တစ်ခေတ်တစ်ခါက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ

kaiMarch 21, 20111min1665

ဦးချစ်လှိုင် (သို့) စာရေးဆရာ ကိုကိုမောင်ကြီး ပြောသမျှ တစ်ခေတ်တစ်ခါက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ

Posted by Popular News on Feb 19th, 2011

ဘဘရဲ့ နိုင်ငံရေးဖြတ်သန်းမှု အကျဉ်း။
နေဦး။ အဲဒါ မပြောခင် ဘဘရဲ့ စာအုပ်ကြော်ငြာတာတော့ မဟုတ်ဘူး။ အဲဒီမေးခွန်းတွေအားလုံးကို ဖြေထားတဲ့ စာအုပ်တစ်အုပ်က ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပေးမှာ။ ရှေ့လထဲထွက်မှာ။ ရှေ့လထဲထွက်မယ်လို့ သူတို့က ပြောတယ်။ အဲဒီထဲမှာ အခုမေးတဲ့ မေးခွန်းအကုန်ပါတယ်။ အခု အ ကြမ်းတော့ ပြောမယ်လေ။
ဘဘက ဗိုလ်အောင်ကျော်တို့ ကျဆုံးတဲ့နှစ်သိလား။ ၁၃ဝဝ ပြည့် အရေးတော်ပုံခေါ်တာပေါ့။ အင်္ဂလိပ်လိုကတော့ ၁၉၃၈ ခု၊ ဒီဇင်ဘာလက စတာပေါ့။ ဆိုတော့ တစ်ပြည်လုံး ကျောင်းသားသပိတ်မှောက်တာ ၁၉၃၉ ခု မတ်လ လောက်မှာ ပြီးသွားတာကိုး။ ဗိုလ်အောင်ကျော် ကျဆုံးတာကို အကြောင်းပြုပြီးတော့ ဦးဗဆွေနဲ့ သခင်ဗဟိန်းတို့ မကွေးမှာ သူတို့အဖမ်းခံရတာအကြောင်းပြုပြီး တစ်ပြည်လုံးမှာ ကျောင်းသားတွေ သပိတ်မှောက်ကြတာပေါ့။ အဘက အဲဒီတုန်းက High School ကျောင်းသားလေ။ အဲဒီအထဲမှာ ပါဖူးတယ်ပေါ့။ အဲဒီကနေမှ အင်္ဂလိပ်ကိုဆန့်ကျင်တဲ့ Underground လို့ ခေါ်တာပေါ့လေ။ လျှို့ဝှက်မြေအောက် အဖွဲ့မှာပါတယ်။ အဲဒါပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ပြည်ကလာတော့ ဗမာ့လွတ်လပ်ရေးတပ်မ တော်မှာ ပါခဲ့တယ်။ ဗမာ့ကာကွယ်ရေးတပ်မတော်မှာ ပါခဲ့တယ်။ တစ်ခါ လွတ်လပ်ရေးရတော့ ဗမာ့တပ်မတော်မှာပါတယ်။ နောက်တစ်ခါ မျိုးချစ်ဗမာ့ တပ်မတော် မှာပါတယ်။ အဲ .. တပ်မတော်တွေမှာ အကုန်ပါခဲ့တယ်။ တော်လှန်ရေးပြီးတဲ့အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ပြည်သူ့ရဲဘော် အဖွဲ့နဲ့ ဖဆပလမှာပါတယ်။ ပထမတော့ ကွန်မြူနစ်ပါတီမှာ ပါ ခဲ့ဖူးတယ်။ ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲတော့ ဘယ်ကွန်မြူနစ်ပါတီမှာမှ မပါခဲ့ဘူး။
ကွန်မြူနစ်ပါတီမှာ ဘဘ ဘယ်နှခုနှစ်မှာ ပါတီဝင်ဖြစ်ခဲ့လဲ။
၁၉၄၃ ခုနှစ် ဒီဇင်ဘာလ။ ကွန်မြူနစ်ပါတီ စခါစပေါ့။ စထောင်တာ ၁၉၄၂ခုနှစ်မှာထောင်တာလေ။ ၁၉၄၃ ကျတော့ ဘဘတို့ တပ်ထဲရောက်ပြီလေ။ အဲဒီမှာ ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်ရတာပေါ့။ အဲဒီတုန်းက ကွန်မြူနစ်ပါတီနဲ့ တပ်နဲ့ကလည်း ဆက်စပ်မှုရှိတယ်လေ။ အဲဒီမှာပါခဲ့ဖူးတယ်။ ပါခဲ့တာ လည်း အကြာကြီးပါခဲ့တယ်။ ဂျပန်တော်လှန်ရေးပြီးတော့ ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲတယ်။ ကွဲတော့ သခင်စိုး အလံနီဘက်ကို ခဏပါသေးတယ်။ နောက်တော့ သူနဲ့ သဘောချင်း မတိုက်ဆိုင်တာနဲ့ အဲဒီကထွက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလအဖွဲ့မှာပဲ ဆက်လုပ်တယ်။ ဗိုလ်ချုပ်အောင် ဆန်း ကျဆုံးတဲ့အထိ ပေါ့။
လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းစစ်ဖြစ်တယ်။ ပြည်တွင်းစစ် ဖြစ်ပြီးတော့ စည်းရုံးရေးတွေ သိပ်မလုပ်နိုင်ကြဘူး။ ကိုယ့်မြို့နဲ့ကိုယ် နေကြရတာကိုး။ ဘဘတို့က ဖဆပလအဖွဲ့မှာပဲနေတယ်လေ။ နေရင်းနဲ့ ကွန်မြူနစ်လူငယ်များ ငြိမ်းချမ်းရေးပွဲတော်တက်တယ်လေ။ အဲ ဒီတုန်းက ကွန်မြူနစ်ကိုလည်း နည်းနည်း သဘောကျတာပါတာပေါ့။ အဲဒါပြီးတော့ ဗမာပြည် ပြန်မလာသေးဘဲနဲ့ ပြင်သစ်နိုင်ငံမှာ ဘာရယ်မဟုတ်ဘူး။ သောင်တင်ပြီးနေလိုက် တယ်။ နေရင်းနဲ့အဲဒီမှာ ကျောင်းတွေ ဘာတွေနေဖြစ်သွားတယ်ပေါ့။ အဲဒီမှာပဲ သင်တန်းကမပြီးသေးဘူး။ မပြီးသေးခင် ဒီက ဗိုလ်ချုပ်အောင်ကြီးတို့၊ ဗိုလ်ချုပ်နေဝင်းတို့က ပြန်ခေါ်တယ်။ ခေါ်ပြီး ဗမာ့တပ်မတော်မှာ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခိုင်းတာပေါ့။ ပြန်လာပြီး တပ်ထဲဝင်ရတာပေါ့။ တပ်ထဲကို အရပ်သား အဖြစ်နဲ့ဝင်ရတာ။ ဝင်ရပြီးတော့ အဲဒီမှာ လုပ်နေရင်းကနေပြီးမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကိစ္စပေါ်လာ ပြီးတော့ ဗဟိုနိုင်ငံရေး သိပ္ပံကျောင်းမှာ သင်တန်းပေးတယ်။ ဘဘက ကျောင်းမှာနည်းပြချုပ် လုပ်ရတာကိုး။ ဘဘကိုယ်တိုင်လည်း သင်တန်းပေးတာဆိုတော့။ အဲဒီပါတီ ထောင်တာတွေရော၊ သင်တန်းပေးတာရောက ဦးနေဝင်းကခိုင်းလို့ တာဝန်ပေးလို့ ဗိုလ်မှူးကြီးစောမြင့် ခေါင်းဆောင်ပြီးလုပ်တာ။ ၁၉၇၂ ခုနှစ် ကျ တော့ ဘာရယ်လို့မဟုတ်ပါဘူး။ လွတ်လွတ်လပ်လပ်နဲ့ ဘဘက အပြင်မှာ စာရေးဆရာဖြစ်ခဲ့တာကိုး။ စာရေးဆရာစိတ်ရှိတယ်။ ဒါနဲ့ ဦးနေဝင်းကို သွားပြောတော့ ဦးနေဝင်းက ချက်ချင်းထွက်ခွင့်မပြုဘူး။ ပင်စင်ပေးလို့ရလား ကြည့်ဦးမယ်တဲ့။ ပင်စင်ပေးလို့ရတော့ ထွက်ခွင့်တော့ပြုပေမယ့် သူက သိပ်ပြီးတော့ မထွက်စေချင်ဘူး။ ဒါကြောင့် သူက ဘာပြောလဲဆိုတော့ ငါနဲ့အဆက်မပြတ်နဲ့တဲ့ ဆိုတော့ လမ်းစဉ်ပါတီပျက်တဲ့နေ့အထိ ဦးနေဝင်းနဲ့ အ ဆက်အသွယ်အမြဲရှိတယ်။ ဆက်သွယ်တာ တခြားမဟုတ်ပါဘူး။ သူဟာကိုယ့်ရဲခေါင်းဆောင်လည်း ဖြစ်တယ်။ ဆရာလည်းဖြစ်တယ်။ ကိုယ့်ရဲ့ ကျေး ဇူးရှင်လည်းဖြစ်တယ် ဆိုတော့ ငွေရေးကြေးရေးကအစ လိုအပ်တာရှိရင် သူ့ဆီသွားပြီး အကူအညီတောင်းတာပေါ့။
ပါတီလုပ်ငန်းက ဘယ်ကစနားလဲဆိုတော့ ၁၉၆၂ က တာဝန်ယူပြီး လုပ်တယ်။ ၁၉၇၂ မှာ ၁ဝ နှစ်လောက်လုပ်ပြီး နားလိုက်တယ်။ ဒါပဲ။ နားပြီးတဲ့ နောက် ဘာနိုင်ငံရေးမှ မလုပ်ဘူး။ ပါတီအပြင်ဘက် ရောက်တော့လည်း အေးအေးပဲနေ တာများတယ်လေ။ ဪ .. လုပ်သားမှာ ဆောင်းပါးတွေ အများကြီးရေးတယ်။ မောင်ချစ်လှိုင်ဆိုတဲ့ အမည်နဲ့။ အဲဒီကနေ အရေးအခင်းဆိုတာကြီးဖြစ်တော့ ဘဘက ရန်ကုန် မြို့မှာ မရှိဘူး။ ဆွေတွေမျိုးတွေရှိ တဲ့ စစ်ကိုင်းမြို့…တောမှာ သွားနေတာ။ အဲဒါပြီးမှ ပြန်လာတာ။ ပြန်လာပြီးတဲ့နောက်လည်း ဘာမှ ဆက်မလုပ်ပါဘူး။အသက်ကလည်း  ကြီးသွားလို့။ ဘဘအနေနဲ့က အဲဒီ လောက်ပဲ။ ၁၉၃ရ ခုကစပြီး ၁၉၈၈ ခု မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖျက်သိမ်းပြီးတဲ့အထိ အဲဒီလောက နဲ့ မကင်းဘူးပေါ့လေ။ ပါတီဝင်တော့ ပါတီဝင်ပဲ။ ပါတီအလုပ် လည်းမလုပ်ဖြစ်ဘူး။ အလုပ်က နားတာကိုက မိမိကျန်းမာရေးအတွက် နားတာ။ တကယ်လည်း မှန်သွားတယ်။ အလုပ်ကနားလိုက်မှ ပိုကျန်းမာလာတယ်။ ဟိုတုန်းက သိပ်မကျန်းမာချင်ဘူး။ ပါတီနဲ့လည်း ဘာမှဖြစ်တာမဟုတ်ဘူး။ အဲဒီတော့ ၁၉၃၈ ခုနှစ်ကနေ ပြီးမှ ၁၉၇၂ ခုနှစ်အထိ နိုင်ငံရေးရော၊ စစ်ရေးရော တောက်လျှောက်လုပ်တယ်။ ဒီဘက်ကျတော့ နားလိုက်တယ်။ သို့သော်လည်း နိုင်ငံရေးရာကိစ္စတွေ ကိုတော့ မျက်ခြည်မပြတ်ဘူးပေါ့။ သတင်းစာဖတ်လိုက်။ ရေဒီယို နားထောင်လိုက်။ ကိုယ်ကတော့ ဘာမှ ဝင်လုပ်တာမဟုတ်တော့ ဘယ် ပါတီမှလည်း ဝင်မလုပ်ဘူး။ လက်ရှိ ပါတီတွေရော၊ အစိုးရပါတီရော၊ အတိုက်အခံပါတီရော ဘာမှဝင်မလုပ်ခဲ့ဘူး။ ဘေးကနေ ပွဲကြည့်ပရိသတ် အဖြစ်နေခဲ့တာ။ ပြောမယ်ဆိုရင်တော့ ၁၉၇၂ ခုနှစ်ကစပြီး နိုင်ငံရေးနဲ့ပတ်သက်လို့ အတွင်းရေး အပြင်ရေးတွေနဲ့ အဆက်ပြတ်ခဲ့တာပေါ့။ သိသလောက် ပြောပြမယ် လေ။ လမ်းစဉ်ပါတီမှာ လုပ်ခဲ့တာတွေ တော့ ပြောလို့ရပါတယ်။
ဘဘတို့ခေတ်တုန်းက လူငယ်တွေက နိုင်ငံရေးသမားအရင်စ ဖြစ်တယ်။ နိုင်ငံရေးသမားဖြစ် ပြီးတော့မှတပ်ထဲကိုရောက်သွားကြတာ။ ဒီဘက် ၁၉၆၂ ဗိုလ်ချုပ်နေဝင်းတို့တက်လာပြီး နောက်ပိုင်းကစလို့ တပ်ထဲကလူတွေက နိုင်ငံရေးလောကထဲကို ပြန်ရောက် လာခဲ့တာ ပေါ့။ အဲဒီနှစ်ခုကြားမှာ ဘာတွေကွာဟလဲ။
ဘာမှ မကွာဟပါဘူး။ ဒီအဖြစ်အပျက်တွေက အစဉ်အတိုင်းဖြစ်တာ။ ပြန်ပြောပြဦးမယ်။ ဟိုလူတွေက နိုင်ငံရေးပစ်ပြီး တပ်မတော်ထဲဝင်တာ မဟုတ် ဘူး။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ရဲဘော်သုံးကျိပ်က ဂျပန်နဲ့အဆက်အသွယ်ရပြီး ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ပြီးတော့မှ အရှေ့အာရှ စစ် ကူးလာတော့ ဂျပန်က ဗမာပြည်ထဲ ဝင်လာတာပေါ့။ အဲဒီတော့ နိုင်ငံရေးသမားတွေက တပ်ကိုဖွဲ့တာ။ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ ကာကွယ် ရေးတပ်မတော်၊ ဂျပန်ကို တော်လှန်တဲ့ မျိုးချစ်ဗမာ့တပ်မတော်၊ တော်လှန်ရေးတပ်မတော် အကုန်လုံးဟာ ဗိုလ်ချုပ်အောင်ဆန်းဖွဲ့ပြီး သူအကုန်လုပ် တာကိုး။ အားလုံး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ရဲဘော်သုံးကျိပ်တွေဟာ ကျောင်းသားတွေရယ်၊ ကျောင်းသား နိုင်ငံရေးသမားတွေရယ်၊ သခင် နိုင်ငံ ရေးသမားတွေရယ်များတယ်။ အဲဒီတော့ ပထမနိုင်ငံရေးသမားဘဝက ဘာတပ်မှမရှိဘူးလေ။ အင်္ဂလိပ်ကို တပ်ရှိမှတိုက်လို့ရမယ်ဆိုပြီး တပ်ရှိအောင် လုပ်ကြတာပါ။ ဒါသူ့ဖြစ်စဉ်။ အဲဒီတော့ ဘဘတို့ကျတော့ ကျောင်းသားနိုင်ငံရေးသမား။ အဲဒီခေတ်က ဗမာပြည်အရပ်ရပ်မှာ ကျောင်းသားသံမဏိ တပ်ဆိုတာဖွဲ့တယ်။ ရန်ကုန်တက္ကသိုလ်က ကျောင်းသားကြီးတွေက ခေါင်းဆောင်ပြီးဖွဲတော့ အဲဒီတုန်းက ဘယ်သူတွေ ဖွဲ့ကြလဲဆိုတော့ ဗမာ့ တပ်မ တော်မှာ ဗိုလ်မှူးချုပ်လုပ် သွားတဲ့ ဗိုလ်မှူးချုပ်မောင်မောင် ခေါင်းဆောင်ပြီး ဖွဲ့တယ်။ နောက် သံမဏိဦးမောင်မောင်ဆိုတာ သူက ဗကပ။ သူလည်း ဦးဆောင်ပြီး ဖွဲ့တယ်။ အဲဒီလိုအဖွဲ့ထဲမှာ ဘဘတို့က ကျောင်းသားတွေဆိုတော့ ပါရတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်း ရောက်လာတော့လည်း တပ်ထဲ ဝင်လိုက်ကြတာပေါ့။ အဲဒီခေတ်ကတော့ တခြားအလုပ်လည်း မရှိဘူးလေ။ ဂျပန်ခေတ်မှာ အပြင်မှာနေဖို့လည်း မလွယ်ဘူးလေ။ ဂျပန်က ချွေးတပ် ဆွဲတယ်လေ။ အမျိုးမျိုးခိုင်းတယ်။ နှိပ်စက်တယ်လေ။ ဂျပန်ခေတ်တစ်ခေတ်လုံးက ရွာတွေက အမျိုးသမီးတွေလည်း ပုန်းနေရတာလေ။ အမျိုးသား တွေကလည်း ရှောင်နေရတာလေ။ ချွေးတပ်ဆိုပြီး သံဖြူဇရပ်ပို့တာကိုး။ အဲဒီမှာလည်း သေကြတယ်လေ။ ဒါကြောင့် ဗမာ့တပ်မတော်ထဲ ဝင်ကြပါ ဆိုပြီး ဝင်ကြတာတော်တော်များတယ်။ အဲဒါ က တစ်မျိုးပေါ့။ ဒီဘက် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးတော့ ပါတီထောင်တဲ့ အခါကျတော့ တပ်ထဲက လူတွေက ပါတီထဲဝင်ရတယ်ဆိုတာ  အဲဒါတွေပေါ့။ အာဏာသိမ်းတာက ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီက သိမ်းတာကိုး။ တော်လှန်ရေးကောင်စီဝင်တွေ အကုန်လုံးက တပ်မတော်ခေါင်းဆောင်တွေကိုး။ အဲဒီတော့ တပ်မတော်က အာဏာသိမ်းသလို ဖြစ်သွားတာပေါ့။ ဖြစ် သွားတော့ တပ်မတော်ထုံးစံက ကိုယ့်ရဲ့ တပ်မှူးကြီးများရဲ့ပေးတဲ့တာဝန်ကို ထမ်းဆောင်လေ့ရှိတယ်။ ဟေ့ ဒီမှာ မင်းတို့တစ်တွေ ပါတီထဲဝင်ရမယ်ဆို လည်း ပါတီထဲဝင်လိုက်ကြတာပဲ။ ဘာရယ်လို့ မဟုတ်ဘူး။ ပါတီထဲရောက်တော့လည်း ပါတီသဘောတရားတွေ လေ့လာ၊ ပါတီသင်တန်း တက်တော့ လည်း နိုင်ငံရေးသမား စိတ်ဓာတ်တွေရသွားကြတာပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ခေါင်းဆောင်တာတော့ တော်လှန်ရေးကောင်စီနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ခေါင်းဆောင်တယ်။ တပ်မတော်က ခေါင်းဆောင်တွေက အဲဒီပါတီ ရဲ့ ခေါင်းဆောင်တွေဖြစ်လာတာ ပေါ့။ ကျန်တဲ့ဟာကတော့ အရပ် သားတွေရော၊ တပ်မတော်သားတွေရော၊ နောက်ပိုင်းကျတော့ အရပ်သားများတာပဲ။ ဘာလို့လဲဆိုတော့ အရပ်သားကဦးရေများတာကိုး။ တပ်မတော် သားက နည်းနည်းလေးရှိတာကိုး။ အခြေအနေကို က အဲဒီလိုဖြစ်သွားတာကိုး။ ဘာလို့ လဲဆိုတော့ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းတယ်။ တပ်ကနေ ပါတီထောင်မယ်။ မင်းတို့လည်း ပါကြဆိုတော့ အားလုံးပါကြတာ။ ဘာရယ်လို့ မဟုတ်ဘူး။ ပါပြီး တော့လည်း လမ်းစဉ်ပါတီကပေးတဲ့ တာဝန်တွေကို စစ်သားကျတော့ တပ်ရဲ့တာဝန်ရော ပါတီတာဝန်ရော ထမ်းဆောင်ကြရတယ်။ စစ်တိုက် တဲ့တာဝန် သပ်သပ်ထမ်းဆောင်တဲ့ သူတွေကျတော့လည်း နာမည်အား ဖြင့် ပါတီထဲပါထားတယ်။ ပါတီ အလုပ်တော့မလုပ်ဘူးပေါ့။ စစ်လုပ် ငန်းလုပ်တယ်။ ပါတီလုပ်ငန်းလုပ်ဖို့ ပါတီထဲ ပါရတဲ့သူတွေကျတော့ လည်း တခြားလုပ်ငန်း မလုပ်တော့ ဘူး။ ပါတီလုပ်ငန်းလုပ်တယ်။ ဒါပေမဲ့ အားလုံးဟာ စစ်ယူနီဖောင်း နဲ့ပဲ လုပ်ကြတယ်လေ။ အဲဒီတုန်းက တော့ ပါတီရယ်၊ တပ်မတော်ရယ်၊ အရပ်သားတွေရယ်က တစ်စည်း တစ်လုံးတည်းရှိတာကိုး။ ခွဲခြားမှုမရှိ ဘူးလေ။ ပါတီရဲ့ထုံးစံ၊ စစ်တပ်ရဲ့ ထုံးစံကိုက အဲဒီလိုဖြစ်တာကိုး။ ပထမလူတုန်းက နိုင်ငံရေးကနေ တပ်ရောက်တယ်။ ဒုတိယလူတွေ ကတပ်ကနေနိုင်ငံရေးရောက်တယ်။ အဲဒီလိုဖြစ်တာကိုး။ ဒါကတော့ အပြင်ကကြည့်ရင် အဲဒီလိုထင်ရ တယ်။ ဖြစ်စဉ်ကိုက အဲဒီလိုဖြစ်သွား တာ။
ဖြစ်စဉ်ရဲ့လိုအပ်ချက်လို့ ပြောတာလား။
အဲဒါပဲ။
ဘဘ အညမညသဘောတရား နဲ့ပတ်သက်ပြီး ရေးဖြစ်ခဲ့ပုံလေး ပြောပြပါဦး။
အဲ .. အဲဒါပြောပြမယ်။ ဘဘတို့က အညမညသဘောတရားကို ရေးတာက မြန်မာ့ဆိုရှယ်လစ် လမ်း စဉ်ပါတီထောင်တော့မှ ရေးတာမ ဟုတ်ဘူး။ အဲဒါ မထောင်ခင်ကတည်းက ရေးထားတာရှိတယ်။  ပထမ ဘဘတို့တပ်ထဲရောက်တော့ စိတ်ဓာတ်စစ်ဆင်ရေးဌာနဆိုတာ ရှိတယ်။ အဲဒီစိတ်ဓာတ် စစ်ဆင် ရေး ဌာနက အဲဒီအချိန်တုန်းက တောခိုနေတဲ့သူပုန်တွေကို ဆန့်ကျင်ပြီး တိုက်ရတာ။ တောခိုတဲ့သူပုန်ထဲမှာလည်း အင်အားအကောင်းဆုံးနဲ့ အတက်ကြွဆုံးက ဗ.က.ပ။ အဲဒီ တော့ ဗ.က.ပကို ဆန့်ကျင်တဲ့ ဝါဒတွေဖြန့်ရမှာလေ။ ဗ.က.ပကို မကြိုက်ဘူးဆိုပြီး ဖြန့်တာမျိုးမဟုတ်ဘူး။ ဗ.က.ပ ဟာ သူတို့ပြောတဲ့ ကွန်မြူနစ်ဝါဒအတိုင်း တကယ်လုပ်တဲ့ ဗ.က.ပမဟုတ်ဘူး။ တကယ့် ကွန်မြူနစ်ဝါဒက ဘယ်လိုဆိုပြီးမှ သူတို့နဲ့ဆန့်ကျင် ပြောရတာ။ အဲဒီတုန်းက ကွန်မြူနစ်ဝါဒကို ဆန့်ကျင်တာလည်း မဟုတ်ဘူး။ ဗ.က.ပကိုတော့ ဆန့်ကျင်တယ်။ ကွန်မြူနစ်ဝါဒကို မဆန့်ကျင်ဘူးဆိုလို့ အဲဒီဝါဒကို ဟောတာလားဆိုတော့ မဟုတ်ဘူး။ ကွန်မြူနစ်ဝါဒက ဒီလိုဆိုတယ်။ ဗ.က.ပတွေလုပ်နေတာ  ဒီလိုလုပ်နေတယ်။ အဲဒီတော့ တစ်ခုနဲ့တစ်ခု မညီညွတ်ဘူး။ ဒါ ကြောင့် ဒီမောင်တွေမှားနေတယ်။ အဲဒီလို ဝေဖန်တာကိုး။ အဲဒီလို ဝေ ဖန်တဲ့တိုက်ပွဲကို စိတ်ဓာတ်စစ်ဆင် ရေးဌာနက လုပ်တယ်။ ဘဘက အဲဒီစိတ်ဓာတ် စစ်ဆင်ရေးဌာနမှာလည်း နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားပို့ချခဲ့တဲ့သူဖြစ်တဲ့အတွက် အဲဒီကတည်းက အညမည သဘောတရား၊ နောက်တစ်ခါ အညမည ဖြစ်ရပ်မှန်သဘောတရားစာတမ်းကို အဲဒီကတည်းက ရေးပြီးသားဖြစ်တယ်။ ရေးထားခဲ့ပေမယ့် အည မည လို့ မကြေညာဘူး။ ရှိတော့ရှိနေတယ်။ ရှိနေပေမယ့်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အညမညသဘောတရားပုံစံမျိုးတော့ မဟုတ်ဘူး။ ဟိုခေတ် က ဒီမိုကရေစီ သဘောတရားကို ဟောရတာကိုး။ အဲဒီတော့ ဒီမိုကရေစီနဲ့ ညီညွတ်တဲ့ဟာကို စံထားရေးရတာ။ အနှစ်သာရက သိပ်မကွာဘူး။  ဟိုခေတ် ကရေးတာနဲ့တော့ အတူတူပဲ။ တော်လှန်ရေးကောင်စီခေတ် ရောက်တော့ ပထမဦးဆုံး အဲဒီဟာ မရေးခင် ဦးနေဝင်းက ဘဘရယ်၊ ဗိုလ်မှူး ကြီးစောမြင့်ရယ်၊ ဦးစောဦးရယ်ကို သုံးယောက်ခေါ်ပြီးတို့ ဆိုရှယ်လစ်နိုင်ငံထူထောင်ချင်တယ်။ အဲဒီတော့ မင်းတို့ ဆိုရှယ်လစ်စနစ် ဆိုတာ ဘာလဲဆို တာကို  သဘော တရားစာတမ်းတစ်ခုရေးစမ်း။ သဘောတရားမရေးခင် လုပ်ငန်းစဉ်စာတမ်းကို ရေးခိုင်းတယ်။ အဲဒီလုပ်ငန်းစဉ် စာတမ်းကိုတော့ ဗိုလ်မှူးကြီးစောမြင့်ရယ်၊ ဦးစောဦးရယ်၊ ဘဘရယ် သုံးယောက်ပေါင်း ရေးခဲ့ရတယ်။ ဘဘတို့ဆိုတာ ခုနက သုံးယောက်ပေါ့။ ဒီ အညမည သဘော တရားက တာဝန်ခံပြီးရေးတာ ဘဘတစ်ယောက်ထဲပဲ။ဒါပေမဲ့ လို့ ခေါ်ပြောတာက သုံးယောက်စလုံးကို ခေါ်ပြောတာ။ ခေါ်ပြောတဲ့ အခါမှာ အဲဒါက ဘယ်တုန်းက ပြောတာလဲဆိုတော့ ၁၉၆၂ ပေါ့။ နိုဝင်ဘာ ရ ရက်နေ့မှာ ခေါ်ပြောတယ်။ တို့ပါတီတော့ထောင်ပြီးပြီ။ ရှေ့ လျှောက်သဘောတရား ရှိမှဖြစ်မယ်။ မင်းတို့ဘာတွေ လုပ်ထားတာရှိသလဲ။ အဲဒီတော့ ဘဘကပဲ ပြောရတာပေါ့။ ကျွန်တော်တို့မှာ ရေးထားပြီးတာတော့ ရှိပါတယ်။ အရင် ခေတ်တုန်းက ဗိုလ်ချုပ်ခိုင်းလို့ရေးတာဆိုတော့။ ဟုတ်လား။ အဲဒီလိုဆိုရင် ဒီလိုလုပ်ကွာတဲ့။ ငါ့ကိုချက်ချင်း မတင်နဲ့ဦးတဲ့။ ပြန်ပြင်ရေးတဲ့။ အခု တို့ကြေညာထားတဲ့ ဆိုရှယ် လစ်နဲ့ကိုက်အောင် ပြန်ပြင်ရေးဆို တော့ ပြန်ပြင်ရေးရတာပေါ့။ ပြန် ပြင်ရေးတော့လည်း မခက်ပါဘူး။  ဒီမိုကရေစီဆိုတဲ့ စကားနေရာမှာ ဆိုရှယ်လစ်ဆိုတဲ့ စကားထည့်လိုက်တာပဲ။

ပြည်တွင်းစစ်ဖြစ်ပွားရတာ၊ ငြိမ်းချမ်းရေးပြဿနာ မပြေလည်ခဲ့တာ ကွန်မြူနစ်ပါတီတစ်ခုတည်းရဲ့ အားနည်းချက်လား။ အဲဒီ ခေတ် ကတည်ဆဲအစိုးရ ဖဆပလရှိမယ်။ ပြီးတော့ဒီဘက်နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရရှိမယ်။ ဒါတွေရဲ့အားနည်း ချက် ကော မရှိဘူးလား။
ပါတာပေါ့။ ဒါပေမဲ့လို့ Mainက ဒီလိုလေ။ တောခိုပြီး သူပုန်ထရင် ဘယ်သူပုန်အဖွဲ့အစည်း ဖြစ်ဖြစ် လက်နက်ချဖို့ဆိုတာ သိပ်မလွယ်ဘူး။ ငါတို့ဒီနယ် မြေကို သိမ်းလိုက်ရင် သူ့ကိုယ်သူတော့ တရားတယ်လို့ ထင်တယ်။ တရားဝင် အစိုးရဘက်ကကြည့်တော့ သူက မတရားဘူး။ အဲဒီတော့ တရား ဝင်ဖြစ် တဲ့ ဖဆပလက တရားဝင်မှုကိုရပြီးတော့ တောခိုတဲ့သူပုန်က ဘာသူပုန်ဖြစ်ဖြစ် တရားမဝင်တဲ့ ဘက်ကနေရတယ်။ သူက တစ်ပန်းရှုံးတယ်။ သူတို့ အုပ်ချုပ်တဲ့နေရာမှာ သူတို့အခွန်ကောက်မယ်။ ဆက်ကြေးတောင်းမယ်။ သူတို့လည်း အကြမ်းပတမ်း လုပ်ရတာပဲ။ လုပ်ရတာချင်း အတူတူ တရားဝင် အစိုးရ လုပ်တာနဲ့ သူတို့လုပ်တာနဲ့ မတူဘူး။ တရားဝင်အစိုးရဆိုတာ ဘယ်သူ ဖြစ်ဖြစ် အမြဲတမ်းတစ်ပန်းသာတယ်။ ဒါကြောင့်မို့လို့ တရားဝင်အစိုးရ လုပ် နိုင်ဖို့ဆိုတာက ဥပဒေထဲမှာရှိရ မယ်။ ဥပဒေထဲမှာ ရှိဖို့ဆိုတာက  ဒီမိုကရေစီရှိမှ ရတာ။ အဲဒီတော့ ဟိုးတုန်းက ဒီမိုကရေစီဘောင်ထဲကို ဝင်လာကြပါလို့ ဦးနုတို့ခေါ်တာ။ အမှန်ကွန်မြူနစ်ပါတီက သူတို့ အ,တာ။ အခုလောက်ဆိုရင် တိုင်း ပြည်က သူတို့ လက်ထဲရောက် လောက်ပြီ။ ဖဆပလက အားနည်း တဲ့အချိန်ဆိုတော့ကိုယ့်ဖာသာကိုယ် လုပ်ရင် လုပ်နိုင်မှာလေ။ ဦးနု အစိုးရပေးတဲ့ ရွေးကောက်ပွဲကို လည်းမဝင်ဘူး။ ငါတို့ဟာ ငါတို့ တိုက်ယူမယ်။ ဦးနုကို အရှင် ဖမ်း မယ်ဆိုပြီးမဟုတ်တာတွေ လျှောက် ပြောတော့အရှင်လည်း မဖမ်းနိုင်ဘူး။ ရှုံးသွားတယ်လေ။ ရှုံးသွားတာက သူတို့ချင်းသတ်တာလေ။ ကွန်မြူနစ် ဝါဒမှာက သူတို့ချင်းသတ်တာ မပါ ဘူးလေ။တစ်ယောက်နဲ့တစ်ယောက် မတည့်တော့၊ သတ်တော့အဲဒါကိုက ကွန်မြူနစ် တွေးနည်းမဟုတ်ဘူး။ စိတ်လိုက်မာန်ပါ တွေးတာ။ ကွန်မြူ နစ်တွေးနည်းက ဒီလို။ မောင်ဘပဲ တွေးတွေး၊ ဘယ်သူပဲတွေးတွေး၊ ကိုယ့်စိတ်အလိုနဲ့ မတွေးရဘူး။ ကိုယ့်စိတ်အလိုမဟုတ်တဲ့ တခြား လူတွေရဲ့ စိတ်အလိုနဲ့ တွေးရတယ်။ အဲဒါ ကွန်မြူနစ်တွေးနည်းအစစ်။ အဲဒါအမှန်ပဲ။ စိတ်အလိုလိုက်ဝါဒနဲ့ မတွေးရဘူး။ အများအလိုက ဘယ် လိုရှိလဲ ကြည့်ပြီးမှလုပ်ရတာ။ မိမိရဲ့ လောဘဒေါသကို အမြဲနှိမ်ထားရ တာ။ ဗကပက ပြောင်းပြန်။ အဲဒါ ကြောင့် ကျဆုံးတာ။ ပြည်တွင်း စစ်မငြိမ်းချမ်းတာတော့ နောက်တိုး လာတဲ့အဖွဲ့တွေလေ။ ကချင် သောင်းကျန်းသူ။ ကရင်ကတော့ အစကတည်းက ရည်ရွယ်ချက်ရှိ တယ်။ ဗိုလ်ချုပ်အောင်ဆန်းရှိနေ တုန်းသာ ငြိမ်နေတာ။ ဗိုလ်ချုပ် အောင်ဆန်းသေသွားတော့ စောဘ ဦးကြီးတို့က ဒီဟာတို့အတွက် အကွက်ပဲဆိုပြီး၊ ဦးနုတို့က အမျိုးမျိုး လိုက်ပြောတာတောင်မှ ဖဆပလ အစိုးရ ရန်ကုန်မှာ အားနည်းနေတဲ့ အချိန်မှာ ပြည်မြို့ကတပ်နဲ့ တောင်ငူ ကတပ်ကိုခေါ်ပြီး ရန်ကုန်ကို သိမ်းမှာ။ သိမ်းပြီးရင် ဧရာဝတီရယ်၊ ပဲခူးရယ်၊ တောင်ငူပါတဲ့အပိုင်းရယ်၊ ဟံသာဝတီ … ပဲခူးပေါ့လေ။ တီသုံးတီခေါ်တယ်။ ဧရာဝတီ၊ ဟံသာဝတီ၊ ကေတုမတီ အဲဒါတွေ အကုန်လုံးသိမ်းမှာ။ သိမ်းပြီးရင် ကရင်သမ္မတနိုင်ငံ ထောင်မှာ။ ပြီးရင် အင်္ဂလန်က ကွန်ဆာဗေးတစ်ပါတီ က အားပေးမှာ။ ကံကောင်းလို့ အဲဒီ တပ်ကို ခံတိုက်နိုင်လို့ ရန်ကုန်အစိုးရ ဦးနုသက်သာသွားတာ။ ဗိုလ်ချုပ် နေဝင်းပါတာပေါ့။ အဲဒီတုန်းက ဗိုလ် ချုပ်ကျော်ဇောကလည်း တပ်မတော်မှာပါတယ်။ ကရင်တွေက လည်း အင်းစိန်ကို ဇိမ်နဲ့လာတာ။ သားတွေသမီးတွေခေါ်ပြီးတော့။ တပ်မတော်က စစ်တိုက်တာ တော် လို့ အငိုက်မိသွားကြတာ။ အဲဒီအ ကြောင်းလည်း ဘဘရေးတဲ့စာအုပ် ထဲမှာ ထည့်ရေးထားတယ်။ ကရင် ကသောင်းကျန်းသူထဲမှာ စစ် တိုက်တော်တာရယ်၊ စည်းလုံးတာ တော်တာရယ်ဟာ ကျန်တဲ့ ရှမ်း သောင်းကျန်းသူ၊ ကချင်သောင်း ကျန်းသူက ကရင်ကိုမမီဘူး။ ကရင် က မလွယ်ဘူး။ အမှန်အတိုင်း ပြောရရင်တော့ ကရင်နဲ့တိုက်ရတာ ဗမာ့တပ်မတော်ကတော်တော်လေး လုပ်ရတယ်။ ရေရှည်တိုက်ကြပြီ ဆိုရင်တော့ တပ်မတော်ကို မနိုင် နိုင်ဘူး။ လေ့ကျင့်ထားပုံချင်းက မတူကြဘူး။ ဒါကြောင့်မို့ ဘဘတို့ က ခင်ဗျားတို့လက်နက်နဲ့ သူပုန်ထ ပြီး ခွဲထွက်ဖို့ မလုပ်ပါနဲ့။ ခွဲထွက်ရင်   ခင်ဗျားတို့နိုင်မှာမဟုတ်ဘူး။ ရှုံးမှာ။ ချက်ချင်းတော့ မရှုံးဘူး။ ူသညါ  ွှငာန ကျရင် တပ်မတော်ကို မနိုင် ဘူး။ တိုက်ပုံတိုက်နည်းတွေ ရှိတာ ပေါ့။ တပ်မတော်က လူတွေက အင် အားများတော့ နှစ်ဖက်အတူကြမ်း ကြတော့မယ်ဆိုရင် အင်အားနည်း တဲ့သူ ရှုံးမှာပဲ။ ရေရှည်ကျတော့ သူတို့ရှုံးမှာပဲလေ။ ရှုံးမယ့်အတူ အရှုံး လည်းမခံနဲ့။ တပ်မတော်နဲ့ပေါင်း၊ ပြည်ထောင်စုနဲ့ပေါင်း၊ ပြည်ထောင် စုက ခွဲမထွက်နဲ့။ ခွဲထွက်မယ်ဆိုပြီး မတောင်းနဲ့။ ဘဘတို့က အဲဒါပြော တာ။
ခုနက ဘဘပြောပုံအရဆိုရင် ဗိုလ်နေဝင်းကမြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို စမ်းလုပ်ကြည့်မယ်။ စမ်းကြည့်ပြီးတော့ မဖြစ်နိုင်ဘူး ဆိုရင် ပြန်ပြောင်းမယ်ပေါ့။
အဲဒါပဲ။ သူ့ဟာသူ ပြောင်းပစ် တာလေ။ ဦးနေဝင်းက မင်းတို့ တစ်ပါတီကြိုက်သလား၊ ပါတီစုံကြိုက်သလား ပြောတယ်လေ။ သူအဲဒီလို လမ်းဖွင့်ပေး လိုက်လို့ အရေးအခင်း ကြီးပေါ်တာပေါ့။ ဇွတ်အတင်းကိုင် ထားရင်လည်း ဘာမှမတတ်နိုင်ဘူးနော်။ စဉ်းစားကြည့်လေ။ ဒီမိုကရေစီဖြစ်လာအောင် ဦးနေဝင်းဖွင့်ခဲ့တာ။
အဲဒါဆို ၂၆ နှစ်လုံးလုံး တိုင်းပြည် ချွတ်ခြုံကျသွားတဲ့ အထိ ကျွန်တော်တို့ တိုင်းပြည် အစမ်းသပ် ခံခဲ့ရတာပေါ့။
ဒါပေါ့။ ဒီလိုတော့ ပြောနိုင်တယ်။ ဒါပေမဲ့ ဒီလိုပြောနိုင်တယ် ဆိုပေမယ့် စမ်းသပ်တာတော့ မဟုတ်ဘူး။ အစကတော့ လုပ်ကြည့်တာပဲ။ လုပ်ရင်း လုပ် ရင်းက မအောင်မြင်လာဘူးလေ။ မအောင်မြင်ဘူးဆိုပေမယ့် လုံးလုံးမအောင်မြင်တာတော့ မဟုတ်ဘူးနော်။ တချို့ကိစ္စတွေမှာ အဆင်ပြေတာ လေး တွေ ရှိတယ်။ ဥပမာ စားကုန်သောက်ကုန်တွေ သိပ်ဈေးမတက်ဘူး။ ထိန်းနိုင်ခဲ့တယ်။ မှားသွားတာကတော့ သမဝါယမလုပ်ငန်းကို အခြေခံပြီး လုပ်ရ မယ့်ကိစ္စမှာ သိပ်မလုပ်နိုင်ခဲ့ဘူး။ မလုပ်နိုင်ဘဲ ကုန်စည်ထုတ်လုပ်မှုရော၊ ဖြန့်ဝေမှုရော နိုင်ငံရေးစကားနဲ့ ပြောရရင် ဗျူရိုကရေစီပုံစံ လုပ်သွားတဲ့အခါ ကျတော့ ထင်သလောက်မတွင်ကျယ် ဘူး။ လုပ်ရမှာက ဈေးကွက်ရောင်း ဝယ်တဲ့ပုံစံနဲ့ လုပ်သွားရမှာ။ ဦးနေ ဝင်းလည်း သိတော့ သိတယ်။ သိပေမယ့် လုပ်ချိန်မရဘူးနဲ့ တူတယ်။ တရုတ်ပြည်မှာ အပြောင်းအလဲဖြစ်တယ်လေ။ တရုတ်ပြည်က ပြောင်းလဲနည်း ပြောင်းလဲပါလို့ ဘဘနဲ့ဦးစောဦး သွားပြော သေး တယ်။ ပြောတော့ အေးကွာ ငါ စဉ်းစားဦးမယ်တဲ့။ ချက်ချင်းတော့ ပြောင်းလို့မရသေးဘူးဆိုပြီးမှ ၁၉၈၅ ခုနှစ်လောက်က ပြောတယ်။ ပြော ပြီး သူ့ဘာသာသူ မေ့လား။ ဘဘ ကလည်း အဲဒီအချိန်မှာ မပါတော့ ဘူးဆိုတော့ သိပ်မသိဘူး။ နောက် တစ်ခါ ၁၉၈ရ ကျတော့ ပြောင်း မယ်ဆိုပြီး လုပ်ပြန်ရော။ လုပ်မယ် လို့ အချို့လူတွေက သူပြောင်းမယ့် ကိစ္စမှာ ဘယ်လိုပြောင်းမယ်ဆိုတာ သူခိုင်းထားတာတွေရှိတယ်။ အချို့ လူတွေက အချိန်မီ သူ့ဆီမတင်ဘူး။ မတင်ဘူးလို့ ထင်ရတာလေ။
သူက ခိုင်းထားတာလား။
ဟုတ်တယ်။ အများကြီးကို ခိုင်းထားတာပဲ။ တော်လှန်ရေး ကောင်စီဝင်တွေအကုန်လုံး။ သူတို့ ကလည်း မတင်တာမဟုတ်ဘူး။ ဘယ်လိုတင်ရမှန်း မသိဘူး။ ဦးတင်အောင်ဟိန်းတစ်ယောက်ပဲ တင်နိုင်တယ်။ ဦးတင်အောင်ဟိန်းက နိုင်ငံတော်တရားသူကြီးချုပ်လေ။ ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌလေ။ အကုန်လုံးက မတင်ချင်လို့မဟုတ် ဘူး။ မတင်ဖြစ်သွားတာ။ အဲဒီတော့ ဦးနေဝင်းက ၁၉၈၈ ထဲလည်းဝင် ရော ရှုပ်တယ်ကွာ။ မင်းတို့ တစ်ပါတီကြိုက်လား၊ ဘာကြိုက်လဲ လုပ်ချင်တာသာလုပ်တော့ ဆိုပြီး သူက ဆန္ဒခံယူခိုင်းတာ။ ခံယူခိုင်းတုန်းမှာပဲ ဆန္ဒခံယူခိုင်းလိုက်တာဟာ ပြည်သူလူထုကို မင်းတို့ ဆန္ဒပြကြတော့လို့ ပြောလိုက်သလို ဖြစ်သွားတာ။ အဲတော့ ပြည်သူကလည်း ဆန္ဒပြကြတာပေါ့။ အဲဒီ တော့ ဦးနေဝင်းက ဆိုရှယ်လစ်ဝါဒကို မကြိုက်ဘဲနဲ့ လုပ်တာတော့ မဟုတ်ဘူး။ ဦးနေဝင်းက ဒီလိုလေ တို့ဗမာအစည်းအရုံး ကတည်းက သခင်ဗစိန်ဂိုဏ်းက သခင်ရှု မောင် လေ။ သူလည်း နိုင်ငံရေးသမား သိလား။ ဒါပေမဲ့ ဘယ်ဝါဒကိုပဲ ဖြစ်ဖြစ် တိုင်းပြည်ကောင်းမယ်ထင်လို့ စမ်းကြည့်ချင်တယ်။ မကောင်းရင် ပြင်မယ်ဆိုတဲ့ဝါဒပဲ။ သူက လှေနံဓားထစ် တရားသေဝါဒသမား မဟုတ်ဘူး။ အဲဒါအမှန်ပဲ။ လုပ်တာကတော့ စိတ်ကောင်းစေတနာ ကောင်းနဲ့ လုပ်တာပဲ။ အဲဒီသူ့ရဲ့ တပ်မတော်က လုပ်ပေးတဲ့သူတွေ ကလည်း စိတ်ကောင်းစေတနာ ကောင်းနဲ့ လုပ်ပေးတာပဲ။ လုပ်ပေးပေမယ့်လို့ ဒီဆိုရှယ်လစ် ဝါဒစီးပွား ရေးလုပ်ငန်းဆိုတာက တော်တော် လေးသိမ်မွေ့တယ်။ပြောသလောက် မလွယ်ဘူး။
အခုလည်း စကားစပ်လို့ ဦးနေဝင်းက ဆိုရှယ်လစ်ကို ယုံသလား၊ မယုံသလားဆိုတာပြောရရင် မောင် စူးစမ်းက အမြဲပြောလေ့ရှိတယ်။ မြန် မာနိုင်ငံက ဆိုရှယ်လစ်စနစ်ကို ထောင်လိုက်တာ ထောင်ဖို့ လိုအပ် ချက်မရောက်သေးဘူးလို့ သူက ယူဆတယ်။ အဲဒါပဲ။ ဘဘတို့လုပ် ခဲ့တာဟာ လုပ်ချင်စိတ်ပဲ များတာ။ ဦးနေဝင်းက လုပ်ကြကွာလို့ခိုင်းလို့ ဘဘတို့က လုပ်ကြတာပေါ့။ ပြန်တွေးကြည့်တဲ့အခါကျတော့ ဆိုရှယ် လစ်စီးပွားရေးလုပ်ဖို့ မြန်မာပြည်ရဲ့ အခြေအနေက အဆင်သင့်ကိုမဖြစ် သေးဘူး။ မဖြစ်သေးတော့ သိတဲ့ အတိုင်းပဲ။ မအောင်မြင်ဘူးပေါ့။
အဲဒီလိုအဆင်သင့် မရှိသေး ဘူးဆိုတဲ့ အတွေးမျိုး ဘဘ ခေါင်းထဲဘယ်အချိန်လောက်က ဝင်လာတာလဲ။
၁၉၈ဝ လောက်ကျတော့ စဉ်းစားလို့ရလာပြီ။ ဘာလို့လဲဆိုတော့ သိပ်မအောင်မြင်ဘူးလေ။ ပြန်တွက်ကြည့်တာလေ။ နံပါတ်တစ်က ဘဘတို့တိုင်း ပြည်ရဲ့ သယံဇာတပစ္စည်းက ပြောသာပြောတာ။ ဒီလောက်ကြီး ပေါများကြွယ်ဝတာ မဟုတ်ဘူး။ ဘဘတို့ဆီမှာ ကျောက် မီးသွေးကောင်းကောင်း မရှိဘူးလေ။ သံလည်း မထွက်ဘူးလေ။ ထွက်တဲ့သံကလည်း နုနုလေးရှိတယ်။ သံမဏိဆိုတာ ဝေးတယ်။ စက်မှုလက်မှု ထောင်တယ်ဆိုတာက အဲဒါတွေ ရှိမှလေ။ စွမ်းအင်ဘက်ကကြည့်ဦး စွမ်းအင်အားလည်း နည်းတယ်။ နည်းပညာကျတော့လည်း အဆင့် အတန်း တော်တော်နိမ့်တယ်။ ဒါမျိုး ဆိုရှယ်လစ်ထောင်ချင်ရင် အဲဒီဟာ တွေ အကုန်ပြည့်စုံမှ ထောင်လို့ရမှာ။ အဲဒီတော့ ကားလ်မာ့ခ်စ်ကလည်း အခြေခံစက်မှုလက်မှု စီးပွားရေး အခြေအနေ မြင့်တက်လာတော့မှ ဆိုရှယ်လစ်စီးပွားရေး လုပ်လို့ရ တာလို့ ပြောခဲ့တာ။ အခုတော့ ဘာမှမရှိသေးဘဲနဲ့ သွားလုပ်ခဲ့တာ ပေါ့။ အဓိပ္ပာယ်ကတော့ ပြောလို့ တော့ မကောင်းပါဘူး။ ဘဘတို့ လည်း ဝမရှိဘဲ ဝိသွားလုပ်တဲ့ သဘောဖြစ်တာကိုး။ ဘဘတို့က စိတ်ဆန္ဒထက်သန်ပြီး လုပ်လိုက် ကြတာပဲ။ ဒီလိုလေ။ ဝါဒဖြန့် တာက တရုတ်ကလည်း ကွန်မြူ နစ်၊ ဗီယက်နမ်ကလည်း ကွန်မြူ နစ်၊ လာအိုကလည်း ကွန်မြူနစ် ဖြစ်နေကြတဲ့အချိန်မှာ ကမ္ဘာအရပ် ရပ်မှာလည်း ကွန်မြူနစ်ဝါဒခေတ်စား တဲ့အချိန်ဆိုတော့ ကိုင်း၊ တို့က အရင်းရှင် နောက်လိုက်မဟုတ်ဘူး။ အရင်းရှင်ဝါဒ မကောင်းဘူးလို့ဆိုပြီး လုပ်လိုက်ကြတာပဲ။ အမှန်ကတော့ အရင်းရှင်ဝါဒဖြစ်ပေါ်တိုးတက်မှု မြင့်မားလာမှ ဆိုရှယ်လစ်ကို ကူးရ မှာ… သူ့ထုံးစံက။ သူ့ထုံးစံကို ကျော်ပြီးလုပ်တာ။ ဘဘတော့ မှား တယ်လို့ထင်တယ်။ ဒါက ဘဘ ထင်တာ။ နောက်တစ်ခုက ဒီလိုပါ … ဦးနေဝင်းဘက်ကို ကာကွယ် ပြီးပြောတာတော့မဟုတ်ဘူး။
ဦးနေဝင်းက ၁၉၉၅ ခု၊ ဇူလိုင် လ ၂၆ ရက်နေ့ ညနေ ၃ နာရီမှ ပြောတာ။ သူ့အိမ်မှာ ဦးတင်အောင် ဟိန်းနဲ့ဘဘကို တွေ့ဖို့။ မတွေ့တာ ကြာလို့ခေါ်တာ။ နိုင်ငံရေးတွေ ဘာတွေမဆွေးနွေးပါဘူး။ ဘာသာ ရေးတွေပြောကြတာ။ နိုင်ငံရေးအကြောင်း လုံးလုံးကိုမပြောတော့ဘူး။ ခဏနေတော့ ရုတ်တရက် ဘာစိတ်ကူးပေါက်တယ် မသိဘူး။ ဟေ့ကောင်တွေတဲ့၊ကိုတင်အောင်ဟိန်းရော၊ ဖိုးချစ်လှိုင်ရော နားထောင်တဲ့။ ငါ့စိတ်ထဲမှာရှိတာ ပြောချင်လို့ပါ။ ငါအခု လယ်တီဆရာတော်ဘုရားကြီးရဲ့ ကမ္မဌာန်းကျမ်းကိုဖတ်ပြီး တရားထိုင်တာ သိပ်စိတ်ချမ်းသာတယ်ကွာတဲ့။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေလည်း တော်တော်လေးသိလာတယ်ကွာတဲ့။ ဒီတရားတွေ ငါ ၁၉၆၂ခုနှစ်ကသိရင် အာဏာသိမ်းတဲ့ကိစ္စတွေ မလုပ်ခဲ့ဘူးတဲ့။ အဲဒီလိုပြောတာ။ အဲဒီတော့ ပြီး ရောပေါ့။ မှားသလား မှန်သလားမေး မနေနဲ့တော့။ ဒီတစ်ချက်တည်းနဲ့ ပြီးသွားပြီ။ ဦးနေဝင်းက ၁၉၆၂ ခုနှစ် အာဏာသိမ်းတာ မှားတယ်လို့ ပြော လိုက်တာပဲလေ။ အဲဒီဟာမှားတယ်ဆိုမှတော့ သူ့ နောက်က နောက်ဆက်တွဲတွေက လည်း ဘာဖြစ်သွားမလဲ။
ဘဘကရော၁၉၆၂အာဏာ သိမ်းတာမှားတယ်လို့ယူဆခဲ့လား။
မယူဆခဲ့ဘူး။ အာဏာသိမ်းဖို့ ကိစ္စ ပြင်ဆင်ခိုင်းတော့ ဘဘတို့ ပြင်ဆင်ခဲ့ရတယ်။
အခု ဒီဘက်နောက်ပိုင်း အတွေးနဲ့ ၆၂ ကို လှမ်းမျှော် ကြည့်တော့ ဘယ်လိုလဲ။ မှား တယ်လို့ မယူဆမိဘူးလား။
မဟုတ်ဘူး။ မှန်တာမှားတာနဲ့ မဆိုင်ဘူး။ ဏသူငအငခေူ ှခငနညခန ဆို တာက အဲဒီကိစ္စဟာ အဲဒီတုန်းက လုပ်လို့ဖြစ်သလား မဖြစ်ဘူးလားဆို တာပဲ။ ဆိုရှယ်လစ် စီးပွားရေးစနစ် လုပ်လို့မဖြစ်သေးတဲ့ အချိန်မှာ စီးပွားရေးမူချမှတ်ပြီး လုပ်တာ မှားတယ်။ မှားတယ်ဆိုတာလည်း အကြောင်းတရားနဲ့ မညီညွတ်ဘူး။ နိုင်ငံရေးမှာက ဒါတော့ မှားတယ်။ ဒါတော့ဘာဆိုတာမသိဘူး။ အောင် မြင်တယ်။ မအောင်မြင်ဘူးကို ကြည့်ပြီးပြောရတာကိုး။
နောက်တစ်ချက်က မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တစ်လျှောက်လုံးမှာ မြန်မာ့ဆိုရှယ်လစ်ဆိုတဲ့ အမြင်ထက်စာရင် အပေါ်အောက်ဆက်ဆံ ရေးတွေ၊ ပါတီကအာဏာရှိတဲ့သူတွေက လူထုအပေါ် ဆက်ဆံတဲ့နေရာမှာ အရမ်းဗျူရိုကရက်ဆန်တာတွေမှာ အဲဒီဟာတွေက ဆိုရှယ် လစ်စနစ် ထက်စာရင် ပိုပြီး ရင့် သန်လာတယ်လို့ ပြောလို့ရလား။
မဟုတ်ဘူး။ ဆိုရှယ်လစ်စနစ်ကြောင့် မဟုတ်ဘူး။ ရှေးတုန်းက အလေ့အကျင့်ကို မဖျောက်နိုင်တာ။ ရှင်းရှင်းပြောရရင် ဆိုရှယ်လစ်စနစ် ဆက်ဆံရေးဟာ ဗျူရိုကရက်နဲ့လုံး ဝဆန့်ကျင်တယ်။ အကျင့်မဖျောက် နိုင်ကြတာ။ တစ်သက်လုံးက အထက်စီးနဲ့ နေလာကြတော့ အကျင့် မဖျောက် နိုင်ကြဘူး။ ဒါပေမဲ့ ဒါက Main မဟုတ်ပါဘူး။ အဓိကက စီးပွားရေးစနစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ်က စီမံကိန်းနဲ့လုပ်ရတာ။ စီမံ ကိန်းနဲ့လုပ်တဲ့ အခါမှာ လိုအပ်တဲ့ နည်းပညာ၊ သယံဇာတပစ္စည်း၊ ကုန်ကြမ်းလိုအပ်ချက်၊ လုပ်မယ့် ရည်ရွယ်ချက်၊ လုပ်မယ့်လူအင်အား၊ အားလုံးညီညွတ်မှ လုပ်လို့ရတာ။ လုပ်တယ်ထားဦး ဘဘတို့လုပ်တဲ့အထဲမှာ ဘွဲ့ရပညာတတ်လူတန်းစားပေါ့၊ ဘယ်သူပဲဖြစ်ဖြစ် သင်တန်းတွေပေးပြီးရင် အားလုံးအ လုပ်ရ အောင ်  Job Planing မရှိဘူး။ သဘောပေါက်လား။ ရှိတယ်လို့ပြောတယ်။ အလကားပြောတာ။ မလုပ်ဖြစ်ဘူး။ အဲဒီလိုပဲ ထင်တယ် လေ။ ဘဘလည်း အစောကြီးထွက် လာတော့ မပြောရဲဘူး။ ဒါပေမဲ့ မရှိတာတော့ သေချာတယ်။ ဘာ လို့လည်း ဆိုတော့ ကျောင်းက ထွက်တာ ထွက်တာပဲ။ သူသင်ခဲ့ တဲ့ဘာသာရပ်ကတစ်ခု၊ လုပ်ရတာ က တစ်ခုဖြစ်တဲ့အပြင် အဲဒီအလုပ် က ကိုယ်စီမရနိုင်ဘူးလေ။ မရဘူး ဆိုတာ လုပ်ငန်းမှမချဲ့နိုင်ဘဲ။ အစိုး ရလည်း အပြစ်တင်လို့မရဘူး။ စီမံ ကိန်းစီးပွားစနစ်ကို ကျင့်သုံးလို့ မရသေးတဲ့အချိန်မှာ သွားကျင့်သုံး မိတာပေါ့။

ပါတီနဲ့ ပြည်သူကြားမှာ တော်တော်လေးကင်းကွာမှုတွေ တွေ့လား။
သေချာတာပေါ့။ ကင်းကွာခဲ့ တယ်။ ပါတီဝင်တွေကလည်း နည်း နည်းမာန်မာနလေးတွေရှိလာကြ တယ်။ ငါတို့မှ ခေါင်းဆောင်ဆိုပြီး သူတို့အချင်းချင်းလည်း မတည့် ဘူး။ မတည့်တာ လူထုနဲ့ ကင်းကွာလို့ မတည့်တာပေါ့။ လူထုနဲ့ ဆက်ဆံ ရင် ဘယ်လိုဆက်ဆံရမယ်ဆိုတာ ဘဘတို့ ဗဟိုနိုင်ငံရေးသိပ္ပံတုန်းက ဘယ်လိုပဲ သင်ပေး သင်ပေး လက် တွေ့လုပ်တဲ့အခါကျတော့ အဲဒီအ တိုင်းလိုက်မလုပ်ဘူး။ ဘဘပြော မယ်။ ဗိုလ်ချုပ်စန်းယုကိုယ်တိုင်က သူတို့ကို အဲဒီလိုပြောတယ်။ မင်းတို့ ကွာ နယ်ရောက်ရင် စားပွဲကြီး၊ ကုလားထိုင်ကြီးတွေနဲ့ ကိန်းကြီးခန်း ကြီးမနေကြပါနဲ့။ ဇရပ်မှာ ဖျာခင်း ထိုင်ပြီး ဆွေးနွေးပွဲလုပ်ကြပါလို့။ အဲဒီ လိုခိုင်းတာ။  ဒါပေမဲ့ ဘဘတို့ လူ တွေက စတိုင်နဲ့ ဂိုက်နဲ့ ဗျူရိုကရက် ဂိုက်ဖမ်းချင်တာ။ ဒါတွေပါတယ်။ အဲဒါလေးတွေက အသေးအဖွဲမ ဟုတ်ဘူး။ လူတွေချဉ်တာ အဲဒါ ပေါ့။ ဦးစန်းယု ကိုယ်တိုင် ဆုံးမ တယ်။ ရှင်းရှင်းပြောရရင် နိုင်ငံရေး စည်းရုံးတဲ့သူက ကိုယ့်ကိုယ်ကို နှိမ့် ချပြီး အောက်ကြို့ပြီး စည်းရုံးရတာ။ အဲဒီလိုမဟုတ်ဘဲ အထက်စီးနဲ့ ‘ဟေ့.. ပါချင်တဲ့သူပါ။ ဘာဖြစ် မယ်။ ညာဖြစ်မယ်’ဆိုပြီး ခြိမ်း ခြောက်တာတွေရှိတယ်။ အဲဒါတွေ ပါခဲ့တယ်။ ပြောလို့တော့ မကောင်း ဘူး။ ဒါမျိုးက ဖဆပလခေတ် ကလည်း အဲဒီအတိုင်း ဖြစ်ခဲ့ ပြီးပြီ။ ဒီမှာတင် မဟုတ်ဘူး။ ရုရှားမှာ လည်း အဲဒီအတိုင်းပဲ။ နည်းနည်း လေး အာဏာရလာရင်ပေါ့။ လူ ဆိုတာ လက်ထဲဓားရောက်လာရင် ခုတ်ချင်ကြတာ။ ဘယ်သူပဲ ဖြစ်ဖြစ် လေ။ မောင်ဖြူဖြစ်ဖြစ်၊ မောင်မဲ ဖြစ်ဖြစ် စိတ်မချရဘူး။ အဲဒါပဲ။ ပြော လို့တော့ မကောင်းဘူးကွာ။ ဒါပေမဲ့ အာဏာမရှိရင် လုပ်လို့မရဘူးနော်။ နိုင်ငံရေးဆိုတာ အာဏာရှိရတယ်။ နိုင်ငံရေးဆိုတာ အာဏာရအောင် အရင်လုပ်ရတယ်။ အာဏာရပြီးရင် မိမိပရိုဂရမ်ကို အကောင်အထည် ဖော်ရတယ်။ အဲဒီပရို ဂရမ်ဟာ ပြည် သူအတွက် ကောင်းကျိုးဟုတ်သ လား မဟုတ်သလားဆိုတာ ဒါ တစ် ကိစ္စ။ အဲဒီတော့ နိုင်ငံရေးသ မားက အာဏာမရချင်ဘူးဆိုတာ တော့ မဟုတ်ဘူး။ အာဏာရချင် ဖို့ ဆန္ဒရှိရမယ်။ ရအောင်လုပ်တဲ့ နည်းက အထက်စီးနဲ့သွားစည်း ရုံးလို့၊ အကျပ်ကိုင်စည်းရုံးတဲ့နည်း နဲ့တော့ မရဘူးလေ။ အထူးသဖြင့် ဆိုရှယ်လစ်ပါတီ လိုဟာမျိုး ကျတော့ အောက်ကျခံပြီး စည်းရုံးရမှာ။ ဘဘ တို့က ဂျပန်ခေတ်တုန်းက ကွန်မြူ နစ်ပါတီခေါင်းဆောင်တွေနဲ့ အိမ် ပေါက်စေ့ရောက်တယ်။ သိသိ မသိ သိ ဝင်တယ်။ အကြောင်းတစ်ခုခု ရှာပြီးပေါ့။ အိမ်သူအိမ်သားတွေရဲ့ ပြဿနာကို သေချာဖြေရှင်းပေး တယ်။ အဲဒီနည်းနဲ့ စည်းရုံးရတာ ကိုး။ အကုန်လုပ်ဖူးတယ်။ ဥပမာ ဘဘက တော့ ထမင်းဟင်း မချက် တတ်ဘူး။ ရေခပ်ပေးတယ်။ အိမ် တွေမှာ တံမျက်စည်းလှည်းပေး တယ်ပေါ့။ နောက် အဲဒီခေတ်က ဂျပန်တွေ မလာအောင် ဘဘတို့ တပ်မတော်က ကာကွယ်ပေး ထားရတယ်။ အဲဒီတော့ လူထုက ယုံကြည်တာပေါ့။ တစ်ခုတော့ရှိ တယ်။ ဘဘတို့ခေတ်တုန်းက စစ် တပ်နဲ့ ဘဘတို့ ကွန်မြူနစ်ပါတီက တစ်သားတည်းဖြစ်နေတော့ လုပ်ရ လွယ်တယ်လေ။ အဲဒီလိုမျိုးပဲ လမ်း စဉ်ပါတီခေတ်မှာလည်း လမ်းစဉ်ပါ တီနဲ့ တပ်မတော်နဲ့က တစ်သား တည်းပဲ။ ဒါပေမဲ့ ဘာဖြစ်လို့ မတည့်လဲဆိုတော့ အာဏာရသွား လို့။ အာဏာရှိသွားတဲ့အခါကျတော့ အာဏာ အာဏာ သိပ်ကြောက်စ ရာကောင်းတယ်။

အဲဒါဆို ဦးစန်းယုက လူထုနဲ့ လက်ရေတစ်ပြင်တည်းပဲသူကိုယ် တိုင်အဲဒီလိုနေခဲ့လား။
သူကိုယ်တိုင်နေခဲ့တယ်။ သူ က  ကားစီးတာတောင်ခြေထောက် တစ်ဖက်ကို ကားအပြင်မထုတ်ဘဲ စီးခိုင်းတာ။ ထုတ်တယ်။ အေးအေး ဆေးဆေးမစီးဘူး။ ဦးစန်းယုက တော်တော်မြင်တယ်။ ဦးနေဝင်း သဘောကလည်း ငါ ဥက္ကဋ္ဌကြီး၊ ငါသမ္မတကြီး၊ ငါဗိုလ်ချုပ်ကြီးဆိုပြီး တော့ ဘယ်တော့မှ ဖင်ခေါင်းမ ကျယ်ဘူး။ ဘယ်တော့မှ မာန်မာန မထားဘူး။ ဘယ်သူ့ကိုမဆို ဖက် လဲတကင်း၊ ပွင့်ပွင့်လင်းလင်း၊ ဆဲ စရာရှိဆဲ၊ ဆိုစရာရှိဆို၊ ပြောစရာရှိ ပြော၊ ရယ်စရာရှိရယ်၊ အဲဒီလိုမျိုး ပေါင်းတယ်။ သူနဲ့ပေါင်းရတာ စိတ် ချမ်းသာတယ်။ အောက်လက်ငယ် သားဆိုပြီး သူက အထက်စီးနဲ့ ဘယ်တော့မှ မပေါင်းဘူး။ ဒါပေမဲ့ ကျန်တဲ့လူတွေက အဲဒီအတိုင်း အ ကုန် မနေနိုင်ကြဘူးလေ။ အဲဒါ လည်း ဒီလို။ အစဉ်အလာအလေ့ အထကိုက နယ်ဘက်မှာဖြစ်ဖြစ်၊ ဘယ်မှာဖြစ်ဖြစ် အထက်နဲ့အောက် အမိန့်ပေးစနစ်အစဉ်အလာကြီးက ရှိ လာခဲ့တော့ အဲဒါချက်ချင်း ပြင်လို့ မရဘူး။ ဒါကြောင့်မို့ ဆိုရှယ်လစ် စနစ်ဟာ ချက်ချင်းလုပ်လို့မရဘူးဆို တာ အဲဒါတွေလည်း ပါတယ်။ စီးပွားရေးလည်းပါတယ်။ ဒီ့ပြင် လည်း အများကြီးပဲ။ နောက်တစ်ခု က ဘဘတို့က သဘောတရားရေး ကို သေသေချာချာသင်ပေး တယ်။ သင်ပေးလည်း သင်ပေးတာပဲ။ ခံယူ တဲ့သူက ခံယူချင်မှ ခံယူ တာပေါ့။ အဲဒီတော့ ဘဘတို့ ဘာသင်ခန်း စာရလဲဆိုတော့ ဘဘတို့က အလုပ်က ထွက်ခါနားနီးမှာ ငါတို့ ဘယ်လောက်တရားဟောဟော ခံ ယူချင်တဲ့သူက သူခံယူ ချင်မှ ခံယူ တာပဲ။ ဟောလည်း အလကားပဲ ဆိုတာလေးတော့ စိတ်ထဲလည်း ရမိတယ်။ ဒါပေမဲ့ ဘဘထွက်တာ က အဲဒီဟာကြောင့်မဟုတ်ဘူး။ ဘဘကိုယ်တိုင်က ရှင်းရှင်းပြော ရရင် စည်းမရှိ၊ ကမ်းမရှိ နေတတ် တဲ့သူဆိုတော့ ပါတီစည်းကမ်းနဲ့ ရုံး မှန်မှန်တက်ရတဲ့စည်းကမ်းတို့၊ အ စည်းအဝေးတို့ကို မထိုင်ချင်ဘူး။ အဲဒါ တွေကြောင့်ထွက်တာ။ ဘဘ က အိပ်ချင်တဲ့အချိန်အိပ်။ သွားချင် တာသွားမယ်။ လာစရာရှိလာ။ စား စရာရှိစား ဘဘက အဲဒီလိုနေတာ ကိုး။ စည်းကမ်းနဲ့က မဖြစ်ဘူး။ စည်းကမ်းနဲ့မဖြစ်ရင် ပါတီထဲပါ လို့မရဘူး။ ဒါကြောင့် ဘဘထွက် တာကပါတီနဲ့မဆိုင်ပါဘူး။ ဦးနေ ဝင်းက ဆိုမထွက်စေချင်ဘူး။ သူက ဘဘကို အမြဲတမ်း စောင့်ရှောက် တယ်။ အပြင်ထွက်နေလည်း ဦးနေ ဝင်းက အမြဲစောင့်ရှောက်တယ်။ ဘဘဘိုင်ကျနေရင် သူ့ဆီသွား တောင်းတာပဲ။ သူကလည်း တစ် ခါတစ်ရံ ဘဘကိုခိုင်းတာရှိတယ်။ တိုင်းပြည်အတွင်းမှာ တိတ်တိတ် ပုန်းလုပ်စရာတွေပေါ့။

ဒါဆိုအာဏာနဲ့ခိုင်းတဲ့အစိုးရဆို ဘယ်အစိုးရမှ အောင်မြင်မှာ မ ဟုတ်ဘူးပေါ့။
အဲဒီလိုလည်း မတွက်နဲ့။ အချိန်ကာလည်း တိုမယ်။ ခေါင်း ဆောင်ကိုလည်း နောက်လိုက်က ယုံကြည်နေတဲ့ကာလမျိုးဆိုရင် အဲဒီ နည်းနဲ့ အောင်မြင်သွားတယ်။ ဂျာမနီပြည်မှာ ဟစ်တလာကို နာဇီ ပါတီဝင်အားလုံးက ယုံတယ်။ ၁၉၃၃ ခုမှာ အာဏာရတယ်။ ၁၉၃၉ ခုမှာ တစ်ကမ္ဘာလုံးကို စစ်ကြေညာတဲ့ ဘဝရောက်သွားတယ်။ အဲဒါတော့ အချိန်တိုလို့။ ရေရှည်မှာတော့ မရ ဘူး။ ကြာသွားရင်မူဘာရက်အပြော  ခံရတာကြည့်ပါလား။ နှစ်ပေါင်း ၃ဝ ကျော်။ အမှန်တော့မူဘာရက်က လည်း သူတတ်နိုင်သလောက်လုပ် မှာပါ။ လုံးလုံးမကောင်းတာတွေ ရှိမှာမဟုတ်ဘူး။ ကြာတော့ အီဂျစ် ပြည်သူတွေက မခံနိုင်ဘဲနဲ့ ဖြစ်သွား တာ။ ကြာသွားရင်တော့ မရဘူး။ အချိန်တိုအတွင်းမှာတော့ အမိန့် အာဏာစနစ်က ထိရောက်တယ်။ အဲဒီတော့ အမိန့်အာဏာစနစ် တိုင်းက မကောင်းဘူးလို့တော့ပြော လို့မရဘူး။ ဘဘတို့ကတော့ ဘယ် ဟာကောင်းတယ်။ ဘယ်ဟာ မကောင်းဘူးဆိုတာ လှေနံဓားထစ် မထားဘူး။

ဘဘပြောတဲ့စကားတစ်ခုရှိတယ်။ ဂျာနယ်တစ်စောင်မှာဖော်ပြခဲ့တာ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟာကိုယ့် ကိုယ်ကိုယ်သတ်သေသွားတယ်လို့။
ကိုယ့်ကိုယ်ကိုယ် ဖျက်သိမ်း လိုက်တာ။ အမှန်က မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ကို မဖျက်သိမ်းဘဲနဲ့ ဆက်သွားလို့ရတယ်။ ဦးနေဝင်းက ရှုပ်တယ်ကွာ။ လူတွေက တို့ကို ကြိုက်မကြိုက်သိရအောင် တစ်ပါတီ ကြိုက်လား၊ ပါတီစုံကြိုက်လား ဆိုတာ သူဖွင့်ပေးလိုက်တာကိုး။ အဲ ဒါက ကိုယ်သွားရမယ့်တစ်ပါတီလမ်း ကြောင်းက အရှိန်အဟုန်ကို ကိုယ့် ဟာကို ဆော်ထည့်လိုက်တာပဲ။ အဲဒါ ပြောတာပါ။ ကိုယ့်ကိုယ်ကိုယ် စူဆိုက်လုပ်တဲ့သဘော ဖြစ်သွား တာပါ။ စူဆိုက်လုပ်တယ်လို့တော့ မဆိုလိုပါဘူး။

ခေတ်တစ်ခေတ် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ် ဆိုတာကို သမိုင်းမှာ ဖတ်ရသလောက်တော့ မကြားဖူးဘူး။
တခြားပါတီတွေကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွား တာတော့ မဟုတ်ဘူး။ လမ်းခုလပ် မှာ ၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွား ကြတာပဲ။ တို့ဗမာအစည်းအရုံး ဆို သူ့ဟာသူရပ်ဆိုင်းသွားတာပဲ။ တို့ ဗမာအစည်းအရုံးဆို အစအဆုံး အောင်မြင်တယ်။ ဒါပေမဲ့လို့ ဂျပန် ခေတ်က တို့ဗမာအစည်းအရုံးက သခင်တွေခပ်များများ၊  ကွန်မြူနစ် ဖြစ်တဲ့သူနဲ့၊ ဆိုရှယ်လစ်ဖြစ်တဲ့ သူနဲ့ဆိုတော့ အစည်းအရုံးမှာမကျန် တော့ဘူး။ အလိုအလျောက် အား နည်းသွားတယ်။GCBA  ဝံသာနု ခေတ်ကျတော့ အရှိန်အဟုန်ကုန် သွားပြီး ထိုင်သွားတာ။ တစ်ခါ ကျောင်းသားသံမဏိတပ်တွေကျ တော့လည်းဂျပန်ခေတ်ထဲမှာအသွင် ပြောင်းသွားတော့ ပျက်သွားရော။
ကိုယ့်ပါတီကိုယ် ဖျက်လိုက် တာကတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတစ်ခုတည်းပဲလို့ လော လောဆယ်တွေ့ရတယ်။ ကျန်တဲ့ ပါတီတွေက ကိုယ့်ဟာကိုယ် ဖျက် တယ်လို့ မပြောနိုင်ဘူး။ ထပ်ပြီး မလုပ်နိုင်လောက်အောင် ခွန်အား နည်းသွား၍သော်လည်းကောင်း၊ အစည်းပြေသွားတာ။ အဲတော့ အလိုအလျောက် အစည်းပြေသွား တယ် ပြောရမယ်။ အဲဒါပဲ။ လမ်းစဉ် ပါတီကအစည်းပြေသွားတာ မဟုတ် ဘူး။ ဖျတ်ခနဲ ဖြတ်ချလိုက်တာ။

ကျွန်တော်တို့ သိသလောက် ခေတ်တစ်ခေတ်ဆိုတာကိုယ့်ကိုယ် ကိုယ်သတ်သေတယ်ဆိုတဲ့ ပုံစံ မရှိခဲ့ဘူး။
မရှိပါဘူး။

လူထုလက်မခံလို့ ကျရှုံးတယ် လို့ ပြောလို့မရဘူးလား။
ရတာပေါ့။ ဒါပေမဲ့လို့ အခုဟာ က လူထုလက်မခံပေမယ့်လို့ လမ်း စဉ်ပါတီကို ဆက်လက်ပြုပြင်သွား ရင် ရတယ်။ ဦးနေဝင်းကိုယ်တိုင် က စိတ်မရှည်တော့ဘူး။ သူကိုယ် တိုင်က ဘဘနဲ့လည်း အရမ်းရင်း နေတော့ ဘဘကို ပြောတာရှိ တယ်။ မင်း ဘာသိလဲ ပါတီက မနားပါနဲ့ ပြောတဲ့ဟာကို။ ပါတီထဲ မှာ ဘာတွေဖြစ်နေလဲ မင်း ဘာသိ လို့လဲ။ တို့လူတွေ သိပ်မဟုတ် တော့ဘူးကွတဲ့။ သူနဲ့ နှစ်ယောက် တည်းတွေ့တော့ ပြောတာ။ ဟေ့ ကောင် ဖြစ်ပြီးရင် ပျက်မှာပဲတဲ့။ ဘာမှ သိပ်မနှမြောနေနဲ့တဲ့။ ဘဘ က ဘာလို့ ဗိုလ်ချုပ်က စလယ်ဆုံး ပါတီကောင်းအောင် မလုပ်ပေးတာ လဲလို့ ပြောတော့ မင်း နားမလည် ပါဘူးကွာတဲ့။ ပျက်ချိန်တန်လို့ ပျက် တယ် အောက်မေ့ လိုက်ပါ ကွာတဲ့။  ဒါကြီးက ဆက်လုပ်လို့ မရတော့ ဘူး။ တစ်ခေတ်ပြောင်းရင် ကောင်း မှာပဲဆိုပြီး ခေတ်ပြောင်းအောင် သူ လုပ်လိုက်တာ။ ဒီခေတ် ဒီမိုကရေစီ ခေတ်ကြီး ပြောင်း သွားတာ ဦးနေ ဝင်းက လမ်းဖွင့်ပေးလိုက်တာ။ သူ ကိုယ်တိုင်က မလုပ်ချင်တော့ဘူး။  အဲဒါ သူက လမ်းတစ်ခုတောင် ပေးလိုက်သေးတယ်။ အဲဒါဘာလဲ ဆိုတော့ ဦးစိန်လွင်နဲ့ သူရဦးထွန်း တင်ကို ခေါ်ပြောတယ်။ မင်းတို့ လုပ်ချင်လည်း ဆက်လုပ်။ လုပ်ချင် ရင် ပါတီရဲ့လမ်းစဉ်လည်း အကုန် ပြင်။ စည်းမျဉ်းလည်း ပြင်။ စီးပွား ရေးလည်း ပြင်ဆိုပြီး စီစဉ်ပေးလိုက် သေးတယ်။ တို့အရေးတွေ မအော် သေးဘူး။ အဲဒါ ဘယ်တုန်းကလဲ ဆိုတော့ ဦးစိန်လွင်က ကျိုက္ကဆံမှာ။ ဦးနေဝင်းက သူတို့ကို ကျောခိုင်းပြီး ထွက်တဲ့နောက် ဦးစိန်လွင်ကို ပြန် ပြီးတင်တယ်လေ။ တင်တော့ အဲဒါ ကိုယူပြီးတော့ ဦးစိန်လွင် သမ္မတ လုပ်တယ်လေ။ လုပ်တာကို ဦးနေ ဝင်းက ခွင့်ပြုလိုက်တာလေ။ သူ့ သမ္မတက သိပ်မကြာဘူးလေ။ လုပ် ပြီး နှစ်ပတ်လောက်အကြာမှာ ထင်တယ်။ အလွန်ဆုံး အရက် ၂ဝ ပေါ့။ အဲဒီအတွင်းမှာ လမ်းစဉ်ပါတီ ကို ပြုပြင်ပြောင်းလဲပြီး ပြည်သူကို လည်း အခွင့်အရေးတွေ ပေးမယ် ဆိုပြီး စီစဉ်ပြီးပြီ။ အဲဒီမှာပဲ ဩဂုတ် ၈ ရက်နေ့ကျတော့ တို့အရေး၊ တို့အရေး အော်တာ။ အဲဒီမှာ ဦးနေဝင်းက ဟေ့ကောင် စိန်လွင်၊ မင်း ထွက်ဆိုပြီး ဒေါက်တာမောင် မောင်ကို ခန့်လိုက်တာ။ ဒေါက်တာ မောင်မောင်ခမျာလည်း ကြိုးစား သေးတယ်။ အရေးအခင်းမှာ လူထု ခေါင်းဆောင်တွေ ညံ့ဖျင်းလို့။ ဒေါက် တာမောင်မောင် ကမ်းလှမ်းတာကို လက်ခံလိုက်ရင် ပြီးပြီ။ လူထုလက် ထဲ အာဏာရောက်သွားပြီ။ လူထု ခေါင်းဆောင်က လည်း အစိုးရကို မကျေနပ်တာ။ လမ်းစဉ်ကို မကျေ နပ်တာ။ ဦးနေဝင်းကို မကျေနပ် တာပဲ ရှိတယ်။ ဒေါသဖြစ်တာပဲ ရှိတယ်။ နိုင်ငံရေးမလုပ်တတ်ဘူး။ သူတို့ကိုလည်း အဲဒီလို ဘဘက ပြန်စွပ်စွဲချင်တယ်။ ဒေါက်တာမောင် မောင်က ခင်ဗျားတို့လာကြပါ။ ကျောင်း သားသမဂ္ဂလည်း ပြန်ဆောက်မယ်၊ ခင်ဗျားတို့နဲ့လည်း ဆွေးနွေးမယ်။ ဘယ်လိုရွေးကောက်ပွဲလုပ်မယ်။ အဲသလောက်ခေါ်တာကိုပဲ သူတို့က မလာကြဘူး။ အမှန်က ဒေါက်တာမောင်မောင်ခေါ်တာက ဒီမှာ ရဲတိုက်ကြီးရှိတယ်။ ခင်ဗျားတို့ ဝင်လာကြ။ သော့က ကျုပ်လက် ထဲမှာရှိတယ်။ ရဲတိုက်ထဲက ပစ္စည်း တွေခင်ဗျားတို့ ပိုင်ရမယ်။ ခင်ဗျား တို့အတွက် ကော်ဇောနီလည်း ခင်းထားတယ်။ လာကြပါလို့ ခေါ်တာကို မလာတာ။ သူတို့လက် ထဲကို သော့အပ်မလို့ ဒေါက်တာ မောင်မောင်က ခေါ်တာ။ မှတ်မိ တယ်မို့လား။ အဲဒီအခွင့်အရေးဟာ အကြီးမားဆုံးအခွင့်အရေး။ သူတို့ ပထမဆုံး ဆုံးရှုံးတာ။ ဒုတိယ ဆုံးရှုံး တာက ဘာလဲဆိုတော့ ရွေး ကောက်ပွဲနိုင်ရဲ့သားနဲ့ ၁/၉ဝ နဲ့ စစ်တပ်က ခေါ်တာကို မယူလိုက် တာ။ ယူလိုက်ရင် အခု လောက်ဆို သူတို့လက်ထဲ အာဏာရောက်နေ ပြီ။ အဲတော့ ဘာမှမတတ်နိုင်ဘူး။ ခံပဲ။ နှစ်ခါဆုံးရှုံးသွားတယ်။ ဦးစိန် လွင်လည်း လုပ်ခွင့်မရလိုက်ဘူး။ အဲဒီတုန်းက ဘဘက အပြင်မှာ ထိုင်နေပြီ။ ဦးစိန်လွင်နဲ့ သူရဦးထွန်း တင်က ဘဘကိုခေါ်ပြီး ဗိုလ်ချုပ် ကြီးက မှာလိုက်တယ်တဲ့။ ဟို ကောင် ချစ်လှိုင်ကို သွားခေါ်စမ်း။ ချစ်လှိုင်ကို ဂါးဒီးယန်းသတင်းစာ တိုက် ပေးလိုက်။ မင်းတို့ ပြန်လုပ် ကြ။ ပေါ်လစီအသစ် ပြောင်းလိုက် တာ။ လုပ်မယ်ဆိုပြီးတော့ တို့အရေး တို့အရေးဆိုတော့ လုပ်လို့မရတော့ ဘူး။ ဒါပေမဲ့ ဦးနေဝင်းကိုယ်တိုင် ကြည့်ရတာတော့ သူစိတ်ပျက်သွား ပုံရတယ်။ သူကတော့ မလုပ်ချင် တော့ဘူးဆိုတဲ့ သဘောမျိုး။ ကိုစိန်လွင်က လုပ်ဖို့ကြံသေးတယ် နော်။ အားလုံးကို ပြန်ကောင်း အောင် လုပ်မလို့။ ဒေါက်တာမောင် မောင်ပေါ်လာတော့ သူက ပိုပြီး ဥပဒေနားလည်တော့ သူကဖွဲ့စည်း ပုံအခြေခံဥပဒေထဲမှာ အရပ် သား တွေပါတဲ့ ဥပဒေကောင်စီဖွဲ့ဖို့လုပ် နေပြီ။ တို့အရေး တို့အရေးက သိပ်ပြင်းထန်တော့ ရပ်သွားရော။ လူထုအင်အားဆိုတာက ဆူတိုင်း လည်း လိုရင်း ရောက်တာ မဟုတ် ဘူးနော်။ ခေါင်းဆောင်ကဘရိန်း ရှိရတယ်။ ဒီအချိန်လောက်ဆို ဘရိတ် အုပ်မယ်။ ဘယ်လိုယူမယ်။ ပေးတဲ့အခွင့် အရေးကို ယူလိုက်ရင် ရပြီ။ အဲဒီခေတ်က အုံကြွနေတဲ့ လူထုမှာ ခေါင်းဆောင်တစ်ဦးတည်း မရှိဘူး။ အများကြီးလေ။ တစ်စု တည်း ညီတာမရှိဘူး။ မှတ်မိလား။ တစ်စုတည်းဖြစ်သွားရင် သိပ် ကောင်းမှာ။ တို့က ဒီမိုကရေစီဖြစ်စေ ချင်ပါတယ်။ သူတို့ကလုပ်မှ မလုပ် တတ်ဘဲ။ ဘာတတ်နိုင်မလဲ။
မျိုးညွန့်၊ မိုးမြင့်မြတ်

မှတ်ချက်။ ။ ပေါ်ပြူလာဂျာနယ်တွင် ၃ပါတ်ဖေါ်ပြခဲ့သည်များကို ပြန်လည်ကူးယူတင်ပြခြင်းဖြစ်သည်။

http://popularmyanmar.com/mpaper/?p=15564

 

5 comments

  • kai

    March 21, 2011 at 7:44 am

    အပေါ်ကအင်တာဗျူးထဲက… ကောက်ချင်တာလေးတွေကောက်စုထားတာပါ..။
    ==============
    တရားဝင်အစိုးရဆိုတာ ဘယ်သူ ဖြစ်ဖြစ် အမြဲတမ်းတစ်ပန်းသာတယ်။ ဒါကြောင့်မို့လို့ တရားဝင်အစိုးရ လုပ် နိုင်ဖို့ဆိုတာက ဥပဒေထဲမှာရှိရ မယ်။ ဥပဒေထဲမှာ ရှိဖို့ဆိုတာက ဒီမိုကရေစီရှိမှ ရတာ။ အဲဒီတော့ ဟိုးတုန်းက ဒီမိုကရေစီဘောင်ထဲကို ဝင်လာကြပါလို့ ဦးနုတို့ခေါ်တာ။ အမှန်ကွန်မြူနစ်ပါတီက သူတို့ အ,တာ။ အခုလောက်ဆိုရင် တိုင်း ပြည်က သူတို့ လက်ထဲရောက် လောက်ပြီ။

    ါအခု လယ်တီဆရာတော်ဘုရားကြီးရဲ့ ကမ္မဌာန်းကျမ်းကိုဖတ်ပြီး တရားထိုင်တာ သိပ်စိတ်ချမ်းသာတယ်ကွာတဲ့။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေလည်း တော်တော်လေးသိလာတယ်ကွာတဲ့။ ဒီတရားတွေ ငါ ၁၉၆၂ခုနှစ်ကသိရင် အာဏာသိမ်းတဲ့ကိစ္စတွေ မလုပ်ခဲ့ဘူးတဲ့။ အဲဒီလိုပြောတာ။ အဲဒီတော့ ပြီး ရောပေါ့။ မှားသလား မှန်သလားမေး မနေနဲ့တော့။ ဒီတစ်ချက်တည်းနဲ့ ပြီးသွားပြီ။ ဦးနေဝင်းက ၁၉၆၂ ခုနှစ် အာဏာသိမ်းတာ မှားတယ်လို့ ပြော လိုက်တာပဲလေ။ အဲဒီဟာမှားတယ်ဆိုမှတော့ သူ့ နောက်က နောက်ဆက်တွဲတွေက လည်း ဘာဖြစ်သွားမလဲ။

    ဆိုရှယ်လစ်စနစ်ကြောင့် မဟုတ်ဘူး။ ရှေးတုန်းက အလေ့အကျင့်ကို မဖျောက်နိုင်တာ။ ရှင်းရှင်းပြောရရင် ဆိုရှယ်လစ်စနစ် ဆက်ဆံရေးဟာ ဗျူရိုကရက်နဲ့လုံး ဝဆန့်ကျင်တယ်။ အကျင့်မဖျောက် နိုင်ကြတာ။ တစ်သက်လုံးက အထက်စီးနဲ့ နေလာကြတော့ အကျင့် မဖျောက် နိုင်ကြဘူး။

    ဒီခေတ် ဒီမိုကရေစီ ခေတ်ကြီး ပြောင်း သွားတာ ဦးနေ ဝင်းက လမ်းဖွင့်ပေးလိုက်တာ။ သူ ကိုယ်တိုင်က မလုပ်ချင်တော့ဘူး။ အဲဒါ သူက လမ်းတစ်ခုတောင် ပေးလိုက်သေးတယ်။ အဲဒါဘာလဲ ဆိုတော့ ဦးစိန်လွင်နဲ့ သူရဦးထွန်း တင်ကို ခေါ်ပြောတယ်။ မင်းတို့ လုပ်ချင်လည်း ဆက်လုပ်။ လုပ်ချင် ရင် ပါတီရဲ့လမ်းစဉ်လည်း အကုန် ပြင်။ စည်းမျဉ်းလည်း ပြင်။ စီးပွား ရေးလည်း ပြင်ဆိုပြီး စီစဉ်ပေးလိုက် သေးတယ်။ တို့အရေးတွေ မအော် သေးဘူး။ အဲဒါ ဘယ်တုန်းကလဲ ဆိုတော့ ဦးစိန်လွင်က ကျိုက္ကဆံမှာ။ ဦးနေဝင်းက သူတို့ကို ကျောခိုင်းပြီး ထွက်တဲ့နောက် ဦးစိန်လွင်ကို ပြန် ပြီးတင်တယ်လေ။ တင်တော့ အဲဒါ ကိုယူပြီးတော့ ဦးစိန်လွင် သမ္မတ လုပ်တယ်လေ။ လုပ်တာကို ဦးနေ ဝင်းက ခွင့်ပြုလိုက်တာလေ။ သူ့ သမ္မတက သိပ်မကြာဘူးလေ။ လုပ် ပြီး နှစ်ပတ်လောက်အကြာမှာ ထင်တယ်။ အလွန်ဆုံး အရက် ၂ဝ ပေါ့။ အဲဒီအတွင်းမှာ လမ်းစဉ်ပါတီ ကို ပြုပြင်ပြောင်းလဲပြီး ပြည်သူကို လည်း အခွင့်အရေးတွေ ပေးမယ် ဆိုပြီး စီစဉ်ပြီးပြီ။ အဲဒီမှာပဲ ဩဂုတ် ၈ ရက်နေ့ကျတော့ တို့အရေး၊ တို့အရေး အော်တာ။ အဲဒီမှာ ဦးနေဝင်းက ဟေ့ကောင် စိန်လွင်၊ မင်း ထွက်ဆိုပြီး ဒေါက်တာမောင် မောင်ကို ခန့်လိုက်တာ။ ဒေါက်တာ မောင်မောင်ခမျာလည်း ကြိုးစား သေးတယ်။ အရေးအခင်းမှာ လူထု ခေါင်းဆောင်တွေ ညံ့ဖျင်းလို့။ ဒေါက် တာမောင်မောင် ကမ်းလှမ်းတာကို လက်ခံလိုက်ရင် ပြီးပြီ။ လူထုလက် ထဲ အာဏာရောက်သွားပြီ။ လူထု ခေါင်းဆောင်က လည်း အစိုးရကို မကျေနပ်တာ။ လမ်းစဉ်ကို မကျေ နပ်တာ။ ဦးနေဝင်းကို မကျေနပ် တာပဲ ရှိတယ်။ ဒေါသဖြစ်တာပဲ ရှိတယ်။ နိုင်ငံရေးမလုပ်တတ်ဘူး။ သူတို့ကိုလည်း အဲဒီလို ဘဘက ပြန်စွပ်စွဲချင်တယ်။ ဒေါက်တာမောင် မောင်က ခင်ဗျားတို့လာကြပါ။ ကျောင်း သားသမဂ္ဂလည်း ပြန်ဆောက်မယ်၊ ခင်ဗျားတို့နဲ့လည်း ဆွေးနွေးမယ်။ ဘယ်လိုရွေးကောက်ပွဲလုပ်မယ်။ အဲသလောက်ခေါ်တာကိုပဲ သူတို့က မလာကြဘူး။ အမှန်က ဒေါက်တာမောင်မောင်ခေါ်တာက ဒီမှာ ရဲတိုက်ကြီးရှိတယ်။ ခင်ဗျားတို့ ဝင်လာကြ။ သော့က ကျုပ်လက် ထဲမှာရှိတယ်။ ရဲတိုက်ထဲက ပစ္စည်း တွေခင်ဗျားတို့ ပိုင်ရမယ်။ ခင်ဗျား တို့အတွက် ကော်ဇောနီလည်း ခင်းထားတယ်။ လာကြပါလို့ ခေါ်တာကို မလာတာ။ သူတို့လက် ထဲကို သော့အပ်မလို့ ဒေါက်တာ မောင်မောင်က ခေါ်တာ။ မှတ်မိ တယ်မို့လား။ အဲဒီအခွင့်အရေးဟာ အကြီးမားဆုံးအခွင့်အရေး။ သူတို့ ပထမဆုံး ဆုံးရှုံးတာ။ ဒုတိယ ဆုံးရှုံး တာက ဘာလဲဆိုတော့ ရွေး ကောက်ပွဲနိုင်ရဲ့သားနဲ့ ၁/၉ဝ နဲ့ စစ်တပ်က ခေါ်တာကို မယူလိုက် တာ။ ယူလိုက်ရင် အခု လောက်ဆို သူတို့လက်ထဲ အာဏာရောက်နေ ပြီ။ အဲတော့ ဘာမှမတတ်နိုင်ဘူး။ ခံပဲ။ နှစ်ခါဆုံးရှုံးသွားတယ်။ ဦးစိန် လွင်လည်း လုပ်ခွင့်မရလိုက်ဘူး။ အဲဒီတုန်းက ဘဘက အပြင်မှာ ထိုင်နေပြီ။ ဦးစိန်လွင်နဲ့ သူရဦးထွန်း တင်က ဘဘကိုခေါ်ပြီး ဗိုလ်ချုပ် ကြီးက မှာလိုက်တယ်တဲ့။ ဟို ကောင် ချစ်လှိုင်ကို သွားခေါ်စမ်း။ ချစ်လှိုင်ကို ဂါးဒီးယန်းသတင်းစာ တိုက် ပေးလိုက်။ မင်းတို့ ပြန်လုပ် ကြ။ ပေါ်လစီအသစ် ပြောင်းလိုက် တာ။ လုပ်မယ်ဆိုပြီးတော့ တို့အရေး တို့အရေးဆိုတော့ လုပ်လို့မရတော့ ဘူး။ ဒါပေမဲ့ ဦးနေဝင်းကိုယ်တိုင် ကြည့်ရတာတော့ သူစိတ်ပျက်သွား ပုံရတယ်။ သူကတော့ မလုပ်ချင် တော့ဘူးဆိုတဲ့ သဘောမျိုး။ ကိုစိန်လွင်က လုပ်ဖို့ကြံသေးတယ် နော်။ အားလုံးကို ပြန်ကောင်း အောင် လုပ်မလို့။ ဒေါက်တာမောင် မောင်ပေါ်လာတော့ သူက ပိုပြီး ဥပဒေနားလည်တော့ သူကဖွဲ့စည်း ပုံအခြေခံဥပဒေထဲမှာ အရပ် သား တွေပါတဲ့ ဥပဒေကောင်စီဖွဲ့ဖို့လုပ် နေပြီ။ တို့အရေး တို့အရေးက သိပ်ပြင်းထန်တော့ ရပ်သွားရော။ လူထုအင်အားဆိုတာက ဆူတိုင်း လည်း လိုရင်း ရောက်တာ မဟုတ် ဘူးနော်။ ခေါင်းဆောင်ကဘရိန်း ရှိရတယ်။ ဒီအချိန်လောက်ဆို ဘရိတ် အုပ်မယ်။ ဘယ်လိုယူမယ်။ ပေးတဲ့အခွင့် အရေးကို ယူလိုက်ရင် ရပြီ။ အဲဒီခေတ်က အုံကြွနေတဲ့ လူထုမှာ ခေါင်းဆောင်တစ်ဦးတည်း မရှိဘူး။ အများကြီးလေ။ တစ်စု တည်း ညီတာမရှိဘူး။ မှတ်မိလား။ တစ်စုတည်းဖြစ်သွားရင် သိပ် ကောင်းမှာ။ တို့က ဒီမိုကရေစီဖြစ်စေ ချင်ပါတယ်။ သူတို့ကလုပ်မှ မလုပ် တတ်ဘဲ။ ဘာတတ်နိုင်မလဲ။

  • လင်းဝေကျော်

    March 21, 2011 at 9:12 am

    အညမည တစ်အုပ်လုံး သူတစ်ယောက်တည်းရေးတာကိုတော့ ကြားဖူးပါတယ်။
    အခုမှပဲ ရှင်းသွားတယ်။
    “တို့ပါတီတော့ထောင်ပြီးပြီ။ ရှေ့ လျှောက်သဘောတရား ရှိမှဖြစ်မယ်။ မင်းတို့ဘာတွေ လုပ်ထားတာရှိသလဲ”
    “ပြန်ပြင်ရေးဆိုတော့လည်း မခက်ပါဘူး ဒီမိုကရေစီ ဆိုတဲ့နေရာမှာ ဆိုရှယ်လစ်လို့ လုပ်လိုက်တာပါပဲ။ ”
    သို့သော်
    အခုခေတ် ရမ်းတီးမှန်းအုပ်ဖားဖောတွေထက်အများကြီးသေသပ်ပါတယ်။

  • လင်းဝေကျော်

    March 21, 2011 at 9:21 am

    ဒီတရားတွေ ငါ ၁၉၆၂ခုနှစ်ကသိရင် အာဏာသိမ်းတဲ့ကိစ္စတွေ မလုပ်ခဲ့ဘူးတဲ့။ အဲဒီလိုပြောတာ။ အဲဒီတော့ ပြီး ရောပေါ့။ မှားသလား မှန်သလားမေး မနေနဲ့တော့။ ဒီတစ်ချက်တည်းနဲ့ ပြီးသွားပြီ။ ဦးနေဝင်းက ၁၉၆၂ ခုနှစ် အာဏာသိမ်းတာ မှားတယ်လို့ ပြော လိုက်တာပဲလေ။ အဲဒီဟာမှားတယ်ဆိုမှတော့ သူ့ နောက်က နောက်ဆက်တွဲတွေက လည်း ဘာဖြစ်သွားမလဲ။

  • nigimi77

    March 29, 2011 at 7:39 am

    ကိုခိုင်ရေ ဖတ်စရာက မရှိတော့ အဟောင်းတွေ ပြန်ရှာ ဖတ်နေတာ…. ဘာရယ်တော့ မဟုတ်ပါဘူး။ 😛

    (၁) အဲဒါပြီးတော့ ဗမာပြည် ပြန်မလာသေးဘဲနဲ့ ပြင်သစ်နိုင်ငံမှာ……. ဘာရယ်မဟုတ်ဘူး။
    (၂) ၁၉၇၂ ခုနှစ် ကျ တော့…….. ဘာရယ်လို့မဟုတ်ပါဘူး။
    (၃) မင်းတို့တစ်တွေ ပါတီထဲဝင်ရမယ်ဆို လည်း ပါတီထဲဝင်လိုက်ကြတာပဲ။……….. ဘာရယ်လို့ မဟုတ်ဘူး။

    ဖတ်လို ့ကောင်းပါတယ်။ ဘာရယ်လို ့ မဟုတ်ဘူး…သိပ်တော့ နားမလည်ဘူး…..။ 🙂

  • kopauk mandalay

    March 29, 2011 at 3:28 pm

    လူ့အဖြစ်စစခြင်းတုန်းက လူတွေ ဘာပိုင်ဆိုင်မှု့မရှိခဲ့ကြဘူး။
    နောက်ကြိုးစားလာတော့ ပိုင်ဆိုင်မှု့တွေလဲ ရှိလာရောသက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်ပေါ်လာရောနောက်တော့ မြေရှင်ယာရှင်စနစ်နဲ့ကျွန်စနစ်တွေဖြစ်လာပြန်ရော စက်မူှု့လက်မှု့တိုးတက်တော့ အလုပ်ရှင်နဲ့အလုပ်သမားဆိုတာဖြစ်လာပြန်ရော။
    အဲဒါတွေကို အခြေခံလို့ လူတန်းစားပြဿနာဆိုတာပေါ်လာပြန်ရော။
    တစ်ခါက အများအတွက်လို့ ထင်ရတဲ့ဝါဒတစ်ခုပေါ်လာခဲ့ပါတယ်။
    အရင်းရှင်းရမယ်လို့ နာမည်အတတ်ခံရတဲ့ အရင်းရှင်ရဲ့ဆန့်ကျင်ဘက်ပေါ့။
    အဲဒီအခါမှာ အရင်းရှင်လို့ နာမယ်အတတ်ခံရသူများကလဲ ပြန်ပြီးချေပ ပါတယ်။
    လူတိုင်းထမင်းစားနိုင်အောင် မလုပ်ဘဲ ထမင်းစားနေတဲ့သူကိုပါ ဆန်ပြုတ်အသောက်ခိုင်းတယ်ဆိုပြီးတော့ပေါ့။
    ဒါပေမယ် လောက သဘာဝအရ ပြီးတော့လဲ ပြီးသွားတာပါဘဲ။

Leave a Reply