ယူကေကျောင်းသားဗီဇာပါ ဘဏ်စာရင်းမှာ အစစ်အမှန် ဖြစ်ကြောင်း ဝန်ခံကတိ ပြုရမည့်အပြင် ဘဏ်များကို မှတ်တမ်းတင် စိစစ်မည်

ဦးကောက်April 10, 20111min582

 

w62816

London School of Commerce Campus အား တွေ့ရစဉ်

ယူကေရှိ တက္ကသိုလ်၊ ကောလိပ်များသို့ တက်ရန် ကျောင်းသားဗီဇာ လျှောက်ထားမည့် မြန်မာများမှာ မိမိဘဏ်စာရင်းမှာ အစစ်အမှန်ဖြစ်ကြောင်း ဝန်ခံကတိပြုရမည့်အပြင် ဘဏ်များကိုလည်း အသေးစိတ် မှတ်တမ်းတင် စိစစ်သွားမည် ဖြစ်ကြောင်း မတ်လ ၃၁ ရက်နေ့က UK Border Agency ထုတ်ပြန်ချက်အသစ်တွင် ပါရှိသည်။

ယင်းကဲ့သို့ ကျောင်းသားဗီဇာ လျှောက်ထားမှု ကန့်သတ်တင်းကြပ်ရခြင်းမှာ ၂၀၀၉ ခုနှစ်က ကျောင်းသား ဗီဇာအပေါ် အလွဲသုံးမှုများ ပြုလုပ်ကာ နိုင်ငံတွင်း နေထိုင်ခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့ခြင်းနှင့် ယူကေကျောင်းသားဗီဇာ ပြုပြင်ပြောင်းလဲခြင်း စည်း မျဉ်းသစ်များကိုမူ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် စတင်မည် ဖြစ်ကြောင်း UK Border Agency ၏ တရားဝင်ထုတ် ပြန်ချက်များ အရ သိရှိရပါသည်။

မတ်လ ၂၁ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတွင် ကျောင်းသားဗီဇာကြေး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး အွန်လိုင်းမှ ဗီဇာစတင် လျှောက်ထားသည့်စနစ် စတင်ခဲ့ရာ ဘဏ်စာရင်း ပြသရာတွင်လည်း အစစ်အမှန် ဖြစ်ကြောင်း ထပ်မံ ဝန်ခံကတိပြုချက်များ ပါဝင်လာသည့်အပြင် ယင်းဘဏ်များကိုလည်း အသေးစိတ် မှတ်တမ်းတင် စိစစ်သွားမည် ဖြစ်ကြောင်း ကြေညာချက်အသစ်တွင် ပါရှိခဲ့သည်ဟု သိရသည်။

မြန်မာကျောင်းသားများ၏ ဘဏ်စာရင်း ပြသရမှုမှာ မိမိတက်ရောက်မည့် ကျောင်း၏ဘာသာရပ် အလိုက် ကုန်ကျစရိတ်များထဲမှ တစ်နှစ်စာအား အကြမ်းဖျင်း ပြသကြရပြီး ပုဂ္ဂလိကဘဏ်များ၌ ငွေစာရင်း အပ်နှံထားကြောင်း ပြသခြင်းထက် အစိုးရဘဏ်များတွင် ပြသခြင်းမှာ ဗီဇာရရှိရန် ပိုမို သေချာစေသည်ဟု ယူကေ ပညာရေးဝန်ဆောင်မှု အေဂျင်စီ တစ်ခုမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် ဧပြီလတွင် စတင် ပြောင်းလဲမည့် ကျောင်းသားဗီဇာ စည်းမျဉ်းသစ်တွင် ဒီဂရီတက်ရောက်မည့် ကျောင်းသား၏ အင်္ဂလိပ်စာ အရည်အချင်းမှာ (B2 Level – IELTS 5.5 နှင့် 6.5) အကြား ရှိထားသူများ၊ ထို့ပြင် တက္ကသိုလ်များ၏ အသိအမှတ် ပြုထားသည့် လုပ်ငန်း နေရာများ၌သာ ကျောင်းတက်စဉ် အချိန်ပိုင်း အလုပ်လုပ်ခွင့် ရှိခြင်း၊ မိမိ လျှောက်ထားသည့်ကျောင်းမှာ UKBA ၏ Highyly Trusted Sponsor ရရှိထားသည့် ကျောင်းများ၌ လျှောက်ထားမှသာ ဗီဇာရရှိရန် လွယ်ကူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

”ကိုယ်ပြသထားတဲ့ ဘဏ်စာရင်းအတိုင်း မှန်ကန်မှု ရှိမရှိကို ပိုအလေးထား စိစစ်လိမ့်မယ်။ ကျောင်းတက်မယ့် သူတွေအနေနဲ့ UKBA ရဲ့ မူဝါဒ ချမှတ်ထားတဲ့ ဘောင်အတွင်းကနေ ပြုလုပ်နိုင်တယ် ဆိုပေမယ့် ပြသမယ့် ဘဏ်ငွေစာရင်းနဲ့ ပတ်သက်လို့ မှတ်တမ်းတင် စောင့်ကြည့်သွားမယ် ဆိုတဲ့ အချက်အသစ်တွေလည်း ပါဝင်လာတယ်”ဟု Crown Education မှ ဦးအောင်ကျော်ဆန်းက ဆိုသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

2 comments

  • moethidasoe

    April 11, 2011 at 4:49 am

    အရင်တုန်းကလို ဘဏ်မှာ ခဏ ထည့်ထားပြီး notary လုပ်လို့ မရတော့ဘူး ဆိုတဲ့ သဘောလား

  • bigcat

    April 11, 2011 at 5:03 am

    ဒင်းတို့က ပေမတက်လည်း အားမငယ်ကြနဲ့ ရွာသားများ။ ၂၀၁၂ ခုနှစ် ကမာ္ဘပျက်ရင် သူ့တို့ဘွဲ့၊ ဒီကရီတွေ ဘာမှသုံးလို့ မရဘူး။ နေ့တိုင်း ဘိုးတော်ကြောင်ကြီးကို ဦးခိုက်ပြီး သက်သတ်လွတ်စားကြ။ အသက်မထွက်သ၍ မသေစေရဘူးလို့ ကျွနုပ်အာမခံသည်….

Leave a Reply