ထိုင်းသရုပ်ဆောင်၏မိခင်အားသက်သူ မြန်မာနိုင်ငံသားအားဖမ်းဆီးရမိ
ထိုင်းနိုင်ငံတွင် တက်သစ်စအနုပညာရှင်တစ်ဦး၏ မိခင်ဖြစ်သူအား သက်ပြီးထွက်ပြေးသွားသူ မြန်မာနိုင်ငံသား ၂ ဦးထဲမှ တစ်ဦးအားဖမ်းဆီးရမိပြီးဟု ထိုင်းရဲများက သတင်းထုတ်ပြန်ပါသည်။
အသက်၃၄နှစ်အရွယ် မြန်မာနိုင်ငံသား အပ္ပဒူလာ ဆိုသူနှင့်အပေါင်းပါတို့သည် Sara ဆိုသူရုပ်ရှင်သရုပ်ဆောင်၏မိခင် အသက်၄၁နှစ်အရွယ်ရှိ အမျိုးသမီးကြီးအား ၎င်းနေအိမ်ရှိအိမ်သာအတွင်း သက်ဖြတ်ပြီးထွက်ပြေးသွားသည်ဟုဆိုပါသည်။
အဆိုပါအမှုအား ဖမ်းဆီးရရှိရန်အတွက် တစ်လနီးပါးကြာမြင့်ခဲ့သည်ဟု ရဲကပြောပါသည်။
”’ ဟုတ်ပါတယ်..ကျွန်တော်တို့ပဲ သူ့ကိုသက်လိုက်တာပါ။ သွားတာက သူ့ကိုသက်ဖို့မဟုတ်ပါဘူး ။ သူ့ခင်ပွန်းကို သက်မလို့ပါ။ ကံဆိုးချင်တော့ သူက အရင်ဆင်းလာပြီး ကျွန်တော်တို့ကိုတွေ့တော့ အော်တာနဲ့သက်လိုက်ရတာပါ။ ကျွန်တော်တို့က သူ့တို့ရဲ့ သားသက်ရုံမှာ အလုပ်လုပ်ပါတယ်။သူ့ခင်ပွန်းကကျွန်တော်တို့ကို လခမှန်မှန်မပေးတဲ့အပြင် အမြဲတမ်းဆဲဆိုအော်ငေါက်ပါတယ်။
အလုပ်ထွက်မယ်ပြောတော့ ကျွန်တော်တို့ကို သေနတ်နဲ့လိုက်ပစ်ပါတယ်။အရမ်းစိတ်နာလို့သူ့ကိုသက်ဖို့ဆုံးဖြတ်ခဲ့တာပါ။”’ လို့
အပ္ပဒူလာဖြစ်သူက ဆိုပါတယ်။ ဒါပေမယ့် မင်းသမီးရဲ့အဖေကတော့ လခမှန်မှန်မပေးပဲ သေနတ်နဲ့လိုက်ပစ်တာ မမှန်ကန်ပါဘူးလို ့ သတင်းထောက်များကို ပြောကြားသွားပါတယ်။
မင်းသမီး Sara ကတော့ ငိုယိုနေပြီး တရားဥပဒေအတိုင်း ထိရောက်စွာအပစ်ပေးပါလို့ဆိုပါတယ်။
အပ္ပဒူလာနှင့်အတူပါရှိသူတစ်ဦးကိုတော့ မကြာခင်ဖမ်းဆီးရမိမယ်လို့ ရဲကပြောပါတယ်။
20 comments
ဆူး
April 10, 2011 at 4:02 pm
တကယ်တမ်း အကျင့်ယုတ်လို့ သွားသတ်တာ ဆိုရင်တော့.. အကျင့်ယုတ်တဲ့ လူရဲ့ အပြစ်ကို ဖော်ထုတ်ပြီး အရေးယူသင့်တယ်။
မြန်မာ ဆိုတာ သူတို့စိတ်ထဲမှာ အနိမ်ခံလို သဘောထားတဲ့ စိတ်ကလည်း တော်တော် ခက်တယ်။
ငှက်ကြီး
April 10, 2011 at 4:09 pm
လူသတ်သမားပြောတဲ့အတိုင်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက သားသက်သမားတစ်ယောက်ဟာ လူသက်ဖို့ဝန်မလေးဘူးဆိုတာပေါ်လွင်စေပါတယ်။ သားသက်ရုံဖွင့်ပြီးအသက်မွေးဝမ်းကြောင်ပြုသူဟာလဲ ဝဋ်လည်တယ်လို့ဆိုမလားပဲ ။
ဒါကိုတော့ ကိုကြောင်ကြီးက သေသေချာချာရှင်းပေးပါလိမ့်မယ်။
ဆူး
April 10, 2011 at 4:18 pm
ဦးကြောင်ကြီးက သတ်သတ်လွတ်စားပြီး သားသတ်တာနဲ့ အသက်မွေးတာလား.. မသိလို့နော်.. ဟီးဟီး.. နောက်တာ.. အရင်းမရှိအဖျားမရှိ ချွန်နေလို့.. နောက်တာ..
ဒါနဲ့ အဲဒီ မင်းသမီးက မိန်းမ အစစ်ကော ဟုတ်ရဲ့လား။
မျက်နှာက ကုလားဆင်လေးလိုဘဲနော်.. မျက်တွင်းနက်နက်နဲ့..
bigcat
April 11, 2011 at 3:05 am
ဒါကဒီလိုရှိတယ်ဗျ။ တရားခံသာ သက်သတ်လွတ်သမားဆိုရင် သူများအသက်ကို သတ်မိဖို့ အလွန်ခဲယဉ်းမယ်။ အခုတော့ သဂျီးလို ရုပ်ဝါဒီသမားတွေကြောင့် အသားစားယုံမက သူ့အသက်ပါသတ်သေးတယ်။ ဒီတော့ ဒေါသစိတ်နဲ့ လူသတ်တာ မဆန်းဘူးပေါ့။ တကယ့် တရားခံအစစ်က သဂျီးဗျို့………
window2me
April 10, 2011 at 11:11 pm
မြန်မာတွေက အဲမှာကျီးလန် ့စာစားပဲ…
အနှိမ်ခံရတာ လုပ်ခလစာကို သေသေချာချာမပေးဘူးဆိုတာလည်းဖြစ်နိုင်ပါတယ်
အဲလိုအဖြစ်မျိုးတွေက ကြားနေကျပဲ(((
တခုပဲရှိတာက မြန်မာလူမျိုး ကိုအပ္ပဒူလာ ကြီးပဲဗျ…ကိုရမ်းကားတို ့ကိုမိုက်ကမ်းတို ့ဆိုတော်သေး)))
မြန်မာတွေရောက်လေရာအရပ်မှာ ဘေးကင်းပါစေဗျာ
အိန္ဒ်ယကဒေါက်တာ သမ္မတကြီး(သူလည်း အပ္ပဒူလာပဲ :D) သူ ့စာအုပ်မှာပါတဲ့
Millions people selling cheap labor and raw materials and providing a large market
for goods and services of other nations အဖြစ်ကြီးကလွပ်ပါစေကြောင်းနှစ်သစ်ဆုမွန်ကောင်းတောင်းပါတယ်ဗျာ
ရှူံးနိမ့်မှုများနဲ့.. လူ
April 10, 2011 at 11:20 pm
ဟုတ်တယ်ဗျာ.. ဒီထက်ကောင်းတဲ့သတင်းနဲ့ ပိုကျော်ကြားတဲ့ မြန်မာလူမျိုးစစ်စစ်(စစ်စစ်)တွေရဲ့ အကြောင်းကိုကျတော့ ကိုခိုင်တစ်ယောက်ဘဲ တင်ထားတာ ဖတ်ရဖူးတယ်.. ဒီနာမည်နဲ့ မြန်မာနိုင်ငံသားဖြစ်နေတယ်ဆိုတာ မကောင်းသတင်းနဲ့ ကျော်ကြားပြန်တော့လဲ အမျိုးဖျက်လို့ပဲ တွေးမိတယ်.. အနှိမ်ခံရတယ်ဆိုတာတော့ ယုံပါတယ်.. “မြန်မာ” လို့ နာမည်တပ်ခံရတာတော့ ရင်နာတယ်ဗျာ.. ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကျွန်တော်ကတော့ ကိုယ့်နာမည်ကိုယ် ဘယ်တော့မှ Mr. မိုဟာမက်… လူတို့၊ Mr. ဒေးဗစ်..လူတို့ ပြောင်းမှာ မဟုတ်ပါဘူး။ အမြင်ကျဉ်းတယ်လို့ပဲ ဆိုချင်ဆို၊ အဲလို မြန်မာ နာမည်ဖျက်တဲ့သူကိုတော့ လုံးဝ မသနားပါ၊ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာစစ်စစ်များကိုသာ သနားလှပါဘိ။ ။
ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်လိုက်ပါတယ်
လင်းဝေကျော်
April 11, 2011 at 3:06 am
Abdula တို့နဲ့ အနွယ်တူပုံရပါတယ်။ ကောင်မလေးရုပ်ကလည်း ဆင်ဆင်လေးဆိုတော့။
နောက် သားသတ်လုပ်ငန်းလုပ်တယ် ဆိုတော့ ဘာသားသတ်တာလည်း မပါတာဆိုးတယ်။
တော်ကြာ ဝက်သား သတ်တာဆို ကိုယ်ပြောနေတာ တလွဲကြီးဖြစ်နေဦးမယ်။
etone
April 11, 2011 at 3:39 am
ပါးရိုက်လို့ နားကိုက်တာ ဒါမတရားလူသတ်တယ်လို့ ပြောလို့မရဘူး … ကိုယ်လူတွေ တန်ရာတန်ကြေး ပြန်တောင်းလိုက်တာပဲ … ။
meelay
April 11, 2011 at 3:41 am
ဦးငှက်ကြီး …. စာလုံးပေါင်းက (သတ်) ဖြစ်ရမှာ (သက်) ဖြစ်နေတယ် …. 🙂
ငှက်ကြီး
April 11, 2011 at 1:48 pm
စာလုံးပေါင်းအမှားကို ထောက်ပြတဲ့ မီးလေးကို ကျေးဇူးတင်ပါတယ်။
hmee
April 11, 2011 at 7:22 am
သူတပါး အသက်ကိုသတ်ပြီး အသက်မွေးတာဆိုတော. နေ.စဉ် သွေးသံရဲရဲ မြင်နေလို. လူသတ်ဖို. ဝန်မလေးတာဖြစ်မယ်။ ဘာကိုပဲသတ်သတ် နေ.စဉ်သတ်နေရတော. စိတ်ကိုက ကြမ်းနေမှာ ။ မှီ. အဖေက ပြောဖူးတယ် သူတပါးအသက်နဲ. အသက်မွေးသူ၊ လူသတ်ဖူးသူတွေဟာ သူတို.မှာ ကိုယ်ရောင်ကိုယ်ဝါ ပျောက်သွားတယ်တဲ. တခြားသူတွေနဲ. မတူဘူးတဲ.။ဘာတွေပဲ ဝတ်ဝတ် အသားအရောင်ကို မထွက်တော.ပဲ လူတောထဲကို မတိုးတော.တာ တဲ.။
kai
April 11, 2011 at 7:54 am
မြန်မာနိုင်ငံသားဆိုရင်.. မြန်မာသံရုံးက အကူအညီပေးသင့်တာပေါ့….။
တရားဥပဒေအတိုင်းပဲ… ဖြစ်သင့်ပါတယ်..။
သေသေချာချာ စုံစမ်းပေးစေချင်တာပါပဲ..။
ငှက်ကြီး
April 11, 2011 at 1:46 pm
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထိုင်းနိုင်ငံရောက်မြန်မာတွေကို လစ်လျှုရှုထားတာကြာပါပြီး သဂျီးရယ်။
လိုက်ပေးဖို့နေနေသာသာ စိတ်တောင်မဝင်စားပါဘူး။
nigimi77
April 11, 2011 at 2:11 pm
အဲဒါ ကိုငှက်တို ့ တာဝန်မဲ့လို ့ ဖြစ်တာ ကကြီးမှာဆိုရင် ရန်နိုင်ထွန်းနဲ ့ အပေါင်းအပါတွေ သံရုံးရှေ ့သွားပြီး
ဓါတ်ပုံ အရိုက်ခံ (အဲ..ယောင်လို ့) သွားသွားအော်ပေးတာ။ 🙂
bigcat
April 11, 2011 at 11:47 pm
မြန်မာပြည်ပြန်ပြီး လွှတ်တော်အမတ်ဆီကိုသွားတိုင်ရမှာ မဟုတ်ဘူးလား။ ခရီးစရိတ်ကိုတော့ သဂျီးကပေးပါလိမ့်မယ်။ 😆
kai
April 12, 2011 at 5:29 am
မြန်မာပြည်မှာ မြန်မာ-အမေရိကန်ကိုညီညီအောင်အဖမ်းခံရတော့ .. လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် သွားပြောပြီး ထုတ်ပေးခဲ့တယ်..။
ဝိုင်းစုခိုင်သိန်း ယူအက်စ်လာတော့ ..ပြသနာတွေဖြစ်တော့လည်း.. လွတ်တော်အမတ်ကပဲ.. လဝက လှမ်းပြောပေးလိုက်တာပဲ..။
မြောက်ကိုရီးယားမှာ ..တရုတ်-အမေရိကန်မ၂ယောက်အဖမ်းခံရတော့ .. သမ္မတဟောင်း ကလင်တန်သွားပြောပြီး ခေါ်ထုတ်ပေးတယ်..။
ဆိုတော့.. 🙂
အဲဒီမင်းသမီး တော်တော်ချောတာပဲ..။ နာမယ်အပြည်အစုံ သိရင်ပြောပါဥိး..။ အစစ်ကြီးလား သိချင်လို့..။
ကြောက်ရတယ်..ဒီခေတ်က…။ (ဘာမှလည်း မဆိုင်)
cobra
April 12, 2011 at 7:49 am
ကို kai ရယ်အကောင်းအောက်မေ့လို့ဖတ်နေတာ…
နောက်ဆုံးတော့ကျွန်တော်နဲ့အကြိုက်ချင်းတူနေတာပဲ
Yin Nyine Nway
April 12, 2011 at 10:06 am
စပီ…ဇာတ်လမ်း…ဇာတိကပြကျဒယ်….ချောချောမြင်ရင် ဒါပဲ …
cobra
April 13, 2011 at 3:49 pm
ဘယ်သူ ့ကိုပြောတာလဲ..ကို kai ကိုလား….
ကျွန်တော့်ကိုလား…….။
nigimi77
April 13, 2011 at 3:57 pm
သေချာပေါက်ကို စစ်မည့် ရုပ်ပဲ။
ဝိုင်းစု အမေရိကမှာ ဘာဖြစ်တာလဲ….. မသိလို ့