ယောဂကျင်စဉ် ( ၁ )

မမေလးMarch 26, 20111min1223

ယောဂကျင့်စဉ်က BC 300 လောက်က ယောဂရဲ့ဖခင်လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ အိနိယလူမျိုး ပက်တန်းဂျလိ ခေါ် ရသေ့တစ်ပါးက ယောဂဆူတျာ လို့ခေါ်တဲ့ ယောဂကျမ်းကို ပြုစုရေးသားခဲ့ပါတယ် …
ခုပြောပြမယ့်ကျင့်စဉ်ကတော့ သွေးလည်ပတ်မှုအားကောင်းပြီး အကြောတွေပြေလျော့စေတယ် ၊ အချိုးအစားလှပစေတယ်   ၊  ရုပ်ရည်တင်မယ်  ၊ နုပျိုစေမယ် ၊ အစာချေဖျက်အားကောင်းစေမယ် ၊  စိတ်တည်ငြိမ်မှု ၊ ခနာကိုယ်ပျော့ပျောင်းသန်စွမ်းမှု ၊ ယုံကြည်မှုတွေဖြစ်စေတဲ့ ဟတ်တယောဂကျင့်စဉ် ဖြစ်ပါတယ် ။ စိတ်လတ်ပေါ့ပါးစွာနဲ့ နေ့စဉ်လေ့ကျင့်ပေးပါ ။

*မနက်ပိုင်းလေ့ကျင့်ရင်တော့ တစ်ညလုံးညောင်းညာနေတာတွေကို တစ်နေ့လုံးပေါ့ပါးနေစေပါတယ် ။
*ညနေပိုင်းလေ့ကျင့်ရင်တော့ တစ်နေ့လုံး ပင်ပမ်းသမျှတွေကို ပြေပျောက်စေပြီး ကောင်းကောင်းမွန်မွန် အိပ်ပျော်စေပါတယ် ။  ( ရောဂါရှိတယ်ဆိုရင်တော့ ဆရာဝန်ကို အရင် မေးကြည့်ဖို့လိုအပ်ပါတယ် )

လိုက်နာရမည့်အချက်များ
*မလေ့ကျင့်မီ ၂ နာရီတွင် အစားအစာ စားခြင်းရှောင်ပါ ။ စားလိုက်မိရင် နှစ်နာရီကြာပြီးမှ ဆော့ပါ ။
*လေ့ကျင့်နေစဉ် မျက်မှန် ၊ မျက်ကပ်မှန် ၊ လက်သတ်လက်စားတွေချွတ်ထားပါ ။
*အဝတ်အစားကိုလည်း ပွပွကြီးတွေ မဝတ်ရင်ပိုကောင်းပါတယ် ။ ကိုယ်ပေါ်မှာ ကပ်ကပ်လေးရှိနေတာက ပိုအဆင်ပြေပါတယ် ။
*လေ့ကျင့်လျှင် အခင်းခင်းရပါမယ် ။ အရမ်းလည်း မအိပါစေနဲ့ ၊ အရမ်းလည်း မမာပါစေနဲ့ ။ အနေတော်လေး ခင်းပါ ။

* စစချင်း အကြောလျော့ပါမယ် ။ လေ့ကျင့်စဉ်မှာ အသက်ရှုတာကို မှတ်ရပါမယ် ။ အရှည်ကြီး ရှုသွင်းမယ် ။ အရှည်ကြီးရှုထုတ်မယ် ။ လေ့ကျင်စဉ်မှာ အသက်အောင့်ထားတာမျိုး ဖြစ်နေတတ်ပါတယ် ဂရုစိုက်ပေးပါ ။၊ တင်းအားအမျိုးမျိုးဖြစ်နေတာတွေ လျော့ထားလိုက်ပါ ။ ( ဇာတ်ကြော၊ နောက်ကြော ၊ ၊ ခြေသလုံးကြော ၊ မျက်နှာ ၊ ဦးခေါင်းခွံ ရှိသမျှ အကြောတွေကို လျော့ထားပါ )
* ၁. ခြေထောက်နှစ်ချောင်းကို ကားလိုက်ပါ ။ ၂ . ဒူးခေါင်းမှ အတွင်းထဲကွေးလိုက်ပါ ။ ၃ . ခြေဖဝါး နှစ်ခု ပူးကပ်လိုက်ပါ ။ ၄ . ခြေဖဝါးနှစ်ဖက်ကို ပူးကိုင်ပြီး ပေါင်နှစ်ဖက်ကို အောက် မှ အပေါ် ၊ အပေါ်မှ အောက်သို့ လှုပ်ပေးပါ ။ အသက်ကို မှန်မှန် ရှုနေဖို့ အရေးကြီးပါတယ် ။  အကြိမ် ၃ဝ လောက်လုပ်ပါ ။
* အပေါ်က အနေအထားမှာပဲ ခေါင်းကို ဘယ် သုံးပါတ် ၊ ညာသုံးပါတ် ဖြည်းဖြည်းလေး လှည့်ပါ ။ အောက် ၊ ဘယ် ၊ အပေါ် ၊ ညာ ၊ အောက် မှတ်ပြီးအတင်းဆုံး ဖြစ်နေပါစေ ။
* ၁ . ခြေထောက်ကို ပြန်ဆန့်လိုက်ပါ ။ ၂ . ခြေချောင်းလေးတွေချည်း လှုပ်ပါမယ် ။ အခါ နှစ်ဆယ်ပါ ။၃ .  ပြီးရင် ခြေကျင်းဝတ်ကို အောက်ကို ဖိ လိုက် အပေါ်ကို ကော့လိုက် အတင်းဆုံးလေး လုပ်ပါ ။  အခါ ၂ဝ ပါ ။ ၄ . ခြေကျင်းဝတ်ကို ဘယ် ၁ဝ ပါတ် ၊ ညာ ၁ဝ ပါတ်လှည့်ပါ ။
( တစ်ချို့တွေက ခြေချောင်းလှုပ်ရာမှာ ခြေသန်းက ကျန်နေခဲ့လို့ ခြေသန်းလေးကို လက်လေးနဲ့ လုပ်ပေးရပါတယ် ။ အသက်ကြီးလာလို့ လှုပ်လှုပ်ရှားရှား မရှိလျှင် အကြောတွေက သေသလို ဖြစ်သွားတတ်ပါတယ် ။ ယောဂကျင့်စဉ်နဲ့ ဖြည်းဖြည်းချင်း ပြန်လုပ်ယူလို့ရပါတယ် ၊ တစ်ချိုကကျတော့ အရပ်က ဘယ်နဲ့ညာမညီပါဘူး ၊ အကြောတွေ ပိတ်ဆို့နေလို့လည်းဖြစ်နိုင်ပါတယ် ။ အကြောတွေ ပွင့်သွားလျှင် အရပ်လည်း ရှည်လာနိုင်ပါတယ် )
*၁. ဒူးတစ်ဖက်စီကို ကွေးလိုက် ဆန့်လိုက် တစ်ဖက် ၁ဝ ခါစီလုပ်ပါ ။ *** ကွေးပြီးလျှင် ခြေထောက် အဆန့်မှာ အောက်ဘက်မြေကို မထိခင်ပြန်ကွေးရပါမယ် ။ ကွေးနေစဉ် လက်နှစ်ဖက်က ပေါင်အောက်မှာ ဆွဲယှက်ထားပါ ။
*ပေါင်နှင့်ဗိုက် အနီးဆုံး ဆွဲကပ်ထားပါ ။ ပြီးလျှင် ဒူးမှ စက်ဝိုင်းပုံစံလှည့်ပါ ။ တစ်ဖက်စီပြုလုပ်ရပါမယ် ။ တစ်ဖက်ကို ၁ဝ ကြိမ်စီလောက်ပါ ။ ( ပေါင်ရင်းမှ မလှုပ်ရပါ ။ ဒူးမှနေပြီး လှည့်ရပါမည် )
* ပြီးသွားလျှင် ၁.ဒူးနှစ်ဖက်ကို ပြန်ကွေးလိုက်ပါ ။  ၂. အရှေ့တွင် လက်နှစ်ဖက်ကိုထောက်ပါ ။ ၃ . ဖင်ကိုကြွလိုက်ပါ ။ ၄ . ဆောင့်ကြောင့်ထိုင်လိုက်ပါ ။ ၅ . လက်နှစ်ဖက်ကို ဒူးနှစ်ဖက်ကို ပိုက်လိုက်ပါ ။  ၆ . ခနာကိုယ်ကို လဲမသွားအောင်ထိန်းပေးပါ ။ ရ . အားတွေအားလု့းက ခြေကျင်းဝတ်ပေါ်မှာစုထားပါ။ ထို အချိန်တွင် အသက်ရှုအောင့်ထားတတ်ပါတယ် .. အသက်ပုံမှန်ရှုပါ ။ အသက် အရှညကြီးရှု အရှည်ကြီးထုတ် ၅ ကြိမ်ပါ ။ အသက်ကြီးလာရင် ဆောင့်ကြောင့် အကြာကြီး မထိုင်နိုင်ပါဘူး ။ ထလိုက်ရင် ဒူးနာတာတွေ ၊ ခြေကျင်းဝတ်နာတာတွေဖြစ်တတ်ပါတယ် ။ ဒီကွက်က ဒီ ဆိုးကျိုးတွေကို တားဆီးပေးပါတယ် ။  ( ဒီအကွက်ရဲ့ အကျိုးကတော့ . ယုံကြည်မှုတွေ ပိုတိုးစေပါတယ် )
ယောဂကျင့်စဉ်က ဖြည်းဖြည်းလေးလုပ်ရတဲ့ အတွက် စိတ်၏ သီးခံနိင်မှုကို တိုးတတ်စေပါတယ် ။ စိတ်၏တည်ငြိမ်မှုလည်း ဖြစ်စေပါတယ် ။ လေ့ကျင့်ပြီးရင် စိတ်၏အေးချမ်းခြင်းကို ပိုင်ဆိုင်တာ တွေ့ရပါလိမ့်မယ် ။
ပထမ ၃ ၊ ၄ ရက်တော့ အကြောတွေနာနေပါလိမ့်မယ် ။ နာနေလို့ ရပ်လိုက်ရင် ဆော့တိုင်းနာနေပါလိမ့်မယ် ။ နာလည်းဆက်ဆော့ပါ ။ အကြောတွေပိုပျော့လာပါလိမ့်မယ် ။

3 comments

  • Shwe Tike Soe

    March 28, 2011 at 2:33 am

    ကျေးဇူးတင်ပါတယ် ဆက်လက်ဖော်ပြပေးပါအုံးဗျာ

  • nozomi

    March 28, 2011 at 5:06 am

    ကုံးကျူ ပုံလေးနဲ့ အဆင့်လိုက်ဓါတ်ပုံရိုက်တင်ပေးရင် ပိုအဆင်ပြေမယ်ထင်တယ်
    ရွာထဲမှာလည်း Professional Photographer တွေရှိနေတာ သူတို့ကို အကူအညီတောင်းကြည့်ပေါ့

  • search123

    March 28, 2011 at 5:07 am

    ယောဂကျင့်စဉ်တွေ ကိုစိတ်ဝင်စားပါတယ်။
    ပုံလေးတွေနဲ့ပါတွဲပြီး တင်ပေးရင် ပိုကောင်းမှာပါ။

Leave a Reply