သူ့လိုကျွန်တော်အသက်ရှည်ပါ့မလား?အားမာန်ရှိပါ့မလား?


ဒီညောင်ပင်ကြီးက မန်းလေးကနေ စစ်ကိုင်းကိုသွားတဲ့ လမ်းမကြီးပေါ်မှာရှိနေတာပါ။
အရင်ကတော့ ဒီညောင်ပင်အိုကြီးမှာ အုတ်ခုံတွေနဲ့ ဟန်ကျပန်ကျ။
အခုတော့ လမ်းချဲ့ထွင်တဲ့အခါမှာ ဒီညောင်ပင်က အုတ်ခုံကလဲ ဖျက်ချတဲ့အထဲမှာပါသွားပါတယ်။
ကျနော်ငယ်စဉ်ကတည်းက တောင်မြို့ကိုသွားသွား စစ်ကိုင်းကို သွားသွား မကြာခဏအကြိမ်ပေါင်းများစွာ သူ့နံဘေးနားက ဖြတ်သွားခဲ့ပေမယ့်ဒီအပင်ကြီးကို အမှတ်တမဲ့ပါဘဲ။
အခုလမ်းဖျက်မှ သတိထားမိပါတော့တယ်။
အပင်အိုပေမယ့် စိမ်းစိုတဲ့အရိပ်တွေကိုပေးနေဆဲ့။
အရိုးပြိုင်းပြုင်းထနေပေမယ့် အားမာန်တွေရှိနေဆဲ။
ဒီအပင်ကြီး ရဲ့အသက်အတိအကျမသိပေမယ့် ကျနော့်ထက် အသက်ကြီးတာတော့ သေချာပါတယ်။
စဉ်းစားကြည့် မိ တွေးကြည့်မိပါတယ်။
ကျနော်တောင် ့သူလောက် အသက်ရှည်ပါမလား?
တကယ်လို့ ရှည်တယ်ဆိုရင်တောင်မှာ သူလို့အားမာန်အပြည့်ရှိနိုင်ပါမလား?
ဆိုတာကိုပါ…………………………………

7 comments

  • intro

    April 24, 2011 at 10:12 am

    အားမာန်ရှိနိုင် မရှိနိုင်ကို တွေးနေတာထက် အတတ်နိုင်ဆုံး အားမာန်ရှိအောင် နေထိုင်ဖို့က ပိုအရေးကြီးပါတယ်ဗျာ….

  • ဆူး

    April 24, 2011 at 2:38 pm

    အသက်ကတော့ ကံပေးသလောက်ဘဲ နေရမှာပေါ့။

  • kopauk mandalay

    April 24, 2011 at 3:27 pm

    ကျနော်ကတော့ ဒီသစ်ပင်ကြီး လမ်းမလွတ်လို့ဆိုပြီး လှဲထည့်လိုက်မှာကို တွေးပူနေတာပါဗျာ။
    ဒီလိုသစ်ပင်ကြီးတွေပြန်ရဘို့ဆိုတာက……………………………………………

  • ချစ်စ/ဆ ရာ

    April 24, 2011 at 4:35 pm

    ညောင်ပင်ကြီးရဲ ့ပင်စီဘေးမှာ
    ဆင်ကလေးတစ်ခုဆောက်ထားတယ်နော်
    ရေချမ်းဆင်ထင်တယ်
    မြန်မာပြည်ရဲ ့ ချစ်စရာ 🙂 သင်္ကေတ တစ်ခုပေါ့ဗျာ
    နတ်စင်သေးသေးလေးတော့ဟုတ်လောက်ဘူး
    ဒီညောင်ပင်မှာ နတ်စင်မရှိတော့ အခြေနေမကောင်းရင် အခုတ်ခံရနိုင်တယ်
    ညောင်ပင်ဖြစ်ပြီး နတ်စင်လေးတောင်မပိုင်ဘူး တော်တော်မွဲတဲ့ညောင်ပင်ဘဲ
    အရွက်တွေကလည်းနုပြီးစိမ်းနေတာဘဲ
    အဲ့သည်ညောင်ပင်ကြီးက ဘာပင်လို ့ခေါ်သလဲဟင်

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 24, 2011 at 4:38 pm

    မသေမချင်းမှတ်ထား
    အဲ့ဒါ မင်းသေရင် ရုပ်ဂဇိုးလုပ်ပြီးနေဘို ့
    ညောင်ပင်…………………….လို ့ခေါ်ဒယ်

  • etone

    April 25, 2011 at 5:00 am

    သစ်ပင်ကိုကြည့်ရတာ အကြောတင်းပုံပဲ… မိုက်တယ်နော် ဒူပေဒါပေခံနိုင်မဲ့ပုံမျိုး ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 25, 2011 at 6:17 am

    အကြောတင်းတာနဲ ့ပတ်သက်ပြီး
    အီးတုံးဂ တော်တော် အတွေ ့ကြုံရင့်ကြက်ပုံရဒယ်
    ဟဲဟဲဟဲ

Leave a Reply