hmeeSeptember 19, 20161min26618
မြန်မာ မှန်ရင် ပုဂံရောက်ဖူးရမယ်။ ပုဉ္ဖင်းတက်ဖူးရမယ်။ ပွဲကြည့်ဖူးရမယ် လို့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ကဆိုပါတယ်။ ဒီလိုဆိုရင်ဖြင့် ကျွန်မ တယောက် မြန်မာ မပီသသေးဘူးဟုဆိုရမှာပါ။ ကျွန်မ ပုဂံကို မရောက်ဖူးသေးပါဘူး။ ကျွန်မတို့ မိသားစုဝင်တွေ  ကျွန်မ ညီမတွေ ပုဂံကို သွားကြ ရောက်ကြပေမဲ့ တကြောင်းမဟုတ် တကြောင်းနဲ့ ကျွန်မ ကျန်ခဲ့ရတာမို့ အခု အသက်အရွယ်ထိ တခေါက်မှပင် မရောက်ဖူးသေးပါ။ ဒုတိယ တခုကတော့ မိန်းမသားမို့ လွတ်မည် ထင်ပါရဲ့။ တတိယ တခုနှင့် ပတ်သက်လို့ကတော့ဖြင့် ကျွန်မ မြန်မာ ပီသလွန်းသူဟုပင်။ အငြိမ့်ပွဲ၊ ဗလာပွဲ၊ ရုံပွဲ  ပွဲ အတော်များများစုံအောင် ကြည့်ဖူးသည်။ အညာသူမို့ ပွဲကြိုက်သည်ဟုပင် ဆိုနိုင်ပါသည်။ အလှုတွေမှာ အလှုအောင်ပွဲ အငြိမ့်ထည့်သည့် အရပ်မို့ […]


hmeeJuly 2, 20164min22514
July  1  ရက်နေသည်  ကနေဒါနေ့ ဖြစ်တယ်။  မနက်ကတည်းက ာပါလီမန်မှာ  လူစည်နေတယ်။  သည်နေ ဘယဘတ်စ်ကားမှ ကားခပေးစရာမလို အလကား။


hmeeJuly 1, 20161min22811
ကျွန်မတွင် တထွှာသာသာ နံသာရောင် ဘူးလေးတလုံး ရှိသည်။ သားနှင့် သမီးသည် သည်သေတ္တာလေးကို သိပ်စိတ်ဝင်စားကြသည်။ စိတ်ဝင်စားဆို သူတို့နှင့် သက်ဆိုင်သည်ကိုး။ လူဆိုသည်မှာ သူတပါးအကြောင်းထက် ကိုယ့်အကြောင်းကို ပိုစိတ်ဝင်စားသည့် သတ္တဝါဖြစ်သည်။ ဒါ့ကြောင့် သူတို့နှစ်ယောက် စိတ်ဝင်စားကြသည်။ အဲ့သည့်အထဲတွင် လက်ပတ်လေးနှစ်ခုအပြင် သူတို့ ဘဝနှင့်သက်ဆိုင်သော မှတ်တမ်းလေးတွေ ရှိနေသောကြောင့်ဖြစ်သည်။ သားနှင့်သမီးမွေးစတွင် မိခင်နာမည်၊ မွေးရက်၊မွေးချိန် ၊ ပေါင်ချိန်တို့ကို ရေးထားသော လက်ပတ်လေးတွေ တခုစီပတ်ထားသည်။ ဆေးရုံက ဆင်းသောအခါ ကျွန်မက အမှတ်တရ သိမ်းထားခဲ့သည်။ ယခု ကြီးပြင်းလာသောအခါ ထို လက်ပတ်ကလေးသည် အတော်သေးသေးလေး ဖြစ်နေ၍ နှစ်ယောက်သား အမြဲ အံ့ဩကြသည်။ သူတို့ရဲ့ ငယ်သွားလေးများနဲ့  ထူးထူးခြားခြား အဖြစ်အပျက်လေးများနဲ့ ကြီးပြင်းလာပုံ မှတ်တမ်းစာအုပ်လေးကို တွေ့တိုင်း […]


hmeeMarch 15, 20161min28628
“ကျေးဇူးတင်စကား ” ကျေးဇူးတင်စကားကို လူတိုင်းကြားဖူးမည် ထင်ပါသည်။ နောက် ….. ပြောလည်း ပြောဖူးကြပါမည်။ မိမိက ကူညီလိုက်သောကြောင့် ကျေးဇူးတင်ခံရသည်မှာ သိပ်မထူးဆန်းလှသော်လည်း မိမိတာဝန်မို့ လုပ်သင့် လုပ်ထိုက်လို့ လုပ်ရသော အလုပ်ကို ကျေးဇူးတင်ခံရသည်မှာ ထူးဆန်းသလိုလို ရှိသည်။ မည်သို့သော အကြောင်းကို အခြေခံစေကာမူ ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ ကျေးဇူးတင်ပါတယ်ရှင် ဆိုသည်ကတော့ နားဝင်ချိုလှသည်မှာ အမှန်ပင်။ ကျွန်မ ပညာ သင်ယူဖူးသော ဆရာတယောက်မှ သင်ကြားသည်ကို ကျွန်မ ဘယ်တော့မှ မမေ့သလို အမြဲလည်း လိုက်နာဖြစ်သည်။ ကျေးဇူးတင်ပါတယ် ဟူသော စကားကို ပြောရန် တိုက်တွန်းခြင်းဖြစ်သည်။ မိမိ အခပေး၍ ဌါးစီးလာသော ကြောင့် လိုရာလိုက်ပို့ပေးသော ကားသမားကိုပင် ကားခပေးရင်း ကျေးဇူးတင်ပါတယ်ဟု ပြောဖြစ်အောင် ပြောလိုက်ပါ […]


hmeeFebruary 29, 20161min23817
“ဝဋ်လည်ခြင်း” “မီးမီး ဟာ” ကိုကိုကြီး အရင်ယူထားတာ” “ မပေးဘူး” လုကြပေပြီ။ တယောက် ကိုင်ထားပြီဆိုလျှင်ဖြင့် တယောက်က လိုချင်သည်။ အမှုမဲ့ အမှတ်မဲ့ ချထားသော ပစ္စည်းသည် တယောက်ကများ ကောက်ကိုင်ပြီဆို ကျန်တယောက်ကလည်း အဲ့သည့်ဟာကိုမှ လိုချင်သည်။ လုကြသည်။ ခုတင် ချစ်ကြည်ရေးရနေသော ဧည့်ခန်းသည် ချက်ချင်းပင် စစ်တလင်းပြင် ဖြစ်လေတော့သည်။ ရန်မီးပွား မကြီးခင် ဒေါ်ကုလသမဂ္ဂ ဝင်ရလေပြီ။ “ပေး အဲ့ဒါ မေမေ့ကိုပေး” မပေးချင်ပေးချင်နှင့် မိခင်ကို လာပေးသည်။ “မေမေ ဘာပြောထားလဲ မလုရဘူး တူတူ ကစားရမယ်လို့ မပြောထားဘူးလား” နှစ်ယောက်သား ကိုယ့်အပြစ်နှင့် ကိုယ်မို့ ခပ်ကုပ်ကုပ်ရပ်ကာ ပြိုင်တူ ခေါင်းငြိမ့်ပေသည်။ “ အေး အခုလို လုတဲ့ အတွက် […]


hmeeDecember 4, 20151min22523
“ဘတ်စ်ကားစီးခြင်း”   မနက်ဖြန် အိမ်ပြောင်းရမည်။ သည်နေ့သည် ၂၇.၁၁.၁၅ black Friday ဖြစ်သည်။ အော်တာဝါတမြို့လုံးရှိ ဈေးဝယ်စင်တာများအားလုံး ဈေးလျှော့သောနေ့ဖြစ်သည်။ ၁၀% မှ ၆၀% ထိလျှော့တတ်လေသည်။ သည်နေ့ လျှော့ပေမဲ့ နောက်တနေ့ black Friday ကျော်သည်နှင့် မူရင်းဈေးကို မဆိုင်းမတွ ချက်ချင်း ပြန်ရောက်လေသည်။ ဒါကြောင့် သည်နေ့သည် ဈေးဝယ်စင်တာများတွင် လူအစည်ကားဆုံးနေ့ ဖြစ်သည်။ ကျွန်မတို့ထက်အရင် အော်တာဝါတွင် ရောက့်နှင့်နေသော အမသည် ဈေးပတ်မည် သူနှင့် လိုက်ချင်လျှင် လိုက်ခဲ့ပါလားဟု ညတုန်းက ဖုန်းဆက်လေသောအခါ ကျွန်မမှာ တညလုံး အတွေးများလေပြီ။ အော်တာဝါကို ရောက်သည်မှာ တလစွန်းရုံသာ။ ဓလေ့ထုံးတမ်း၊ အလေ့အကျင့်၊ အမူအကျင့်တွေ ဘာကိုမှ မသိသေး။ ထို့ကြောင့် လိုက်ချင်ပေသည်။ သို့သော်….. […]


hmeeJune 28, 20151min27835
ကျွန်မ၏သားနှင့် ဂဏန်းများ ကျွန်မ ဘွဲ့ရတော့ အသက် ၂၅နှစ်။ ရတန်းမှာ ပညာသင်နေစဉ် ၈၈ အရေးအခင်းဖြစ်လို့ ကျောင်းနားခဲ့ ရသည်လည်း တကြောင်း။ ၁ဝတန်း အောင်၍ တက္ကသိုလ်တက်ပြီး သကာလ ပထမနှစ်အပြီး ဒုတိယနှစ်အတက် ကျောင်းဖွင့်စတွင် အရေးအခင်းထပ်ဖြစ်ကာ ထပ်၍ နားရပြန်လေသည်။ သည်လိုနဲ့ ကျောင်းဖွင့်လျှင် သွား၍ တက်ပြီး ကျောင်းပိတ်ပြီ ဆိုလျှင် ထပ်နား သည်လို တက်လိုက် နားလိုက်နှင့် ကျွန်မ ဘွဲ့ရတော့ အသက် အစိတ် ရှိလေပြီ။ ရသည့်ဘွဲ့သည် သချာင်္ဘွဲ့ဖြစ်သည်။ ပထမနှစ်တွင် သချာင်္ တစ်ဘာသာ။ ဒုတိယနှစ် နှစ်ဘာသာ၊ နောက်ဆုံးနှစ်တွင် လေးဘာသာ။ ထို့ကြောင့် ကျွန်မသည် ဂဏန်းများနှင့် မစိမ်းလှဟု ဆိုရပေမည်။ ရင်းနှီးသည်ဟုတော့ မဆိုလိုပါ။ ဘွဲ့ရသည့်အခါ […]


hmeeApril 22, 20151min27931
                                    သူ့ နာမည်က ဦးသောင်းတင်လို့ ခေါ်ပါတယ်။  အသက်ကတော့ ၅ဝကျော်ပါပြီ။ လူပျိုကြီးပါ။ ညီမဖြစ်သူနဲက အတူနေပါတယ်။  မွေးလာကတည်းက နားမကြားပါဘူး။ ဒါ့ကြောင့် စကားလည်း မပြောတတ်ဘူး။ ငယ်ငယ်တုန်းက  နေ့ခင်းဘက် မျက်စိ မြင်ပါတယ်။ ည ဘက်ဆိုရင်တော့ မမြင်ရဘူး။ အခု အသက်ရလာတော့ နေ့ဘက်တောင် ခပ်ဝါးဝါးပဲ မြင်ရပါတော့တယ်။ မတ်တပ်ရပ်နေရင်  မြေပြင်ကို မမြင်ရ ထိုင်နေရင် မတ်တပ်ရပ်နေသူကို မမြင်ရပါဘူး။ ဒါပေမဲ့ သူ့ဘဝကို အရှုံးမပေးထားဘူး။  သူ တတ်တဲ့ […]


hmeeJanuary 7, 20151min27737
သမီးငယ်လေး၏ စကား ( အငယ်လေးများ၏ ခံစားချက်) သမီးပြောသော စကားတခွန်းသည် ကျွန်မရင်ကို ထိခတ်သွားစေသည်။ ကျွန်မ တစ်ယောက်တည်းကို မဟုတ်ပဲ သူ့ကို ချစ်သော သူက ချစ်သော မိသားစုဝင် အားလုံးကို တခဏမျှ မှင်တက်သွားစေခဲ့ပါသည်။ ကျွန်မတို့ အမှုမဲ့ အမှတ်မဲ့ သတိမမူ ပြုမူခဲ့သည်များသည် သူ့စိတ်တွင် ထိုကဲ့သို့ မှတ်ယူ သွားမည်ကို ကျွန်မတစ်ယောက် ယောင်လို့မှပင် မစဉ်းစားမိခဲ့ပေ။ သမီးပြောသောစကားသည် မမှားသော မှန်သော စကားပေမို့ ကျွန်မတယောက် ချက်ချင်း ပြန်လည် တုန့်ပြန်ဖို့ တခဏမျှ နှုတ်စွင့် သွားခဲ့ရပေသည်။ ( သမီးရေ…………. ဒီမှာ…… လှလား) ဂါဝန်လေးကို ကိုင်ကာ သမီးမြင်အောင် သမီးရှေ့တွင် ဝှေ့ယမ်းပြကာ ကျွန်မမေးလိုက်သည်။ ( လှတယ်….မီးမီးကို […]


hmeeNovember 12, 20141min33844
“လို၏ မလို၏ ” သဘောကျသည်။ ကြိုက်သည်။ ဒီထက်ပိုပြောရမည်ဆိုလျှင်ဖြင့် အတုခိုးစရာ အတုယူစရာများ အပြည့်ရယ်။ နောက် ….နှစ်ခြိုက်စရာလေးများ တွေ့လျှင်ဖြင့် လိုက်၍ တုပ တတ်သည်။ ထို့ကြောင့်….. ”မင်းဟာ လွန်ကိုလွန်လွန်းတယ်ကွာ” ဟု မောင်က လေးခင်ကို ပြောတတ်သည်။ တခြား အခြားသော သူများကဖြင့် မည်သည့် အကြိုက် အမျိုးမျိုး၊ ဘယ်လို နှစ်သက်ပုံဖြင့် ကြည့်ကြသည်ကို လေးခင်မသိ။ လေးခင်အနေဖြင့် အိမ်တွင်း အလှဆင်မှု ၊ သပ်ရပ်မှုများ အတုယူစရာ များလွနိးသောကြောင့် ကိုရီးယားကားကို ကြည့်ဖြစ်သည်။ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ မည်သို့သော ဇာတ်ကားဆိုစေ ချမ်းသာသူ၊ လူလတ်တန်းစား၊ နောက်ဆုံး ဆင်းရဲသူဖြစ်စေ အိမ်တွင်းပြင်ဆင်မှုများသည် သန့်ရှင်း သပ်ရပ်လှပေသည်။ လေးခင်ချီးကျုးလေတိုင်း မောင်က ရီတတ်လေသည်။ […]


hmeeOctober 17, 20141min46558
    ပြိုကွဲခြင်း (၁) “ ဘုရား…..ဘုရား” တင်းကုပ်ထဲက လှုပ်ရှားသွားသော အရိပ်ကြောင့်  တပိုတပါး သွားဖို့ဆင်းလာတဲ့  မြနှင်းတယောက်  ထိတ်ခနဲ လန့်သွားကာ ဘုရားတမိသည်။ လကွယ်ည၏ ပိန်းပိန်းမှောင်တဲ့ အမှောင်ကြောင့် လူလော နာနာဘာဝလော။ ဓါတ်မီး မယူခဲ့မိသည်ကို သတိရကာ တိတိတဆိတ် မိမိကိုယ် မိမိ  အပြစ်တင်မိသည်။ ပူးချည်ခွာချည် ဖြစ်နေသော အရိပ်သည် တခုလား နှစ်ခုလား သိချင်ဇောဖြင့်  ကြောက်စိတ်ကို အသာအယာ အန်တုကာ  အညင်သာဆုံး တရွေ့ရွေ့ နီးသထက်နီးအောင် ကပ်လာမိသည်။ တီးတိုးစကားသံကို ကြားလိုက်မိတဲ့အခိုက်  မြနှင်း ကိုယ့်နားကိုယ်ပင်မယုံနိုင်။ မြနှင်းကိုယ်ပေါ်သို့ ကောင်းကင်ကြီး ရုတ်တရက် ပြိုဆင်းလာသလို ခံစားလိုက်ရသည်။ ရုတ်တရက် ယိုင်သွားသော ခန္ဓာကိုယ်ကို  လဲမကျစေရန် တင်းကုပ်တိုင်ကို  အားပြုလိုက်ရလေသည်။ […]


hmeeSeptember 18, 20141min27838
လမ်းကလေး ရောက်ခဲ့ပြန်ပါပြီ။ ဘယ်တော့မှ ထပ်မရောက်နိုင်တော့ပါဘူးလို့ ထင်ခဲ့တဲ့လမ်းကလေးဆီ နောက်တကြိမ် ရောက်ခဲ့ပြန်ပါပြီ။ အဖြစ်အပျက်တွေ အားလုံးဟာ ဒေါ်ခင်သူ စိတ်ထဲမတော့ မနေ့တနေ့ကလိုပင်။ အချိန်ဆိုတဲ့ သမားတော်ဟာ အရာရာကို ကုစားနိုင်ပေမဲ့ ဒေါ်ခင်သူကိုတော့ ချန်လှပ်ထားခဲ့ပုံရသည်။ ဒေါ်ခင်သူသာ မပြောင်းလဲပေမဲ့ လမ်းကလေးကတော့ ပြောင်းလဲခဲ့ပြီ။ ဟိုတုန်းက မြေနီလမ်းကလေးဟာ အခုတော့ ကွန်ကရစ်လမ်းလေးဖြစ်နေပြီ။ စိတ်ကို လန်းဆန်းစေခဲ့သော စိမ်းစိမ်းစိုစို ပုဏ္ဏရိတ်ပင်တန်း ခြံစည်းရိုးလေးတွေ နေရာမှာ အုတ်တံတိုင်းတွေက အစားထိုးနေလေပြီ။ အဆုတ်လိုက်ပွင့်နေသော ပုဏ္ဏရိတ်ပန်းနီနီလေးတွေ၊ တချို့နေရာမှာ ပန်းရောင်ဖျော့ဖျော့၊ တချို့နေရာမှာတော့ အဝါရောင်လေးတွေနှင့် အလှဆင်ထားကြသော သဘာဝအလှတရားတို့ ဘယ်တုန်းကများ ပျောက်ကွယ်သွားပါလိမ့်။ ဒေါ်ခင်သူ့ အတွေးထဲမှာတော့ လမ်းကလေးကို တွေးမြင်လေတိုင်း သည်သဘာဝ အလှလေးတွေက ဘယ်တော့မှ ပြောင်းလဲမသွားခဲ့ပေ။ အခုတော့ ဒေါ်ခင်သူ မျက်မြင်မှာတော့ […]