ပြောင်းလဲခြင်း၊ စွန့်စားခြင်း (သို့) သိမ်းငှက်၏ အသစ်တဖန်ပြန်လည်မွေးဖွားခြင်း

လင်းဝေMarch 25, 20111min2558

ပုံမှန်အားဖြင့် လူဟာ ပြောင်းလဲခြင်းကို ခုခံတတ်ပါတယ်။ Resistance to Change ဆိုတာက ပုံမှန်လည်ပတ်နေတာကနေ အသစ်တစ်မျိုးပြောင်းလဲလှုပ်ရှားရမှာကို မယုံမရဲစိတ်ကနေ ပေါက်ဖွားလာတာပါ။ အသစ်ပုံစံနဲ့ပြောင်းလဲရမယ် တိုးတက်မယ်ဆိုတာ သေချာသိရင်တော့ တက်ကြွစွာပြောင်းလဲချင်ကြမှာတော့ အသေအချာပေါ့။ သို့သော် ပိုကောင်းလာမလား၊ အတူတူပဲလား ဆိုတာ မသေချာတဲ့အချိန်မှာတော့ စွန့်စားပြီး မပြောင်းလဲချင်ကြတာလည်း ဓမ္မတာပါပဲ။ ပိုကောင်းလာဖို့မရှိပဲ အခြေအနေအတူတူပဲ အဆင်မပြေရင်တောင် နိမ့်သွားနိုင်တဲ့ပုံစံဆိုရင်တော့ လုံးဝကို မပြောင်းလဲချင်ကြပါဘူး။ အဲဒီတော့ အပြောင်းအလဲ ဆိုတာ ကိုယ့်ကိစ္စတစ်ခုချင်းစီကို ပြန်လည်သုံးသပ်ရမှာဖြစ်တဲ့အတွက် သုံးသပ်ရာမှာ အထောက်အကူဖြစ်အောင် သိမ်းငှက်တွေအကြောင်း ပြောရင်း စဉ်းစားခန်းလေး ဖွင့်ပေးလိုက်ပါတယ်။

သိမ်းငှက်တစ်ကောင်ဟာ သက်တမ်းအမြင့်ဆုံး (၇၈)နှစ်အထိ အကြာကြီးနေနိုင်ဖို့အတွက် ၎င်းရဲ့သက်တမ်း တစ်ဝက်ကျော်ဖြစ်တဲ့ (၄၈)နှစ်ရောက်တဲ့အခါ ပြောင်းလဲမှုတစ်ခုကိုလုပ်ရပါမယ်။ သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်တဲ့အခါမှာတော့ လက်သည်းများဟာ
ရှည်လွန်းလာလို့ သားကောင်ကို ဖမ်းကုပ်တဲ့အခါ ခဲယဉ်းလာပါတယ်။ ထိုးဆိတ်ဖို့ နှုတ်သီးဟာလည်း ရှည်လာတာနှင့်အမျှ ကွေးကောက်လာတာမို့ ရင်ဝကိုထိုးစိုက်လို့ လာပါတော့တယ်။ အတောင်တွေဟာလည်း လေးလံလောက်အောင် သားမွှေးတွေ ထူထပ်လာတာကြောင့် ပျံသန်းဖို့
ခက်ခဲလာပါတယ်။ ဒီအခြေအနေမှာ အဲဒီ သိမ်းငှက် ဟာ အပြောင်းအလဲကို ငြင်းဆန်ရင် သက်တမ်း (၄၈)နှစ်နဲ့တင် ဘဝကိုနိဂုံးချုပ်လည်း ရတာပါပဲ။

ဒီလိုအခြေအနေမှာ အပြောင်းအလဲကိုလည်းမလုပ်ချင်ပဲ ထိုင်ပြီးစိတ်ပျက် နေမယ့်အစား ခက်ခဲတဲ့စွန့်စားမှုကို စွန့်စားလိုက်ရတာကမှ ဒီတိုင်း အသေခံတာထက် မြတ်တယ်လို့ ခံစားလာရတယ်။ ဒီတော့ ပထမ စွန့်စားခန်းလေး စဖို့အတွက် အမြင့်ဆုံး ကျောက်တောင်တစ်ခုမှာ
အသိုက်ကို ဆောက်ပါတယ်။

အသိုက်ထဲမှာ နှုတ်သီးကို ကျွတ်မထွက်မချင်း ကျောက်တောင်နံရံနဲ့ ဆောင့်ပြီး ရက်ပေါင်း (၁၅၀)ကြာအောင် နှုတ်သီးအသစ် ပြန်ပေါက်ဖို့အတွက် သည်းခံစောင့်ဆိုင်း နေပါတယ်။ အသစ်ပြန်ပေါက်လာတဲ့ နှုတ်သီးနဲ့ ဒုတိယ စွန့်စားခန်းအတွက် နှုတ်သီးသစ်နဲ့ ၎င်းရဲ့လက်သည်းရှည်တွေကို တစ်ချောင်းချင်း ဆွဲနှုတ်ပြန်ပါတယ်။

တစ်ဖန် လက်သည်းအသစ်တွေ ထွက်လာတဲ့အခါမှာတော့ အတောင်မှာရှိတဲ့ လေးလံလှတဲ့ အမွှေးတွေကို တစ်ချောင်းချင်း ဆွဲနှုတ်လိုက်ပါတယ်။

(၅)လကြာပြီးချိန်မှာတော့ ငှက်မွှေးအသစ်တွေ အစုံထွက်လာတဲ့ အခါမှာတော့ ပေါ့ပါးသစ်လွင်လှတဲ့ နှုတ်သီး၊ လက်သည်း နဲ့ သားမွှေးတွေက သိမ်းငှက်တစ်ကောင်ကို နောင်အနှစ် (၃၀)အထိ ထပ်ပြီးနေသွားနိုင်အောင် ဘဝသစ်ကို ခေါ်ဆောင် သွားပါတော့တယ်။

ဒီလိုပါပဲ ကျွန်တော်တို့ အသက်ရှင်နေထိုင်နေတဲ့ လောကကြီးထဲမှာ ပြောင်းလဲစရာလိုလာတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံတဲ့ အခါမှာတော့ ဒီအတိုင်း စိတ်ပျက်လက်မှိုင်ပြီး ပြောင်းလဲမှုကို ခုခံနေမယ့်အစား ဒီလိုဘဝသစ်တစ်ခု စဖို့အတွက် ခက်ခဲတဲ့ပြောင်းလဲမှုတွေကို ကိုယ်တိုင်ရင်ဆိုင်
ပြောင်းလဲနိုင်မှ၊ ကျွန်တော်တို့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အကျင့်ဆိုး၊ စရိုက်ဆိုးတွေကို စွန့်ပစ်နိုင်မှ ဘဝသစ်ကို ပြန်သွားနိုင်မှာပါ။

နောက်ထပ် သက်တမ်းကြာကြာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အတွေးသစ်၊အမြင်သစ်တွေကိုလက်ခံပြောင်းလဲနိုင်ရပါမယ်။
အကျင့်ဆိုးဆိုတဲ့ စိတ်အမှိုက်တွေကို လွှင့်မပစ်ဘဲ ဆက်လက် သိမ်းဆည်းထားရင်တော့မိမိကိုယ်မိမိ ညှဉ်းဆဲပြီး အသေခံတာနဲ့ အတူတူပါပဲ။
အဟောင်းထဲမှာပဲ ဝဲလည်နေကြမယ့်အစား ပြောင်းလဲတာပဲ ကောင်းပါတယ်။ စိတ်ကိုဖွင့်လိုက်ပါ။ အနာဂတ်ကို ယုံကြည်စွာနဲ့ ပြောင်းလဲခြင်းကို စနစ်တကျလုပ်ဆောင်ပါ။ အောင်မြင်ပါလိမ့်မယ်။

8 comments

  • MaMa

    March 25, 2011 at 10:15 am

    အရမ်းကောင်းတဲ့ ပိုစ့်လေးပါ။ ဒီပိုစ့်ကို ဖတ်ပြီး အနာဂတ်ဟာ လင်းလက်တောက်ပသွားသလိုပဲ။ (ခုတလော စိတ်တွေညစ်နေရာက)

  • zaw min

    March 25, 2011 at 7:00 pm

    ပြောင်းလဲတာကိုဆောင့်နေရင်တော့ အသက်တွေထက်ကြီးသွားအုံးမှာပါပဲ။အပြောင်းအလဲကိုလိုချင်ရင် ပြောင်းလဲအောင်လုပ်ရပါ့မယ်။

  • MaMa

    March 26, 2011 at 1:04 am

    ပြောင်းလဲတာကို မဆောင့်ပါနဲ့။ စောင့်ရုံလေးပဲ စောင့်ပေးပါ။

  • လင်းဝေကျော်

    March 28, 2011 at 7:38 am

    အပြောင်းအလဲက လာဆောင့်မှာကို ပြောတာနေမှာ မမရဲ့ း)

  • zaw min

    March 28, 2011 at 8:52 am

    ဟုပ်ကဲ့ပါ မမ၊နောက်ဆို သတိထားပြီးစောင့်ပါမယ်။မဆောင့်တော့ဘူးနော်။

  • kokothandar

    July 11, 2011 at 11:02 am

    သတ္တဝါတွေရဲ့ဘဝပေးအသိလဲဖြစ်နိုင်သေးတယ်ထင်ပါ့ဗျား

  • နီလေး

    July 11, 2011 at 11:35 am

    ကျေးဇူးတင်တယ်နော် အပြောင်းအလဲကို လက်ခံနိုင်အောင် ပြောင်းလဲနိုင်အောင် ကြိုးစားတော့မယ်

  • ရွှေဘိုသား

    July 11, 2011 at 12:43 pm

    ဒီဆိုဒ်မှာ ဒီပို.စ်ကို အရင်က တွေ.ဖူးသလိုပဲ
    ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်
    နှစ်ခါပြန်ဖတ်ရတော. မမေ.တော.တာပေါ.

Leave a Reply