ကနေဒါနေ့




-
-
-
-
-
-
-
-
-
- ဖရေးစင်မြင့်
-
-
-
-
-
-
-
-







July 1 ရက်နေသည် ကနေဒါနေ့ ဖြစ်တယ်။ မနက်ကတည်းက ာပါလီမန်မှာ လူစည်နေတယ်။ သည်နေ ဘယဘတ်စ်ကားမှ ကားခပေးစရာမလို အလကား။
July 1 ရက်နေသည် ကနေဒါနေ့ ဖြစ်တယ်။ မနက်ကတည်းက ာပါလီမန်မှာ လူစည်နေတယ်။ သည်နေ ဘယဘတ်စ်ကားမှ ကားခပေးစရာမလို အလကား။
14 comments
hmee
July 2, 2016 at 6:28 pm
ဓာတ်ပုံအောက်မှာ စာရေးတာမရဘူး။ သည်နေ့ အတွေ့အကြုရေးချင်တာ စာများနေလို့လား။
မြစပဲရိုး
July 2, 2016 at 8:20 pm
အမေရိကား က သူငယ်ချင်း တစ်ယောက် ဒီနေ့ ကနေဒါ သွားလည် မယ်ပြောနေတာ ဒါကြောင့် ထင်ရဲ့။
နိုင်ငံချမ်းသာ လာချင် လူ တွေလဲ ချမ်းသာ လာကြတာဘဲ ထင်ပါတယ် မှီရယ်။
ဒါပေမဲ့ အဲဒီလို နိုင်ငံချမ်းသာဖို့ လူ တွေ ရဲ့ စိတ်ဓာတ် တွေ က အဆင့်မြင့်မြင့် နဲ့ အရင် ချမ်းသာကြဖို့ လိုတာပါ။
အများစု မဆင်းရဲ မှ ငါလဲ ချမ်းသာမယ် ဆိုတဲ့ အတွေး နဲ့ အများ မဆင်းရဲ အောင် ကြိုးပမ်းလိုတဲ့ စိတ်
တို့ ရွှေပြည် မှာ အဲလိုရအောင် ဘယ်လို လုပ်ကြရပါ့။
kai
July 3, 2016 at 2:00 pm
အမေရိကား.. ကနေဒါ.. အင်္ဂလိပ်.. ဘယ်နိုင်ငံရောက်ရောက်.. မြန်မာဟာ.. မြန်မာပါပဲ.. အရီးလတ်ရယ်..။
သဘောက…
ဘယ်စနစ်အောက်နေနေ… မြန်မာတဦးချင်း.. အသိုင်းအဝိုင်း.. မြန်မာပြည်နဲ့ အကြမ်းအားဖြင့်တူ…။
အယ်အေမှာ.. မြန်မာ ၈သောင်းကနေ.. တသိန်းကြားနေတယ်..။
တခြားလူမျိုးခြားတွေနဲ့ယှဉ်ရင်..မြန်မာကွန်မြူနတီဆိုတာ.. ဟိုးအောက်ဆုံး..တခု…။
ဘုန်းကြီးကျောင်း ၁၃ကျောင်းရှိတယ်..။ ကွန်မြူနတီစင်တာ.. လစ်တဲရန်ကုန်/ဘားမား..။စာကြည့်တိုက်.. တခုမှ(တခုမှ) မရှိ..။
ကမ္ဘာ့အကောင်းဆုံးစနစ်တွေအောက်မှာ.. ဘယ်လောက်နေနေ.. အဲဒီ (ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့) ေ-ာက်ကျင့်တွေတူသဗျ..။
အဲဒါကြောင့်.. စနစ်ကြောင့်မဟုတ်လို့ပြောတာ..။
ရမ်းပြောတာမဟုတ်.. အနှစ် ၃ဝလောက်.. နိုင်ဂျံဂါးအတွေ့အကြုံနဲ့.. ချိန်ဆ ပြောတာ…။
ရွှေပြည်မှာ အဲလို..အဲလိုတွေရအောင် လုပ်ချင်ရင်.. ကျိန်စာမိနေတာကို ဖျက်မှရမယ်လို့…. ထပ်ခါပြောနေတာ..။
သိပ်မခက်.. မခက်သမှ.. လွယ်တာကတောင်.. လွှတ်လွယ်သဗျပြောမှာ..
“မည်သူကမှ.. မည်သူ့ကိုမှ.. ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့ ကန်တော့ခြင်းမပြုနဲ့..” လို့.. :k:
(မှတ်ချက်။ ။ မြန်မာထေရာဝါဒသမားများအတွက်သာ… )
မြစပဲရိုး
July 3, 2016 at 9:35 pm
လုပ်ပြီ သူကြီးကတော့။
စာကြည့်တိုက် မရှိရင် စာကြည့်တိုက်ရှိအောင် စည်းရုံးပြီး လုပ်ပေါ့။
ဘုန်းကြီးကျောင်းဆောက် ပြီး ဘုန်းကြီးတွေကို ပင့်ထားတာ လူ တွေ ဘဲ မဟုတ်လား။
ဘုန်းကြီး တွေ က ဆောက်လှုခိုင်းလို့ လား။
သူတို့ ဟာသူတို့ ကြိုက်သလို လုပ်ခွင့်ရှိသလို သူကြီး လဲ ကိုယ့်ဟာကိုယ် ကြိုက်တာ ရအောင် လုပ်လို့ ရပါတယ်။
မဖြစ်တာမို့ အောင့်အီး သည်းခံ ပြီး အလိုက်အထိုက် နေနေ တာ ကို က အဆိပ် ရေလောင်း မို့ သူကြီး ကိုယ်တိုင်မှာလဲ အပြစ်မကင်းဘူး။
မကြိုက် ရင်လဲ အဲဒီ ဘုန်းကြီးကျောင်းတွေ နဲ့ ကင်းကင်းနေပေါ့။
အခုတော့ တစ်ခါလာလဲ ထေရဝါဒ၊ တစ်ခါလာလဲ ထေရဝါဒ နဲ့ မဆိုင်တာတွေ ဝါးလုံးရှည်ရမ်း နေ သလိုဘဲ။
ရှင်းရှင်းပြောရရင် ဘယ်ဘာသာ၊ ဘယ်ဝါဒ မှာ မှ ထောက်ပြ အပြစ်ပြောစရာ မရှိအောင် စင်းလုံးချော နေတာ ရှိမည်မထင်ပါ။
ဘာသာရေး ကို အရမ်းအလေးထားလွန်းတာ မကြိုက်တာ က အလွဲ မဟုတ်ပါ။
တစ်ခြား ဝါဒီ တွေ ရဲ့ ဟာကွက် တွေ ကို မျက်စိပိတ်ထားပြီး ဒီ ထေရဝါဒ ကို မှ ခလုတ်တိုက် နေတာ သူကြီး တော့ တစ်ခုခု လွဲနေပြီ။
ကိုယ့်ဟာကိုယ် ပြန်သုံးသပ်ကြည့်ပါဦး။
ဝါဒီ တစ်ခု ကို နေရာပေးချင်လို့ တစ်ခြား ဝါဒီ ကို အပြစ်ပြောနေ တာ ဆိုရင်တော့ သိပ်ပြီး မျှတ စွာ တွေးခေါ်နေသူ မဟုတ်။
လိုချင်တာ ကို စွန်း ပြောနေခြင်းသာပါ သူကြီးမင်းရှင့်။
အဲဒီ ပုံစံ ကလဲ ဦးဏှောက်ဆေးခံထားရခြင်း တစ်မျိုးပါဘဲ။
သူများတွေ ကို အပြစ်တင်ပြီး နေမဲ့အစား ကိုယ်က စပြီး စံပြ အနေနဲ့ လုပ်ကြည့်ပေါ့ သူကြီး ရယ်။
အနည်းဆုံး သူကြီး ရဲ့ သတင်းစာ မှာ ဘုန်းကြီးသတင်း မပါအောင် boycott လုပ်လို့ရသားကို။
စလုပ်ကြည့်ပေါ့။
“မည်သူကမှ.. မည်သူ့ကိုမှ.. ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့ ကန်တော့ခြင်းမပြုနဲ့..” လို့ပြောရင်လဲ သက်ကြီးပူဇော်ပွဲ တွေ သတင်းလဲ သတင်းစာ ထဲ ထည့်ဖို့ မလို၊ boycott လုပ်ပါလေ။
နောက်လ တွေ မှာ ဒီလိုမျိုး တွေ ပါနေတုန်း ဆိုရင်တော့ ကျွန်မ ကတော့ လှောင်ရီ ရီ နေမှာဘဲ။
PS – Sorry မှီရေ။ ကနေဒါ ထဲ ဝင်ပြီး မဆိုင်တာတွေ စကားများနေကြလို့။
kai
July 4, 2016 at 3:45 am
ဒုက္ခပါပဲအရီးလတ်ရယ်..။
အနှစ်၁၀၀ဝ သက်တမ်းရှိတဲ့ကျိန်စာကို မိနစ်ပိုင်းလေးလောက်စာရေးပြီး.. တာဝန်လာခံနေတယ်..။
အနိစ္စ… :k:
ဦးကြောင်ကြီး
July 5, 2016 at 2:57 am
အူးခိုမ်အိမ်မှာ အစ်နေ့ နွားဟင်းခ ျက်မှာလား ခမြာ။။။
Thint Aye Yeik
July 4, 2016 at 12:18 pm
ဒုက္ခပါပဲ အရီးနဲ့ သူကြီးရယ်
:k:
ဂျစ်စူ
July 4, 2016 at 1:33 pm
ဒုက္ခပါပဲ ဂွဇက်တိုင်းသားတို့ရယ်
😆
hmee
July 4, 2016 at 12:42 am
အရာရာ အဆင်ပြေနေတာကြောင့် ဖြစ်မှာ။ ဖိစီးမှု မရှိတော့ ပူပန်စရာမလို အေးဆေးသက်သာ ဖြတ်သန်းရုံ ။ ဘစ်တွေဆိုတာ အဆင်ပြေမှေပြေ။ ဂျုးတွေဆီတောင် သည်လောက်မကောင်းဘူး။ ကလေးလှည်းဆို ရှေ့ဘီး နှိမ့်တယ်။ wheel chair ဆို လျှောလေးထွက်လာတယ်။ မျက်မမြင် ရှိရင် ကလေးလှည်း ကို သူနဲ့ လွတ်အောင်ထားဖို့ ကားသမားက ကားပေါ်စတက်ကတည်းက ပြောတယ်။ ပွဲတော်နေ့ကလည်း ဘတ်စ်ကားခ အလကား။ ပါလီမန်ရှေ့က လမ်းကိုပိတ် လုံခြုံရေးဆိုတာ အပြည့်။ ကျန်းမာရေးကကော ယာယီတဲတွေက နေရာအနှံ့ ကုသရေး ကားတွေဆိုတာ နည်းတာမဟုတ် အသင့်စောင့်နေတာ။ နောက် ရွှေ့ပြောင်းလို့ရတဲ့ အိမ်သာတွေများ ၁ဝလုံးတတွဲကို အတွဲပေါင်းမနည်းဘူး။ လူတွေများလို့ သန့်ရှင်းရေးက အမြဲမြင်နေကြသားတွေ မဟုတ်ပဲ သတ်သတ်ကို OC tranpost ကားတွေနဲ့ တောက်လျှောက် လိုက်သန့်တာ အမှိုက်တွေ မြင်မကောင်းအောင် မကျန်ဘူး။ ဖြစ်လာမှာတွေ အကျိုးဆက်တွေ သေချာကို တွက်ချက်ပြီး ပွဲစီစဉ်တာတော့ အတုယူစရာတွေ။ ကိုယ်တွေမှာတော့ စားဝတ်နေရေးမဖူလုံလို့များ စိတ်တွေ နိမ့်နေသလား ။
ဂျစ်စူ
July 2, 2016 at 11:00 pm
Connection မကောင်းဘူး
ဒုတိယပုံပဲ မြင်တယ်
😳
Thint Aye Yeik
July 4, 2016 at 12:22 pm
အနော်ကတော့ နက်လိုင်း ပိုဆိုးတယ်
ဒုတိယပုံထဲက ရယောက်အတန်းလိုက် ရပ်နေတဲ့အထဲကမှ
ဘယ်ဘက်အစွန်ဆုံးမှာ ရပ်နေတဲ့ အနက်ရောင်အင်္ကျ ီလေးနဲ့တစ်ယောက်ကိုပဲ မြင်ရတယ်
ရှလွတ်
:mrgreenn:
အရင်ကကျော်စွာဦးကြီးမိုက်
July 5, 2016 at 11:28 am
.ပုံလေးတွေတင်ပေးတော့ မရောက်ဖူးသူတွေမြင်ရတာပေါ့…ပျော်စရာကြီးနေမှာပဲ
အောင် မိုးသူ
July 5, 2016 at 12:25 pm
မသေချင် တစ်ခေါက်လောက် ရောက်ဖူးချင်မိ
မမချွိ
July 5, 2016 at 3:55 pm
ကနေဒါ ကို
မြစ်တို့၏ မာယာ မှာ “မိုးဝေ” ထွက်သွားခဲ့တဲ့ နိုင်ငံ အနေနဲ့မှတ်မိနေတယ်။။
🙂