ကိုယ်တွေ့ဖြစ်ရပ်…ဟား…တိုက်ခြင်း

၁၉၉၃ ..ခုနှစ်လောက်ကပါ
ကျွန်တော်ကလည်းလူတစ်မျိုးဗျ..ဗေဒင်/လဏ္ခာလုံးဝမယုံတတ်…နတ်  …ဆိုလာမပြောနဲ
နတ်ဆိုရင်အခြောက်လောက်ပဲမျက်စိထဲမြင်တတ်တာ….
များသောအားဖြင့်တရားသဘောကလွဲရင်…လက်တွေ့မှကြိုက်တာ…..
ဒါပေမယ်တစ်နေ့တော့ဗျာ…နတ်မဟုတ်..ဓါတ်မဟုတ်ပဲ….ဘာမှန်လဲမသိတဲ့….ဟား…ဆိုတဲခုနှစ်ချက်ကိုလက်တွေ့မြင်ရတောတာပဲဗျို့
ကျုပ်တိုကယောက်ကျားလေးတွေစုနေတဲ့….နယ်မြို့လေးတစ်ခုကအဆောင်ကြီးဗျ…အားလုံလူလွတ်လူပျိုအစုံပဲဗျို….
နယ်ပေါင်းစုံကလာကြတဲ့သူတွေလေ……ဒီမှာစုနေပြီ..အလုပ်လုပ်ကြတာ
တစ်နေ့တော့ဗျာ..အလုပ်အားရက်အဆောင်ကသူငယ်ချင်းလေးယောက်စုံကြရင်း..ရောက်တတ်ရာရာပြောရင်းက
ကိုဇော်မင်း ..ဆိုတဲ့သူအုတ်ဖိုဇာတိသားတစ်ယောက်က….
အိပ်နေတဲ့လူတစ်ယောက်ကိုအသက်အောင့်ပြီး…ခေါင်းကနေခါးလယ်ထိပါးစပ်မစိပဲ…ဟား…လို(၇)ခါလုပ်ရင်..ပေါ့ပေါ့ပါးပါးနဲလူနှစ်ယောက်က
လက်ညိုးလေးနှစ်ချောင်းနဲမလို့ရတယ်လိုပြောလာပါတော့တယ်…..
မဖြစ်နိုင်ပါ…လူတစ်ယောက်ရဲ့ခန္တာကိုယ်ကို…လူနှစ်ယောက်ပက်လက်အနေအထားနဲ့..မရင်…တစ်ယောက်ကခေါင်းကမ
တစ်ယောက်ကခြေထောက်ကမမှပဲရမယ်..ဒါတောင်မနည်းမယူရမှာနော်…
အခုဟာကလူနှစ်ယောက်……..လက်ညိုးလေးချောင်းနဲ့………သာသာလေးမမှာ….
လက်တွေမှယုံတတ်တဲကျွန်တော်နဲတွေ့ပါပြီ….လောင်းကြေစားကြေးဗျာမလို့ရရင်အခုခင်ဗျာကိုလက်ဖက်ရည်လိုက်တိုက်မယ်
မရရင်ခင်ဗျားတိုက်…ကျွန်တော့ရဲစိန်ခေါ်စကားပါ……
အေးဗျာစိမ်လိုက်..အခုစမ်းပြမယ်..အခုခင်ဗျားဘေးမှာအိပ်နေတဲသူ…..(မှတ်ချက်)မန္တလေးသားကိုအောင်ကျော်စိုး..ဟုထင်ပါသည်…
သူ့ကိုမပြမယ်…ဟာဟုတ်မှလုပ်ပါငါ့ကောင်ရာ….သူကိုယ်လုံးကတို့ထက်လည်းကြီးဗလလည်းတောင့်တာ…နည်းတဲအလေးချိန်မဟုတ်ဘူး
ဖြစ်မှလုပ်ပါကွာ…..နည်းနည်းစိတ်ဆွပေးလိုက်ပါတယ်.။
ရတယ်ဗျာ…ဒါပေမယ်ကျွန်တော်…ဟား…တိုက်နေတဲအချိန်ရယ်…..မလို့ကြွနေတဲအချိန်မှာဘယ်သူမှမရယ်(ရီ)ရဘူး
ရယ်(ရီ)လိုက်ရင်မထားတုန်းဆိုပြုတ်ကြမယ်…..ဟားတိုက်နေတုန်းဆိုမလို့မရတော့ဘူးဗျ..အဲဒါတော့လိုက်နာရမယ်
အိုကေကွာ..လုပ်လိုက်..
အိပ်နေသူခဗျာတော့မသိရှာပါ..ကိုဇော်မင်းကပဲ…ခင်ဗျာကဟိုဘက်…တစ်ဖက်မှာနေတဲ့သူတော့မမှတ်မိတော့ပါ
အဲဒီလူကတစ်ဖက်…နေ…ခင်ဗျာတို့လက်ညိုးတစ်ဖက်ဆီ..အိပ်နေသူရဲ့ချိုင်းနဲလက်မောင်းရင်းအောက်ကိုထိုးသွင်းလိုက်..
ဖြည်းဖြည်းလုပ်နိုးသွားမယ်..ပြီးရင်ကျန်တဲ့လက်ညိုးကိုဒူဆစ်အောက်ကိုထိုးသွင်ထား…ရပြီးနော်..
ရပြီကွာလုပ်တော့
ကိုဇော်မင်း..စတင်ဟားတိုက်ပါတော့တယ်….ခေါင်းမှခါးအထိခုနှစ်ခါမြောက်မှာတော့….ရပြီမတော့
ဟုတ်ပါတယ်ပေါ့ပါးစွာပဲ..ပါလာပါတယ်..အိပ်နေတဲ့သူကိုမရင်…အရိုးအဆစ်တွေပျောခွေကျနေရမှာဖြစ်ပေမယ့်
ဒူးဆစ်ခါးလည်ပင်းတို့ဟာ..တောင်တင်းတည်မတ်စွာအိပ်ယာပေါ်အိပ်နေတဲ့ပုံအတိုင်တောင့်တောင့်ကြီးအပေါ်ကိုကြွတက်
လာပါတယ်……
အားလုံမတ်တတ်အနေအထားရောက်အောင်မပြီးတဲအချိန်မှာတော့..ရယ်(ရီ)ချင်စိတ်ကိုမထိမ်းနိုင်တဲ့ကျွန်တော်…
တခွီးခွီးရယ်(ရီ)လိုက်မိတယ်ဆိုရင်ပဲ..အမခံထားရတဲ့အိပ်နေတဲ့သူဟာပျောခွေကာအောက်ကိုပြုတ်ကျပါတော့တယ်
အလန့်တစ်ကြားနိုးလာပြီး..ဟေ့ကောင်တွေဘာလုပ်တာလဲ…အောင်မလေးခါးနာလိုက်..မင်းတို့ကောင်တွေ
သေဘို့သာပြင်ဆိုကာ…ခေါင်းအုံးနဲလိုက်ရိုက်ပါတော့တယ်…..
အဆောင်ပြင်ကိုမနည်းထွက်ပြေးခဲ့ရပြီးလက်ဖက်ရည်ဆိုင်ထိခြေကုန်သုတ်ရပါတော့တယ်ဗျို့
အဲဒီလိုလုပ်လိုရတယ်ဆိုတာသိပြီးတဲနောက်…….ညဖက်အိပ်နေတဲ့သူငယ်ချင်းအဆောင်သားများကို
ဟားတိုက်ပြီးမ…ရေချိုးခန်းထဲနှစ်ယောက်သုံးယောက်ပြောင်းပြီးအိပ်ခိုင်းကာစနောက်နေခဲ့မိပါတော့တယ်……
နယ်မြို့လေးမှာကိုတိုင်ကြုံခဲရတာပါ့ပဲ….
မှတ်ချက်။။။။ဟားတိုက်နေစဉ်အလွန်ရယ်(ရီ)ချင်ပါတယ်..ဘာကြောင့်မှန်းတော့မသိပါ..
မရီအောင်ထိမ်းနိုင်မှရမှာပါ…အိပ်မပျော်လည်းလုပ်လိုရပါတယ်မျက်စိပိတ်ပြီးမရီပဲနေနိုင်ရင်..
အိပ်နေသူနေရာကဝင်စမ်းသပ်ခံနိုင်ပါတယ်…ဘယ်သူရီရီပြုတ်ကျမှာတော့သတိပြုပါ…….
ကိုတိုင်ရေးပါ(ကိုယ်တွေ့အဖြစ်မှန်ပါ)
နာမည်ပါသူငယ်ချင်းများခွင့်မတောင်းပဲထည့်ရေးတာခွင့်မလွတ်နဲ့နော်တွေ့ရင်အသေသာဆဲကြ

2 comments

  • pan pan

    July 29, 2011 at 4:50 pm

    တကယ်လား ကိုဘီလူး
    မနောက်နဲ့နော်
    တော်ကြာ ရွာထဲကလူတွေ စမ်းကြည့်လို့မဟုတ်ရင် အကျိုးနည်းကုန်မယ်
    “ဟား”တိုက်တာမဟုတ်လဲ၊ “ပုဏ္ဏက” အတိုက်ခံနေရပါဦးမယ် 😀

Leave a Reply