ကန်တော်ကြီး(တက်သေးအင်း)က ကရဝိက်

(မန်းလေးကန်တော်ကြီးမှာရှိတဲ့ ဒီကရဝိက်ပုံတွေကိုအရင်တစ်ခါက တင်ဘူးပါတယ်။
အခုတော့ တစ်စုတည်းထဲတွေ့ရအောင်ပြန် တင်ပေးလိုက်ပါတယ်။
တင်ဘူးတဲ့ပုံလဲပါသလို မတင်ရသေးတဲ့ပုံလဲ ပါပါတယ်။)

ဒါကတော့
နံနက်စောစောစောအာရုံတက်စအချိန် ရောင်နီပျိုးခါစလေးမှာ ရိုက်ထားတဲ့ပုံလေးပါ။

နှင်းတွေဝေနေတဲ့ဆောင်းတစ်ရက်(ရွာထဲကလူတစ်ယောက်ကတော့ နှင်းမဟုတ်ဘူး မြူပါတဲ့)
မှာ မူံရီရီမသဲမကွဲ ဝိုးတဝါးပုံရိပ်လေးပါ။

ဒီကရဝိက်ကြီးက အရင်က မန်းလေးဆွမ်းဟော်တယ်ရှေ့က (26ဘီလမ်း-65-66လမ်းကြား) ကျုံးရေထဲမှာရှိတာပါ။
အခုမှ ကန်တော်ကြီး ထဲကိုရွှေ့ထားပေးတာလေ။အခုတော့လဲ ဒီနေရာလေးမှာ သူရပ်တည်နေတာ ကြာပါပြီ။
ဒီပုံလေးကလဲ နံနက်ခင်းအလင်းရောက်စမှာရိုက်ထားတဲ့ပုံဖြစ်ပြီး။
ရေထဲကျနေတဲ့အရိပ်ကလေးကြောင့် အသက်ဝင်နေသလိုပါဘဲ။


ဒီပုံကတော့ မှတ်မှတ်ရရ 2011 လွပ်လပ်ရေးနေ့ နံနက်ခင်းလေးမှာ ရိုက်ထားတဲ့ပုံလေးဖြစ်ပါတယ်။
ကန်တော်ကြီးရဲ့တောင်ဘက်ခြမ်းကနေရိုက်ထားတဲ့ပုံလေးပါ။

ဒီပုံလေးကတော့ နေမင်းက မရဲတရဲထွက်ခါစအချိန်လေးမှာ ကိုပေါက်ရဲ့အမြင်စောင်းစောင်းလေးနဲ့လက်ဆော့ထားတဲ့ပုံလေးပါ။
အရင်က မြင်ဘူးကြတာ မှန်ပေမယ့် တစ်စုတစ်စည်းထဲ ကြည့်ချင်သူများအတွက် ရည်ရွယ်ပါတယ်။

3 comments

  • kopauk mandalay

    May 3, 2011 at 7:11 am

    နောက်ရက်ကျရင် အရင်ရေပြည့်နေတုန်းက တက်သိမ်းအင်းနဲ့အခုလက်ရှိ ရေမရှိတဲ့ တက်သိမ်းအင်းကွာသွားတာကို တင်ပေးအုံးမယ်နော်

  • ဆူး

    May 3, 2011 at 12:17 pm

    တင်ပေး တင်ပေး.. ကြည့်ပေးမယ်။

  • kopauk mandalay

    May 3, 2011 at 12:33 pm

    လောလောဆယ်တော့ ဓါတ်ပုံမရိုက်ရသေးဘူး နက်ဖြန်ပေါ့နော်

Leave a Reply