Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆာဖာရီ ဥယျာဉ်ထဲက တိရိစာ္ဆန်လေးများ

ဆူးApril 1, 20112min44025

ဝင်ကြေး ၁၀၀ဝ
ကားခ ၁၀၀၀
၂၀၀ဝ ပေးမှ ဝင်လို့ရပါတယ်။

အထဲက အကောင်လေးတွေကို မြင်တော့ မရိုက်ဘဲ မနေနိုင်လို့ ရိုက်ယူခဲ့တယ်။ ပုံလေးတွေကို ကြည့်လိုက်ပါအုန်း


ထိုကဲ့သို့ ခြံဝန်းကြီး ခတ်ပြီးတော့ ကျား ခြင်္သေ့ တွေကို ထားပါတယ်။

25 comments

  • shwe ni

    April 1, 2011 at 6:18 pm

    သူတို့နေပူနေတယ်နဲ့တူတယ်နော် ဆူးရေ
    သစ်ပင်ရှိရဲ့လား

  • bigcat

    April 2, 2011 at 2:06 am

    တိရစာှ္ဆန်ရုံထဲမှာ အရင်ကလို ပိတ်လှောင်ထားတာနဲ့စာရင် အများကြီးတော်ပါတယ်။
    ဒါပေမဲ့ အပြင်ဖက် ဟင်းလင်းကြီးပွင့်နေတာကို မြင်ရပြီးသွားလို့မရတော့ ဒုက္ခအသစ်တမျိုး အစားထိုးတယ် ပြောရမယ်ထင်တယ်။ သဂျီးကတော့ လူတွေတိရစာ္ဆန်တွေကို ကြီးနိုင်ငယ်ညှင်း နှိပ်စက်ကလူပြုတာ သဘာဝတဲ့။ သူ့ကိုထိရင်တော့ အထက် အလယ် အောက် ဘယ် ညာ လွှတ်တော်အမတ်တွေကို တိုင်စာပို့မယ်လို့ပြောတယ်။ တော်တော်တရားကျဖို့ကောင်းတဲ့ သဂျီး။

  • onlinezz

    April 2, 2011 at 6:39 am

    ခြင်္သေ့ကြီးတွေ ကြည့်ရတာ ပျင်းနေသလိုပဲ .ခြောက်သွေ ့သွေ ့နဲ ့ကန္တာရ ဥယျာဉ်ဆို ပိုပြီး လိုက်ဖက်သလိုပဲ 😛

  • ဆူး

    April 2, 2011 at 12:15 pm

    နေသိပ်ပြင်းလွန်းလို့ အကောင်တွေ အားလုံး အရိပ်ရတဲ့နေရာမှာ ကပ်နေရတာ.. အပင်ကြီးကြီး ဆိုတာ မရှိတော့ မျက်နှာငယ်လေးတွေ နဲ့ ဖြစ်နေတဲ့ ခြင်္သေ့ကိုသာ ကြည့်ပေတော့။

  • kai

    April 3, 2011 at 12:22 am

    အိပ်၊စား၊ကာမ ဤသုံးဝ အိုကေအောင်ထားပေးရင်.. တိရိစ္ဆာန်ဆိုတာ… ပျော်လွန်းလို့.. ပျော်ပျော်..ပျော်ပျော်တောင်ဖြစ်နေမှာ…။
    အဲဒီလိုဖြစ်ဖို့.. အသိဉာဏ်ရှိတဲ့ လူတွေက စီစဉ်ပေးပေါ့..။
    စီစဉ်ဖို ့..ငွေလိုတယ်မဟုတ်လား..။
    အဲဒီတော့.. ဝင်ကြေးကောက်ပေါ့..။
    ပိုတဲ့ငွေတွေကနေ.. အလုပ်အကိုင်သစ်ဖန်တီးပေးပေါ့..။

    အဲဒီတော့ ..တိရိစ္ဆာန်ဆရာဝန်တွေ..။ အစာကြွေးသူတွေ..။ ခြံရှင်းမဲ့သူတွေ..။ ထိန်းသိမ်းပေးမဲ့သူတွေ.. စသဖြင့်အကုန် အလုပ်ရ..ငွေရမှာပေါ့..။
    မိသားစုတွေအဆင်ပြေမှာပေါ့..။
    ကလေးတွေ..ကျောင်းထားနိုင်မှာပေါ့..။
    ဘဝ..ဘဝတွေ ကောင်းလာမှာပေါ့..။

    အဲဒီအကောင်တွေကနေ.. အရှုံးပေါ်တဲ့အလုပ်… သူတို့တွေအဆင်ပြေဖို့..လူတွေက ပေးဆပ်ရသလို..လာဖြစ်နေရင်တော့..
    အဲဒီအကောင်တွေ.. ဟင်းအိုးထဲသာထည့်ပေတော့…။

  • maungmoenyo

    April 3, 2011 at 1:27 am

    ပျဉ်းမနားဒေသဟာ ပူပြင်းခြောက်သွေ့တဲ့ဒေသဖြစ်လို့ အအေးဓါတ်လိုအပ်တဲ့ တိရစ္ဆာန်တွေအတွက်စိတ်မကောင်းစရာပါ။ အဲ့ဒါတွေအတွက်ဘာအစီအစဉ်မျိုးတွေလုပ်ထားတယ်ဆိုတာတွေးတောစရာပါဘဲ။ ဒါထက် တိရစ္ဆာန်ရဲ့ရိက္ခာထဲ ကဖြတ်အုပ်လေ့ရှိတဲ့ ရန်ကုန်တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးကျော်ညွန့်လွင် (ခုတော့ပင်စင်ယူလောက်ပါပြီ) တို့လိုဝန်ထမ်းတွေ များရှိနေသေးလားလို့ ရင်လေးနေမိပါတယ်။

  • moonpoem

    April 3, 2011 at 6:38 am

    နေပြည်တော်ရောက်နေတဲ့ တိရစာ္ဆန်လေးတွေ သနားပါတယ်နော်။

  • naywoonni

    April 3, 2011 at 6:44 am

    တိရစ္ဆာန်ရဲ့ရိက္ခာထဲ ကဖြတ်အုပ်လေ့ရှိတဲ့………. ဆိုလို့ ကျွန်တော်တွေ့ဖူးတာလေးရှိတယ်။ ကြာေတော့ ကြာပါပြီ.. မန္တလေးတောင်ခြေမှာ အရင်က ခွေးခြံဆိုတာရှိတယ်ဗျ..။ ခွေးလေခွေးလွင့်တွေ စုထားတာ။ သူတို့တွေတွက် ရိက္ခာကြေး 25ကျပ်ထုတ်ပေးတယ်။ ခွေးတွေ ဝအောင်မကျွေးဘူး။ နေ့စားတောင် 15 ကျပ်ပဲရသေးတဲ့အချိန်နော် စဉ်းစားကြည့်..။ တိရစ္ဆာန်ကိုချစ်တတ်ရင်ပြန်လန်နေအောင်ကျွေးလို့ရတယ်။ အမဲသတ်တဲ့နေရာကနေ အပိုင်းအစတွေအရိအရွှဲ တွေ လိုက်တောင်း ပြီး ဆန်ကွဲနဲ့ ကြိုပြီး ကျွေးရင်တောင် ရတာ ပဲ။ အဲဒါတွေက လူရိက္ခာတွေ ဖြစ်သွားတော့ ခွေးတွေ အငတ်ငတ်အပြတ်ပြတ်နဲ့ သေကုန်တာပေါ့..။ ကျွန်တော့ကိုတာဝန်ပေးကြည့်ပါ့လား ခွေးတွေဝအောင်ကျွေးပြီး မူဆယ်ဘက်ဖို့ပစ်မယ်ဆိုတော့ အဟဲဟဲ…. အဆဲခံလိုက်ရတယ်.. ခွေးမျိုးတဲ့

  • meengelay

    April 3, 2011 at 8:18 am

    သနားဖို့ကောင်းပါတယ် ပူပြင်းတဲ့ဒဏ်ကို ဘယ်သတ္တဝါမှ မခံစားနိုင်ပါဘူး သူတို့အတွက် နေရာကောင်းလေးတွေ ဖန်တီးပေးစေချင်ပါတယ်…..

  • shweminthar

    April 3, 2011 at 8:21 am

    ဟိုဘက်ပိုစ့်ထဲမှာ ဆွေပြမျိုးပြ ခေါ်လို့
    အန်တီဆူးက လိုက်ကြည့်ရင်းနဲ့
    ဓါတ်ပုံတွေ ရိုက်လာတာ ထင်တယ်။
    🙂

    • ဆူး

      April 3, 2011 at 2:40 pm

      မရိုက်ဘူးလို့ ကင်မရာ သိမ်းထားတာဘဲ.. မျက်နှာလေးတွေ သနားကမားနဲ့ ရိုက်ချင်လွန်းလို့ မှတ်တမ်းယူလာတာ.. နောက် ၅နှစ်လောက် နေလို့ ထပ်ရောက်ရင် မျက်နှာတွေ ဘယ်လိုများ ပြောင်းမလဲလို့.. ဟဲဟဲ

  • ဆူး

    April 3, 2011 at 2:39 pm

    အဘနီတော့ စီးပွားဖြစ်ကြံနေပြီ..
    အကြံက တယ်ကြီးပါလား.. ခွေးခြံ ထောင်မလို့လား..

  • Gong Zhu

    April 5, 2011 at 7:21 pm

    ကျားဖြူလေးနှစ်ကောင်ကို အချစ်ဆုံးပဲ … အဲ့ဒီမှာ ကျားဖြူလေးကို အမဲသားကျွေးလို့ရတယ် ၆၀၀ဝ ဆိုလားပဲ … ဈေးကြီးတယ်နော် … နောက်မှ ငှက်ကလေး သစ်ကိုင်းမှာ အိပ်ငိုက်တဲ့ ဗီဒီယိုလေးတင်ပေးမယ် ခုလောလောဆယ်တော့ ကော်နက်ရှင်သိပ်မကောင်းဘူး …

  • ဆင်စီးတဲ့ ဘုရင်ကြီး

    September 16, 2011 at 10:07 pm

    ခြင်္သေ့ ၃ကောင် တော်တော် ပျင်းနေတယ် ထင်တယ်။

  • musicalpunk

    September 16, 2011 at 10:23 pm

    အကောင်လေးတွေကိုလဲသနားမိတယ် ပြီးတော့မမဆူးကိုလဲသနားမိတယ်။ကျေးဇူးလဲတင်တယ်။ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်က အဲဒီကိုမရောက်ဖူးဘူး အရမ်းသွားချင်နေတာ။အခု မမဆူးက ပုံလေးတွေတင်ပေးထားတော့ကျွန်တော်မြင်ဖူးသွားတာပေါ့။လောလောဆယ်ဒါလေးနဲ့ပဲ ဖြေသိမ့်ထားတော့မယ် ။မမဆူးပြောသလိုနောက် ၅ နှစ်နေရင် တော့အင်း………..သူတို့လးတွေ အဆင်ပြေမှာပါ။

    • ဆူး

      September 17, 2011 at 8:47 pm

      သူညားကို ဘာလို့ သနားတာတုန်းလို့…
      အလတ်ကြီး ရှိသေးတာကို..

  • မီးမီး သော်

    September 16, 2011 at 10:36 pm

    သူတို ့လဲဝဋ်ကြွေးပါဘဲ။တောတောင်ထဲမနေရ။ခြံခတ်ခံထားရတာ တော်တော်ကျဉ်းကျပ်မှာပါ။

  • windtalker

    September 17, 2011 at 12:15 am

    အဟမ်း..
    ကိုယ်တိုင် သွားရောက်
    ကိုယ်ပိုင် ကင်မရာ နဲ ့
    ကိုယ့်အမြင်၊ ကိုယ့် အယူ နဲ ့ကိုယ်ရိုက်
    ကိုယ့် အာဘော် ကိုယ့်အိုင်ဒီယာ ကိုယ်ရေးပြီး
    တင်ထားတဲ့ ပို ့စ် မလို ့
    ဖတ်ရတာ
    အရသာ အရမ်းဖြစ်သွားပါတယ်
    ဖူးဆွား

    • maythakhin

      September 17, 2011 at 12:30 am

      တိရစ္ဆာန်တွေဆိုပေမဲ့ ဉာဏ်တော့ရှိသား ။ အရိပ်ရမဲ့နေရာလေးတွေရှာပြီးနေကြတယ်။ ရောက်တဲ့နေရာမှာ အဆင်ပြေအောင်နေနေကြပုံပဲ၊

  • မောင်တုတ် ကြီး

    September 17, 2011 at 12:07 pm

    ဆာဖရီဆိုတာ zoo နဲ ့မတူဘူးလား။တမျိုးပါလား နာမည်ကြီက။

    • ဆူး

      November 17, 2011 at 8:24 am

      ဆာဖာရီ ဆိုတာ သဘာဝ အတိုင်းလွတ်ထားပြီး သဘာဝ နေထိုင်ပုံတွေကို လှည့်လည် ကြည့်ရှုရတာပါ။ Zoo ဆိုတာ အကောင်လေးတွေကို လှောင်အိမ်ထဲ ထည့်ထားပြီး ဒီအကောင်ကတော့ ဒီလို ဆိုပြီး လှောင်ချိုင့်ထဲမှာ ရှိတာကို ကြည့်စေတာ ကို ခေါ်ပါတယ်။

  • Shwe Ei

    November 17, 2011 at 11:41 am

    နေပူခံတိရိစာ္ဆန်ရုံလို့ဘဲ နာမည်ပေးလိုက်ပါတော့။ အရိပ်ရ အဆောက်အအုံလေးတောင် မဆောက်ပေးနိုင်ဘူး။ မွဲချက်။

  • etone

    November 17, 2011 at 11:50 am

    သူတို့ကာထားတာက သံစကာနော် … ပြီးတော့ .. အမိုးတွေပါ သံနဲ့မကာထားဘူး.. ဆာဖာရီလည်းဖြစ် ၊ ဧရိယာကလည်း ကျယ်တော့လေ … ။ မတော်လို့ ခြင်္သေ့က မျောက်တွေလို ကုတ်ဖဲ့ ပြီး ခြံကျော်တတ်လာလျှင် ဘယ်နှယ့်လုပ်မလဲနော် … နောက်ပြီး သံစကာတွေကလည်း ဘောင်ခတ်ထားတဲ့ သံတိုင် တုတ်တုတ်တွေသာရှိတာ ကြားထဲက သံချောင်းလေးတွေက စမုတ်တံလေးတွေလောက်ပဲ ရှိတယ် … ဘယ်လောက်ကြာလျှင် ဆွေးမလဲ မသိဘူး … ။ 🙄

    • ဆူး

      November 17, 2011 at 4:37 pm

      ခြံစည်းရိုး ၂ထပ် လုပ်ထားတာပါ။ လုံခြုံမယ်တော့ ထင်ရပါတယ်။
      လွတ်သွားလည်း နေပြည်တော်မှာပဲဟာ သိပ်တော့ စိတ်မပူရပါဘူး။ ရန်ကုန်နဲ့ ခရီးတော်တော် လှမ်းတယ်လေ။ မပူနဲ့ ညီမ.. အေးချေး အေးချေး..

  • တညင်သား

    November 17, 2011 at 7:47 pm

    သူ့ခမျာ တက္ကစီစောင့်နေရင်း ကျားလာဆွဲမှာ ဆိုးရိမ်လို့ထင်ပါတယ်…………..:)

Leave a Reply