အလှအပကြိုက်လေသက်တမ်းတိုလေ

ဦးကောက်April 23, 20111min29139

တစ်ရက်ကျနော့်မိတ်ဆွေအိမ်မှာ သံဃာတော်များဆွမ်းပင့်ကြွေးတာကို ကူညီလုပ်ကိုင်ဘို့အတွက်ရောက်သွားပါတယ်။
သံဃာတော်တွေကို ဆွန်းဘုန်းပေးနေတော်မူကြတဲ့အချိန် လိုအပ်ချက်ရှိရင် ဖြည့်ဆည်းပေးဘို့ ကျနော်အသင့်စောင့်နေပါတယ်။
သံဃာတော်တွေထဲမှာ အသက်တော်ရှစ်ဆယ်ကျော်တဲ့ ဆရာတော်ကြီးတစ်ပါးလည်းပါ ပါတယ်။
ဆရာတော်ကြီးဆွမ်းဘုန်းပေးနေချိန်မှာ ဆီပြန်အသားဟင်းတွေကိုလုံးဝမထိဘဲအသီးအရွက်ကြော်လေးနည်းနည်း အသုတ်လေးနည်းနည်း အသီးအရွက်အတို့အမြုတ်လေးနဲ့ဘဲ ဘုန်းပေးတော်မူတာတွေ့ရပါတယ်။ဒါနဲ့ဘဲ
“အရှင်ဘုရား သတ်သတ်လွတ်ဘုန်းပေးတော်မူပါသလားဘုရား”လို့လျှောက်လိုက်တော့ အသာအယာခေါင်းယမ်းပြတော်မူပါတယ်။
နောက် သံဃာတော်များဆွမ်းဘုန်းပေးပြီး အချိုပွဲကပ် တဲ့အချိန်မှာ ဆရာတော်ကြီးက ကျနော်ကို့ သူ့အနားလာဘို့လက်ယပ်ခေါ်ပါတယ်။
ကျနော်အနားရောက်တော့ ဆရာတော်ကြီးက ဒီလို့မိန့်ပါတယ်။
“ဒကာလေး ရေ ဘုန်းဘုန်းက အသက်ကြီးပြီဆိုတော့ တတ်နိုင်သလောက် ဆီပါတဲ့အစားအစာကို ရှောင်ပါတယ်။
အထူးသဖြင့် ဆီပြန်ဟင်းတွေကိုပေါ့၊ခုခေတ်မှာပိုဆိုးတာက ဘာကိုမှ သန့်သန့်လေးမရနိုင်တာကိုတွေ့နေရတယ်။
ဘုန်းဘုန်းတို့ငယ်ငယ်ကဆို နှမ်းဆီဆိုလဲခပ်သက်သက်နဲ့ သန့်သန့်လေး ပဲဆီဆိုလဲ ဆုံဆီမွှေးမွှေးလေး အခုခေတ်မှာတော့ စားအုန်းဆီ ဆိုတာကပေါ်လာပြန်ရော။
ဘုန်းဘုန်းတို့ကအသေးစိတ်တော့မသိပါဘူးကွယ် စားအုန်းဆီလို ဆီမျိုးက လူကို သိပ်ကောင်းကျိုးမပေးဘူးလို့ကြားမိတော့လဲ တတ်နိုင်သမျှရှောင်တာပေါ့ကွယ်။
ခေတ်က တိုးတက်လာတာတော့ မှန်ပါတယ်။ဒါပေမယ့်နေရာတကာမှာ လှသထက်လှအောင် လူတင်မကဘူး ပစ္စည်းတွေကိုပါ အရောင်ခြယ်ကြတော့တာကိုးဒကာလေးရဲ့။
အဲပိုဆိုးလာတာကတော့ အဝတ်အထည်ကိုလဲအရောင်ဆိုး ဘုရားတင်ဘို့ပန်းကိုလဲအရောင်ဆိုး အပယိက အသုံးအဆောင်တွေ တင်မကဘဲ စားတဲ့သောက်တဲ့ပစ္စည်းတွေကိုပါအရောင်ဆိုးလာကြတော့ ခက်သပေါ့ကွယ်၊၊ ဒါပေမယ့်လည်း ဒကာလေးရေ ဘုန်းဘုန်းတို့လို အလှူခံစားရတဲ့ သံဃာတော်တွေကတော့ လူတွေက အထွဋ်အမြတ်ထားပြီး ဆက်ကပ်ကြတာကို သိပ်ချေးများလို့တော့မသင့်တော်ဘူးပေါ့ကွယ်၊ဒီတော့လဲဘုန်းဘုန်းကတော့ အသက်ရှည်အောင် ဆင်ခြင်ပြီး သန့်မယ်ထင်တာလေးရွေးလို့ဘုန်းပေးရတာပေါ့ ဒကာလေးရဲ့”

အိမ်ပြန်ရောက်လို့ ညနေထမင်းစားကြတော့ မနက်က ဘုန်းဘုန်းမိန့်ခဲ့တာတွေကိုသတိရမိတော့ ဆီတွေဝေ့နေတဲ့ ဟင်းခွက်တွေမြင်တော့ နှိုက်ရမှာလက်တွန့်သွားပါတယ်။
ဒါနဲ့ဘဲ မဒမ်ပေါက်ကို ဟင်းချက်ရင် ဆီလျှော့ထည့်ဘို့လဲပြောလိုက်ရော
“ကိုကိုပေါက်ရေ မီးသွေးဈေးကကြီးတော့ ညမနက်ပေါင်းလို့ချက်ရတယ်တော်ရေ့ ဆီနှမျောလို့ရေကျန်ရင် ဟင်းတွေသိုးကုန်မှာပေါ့”လို့ပြန်ပြောလိုက်တော့
“ဒါလဲ ဟုတ်ပြန်တာဘဲ”ဆိုပြီး ဆက်မပြောတတ်တော့ပါဘူး။

ကျနော်တို့အိမ်မျက်နှာချင်းဆိုင် အိမ်က” မငယ်” ငှက်ပျောသီး အုန်းသီးတွေရောင်းပါတယ်။
ဟိုဘက်ရပ်ကွက်မှနေတဲ့ ဒေါ်ခင်ဆင့်က နေ့တိုင်းနေ့တိုင်း” မငယ်” တို့ဆီကို အုန်းသီးအစိမ်းလာဝယ်ပါတယ်။
တစ်ရက်တော့ ဒေါ်ခင်ဆင့်ကြီး ကို “အုန်းသီးတွေဝယ်လှချည်းလား”လို့မေးမိတော့ “အုန်းသီးစိမ်းရေကိုသောက်ရင် အသဲအဆီဖုံးတာ သက်သာတယ် ဆိုလို့ပါ။ကျမတို့လင်မယားနှစ်ယောက်လုံး အသဲအဆီဖုံးနေတယ်ဆိုပြီးဆရာဝန်ကပြောထားလို့ ကိုပေါက်ရေ “လို့ပြန်ဖြေသွားပါတယ်။

တစ်ရက်မှာ မိတ်ဆွေတစ်ယောက်ရဲ့သားလေး စေ့စပ်ပွဲလုပ်တော့ လက်ဖက်ရည် ဆိတ်သားပတ်၊ ကိတ်မုန့်ပေါင်းစုံနဲ့ဧည့်ခံပါတယ်။
ကိတ်မုန့်ကတော့ စားချင်စရာ လှတပတ ရောင်စုံ ခရင်မ်လေးတွေနဲ့ပေါ့။ကျနော်က လည်း လူက သာ ဝ တာ အချိုမုန့်ဆို်ရင် သိပ်ကြိုက်ပါတယ်။
အဲတော့ ခရင်မ်ပါတဲ့ကိတ်မုန့်ကိုစားမလို့လက်လည်းလှမ်းလိုက်ရော ကိုထွန်းက ကျနော့်လက်ကိုဖမ်းတားထားပါတယ်။
” မစားနဲ့ကိုပေါက်ရေ ကျုပ်တို့ တော်လေးဝ မဟုတ်ပေမယ့် တော်တော်လေး ဝတဲ့စာရင်းထဲဝင်နေပြီ ဒီကိတ်မုန့်ကိုစားချင်ရင် အပေါ်က ခရင်မ်တွေဖယ်စား”လို့ပြောပါတယ်။
ကျနော်က “ဘာလို့လဲ” ဆိုတဲ့သဘောနဲ့မေးဆတ်ပြတော့ ” ဒီခရင်မ်တွေက နွားနို့နဲု့လုပ်ထားတဲ့ခရင်မ် မဟုတ်ဘူးဗျ နိုင်ငံခြားကလာတဲ့ အသီးအနှံဆီဆိုတဲ့ အဆီခဲတွေကို သကြားမူန့်နဲ့
ရော စက်ထဲ ထည့်မွှေထားတာဆိုတော့ ကျုပ်တို့လို အသက်ကြီးတဲ့လူတွေအနေနဲ့မစားသင့်တော့ဘူး” ပြောပါတယ်။
သူပြောတာကြားတော့လဲ ” ဟုတ်ပေတာဘဲ”လို့ ဆိုပြီး ဆိတ်သားပပ်ဖ် ကိုဘဲစားလိုက်ပါတယ်။

ကျနော်တို့အလုပ်က အိမ်ပြန်ရတာ မိုးချုပ်တတ်ပါတယ်။ဒီတော့လဲ ညနေ ၆ နာရီဆိုရင် အဆာပြေ တစ်ခုခုလောက်တော့ဝယ်စားလေ့ရှိပါတယ်။
ညနေကျန်နေတတ်တဲ့သူက 8ယောက်လောက်ဆိုတော့ ဈေးလဲသိပ်မကြီး အဆာပြေလဲဖြစ်တဲ့ အကြော်တွေဘဲဝယ်စားတတ်ကြပါတယ်။
တစ်ရက် ကိုအောင်ဖေ ဆိုတဲ့မိတ်ဆွေတစ်ယောက်ရောက်လာတော့ အကြော်စားဘို့ပြောတော့ သူကခေါင်းရမ်းပါတယ်။
အဲဒီမှာ ကလေးတစ်ယောက်က မလောက်မှာစိုးလို့အားနာပြီးမစားတာထင်လို့”လေးလေး အကြော်တွေအများကြီး လောက်ပါတယ်”လို့ပြောလိုက်တော့
“မဟုတ်ဘူးကွ အကြော်ဆိုင်တွေက သုံးတဲ့ဆီတွေက မသန့်ဘူးကွ မင်းတို့ငယ်တဲ့လူတွေအတွက်ကတော့ ကိစ္စမရှိဘူးကွ လေးလေးတို့လိုအသက်ကြီးတဲ့လူတွေက ဒီလို ဆီနဲ့ပါတ်သက်တဲ့ အစားအစာတွေကို လျှော့စားမှတော်ကာကျမယ် “လို့ အေးအေးဆေးဆေးရှင်းပြပါတယ်။
မနက်မနက် လက်ဖက်ရည်ဆိုင်ထိုင်ရင် ထမင်းကြော်နဲ့ အကြော်ပူပူနွေးနွေးလေးမှာစားမိရင် ကိုအောင်ဖေ ပြောတာကို သွား သွားသတိရတော့ စားရင်းတောင် နင်သွားသလိုပါဘဲ။

ပြီးခဲ့တဲ့လေးရက်လောက်က ကျနော်နဲ့အတော်လေးကို ရင်းနှီးတဲ့လူလတ်ပိုင်းလေးတစ်ယောက်ဆုံးသွားတယ်လို့ဖုန်းလာပါတယ်။
အသက်မှလေးဆယ်ကျော်ဆိုတော့ ကျနော်တို့ထက်စာရင်ငယ်သေးတယ် အလုပ်လုပ်ဘို့အများကြီးအခွင့်အရေးရနိုင်တယ်ဆိုတာ့ ဒီလိုစောစောစီးစီးကွယ်လွန်သွားတာ နှမျောစရာကောင်းလှပါတယ်။ဒါနဲ့ဘဲနာရေးသွားမေးကြတော့ မှ အသဲထိသွားတာပါတဲ့။
သူက ငရုတ်သီးကို အလွန်အမင်းကြိုက် အလွန်အမင်းစားပါသတဲ့။ဘာစားစား ငရုတ်သီးကိုရဲပဒေါင်းခတ်နေအောင်ထည့်စားရမှ အာသာပြေပါသတဲ့။
နောက်နေ့စဉ်နေ့တိုင်း ရေသောက်တာနဲ့ အချိုရည်သောက်တာ ယှဉ်လိုက်ရင် အချိုရည်သောက်တာပိုများပါသတဲ့။
နောက် သူကမနက်လင်းတာနဲ့ဈေးလာ ဆိုင်ဖွင့် ညမိုးချုပ်မှပြန် ဆိုတော့ နေ့လည်ဆာတယ်ဆိုရင် ဆိုင်မှာ အဆင်သင့်ရှိတဲ့ ရယ်ဒိမိတ် ခေါက်ဆွဲခြောက်တို့ ကြာဇံခြောက်တွေကိုဘဲပြုတ်စားတတ်ပါသတဲ့။ဆရာဝန်ကပြောတာတော့ မိူတက်နေတဲ့အစားအစာကိုစားမိတာကြောင့်ပါလို့ ပြောပါသတဲ့။

ဥပုဒ်နေ့တစ်ရက် ရှမ်းပွဲနားမှာ နေတဲ့ ကိုသန်း ကို ဝင်ခေါ် စားနေကျ ၂၉ လမ်းက ဦးစိန်ခေါက်ဆွဲဆိုင်ကိုသွားကြပါတယ်။
ရောက်လို့မှ မဝင်ရသေးဘူး ဆိုင်ကယ်ရပ်နေတုံးရှိသေးတယ် အကြောင်းသိနေတဲ့ တီးတီးက ကိုပေါက်တို့စားမယ်( ဂျုံအကြီးနှစ်လုံးဝက်သား နံရိုးပေါင်းနှစ်ပွဲ)လို့လဲအော်လိုက်ရော ကိုသန်းကြီးက တစ်ဟိုးဟိုးနဲ့တားပါတော့တယ်။
ကျနော်က”ဘာလဲဟ”လို့မေးတော့ “ဆရာဝန်က ငါ့ကိုဝက်သားမစားရဘူးလို့မှာထားတယ်”လို့ ကိုသန်းက မျက်နှာငယ်လေးနဲ့ပြန်ဖြေပါတယ်။
” ဒါဆိုမင်းလဲ အဆီပိတ်ပြီပေါ့”လို့မေးတော့ ဝက်သားဆိုသုံးထပ်သားမှ ကြိုက်တဲ့ကောင်က မျက်နှာမသာမယာနဲ့ခေါင်းငြိတ်ပြပါတယ်။
သူလဲ အဆီတွေများလို့ နှလုံးသွေးကြောကျဉ်းပါသတဲ့။
ကျနော်လည်း”ဘယ်နေ့ ငါ့အလှည့်လဲ”လို့သာတွေးမိပါတယ်။

တစ်ရက် မိတ်ဆွေတစ်ယောက်က သူ့ဟန်းဖုန်းကို GSM ကိုပြန်ရောင်းလို့ CDMA ပြန်ဝယ်ဘို့လုပ်ပါတယ်။
သူ့ GSM ကိုပြန်ဝယ်ချင်တဲ့လူဆီကို ဖုန်းသွားပို့တဲ့နေ့က ကျနော်ပါ အဖော်ပါသွားပါတယ်။
သွားရင်းနဲ့လမ်းမှာ ပန်းရောင်းတဲ့ဆိုင်တွေနားကို ဖြတ်သွားတော့ အနီရောင် အဝါရောင် ပန်းတိမ်ငို ပန်းလေးတွေ ကိုလှမ်းတွေ့လိုက်တော့ အံ့ဩသွားပါတယ်။
နောက်မှ သေသေချာချာ ပြန်ကြည့်လိုက်တော့ မှ အဖြူရောင်ပန်းလေးတွေကို အရောင်ဆိုးထားတယ်ဆိုတာကို သိရပါတော့တယ်။
အဲဒီဖုန်းဝယ်တဲ့ဆိုင်ဘေးက ဆိုင်က ဆီရောင်းတဲ့ဆိုင်ပါ။
ဈေးဝယ်တစ်ယောက်အရောင်း ကောင်တာမှာပိုက်ဆံရှင်းပြီးလို့ ဆီချိန်တဲ့လူဆီကို ပုံးလေးကိုင်သွားပြီဆိုရင် ကောင်မလေးတစ်ယောက်က
(ပဲငါး စားသုံး)တို့ (ပဲခြောက်စားလေး)တို့ (နှမ်းရှစ်စားနှစ်)တို့ (နှမ်းလေး ပဲနှစ်)တို့အော်နေသံကိုကြားတော့ ကျနော်နားထဲမှာ ထူးလဲထူးဆန်း နားလည်းနားမလည်နိုင်တော့
အဲဒီဆိုင်က ဖုန်းဝယ်တဲ့ ကောင်လေးကို “ဘာတွေအော်နေတာလဲ “လို့မေးလိုက်တော့လို့ကောင်လေးက ပြန်ဖြေတာလေးကိုလည်းကြားလိုက်ရော စိတ်တွေလေသွားပါတော့တယ်။
ဒါတွေက တပါတ်အတွင်းမှာတိုက်တိုက်ဆိုင်ဆိုင်လေးကြုံခဲ့ရတာပါ။
အဲတော့ မှကျနော်တို့လူတွေ နေ့စဉ်မလုပ်မဖြစ်လုပ်နေကြရတဲ့ အဟာရဖြည့်တင်းတယ်ဆိုတဲ့အစားအသောက် အကြောင်းကို နက်နက်နဲနဲတွေးမိလာပါတယ်။
ကျနော်တို့မြန်မာလူမျိုးတွေက မနက်လင်းတာနဲ့ မနက်စာ စစားတော့တာပါဘဲ။
တချို့ကထမင်းဆီဆမ်း ဒါမှမဟုတ်ထမင်းကြော် တို့ကို ပဲပြုတ်တို့ အကြော်တို့နဲ့စားတတ်ပါတယ်။ဒါတွေက ဈေးလဲသက်သာ ဗိုက်လဲပြည့် အဆာလဲခံကိုးဗျ။
တစ်ချို့ကတော့ လက်ဖက်ရည်ကော်ဖီနဲ့ ပဲနံပြား ထတ္တရာ ပလာတာ စမူဆာ တိုရှေ အစရှိတဲ့ ကုလားစာ။
ဒါတွေမစားချင်ရင် ပေါက်စီအီကြာကွေး ဂျုံခေါက်ဆွဲ ၊ဆန်ပြား တို့ ဆန်ခေါက်ဆွဲ ဆိုတဲ့ တရုပ်စာ။
ရှမ်းခေါက်ဆွဲ ဆန်စီး တို့ဆိုတဲ့ရှမ်းစာ။
ဘိုဆန်သူများကတော့ ပေါင်မုန့်မီးကင် ကြက်ဥကြော်ပေါ့။
ဒါတွေမဟုတ်သေးဘူးမန်းလေးစာ မြန်မာအစားအစာမှစားချင်တယ်ဆိုရင် မြီးရှည် မုန့်တီ ခေါက်ဆွဲ ကောက်ညှင်းပေါင်း ငချိတ်ပေါင်း အကြော် မုန့်ပျစ်စလက် စားစရာများစုံမှစုံပါ။
နေ့လည်စာထမင်းစားပြီဆိုပြန်တော့ ဗမာပီပီ အသားဆီပြန် အသီးအရွက်ကြော် ဟင်းချို ဒါမှမဟုတ် ချဉ်ရေဟင်း။
နေ့လည်နေ့ခင်းအဆာပြေစားမလား မုန့်လုံးကြီးကြော် ငှက်ပျော်သီးကိုဂျုံနဲ့ကပ်ကြော် မုန့်လက်ကောက်ကြော်။
ဟော ညနေထမင်းစားပြန်တော့လည်းမနက်ကအတိုင်းပါဘဲ။
ဒါတောင်တစ်ချို့က တစ်နေကုန်စားတာတောင် မဝလို့ ညလည်စာထပ်တီးသေးတယ်။
တစ်ရက်တစ်ရက်ကျနော်တို့စားတာက မနည်းဘူးနော်။
အဲဒီမှာ စဥ်းစားမိလာတာတစ်ချက်ရှိလာပါတယ်။
တစ်ခုခုကို ကျနော်တို့စားတော့မယ်ဆိုရင် အရင်ဆုံးကြည့်မိတာက ဇွန်းတွေ ပုဂံတွေ ဒါမှ မဟုတ်နှိုက်စားမယ့်လက် သန့်မသန့် အရင်ဆုံးကြည့်မိတာပါ။
ဒါပေမယ့် ကိုယ်စားမယ်ဆိုတဲ့ အစားအသောက်ထဲမှာ စားဘို့မသင့်တော်တဲ့ဓါတ်ပစ္စည်း တွေပါမပါကတော့ ယောင်လို့တောင်မှမတွေးမိခဲ့ပါဘူး။
အိမ်ရှင်မတွေကလဲ ဈေးဝယ်ရင် အသားလတ်မလတ် ငါးလတ်မလတ် အသီးအနှံနွမ်းမနွမ်း အလုံးကြီးမကြီး အရောင်လှမလှ ကိုသာအဓိကထားကြည့်တတ်ကြပါတယ်။
ကိုယ်ဝယ်တဲ့ဆီ ကအရောပါမပါ ကိုယ်သုံးတဲ့နနွင်းမူံ့တို့ အရောင်တင်မူံ့တို့မှာ လူကို ဒုက္ခပေးနိုင်တဲ့ ဓါတုဗေဒပစ္စည်း တွေပါမပါ ကိုတော့သတိမရတာများပါတယ်။
ဒီတော့လဲ အပေါ်ယံကောင်းမကောင်းကိုကြည့်လို့ ဝယ်မိ စားမိတဲ့ဒဏ်တွေက နောက်ကြာမှ လွန်မှ ဘေးတွေ့မှသာ နောင်တတွေရကြရပါတယ်။
ကျနော့်တို့မြန်မာလူမျိုးကလဲ ယုံလွယ်တဲ့နေရာ သူများလုပ်ရင်လိုက်လုပ်ကြတဲ့နေရာမှာတော့ထိပ်တန်းကပါဗျာ။
ကျနော်တို့အရင်က ထမင်းသုတ်ဆိုရင် ထမင်းကိုရဲနေအောင်ဆေးဆိုးကြပါတယ်။
နောက်ရွှေုဉာဏ်တော်စူးရောက်တော်မူတဲ့ တတ်ယောင်ကားလူတချို့ကအစားအသောက်အတွက်အသုံးပြုတဲ့ဆိုးဆေးကဈေးကြီးတယ် ဆိုပြီးဈေးသက်သာတဲ့ ဘယ်နေရာကို သုံးဘို့ ထုတ်လုပ်ထားမှန်းမသိတဲ့ ဓါတုဗေဒဆိုးဆေးတွေကို ရမ်းသမ်းပြီး သုံးကြည့်ပါရော လိုချင်တဲ့အရောင်တော့ ရပါတယ် ဘယ်ပစ္စည်း ကိုဘယ်လို စံနစ်တကျသုံးရမယ်ဆိုတာကို သူမသိတဲ့အတွက် နောင်မှာဘယ်လိုဆိုးကျိုးတွေရှိမယ်ဆိုတာကို လုံဝသူမသိပါဘူး။နောင်ခါလာနောင်ခါဈေးပေါ့။
ဒီလိုလူမျုးိက လူတတ်ကြီးလုပ်လို့ သူသိတဲ့ပညာတွေကို ဖြန့်ဝေပါတော့တယ်။
လူတစ်ယောက်လိုက်လုပ်ရင် ဟုတ်ဟုတ် မဟုတ်ဟုတ် နောက်ကလိုက်လုပ်တတ်ကြတဲ့
ကျနော်တို့ မြန်မာလူမျုးိတွေကလည်းကျေကျေနပ်နပ်ကြီးကို လိုက်လုပ်ကြတော့တာပါဘဲ။
ငရုတ်ဆီဆိုလဲအရောင်ရဲရဲ ဖြစ်အောင်ဆေးတွေဆိုး ၊ဖြူဖွေးနေပြီး မိူတက်နေတဲ့ ငရုတ်သီး ဖလံတွေကို လဲအရောင်တွေဆိုးအမူံ့ကြိတ်လို့ရောင်း၊နနွင်းမူံ့ဆိုရင်လဲ သဘာဝအတိုင်းကြိတ်မရောင်းတော့ဘူး ရောချင်ရာတွေရော အရောင်တွေဆိုးလို့ရောင်းကြပါတယ်။
ကြံခင်းတွေပျက် တော့ သကာရည်မထွက် ၊သကာရည်မထွက်တော့ သကြားရှားတာပေါ့။
ကျနော်တို့ဆီကလူတွေအတွက်ကတော့မခက်ပါဘူး။
ဓါတုဗေဒနဲ့ဖန်တီးထားတဲ့ သကြားဆီဆိုတာလဲသုံးထည့်လိုက်တာပယ်။အခုနောက်ဆုံးပေါ် ဓါတုဗေဒ သကြားခဲဆိုလဲ သုံးထည့်လိုက်တာပါဘဲ သက်သာရင်ပြီးရော နောက်မှ ဘာဖြစ်ဖြစ်။
အရင်က မုန်လာချဉ်တို့ သရက်ချဉ်တို့ဗူးချဉ်အစရှိတဲ့ လက်လုပ်ချဉ်ဆိုရင်လဲ ထမင်းရည်သန့်သန့်လေးကို
အသုံးပြုလို့ ချဉ်အောင် လုပ်ကြပါတယ်။
အဆင့်ဆင့်လုပ်ရတော့ အချိန်တော့စောင့်ရတယ် နည်းပညာလည်းပါတယ်ပေါ့။
အခုခေတ်မှာတော့ ဘာပညာမှမလို ဘာနည်းစနစ်မှမလို အချဉ်မှုန့်ဆိုတာနဲ့ရောနယ်လိုက် ပြီးပြီ။
နောက်မှ ဘာဖြစ်ဖြစ်ပေါ့။
နောက် နေ့စဉ်မသုံးမဖြစ်သုံးနေရတဲ့ ဆီ ပေါ့။
ဟိုးရှေးရှေးကဆိုရင် မြေပဲကို နွားနဲ့လှည့်ကြိတ်တဲ့ ဆုံဆီမွှေးမွှေး လေး နှမ်းဆီမွှေးမွှေးလေးတွေကို သုံးနေရာကနေ စက်နဲ့ကြိတ်တဲ့ဆီကို ပြောင်းသူံးကြပါတယ်။
အခုခေတ်မှာ စားအုန်းဆီဆိုတာပေါ်လာပါတယ်။
စားအုံးဆီနဲ့ပဲဆီ ဈေးနုန်းကလဲထက်ဝက်လောက်ကွာပါတယ်။
ဒီအချိန်မှာ ဈေးကွက်စီးပွားရေးဆိုတဲ့စကားလုံးကို ခုတုံးလုပ်လို့ တစ်ယောက်နဲ့တစ်ယောက် ကောင်းအောင်လုပ်ရောင်းမယ်ဆိုတာကို မေ့ထားပြီးတစ်ယောက်ထက်တစ်ယောက်ဈေးအပြိုင်အဆိုင်လျှော့ရောင်းဘို့ကြိုးစားကြပါတော့တယ်။
ဈေးလျော့ရောင်းမယ်ဆိုတော့ သူတို့ကတော့ဘယ်အရူံးခံရောင်းမလဲ နော်။
ဈေးကြီးတဲ့ပစ္စည်း ထဲကိုဈေးပေါတာတွေကိုရောထည့်တော့တာပေါ့။
အဲဒီအခါမှာ ကျနော်ကြားခဲ့ရတယ်ဆိုတဲ့
(ပဲငါး စားသုံး)တို့ (ပဲခြောက်စားလေး)တို့ (နှမ်းရှစ်စားနှစ်)တို့ (နှမ်းလေး ပဲနှစ်)ဇာတ်လမ်းတွေဖြစ်လာတာပါဘဲ။
(ပဲငါး စားသုံး)ဆိုတာ ပဲဆီအစစ်ငါးပိဿာထဲကို စားအုံးဆီ ၅ ပိဿာရောတာ
(ပဲခြောက်စားလေး)ဆိုတာ ပဲဆီအစစ်6 ပိဿာထဲကို စားအုံးဆီ ၄ ပိဿာရောတာ
ပြီးတော့မှ ဒါတွေကို မြေပဲဆီလို့ပြောပြီး ဈေးသက်သာတယ်ထင်ရအောင်လျှော့ရောင်းတာ။
နောက်ဒီထက်ပိုဆိုးလာတာက မြေပဲဆီကိုပါတယ်ဆိုရုံလောက်ထဲ့စားအုန်းဆီတွေရော ပြီးတော့မှ
ပဲဆီအနံ့ ရအောင်ဖန်တီးထားတဲ့ ဓါတုဗေဒ ဆေးတွေထည့်ပါတော့တယ်။
ဆောင်းတွင်းများရောက်ရင် ဆီရောင်းတဲ့ဆိုင်တွေမှာ အအေးဓါတ်ကြောင့်ခဲနေတဲ့ စားအုန်းဆီပေပါတွေကို
မီးတို်က်နေတာကို မြင်ဘူးမှာပါ။
အဲလိုစားအုန်းဆီတွေကို စားမိတဲ့ကျနော်တို့ရဲ့သွေးကြောတွေထဲမှာ အဆီတွေဘယ်လောက်များခဲနေမယ်ဆိုတာကို တော့ စဉ်းစားမိကြမယ်မထင်ပါဘူး။
ဒါထက်ပိုဆိုးတာက ဘာတွေနဲ့ဘယ်လိုလုပ်ထားမှန်းမသိရတဲ့ အသီးအနှံဆီဆိုပြီးနိုင်ငံခြားကဝင်လာတဲ့
အဆီခဲကြီးတွေပါ။ဒီဆီတွေက အကြော်အလှော်တွေမှာသုံးကြတာများပါတယ်။
တကယ်တမ်းပြောရရင်အိမ်မှာ ကောင်းအောင် သန့်အောင် ဘယ်လောက်ရွေးဝယ်ဝယ် ဘယ်လိုသန့်အောင်ဘဲချက်ချက် ကျနော်တို့အားလုံးသည် အပြင်ဆိုင်တွေမှာဝယ်စားတာကိုတော့ဘယ်သူမှမကင်းနိုင်တာကတော့ အမှန်ပါဘဲ။
ဒီတော့လဲ ကောင်းတာသန့်တာကို စားမိတာကိုလည်းရှိမယ် ဖြစ်သလို ချက်ပြုတ်ထားတာကိုလဲကြုံရမယ်။
ဒါကြောင့်မို့ အပြင်ဆိုင်က ဝယ်မစားဘူး အိမ်ကချက်တာ ဘဲစားမယ်ဆိုတာကလဲ စိတ်ကူးယဉ်သက်သက်ဘဲဖြစ်ပါလိမ့်မယ်။
ဒီလိုတွေ့ကရာတွေဆိုး တွေ့ကရာတွေရောရောင်းကြလို့ဘဲ မနှစ်ပိုင်းက လက်ဘက်မှာ လူကို သေစေတဲ့အထိ
ဒုက္ခပေးနိုင်တဲ့ အနေအထားတွေကိုရောက်မှန်းမသိရောက်ကုန်ကြတာပါဘဲ။
ဘယ်နေရာမှာမဆို သန့်သန့်လေးဆိုတဲ့ဝေါဟာရပျောက်သွားလောက်အောင်ကိုရောကြပါတော့တယ်၊
နှမ်းဆီ ပဲဆီထဲကိုဈေးပေါတဲ့ စားအုံးဆီတွေကိုရောတယ်။
ကော်ဖီမူန့်ထဲကိုပဲမူန့်ကိုလှော်လို့ရောတယ် မကျည်းစေ့ကို လှော်ပြီးရောတယ်၊
ကောက်ညှင်းမူန့်ထဲကို ဆန်မူန့်ရောတယ် ၊
ရောလို့ရသမျှ အကုန်ရောတော့တာပါဘဲ နောက်ဆုံးလူနားထောင်တဲ့သီချင်းတောင် မှ “ရောသမမွှေ”လို့နာမယ်တပ်ပြီးရောကြတဲ့ခေတ်ကြီးပေါ့။
ဒီလိုမသန့်တာတွေကြောင့်လဲ နှလုံးသွေးကြောပိတ်တာ အသဲအဆီဖုံးတာ အသဲခြောက်တာ အစာအိမ်ကင်ဆာဖြစ်တာစတဲ့ရောဂါတွေဝင်လာလို့
အရွယ်မတိုင်ခင် ကွယ်လွန်သွားတဲ့သူတွေ လူလတ်ပိုင်းအရွယ်မှာတင်ကို မအိုဘဲနာနေတဲ့သူ လူဦးရေများသထက်များလာတာကတော့
ဘယ်သူမှ မငြင်းနိုင်တဲ့အမှန်တရားပါ။
မီဒီယာတွေကလဲ အသက်ရှည်ရှည်အနာကင်းကင်းနေနိုင်ဘို့အတွက် ကျန်းမာရေးပညာရေး တွေကို သတင်းစာတွေ ဂျာနယ်တွေ ရေဒီယိုတွေ
တီဗွီတွေကနေ ဘက်ပေါင်းစုံကနေ မမြင်မကြား မသိမရှိလိုက်ရအောင်အမှန်တကယ်တတ်ကျွမ်းတဲ့ ပညာရှင်တွေကို တွေ့ဆုံမေးမြန်းလို့ အမြဲတမ်း ပညာပေးနေပါတယ်။
ဘယ်ဟာက ဘယ်လိုဒုက္ခပေးတယ် ဆိုတဲ့အသေးစိတ်အကြောင်းအရာတွေကိုတော့ကျွမ်းကျင်သူတွေက ပြောနေရေးနေကြတာ နားတောင်မဆန့်တော့လို့ ကျနော်က ထပ်လျှာမရှည်တော့ပါဘူး။

ရောင်းချသူတွေအများကြီး ဆိုင်တွေအများကြီးရှိကြတဲ့အထဲမှာ လဲ စားသုံးသူတွေရဲ့ကျန်းမာရေးကို ကိုယ်ချင်းစာတရားထားလို့ ထည့်စဉ်းစားပြီး
ကုန်ကြမ်းကောင်းကောင်းကို သုံးလို့ အရောအနှောမပါသန့်သန့်လေး ထုတ်လုပ် ထုတ်လုပ်သူတွေ ရှိသလို ကောင်းတာကိုမှရွေးလို့ရောင်းချသူတွေလဲ သေချာပေါက်ရှိပါတယ်။ကိုယ့်ရွေးချယ်မူ့မှန်ကန်ဘို့ သာလိုအပ်တာပါ။
ဒါကြောင့်လဲမိတ်ဆွေများကို တိုက်တွန်းချင်တာကတော့ အနာကင်းကင်း အသက်ရှည်ရှည်နေနိုင်ဘို့ကတော့ အစားထိုးမရတဲ့ အဘိုးတန်လှတဲ့ ကိုယ့်အစာအိမ်ထဲကို ထည့်မယ့် အစားအသောက်ပစ္စည်း များကိုတော့ ဈေးပေါတာကိုမမြင်ဘဲ “သန့်မှသန့်” ဆိုတာလေးကိုဘဲရောင်းချတဲ့ဆိုင်တွေ တံဆိပ်တွေကို ရွေးချယ်လို့ဝယ်ကြပါ
သုံးစွဲကြ စားသုံးကြပါလို့တိုက်တွန်းချင်ပါတယ်။
ဆရာတော်ကြီးမိန့်ခဲ့တာလေးကို နောက်ဆုံးပိတ်အနေနဲ့ပြောလိုက်ပါရစေအုံးနော်။
“ဒကာလေးရေ အခုဘုန်းဘုန်းပြောတဲ့ အစားအသောက်ကို သန့်တာလေးတွေရွေးလို့စားဆိုတာက လက်ရှိဘဝအတွက်ကွဲ့
နောင်သံသရာအတွက်ပါပြောမယ်ဆိုရင်တော့ ဥစ္စာ ငွေကြေးကို ရှာဖွေကြတဲ့နေရာမှာလဲ သန့်ရှင်းအောင် သ မ္မာအာဇီဝကျကျရှာဖွေပါ” တဲ့ခင်ဗျာ။
ကဲကျနော်တို့ခင်ဗျားတို့ သန့်အောင် ကြိုးစားလိုက်ကြရအောင်…………………..

39 comments

  • bigcat

    April 23, 2011 at 2:06 am

    စာထဲက ဦးပေါက်ဆိုတာ ကျုပ်ဦးလေးဗျ… မယုံရင် သူ့တူမကို မေးကြည့်……

    • ဆူး

      April 23, 2011 at 6:45 am

      ဟုတ်တယ် ဗျို့… အမှန်ဘဲ… အဲဒီ ကိစ္စ သိတယ်။

      • dream

        April 23, 2011 at 7:13 am

        မမဆူးက ကိုကြောင်ကြီးတူမလား ??

      • ဆူး

        April 23, 2011 at 7:35 am

        ဦးကြောင်ကြီး တူမ နဲ့ ဦးပေါက် တူမ တွေက သူငယ်ချင်း…
        ဆူး နဲ့တောင် ခင်သလားလို့.. အဟေးးးး

  • တညင်သား

    April 23, 2011 at 2:20 am

    ဖတ်ပြီးသား ကြီလို့ထင်တယ်…M .G မှာပဲထင်ပါတယ် ..ဟုတ်ကြလား…..ဗျို့

  • KoNyeinChan

    April 23, 2011 at 2:21 am

    စကားကြုံတုန်းလေး ဝင်ပြောလိုက်ဦးမယ် ဦးကောက်ရေ… ကျွန်တော်တို ့ဒီမလေးရှားမှာ မြန်မာပြည်ကိုတင်သွင်းတဲ့ ခဲတတ်တဲ့စားအုန်းဆီမျိုးကိုဘယ်မှာမှ ရှာမတွေ ့သေးဘူး.. ဒီမှာရောင်းနေတာတွေအားလုံးဟာ တကယ့်အကြည်တွေချည်းဘဲ…
    မြန်မာပြည်က ပြည်ပကို ဆန်ပို ့ရင် ရာပြည့်ဆန်(အကျိုးအကြေမရှိသလောက်) ကိုပို ့တယ်တဲ့ ဒါပေမယ့် ပြန်သွင်းလာတဲ့ စားအုန်းဆီကျတော့………. 🙁

  • KoNyeinChan

    April 23, 2011 at 2:22 am

    ဪ… ဦးပေါက်က ကိုကြီးကြောင် အဒေါ်အပျိုကြီးကို ယူထားတာကိုး… ခုမှပေါက်တယ် 😀

  • KoNyeinChan

    April 23, 2011 at 2:24 am

    ဦးကောက်နဲ ့ ဦးပေါက် ရေးတာမှားလို ့ဗျာ… တော်ကြာနေမန္တလေး ဦးပေါက်က သဘောခွေ ့နေဦးမယ်… 😀

  • PaukPhaw

    April 23, 2011 at 2:32 am

    ဟုတ်ကဲ့..
    ကြိုးစားပါ့မယ်…ဦးကောက်..

    ဒါပေမဲ့ ……….

    ခန္ဓာကိုယ်ထဲကို မသန် ့တာတွေကို အများကြီးထည့်မိပြီးဘီ
    ဘိုလုပ်ရမလဲ..

  • cobra

    April 23, 2011 at 5:58 am

    အခုမှတော့ဘာမှသိပ်မထူးတော့ပါဘူး…။
    ဗိုက်ထဲမှာလည်းမသန့်တာတေါများနေပါပီလေ…။

  • ဆူး

    April 23, 2011 at 7:05 am

    http://myanmargazette.net/21141/health-fitness/food-drink
    August 23, 2010 နေ့တွင် ကိုပေါက် မန်း ရဲ့ မသန့်စကောင်း သန့် စကောင်း ရေးသားချက်ကို

    August 24, 2010 တွင်…
    http://dhammaduta.yolasite.com/kyan/-aug-24-2010-2-13-29-am-29
    အလှအပကြိုက်လေ သက်တမ်းတိုလေ ဆိုတဲ့ နာမည်နဲ့ ပြောင်းလဲ တင်ထားတာ တွေ့ပါတယ်။
    ယခုလည်း အလှအပ ကြိုက်လေ သက်တမ်းတိုလေ ဆိုတဲ့ ခေါင်းစဉ်နဲ့ ထပ်တွေ့နေရပါတယ်။

  • eros

    April 23, 2011 at 8:56 am

    ဒါကြီးကတော့ ဇယားမလှတော့ဘူးဗျာ။ ဒီထဲက ပင်တိုင်ရေးသားသူရဲ့ စာကိုကူးပြီး ပြန်လာတင်တယ်။ ခေါင်းစဉ်လေးပါပြောင်းထားတယ်။

    သူကြီးရေ ကျွန်တော် ဒီဆိုက်ထဲမှာပဲရေးပါတယ်လို့။ စာဖတ်သူအားလုံးလည်း ကျွန်တော်စာတွေ တခြားဆိုက်မှာ တွေ့ ရရင် ကူးခံရတာဖြစ်ကြောင်း အသိပေးပါသည်။

    • kai

      April 23, 2011 at 8:40 pm

      ပို့စ်ကူးတင်သူ (ဦးကောက်)ခင်ဗျား..။
      ကိုပေါက်(မန္တလေး)စာ ၂ပုဒ်က မန္တလေးဂေဇက်သတင်းစာမှာလည်း ပုံနှိပ်ဖေါ်ပြဖူးတာမို ့ သူဟာ ကမ္ဘာကအသိအမှတ်ပြုခံရတဲ့ စာရေးဆရာရယ်လို့ ပြောလို့လည်း ရပါတယ်..။
      ဘယ်ကကူးယူလာတယ်ဆိုတာရယ်..။ မူရင်းရေးသူကိုပေါက်(မန္တလေး)ကိုတောင်းပန်စာရယ် ရေးတင်ပေးစေလိုပါတယ်..။
      နောင်ကိုလည်း မန္တလေးဂေဇက်ရဲ့စည်းကမ်းအရ … ဘယ်စာကိုမှကူးမတင်ဖို့ သတိပေးလိုပါတယ်ခင်ဗျား.။

      • eros

        April 24, 2011 at 9:50 am

        သူကြီးရေ ၂၄ ဧပြီ ၂၀၁၁ ထိ အကြောင်းမထူးသေးပါ။ ဘယ်လိုလုပ်ပါမည်လဲ။

      • eros

        April 24, 2011 at 9:51 am

        သူကြီးရေ ၂၄ ဧပြီ ၂၀၁၁ ထိ အကြောင်းမထူးသေးပါ။ ဘယ်လိုလုပ်ပါမည်လဲ။ ယခု မြန်မာစံတော်ချိန် ၄ နာရီ ၂၅ မိနစ်ရှိပါပြီ။

  • kopauk mandalay

    April 23, 2011 at 11:19 am

    ဦးကောက် ဦးပေါက်ရဲ့ ပိုစ်ကို ပြန်ကူးတင်ထားပြန်ပြီနော်။
    ကိုပေါက်(မန္တလေး)ရေးပြီးခဲ့သမျှ
    စဉ် ခေါင်းစဉ် အမျုးိအစား နေ့စွဲ မှတ်ချက်

    1 ပျော်အောင်နေနိုင်ဘို့ ဆောင်းပါး 16-12-2009
    2 အေးလာရင်သတိထားပါ ဆောင်းပါး 23-12-2009
    3 အကြွေး ဆောင်းပါး 10-1-2010
    4 ချစ်ခြင်းရဲ့အဆုံးဟာ အမုန်းလားကွယ် ဆောင်းပါး 14-1-2010 မန်းတောင်ရိပ်တွင်ပုံနှိပ်ပြီး(
    5 အလွမ်းဇာတ်လေးနားထောင်ရင်းပဟေဠိဖော်ရအောင် (1) ဝတ္တု 25-1-2010
    6 အလွမ်းဇာတ်ကလေးနားထောင်ရင်းပဟေဠိဖော်ရအောင်(2) ဝတ္တု 29-1-2010
    7 နေတတ်အောင်နေကြည့်ရအောင်လေ ဆောင်းပါး 4-2-2010
    8 ချစ်တာကို တလွဲမမြင်ပါနဲ့ ဆောင်းပါး 4-2-2010
    9 ဂီတဆို ဒီကကြောက်ပါပြီ ဆောင်းပါး 12-2-2010
    10 မှန်ကြည့်သလိုပြန်ကြည့်ဖြစ်ပါသလား ဆောင်းပါး 19-2-2010 မန္တလေးတိုင်းဂျာနယ်တွင်ပုံနှိပ်ပြီး(24-12-2010)
    11 မစခင်အရင်ဝအောင်ပြောကြရအောင်(1) ဆောင်းပါး 27-2-2010
    12 မစခင်အရင်ဝအောင်ပြောကြရအောင်(2) ဆောင်းပါး 1-3-2010
    13 မစခင်အရင်ဝအောင်ပြောကြရအောင်(3) ဆောင်းပါး 2-3-2010
    14 မြန်မာပြည်က ဂျစ်ပဆီလေးများ ဆောင်းပါး 8-3-2010 မန္တလေးတိုင်းဂျာနယ်တွင်ပုံနှိပ်ပြီး(
    15 ဝယ်သူအမြဲမှန်၍ရောင်းသူအမြဲခံစေသတည်း ဆောင်းပါး 10-3-2010
    16 လာဟေ. စောစောသွားမှ ဒို့နေရာရမယ် ဆောင်းပါး 12-3-2010
    17 ဒီလောက်ရလို့ ဒီလောက်ဘဲလုပ်မယ်ဆိုရင် ဆောင်းပါး 14-3-2010
    18 မာန်ဟုန်ပြင်းတယ် ပြင်းတယ်(ခ)ကိုယ်ရှိန်သတ်ရပ်နိုင်ပါ့မလား ဆောင်းပါး 20-3-2010
    19 လောကကြီးကိုလည်းချစ်တတ်အောင်သင်ပေးကြရအောင် ဆောင်းပါး 22-3-2010
    20 ကိုယ့်ကို ကိုယ်တောင်မသိတဲ့အကြောင်း ကဗျာ 23-3-2010
    21 စာကလေး လေး ကဗျာ 24-3-2010
    22 မတ်မတ် မှန်မှန် မြန်မြန ်မြဲမြဲ ဆောင်းပါး 24-3-2010
    23 သန့်သန့်လေးပါနော် ကဗျာ 25-3-2010
    24 သဘာဝကိုချစ်တတ်အောင်ဘယ်လိုသင်ရပါ့ ကဗျာ 27-3-2010
    25 မမျှော်လင့်သော ဝတ္တု 28-3-2010
    26 အဝင်လှ၍အထွက်ယဉ်ပါစေ ဆောင်းပါး 29-3-2010
    27 ချက်တင်ချစ်သူ ကဗျာ 30-3-2010
    28 ချိန်စက်ကြည့်ရင်ဘယ် ဘက်က နေမလဲ ဆောင်းပါး 31-3-2010 မန္တလေးတိုင်းဂျာနယ်တွင်ပုံနှိပ်ပြီး(
    29 ဝေးဝေးဝေး ဝတ္တု 1-4-2010
    30 ဝေးဝေးဝေးဝေးခြင်းရဲ့အကြောင်း ဝတ္တု 3-4-2010
    31 ဝေးဝေးဝေးဝေး ဝေးခြင်းရဲ့နိဂုဏ်း ဝတ္တု 5-4-2010
    32 ကျနော်အင်တာနက်စာရေးဆရာ ဆောင်းပါး 12-4-2010
    33 ချက်တင်ချစ်သူအတွက်အမျက်ဖြေ ကဗျာ 13-4-2010
    34 အချိုသင်္ကြန်အငိုသင်္ကြန် ဆောင်းပါး 18-4-2010
    35 ဘာလုပ်ချင်လဲ ဘာတွေလုပ်မှာလဲ ဘာတွေသိပြီးပြီလဲ ဆောင်းပါး 19-4-2010
    36 ချုးိမဖျက်ဘဲ တိုးထွက်ခွင့်လေးပေးလိုက်ရအောင် ဆောင်းပါး 20-4-2010
    37 လှကြစမ်း ဗျာတို့လွတ်လပ်တယ် ဆောင်းပါး 21-4-2010
    38 ပုတ်သင်ညိုလေးလို လိုအပ်ရင်အရောင်ပြောင်းကြရအောင် ဆောင်းပါး 25-4-2010
    39 ရေထဲမှာကိုယ်ဖော့ သလို စိတ်ကိုဖော့ကြည့်ကြရအောင် ဆောင်းပါး 29-4-2010
    40 သူ့ခေတ်နဲ့တော့ သူတွင်ကျယ်တယ် ဆောင်းပါး 3-5-2010
    41 ကြီးသူကအရင်စလို့ ပြင်ကြရအောင် ဆောင်းပါး 4-5-2010
    42 ပေါ့ပေါ့တွေးတော့ အတွေးမှား အတွေးမှားတော့ အရွေးမှား
    အရွေးမှားတော့ ဘေးများ ဆောင်းပါး 5-5-2010
    43 ဟိုမရောက် ဒီမရောက်ပေါက်တတ်ကရ ဆောင်းပါး 6-5-2010 မန္တလေးတိုင်းဂျာနယ်တွင်ပုံနှိပ်ပြီး(
    44 အရှံးသမားရဲ့ကြေကွဲမှတ်တမ်း ကဗျာ 7-5-2010
    45 မတွေးစကောင်းတွေးစကောင်း ဆောင်းပါး 9-5-2010
    46 မဆိုစကောင်း ဆိုစကောင်း မပြောင်းစကောင်း ပြောင်းစကောင်း ဆောင်းပါး 10-5-2010
    47 မရောက်စကောင်းေ ရာက်စကောင်း ဆောင်းပါး 13-5-2010
    48 မနှိုင်းစကောင်း နှိုင်းစကောင်း ဆောင်းပါး 15-5-2010
    49 မလဲစကောင်း လဲစကောင်း ဆောင်းပါး 20-5-2010
    50 မပြန်မကောင်း ပြန်မကောင်း ဆောင်းပါး 21-5-2010
    51 မညာစကောင်း ညာစကောင်း ဆောင်းပါး 22-5-2010
    52 ကိုဘခွေးရဲ့ဒါန်ပေါက် ဟာသ 23-5-2010
    53 နာမယ်ပြောင်အခေါ်ကောင်းလို့ ဟာသ 24-5-2010
    54 ချက်တင်မှာကိုယ်အက်လို့ သူပြန်ဆက်လာရင် ယဉ်ကျေးကြရအောင် ဆောင်းပါး 25-5-2010
    55 မြန်မာအမျိုးသမီးဖြစ်ရတာ ဂုဏ်ယူစရာ ဆောင်းပါး 27-5-2010
    56 အခုတော့ ကျနော်နေတတ်ပြီ ကဗျာ 30-5-2010
    57 သူကမဗျိုင်းဆိုရင် ကိုယ်ရော ကိုဗျိုင်းလေးဖြစ်နေမလာ း ဆောင်းပါး 31-5-2010 ပုံနှိပ်ပြီး မန်းလေးတိုင်းဂျာနယ်(
    58 အစရှာမရသော စက်ဝိုင်း ကဗျာ 4-6-2010
    59 အချိန်နည်းနည်းလေးရသေးတယ် ကဗျာ 5-6-2010
    60 မကြားစကောင်း ကြားစကောင်း ဆောင်းပါး 11-6-2010 ပုံနှိပ်ပြီး မန်းလေးတိုင်းဂျာနယ်(
    61 မတောင်းစကောင်း တောင်းစကောင်းဘယ်ဆုတောင်းပါမယ် ဆောင်းပါး 11-6-2010 ပုံနှိပ်ပြီး မန်းလေးတိုင်းဂျာနယ်(
    62 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(1) 19-6-2010
    63 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(2) 20-6-2010
    64 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(3) 23-6-2010
    65 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(4) 28-6-2010
    66 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(5) 30-6-2010
    67 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(6) 2-7-2010
    68 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(7) 3-7-2010
    69 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(8) 4-7-2010
    70 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(9) 6-7-2010
    71 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(10) 8-7-2010
    72 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(11) 9-7-2010
    73 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(12) 11-7-2010
    74 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(13) 12-7-2010
    75 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(14) 13-7-2010
    76 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(15) 14-7-2010
    77 ကျမအပျိုကြီးဖြစ်ရသောအကြောင်းရင်း ကဗျာ 4-7-2010
    78 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(16) 15-7-2010
    79 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(17) 16-7-2010
    80 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(18) 18-7-2010
    81 ကျနော်လူပျိုကြီးဖြစ်ရသောအကြောင်းရင်း ကဗျာ 9-7-2010
    82 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(19) 19-7-2010
    83 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(20) 20-7-2010
    84 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(21) 21-7-2010
    85 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(22) 22-7-2010
    86 နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(23ဇာတ်သိမ်း) 23-7-2010
    87 နှလုံးသားအတွင်းမှ စီးဆင်းလာသော ဂီတပန်းပွင့်များ(ဆောင်းပါးရှည်) 30-7-2010 မန်းလေးဂေဇက် သတင်းစာတွင်ပုံနှိပ်ဖော်ပြသည်။
    88 မတိုးစကောင်း တိုးစကောင်း ရအောင်ဘယ်လိုတောင်းပါမယ် ဆောင်းပါး 30-7-2010
    89 မထားစကောင်း ထားစကောင်း မယူစကောင်း ယူစကောင်း ဆောင်းပါး 3-8-2010
    90 မျက်စေ့လည်တဲ့ ပိတောက်ငိုချင်း ကဗျာ 7-8-2010
    91 မလုံစကောင်း လုံစကောင်း အပိုင်း(1) ဆောင်းပါး 7-8-2010
    92 မလုံစကောင်း လုံစကောင်း အပိုင်း(2 ဆောင်းပါး 9-8-2010
    93 ကွာဝေးသောရက် စေ့ရေတွက်သော် ဝတ္တု 11-8-2010
    94 မကူစကောင်းကူစကောင်း အပိုင်း(1) ဆောင်းပါး 13-8-2010
    95 ကူစကောင်းကူစကောင်း အပိုင်း(2) ဆောင်းပါး 15-8-2010
    96 ကူစကောင်း ကူစကောင်း အပိုင်း(3) ဆောင်းပါး 17-8-2010
    97 ကြုံစကောင်း ကြုံစကောင်း ဆောင်းပါး 18-8-2010
    98 သန့်စကောင်း သန့်စကောင်း ဆောင်းပါး 23-8-2010
    99 မဆူစကောင်း ဆူစကောင်း အပိုင်း(1) ဆောင်းပါး 26-8-2010 မန္တလေးတိုင်းဂျာနယ်တွင်ပုံနှိပ်ပြီး
    100 မဆူစကောင်း ဆူစကောင်း အပိုင်း(2 ) ဆောင်းပါး 27-8-2010 မန္တလေးတိုင်းဂျာနယ်တွင်ပုံနှိပ်ပြီး
    101 မယုံစကောင်း ယုံစကောင်း ဆောင်းပါး 30-8-2010
    102 မလိုစကောင်း လိုစကောင်း ဆောင်းပါး 2-9-2010
    103 မတုစကောင်း တုစကောင်း ဆောင်းပါး 4-9-2010
    104 မယှဉ်စကောင်း ယှဉ်စကောင်း ဆောင်းပါး 8-9-2010
    105 မလွမ်းစကောင်း လွမ်းစကောင်း(ရှေးရှေးတုံးက မန္တလေး)-1(မွေးဇာတိ၊ကျုံးနဲ့နန်းတော်)ဆောင်းပါး 12-9-2010 မန်းတောင်ရိပ်ဂျာနယ်တွင်ပုံနှိပ်ပြီး(29-12-2010)
    106 မလွမ်းစကောင်း လွမ်းစကောင်း(ရှေးရှေးတုံးက မန္တလေး)-2 ဆောင်းပါး 15-9-2010
    107 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-3 ဆောင်းပါး 21-9-2010
    108 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-4 ဆောင်းပါး 23-9-2010
    109 ပြိုင်ဘက်ကိုလဲ ထွက်ပေါက်လေးတွေပေးလိုက်ရအောင် ဆောင်းပါး 25-9-2010
    110 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-5 ဆောင်းပါး 27-10-2010
    111 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-6 ဆောင်းပါး 30-9-2010
    112 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-7 ဆောင်းပါး 3-10-2010
    113 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-8 ဆောင်းပါး 7-10-2010
    114 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-9 ဆောင်းပါး 9-10-2010
    115 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-10 ဆောင်းပါး 10-10-2010
    116 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-11 ဆောင်းပါး 11-10-2010
    117 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-12 ဆောင်းပါး 14-10-2010
    118 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-13 ဆောင်းပါး 18-10-201
    119 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-14 ဆောင်းပါး 23-10-2010
    120 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-15 ဆောင်းပါး 25-10-2010
    121 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-16 ဆောင်းပါး 31-10-2010
    122 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-17 ဆောင်းပါး 2-11-2010
    123 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-18 ဆောင်းပါး 3-11-2010
    124 မတင်စကောင်းတင်စကောင်း မရွေးစကောင်းရွေးစကောင်း ဆောင်းပါး 9-11-2010
    125 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-19 ဆောင်းပါး 11-11-2010
    126 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-20 ဆောင်းပါး 13-11-2010
    127 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-21 ဆောင်းပါး 16-11-2010
    128 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-22 ဆောင်းပါး 20-11-2010
    129 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-23 ဆောင်းပါး 24-11-2010
    130 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-24 ဆောင်းပါး 25-11-2010
    131 မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးတုံးက မန္တလေး)-25ဇာတ်သိမ်း ဆောင်းပါး 27-11-2010
    132 မပေါက်စကောင်း ပေါက်စကောင်း ဆောင်းပါး 2-12-2010
    133 လိုက်လိုက်လုိုက် နောက်ကလိုက် ပြီးတော့ အောက်ကရိုက် ဆောင်းပါး 7-12-2010
    134 လှိုင်ထိပ်ခေါင်တင်ရဲ့အနုပညာ ဆောင်းပါး 9-12-2010
    135 ဘယ်နေ့လဲ ဘယ်အချိန်လဲ ဘယ်တော့များမှလဲ ဆောင်းပါး 10-12-2010
    136 တ တတ တ တမ်းတမ်း လွမ်းတသသ မန္တလေး ဆောင်းပါး 13-12-2010
    137 ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘယ်လောက်ပေးရမှာလဲ ဆောင်းပါး 18-12-2010
    138 ဆုတောင်းမှားသလား? အကြောင်းမှားသလား? ဆောင်းပါး 22-12-2010
    139 ကျနော့်ရင်ထဲကို ……………….ရောက်မလာဘူး ကဗျာ 24-12-2010
    140 “ထွေးတော့ ထွေးပါဘဲ………………ဒါပေမယ့်…….. “ ဆောင်းပါး 28-12-2010
    ကူးတင်ချင်တယ်ဆိုရင်ရှာရလွယ်အောင်လုပ်ပေးလိုက်ပါတယ်။
    ကျနော်က ကျနော်ရေးသမျှကို ဒီလို မှတ်တမ်းလေးထားပါတယ်။
    အဲဒါက 2010ခုနှစ်ကရေးတာ။
    2011 ကိုပေါက်ရေးပြီးခဲ့သမျှ
    စဉ် ခေါင်းစဉ် အမျိုးအစား နေ့စွဲ မှတ်ချက်
    1 ဘဝအမှားရောက်တော့ ……ဘဝမှောက် ဆောင်းပါး 1-1-2011 MFRI.FOR.FUT.EM.CHO.SP.PAUK.MDG
    2 ဝါသနာနဲ့ဝမ်းရေး ဘာကိုရွေးပါမယ် ဘယ်လိုရွေးပါမယ်ဲ(အပိုင်းတစ်) ဆောင်းပါး 4-1-2010 MFRI.FOR.FUT.EM.CHO.SP.PAUK.MDG
    3 ဝါသနာနဲ့ဝမ်းရေး ဘာကိုရွေးပါမယ် ဘယ်လိုရွေးပါမယ်(အပိုင်းနှစ်) ဆောင်းပါး 5-1-2010 MFRI.FOR.FUT.EM.CHO.SP.PAUK.MDG
    4 မပြောစကောင်းပြောစကောင်း ဘယ်လိုပြောရင်ကောင်းပါ့မယ်
    (အပိုင်းတစ်)(အပိုင်းနှစ်)(အပိုင်းသုံး) ဆောင်းပါး 7-1-2011 MFRI.FOR.FUT.EM.CHO.SP.PAUK.MDG
    5 အမေကငယ်သေးတယ်တဲ့ရှင် ဆောင်းပါး 10-11-12-13-14-15
    အပိုင်း(1)(2)(3)(4) MFRI.FOR.FUT.EM.CHO.SP.PAUK.MDG 6 တံတားလေးတစ်စင်း ………………..ခင်းရအောင်
    (အပိုင်းတစ်)(အပို်င်းနှစ်)
    6 မေတ္တာဖြင့်စီးဆင်းသော…………………………………(အပိုင်းတစ်) ဆောင်းပါး 21-1-2011 ဆိုဒ်အားလုံးတင်ပြီး
    7 မေတ္တာဖြင့်စီးဆင်းသော……………..အပိုင်း(နှစ်) အပိုင်း(သုံး) ဆောင်းပါး 23-1-2011 ဆိုက်အားလုံးတင်ပြီး
    8 အသွား အပြန် ကဗျာ 24-1-2011 မန်းလေးဂေဇက်သီးသန့်
    9 ရွာသားများနှင့်ငြင်းခုန်ခြင်း ကဗျာ 25-1-2011 မန်းလေးဂေဇက်သီးသန့်
    10 မပေါက်စကောင်းပေါက်စကောင်းဆေးလိပ်တစ်လိပ်ရဲ့အကြောင်း သရော်စာ 28-1-2011 ဆိုက်အားလုံး
    11 လွမ်းစရာတွေကိုချန်ထားခဲ့တော့မယ့်ဒေါင်းနေချောင်း ခရီးသွား 30-1-2011 ဆိုက်အားလုံး
    12 ကဗျာအစကန်သာက ဖော်ထုတ်ခြင်း 31-1-2011 ဆိုက်အားလုံး
    13 “…………………………..မှအစပြု၍”(အပိုင်းတစ် ကိုပေါက်နဲ့ဆေးလိပ်အစ) ဆောင်းပါး 3-2-2011 ဆိုက်အားလုံး
    14 “……………………………မှအစပြု၍”(အပိုင်းနှစ် ကိုပေါက်နဲ့ဆေးလိပ်ဇာတ်သိမ်း) ဆောင်းပါး 4-2-2011 ဆိုက်အားလုံး
    15 (၁)ရှေးကဗျာများထဲမှတောသူတောင်သားများဘဝ( ဝန်ကြီးပဒေသရာဇာ) ဖော်ထုတ်ခြင်း 10-2-2011 ဆိုက်အားလုံး
    16 (2)ရှေးကဗျာများထဲမှ တောသူတောင်သာများဘဝ(ဦးဆောင်း) ဖော်ထုတ်ခြင်း 11-2-2011 ဆိုက်အားလုံး
    17 (3)ရှေးကဗျာများထဲမှ တောသူတောင်သားများဘဝ(ဦးကြီး) ဖော်ထုတ်ခြင်း 12-2-2011 ဆိုက်အားလုံး
    18 ရှေးကဗျာများထဲမှ တိုက်ပွဲလေးတစ်ခု(မိဖြူ နှင့်မိညို) ဖော်ထုတ်ခြင်း 12-2-2011 ဆိုက်အားလုံး
    19 စားစေချင်ချကျွေး ဖတ်စေချင်ရှာပေး ဆောင်းပါး 15-2-2011 ဆိုက်အားလုံး
    20 စာအုပ်ကိုင်မှစာဖတ်တယ်ထင်ရင်မှားပါတယ် ဆောင်းပါး 22-2-2011 ဆိုက်အားလုံး
    21 သီချင်းဖြစ်သွားတဲ့ရှေးကဗျာများ ဖော်ထုတ်ခြင်း 23-2-2011 ဆိုက်အားလုံး
    22 မတုံ့စကောင်း တုံ့စကောင်း(ကသစ်ယောက္ခမနဲ့သခွတ်ချွေးမ) ဆောင်းပါး 28-2-2011 ဆိုက်အားလုံး
    23 ပါဝင်ကပြ ကြည့့်ရူ့အားပေး ဝေဖန်သုံးသပ်(ဝေမာရွှေစင်) နေရေးထိုင်ရေးဘဝအမရေး 8-3-2011 ပိုအမ်ကော်နာကျန်
    24 ပါဝင်ကပြ ကြည့်ရူ့အားပေးဝေဖန်သုံးသပ် (မိဂျမ်း) နေရေးထိုင်ရေးဘဝအရေး 9-3-2011
    25 ပါဝင်ကပြ ကြည့်ရူ့အားပေးဝေဖန်သုံးသပ် (စမ်းစမ်းနွယ်(ခ)ပိပိ) နေရေးထိုင်ရေးဘဝအရေး 10-3-2011
    26 ပါဝင်ကပြ ကြည့်ရူ့အားပေးဝေဖန်သုံးသပ် (မနန်း) နေရေးထိုင်ရေးဘဝအရေး 11-3-2011
    25 ပါဝင်ကပြ ကြည့်ရူ့အားပေးဝေဖန်သုံးသပ် (မေခင်လေး(ခ)ဖက်ဖက်) နေရေးထိုင်ရေးဘဝအရေး 12-3-2011
    26 ပါဝင်ကပြ ကြည့်ရူ့အားပေးဝေဖန်သုံးသပ် (ကြားခဲ့သမျှဇာတ်လမ်းအစုံ) နေရေးထိုင်ရေးဘဝအရေး 13-3-2011
    27 ကိုပေါက်ပြားသွားခြင်း နေရေးထိုင်ရေးဘဝအရေး 14-3-2011
    28 မမေ့စကောင်း မေ့စကောင်း သရော်စာ 17-3-2011
    29 အနုပညာနှင့် နိူးဆွခြင်း-ယဉ်ကျေးမူ့နှင့်ခေတ်မှီခြင်း ကဗျာ 23-3-2011
    30 မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသား ဟစ်ဟော့နှင့် အိလက်ထရိုဗုံသံ ယဉ်ကျေးမူ့ 27-3-2100 မှ1-4-2011ထိ
    31 တနှစ်ကူးပြန်တော့ အသစ်အဖူးဖြစ်ရပြန်ပေ ယဉ်ကျေးမှု့ 30-3-2011

    32 အဖြေမသိတဲ့ပုစ္ဆာ ကဗျာ 1-4-2011
    33 စနေနံဆိုသားသားကြောက်ကြောက် ကဗျာ 8-4-2011
    34 အကယ်၍သာ နေရေးထိုင်ရေးဘဝအရေး 8-4-2011
    35 ဗလာနဲ့တဏှာ ကဗျာ 9-4-2011
    36 အဖော်ရှာတဲ့ အဖော်ပါတဲ့ ကြော်ငြာမယ့် 2011သင်္ကြန် ကဗျာ 15-4-2011
    37 ပျော်စရာကွဲ့ အဖော်ရှာမဟဲ့ တကယ်လဲကြော်ငြာတဲ့သင်္ကြန် ဆောင်းပါး 20-4-2011

    3ါက လက်ရှိ 2011မှာရေးနေတာတွေ အတော်စိတ်လေစရာကောင်းတယ်ဗျာ
    ကိုယ့် ဦးနှောက်နဲ့ အလုပ်မလုပ်ချင် ဘဲဒီလိုသာ အချောင်လိုက်ရင် ဒီမြန်မာပြည်ကြီး တိုးတက်ပါအုံးမယ်.။
    ထပ်ပြောလိုက်အုံးမယ် အဲဒီမသန့်စကောင်းက မန်းလေးတိုင်းဂျာနယ်မှာမေလဆန်းမှာ ပုံနှိပ်မှာပါ။
    နောက်တစ်ခုက ………စကောင်းနဲ့စတဲ့ ပို့စ်တွေက ကိုပေါက်စရေးခဲ့တာပါ။
    တော်သေးတာပေါ့ ဦးကောက်လက်ဆောင် အတွေးထူထူလေး လို့ လုပ်မလာတာ။
    ကျနော်က စာတပုဒ်ရေးရင် ဆိုက်တော်တော်များများကို တပြိုင်တည်းတင်သလို ဆိုက်တိုင်းမှာလဲ နှစ်သက်လို့ အားပေးသူတွေရှိပါတယ်။

  • kopauk mandalay

    April 23, 2011 at 11:25 am

    သူများရေးတာကို ကြိုက်လို့ပြန်မျှဝေပေးတာ က ကောင်းသောအလုပ်ပါ.။
    ဒါပေမယ့် ဘယ်သူရေးတယ်ဆိုကို ကိုယ် ကိုယ်တိုင်မသိရင်
    အကျိုးအကြောင်းလေးတော့ ပြောသင့်တယ်။
    မူရင်းနာမယ်ကို မပြောင်းသင့်ဘူူးလို့ ထင်ပါတယ်။
    အရင်တစ်ယောက်ကတော့ နာမယ်မပြောင်းဘဲကူးတင်တယ်။
    အခုတစ်ယောက်ကတော့ နာမည်ပြောင်းတင်တယ်။
    ကောင်းမှကောင်း……………………………………..
    မှတ်တမ်းသာမထားရင် ကိုယ်တောင် သူများဟာယူထားတယ်လို့ မသိတဲ့လူက ထင်သွားနိုင်တယ်။
    ကျနော်စာရေးရင် ပို့်စ်ထဲမှာ ကိုပေါက်ဆိုတဲ့နာမယ်နဲ့ ကျနော်ဇာတ်ကောင်နာမယ်တွေတမင်ထည့်ရေးတာ။
    အဲဒါ နန်းတော်ရှေ့ဆရာတင့်နည်းဘဲ။
    သူများက ကိုယ့်စာကို သူဟာဆိုပြိးလာ လုပ်လို့မရအောင်ကာကွယ်နည်းပါဘဲ၊

  • kopauk mandalay

    April 23, 2011 at 12:29 pm

    )အလှအပကြိုက်လေသက်တမ်းတိုလေ
    Posted by ukok44 on Tuesday, August 24, 2010 )
    ဒါက Healthy ဆိုတဲ့ ဆိုက်မှာ တင်ထားတာ။

    ကဲ ဦးကောက်ရေ ခင်ဗျားနဲ့ ကျုပ်ဒီကိစ္စရှင်းမှဖြစ်တော့မယ်။
    ခင်ဗျားက ကူးရေးမိပါတယ်ဆိုတာ ဝန်ခံရင် ကိစ္စပြီးတယ်။
    ဝန်မခံဘူးဆိုရင်တော့ ဆက်ရှင်းရမှာဘဲ။
    ခင်ဗျားက ကျုပရေးထားတွေ ဘယ်နှစ်ပုဒ်လောက် ကူးပြီး အခြားဆိုက်တွေမှာ တင်ထားသလဲ ။
    ခင်ဗျားကူး တင်ထားတဲ့ဆိုက်မှန်သမျှမှာလိုက်တောင်းပန်ပေးပါ။
    မတောင်းပန်ရင် ကျုပ်က ဆိုက်တိုင်းမှာလိုက်ကြေငြာရတော့ မှာဘဲ။
    ဒီ မသန့်စကောင်း သန့်စကောင်းဆိုတဲ့ စာမူကို ဘယ်လိုဖြစ်လာတယ်ဆိုတာ သိတဲ့သူကို သက်သေခေါ်မယ်ဆိုရင်ခေါ်လို့ ရတယ်။
    အဲဒီလူနဲ့ စကားပြောရင်း သူက ကိုပေါက် ဒီအကြောင်းလေး ရေးပါလားဆိုပြီး ဒီစာမူ ဖြစ်လာတာ။
    ကိုပေါက်(မန္တလေး)ဆိုတဲ့ နာမယ်လေး ရဘို့ စာတွေရေးတာမိုးပေါ်ကကျမလာဘူးဗျာ။
    တစ်သက်လုံး ဖတ်မှတ် နာယူ သင်ကြားခဲ့တာတွေကို အခုမှ အချိန်မအားတဲ့အကြားကနေ
    ပြန်ပြီး အံထုတ် နေရတာ
    ကိုယ်ခြင်းစာနာမူ့လေးတော့ ထားသင့်တယ်ထင်ပါတယ်။
    သူကြီးရေ ……………………………..ကဲ အခုဘယ်လိုလုပ်မလဲ။

    • eros

      April 24, 2011 at 10:06 am

      ဦးပေါက်ရေ လိုက်ကြေငြာသင့်ပြီ ထင်ပါတယ်။ ကိစ္စရှိရင် သက်သေလိုက်ပေးဖို့ အသင့်ပါ။

  • တစ်ခါဝင်လျှာရှည်ပြီးပါပြီ.. ကိုယ့်Comment မှာ လက်မတွေအောက်တွေစိုက်ကုန်လို့ ဘေးထိုင်နေပါတယ်၊ ဘုတော့မပြောပါဘူး.. အမြင်မတော်ပေမယ့် ကြည့်ကောင်းသလိုပဲ ကြည့်နေပါတယ် ဦးပေါက်ရေ..

    • eros

      April 24, 2011 at 10:10 am

      အဲဒီလိုတော့ မဟုတ်ဘူးလေဗျာ။ ပြောသင့်တာ ပြောရမှာပေါ့။

  • naywoonni

    April 23, 2011 at 12:43 pm

    နောက်…. နောက် ရွာထဲကလူတွေကော အခြားရွာကလူတွေကော ……အွန်လိုင်းပေါ်မှာ ဒီလိုကူးယူချင်လို့ရှိရင် ….တစ်ခြားဟာမယူကြပါနဲ့ နေဝန်းနီဟာ ပဲယူကြပါ..။ ဘာမှမပြောတဲ့အပြင် မသိယောင်ဆောင်ပြီး မှတ်ချက်ပြန်ရေးပေးပါ့မယ်… 😛

  • bigbird

    April 23, 2011 at 3:28 pm

    ဇာတ်ကောင်နာမည်တွေ ကိုပေါက်နဲ့မဒမ်ပေါက်ဆိုကတည်းက ကိုပေါက်ကိုသွားပြီးပြေးမြင်လိုက်တာ …..
    လက်စသတ်တော့ ကိုပေါက်ဥစ္စာကြီးဂို… ဦးကောက်ရေ..အားလုံးကျေနပ်အောင်ပြန်တောင်းပန်ပေးပါခင်ဗျာ…
    သဂျီးအနေနဲ့ မတောင်းပန်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာလဲ စဉ်းစားပေးပါ…..

  • unclegyi1974

    April 23, 2011 at 3:55 pm

    ကူးတာတွေအသာထားလို့
    ဆီအရောအကြောင်းနဲနဲပြောချင်ပါတယ်
    မြန်မာကိုစားအုန်းဆီစဝင်ကာစက
    မစားသုံးသင့်ဖုူး ဘာညာဆိုပြီးသတင်းစာတွေ
    ဂျာနယ်တွေထဲပါသေးတယ်
    နောက်ဆရာဝန်ဆိုသူတွေကစားသင့်ပါတယ်ဆိုပြီး
    ရေးကြပြန်ရော နောက်ပိုင်ကသိတဲ့အတိုင်း
    စားအုန်းဆီကပန်းပန်လျှက်ပဲ
    နောက်မှသိရတာကစားသင့်တယ်ဆိုသူလည်းမှန်
    တယ် မစားသင့်ဖူးဆိုတဲ့သူလည်းမှန်တယ်
    သူတို့ဆီမှာကဆီကိုသန့်စင်အောင်လုပ်တဲ့အဆင့်
    ကိုလိုက်ပြီးဆီဈေးကကွာတာကိုးဈေးနည်းကြိုက်တဲ့
    ကိုရွှေမြန်မာတွေအတွက်ကိုရွှေမြန်မာတွေကသူ့
    ထက်ငါဈေးလျှော့ရောင်းနိုင်အောင်ကြိုးစားကြရင်း
    ပစ္စည်းတွေကညံ့ညံ့လာတာ
    ဘယ်သူ့ကိုဘာပြောရမယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 23, 2011 at 4:28 pm

    လှကြစမ်းဗျာတို.လွတ်လပ်တယ် ( မိုက်ကယ်ဂျော်နီအောင်ပု ကိုယ်တိုင်ရေးသှ်)
    ဒီစာသားလေးက အဆိုတော်ဦးအံ.ကြီး အရင်ဆုံးသီဆိုပြီး ကိုသုမောင်ပြန်ဆိုထားတဲ. သီချင်းထဲက စာသားလေးပါ။
    ဒီသီချင်းကို ဘယ်သူရေးခဲ.တယ်ဆိုတာကို ကျွန်တော် မှတ်မထားမိတာရယ်
    စာသားကို ယူသုံးမိတာရယ်ကိုတော.ကျွန်တော်.ကို ခွင်.လွှတ်စေချင်ပါတယ်။
    အခုကျွန်တော်ပြောချင်တဲ.ကိစ္စရယ် ဒီစာသားလေးရယ်က သိပ်လိုက်ဖက်လွန်းတာကြောင်.ပါ။
    ကျွန်တော်ကိုယ်တိုင်ကလည်းသီချင်းကြိုက်သူတစ်ယောက်.ဖြစ်နေတော.တိုက်ဆိုင်လိုက်တိုင်းသီချင်းစာသားတွေက
    ခေါင်းထဲကို ရောက်ရောက်လာတော. အခုလို သီချင်းစာသားလေးတွေ
    ကို ခေါင်းစဉ်အဖြစ် ယူသုံးလိုက်မိတာပါခင်ဗျာ။
    အခုခေတ်က ဖက်ရှင်ခေတ်ဆိုတော. ဝတ်တဲ.ဒီဇိုင်းတွေက သူ.ထက်ငါ အပြိုင်ဆန်းသထက်ဆန်းအောင်
    လန်းသထက်လန်းအောင် ကြိုးစားကြပါတ.ယ်။
    အဲသည်အခါမှာ အလန်းလွန်ကုန်ပြီး အလန်ကြီးတွေဖြစ်ကုန်ကြပါလေရေ ာ။
    နောက်ပြီးသည်ခေတ်ထဲမှာနေရာတော်တော်များများမှာ လွတ်လပ်ခွင်.ရနေကြပါတယ်။
    ဒါကြောင်.ညီမငယ်ငယ်တို. မမလတ်လတ်တို.အန်တီကြီးကြီးတို.ရဲ.ဖုံးကွယ်ထားရမယ်.အလှ တွေကို
    စာစောင်တွေမဂ္ဂဇင်းတွေထဲကသက်မဲ.ဓါတ်ပုံလေးတွေ။
    VCD ကာရာအိုကေခွေထဲမှာ လှုပ်ယှားနေတဲ. အရုပ်အရှင်ပုံရိပ်ကလေးတွေ
    အပြင်လမ်းပေါ်မှာ စားသောက်ဆိုင်ထဲမှာ မင်္ဂလာဧည်.ခံပွဲတွေမှာ
    အရှင်လတ်လတ်ကလေးတွေကို မတွေ.ချင် မကြည်ချင်ဘူးဆိုလဲ ရှောင်မလွတ်နိုင်အောင်ကို
    မမြင်အပ်သော အလှတွေကိုလူသိရှင်ကြား မြင်နေရပါတယ်။

    ဒါနဲ.ဘဲခေတ်ရေစီးအလို်က်ဝတ်စားဆင်ယင်ပုံပြောင်းလာတာကို ပြန်တွေးမိပါတော.တယ်။
    အခုပြောနေတဲ. အဝတ်အစားကိစ္စကိုပြောရင် မင်းကို်ယ်တွေ.လားလို.တော.ကတ်သီးကတ်သတ်မမေးပါနဲ.။
    ဖတ်ဘူးတာရယ် ကြားဘူးတာရယ် မြင်နေရတာရယ်ကို ပေါင်းစပ်လို.ပြောမှာပါနော်။
    မရှက်တတ်သေးခင်ကျောက်ခေတ်အစမှာတော.လူမှန်သမျှ အဝတ်ဗလာပါတဲ.။
    နောက်ရှက်တတ်လာတာကြောင်.ရယ် ရာသီဥတုဒဏ်ကနေကာကွယ်ရအောင်ရယ်၊
    နောက်ပြီးတော.ကျွန်တော်တို. ယောက်ျားတွေကကိုယ်.ကိုယ်ပိုင်မိန်းမရဲ.ပစ္စည်းလေးကို လှစ်ဟလို.ပြထားရင် သူများတွေအလကားအားပေးမှာစိုးတဲ.အတ္တစိတ်ကြောင်.ရယ်
    ကိုယ်ပိုင်တဲ.မိန်းမကို လုံခြုံအောင်အဝတ်အစားဆင်ပေးတာကစလို.
    အဝတ်အစားစတင်ပြီး ဝတ်လာကြတယ်လို.ဖတ်ရဘူးပါတယ်။
    စဝတ်တဲ.အချိန်ကတော. သစ်ရွက် နောက်တဆင်.တက်တော. သားရေကို ဒီအတိုင်းခြုံ နောက်ကြာလာတော.
    မိန်းမတွေရဲ.လှချင်စိတ်ရယ် ကျွန်တော်တို.ယောက်ျားလေးတွေကို ဆွဲဆောင်ရအောင်ရယ်ပေါင်းစပ်လို. လှသထက်လှဖန်တီးရင်းဒီဖိုင်းဆိုတာပေါ်ပေါက်လာပါတယ်။
    ရတနာပုံခေတ်မှာတော. မိန်းမသားများက သူတို.ရဲ. ရင်သားကို ပိတ်စနဲ.ကျပ်စည်းလို.ထားပါသတဲ.။
    အပေါ်ပိုင်းရင်ညွန်.ကလေးကို လွှတ်ထားတော. အခုခေတ် အငြိမ်.မင်းသမီးများအတိုင်းပါဘဲ။
    အောက်ပိုင်းကထမီနဲ.ဆိုတော. အားလုံးကတော်တော်လေး ကိုလုံခြုံပါတယ်။
    သူတို.ပုံတွေကတော. သေးသေးကွေးကွေးလေးတွေပါဗျာ။
    19545-60 ခုနှစ်ပါတ်ဝန်းကျင်က ဓါတ်ပုံများထဲမှာတော. အခုခေတ်အနေနဲ.ပြောရရင် ဟဲဗီးတွေပါပဲ။
    ပိတ်စအထူခေါင်းလောင်းပုံလက်တွေ နဲ.ပါ။
    အောက်ပိုင်းက ဝတ်ထားတဲ. ထမီတွေကတော.လုံလုံခြုံခြုံပါဘဲခင်ဗျ။
    ဒါပေမဲ.တစ်ချို.သောဓါတ်ပုံများထဲကတော.မှန်နိုင်လွန်သားခပ်ပါးပါးအောက်မှာဝတ်ထားတဲ.ဘော်လီအောက်ကနေ
    ပြီးရုန်းကြွနေလိုက်ပုံကတော.
    ဘိုဘိုဟန်ရဲ. သီချင်းစာသားထဲကလို ဟဲလိုက်ရ ရင်တော. “ရင်ခုန်ချင်စရာကောင်း၏”ပါဘဲ။
    ဒါပေမဲ.အသားလေးကိုမြင်ရဘို.ဆိုတာကတော. လုံးဝပါဘဲခင်ဗျာ။
    1960 ပါတ်ဝန်းကျင်မှာ မိန်းကလေးများရဲ.ရင်အလှကို ပိုလှပိုကြွလာအောင်ရယ် ပုံဖော်ပေးပြီး နည်းနည်းလဲလွတ်လပ်ရေးပေးထားတဲ. “ဘရာစီယာ”
    ဆိုတာရယ် ကမ္ဘာကျော် ဂျိန်းစဘွန်း ဒေါက်တာနိုးဇာတ်ကားထဲက အာဇူလာ အန်းဒရက်ဆိုတဲ. မင်းသမီးချောဝတ်တဲ. ဘီကနီဆိုတဲ.အဝတ်စလေးကိုသာချည်နှောင်ထားတာလေးတွေပေါ်လာပေမဲ. ခေတ်မီတဲ. လူနည်းစု မမများသာ ဝတ်ကြပေမဲ. အများစုကတော. ဘော်လီနဲ.သာ အလှဆင်ကြပါတယ်။
    1970-နှစ်များမှာ ခေတ်မှီသော မိန်းကလေးများက သူတို.ဝတ်တဲ.ထမီတွေက အရင်လို.အပြည်.ဖုံးမထားဘဲ ပေါင်တစ်ဘက်နေရာမှာ တစ်ထပ်ထဲဖုံးထားတဲ. “တစ်ပေါင်ပေါ်”ဆိုတဲ.စတိုင်လေးရယ် အကျီင်္လယ်ဟိုက်ရယ်ခေတ်စားလာတဲ. အချိန်မှာ
    တပြည်လုံးအုံးအုံး ကြွက်ကြွက်နဲ.ရေးလိုက်အော်လိုက်ကြတာ ဝက်ဝက်ကွဲပါဘဲ။ ကျွန်တော်.တို.ယောက်ျားအများစုကတော. လှတယ်ဆိုရင် အားပေးလို်က်တာပါဘဲ။
    ဒါပေမဲ. လယ်ပင်းက ဘယ်လောက်ဘဲဟိုက်ဟိုက် ဘော်လီ အပြည်.ရယ်လုံသေးသော ဘရာစီယာရယ်ကြောင်.
    တောင်ကြားလေးရဲ.အစလောက်နဲ.သာ ကျွန်တော်တို.ပုရိသများ ကျေနပ်ခဲ.ရပါတယ်။
    1990 ပြည်.နှစ်လွန်ပိုင်းမှာတော. မိန်းကလေးတော်တော်များများက နည်းနည်းလုံခြုံသောတီရှပ်န.ဲ ဂျင်းဘောင်းဘီကို အတော်များများ ဝတ်ဆင်လာလို. လုံပြီလို.ချီးကျူးမယ် မကြံသေးခင်မှာ ရှေ.ကွဲနောက်ကွဲဘေးကွဲစတဲ. အကွဲပေါင်းစုံကို တွေ.ရပြန်တော.တယ်။
    အစကတော. အကွဲလေးတွေ.ရင် အားပေးကြပေမဲ. နောက်တော.ဖြူဖြူရော မဲမဲသဲသဲရောဆိုတော. အားပေးတာလျော.သွားပါတယ်။
    အခု2000နှစ်လွန်ကာလမှာကမ္ဘာရွာကြီးဖြစ်သွားတော. ဆက်သွယ်ရေးတွေသိပ်ကောင်းလာတဲ.ခေတ်မှာ
    ဘာလှိုင်းညာလှိုင်းဆိုတဲ. လှိုင်းပေါင်းစုံရဲ.အောက်မှာအားလုံးခေတ်မှီလို.နိုင်ငံတကာနဲ.ရင်ဘောင်တန်းနိုင်သော
    အမှီလိုက်နိုင်သော မြန်မာပြည်သူများကိုတွေ.လာရပါတော.တယ်။
    ခုခေတ်ကာလ မိန်းကလေးများက လူကြီးတွေကန်.ကွက်ခဲ.တဲ. တစ်ပေါင်ပေါ်တို. အကွဲပေါင်းစုံတွေကို ရှောင်ပါတယ်။
    “လေလာအေး “ဆိုတဲ. စကတ်ပေါင်တိုလေးတွေကို ဝတ်လို.ဆိုင်ကယ်စီးပါတယ် စက်ဘီးစီးပါတယ် လမ်းသလားပါတယ်။
    ပူတဲ.မန္တလေးရာသီဥတုနဲ.လဲလိုက်ပါတယ် ဆိုင်ကယ်များစီးသွားလို.ကတော.လေလာတိုင်းသာအေးတော.သည်ပါဘဲ။
    ဝတ်တာကတော.မဲမဲရော ဖြူဖြူရော အနာရွတ်ဗလပွနဲ.ရော ပေါင်ဂျီးထူရော
    တိုရင် လှတယ်ထင်သူတိုင်းဝတ်ပါတယ်။
    ကောင်းမှကောင်းပါဘဲ။
    ဂျင်းဘောင်းဘီ ဖင်ရှောကို ဝတ်လို.ဆိုင်ကယ်နောက်ကခွထို်င်လိုက်တဲ.အချိန်မှာတို.
    စားသောက်ဆိုင်မှာ ထို်င်နေကြတဲ.အခါ တွေမှာဆိုရင်
    အနောက်ဘက်တောင်ကြားဖြူသလားမဲသလားဆိုတာကိုရော
    အနာရွတ်ရှိမရှိကိုရောဝတ်ထားတဲ. အောက်ခံဘောင်းဘီအရောင်ကိုရော
    တံဆိပ်အကောင်းစားလား အပေါစားလားဆိုတာကိုရောအကုန်သိနိုင်ပါတယ်။
    လိုက်ကြည်.စရာမလိုအောင်ကို အပြည်.အဝ ချပြထားတာပါ။
    နောက် သိပ်ခေတ်မှီတဲ. မိန်းကလေးများကလည်း အမှောင်ဖုံးထားခဲ.ကြရတဲ.အရှေ.ပိုင်းကတောင်နှစ်လုံး
    လွတ်လွတ်လပ်လပ်နေခိုင်းပါတယ်ပေးလိုက်ပါသတဲ.။
    ဘာမှ အောက်ကခံမှကိုမဝတ်တော.တာပါ။
    ဒါက လူနည်းစုဘဲရှိပါသေးတယ်။
    ဝတ်ပါတယ် တဝက် ကြီုးသေးလေးတွေ ကြိုးပျောက်တွေနဲ.လန်းမှလန်းပါဘဲ။
    နောက် ပြီးတော. ကျောပြောင်ရှေ.ပြောင်ဆိုတဲ. စကတ်ရင်ရှားလေးတွေ
    ရင်ခုန်ခွင်.ပေးထားသော လွတ်လပ်ဝတ်စုံလေးတွေနဲ. မလုံ.တလုုံဒီဇိုင်းလေးတွေ
    အဝတ်စကို ပါတ်ထားသော ဒီဇိုင်းလေးတွေနဲ.ဆိုတော.
    ပွဲလမ်းသဘင်တွေမှာလမ်းပေါ်မှာ စူပါမတ်ကက်တွေမှာမမြင်ချင်အဆုံးပါဘဲ။
    စိတ်ညစ်ရတာကတော. ဧည်.ခံပွဲများမှာပါ။
    ခါးကုန်းလို. မုန်.ပွဲများချပြီးဧည်.ခံလိုက်လို.ကတော. မမြင်ချင်လဲံတွေ.နေရတာပါ။
    ကျွန်တော်တို. အနေနဲ. ကောင်းတဲ.ဘက်က လှည်.တွေ.ရ ရင် တော. မမြင်အပ်တာတွေကို မြင်ပါမျာတော.
    ရိုးသွားသလို တော်ရုံတန်ရုံလောက်နဲ.တော.ရင်မခုန်တတ်တော.ပါဘူး။
    ခုခေတ်လူများကိုမိန်းကလေးရဲ.မမြင်အပ်တာလေးကိုမြင်မိလို.ဈာန်လျောတဲ. ရသေ.အကြောင်းကိုလာပြောလို.ကတော. မိုက်လိုက်တဲ.လူနှယ်လို.အပြောခံရမှာ သေချာပါတယ်။

    အခုလိုပြောနေတာ အားလုံးသောမိန်းကလေးကို မရည်ရွယ်ပါ။
    ဘာမသိညာမသိနဲ. ခေတ်အမှီလွန်နေသော သူများနဲ. မိမိသားသမီးအမြင်မတော်တာကိုဆုံးမရကောင်းမှန်းမသိသော
    မိဘများကိုသာရည်ရွယ်ပါတယ်။
    အသိတရားခေါင်းပါးသောကလေးများကိုဆုံးမဘို.က မိဘများတာဝန်သက်သက်ပါခင်ဗျာ။
    မမြင်အပ်တာကို ဖုံးကွယ်ထားရမယ်ဆိုတာ လူ.အသိတရားပါ။
    တိရိစ္ဆာန်တွေအဖို.တော.လိုမယ်မထင်ပါဘူး။
    ဖုံးကွယ်ထားသောအလှဆိုတာလည်း အနူပညာတစ်ရပ်လို.လည်းမြင်စေချင.်ပါတယ်။
    မိုက်ရိုင်းတယ်လို.တော.မထင်ပါနဲ.ခင်ဗျာ။
    အထိန်းအကွပ်မရှိဘဲဒီလိုသာ လွှတ်ထားလိုက်မယ်ဆိုရင်
    ဒီအတိုင်းဆိုရင်တော. ကျောက်ခေတ်ကိုရောက်ဖြစ်တော.မှာ သိပ်မဝေးတော.ဘူးလို.ထင်မိကြောင်းပါခင်ဗျာ။

  • kopauk mandalay

    April 23, 2011 at 4:44 pm

    ကိုကိုပု ကိုကိုပေါက်ဟာကြီးပြန်ကူးပြနေပြန်ပါပြီ။

  • gwato

    April 24, 2011 at 9:12 am

    ခေတ်ကိုက ဖြစ်နေတာပါ
    ကိုယ့်ဟာမှန်းမသိ သူ့ဟာမှန်းမသိ

  • naywoonni

    April 24, 2011 at 11:12 am

    သူကြီးမရှိတာနဲ့.. ရွာဆူနေပြီနဲ့တူရဲ့ အဲဒါ ရွာသူပြုစားတာ…….:P

  • juttue.gyi

    April 24, 2011 at 11:27 am

    မဆိုင်ဘူးဗျာ ခေတ်နဲ့မဆိုင်ဘူး အဲဒါ သက်သက်မဲ့ကို ရွဲ့နေတာ ဘယ်နှယ့်ဗျာ ရွာထဲလာပြီး လုပ်ချင်ရာလုပ်နေ စည်းကမ်းလေးတော့ရှိကြပါ ပြောတော့ ဂျာမနီသားတဲ့ လုပ်တော့ တလွဲကြည့်ဘဲ အဲဒါကြောင့်မို့လို့လဲ လူကြီးနဲ့ လူငယ်မတည့်တာ

  • kopauk mandalay

    April 24, 2011 at 3:18 pm

    မဟုတ်ဘူးဗျ မိုက်ကယ်အောင်ပု က လှကြစမ်းဗျာတို့ လွတ်လပ်တယ် ကို ကျနော်ရေးတာမှန်းသူ အစကတဲကသိပါတယ်။
    ကျနော့် ဒိုမိန်းမှာတင်တော့လဲ လာပြီးမှတ်ချက်တွေပေးပြီးသားပါ။
    သူအခုလို ကူးတင်တယ် ဆိုတာ သူ မှာရည်ရွယ်ချက်တစ်ခုခု ရှိလို့ တင်တာလို့ ထင်ပါတယ်။

  • ချစ်စ/ဆ ရာ

    April 24, 2011 at 4:05 pm

    ဟာ……………………..
    လေးပေါက် သွားမထင်နဲ ့
    အဲ့သည် မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့အရက်သမားက
    မိဖတွေဆုံးမထားတာမဟုတ်ဘူး
    ပေါက်လွှတ်ပဲစားရေမျောကမ်းတင်ဓာတ်တိုင်သေးပေါက်ပြီး
    တံတားဘောင်းပေါ် အီးတက်ပါတဲ့ကောင်ဗျ
    ပြီးရင် တံတားဘောင်သံပိုက်ကိုခွပြီး ဒရွတ်တိုက်ပွတ်ပြီး သံပိုက်နဲ ့အီးကုန်းတာ
    မျက်စေ့ထဲသာမြင်ယောင်ကြည့်ကြပါခင်ဗျ

  • kopauk mandalay

    April 24, 2011 at 4:48 pm

    ကျုပ်ခေါင်းပေါ်တက်မပါရင်ကိုဘဲ အဲဒီကောင်ကိုလူကောင်းလေး လူလိမ်မာလေးလို့ သတ်မှတ်ရမှာဘဲ ချာစရစ်ရေ…………….

  • eros

    April 26, 2011 at 8:24 am

    အားပါး အခုအချိန်အထိ ဘာမှ မထူးသေးပါလား။ သူကြီးကလည်း ခွင့်ပြုတယ်ထင်တယ်။

  • naywoonni

    April 26, 2011 at 11:26 am

    သူကြီးဘယ်ရောက်နေလဲဗျို့…… ရွာထဲမှာတော့ ဆူနေပြီ…။ လ္ဘက်ခြောက်ခပ်လိုက်တော့မယ် 😛

  • char too lan

    April 26, 2011 at 12:09 pm

    ဟားဟား … 🙂
    ဦးကောက် အိပ်ပျော်နေတာလား မသိခြင်တောင် ထောင်နေတာတာလား

  • kopauk mandalay

    April 26, 2011 at 3:18 pm

    ဒီလူဦးကောက်က ဆိုက်တော်တော်များများမှာ သူရေးတယ်ဆိုတဲ့ပုံစံနဲ့ တင်ထားတာ။
    အများအားဖြင့်ကျန်းမာရေးနဲ့ပါတ်သက်တဲ့ဆိုက်တွေမှာပေါ့။
    အလှအပကြိုက်လေသက်တမ်းတိုလေ ဆိုတဲ့ သူပြောင်းပေးထားတဲ့နာမယ် ကို ဂူးဂဲလ်ထဲမှာရိုက်ထဲ့ပြီး
    ရှာလိုက်ရင်သူတင်ထားတဲ့ ဆိုက်နာမယ်တွေ ကျလာမယ်။
    တကယ်ကို အရှက်တရားနည်းပါးတဲ့လူလို့ဘဲသတ်မှတ်ရမှာဘဲ။
    ဒီလိုသူများဟာမှန်းသိပါရဲ့နဲ့ ကူူးတင်တတ်သူကို သုံးကြီမ်သာ ခွင့်ပြုနေမယ်ဆိုရင် …………………….

    • kai

      April 26, 2011 at 6:37 pm

      email ပို့တဲ့စနစ်ကြောင်နေပြန်ပြီလားမသိ..။
      ဒီစာတွေကို မဖတ်ဖြစ်ဖူးနဲ့တူတယ်..။
      တိုက်ရိုက် ဦးကောက်ဆီအီးမေးလ်ပို ့လိုက်ပါမယ်..။

      • ဆူး

        April 27, 2011 at 1:26 pm

        သဂျီးရယ်.. ဒီ ပိုစ်ပြီး နောက်နေ့ တွေမှာတောင် ပိုစ် အသစ်တွေ တင်ထားသေးတာဘဲ..
        တရွာလုံးက ဘယ်လိုလူလဲ ဆိုတာ မပြောလည်း သိနေပြီ။

  • kopauk mandalay

    April 27, 2011 at 1:49 am

    သူကြီးရေ နေပါစေတော့
    အားလုံးသိတဲ့ကိစ္စဖြစ်နေပါပြီ။
    ဘာမဟုတ်တဲ့ကိစ္စအတွက်အလုပ်ရှုပ်မခံပါနဲ့တော့ ။
    သူမရှက်တတ်လို့ ဒိလို ပြုမူတယ်ဆိုတာ သူ့ရဲ့ အရည်အသွေးလို့သာသတ်မှတ်လိုက်ပါမယ်။
    ထားလိုက်ပါတော့။

Leave a Reply