လူမိုက်..စိတ်ဓါတ်စစ်ဆင်ရေး

ကျွန်တော်နေတဲရပ်ကွက်လေးထဲမှာပေါ့ဗျာ
…..ကိုပိုင်စုဆောင်းသမျှဖွတ်ကလိဒင်္ဂ ါးလေးနဲ့အချိုအချောင်အိမ်လေးတစ်လုံးကို
ဖြစ်ညှစ်စုဆောင်းဝယ်ပြီး….ရပ်ကွက်အဟောင်းလေးထဲပြောင်းခဲ့ချိန်ကပေါ့ ….လမ်းထဲကိုပြောင်းလာတာနှစ်ရက်မြောက်နေ့..
လမ်းထဲကလူတွေကိုမသိသေးဘူးဗျ…..မနက်အလုပ်သွားညမှအိမ်ပြန်ရတဲ့….ကျွန်တော်တို့မိသားစုလေးကို..အကဲခတ်နေကြတဲ့
ရပ်ကွက်လမ်းထဲကလူတွေကိုဂရုမစိုက်အား….အိမ်ရောက်လို့နားပြီဆိုမှ…ခေတ်ဟောင်းသီချင်းလေဖွင်ပြီးနားထောင်းတတ်တဲ့ကျွန်တော်
စိမ်းမြလျှံချယ်အောင်ပင်လယ်တို့…ချစ်မိုးကြီးတို့..အမေနဲရွာကိုလွမ်းတယ်တို့…ဆိုတဲအဆိုတော်တွေကိုကြိုက်လိုဒီသီချင်းလေးတွေနဲ့နပ်နေတဲ့အချိန်
…-ီးပဲပေါ့ကွာ…အထာမကျတာတွေလာမလုပ်နဲ့…မိုက်တဲ့ကောင်ထွက်ကွာ….နားငြီးတယ်…ဝမ်းဝမ်းဆွဲမယ်…
ဒုန်း……………..ဒုန်း……………..
ဘာတုန်းဟ…အိမ်ခေါင်မိုးပေါ်..ခဲလုံးကျသံကဆူညံသွားပါတယ်..လမ်းမပေါ်ကလည်းသူလိုလိုငါလိုလို..ဘယ်သူ့ကိုမှမရည်ရွယ်ဘဲစောင်းဆဲနေတဲ့အသံ
သီချင်းသံကိုအသာတိုးကာ..အိမ်ပေါ်ကဆင်းလမ်းမထက်ထွက်ရပ်လိုက်တဲအခါမှာတော့….ခြေရင်းတစ်အိမ်ကျော်ကအရက်မူးနေတဲ့သကောင်းသား
ကျွန်တော်ရပ်နေတဲဘက်လှည့်လို့..သူဘာသာတစ်ယောက်ထဲမိုက်ကြေးခွဲနေတာပါ…
…..လာလဲကွဘာဖြစ်ခြင်လည်းကြိုက်တဲကောင်ထွက်ကွာ…
ထိုအခိုက်ခေါင်းရင်အိမ်ကဘသားချောငမူးတစ်ကောင်က…
ကိုကြီးနင်ဘာဖြစ်နေတာလဲဘယ်ကောင်လဲကွ….ဟုဆိုတုတ်တစ်ချောင်းဆွဲလို့ထွက်လာပါတော့တယ်…
ထိုငနဲကကျွန်တော်ကိုကျော်သွားကာသူအကိုရှိရာကိုအရောက်သွားလို့…တစ်လမ်းလုံးကြားအောင်အော်ဆဲ..မိုက်ကြေးခွဲစိန်ခေါ်ကြပါတော့တယ်
ဘယ်သူရယ်ဘယ်ဝါရယ်တော့နာမည်မပါဘူးခင်ဗျ…..
..ဘာကောင်လဲကွ..လမ်းထဲမှာ..မိုက်တဲ့သူထွက်..ဒီမှာနေလာတာကြာပြီဘာကောင်လဲသိချင်ရင်ထွက်ခဲ့………..
အခုမှလည်းရောက်သေးတယ်..ဆူညံဆူညံလာမလုပ်နဲ့…ဘာကောင်းတွေထင်နေလဲ
ထိုအခိုက်ခေါင်းရင်းအိမ်က..အသက်ကြီးအဒေါ်ကြီးတစ်ယောက်ထွက်လာကာ…ဟဲ့အကောင်တွေအခုတော်တော့
ဟိုကနင်တို့ကိုဘာလာလုပ်နေလို့လဲနင်တိုကမိုက်ကြေးခွဲနေရအောင်..အခုတော်တော့
ထိုအခါ..အကိုလုပ်သူက…ဟာစောက်အဖွားကြီးခင်ဗျားကြီးတော်ဗျာ..ကိုဘာသာအိမ်ထဲမှာနေ..ကျုပ်မမိုက်ရိုင်းချင်ဘူးနော်..
ညီလုပ်သူကလဲ…………..အမေအမေကိုဘာသာအိမ်ထဲမှာနေနော်..ကျုပ်တို့ကိုလာမဆွဲနဲ့…….
ကျွန်တောသဘောပေါက်လိုက်ပါပြီ..ခေါင်းရင်းအိမ်မှာညီနဲအမေနေတယ်
ခြေရင်းတစ်အိမ်ကျော်မှာအကိုက..သူအိမ်ထောင်နဲ့နေတယ်….
ကျွန်တော်သီချင်ဖွင့်သံကိုမူးလာတဲ့အချိန်မှာ…လမ်းထဲကလူသစ်ဆိုပြီး…သက်သက်ရစ်ကာ…..ဖြဲတဲ့သဘောပါ…..
အိမ်ပေါ်ကိုကျွန်တော်အသာပြန်တက်လို့..တိုင်မှာချိတ်ထားတဲ..ကင်ဒိုဓါးကိုဖြုတ်လိုက်ပါတယ်….
ပြီးတော့ဘောင်းဘီအတိုဝတ်ကာအိမ်ရှေပေါက်မှာ..ဓါးကိုင်ပြီးထိုင်နေမိပါတယ်…
ငါအိမ်ရှေမှာလာဆဲလို့ကတော့ဓါးနဲထွက်အခုတ်ပဲလို့…ဆုံးဖြတ်လိုက်ပါတယ်….
သူတို့ကဆဲ..အမေကဆွဲ…သူမိန်းမကပါထွက်ဆွဲ…နားရီဝက်ကြာကြာလောက်အော်ဟစ်ကြကာပွဲပြီးသွားပါတယ်
ကျွန်တော့အိမ်ရှေ့ကိုတော့ရောက်မလာခဲ့ကြပါဘူး….
ဒီလိုနဲ့နှစ်ရက်သုံးရက်ဆက်တိုက်…ကျွန်တော်ကသီချင်းဖွင့်….(သက်သက်ရွဲပြီးဖွင်တာပါ)..သူတိုကဆဲ…
အမေတွေမိန်းမတွေကဆွဲနဲ့…ကျွန်တော်လည်းသီချင်းနားထောင်တာဓါးပိုက်ပြီးနားထောင်နေခဲ့ရပါတော့တယ်…
ထိုရက်တွေအတွင်းက..ကျွန်တော့အဖြစ်က…ငါနာမည်တပ်ဆဲရင်အခုတ်..အိမ်ရှေလာရမ်းရင်းအလုပ်ပဲလိုလူမိုက်စိတ်မွေးခဲ့တာဗျ…
ဒီလိုနဲ့တစ်နေ့………………………….
မြို့ထဲကိုအလုပ်ကိစ္စနဲ့အသွား…တရားခွေတွေရောင်းနေတဲ့လမ်းဘေးဆိုင်လေတစ်ခုနားရပ်ကြည့်မိတဲ့အချိန်……………..
ကျွန်တော့ရဲ့…ညနေပိုင်းစစ်ဆင်ရေးကို…တိုက်စစ်အသွင်ပြောင်းလဲဖို့အကြံရလာပါတယ်…ဒါနဲတရားခွေစီဒီ(၅)ချပ်ဝယ်ယူလာခဲ့ပါတယ်
ညနေပိုင်းအိမ်ကိုရောက်တာနဲ့…စတင်ဖွင့်လိုက်တဲကျွန်တော်ရဲ့တရားခွေသံဟာ..လမ်းထဲမှာမတိုးမကျယ်..စီးမျှောလို့နေပါတယ်…
ခြေရင်းအိမ်ကဘသားချောနဲ့ခေါင်းရင်းအိမ်ကဘသာချောတို့…ဘာတွေအော်ဆဲကြအုံးမှာလဲ
မင်္ဂလာတိုက်ကျောင်း..ဒယ်အိုးဆရာတော်ရဲ့…(လူမိုက်ရှင်းလင်းရေးတရား)သံဟာ..နာကြားရသူအပေါင်းကို..ရှင်လင်းစွာသိစေပါတယ်…
လူမိုက်နှစ်ယောက်တော့ငြိမ်နေကြတယ်ဗျ..ခဏနေတရားဆုံးခါနီးတော့…ဘုန်းကြီးလူထွက်လားကွလို့..ညီအကိုချင်းအရက်ထိုင်သောက်ရင်း
ပြောဆိုသံသဲ့သဲ့သာကြားရပါတယ်..အော်တာဆဲတာတွေမလာဘူးဗျ……ကျွန်တော်နိုင်မယ့်လမ်းစကိုတွေလိုက်ပါပြီ……
ကျွန်တော်နေ့စဉ်နံနက်တိုင်း.ဓမ္မစင်္ကြာ..ပဌာန်းစတဲ့…တရာခွေများကိုဖွင့်ပါတယ်…….
ညနေတိုင်းအနည်းဆုံးဆရာတော်တစ်ပါးပါးရဲ့…တစ်ရားတစ်ပိုဒ်ကိုဖွင့်ပါတယ်…အနီးအနားကြားရသူအပေါင်းကိုလည်စိတ်ချမ်းမြေ့စေပါတယ်..
ဟိုငမူးလူမိုက်နှစ်ယောက်ရဲ့ရန်စဆဲဆိုသံတဖြေးဖြေးပျောက်ကွယ်လာပါတယ်…
ွှစပြောင်းလာကာစက..မနက်ည..ဘုရားရှစ်ခိုးသံ…တရာခွေဖွင်သံမကြားရတဲ့လမ်းလေးထဲမှာ……ကျွန်တော်ကစလို့တစ်ရက်မပျက်
ငမူးလူ့ငမိုက်သားနှစ်ယောက်ကိုတိုက်စစ်ဆင်ရင်း…ပြောင်းလဲလိုလာပါတယ်…မနက်ဆိုအော်သံဟစ်သံ…ညဆိုမူးသံဆဲသံတွေတစ်စတစ်စ
ပျောက်ကွယ်လာပါတယ်…..ပဌာန်းခွေဖွင့်တဲ့တစ်မနက်ပိုင်းဆို..အရှေအိမ်ကအမျိုးသမီးရဲ့သူသားသမီးတွေကိုပြောလိုက်တဲ့အသံက..
ကျွန်တော့အတွက်စိတ်ချမ်းမြေ့စရာဖြစ်ရပါတယ်..သူပြောတာကတော့….
ဟဲ့ကလေးတွေမနက်စောစောစီးစီးသူများတစ်ရားခွေဖွင့်နေတာငါနင်တို့ကိုမဆဲခြင်ဘူးနော်တဲ့……ဆင်ခြင်သွာကြပါပြီ….
တရားတော်ရဲ့အစွမ်းပါပဲ…..
တလခန်ကြာပြီးတဲ့အချိန်မှာတော့
တစ်နေ့ထူးဆန်းတာလေးတစ်ခုဖြစ်လာတာကတော့…..
မနက်ပိုင်းကျွန်တော့ထက်စောကာ..ပဌာန်းဒေသနာကိုဖွင့်ထားတဲ့အသံကိုကြားရပါတော့တယ်……
ဟယ်တရားခွေဖွင့်တာဆိုလို့ငါတစ်ယောက်ရှိတာဘယ်အိမ်ကပါလိပ်…သိချင်စိတ်နဲ့အိပ်မှုန်စုံဖွားစူးစမ်းလိုက်တဲ့အခါမှာတော့
လူမိုက်အိမ်ကဗျ..အကိုကြီးလုပ်တဲ့လူမိုက်အိမ်က….စိတ်ချမ်းမြေဖွယ်ရာပါ…..
ကျွန်တော်နိုင်သွားပြီလိုယူဆရပါတော့တယ်…
သာဓု..ကိုအကြိမ်ကြိမ်ခေါ်မိပါတော့တယ်ဗျာ……
ရန်ကိုရန်ချင်းမတုန့်နှင်းနှင့်……………………………………
(ကိုယ်တွေဖြစ်ရပ်မှန်ပါ)
ကိုယ်တိုင်ရေးသားချက်ပါ

6 comments

  • nigimi77

    April 11, 2011 at 11:59 am

    ဘယ်လူမှ နတ်မထင်ဘူးကွ…အေ့…….ဒီမှာ ဘီလူး ….ကျုပ် အတွက် ထူးလဲထူးတယ် မြူးလဲမြူးတဲ့
    ဒို ့ကိုကြီးကျော် တပုဒ် လောက်….အေ့…

  • nature

    April 11, 2011 at 4:59 pm

    ဒီလိုလူမိုက်မျိုးကို ဒီလိုဖြစ်အောင်လုပ်နိုင်တာ တော်တာပေါ့။

  • ogre

    April 12, 2011 at 1:18 am

    ကိုနိဂိမိရေ..စီဒီစက်ကပျက်..ဆောင်းဘောက်ကလည်းအသံမထွက်တော့လို့
    ကိုကြီးကျော်သီချင်းမဖွင့်ပေးနိုင်တာ..ခွင့်လွတ်ပါဗျာ
    သင်္ကြန်တွင်းရက်အလုပ်တက်နေ့ရလို့…ပါဗျာ.
    ကြက်ကျော်လက်ဖက်…အရက်နဲအတူ..တစ်မူထူးကဲရေခဲလေးတွေပါဆက်သချင်လို
    အကြောင်းတော်တိုက်ရင်…ကျောင်းပေါ်ဆိုက်အောင်..ကြွခဲ့ပါ့……အဲလေမှားလို့
    ရုံးကိုလာခဲဗျာ…..တစ်ယောက်ထည်းရှိတာပျင်းလို့

  • cobra

    April 12, 2011 at 8:03 am

    တော်တော့်ကိုမျောသွားပါတယ်ဗျာ
    ဖြစ်ရပ်မှန်ဆိုတော့ဖတ်လို့ပိုကောင်းတာပေါ့

  • windtalker

    October 10, 2011 at 7:02 pm

    ဗဟုသုတ အနေ နဲ ့ရော
    မှတ်သားစရာ အနေနဲ ့ပါ
    အကျိုးဖြစ်စေပါတယ် ဗျာ
    စကားမစပ်
    ကိုဘီလူး ရုံးကို လာရင်တော့
    လက်ချည်း လာလို ့မရပေဘူး ထင်တယ်နော်
    ဟိုက်ကော် လေး ဖြစ်ဖြစ်
    ရက်နီ လေး ဖြစ်ဖြစ် နဲ ့မှ
    လာလို ့ကောင်းမယ် မလား ဗျ
    🙂

Leave a Reply