အမေနှင့် ဈေးသည်၊ ဈေးဝယ်….

hmeeApril 22, 20111min33118

တောအရပ် ရွာမှာ ဈေးရောင်း ဈေးဝယ်လုပ်တာလေးတွေပါ။

ကျွန်မတို. ရွာမှာ ဈေးမရှိပါ။ ရွာလမ်းမတလျှောက် လမ်းလျှောက်ပြီး လိုက်လံရောင်းချသည့် ခေါင်းရွက်ဗျက်ထိုးသည်  ထံမှ ဝယ်ယူရသည်။ တချို.မှာ မိမိစိုက်ပျိုး ထားသည်များကို ခူးဆွတ်ရောင်းချရု ်  အချို.ကမူ မြို.ဈေးမှဝယ်ကာ တဆင့်ပြန်လည်ရောင်းချကြသည်။ မြို.အရပ်မှာကဲ့သို. မနက်အစော ဈေးသွားကာ အသင့်စောင့်ဆိုင်း ရောင်းချနေသည့် ဈေးသည်များ ထံမှ မိမိနှစ်သက်ရာဝယ်ယူကာ တနေ.စာ ဝမ်းရေးကို လွယ်လင့်တကူ ဝယ်စားနိုင်သော်လည်း တောအရပ်မှာမူ ငွေရှိတိုင်းစားချင်ရာ စားရု ်မရပေ။ မိမိအိမ်ရှေ. လမ်းမမှ ဈေးသည်များ အသံကို နားစွင့်ရင်း မိမိဝယ်လိုသည့် ဈေးသည်လာမှ ခေါ်ယူဝယ်ကာ ဟင်းချက်ရသည်။ တခါတရံ မိမိစားလိုသည်ကတမျိုုး ချက်လိုက်ရသည့်ဟင်းက တခြားဖြစ်ရသည်။

ဈေးသည်များမှာ အများစုအားဖြင့် တခြားရွာမှ လာရောက် ရောင်းချသည်ကများသဖြင့်  သူတို.ရွာမှ မနက်ခပ်စောစော ထွက်လာမှ ကျွန်မတို.ရွာသို. မနက် ရနာရီ (သို.) ၈နာရီ ဝန်းကျင်လောက်ရောက်ကြသည်။ မိမိအစောရောက်ပြီး အစောဆုံးရောင်းမှ ဈေးကောင်းရပြီး ပစ္စည်းကုန်မှာမို. သူ.ထက်ငါ ဦးအောင် လာရောက်ရောင်းချသည်က များသည်။ နောက်ကျမှ ရောက်မူ တခြားသူ အရင်ရောင်းသွားသဖြင့်  ဝယ်သူနည်းကာ ပစ္စည်းကျန်နေလျှင်  ဈေးလျှော.ရောင်းမှ ကုန်မှာမို. ဝီရိယထားကာ ရောင်းကြရသည်။ ၎င်းအပြင် အမြဲဝယ်ယူနိုင်သည့် လုပ်ငန်းကြီး  ဖောက်သည်ရှိလျှင်မူ အမြဲဝယ်ယူသည်မို. မကုန်မှာ ပူပန်စရာမလိုပေ။ ထို.ကြောင့် ၎င်းဖောက်သည်ကို စိတ်ကြိုက်လုပ်ကိုင်ခွင့် ရွေးပိုင်ခွင့် အပြည့်ပေးတတ်သည်။ ဒါမှလည်း ဖောက်သည်က မိမိမလာမခြင်း စောင့်ဆိုင်းပြီး တခြားမည်သူ.ထံကမှ မဝယ်ပဲ မိမိထံမှသာ ဝယ်မှာသေချာသည်။ မနက်လင်းသည်နှင့် ရွာလမ်းမတလျှောက် အော်ဟစ်ပြီး မိမိကုန်ကို ဝယ်ယူမည်. ဈေးဝယ်ကို ရှာဖွေရင်း လိုက်လံရောင်းချနေသည့် ဈေးသည်များ၏ အသံတို.သည်  မနက်ခင်း၏ အလှကို တန်ဆာဆင်သည်နှင့်ပင် တူလှပေသည်။

တောရွာဖြစ်သည်မို. ကြေးရတက် လယ်ပိုင်ယာပိုင်ရှိသူထက် လက်လုပ်လက်စား အခစားသမား ပိုများသည်။ ထို.ကြောင့်အများအားဖြင့် အသီးအရွက်ဝယ်ယူသူသာ များသည်။ အသားငါးကိုမူ တလတခါ  ဝယ်စားရန်ပင် အတော်မလွယ်သည်.သူမျှားလှပေသည်။ ထို.ကြောင့် အသားငါးရောင်းသူ ဈေးသည်များသည်  မကြာခဏ ဝယ်ယူစားသောက်နိုင်သည့် ဈေးဝယ်သူကိုသာ ရောင်းချဖို. အဓိက မျှော်လင့်ရသည်။ ဈေးဝယ်ကြေးများသည်ကို  သည်းခံနိုင်မှသာ ဈေးရောင်းရမည်မို. အများစုက သည်းခံရပါသည်။ တချို. ဈေးဝယ်များက တမင်ကို ဈေးချိုချို လိုချင်ရု ် ညစ်ပေမဲ့ အမေကမူ  သူလည်းတန်ရာတန်ဖိုး ပေးသမို. တန်ရာတန်ဖိုး ပြန်ရမှ ကျေနပ်သူပါ။

မနက်တိုင်း ဈေးသည်မျှော်ရသည်မှာ တောအရပ်အတွက် အလုပ်တခုပင်။ တဦးနှင့်တဦး တွေ.လျှင် တယောက်က ဒီနေ.ဘာဟင်းချက်မလဲမေးလျှင် တယောက်က ဘာအသည်လာရင်တော.ဖြင့် အဲဒါချက်မလားလို. အခုထိမျှော်နေတာ မလာသေးလို. ဘာမှမချက်ရသေးဘူး။ ဒါမှမဟုတ်  ဘာအသည်လာလို.တော်  စားချင်တာနဲ. ဝယ်ချက်လိုက်တယ် လို. မေးကြဖြေကြပါတယ်။ တခါတရံ ဘယ်သူရေ ခုနက ဈေးသည်အော်သံ ကြားလို. ဝယ်မလို. စောင့်နေတာ အသံရော လူရောပျောက်သွားတယ် ဘယ်နားမှာ တွေ.ခဲ.လဲလို.  တယောက်ကမေးရင် တယောက်က အမရေ ဘယ်သူမဟုတ်လား  တောင်ပိုင်းက ဘယ်သူ.အိမ်ရှေ.မှာတွေ.တယ် လိုက်သွား မှီသေးတယ်လို. ပြန်ဖြေရင်း နေရာပါ အတိအကျပြောပါသည်။ ဈေးရောင်းသူနှင့် ဈေးဝယ်သူ နှစ်ဦးနှစ်ဖက်စလုံး အမြဲတွေ.မြင်နေကြမို. နံမည်တွေလည်း သိကြပါသည်။

အမေ.အကြောင်း ပြောပြချင်တာပါ။ အိမ်မှာ အဖေနှင့်အမေ နှစ်ဦးတည်း ရှိပေမဲ့ အလုပ်သမားကဖြင့် အနည်းဆုံး လေးငါးယောက် အမြဲရှိရု ်  စားအိုးက ကြီးပါသည်။ ကျွန်မတို. အရပ်မှာဖြင့် မြို.အရပ်ကဲ.သို. မနက်စာအား အစာပြေ စားကြခြင်းမဟုတ်ပဲ တကယ်ကို အဝစားသည်မို.  မနက်စာအား နေ.လည်စာကဲ့သို. တမင်ကို ချက်ရသည်။ ဒါကြောင့် တနေ. သုံးနပ်စာ ဟင်းအတွက်စဉ်းစားရသည်မို.  အမေက ဟင်းအဆင်ပြေရန် အသီးအရွက်မှစ မီးဖိုချောင်သုံးများအား ခပ်များများ  အမြဲဝယ်ယူထားသည်။ တခါတရံမထင်မှတ်ပဲ လုပ်ငန်းအလိုအရ အလုပ်သမားအများကြီး အားခြင်း ခေါ်ယူအသုံးပြုကာ ထမင်းကျွေးရမည်ဆိုလျှင် ဟင်းစားဝယ်ရခက်မည် စိုးသည့်အတွက် ဝယ်ယူထားခြင်းဖြစ်သည်။ အချိန်မတော်ရောက်လာသော ဧည့်သည်များ အတွက်ပါ လွယ်လင့်တကူ အဆင်ပြေစေရန် စီမံထားခြင်းဖြစ်သည်။ တောဓလေ.အတိုင်း  မိမိအိမ် လာသူဖြစ်စေ မိမိမှ အလည်သွားသည်ဖြစ်စေ  ထမင်းချိန်ထမင်း ရေနွေးချိန်ရေနွေး အလိုက်သိ ဧည်ခံရပေသည်။ ထို.ကြောင့်အမေသည် ဈေးသည်များအတွက် ဖောက်သည်ကြီးဖြစ်ပေသည်။

၎င်းအပြင် အမေသည် ကြေးများသော ဈေးဝယ်သူလည်း ဖြစ်သည်မို. အတော်သည်းခံနိုင်သော ရောင်းသူမှသာ အမေနှင့် အဆင်ပြေသည်။ အမေ.အကြောင်းသိသော အမေ.အလိုကို လိုက်သော ရောင်းသူမှသာ အမေကလည်းရွေးခေါ်ပြီး ဝယ်ယူတတ်သည်။ နောက်တခုကဖြင့် အလေးကိစ္စပါ။ ကျွန်မတို. အရပ်မှာ ဓါတ်ခဲအကြီး အလေးကို ငါးကျပ်သား အလေးအဖြစ်သုံးပါသည်။ တချို.ဓါတ်ခဲသည် ငါးကျပ်သား ပြည့်သော်လည်း အချို.ကမူ မပြည့်ပါ။ ပိသာအလေးဆိုလျှင်လည်း များသောအားဖြင့် ဈေးရောင်းသူများ၏ အလေးများမှာ မပြည့်သည်ကများလှသည်။ တန်ဖိုးသင့် ရပြီးသော်လည်း အဆစ်လိုချင်သော မတော်မတရားသူများကြောင့် ဖြစ်ရသည်မို. သူတို.အားလည်း အပြစ်မဆိုသာ။ ကျွန်မမိဘများသည် တောင်သူအလုပ်အပြင် သီးနှံပေါ်ချိန်တွင် ဝယ်ယူသိုလှောင်ထားပြီး ကြိုက်ဈေးရချိန်တွင် ပြန်ရောင်းချသော ကုန်သည်အလုပ်ပါ လုပ်သည်မို. အိမ်တွင် ကတ္တားမှအစ ကုန်သည်သုံး ပစ္စည်းများ ရှိပါသည်။ အမေသည် သူရောင်းချိန်ဖြစ်ဖြစ် ဝယ်ယူချိန်ဖြစ်ဖြစ် ၎င်း ကတ္တားအလေးကိုသာ အသုံးပြုသည်။  အမေ.ဆီမှ မည်သည့်ပစ္စည်းဝယ်ဝယ် ကတ္တား အလေးဖြင့်ချိန်ရောင်းသလို သူကလည်း မည်သည့်ဈေးသည်ထံမှဝယ်ဝယ် သူ.အလေးဖြင့် ချိန်ပေးမှ ဝယ်သည်။ ထို.ကြောင့် အမေ့အကြောင်းသိသူ ရောင်းနေကျ ဈေးသည်များသည် အမေ့စည်းကမ်းအတိုင်း ရောင်းပေးတတ်သည်။ အမေကလည်း အမြဲပြောတတ်သည် ငါလည်းဒါနဲ.ပဲရောင်းတာ ငါ့ကိုလည်းဒါနဲ.ပဲရောင်းရမယ် တခြားသူတွေလို ဝယ်တဲ့အခါအလေးတမျိုး ရောင်းတဲ့အခါအလေးတမျိုးမဟုတ်ဘူး  ကျေနပ်မှရောင်း မကျေနပ်ရင်မရောင်းနဲ. ဟု ခပ်ပြတ်ပြတ်ပြောလေ့ရှိသည်။ အမေပြောတာလည်း တရားနည်းလမ်းကျသည်မို. ပြီးတော. မတရားလည်းမလုပ်တတ်သည်မို. ကျေကျေနပ်နပ်ရောင်းပေးတာများသည်။ သူ.ဖောက်သည်နှင့်သူတော. ဟုတ်နေသည်မို. အဆင်ပြေလှသည်။ တရက်မှာတော. ကပ်တဲ့ဈေးသည်နှင့် စိတ်ကြီး အမှတ်ကြီးလှသည့် အမေတို. ထိပ်တိုက်တွေ.သည်မို.  ပြောစမှတ်ကို တွင်သွားပါတော.သည်။

ဖြစ်ပုံက ဒီလိုပါ။ အိမ်မှာဟင်းစား ပြတ်ချိန်မှာမှ တာဝန်နှင့် အဝေးရောက်နေသည့် ချစ်သားကြီးပြန်လာချိန် အချိန်ကိုက်ဖြစ်ချိန်မှာ ဖြစ်သွားခဲ့သည့် ပြသာနာပါ။ တာဝန်ကျရာမြို.မှာ သွားရောက်နေရတာမို. အရောက်နည်းသည့်သား ရှားရှားပါးပါး ပြန်လာသည့်မို. သားအကြိုက် ချက်ကျွေးချင်သည်မို. ဒီပြသာနာစရတာပါ။ အမေဝယ်နေကျ ဖောက်သည်ကလည်း နောက်တရက်နှစ်ရက်မှ လာမှာမို. သားကို ကျွေးချင်ဇောကြောင့် တခါမှ မဝယ်ဘူးသည့်ဈေးသည် ကိုခေါ်ပြီးဝယ်ပါသည်။  အဲပြီးတော့ ဈေးသည်ကလည်း ရွာကို အခုမှ စပြီးလာရောင်းသည့် ဈေးသည်လက်သစ်မို. အမေ့အကြောင်းမသိသေးတာလည်းပါသည်။ အမေကလည်း သူဝယ်နေကျအတိုင်း သူ.အလေးနှင့်မှ ဝယ်မည် ။ ဈေးသည်ကလည်း အကြောင်းမသိသူမို. အမေ.ကို စီးပိုးသည် ထင်သည်။ အဲဒါနဲ.ပဲ အမေနှင့်ပြသာနာ တက်ပါတော.သည်။  အမေက ငါ့အလေးနှင့်မှ မရရင် မဝယ်တော.ဘူး တခြားသွားရောင်းတော.ပေါ့။  ဈေးသည်ကလည်း ခေါ်ပြီးမှ သူ.အလေးနှင့်မဝယ်ရလို. မဝယ်ဘူး ဆိုတော. အမေ့ကို ရန်တွေ.ပါလေရော။ ဟဲ. ငါပိုက်ဆံပေးဝယ်တာ ကြိုက်မှဝယ်မယ် မကြိုက်မဝယ်ဘူးလို. အမေကပြန်ပြောနဲ. တယောက်တခွန်းစကားများတယ်လေ။ အဲ.. ဈေးသည်က ဒါနဲ.မပြီးသေးဘူး အိမ့်အောက်ကနေ ဈေးတောင်းခေါင်းပေါ်တင်ရွက်ပြီး ခြံပြင်လှမ်းထွက်ရင်း ပါးစပ်က မကြားတကြားရေရွတ်သွားတော.  စိတ်ကြီးလှတဲ့ အမေ ယမ်းပုံမီးကျ ဖြစ်တော.တာပဲ။  နင်.ဆီက ဝယ်စားမှဟင်းဖြစ်တာမဟုတ်ဘူး ငါ့သားကျွေးဖို. မြို.တက်ဝယ်မယ် ဆိုပြီး အဖေနှင့်အစ်ကိုကြီး တားနေတဲ့ ကြားက ဆိုင်ကယ်ကိုယ်တိုင်စီးပြီး နေ.မွန်းတည့်နေပူပူကြီးမှာ  မြို.တက်သွားပြီး ဝယ်ခဲ့သည်။ ပြန်ရောက်တော.လည်း ချက်ချင်းမီးဖိုထဲဝင် ချက်တော့တာပါပဲ။ အဖေကတော. နင့်နှယ် ခက်လိုက်တာဟာ တခါတလေပဲ အဆင်ပြေသလို ဝယ်လိုက်ပေါ့  အပင်ပန်းခံလို.ဟာ လို. ပြောသလို အစ်ကိုကြီးကတော့ အမေ အသက်ကြီးပြီး စိတ်လျှော.တော.လို. ပြောပြီး ရီနေပါသည်။

အစ်ကိုကြီးပြန်သွားပေမဲ့ ပြသနာက အမေ့အတွက် မပြးီပါဘူး။ နဂိုကတည်းက အမှတ်ကြီးလှသူမို. သူ.ကို မတော်မတရားလုပ်သူလို. စွပ်စွဲသွားသူကို ဘယ်တော့မှမဆက်ဆံဘူးလို. အမှတ်ထားတာပါ။ နောက်ကြာတော. ဈေးသည်လည်း ရွာမှာ လာရောင်းတာကြာတော. အမေ့အကြောင်း ဈေးသည်အချင်းချင်းပြောသောစကား၊ ရွာမှလူများမှ ပြောသောစကား များကြောင့် သိလာပါသည်။ အမေ.ကဲ့သို. ဖောက်သည်ကြီး တယောက်ရလျှင် သူတို.အတွက် အဆင်ပြေမှာဖြစ်သည့်အတွက် အမေနှင့် ပြန်လည် ပြေလည်ခြင်လာသည်။ အိမ်ရှေ.လမ်းမမှ လေးလေးရေ အသားကောင်းတွေပါတယ် ယူဦးမလားလို. နောက်ပိုင်း အမြဲလှမ်းမေးပေမဲ့ အမေကတော့ တခါမှကို မဝယ်တော.ပါဘူး။ တခါကတော့ အမေက မီးဖိုထဲကနေ လမ်းမမှ ဈေးသည်အသံ ကြားရပြီး ဘယ်သူမှန်းမသိပဲ  ဈေးသည်နေပါဦး အသားကောင်းလား ကြည့်ပါဦးမယ်လို. လှမ်းခေါ်လိုက်ပြီး မီးဖိုထဲက ထွက်လာပြီး ဈေးသည်ကို မြင်မှ သူနဲ. ပြသာနာဖြစ်ဖူးသူ ဖြစ်မှန်းသိလည်းသိရော အော်….ညဉ်းကို  ညဉ်းဆိုရင်တော. မဝယ်ဘူးလို. ပြောပါသည်။ ထိုအခါ ဈေးသည်က လေးလေးစိတ်ကြိုက် အလေးနဲ.ဝယ်ပါ ကျွန်မ လေးလေးအကြောင်းမသိလို.ပါလို. ပြန်ပြောပေမဲ့ အမေကတော.ဖြင့် လုံးဝ မဝယ်ပါဘူး။ အဖေက ဟင်းစားမှမရှိပဲ နင့်စိတ်တိုင်းကျ ဝယ်လို.ရတာပဲ ဝယ်ပေါ့ဟ လို. ပြောတဲ့အခါ ဟင်းစားမရှိရင် ဆီဆမ်းပြီး ဆားဖြူး စားမယ်တော် ဝယ်စရာဈေးသည်မရှိရင်လည်း သူ.ဆီကတော. မဝယ်ဘူးတော်ရေ.လို. ပြန်ပြောသံ ကြားခဲ့ရပါသည်။  အဲဒီလောက် စိတ်အမှတ်ကြီးသူပါ။ အဲဒီအချိန်က စပြီး ကျွန်မတို.ရွာမှာ ဈေးသည်တွေကို ဝယ်သူတွေက   ငါတို.လည်း တောင်ပိုင်းက ဒေါ်မြိုင်လို အမှတ်ကြီးတယ်နော်   နောက်မရောင်းရပ ဲနေမယ်လို.  ပြောစမှတ်ကို တွင်သွားပါတော.သည်။

18 comments

  • eros

    April 22, 2011 at 10:56 am

    အင်းမှတ်သားစရာပဲ။ အခုဈေးမှာကတော့ မသိတဲ့ မျက်နှာစိမ်းဆိုလို့ကတော့ အမျိုးမျိုး အလေးခိုးဖို့ ပြင်တာပဲ။ ယောက်ျားလေးများ ဝယ်ရင်ပိုဆိုးသေးတယ်။ ဝယ်တဲ့ယောကျာ်းလေးက နှံ့နှံ့ စပ်စပ် စီစီစစ်စစ်ဆိုရင် ပြောသေးသဗျား။ အောင်မလေး ယောကျာ်းကြီးဖြစ်ပြီး ပစိပစပ်များလိုက်တာတို့ စိစစ်လွန်းတာတို့ပေါ့။

  • ဆူး

    April 22, 2011 at 1:04 pm

    ဆူး အဘွား အိမ်မှာ အလေးဆိုက်စုံ ရှိတယ်။
    သရက်ပြင်တို့ ဘာတို့ မြေးတွေ ကြိုက်လို့ ဝယ်ပေးရင် သူ့ အလေးနဲ့ ချိန်ပြီး ဝယ်တာဘဲ။ တခြား ဘာဖြစ်ဖြစ်.. အလေး မပြည့်ရင်တော့ လုံးဝ မဝယ်ဘူး။
    ရှေးလူကြီးတွေ ဓလေ့ဘဲ။
    ဒီခေတ်လူတွေကတော့.. အများ မိုးခါးရေမှတော့ မိုးခါးရေဘဲ ဆိုပြီး သောက်နေကြတာ… အလေးချိန် အပြည့်ဆိုတာ မမြင်ရသလောက်ပါဘဲ။

  • bigbird

    April 22, 2011 at 3:14 pm

    အလေးအပြည့်..ဈေးအပြည့်ရောင်းပေါ့။ ပုံမှန်ဈေးထက် ဈေးပေါပေါလိုချင်ပြီး အလေးအပြည့်လိုချင်ရင်တော့ဘယ်ဖြစ်မလဲ..
    ဈေးအပြည့်ရောင်းပြီး အလေးမပြည့်ရင်တော့ အဲ့ဒီဈေးသည်မှာအပြစ်ရှိတယ်။
    နောက်နောင်ဘဝတွေကျရင် ဦးဏှောက်မပြည့်ပဲ ရူးရူးပေါပေါဖြစ်နေတက်တယ်။ရှာဖွေသလောက်လဲ စားလို့မဝဘူး။သမင်မွေးလိုက်ကျားစားလိုက်ဘဝလိုမျိုးမှာ အဖန်ဖန်တလဲလဲ ကျင်လည်ရတက်ပါတယ်။

    • hmee

      April 23, 2011 at 5:23 am

      ကိုငှက်ကြီးရေ ဈေးသည်တွေ အလေးမပြည့်တာလည်း အပြစ်မဆိုသာပါဘူး။ တချို.ဈေးဝယ်တွေက ရသင့်တာထက် မတရားပိုလိုချင်တဲ့ လောဘသမားတွေကြောင့် သူတို.လည်း ကြံရဖန်ရတာလေ။ အစစ်တောင်းတာ အပြင် အတင်းကောက်ထည့်တတ်လို. သူတို့လည်း သူတို့အတွက် အဆင်ပြေအောင် ဝယ်သူလည်း ကျေနပ်အောင် လုပ်ကျတာပေါ့။ ဒါပေမဲ့ မှန်ကန်တဲ့သူတော့ သွားထိတာပေါ့။အခုပြောတာ မသမာတဲ့ ရောင်းသူအချို့တော့ မပါဘူးနော်။

  • KoNyeinChan

    April 22, 2011 at 4:27 pm

    ဗျို ့ရွာသား ကိုလူပျိုတို ့ရေ..
    hmeeက အဖေနဲ ့အမေကိုတည့်အောင်ပေါင်းနိုင်ဖို ့အတွက် ဆောင်ရန် ရှောင်ရန်လေးတွေကို ဝှက်ဖဲတွေပြနေတာဗျ… 😀 😀 😀
    ကြိုးစားထားကြဗျာ ဝါဝင်ခါနီးပြီ… ဟီးးးးးးးး

    • bigcat

      April 22, 2011 at 11:44 pm

      မသိဘဲနဲ မပြောနဲ့ ကိုယ့်လူ။ မှီ့အမျိုးသားက အစ္စရေးမှာ ထောက်လှမ်းရေးသင်တန်းတက်နေတဲ့ စရဖက စစ်ဗိုလ်ဗျ….

  • တညင်သား

    April 23, 2011 at 1:59 am

    ကျွန်တော်တို့ အဖေရဲ့ အဒေါ်ပေါ့ အပျိုကြီး ..အဲဒီလိုပဲ သူ့မှာ ချိန်ခွင်ရော အလေးရောရှိတယ် မနက်စောစော ပဲပြုတ်ဝယ်တာက အစ သူ့ချိန်ခွင်နဲ့ဝယ်ရမှ ပြဿနာ တခုတက်သွားပြီဆို ဈေးသည်က အိမ်ပြန်ရောက်နေပြီ သူကတော့ ပြောလို့မပြီးသေဘူး…………ကိုကြောင်ကြီးပြောမှ အူတက်အောင်ရယ်ရတယ်……..တကယ် တကယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 23, 2011 at 3:40 am

    အင်း…………………..
    သူပြောမှဘဲ
    တစ်လောက အိမ်ရှေ ့လမ်းခင်းဘို ့
    စိန်ရယ်၊ ပတ္တမြားရယ်၊ ကျောက်စိမ်းရယ် ဝယ်တုန်းက
    ကိုယ့်မှာရှိတဲ့ ကတ္တားနဲ ့ချိန်ခဲ့ရတာကို အမှတ်ရမိဘာဒယ်ဗျာ။
    အဲ့စည်နေ ့က ထမင်းစာတာနဲ ့
    ငါးခြောက်ကို မီးဖုတ်ပြီး
    ထမင်းကိုရေနဲ ့စိမ်ပြီးတောင်စားခဲ့ရသေးတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 23, 2011 at 3:42 am

    ဪ..
    ဒါနဲ ့
    ဝါမဝင်ခင် ကိုယ်တို ့
    အမေ့ကိုပြန်ကန်
    တော့ကြရင်ကောင်းမယ်ထင်တယ်နော်

  • ဆူး

    April 23, 2011 at 6:21 am

    ဥူးသုမင်္ဂလာ တရားထဲကလို ဖြစ်နေပြီ..
    အမျိုးသမီး တယောက် ခရမ်းချဉ်သီး ဝယ်ဖို့ ဈေးသည် အနား သွားပြီး ဟိုကြည့် ဒီကြည့် ၂လုံးကောက်ထည့်လိုက်တယ်.. ပြီးတော့ ခပ်တည်တည် နဲ့ ဟဲ့ကောင်မ ၅ဝ သားပေး.. ဈေးသည်ကို ပြောလိုက်သေးတယ်.. ဟဲ့.. အလေးပြည့်ပြည့်ချိန်နော်.. အလေးမပြည့်ရင် နောက်မဝယ်ဘူး။
    ဈေးသည်က.. စိတ်ချပါ အမကြီးရယ်.. ကျမ အလေးက အပြည့်ပါတော်.. မယုံရင် ပြန်ချိန်ကြည့်…
    ဒီလိုနဲ့ အိမ်ရောက်တော့.. ဈေးခြင်းတောင်းလေးချပြီး.. သမီးလုပ်သူကို ဟဲ့ ခရမ်းချဉ်သီး ၅ဝ သား ဝယ်လာတယ် ချိန်ကြည့်စမ်းပါအေ…
    သမီးလုပ်သူက ခြင်းတောင်းထဲက ထုတ်ပြီး ချိန်လိုက်တယ်..
    အမေ.. မပြည့်ဘူး.. အော်.. ခဏ ဒီမှာ ၂လုံးတွေ့တယ်.. ချိန်လိုက်တာ ကွက်တိဘဲ…
    အလေးပြည့်တယ် အမေ….

  • kopauk mandalay

    April 23, 2011 at 12:03 pm

    တစ်ချို့ဈေးသည်တွေက ယောက်ျားလေးဈေးဝယ်ဆိုရင် ပိုဝိုက်ချင်သေးတယ်။
    ကျနော်က ပစ္စည်းဝယ်လို့ ကြိုက်ရင် ဝယ်ချင်ရင် ဖြစ်သင့်တဲ့ဈေးကိုဆစ်တယ်။
    မရဘူးနော် ထပ်မဆစ်ဘူး.။
    ထွက်သွားမှပြန်မခေါ်နဲ့ဘယ်တော့ မှ မဝယ်ဘူး။
    တစ်ခါကတော့ ဆစ်တယ်မရဘူး ထွက်သွားမှခေါ်တယ် မဝယ်ဘူးပြောတော့ ဈေးသည်က မဝယ်နိုင်ရင်မဆစ်နဲ့ပြောတာနဲ့ ကျနော်နဲ့ရန်တွေဖြစ်တာ။
    သူငယ်ချင်းတွေက ရှက်လို့ တဲ့။
    ရှက်စရာမဟုတ်ဘူ းကိုယ်မှာတာမှ မဟုတ်တာ.။
    ကျနော်ကလဲ မဟုတ်မခံစိတ်ကို ကြိုက်တယ် ကျင့်သုံးတယ်။
    ဒါပေမယ့် အမှန်အတိုင်းပြောရရင် ကျနော်တို့လူအတွက်ဘောင်တော့ ကျဉ်းသွားတယ်ဗျှာ
    ပြဿနာကောင်ဆိုပြီးရှောင်ကြတာကိုး.။

    • hmee

      April 23, 2011 at 12:36 pm

      ဦးပေါက်ရေ မှီက ဈေးရောင်းဖူးတော. ဈေးရောင်းသူတွေရဲ့ ခံစားချက်ကိုလည်းသိတယ်။ တချို့ဝယ်သူတွေက အရမ်းဈေးဆစ်တာ မဖြစ်နိုင်တာ ဆစ်တယ်လေ။ လူပေါင်းမြောက်များစွာနဲ့ ကြုံရတော့ မှန်ကန်တဲ့သူတွေကိုလည်း တခါတလေ အထင်မှားမိတတ်တယ်။ ခံရဖန်များလာလို့ လန့်တာလည်း ပါတာပေါ့။

      • eros

        April 23, 2011 at 1:16 pm

        ဟာဟ ကျွန်တော်လဲ ဦးပေါက်လို လူစားမျိုးပဲ။ ဘယ်သူတွေ ဘာပြောပြော အဲဒီစိတ်မျိုးကြိုက်တယ်။ ရန်ကုန်မှဆိုရင် ဦးပေါက်ပြောတဲ့ ဈေးသည်မျိုးက သိမ်ကြီးဈေးမှာများတယ်။

  • nature

    April 23, 2011 at 2:14 pm

    Big Buyer ဆိုတော့ seller တွေကမလွန်ဆန်နိုင်ကြဘူးပေါ့။

  • kopauk mandalay

    April 23, 2011 at 3:45 pm

    တကယ်ပြောရရင် ကိုပေါက်လဲ ဈေးသည်ပါဘဲဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 23, 2011 at 4:31 pm

    ဈေးရောင်းစားရတဲ့သူတွေကို နားလည်ပါတယ်ဗျာ
    ကျွန်တော်ကတော့
    ကုန်သည်ဗျ

  • nature

    April 24, 2011 at 10:21 am

    အရောင်းအဝယ်တခုမှာ ရောင်းတဲ့သူဘက်ကမှားတာလဲရှိတယ်၊ ဝယ်သူဘက်ကမှားတာလဲရှိတယ်၊ အားကြီးတဲ့သူကအထက်စီးကနေရတာပဲ၊ ၂ဦး၂ဖက်ပြေပြေလည်လည်နဲ့ ညှိနှိုင်းပြီးစိတ်ချမ်းသာစွာ ပြီးမြောက်သွားနိုင်ရင် အကောင်ဆုံးပါဘဲ။

Leave a Reply