကြဟေ့..။ ဗမာ့နည်းနဲ့..ဆားထဲ.. အချိုျမှုန့်ပါရောရောင်းလိုက်ဟေ့..။ 🙂
    =============================
    in 1982 US FDA approved Potassium iodide as to protect thyroid glands from radioactive iodine involving accidents or fission emergencies. So KI pills will do some prevention of possible nuclear radioactive effect. But The potassium iodide in iodized salt is insufficient for this use as 80 tablespoons would be needed to equal one tablet. So salt will not be the solution for your problem.
    Source(s):
    http://www.chempro.org/2011/03/can-iodiz…
    =========================
    အိုင်အိုဒင်းဆား နှင့် Japan Nuclear Accident
    မနေ့က သတင်းတွေ နားထောင်ရင်းနဲ့ လူတွေ.. panic ဖြစ်တာကို သွားတွေလိုက်တယ် ။ အင်း panic ဖြစ်တယ်ပြောရမလား၊ ဘယ်လိုပြောရမလဲတော့ မသိဘူး။ သတင်းမှာ ခု အမေရိကားမှာ iodine tablets တွေပြတ်လပ်ကုန် အောင်ရောင်းနေရတယ်ဆိုပဲ။ လူတွေလဲ အပြေးအလွှားဝယ်ကြတာ အင်တာနက် အွန်လိုင်းမှာ လေလံဝင်ပစ်ကြလို့ ဈေးတွေလဲတက်ကုန်တယ်တဲ့။ တစ်ထုပ်ကို ဒေါ်လာ ၅၀ဝတောင်ဖြစ်သွားတယ်ဆိုပါ့လား။ ပုံမှန်ဈေးဘယ်လောက်လဲဆိုတာတော့ ပြောသွားတာမတွေ့လိုက်ရဘူး။

    ဒါနဲ့ အိုင်အိုဒင်းဆားနဲ့ ညူကလီးယားဓါတ်ရောင်ခြည်သင့်တာ ဘယ်လိုပါတ်သက်လဲဆိုတာ လိုက်ဖတ်လိုက်တော့ ဒီလိုတွေ့ရတယ်။
    ပထမဆုံးပို့စ် မှာပြောခဲ့သလိုပဲ ဓါတ်ပေါင်းဖိုကနေ ဒုတိယအမျိုးအစား ရေဒီယိုသတိ္တကြွ ပစည်း cesium and iodine isotops ဆိုတာ ထွက်တယ်လို့ပြောခဲ့တာ မှတ်မိဦးမယ်ထင်တယ်။ လူရဲ့ လည်ပင်းမှာရှိတဲ့ သိုင်းရွိုက် အကျိတ် (သို့) ဂလင်း ဟာ အိုင်အိုဒင်းကို စားသုံးတယ်၊ တနည်း အားဖြင့် သူ့အတွက် အိုင်အိုဒင်းလိုတယ်။ ဒါကြောင့်ဒီကောင်ဟာ အိုင်အိုဒင်းလိုတဲ့အချိန်မှာ ပါတ်ဝန်းကျင်မှာ ဘယ်က အိုင်အိုဒင်းရနိုင်လဲ လိုက်ရှာတယ် တွေရင် လှမ်းဖမ်းဆွဲထားပီးစားသုံးလိုက်တယ်။ တခါတလေ ကာယကံရှင်တောင်မသိလိုက်ဘူး၊ အဲ့လိုဝင်လာတာကို။ အဲ့ဒီတော့ ဘယ်အချိန်မှာ ပြသနာက တက်လာလဲဆိုရင် လူကိုယ်ထဲမှာ အိုင်အိုဒင်းနဲ နေတဲ့ အချိန်နဲ့ ပါတ်ဝန်းကျင်မှာ ရေဒီယိုသတိ္တကြွ idoine isotop တွေပျံ့လွင့်နေတဲ့ အချိန်တိုက် ဆိုင်သွားရင်၊ ကိုယ့်ဆီက သိုင်းရွိုက်က လှမ်းဆွဲပါလေရော။ အဲ့ဒီမှာ ရေဒီယိုသတိ္တကြွ ဓါတ်တွေ ကိုယ်ထဲဝင်လာပီး၊ နောက်ပိုင်း သိုင်းရွိုက် ကင်ဆာ ဖြစ်လာနိုင်တယ်ပေါ့။

    အဲ့ဒီတော့ ခုဂျပန်မှာ ဖြစ်သလိုမျိုး ညူကလီးယားမတော်တဆမှု့တွေ ဖြစ်နေတယ်ဆိုရင်၊ ပါတ်ဝန်းကျင်မှာ ရေဒီယိုသတ္တိကြွ iodine isotop တွေကိုယ့်ပါတ်ဝန်းကျင် မှာပျံ့လာနိုင်တယ် ဆိုရင်၊ ကိုယ်က သူတို့မလာခင် ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ ရိုးရိုးအိုင်အိုဒင်းဆားကို ကြိုပီးဝယ်သောက်ထားလိုက်။ အဲ့လိုဆိုရင် ကိုယ်ထဲမှာ အိုင်အိုဒင်းဓါတ်တွေ..ပြည့်နေတဲ့အတွက် သိုင်းရွိုက်က လျှာရှည်ပီးတော့ ဟိုကောင်ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း အိုက်ဆိုတုပ် ကို လှမ်းမဆွဲတော့ဘူး။ သူက အိုင်အိုဒင်းရှိနေရင်ပီးရော ရိုးရိုးလား၊ ရေဒီယိုသတ္တိကြွလား ခွဲသိတာမဟုတ်ဘူး။ ဆိုတော့ကာ..အန္တရာယ်မပေးနိုင်တဲ့ ရိုုးရိုးအိုင်အိုဒင်းဆား ကို ကြို ပီး စားထား ဖို့က..ကိုယ့်တာဝန်ပေါ့ဗျာ။

    ဘာပဲပြောပြော ရေဒီရေးရှင်းကြောင့်ဖြစ်နိုင်တဲ့ ကင်ဆာတွေထဲက..တခုကိုတော့ ကာကွယ်ထားနိုင်တာပေ့ါ။

    အားလုံးအဆင်ပြေကျန်းမာပါစေ။
    ကိုဆန်းမော် sannmaw.com

  • etone

    March 18, 2011 at 9:53 am

    ဘယ်စီနေမှန်း မသိသေးတဲ့ နျူကလီးယားကို ကြောက်ပြီး ဆားတွေ စားကြရင် … ဝမ်းလျှောချင်လျှော ၊ မဟုတ်ရင် သေးတိုးပြီး သေကိန်းဆိုက်မယ် 😛

  • cherrywine

    March 18, 2011 at 10:30 am

    ဆန်ဈေးကတက် .. ဆီဈေးကတက် .. ကြက်သွန်ဈေးကတက် .. အခု ဆားဈေးတက်ပြန်ပြီ ….. ကျတာဆိုလို့ ကွန်နက်ရှင်ပဲ ရှိပါတော့လားနော် ‼

  • manawphyulay

    March 18, 2011 at 12:44 pm

    လေးလေးနီလည်း ဆားကုန်ကူးပြီး ရောင်းပါလား……….. ဒါနဲ့ စကားမစပ် နေပြည်တော်မှာ ဝန်ထမ်းတွေ ပျော်နေကြပြီဆို အရမ်းပျော်လား လေးနီ………. ဘာကြောင့်လဲ

  • char too lan

    March 18, 2011 at 1:46 pm

    ဆာဖာရီမှာ သူတို့အမျိုးတွေရောက်လာလို့လေ ဟာရှီမား ရဲ ့ 🙂
    ကာတွန်းတွေဆွဲနေတာနဲ့ ပတ်ဝန်းကျင်မလေ့လာဖြစ်ဘူးထင်တယ်………………

Leave a Reply