အသေဖြောင့်သူ

mihninlayMay 3, 20111min62134

ကွယ်လွန်ပြီးသူ တချို့သည် တမလွန်ဘဝမှ မိမိဆွေမျိုးသားချင်း မိတ်ဆွေများကို အိပ်မက်ပေးလေ့ရှိသည်ဟု ကြားဖူးသည် ။ တချို့လည်း ကိုယ်ယောင်ပြခြင်း၊ အနံ့အသက်ပေးခြင်း စသဖြင့် အသိပေးလေ့ရှိသည် ။ ထိုသို့သော အကြောင်းများကို ဂမ္ဘီရစာပေတွင် ဖတ်ရှုရသည်မှာ အဖြစ်အပျက်တစ်ခုနှင့်တစ်ခု မရိုးနိုင်အောင် ဆန်းကြယ်လှပေသည် ။ ဆိုခဲ့သော တမလွန်မှ နာနာဘဝများက ၎င်းတို့သည် ပြိတ္တာဖြစ်နေရကြောင်း၊ တစ္ဆေဖြစ်နေရကြောင်း၊ အနေအထိုင်အစားအသောက်တို့ ဆင်းရဲရကြောင်း စသဖြင့် မပြည့်စုံသောဘဝကို ညည်းညူပြကြသည်။ ဆွေမျိုးသားချင်းများကလည်း သူတို့၏ ဘဝဇတ်ကြမ်းကို ကြားသိရသဖြင့် ထိုဘုံဘဝမှလွတ်မြောက်ရန် ရည်သန်လျက် ရဟန်း၊သံဃာတော်များကို ပင့်ဖိတ်လျှောက်ထားကာ ၎င်းတို့အတွက်ရည်စူး၍ အလှူဒါနပြုလုပ်ပေးကြရသည် ။ အမျှအတန်းဝေကာ သာဓုခေါ်စေရသည် ။ သို့ရာတွင် ကျွန်တော်နှင့် အင်မတန်ရင်းနှီးသော ကိုအောင်မြတ်သာနှင့် မခင်ဖုန်းတို့ ဇနီးမောင်နှံ၏ဖြစ်စဉ်ကား အခြားသောလင်မယားများနှင့်မတူ အံ့ဖွယ်ထူးခြားသည်ဟု ဆိုရပေမည် ။

မစည်ကားအပ်သောနေရာ –

ကြီးမားကျယ်ပြန့်သော ခန်းမကြီးထဲတွင် စူးရှသောအမွှေးတိုင်အနံသည် ပုပ်ဟောင်ဟောင်အနံ့ဆိုးကို မဖုံးလွှမ်းနိုင်။ လူပေါင်းစုံ၏ကိုယ်နံ့၊ ပန်းပေါင်းစုံ၏ရနံ့၊ အမွှေးတိုင်ပေါင်းစုံ၏ အနံ့တို့မှာ ပုပ်အက်အက်အနံ့တို့နှင့် ထွေးလားလုံးလားရှိသည်။ ခန်းမထိပ်ဘက်တွင်မီးခိုးဖြူများ လွှမ်းလျက်ရှိသည်။ တိုးတိုးတိတ်တိတ် စကားပြောနေကြသော ခန်းမကြီးတွင် စကားသံတို့သည် လုံးကြွကာအုံကြွလာသည်။ ပင့်သက်ချသံ၊ ငိုရှိုက်သံတို့နှင့် တစ်ချက်တစ်ချက် အော်ဟစ်သံတို့ ပေါ်ထွက်လာသည်။ သေသူမှာ အိပ်နေသည့်အလား ထင်ရသည်။ ကျွန်တော် သူ့ကို အရင်ကအတိုင်း တွေ့နေကျပုံစံပင်။
” ကြည့်စမ်းပါဦး – ကိုအောင်မြတ်သာ၊ သေတာတောင် ရုပ်မပျက်ဘူးဗျ ” ကျွန်တော်ကပြောလိုက်လျှင် ကိုအောင်မြတ်သာသည် ကျွန်တော့အား သနားစရာသတ္တဝါအလား ကြည့်လျက် – ” ရုပ်မပျက်တော့ကော ပြန်ရှင်လာမှာမို့လို့လား။ သေမင်းကကော မျက်နှာသာပေးမှာလား ” သူ့စကားကို ကျွန်တော်မချေဖျက်နိုင်ပါ။ နားဝင်ချိုစကားပြောခဲ့မိခြင်း ဖြစ်ပါသည်။ အရည်မရ အဖတ်မရ စကားဖြစ်ပါသည်။ တစ်အောင့်မျှကြာလျှင် ပရိသတ်သည် ငြိမ်သက်သွားသည်။ ဆရာတော်များ ကြွလာခြင်းကြောင့်ဖြစ်၏။ ဆရာတော်က သရဏဂုံပေး ဂါထာရွတ်ဆိုသည်။ ငါးပါးသီလ ခံယူကြပါသည်။ သေသူကို သရဏဂုံတင်ပေးသည်ဟု အလွယ်သိကြသည်။ သရဏဂုံတင်သည့်ကိစ္စစပ်လျဉ်း၍ ကျွန်တော့ခံစားချက်အား ကိုအောင်မြတ်သာကို ဖွင့်ပြောမိပါသည်။ ” သေသွားတဲ့ ဦးဘရှင်ကတော့ ကံကောင်းတယ်လို့ ဆိုရမှာပဲ။ သေတော့ သရဏဂုံတင်လိုက်ရသေးတယ်နော်။ ခင်ဗျားတို့၊ ကျွန်တော်တို့သာ ဘယ်မှာသေမယ်မှန်း မသိရဘူး။ မတော်လို့များ ရဟန်းသံဃာမရှိတဲ့ တောထဲတောင်ထဲသေရင်တော့ သရဏဂုံတင်ရမှာမဟုတ်ဘူးနော် ” ကိုအောင်မြတ်သာသည် အတွေးအခေါ် သိမ်ဖျင်းလှသည့်သူကို တွေ့ရဘိအလား ဂရုဏာသက်စွာ ကြည့်ပါသည်။ သူ့မျက်နှာရိပ်ကို အကဲဖမ်းခြင်းဖြင့် ကျွန်တော့၏ခံယူချက်ကို လက်မခံကြောင်း အထင်အရှားတွေ့ရသည်။ ” ဘယ်မှာသေသေ၊ ဘယ်လိုသေသေ ။ ကိုယ့်အဖို့ လုံခြုံရင် အဲဒါမလိုပါဘူး ”
ကိုအောင်မြတ်သာသည် ကန့်လန့်စကား၊ ခွကျကျစကား ပြန်ပြောသည်ဟု ထင်မိပါသည်။ ” သေရင်တော့ သရဏဂုံတင်မှ ဖြစ်မှာပေါ့ဗျ။ တော်ကြာအသေဖြောင့်မှာမဟုတ်ဘူး ” ကျွန်တော်က ဇွတ်အတင်းပင် သရဏဂုံတင်ဖို့သာ အလေးအနက်ပြောနေသည်။ အဘယ်အကြောင်းကြောင့် သရဏဂုံတင်ရသည်ကို သိသည်မဟုတ်ပါ။ သိတတ်သည့်အရွယ်မှ ယနေ့တိုင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အတိုင်း သေသူကို သရဏဂုံ တင်ပေးလေ့ရှိသည်ကို တွေ့မြင်နေရခြင်းကြောင့်ဖြစ်သည်။ ” သရဏဂုံဆိုတာ ဘာလဲ ” သူ့အမေးကို ဤသို့ပြန်ဖြေလိုက်ပါသည်။ ” ဗုဒ္ဓံ – မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။ ဓမ္မံ – တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ သံဃံ – သံဃာတော်မြတ်တို့ကို ကိုးကွယ်ဆည်းကပ်ပါ၏ ” ဤတွင်သူက – ” ခင်ဗျားက ကလေးအသိနဲ့ ဖြေတာကိုး။ ထားပါတော့၊ အခု ခင်ဗျားမြင်တဲ့အတိုင်း တရားနာတဲ့သူတွေက လိုက်ဆိုကြတယ်။ ဟုတ်တယ်နော် ” ဟု ဆိုသဖြင့် ကျွန်တော်သည် သူ့စကားကို အနည်းငယ် စိတ်ချဉ်ပေါက် စိတ်ခုသွားသဖြင့် – ” တရားနာပရိသတ်က လိုက်ဆိုပြီး သီလယူနေတာ ခင်ဗျားလည်း အမြင်ပဲဟာ ” ဟု ရုတ်ခြည်းတုံ့ပြန်လိုက်သည်။ ဤတွင် သူ့အမေးကြောင့် ငေါင်စင်းစင်းဖြစ်သွားရသည်။ ချောင်ပိတ်မိသွားသည့်နှယ် အခက်ကြုံရသည်။ ” ဟိုသေနေတဲ့ မသာကြီးကရော လိုက်ဆိုလို့လား။ လိုက်ပြီးမဆိုနိုင်တော့ သရဏဂုံတင်တာ ဟုတ်ပါ့မလား” ‘ ဟုတ်ပေသားပဲ’ ဟုတွေးကာ ခွန်းတုံ့မပြန်မိတော့ပါ ။
သူကဆက်၍ – ခင်ဗျားက သရဏဂုံ ( တင် ) နဲ့ သရဏဂုံ ( တည် ) တာ ဒီနှစ်ခု ရောနေတယ်။ တကယ်တော့ သရဏဂုံ ဆောက်တည်ရမယ်လို့ ပြောတာ။ ကျုပ်က အဲဒီ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တယ်။ တခြား ဘာကိုမှ မကိုးကွယ်ဘူး။ ကျုပ်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်ဗျာ။ စိတ်ချတယ်ဗျာ။ ခင်ဗျားပြောသလို ကျုပ်အဖို့ သေရင် သရဏဂုံတင်ဖို့ မလိုဘူးဗျ ” သာမန်နားထောင်ရုံမျှဖြင့် သူ၏စကားသည် နားကလောစရာ၊ နားကန့်လန့်ဖြစ်စရာ ဟု ထင်မှတ်ရသည်။
ဂွကျသည့်လူကြီးဟုပင် မရင်းနှီးသော သူ့အကြောင်းမသိသူများက ဆိုကြပေလိမ့်မည်။ ကိုအောင်မြတ်သာကို နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော် ပူဇော်ပွဲတွင် ထပ်မံတွေ့ဆုံပြီး ခင်မင်ရင်းနှီးခဲ့ပေသည်။ ကျွန်တော်တို့ ယာယီစံကျောင်းတွင် ဂေါတမမြတ်စွာဘုရားအား ပင့်ဆောင်ပူဇော်ရန် အလှည့်ကျ မဲပေါက်ပါသည်။ စံကျောင်းဝေယျာဝစ္စအဖွဲ့တွင် ကိုအောင်မြတ်သာနှင့်ကျွန်တော် ပါဝင်ပါသည်။ ပွဲတော်နောက်ဆုံးနေ့တွင် မြတ်စွာဘုရားအား အရုဏ်ဆွမ်း ကပ်လှူပူဇော်ပါသည်။ မြတ်စွာဘုရားအား ရည်စူးလျက် အပိုင်းရှိအိမ်တိုင်းတို့မှ လှူဖွယ်ပစ္စည်းများ လာရောက်ပေးပို့ လှူဒါန်းကြမြဲ ဖြစ်သည်။ အလင်းတိုင်၊ အမွှေးတိုင်၊ ပန်းပေါင်းစုံ စသော လှူဖွယ်ပစ္စည်းများအဖို့ ပြဿနာမရှိသော်ငြားလည်း စားသောက်ဖွယ်ကပ်လှူကြရာတွင် ပြဿနာပေါ်ပါတော့သည်။
ကိုအောင်မြတ်သာသည် မြတ်စွာဘုရားအား ဘောဇဉ် ကပ်လှူရာတွင် ဘုရားရှင် သက်တော်ထင်ရှားသည့်အလား ရည်မှန်းကာ ကပ်လှူပူဇော်ပေးပါသည်။ သူ့စေတနာသည် လှူဒါန်းသူတို့အတွတ် ဖြစ်ပေသည်။ ပန်းသီးများကို အခွံသင်ကာ အစိတ်စိတ်ခွဲသည်။ ငှက်ပျောသီးအခွံနွှာပြီး အပိုင်းပိုင်းလှီးသည်။ လိမ္မော်သီး၊ ကျွဲကောသီးတို့ကို အခွံခွာ၍ အမြွာလိုက် ပန်းကန်တွင်ထည့်ပြင်ပေးသည်။ ပါကင်ပိတ်ထားသော မုန့်၊ ကိတ် များကိုဖောက်ကာ ပန်းကန်ပြား၌ ထည့်သည်။ ယို ( ၉ )မျိုးနှင့် အခြားမုန့်များကို ဘူးများအတွင်းမှထုတ်ကာ ပန်းကန်များဖြင့် ကျကျနနပြင်ပြီး ဆွမ်းကပ်လှူပေးသည်။
မြတ်စွာဘုရား ပြန်ကြွသွားပြီးနောက်တွင် အခမ်းအနားပြီးလေပြီ။ ဤတွင် ပြဿနာစတော့သည်။ စောစောက မုန့်ဘူးလိုက်၊ သစ်သီးအလုံးလိုက်၊ ယိုဘူးများ လှူထားသူတို့က သူတို့နာမည် ကမ္ပည်းထိုးထားသည့်အတိုင်း ပြန်လာတောင်းခြင်းဖြစ်လေသည်။ ပေးစရာမုန့်၊ သစ်သီးများ မရှိတော့။ မကျန်တော့။ ဆွမ်းတော်စွန့်သော ဘောဇဉ်အဖြစ် ကလေး၊ လူကြီးအားလုံးဝေငှပြီးသွားလေသည်။ မပြောသာသော်လည်း မကျေမနပ်ဖြစ်ကာ ပြန်သွားကြသည်။ ကိုအောင်မြတ်သာသည် စတန့်ထွင် မလုပ်ကြောင်း သူ့အိမ်သို့ အလည်အပတ်ရောက်သည့်အခါတွင်မှ သိရပါတော့သည်။
တစ်နေ့တွင် သူ့အိမ်သို့ မွန်းမလွဲခင်ရောက်သွားပါသည်။ ကျွန်တော်က ဘုရားဆောင်းအား စူးစမ်းနေသည်ကို သတိထားမိဟန်ရှိသည်။ သူက – ” မဏ္ဍပ်မှာ ပြဿနာတက်တာ အဲဒီကိစ္စပဲဗျ။ စဉ်းစားကြည့်လေ၊ ဘုရားရှေ့မှာ အလှအပတင်ထား၊ ပွဲပြီးတော့ ပြန်ယူသွား။ အဲဒါ ဘာအဓိပ္ပာယ်ရှိမလဲဗျာ။ ကျွန်တော့ ဘုရားကျောင်းဆောင်ကို ကြည့်ဗျာ။ သူပြောသည့်အတိုင်းတွေ့ရသည်။ ဆွမ်းတစ်ပွဲ၊ ဟင်းတစ်ပွဲ ငှက်ပျောသီးအခွံနွှာပြီး အတုံးကလေးများလှီးထားသည်။ သောက်တော်ရေခွက်ထားရှိသည်။ ဇွန်းတစ်ချောင်းစီထားပေးသည်။ လက်သုတ်ပဝါသေးသေးလေးက ဘေးနားမှာကပ်လျက်။ အလှအပအဖြစ်တင်ထားသော သစ်သီးဝလံများ မတွေ့ရ။ ကျွန်တော် သူ၏ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူတည်ဆောက်ပုံကို သဘောတွေ့မိပေသည်။

သွားတော့မည့်သူ၏အမှာစကား –

ကိုအောင်မြတ်သာသည် အစိုးရတာဝန်ဖြင့် ရှမ်းပြည်နယ်ကလောမြို့သို့ တာဝန်ကျပါသည်။ မခင်ဖုန်းမှာ ကလေးတွေနဲ့မို့ လိုက်ပါမသွားနိုင်ပေ။ ( ၁ ) နှစ်ခန့်အကြာတွင် သူနှင့်ပြန်ဆုံမိပါသည်။ စေတီတော်၏ထီးတော်ကို ကြည့်မြင်တိုင် ပန်းတဉ်းတန်း ( ပဒင်းတန်း ) တွင် လာရောက်ပင့်ဆောင်ခြင်း ဖြစ်သည်။ သူ စေတီတစ်ဆူ တည်နေကြောင်းကိုတော့ ကျွန်တော့ကိုပြောပြသွားသည်။
နောက် ( ၆ ) လ အကြာတွင်တော့ ရန်ကုန်သို့ အပြီးပြောင်းရွှေ့လာပါသည်။ ကျန်းမာရေးမကောင်းရှာပါ။ အဆုတ်ကင်ဆာ ဝေဒနာကို ခံစားနေရရှာပြီဖြစ်သည်။ ကျွန်တော်သည် သူ့အား နှစ်သိမ့်ရန် သွားတွေ့ခဲ့ပါသည်။
” ကျုပ်ရဲ့သက်တမ်းက ပြီးသွားပါပြီ။ ခင်ဖုန်းကို သေသေချာချာ မှာထားခဲ့ပြီးပြီဗျာ ” ကျွန်တော် အားပေးစကား ပြောလိုသော်လည်း သူ့မျက်နှာရိပ်ကဲသည် အားလျော့ ညှိုးငယ်ဟန်မရှိ။ ဝေဒနာကြောင့်သာ မျက်နှာနွမ်းနယ်နေသည်။ နောက်ဆံငင်သော အတွေးဖြင့် ငေးငေးငိုင်ငိုင် ဖြစ်မနေပါ။ သာမန်ခရီး ထွက်တော့မည်သကဲ့သို့ ပြောနေပါသည်။ ကျိန်းသေပေါက် သေဆုံးရမည့်သူကို ကျွန်တော်သည် ‘ အားမလျော့ပါနဲ့ ‘ဟု ပြောရန် ဝန်လေးမိသည်။ သေတော့မည်ကို သူဘာအကြောင်းကြောင့် မထိတ်လန့်ရသနည်း။ ကျွန်တော်သာဆိုလျှင် သူ့ကဲ့သို့ တည်တည်ငြိမ်ငြိမ် နေနိုင်မည်မဟုတ် ။ လာတော့မည့် သေမင်းကို ကျီးလန့်စာစား မျှော်နေမိမည် ဖြစ်သည်။ သူ၏ဇနီး မခင်ဖုန်းသည် ခင်ပွန်းသည်ရှေ့၌ ဟန်ဆောင်နေရသော်လည်း ကွယ်ရာတွင် ရှိုက်၍ရှိုက်၍ ငိုနေပေလိမ့်မည်။ မိန်းမသားပေကိုး။
ကိုအောင်မြတ်သာ ကွယ်လွန်ချိန်တွင် ကျွန်တော် ခရီးသွားခိုက်ကြုံသဖြင့် သူ့ရက်လည်ကိုပင် မမီလိုက်ရပါ။ ကျန်ရစ်သူ မခင်ဖုန်းအား နှစ်သိမ့်စကားပြောရန်သာ သွားရောက်ခဲ့ပါသည်။ အားပေးစကားပြောကြားရမည် ဖြစ်သော်လည်း မခင်ဖုန်း၏ ပြောကြားချက်များကသာ ကျွန်တော့အတွတ် အားပေးတိုက်တွန်းစကားများ ဖြစ်ရပါတော့သည်။ ကျွန်တော်သည် မခင်ဖုန်းအား လွမ်းလွမ်းဆွေးဆွေး မျက်နှာထားအပူရုပ်ဖြင့် တွေ့ရမည်ဟုထင်ပါသည်။ သို့သော် သူ့ကို တည်ငြိမ်စွာတွေ့ရသဖြင့် အံ့ဩမိသည်။ ” သိပ်အားမငယ်ပါနဲ့ဗျာ၊ သူ့လိုလူက ကောင်းရာသုဂတိကို သွားမှာပါ။ အလှူအတန်းလေး ဘာလေးလုပ်၊ အမျှအတန်း ဝေပေးပေါ့ဗျာ” ကျွန်တော်သည် လူရည်တတ်ကြီးလုပ်ကာ ဘာသာရေးဩဝါဒကို ခြွေမိပါသည်။ သို့သော် မခင်ဖုန်း၏စကားကြောင့် ကျွန်တော်သည် ကြောင်တိကြောင်တောင်ဖြစ်ကာ သူ့မျက်နှာအား တအံ့တဩ ကြည့်လိုက်ပါသည်။ ” ဘာဆိုဘာမှ လုပ်ဖို့မလိုပါဘူးရှင် ” ” ဗျာ – ဘယ်လို၊ ဘယ်လို ပြောပါဦးဗျာ ” မခင်ဖုန်းသည် လွမ်းဆွေးရိပ်ကင်းသော မျက်နှာဖြင့် အောက်ပါအတိုင်း ပြောပြပါတော့သည်။
ကိုအောင်မြတ်သာမသေဆုံးမီ ( ၃ ) ရက်တွင်ဖြစ်သည်။ ကိုအောင်မြတ်သာသည် ပက်လက်အနေအထားဖြင့် နေရရှာသည်။ အစားအစာမဝင်တော့ပဲ ရေကို နှုတ်ခမ်းတွင် ဆွတ်ပေးရသည်။ ကိုအောင်မြတ်သာက တိုးညင်းသော အသံဖြင့် – ” ခင်ဖုန်း – မှာထားတဲ့အတိုင်းလုပ်နော်။ အသံဗလံ မကြားချင်တော့ဘူး။ ကိုယ်တရားမှတ်နေပြီ ” တရားမှတ်နေပြီဆိုတာ မခင်ဖုန်း မသိခဲ့။ သူတရားစခန်းဝင်သည်ကို သူနှင့်ရှိစဉ်က မတွေ့ဘူးခဲ့။ ကလောတွင်တော့ မပြောတတ်။ ကလောက ပြန်လာပြီးကတည်းက မနက်၊ ည ဘုရားရှစ်ခိုးပြီး ( ၁ ) နာရီခန့် ငြိမ်ငြိမ်လေး ထိုင်နေသည်ကိုတော့ သတိပြုမိသည်။ တရားဓမ္မနှင့်စပ်လျဉ်းပြီး တစ်ခါမျှ ဆွေးနွေးဘူးသည်မဟုတ်။ ကိုအောင်မြတ်သာသည် နံနက်စောစောတွင် ကွယ်လွန်သွားပါသည်။ မခင်ဖုန်းလည်း သေသူ၏ဆန္ဒအရ နေ့ချင်းသင်္ဂြိုဟ်လိုက်ရသည်။
ရက်လည်သောညတွင် အိပ်မက်မြင်မက်လေသည်။ ” အကို – ညီမဘာလုပ်ပေးရဦးမှာလဲ။ အစ်ကို့အတွတ် သံဃာတော်တွေကို ဆွမ်းပင့်ကျွေးရဦးမလား” မခင်ဖုန်းသည် ငိုသံကြီးနှင့်မေးလိုက်သည် ။ ” ငါ့အတွတ် ဘာမှလုပ်ပေးဖို့ မလိုဘူး။ အခု ကလောအလွန် တောစပ်က စေတီမှာ ခဏနေပြီး အဆင့်မြင့်ဘုံကို ကူးတော့မယ် ” ဟု ပြောပြီး ကိုအောင်မြတ်သာ ပျောက်ကွယ်သွားသည်။ အိပ်ရာမှနိုးလေသော် မခင်ဖုန်းသည် မစဉ်းစားတတ်အောင် တွေဝေမိသည်။ သူကြားဘူးတာက အလှူလုပ်ပေးဖို့၊ အမျှအတန်းဝေဖို့၊ နေစရာမရှိလို့ စိတ်မချလို့ စသဖြင့်သာကြားဘူးသည်။ ယခု ‘ ဘာမှမလို ‘ ဟုပြောသည်ကို စိတ်တွင်းမှာ ဘဝင်မကျ။
ကိုအောင်မြတ်သာသည် သူ့ကျင့်စဉ်နှင့်အညီ ဆိုင်ရာဘုံဘဝသို့ တက်လှမ်းသွားသည်ကို မခင်ဖုန်း လုံးဝယုံကြည်သွားပေသည်။ မခင်ဖုန်းတစ်ယောက် စိတ်အေးလက်အေး နေနိုင်သည်ကို ယခုမှပင် ကျွန်တော် သဘောပေါက်မိပါသည်။ ကျွန်တော် သဘောပေါက်သည်ဟု ဆိုရသော်ငြားလည်း တမလွန်အတွက်သော်လည်းကောင်း၊ ရင်ဆိုင်ရမည့် သေခြင်းအတွက်သော် လည်းကောင်း တစ်စုံတစ်ခုသော ပြင်ဆင်မှု မရှိသေးကြောင်း အထိတ်တလန့် သိရှိလိုက်ရပါတော့သည်။

ဟိန်းဇေယာ – သူရဇ္ဇမဂ္ဂဇင်း – ၂၀၀၈ခုနှစ် – မတ်လ

F.F ဆိုဒ်ထဲကဖတ်မိတာလေးကိုရွာသားတွေအတွက်ကူးပေးလိုက်ပါတယ်

34 comments

  • moethidasoe

    May 3, 2011 at 10:35 am

    တောစပ်မှာ ခဏနေပြီး လို့ ပြောတယ် ဆိုရင် (အိပ်မက်ဆိုတာ စိတ်စွဲပြီးမက်တာမို့လို့ အမှန်လို့ မယူနိုင်သော်လည်း) အဲဒီအချိန်ကို မကျွတ်မလွတ်သေးတဲ့အချိန်၊ တစ်နည်း ၊ ပြိတ္တာဘုံမှာ ရှိနေသေးတယ်လို့ အဓိပ္ပါယ် ရတယ် .. အထက်ကို မရောက်သေးဘူး/ လူ့ဘဝကိုလဲ ပြန်မရသေးဘူး လို့ ဆိုနိုင်တယ် ..

  • nature

    May 3, 2011 at 11:15 am

    သေဖို့သာပြင်ပေတော့ဆိုတဲ့စကားကို ကြိမ်းမောင်းတဲ့စကားလို့အများကယူဆကြတယ်၊ တကယ်သာဒီစကားအဓိပါယ်ကို သိပြီးလိုက်နာနိုင်ရင် ကောင်းရာသုဂတိရောက်စေနိုင်ပါတယ်။ သေဖို့ပြင်ဆင်ပုံလေးကမှတ်သားစရာပါပဲ။ သာဓု၊သာဓု၊သာဓု။

  • bigbird

    May 3, 2011 at 3:29 pm

    ဟုတ်တယ်..သေခါနီး ကိုယ့်အနားမှာ ငိုယိုနေတဲ့သူတွေဟာ ကိုယ့်ကိုအောက်ဆွဲချကြမဲ့သူတွေပါ။

  • kopauk mandalay

    May 3, 2011 at 3:54 pm

    သေချင်သေ သေရင်မြေကြီးပါကွယ်
    ရှင်ရင်လဲ ရွှေထီးကိုတော့မောင်မမျှော်မှန်းတယ်…………………………
    အဲဒါသွားလေသူ တွံတေးသိန်းတန်ရဲ့ သီချင်းစာသားပါ
    ကျနော်ကတော့ ဒီအတိုင်းခံယူထားပါတယ်။

  • mihninlay

    May 4, 2011 at 12:48 am

    ဦးပေါက်ကတွံတေးသိန်းတန်လဲဖြစ်တာပဲနော့

  • bigcat

    May 4, 2011 at 5:27 am

    ဝိနည်းမှာ သံဃာတော်တွေ သစ်သီးကို ကိုယ့်ဖာသာ ခွဲစိတ်မစားကောင်းလို့ ပါတယ်မှတ်တယ်။ ဒါကြောင့် ရဟန်းတော်များက ကပ္ပိယကို ခွဲစိတ်ပြီး ကပ်ခိုင်းရတယ်။ ဒါကြောင့် အချို့က ဘုရားဆွမ်းတော်တင်ရင် သစ်သီးအလုံးလိုက် မတင်ကောင်းဘူးလို့ ဆိုတယ်။ စိတ်သာ အဓိကမိုလို့ ပြသနာမဟုတ်ပေမဲ့ သိထားရင်တော့ နဲနဲလောက် ဝါယမစိုက်ပြီး ခွဲစိတ်ကပ်တာ ပိုကောင်းတာပေါ့…

  • kai

    May 4, 2011 at 8:58 am

    ရဟန်းကို ဆွမ်းကပ်ရင်တော့ .. သေသေချာချာ ပြုပြင်ပြင်ဆင်တာမျိုး ..လုပ်သင့်တယ်ယူဆပေမဲ့.. ဆင်းတုတော်က.. မလိုပါဘူး..။
    ရည်ရွယ်ရည်မှန်းတာဖြစ်တာမို ့.. ကိုယ့်အလိုဆန္ဒပြည်ရင်ပြီးတာပဲ..။
    ပြန်စွန့်ပြီးတာကို.. လူတွေစားနိုင်တာမျိုးဆိုရင်တော့ တကယ်ကိုကုသိုလ်ရပြီး.. ပိုကောင်းပါတယ်..။

    ကြောင်တွေစား..ကြွက်တွေလာ..ခွေးတွေဝါး.. ကျီးကန်းတွေအုံ..။ ပုရွတ်ဆိတ်တွေတက်..ယင်တွေဥ..
    အောင်မလေး… နဲနဲနောနော အကုသိုလ်တွေမဟုတ်…။
    ရမှာ..ရမှာ… ရဦးမှာ…။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 4, 2011 at 5:56 pm

    ကျွန်တော်ငယ်ငယ်က ခြံဘေးက အဖွားတစ်ယောက်ဆုံးသွားတယ်ဗျ
    ဖြစ်ပုံက ဒီအဖွားက အဲ့သည်အိမ်ရဲ့လက်ဝတ်ရတနာတွေကို သိမ်းထားတာလေ
    တောရွာလည်းဖြစ် နယ်မြေကလည်းမအေးချမ်းတော့
    အဲ့သည်လက်ဝတ်ရတနာတွေကို
    ထင်းရုံရဲ့အထည်းမှာ ထင်းတွေရဲ့အောက်မှာတွင်းတူးပြီးမြှုပ်ထားတာ
    ( ရွာမှာက ထင်းတွေကို တဲသားသားလေးဆောက်ပြီးထားတာ အဲ့ဒါကို ထင်းရုံလို့ခေါ်တယ်လေ )
    တစ်နေ့အဲ့သည်အဖွားဆုံးသွားပါလေရော
    အတွင်းပစ္စည်းတွေရှာမတွေ့လို့ခေါင်းစားနေကြတယ်
    ရက်လည်ဆွမ်းလည်းကြွေးပြီးပြီ
    ဟာ….ခြောက်တယ်ဗျို့
    ကျွန်တော်တော့မထိဘူး
    ကျွန်တော်တို့နေတဲ့ကုန်းမှာက ခရစ်ယန်ဘာသာဝင်တွေလည်းရှိတယ်
    လူတော်တော်များများထိတာ
    ဒီအဖွားဆုံးသွားတာလူတိုင်းသိတာဘဲ
    ပြဿနာက ညနေဘက်လောက်ဆို အိမ်ရှေ့ကဖြတ်သွားရင်
    မန်ကျီးပင်ကြီးအာက်မှာ အမှောင်ထဲမှာရပ်နေတာတို့
    ကပ်လာပြီးမသဲကွဲတဲ့ပုံတို့နဲ့ကိုခြောက်တာ
    အဲ့သည်ခရစ်ယန်တွေရောဖြုံကုန်တယ်
    တစ်ပတ်ကျော်ကျော်ကြာတယ်
    တစ်နေ့အိမ်သားတစ်ယောက်ကို အိပ်မက်ပေးတယ်
    ပစ္စည်းတွေရှိတဲ့နေရာကို
    ဝမ်းသာအားရနဲ့တူးကြတော့ရတယ်ဗျို့ အထုပ်လိုက်ဘဲ
    ဒါကကြုံလို့ပါ
    ခုဇာတ်ထုပ်မှာက သူဘယ်ဘုံဘယ်ဘယ်ဘဝရောက်တယ်ဆိုတာကို
    အိပ်မက်ပေးတယ်ဆိုတာက အိပ်မက်သူစိတ်စွဲလို့ဖြစ်မယ်ထင်တာဘဲ
    ဆိုလိုတာက စုတိကျတဲ့သူဟာ
    နောင်ကျန်ခဲ့တဲ့သူကို အိပ်မက်လာပြန်ပေးတယ်ဆိုတာ
    ကျန်ရစ်သူကိုစိတ်စွဲနေတဲ့သဘောရှိပြန်ပါတယ်
    စွဲတဲ့စိတ်နဲ့သေရင် မကျွတ်နိုင်ပါဘူး
    ဒါကြောင့်ကွယ်လွန်သူက မကွယ်လွန်ခင် ဘာမှမလုပ်ဘို့မှာထားပြီး
    ကွယ်လွန်ပြီးမှ အိပ်မက်လာပြန်ပေးတယ်ဆိုတာ
    အဘိဓမ္မာနဲ့ 🙂 မကိုက်ဘူးလို့ဆိုခြင်ပါတယ်
    ( ဒါက ကိုယ်သိသလောက်လေးနဲ့ဖောလ်ကြည့်တာပါ အဘိဓမ္မာဆိုတာ ဘာမှန်းမသိပါဘူးနော )

    • kai

      May 4, 2011 at 6:18 pm

      ပြောရရင်..
      အဲဒီအဘိဓမ္မာကလည်း ..ဘုရားဟောမဟုတ်ပါဘူး..။
      ဆိုတော့..တဆင့်ပြန်ဟောတယ်ဆိုတဲ့… ရှင်သာရိပုတ္တရာဟောလည်း … မဟုတ်ပါဘူး..။
      ဘုရားပရိနိဗ္ဗာန်စံပြီးပြီးချင်း… ပထမသံဃာယနာမှာ.. အဘိဓမ္မာကျမ်းအားလုံးမှ မပါတာ..။

      တတိယသံဃာယနာမှာမှ… ထိုးသွင်းသပ်လျှိုမှု အားလုံးပြီးပြည့်စုံသွားတယ်… ပြောရမှာပဲ..။
      မယုံရင်.. အိန္ဒိယက.. ဘာသာရေးနဲ့ပါမောက္ခဖြစ်နေသူတွေမေးကြည့်..။
      ပါးစပ်လက်ဝါးနဲ့ အုပ်ပြီး.. ခွိခွိ ပြလိမ့်မယ်..။

      ဆိုတော့…
      အဲဒီအဘိဓမ္မာထဲမှာတောင်…
      ရုပ်နဲ့နာမ်က ခွဲခြားလို့ရဘူး..။ ဖြစ်တဲ့နေရာပျက်တယ်..။
      သေပြီးရင်.. ဝိဉာဉ်လိုလို အကောင်မဖြစ်ဖူး..။
      ဘဝ..ဘဝသံသရာဆိုတာ…လောက်လန်းသဖွယ် ဝိညာဉ်တွယ်တဲ့..။
      အဲဒီလိုဆိုတယ်..။

      • bigcat

        May 6, 2011 at 3:46 am

        ရုပ်နဲ့နာမ်ခွဲမရစကောင်းဆိုတာ ဟုတ်ပါတယ် ဒါပေမဲ့ လောကီလူသားများအတွက်ပါ။ ဝိပဿနာညဏ်စဉ်မှာ အအောက်ဆုံးအဆင့် နာမရူပရိစ္ဆေဒညဏ်ကိုရရင် ရုပ်နဲ့နာမ်ကို ခွဲခြားမြင်ကောင်းပါတယ်။ အဲဒီညဏ်ကမှစလို့ သမ္မာဒိဋ္ဌိဆိုတဲ့ မှန်ကန်တဲ့အမြင်ကို လက်တွေ့ရပြီး မဂ္ဂင်ရှစ်ပါးလမ်းကြောင်းပေါက်ပါတယ်။ အတိတ်မှာ ရုပ်ကမ္မဌာန်းရှုခဲ့သူက ရုပ်ကနေ နာမ်ကူးပြီး ရူပနာမပရိစ္ဆေဒညဏ် ဖြစ်ပါတယ်။ နာမ်ကမ္မဌာန်းရှုခဲ့သူက နာမ်ကနေရုပ်ကူးပြီး နာမရူပပရိစ္ဆေဒညဏ် ပေါက်ပါတယ်။ အဲဒီညဏ်ပေါက်ရင် အာနာပါန အသက်ရှုကမ္မဌာန်းလုပ်တဲ့အခါ ထိမှုရုပ်ကသတ်သတ် သိမှုနာမ်ကသတ်သတ် ရှုခြင်းဝေဒနာကသတ်သတ် ဖြစ်နေတဲ့ အသိစိတ်ဝင်ပါတယ်။ အခြားနေမှုထိုင်မှု သတိပဌာန်တွေမှာလည်း အလားတူ အသိဖြစ်ပါတယ်။
        ပညာရှိ သဂျီးဖြစ်ခဲ စကားပုံရှိလို့ နဲနဲဝင်ပြောတာပါ။ သဂျီးနဲ့ဆိုလိုရင်း တူမယ်ထင်ပါတယ်…

  • weiwei

    May 6, 2011 at 3:58 am

    သူကြီးက ပိဋိကတ် သုံးပုံကို သေချာလေ့လာထားပြီးပြီလား ?
    တတိယ သံဃာယတနာတင်တုန်းက အက္ခရာနဲ့တင်ခဲ့ပါတယ် … အဲဒီပုဂ္ဂိုလ်တွေက ရဟန္တာများဖြစ်ပါတယ် … ပိဋိကတ်သုံးပုံမှာ မြတ်စွာဘုရားရဲ့ တရားတော်တွေအားလုံး မပါဝင်နိုင်သည့်တိုင်အောင် လိုတိုးပိုလျော့ လုပ်ထားမှာ မဟုတ်ပါဘူး …
    ကျွန်မတို့တွေက ပရိယတ္တိစာပေကို အသေးစိတ်လေ့လာသင်ယူလိုက်စားနေသူများ မဟုတ်တဲ့အတွက် စာတစ်ကြောင်း စာတစ်ပိုဒ်ကို ဖတ်ကြည့်ရုံနဲ့ နားလည်နိုင်မှာမဟုတ်ဘူးလို့ ထင်ပါတယ် … ဓမ္မဆိုတာ ဉာဏ်အလုပ်ဖြစ်တဲ့အတွက် တကယ့်အသိ ပညာပါမှသာ ရေးတေးတေး နားလည်နိုင်မှာဖြစ်ပါကြောင်း …

  • weiwei

    May 6, 2011 at 4:05 am

    တကယ့် ပညာပိုင်းဆိုင်ရာကိစ္စတွေမှာ little knowledge is very dangerous လို့ ပြောကြပါတယ် …
    သင်ခဲ့ဖူးတဲ့ တရုတ်ကဗျာတစ်ပိုဒ်ကို သတိရမိတယ် ….
    အထပ်တွေ တစ်ထပ်ပြီး တစ်ထပ် ပိုမြင့်လာတိုင်း ဟိုးအဝေး အဝေးကို ပိုပိုပြီးမြင်လာနိုင်တယ်တဲ့ …
    ဗုဒ္ဓဘာသာရဲ့ ဝိပသနာဉာဏ်လုပ်ငန်းစဉ်တွေမှာ တဆင့်ပြီးတဆင့်တက်လာတိုင်း ပိုပြီး သိနိုင် မြင်နိုင် နားလည်နိုင်ပါလိမ့်မယ် …. အောက်ဆုံးထပ်ကနေ ထိုင်ကြည့်ပြီး ကိုယ်မြင်သလောက်ကို အကုန်ပဲလို့ ထင်နေတာထက် အပေါ်ထပ်ပို တစ်ထပ်လောက် တက်ကြည့်လိုက်ရင် အသိနဲနဲပိုတိုးလာမှာဖြစ်လို့ အပေါ်မှာအထပ်တွေအများကြီးရှိပါသေးတယ် .. တက်ကြည့်ကြပါအုန်းလို့ တိုက်တွန်းချင်ပါတယ် …

    • kai

      May 6, 2011 at 9:08 am

      ဒီခေတ်ကြီးမှာ..အချက်အလက်ကို မလိုက်ပဲ. ကိုယ်မှန်တယ်ထင်တဲ့…စိတ်ဆန္ဒအတိုင်းသာ လုပ်နေရင်တော့.. နှလုံးသားကပိတ်မိနေမှာပဲ..။
      .. အိနိ္ဒယကနေ.. အဘိဓမ္မာအထူးပြုနဲ့.. ဒေါက်တာဘွဲ ့ယူထားသူရှိတယ်.။ ဘာသာရေး၊ ဖီလိုဆိုဖီနဲ့..ဒေါက်တာဘွဲ့ရထားသူတွေရှိတယ်..။ အချက်အလက်တွေပဲလိုက်တဲ့.. သမိုင်းပညာရှင်တွေရှိတယ်..။
      သူတို့ကို .. မြန်မာတွေဘာတွေဖြစ်နေသလည်း.. ချည်းကပ်မေးသင့်တယ်..။
      မှတ်သားစရာတခုက… သံဃာယနာတင်ထားတဲ့.. ပိဋိကတ် သုံးပုံဆိုတာက .. ထေရဝါဒဗုဒ္ဓဘာသာကပဲလက်ခံတာ…။

      ဗုဒ္ဓက ..အိနိ္ဒယနဲ့ နီပေါမှာ ပွင့်ခဲ့တာ..။
      မြန်မာတွေဟာ.. ဗုဒ္ဓတရားတွေကို သေသေချာချာလေ့လာချင်ရင်.. အိနိ္ဒယပြန်သွားရမှာပဲ..။
      လူသန်း၅ဝတောင်မပြည့်တဲ့.. ကမ္ဘာအလယ်မှာ နိုင်ငံရေး. စီးပွားရေး. ယဉ်ကျေးမှု.. တော်တော်များများ..ကျဆင်းနေတဲ့ တိုင်းပြည်ရဲ့ ဘာသာရေးအတွေးအခေါ်ကို အခြေခံပြီး ..ဗုဒ္ဓရဲ့..တရားတွေကို မြန်မာပြည်က လူတွေကသာ.. အမှန်တွေချည်းသိနားလည်သလို ရေးနေပြောနေကြတာတွေ့ရတော့.. စိတ်တော်တော်လေးမိတာပဲ..။

      ကမ္ဘာ့လူဥိးရေသန်း၆၅၀ဝကျော်ရယ်..။ ဗုဒ္ဓပွင့်ချိန်ထက် နှစ်အများကြိးပိုစောတဲ့..ယဉ်ကျေးမှု လူနေမှုအဖွဲ့အစည်းတွေရယ်.. ။ အတွေးအခေါ်တွေမျိုးစုံ ထွက်ခဲ့..ထွက်နေ..ထွက်လာဆဲ လူသားတွေရယ်ကို တော်တော်လျှော့တွက်လွန်းရာကျနေတယ်..။
      ==============
      တတိယသံဃာယနာမှာ တင်ခဲ့တာသူတွေက ..ရဟန္တာတွေလို ့.. သူတို့ကပဲပြောတာပါပဲ..။ သူတို့ဆိုတာ…..ထေရဝါဒဗုဒ္ဓဘာသာဝင်လူနည်းစုကပါ..။

      ဗုဒ္ဓရဲ့တရားမှာ ..မှန်မမှန်တိုက်စစ်လို့ရတဲ့ အချက်အလက်တွေရှိတယ်..။
      တခုနဲ့တခု.. အကျိုးအကြောင်း အပြန်အလှန်မချေဖျက်ရဘူး..။
      တရားဂုဏ်တော်နဲ့ညီရတယ်..။

      ဆိုတော့.. ပိဋိကတ်သုံးပုံထဲ..ရှေ ့နောက်မညီဖြစ်နေတာ အများကြိးပဲ..ကိန်းဂဏန်းတွေပါလာရင် ပိုသိသာတာပဲ..။
      ဒီခေတ်လိုလူတိုင်းလိုလို ဂဏန်းသချင်္ာနားလည်..။ လိုချင်တာကို အင်တာနက်ကနေ.. ကမ္ဘာ့တက္ကသိုလ်စာကြည့်တိုက်တွေထဲမွှေလို့ရတဲ့ခေတ်မှာ… အဖြေမှန်ရှာဖို့..အင်မတန်လွယ်တယ်..။ ဟုတ်မဟုတ်လည်းချက်ချင်းကို သိသာတယ်..။

      “A little knowledge is a dangerous thing. So is a lot.”
      — Albert Einstein
      ====================
      Abhidhamma Pitaka Origins

      Tradition[3] holds that the Buddha thought the Abhidhamma out immediately after his enlightenment then taught it to the gods some years later. Later the Buddha repeated it to Sariputta who then handed it on to his disciples. This tradition is also evident in the Parivara, a very late addition to the Vinaya Pitaka,[4] which mentions in a concluding verse of praise to the Buddha that this best of creatures, the lion, taught the three pitakas..[5]

      Scholars, however, generally date the Abhidhamma works to originating some time around the third century BCE, 100 to 200 years after the death of the Buddha. Therefore the seven Abhidhamma works are generally claimed by scholars not to represent the words of the Buddha himself, but those of disciples and scholars.[6] Dr Rupert Gethin however said that important elements of abhidhamma methodology probably go back to the Buddha’s lifetime.[7] A. K. Warder and Dr Peter Harvey both suggested early dates for the matikas on which most of the Abidhamma books are based. Abhidhamma started out as elaboration of the suttas,[dubious – discuss] but later developed independent doctrines.[8]

      As the last major division of the canon, the Abhidhamma Pitaka has had a checkered history. It was not accepted as canonical by the Mahasanghika school[dubious – discuss][1][9] and several other schools[dubious – discuss].[10] Another school included most of the Khuddaka Nikaya within the Abhidhamma Pitaka.[1] Also, the Pali version of the Abhidhamma is a strictly Theravada collection, and has little in common with the Abhidhamma works recognized by other Buddhist schools.[11] The various Abhidhamma philosophies of the various early schools have no agreement on doctrine[12] and belong to the period of ‘Divided Buddhism'[12] (as opposed to Undivided Buddhism). The earliest texts of the Pali Canon have no mention of (the texts of) the Abhidhamma Pitaka.[13] The Abhidhamma is also not mentioned in some reports of the First Buddhist Council, which do mention the existence of the texts of the Vinaya and either the five Nikayas[14] or the four Agamas.[15] Other accounts do include the Abhidhamma.[16]

      In the Theravadin Abhidhamma Pitaka, unlike the Abhidharma Pitaka of the Sarvastivada school, ontological theorizing is absent, and the question of ontological status of dharmas remains a moot point. The notion of sabhava (Sanskrit: svabhava) is only utilized in late Theravadin texts.[17] The doctrine of momentariness is also a late addition to Theravada thought.[18] It only appears at the time of Buddhaghosa.[19]

    • Foreign Resident

      July 10, 2011 at 7:26 am

      Dear villagers,
      1. I am a Buddhist (devoted).
      2. I organized some Wi Pat Tha Nar Meditation Sessions ( ဝိပဿနာစခန်း ),
      when I was in Myanmar.
      ( those Meditation Sessions were done by strictly following of အဘိဓမ္မာ ပိဋိကတ် )
      3. So far, I still trust the methods in “အဘိဓမ္မာ ပိဋိကတ်” are true.
      In fact, I really want to be proud for our (Buddhist) religion. Really.
      But, fact is fact & you must be logical & rational.
      The following facts are correct & we have to admit,
      (1) အဘိဓမ္မာ ပိဋိကတ် က.. ဘုရားကိုယ်တိုင်ဟောမဟုတ်ပါဘူး..။
      (2) ရှင်သာရိပုတ္တရာဟောလည်း … မဟုတ်ပါဘူး..။
      (3) ပဌမသံဂါယနာ၊ ဒုတိယသံဂါယနာတွင် မပါဝင်ပါ..။
      (4) တတိယသံဂါယနာတွင်မှ ရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် ဦးဆောင်၍ ပကရဏခုနစ်ကျမ်းအဖြစ် ပါဝင်ပါသည်..။
      If you ask to “ပညာတတ်တဲ့ ဆရာတော်ကြီးတွေ”, they will answer the same.
      “တတိယသံဃာယနာမှာ တင်ခဲ့သူတွေက ..ရဟန္တာတွေ”
      I want to know, who said & how do they know ???
      We need proofs/evidences instead of emotional saying & myths.
      But, in my opinion,
      I do not say the methods/ways in “အဘိဓမ္မာ ပိဋိကတ်” are wrong &
      I still trust the methods/ways in “အဘိဓမ္မာ ပိဋိကတ်” are true.

  • mihninlay

    May 6, 2011 at 4:17 am

    သေပြီးသူရဲ ့ဝိဉာဉ်ကိုခေါ်ပြီးမေးလို ့ရတဲ့ပညာကိုလဲတကယ်ရှိမရှိပြောပေးကြပါအုံး

  • moethidasoe

    May 6, 2011 at 4:54 am

    ကြို့ပင်ကောက် လေချွန်နတ် ဆိုတာ အဲဒါမျိုးပဲ .. အဆင့်နိမ့် ပြိတ္တာတွေကို နတ်ထဲမှာလဲ အဆင့်နိမ့်သေးတဲ့ နတ်တွေက မေးကြတယ်လို့ ဆိုတယ် .. အဲဒီကြို့ပင်ကောက်မှာ အဖွားကြီးကို အဆင့်နိမ့်နတ်တစ်ပါးက ကူညီတဲ့အနေနဲ့ လာမေးတဲ့လူတွေရဲ့ အမေးတွေနဲ့ ဆက်စပ်တဲ့ သူတွေ ပြိတ္တာဖြစ်နေသေးရင် ခေါ်ပေးတယ် .. လူပြန်ဖြစ်နေသူတွေ နတ်တွေ အထက်ဘုံရောက်သူတွေ တိရစာ္ဆန် ဖြစ်နေသူတွေ ငရဲရောက်နေသူတွေကိုတော့ မခေါ်ပေးနို်င်ဘူး .. ခေါ်လို့ရပြီဆိုရင် သေချာတာက ပြိတ္တာပဲ

  • paukpauk

    May 6, 2011 at 1:52 pm

    အင်္ဂလိပ်လိုရေးထားတိုင်း အမှန်မထင်ပါနဲ့ သူကြီး။
    တတ်နိုင်ရင် မြန်မာလိုပြန်ပြီးဝေဖန်ပေးပါ။

    မခိုင်မာတဲ့ နေရာမို့ သာသနာ မတည်တံ့နိုင်ခဲ့တာဆိုတာလဲ သတိပြုပါ။
    လက်မခံနိုင်တဲ့ အတွေးအခေါ်တွေ အသာစီးရလို့သာ အန္ဒိယဟာ ဗုဒ္ဒသာသနာကွယ်လု ဖြစ်ခဲ့တာပါ။

    အင်တာနက်မှာ တွေ့ရတဲ့ စာအုပ်သတင်းတိုင်း ခိုင်မာတယ် မပြောနိုင်ပါဘူး။
    ခိုင်မာရှေးကျတဲ့ စာအုပ်တွေ အင်တာနက်မှာ ရှာလို့မရတာတွေ အများကြီးရှိပါတယ်။
    အရမ်းဈေးကြီးတယ်။

    သာသနာကွယ်ရင် အရင်ဆုံး အဘိဓမ္မာ ကွယ်တယ်ဆိုလားပဲ။
    အဲဒါ မှန်တယ်ဆိုရင် သူကြီးကသာသနာကွယ်အောင်လုပ်သူဖြစ်နေလိမ့်မယ်နော်။
    (ဗုဒ္ဒဘာသာဝင်ဖြစ်တယ်ဆိုရင်ပေါ့)

  • ဆူး

    May 6, 2011 at 3:36 pm

    သဂျီးကို အနုနည်းကော အကြမ်းနည်းပါ မကျန် ပြောလာတာ.. ပြောပါများတော့ အားနာလာတယ်။ ပြောရမှာ စိတ်ပျက်မိလာတယ်။ ဘုန်းကြီး တစ္ဆေ ဆိုတာ ပရိတ်ရွတ်မရဘူးဆိုတာ သဂျီးလို လူစားမျိုးဖြစ်နေတာ။
    စာအဖတ်နာတယ် ဆိုပြီး အားလုံးကိုတော့ ဖတ်သွားပါရဲ့… စာထဲက အနှစ်အရသာကို သေချာ မသိဘူး။ ဟင်းအိုးထဲက ယောင်းမ ဟင်းသာ မွေတာ ဟင်းအရသာ ချိုလား ငန်လား စပ်လား မသိသလို ဖြစ်နေတာ ဂရုဏာ သက်သလို စိတ်မကောင်းလည်း ဖြစ်မိတယ်။

    သူများ ပြောတာ မယုံနဲ့ ကိုယ်တိုင် လက်ခံ နိုင်မှ ယုံလို့ရတယ်။

    ဘာသာရေးနဲ့ ပတ်သတ်ရင် စာဖတ်ရင် ဟုတ်မဟုတ် အတွေးနဲ့ ယှဉ် ဖတ်တာ ကောင်းပါတယ်။

    အိန္ဒိယ ကိုလေ့လာသင့်တယ် ဆိုရင် ရောက်ဖူးလား မေးရမှာပဲ။
    အဲဒီ တိုင်းပြည်မှာ လူထူးလူဆန်းတွေ သိပ်များတယ်။ ပြောရင် လက်ခံမှာ မဟုတ်ဘူး အဲဒီ စကားကို… အဲဒီက လူတွေက ဘုရားစော်ကားထားလို့ ဒုက္ခတွေ များနေတာလို့ ပြောကြတယ်။ ဒုက္ခိတတွေ တော်တော် များတယ်။
    ဘုရားနယ်မြေ ဖြစ်ပေမဲ့ ဘုရားနယ်မြေမှန်း မသိ ချီးတက်ယိုထားတာ ကျော်ခွသွားပြီး ရှိခိုးဖို့ ထိုင်ရင်တောင် အောက်ကြည့်ရတယ်။ ဘုရားဆင်းတုတွေကို ပျက်သုန်းအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပြစ်လုပ်ထားလာ အပြစ်ကျေအောင် ခဲနဲ့ ထု ခိုင်းတယ်။ သမိုင်း အစ ဆိုတာ ဟုတ်တယ်.. သမိုင်းကို ထိန်းသိမ်းထားတဲ့ လူတွေ မကောင်းလို့ နေဝင်နေတဲ့ နေရာကြီးမှာ သွားရှာလို့ ဘာတွေ့မယ် ထင်သလဲ။ အာသောကမင်းကြီး အမှတ်အသားတွေကို ကျေးဇူးတင်ရဖို့ပဲ ရှိတယ်။ ဒီလောက်ဆို သဘောပေါက်။ ဘုရားဖြစ်စဉ် နေရာနဲ့ ပတ်သတ်ပြီး သမိုင်း ထဲမှာ ပျက်သုန်းအောင် အလုပ်ခံရတာတွေ ရှိတယ် ကိုယ့်ဟာကိုရှာဖတ်မလား ရှာပေးရမလား။ ကိုယ်တိုင် သွားလေ့လာရင်တော့ ပိုသိလာလိမ့်မယ်။

  • nature

    May 6, 2011 at 5:47 pm

    (ဗုဒ္ဓက ..အိနိ္ဒယနဲ့ နီပေါမှာ ပွင့်ခဲ့တာ..။
    မြန်မာတွေဟာ.. ဗုဒ္ဓတရားတွေကို သေသေချာချာလေ့လာချင်ရင်.. အိနိ္ဒယပြန်သွားရမှာပဲ..။)
    သူကြီးရဲ့စေတနာကိုလေးစားပါတယ်၊ မြတ်စွာဘုရားပရိနိဗာန်စံခါနီးမှာ အိနိ္ဒယနဲ့ နီပေါမှာ ဗုဒ္ဓတရားတော်တွေကွယ်ဗုဒ္ဓဘာသာကွယ်မယ်ဆိုတာကြိုသိလို့ ရတိုင်း ရပြည်ကို သာသနာပြုစေလွှတ်ခဲ့တာပါ။

  • kai

    May 6, 2011 at 10:09 pm

    အင်း..
    ကလေးတွေ..ကလေးမတွေခက်တော့တာပဲ..။
    သူကြီးကို ပြန်ဆုံးမနေတယ်..။ 🙂

    =====================
    သမိုင်းကို သင်တာ မအအောင်လို့..။
    – ဒေါက်တာသန်းထွန်း
    =====================
    အပေါ်က အဘိဓမ္မာအကြောင်းကို ကူးလာတာ.. အငြင်းပွားစရာဖြစ်မှာစိုးလို့ တခြား စာကြည့်တိုက်တွေက ရှာမကူးပဲ.. ဝိကီ ကကူးလာတာ..။
    အဲဒီမှာ ..မှားတယ်ထင်ရင် ဝင်ပြင်လို့ရတယ်..။ ကိုယ့်ဖက်ကသေချာရင်.. ပြင်လည်း ပြင်သင့်တယ်…။
    အဲဒီမှာ ရှိတာတွေက ကမ္ဘာ့လူသန်းရာချီဖတ်ပြီး အတည်ပြုထားတာတွေ..။

    A reader is someone who visits Wikipedia articles to read rather than edit the content. Editors, often referred to as Wikipedians if logged in, also read Wikipedia of course, but as well as reading they also edit the pages to help build the encyclopaedia.

    Wikipedia is now one of the top ten most visited websites on the Internet with the Main Page receiving about 150 million hits per month.[1]

    Wikipedia currently has 3,620,649 articles that are edited by 149,068 active editors. Therefore, as an encyclopaedia used as a reference source by readers – and the majority of visitors are in fact readers – it is important that pages and articles are optimised for this readership.

    အခုဟာက..
    – One plus Two equals Three
    မှားတယ်..။ အင်္ဂလိပ်လိုရေးထားတိုင်း အမှန်မထင်ပါနဲ့။

    – ၁ ရယ်.. ၂ရယ်ပေါင်းတော့.. ၃ ရပါတယ်..။
    သူများ ပြောတာ မယုံနဲ့ ကိုယ်တိုင် လက်ခံ နိုင်မှ ယုံလို့ရတယ်။

    – အင်း.. ၁ရယ်..၂ရယ်ပေါင်းတော့… ၃ ပါ။
    ဂရုဏာ သက်သလို စိတ်မကောင်းလည်း ဖြစ်မိတယ်။

    🙁 🙁 🙁 🙁 🙁 🙁

  • nature

    May 6, 2011 at 11:21 pm

    ကျနော်ကတော့ မြန်မာပြည်က ဗုဒ္ဓဘာသာကမူရင်း ဝီကီက copy ပါ။ အဲဒီလိုမြင်တယ်၊ သူကြီးနဲ့တော့အမြင်တူမယ်မထင်ဘူး၊ ဝီကီကိုအမှန်ယူမယ်ဆိုရင် အနောက်တိုင်း ကဗုဒ္ဓဘာသာကို ကိုးကွယ်ကြလို့လား၊ဗုဒ္ဓဘာသာအကြောင်းဘယ်လောက်သိမှာလဲ၊ မြန်မာပြည်ကဗုဒ္ဓဘာသာ ကိုသူတို့အမြင်တွေထည့်ပြီး ပြန်ထားတာလို့မြင်တယ်၊ သူကြီးရေ ဝီကီမှာပဲလမ်းဆုံးမနေနဲ့ဦး၊ 🙂 🙂

  • ဆူး

    May 7, 2011 at 5:55 am

    ဝီကီ ဆိုတာ အင်တာနက် ကြည့်တဲ့ လူတိုင်း ကြည့်နိုင်ပေမဲ့.. လောကကြီးမှာ သက်ရှိထင်ရှား ရှိနေတဲ့ ၁၈နှစ်အထက် လူသားတိုင်းကတော့ ဝီကီကို ကြည်မယ်လို့ မထင်ပါဘူး။ ပညာတတ်တဲ့ ဆရာတော်ကြီးတွေကို ချဉ်းကပ် မေးမြန်းသင့်တယ်။
    ပညာတတ်တဲ့ ဆရာတော်ကြီးတွေ တိုင်း ဝီကီ မှာ မကြည့်သလို ကြည့်မိလို့ မှားနေတယ် ထင်ရင်လည်း ပြင်ဖို့ ဆိုတာ ကွန်ပြူတာ မကျွမ်းကျင်တဲ့ အတွက် အခက်အခဲ ရှိတယ်။ တရားအားထုတ်မှု များတဲ့ ရဟန်းက အင်တာနက်မှာ အချိန်မဖြုန်းဘူး။ သူ့အလုပ်နဲ့ သူနေတယ်။ ပတ်ဝန်းကျင်က ဒကာ ဒကာမတွေကို မသိတာတွေ ဆုံးမပေးနေကြတယ်။ အခုခေတ်မှ စာတတ်ပေတတ် (နိုင်ငံခြား ဘာသာ) ရဟန်းငယ်တွေ ပေါ်ထွန်းလာကြတယ်။ ဒါတောင် ကြားဖူးတာ ရှိပါရဲ့.. ရဟန်းတပါးပြောတာ.. ဘုန်းကြီးစာကို ဒီမှာ သင်လည်းရပါတယ် ဟိုမှာသွားသင်တာ ဂုဏ်တခုအနေနဲ့ သွားသင်ကြတာပါတဲ့။ ဟိုမှာ သင်လို့ရတဲ့ လက်မှတ်က အများ အသိအမှတ်ပြု စေချင်လို့ သာသနာပြုတဲ့ အခါ အဆင့်တခု အနေနဲ့ ဖြစ်စေချင်တာလည်း ပါတယ်။ ဒီမှာ အစဉ်အဆက် သင်ကြားလာတဲ့ စာတွေက မှားတယ်ဆိုတာ မရှိဘူး။ အခုခေတ်က နိုင်ငံခြား ထွက်မှ ပညာတတ်တယ်လို့ သတ်မှတ်တဲ့ ခေတ်ဖြစ်နေကြတာပါတဲ့။
    အဘိဓမ္မာ ဆိုတာ..နိင်ငံတကာမှာ မြန်မာနိုင်ငံက ဆရာတော်များ ဦးဆောင်ပြီး သာသနာ ပြန့်ပွားအောင် လုပ်နေကြတာဖြစ်ပါတယ်။ နိုင်ငံခြားက ဆရာတော်တွေ လုပ်ချင် လုပ်မှာပေါ့.. သို့သော်.. သီတဂူ ဆရာတော် တို့ ဒေါက်တာ နန္ဒမာလာဘိဝံသ ဆိုတဲ့ ဆရာတော်တွေက ဇစ်မြစ် ဘယ်ကလဲ။
    သဂျီးလည်း ယူအက်စ် ရောက်ပြီး လောကကြီးကို မေ့နေပြီ။

  • padonmar

    May 7, 2011 at 2:30 pm

    သဂျီးက ပဋိပတ်မပါသောပရိယတ်ဖြစ်နေပါတယ်၊
    မြတ်စွာဘုရားရဲ့ဝါဒဟာ ဝိဘဇ္ဖဝါဒ ဝေဖန်ပိုင်းခြားလို့ရတယ် ဆိုတာ စာတွေ့သက်သက်နဲ့ ဝေဖန်ဖို့မဟုတ်ပါ၊
    အီတလီဘုန်းတော်ကြီး ဦးလောကနာထ လို ပုဂ္ဂိုလ်တွေ ခရစ်ယာန်ကနေ .ထေရဝါဒဗုဒ္ဓဘာသာဝင် ဖြစ်လာတာ လက်တွေ့လေ့လာလို့ပါ၊
    မျက်စိမှိတ်ပြီး ဝီကီနဲ့ မငြင်းနေပါနဲ့၊
    မြန်မာပြည်အထိပြန်လာလေ့လာဘို့မလိုပါ၊
    US လည်း ဝိပဿနာစခန်းတွေရှိပါတယ်၊
    မဟာစည်ဆရာတော်ကြီးရဲ့ အလုပ်ပေးတရားမှာ လေးလေးစားစားနဲ့စေ့စေ့စပ်စပ် စိပ်စိပ် မှတ်တဲ့သူတွေမှာ ၃-၄ ရက်ဆိုရင် နာမရူပပရိစ္ဆေဒညဏ် ရောက်နိုင်ပါတယ်တဲ့၊
    အဲဒီကနေ ပစ္စယပရိဂ္ဂဟဉာဏ် ခေါ်တဲ့ ကြောင်းကျိုးသိတဲ့ဉာဏ်ရောက်ရင် အဟေတုကဒိဌိ(အကြောင်းမရှိပဲဖြစ်နေတယ်) ဝိသမဟေတုကဒိဌိ (ဖန်ဆင်းရှင် ဝါဒ)
    တွေကလွတ်ပါလိမ့်မယ်၊ လေးလေးစားစားနဲ့ တိုက်တွန်းတာပါ၊

  • padonmar

    May 7, 2011 at 2:40 pm

    သဂျီး တခါရှာပေးတဲ့ အရှင်ကုမာရကဿပရဲ့ ကထာဝတ္ထု တရား ဟာ ဘုရားဟောမဟုတ်ပါ၊ဒါပေမယ့် ဘုရားက သာဓုခေါ်ရင် ဘုရားဟောနဲ့ အတူတူပဲလို့ သတ်မှတ်ပါတယ်၊
    ဘုရားဟောဟော ရှင်သာရိပုတ္တရာဟောဟော အနှစ်သာရကမှန်ဘို့ပါ၊
    အဘိဓမ္မာ က ကိုယ့် ခန္ဒာ အကြောင်းဟောတာဖြစ်တဲ့ အတွက် မရဘူးတဲ့ ဈာန်တွေ မဂ်ဖိုလ်တွေ ဖယ်ပြီး ကျန်တာ မှန်မမှန် တိုက်ကြည့်ပါ၊
    တရားတစ်ခု မှန်မမှန် စစ်ဖို့က အကျိုးရှိမရှိ ၊အပြစ်ကင်းမကင်းကြည့်ရပါတယ်၊
    ဓမ္မဒါသ (ဓမ္မကြေးမုံတရားမှာ)ပါပါတယ်၊

  • weiwei

    May 7, 2011 at 4:08 pm

    ဓမ္မဒါသတရား (တရားကြေးမုံ) ဆိုတာ မှန်နဲ့တူတဲ့တရား … တရားအားထုတ်ပြီးနောက် အဲဒီတရားကို နာလိုက်ရင် ကိုယ့်တစ်ယောက်ထဲကို ရည်ရွယ်ပြီး ဟောနေသလားလို့ ထင်ရလောက်အောင် မှန်ထဲမှာ ကိုယ့်အရိပ်ကို မြင်ရသလို ရှင်းလင်းပြတ်သားတဲ့ တရားဖြစ်ပါတယ် …

  • kai

    May 7, 2011 at 8:34 pm

    ၁၉၆၉ ခုနှစ် မြန်မာနိုင်ငံသုတေသန ဆွေးနွေးပွဲတွင်ဖတ်ကြားခဲ့သော စာတမ်း
    (ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ပါဠိဌာနမှ သုတေသီတစ်ဦး)

    ပါဠိအဘိဓမ္မာ ပိဋကတ်သမိုင်း
    အခန်း(၁)
    နိဒါန်း
    ကမ္ဘာ့ကိုးကွယ်မှုသမိုင်းတွင် မှတ်တမ်းတင်ကျန်ရစ်သော ဗုဒ္ဓဘာသာကို ရှေးဦးစွာ စတင်ဟောကြားခဲ့သော ဗုဒ္ဓမြတ်စွာသည် ခရစ်ကြိုနှစ်(၅၆၃)ခုနှစ်တွင် အိန္ဒိယပြည်၊ နီပေါနယ်စပ်အနီးရှိ လုမ္ဗိနီမည်သောအရပ်၌ မွေးဖွားတော်မူခဲ့သည်။ သက်တော်(၃၅)နှစ်အရွယ်တွင်သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူ၍ အိန္ဒိယပြည်အရှေ့အလယ်ပိုင်းရှိမဇ္ဇျိမဒေသခေါ်သော ကောသလနှင့် မဂဓတိုင်းတို့၌ကိုယ်တော်တိုင်ထိုးထွင်းသိရှိတော်မူခဲ့သော ဓမ္မအစုတို့ကို ဟောကြား ဖြန့်ချိတော်မူခဲ့သည်။

    လေးဆယ့်ငါးနှစ်မျှ သတ္တဝါအပေါင်းတို့၏ လောကုတ္တရာအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူပြီးနောက် သက်တော်ရှစ်ဆယ်အရွယ်တွင်ခရစ်ကြိုနှစ်(၄၈၀)ခုနှစ်ခန့်တွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဥတ္တရပရဒေ့ရှ်ဒေသနယ်အတွင်းရှိ ကုသိနာရုံမည်သောအရပ်တွင် ပရိနိဗ္ဗာန်စံတော်မူသည်။

    ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူသည်မှစ၍ ဗုဒ္ဓကိုယ်တော်တိုင် လေးဆယ့်ငါးနှစ်မျှ ညွှန်ကြားဆုံးမတော်မူခဲ့သော ဓမ္မနှင့် ဝိနယတို့ကို တပည့်သာဝကကြီးတို့သည် ခရစ်ကြို ရာစုနှစ်များအတွင်း သုံးကြိမ်မျှ သုတ်သင်တည်းဖြတ်ကြလျှက် နှုတ်ဖြင့်သာ သိမ်းဆည်းခဲ့ကြသည်။ နှောင်းခေတ်၌ သန့်ရှင်းစင်ကြယ်စေခြင်းငှာလည်း ပိဋက(ခြင်းတောင်း)ဟုအမည်တပ်၍ သုတ္တ၊ဝိနယ၊အဘိဓမ္မဟု သုံးပုံသုံးစု ခွဲခြားထားခဲ့ကြသည်။ နောင်အခါ စာပေအရေးအသား တွင်ကျယ်ထွန်းကားလာသော အက္ခရာခေတ်တွင် ယင်းပိဋကတ်တော်ကို နှုတ်တိုက်စာပေအဖြစ်မှ်စာပေအဖြစ်သို့ ပြောင်းလဲ မှတ်တမ်းတင်ခဲ့ကြသည်။

    ထိုသို့ အက္ခရာအဖြစ် ကူပြောင်းမှတ်သားကြရာ၌ သုံးစွဲသောဘာသာစကားကို မူ အားဖြင့် နှစ်မျိုးမျှ တွေ့ရသည်။ အိန္ဒိယနိုင်ငံတော်မြောက်ဘက်ဒေသများသို့ ထွန်းကားပြန့်နှံ့ခဲ့သော ဗုဒ္ဓဝါဒီတို့သည် မိမိတို့၏ ပိဋကတ်တော်ကို သက္ကတစစ်ဘာသာ၊ သက္ကတအရောဘာသာတိုု့ဖြင့် ရေးမှတ်ထားကြသည်။ ထို့ကြောင် ၎င်းတို့၏အဆိုအမိန့်များကို သက္ကတဗုဒ္ဓဘာသာစာပေဟု ထင်ရှားသည်။

    ထို့အတူ အိန္ဒိယပြည် တောင်ပိုင်းဒေသများသို့ ရွေ့ဆင်းလာ၍သီဟိုဠ်ကျွန်း၊ မြန်မာပြည်စသည့် နိုင်ငံများသို့ ရောက်ရှိပြန့်နှံ့သွားသောဂိုဏ်းကမူ မိမိတို့၏ ပိဋကတ်စာပေစုကို ပါဠိဟုခေါ်သော ပြာကတဘာသာတမျိုးဖြင့် ရေးသားမှတ် တမ်းတင်ကြသည်။ ဤစာပေစုသည်ပါဠိဗုဒ္ဓဘာသာစာပေဟု ထင်ရှားသည်။ သို့ဖြစ်၍ဗုဒ္ဓဘာသာဝင်တို့၏ပိဋကတ်တော်များသည် မူအားဖြင့် သက္ကတမူအနေဖြင့်၎င်း၊ ပါဠိမူအနေဖြင့်၎င်း နှစ်မျိုး တွေ့ရှိရလေသည်။

    ဤသို့ ဘာသာစကားအရ ခြားနားနေကြသော ပိဋကတ်စာပေနှစ်ရပ်တို့ကို နှိုင်းယှဉ်ကြည့်ရာ ရင်းနှီးစွာ တူညီနေကြသော အကြောင်းအရာများကို တွေ့ရှိရလေသည်။

    အထူးအားဖြင့် ပဌမနှစ်ဆူဖြစ်သော သုတ္တပိဋကနှင့်ဝိနယပိဋကတို့သည် မူနှစ်စောင်စလုံး၊ များစွာကိုက်ညီနေကြသည်။ သို့သော် နောက်ဆုံးအဘိဓမ္မာပိဋကနှစ်ရပ်တို့၌ကား သိသာထင်ရှားသော ခြားနားချက်အများ ရှိနေကြသည်။

    ဤပိဋကနှစ်မူရှိ ကျမ်းဂန်အရ လွန်စွာခြားနားနေကြသည်။
    ..
    ..
    ..
    ..
    .
    ..
    အခန်း(၁၀)
    နိဂုံး

    အထက်တွင်ဖော်ပြခဲ့သော အကြောင်းအရာအသီးသီးတို့သည် သက္ကတအဘိဓမ္မနှင့် ပါဠိအဘိဓမ္မ(အဘိဓမ္မပိဋက) နှစ်ဆူတို့၏အနှစ်သာရနှင့် ပတ်သက်၍၎င်း၊ နိဒါန်းနှင့်ပတ်သက်၍၎င်း၊ သမိုင်းကြောင်းနှင့် ပတ်သက်၍၎င်း တွေ့ရှိမှတ်သားရသမျှသော စာပေ အထောက်အထားတို့ကို ဗဟုသုတလို့ငှာ တင်ပြခြင်းဖြစ်ပါသည်။

    ”အဘိဓမ္မပိဋကသည် ဗုဒ္ဓဝစနများ ဖြစ်ကြပါ၏လော”

    ”အဘိဓမ္မပိဋကသည် သံဂါယနာသုံးတန် တင်ခဲ့ရာ၌ ပါဝင်ကြပါ၏လော ”

    ဟူသည့်မေးခွန်းများနှင့်ပတ်သက်၌လည်း သက်ဆိုင်ရာ စာပေအမှတ်အသားတို့ကို တင်ပြခဲ့ပြီး ဖြစ်ပါသည်။

    စင်စစ်အားဖြင့် ပါဠိအဘိဓမ္မပိဋကနှင့် ပတ်သက်၍၊ထေရဝါဒဂိုဏ်းအတွင်း၌ပင် သံသယမှုများ အတန်စောသောကာလကစ၍ ပေါ်ပေါက်ခဲ့ဖူးပြီး ဖြစ်သည်။ ဗုဒ္ဓဃောသမထေရ်၏ခေတ်တွင်ပင် အလားတူပြဿနာများ ပေါ်ပေါက်နေကြပြီးဖြစ်သည်မှာအဋ္ဌသာလိနီနိဒါန်း၌ ထင်ရှားနေပါသည်။

    ဤစာတမ်းတွင် ယင်းပြဿနာနှင့်ပတ်သက်သော ပါဠိ၊သက္ကတ ဗုဒ္ဓစာပေ မှတ်တမ်းတို့ကို နှိုင်းယှဉ်တင်ပြထားပါသည်။

    ဤမျှဆိုလျင်ပင် ဗုဒ္ဓုပ္ပတ္တိ၊ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓစာပေ၊ဗုဒ္ဓယဉ်ကျေးမှု စသည်တို့ကိုလေ့လာရာ၌ ပါဠိစာပေနယ် တမျိုးတည်းသည် အကုန်အစင်မဟုတ်သေးကြောင်း ထင်ရှားပြီး ဖြစ်ပါသည်။

    မြန်မာနိုင်ငံ၌ လက်ခံကျင့်သုံးနေသော ထေရဝါဒဗုဒ္ဓဘာသာသည်၎င်း၊ ပါဠိပိဋကတ်တော်သည်၎င်း ဗုဒ္ဓဘာသာဂိုဏ်းကွဲ၊စာပေကွဲတို့အနက် ရှေးအကျဆုံးနှင့် အခိုင်ခန့်ဆုံး၊ အမှန်ကန်ဆုံး ဖြစ်သည်မှာလည်း ယုံမှားဖွယ်မရှိ။ သို့သော် အချို့အချို့သော အဆိုအမိန့်တို့သည် ဂိုဏ်းကွဲများအတွင်း၌သာ သီးခြားလက်ခံထားသော အဆိုအမိန့်များ ဖြစ်ကြ၍၊ အချို့အချို့သော စာပေဆိုင်ရာ တွေးခေါ်မြော်မြင်မှုဆိုင်ရာအချက်အလက်တို့မှာလည်း ဝါဒကွဲများအလိုက် ထွန်းကားတိုးတက်လာသော အကြောင်းရင်းများသာ ဖြစ်ကြသည်ကိုလည်းလက်ခံကြရပါမည်။

    အထူးအားဖြင့် ဆန်းသစ်သော အတွေးအခေါ်တို့သည်ခေတ်၏ ကောင်း-ဆိုးမှုအပေါ်တွင် အနည်းနှင့်အများမှီလျက် တိုးတက်လာသောသဘော ရှိနေသည်ဖြစ်၊ စာပေနှင့်ပတ်ဝန်းကျင် မကင်းနိုင်ကြပုံကိုလည်း နှလုံးသွင်းသင့်လှပါသည်။

    မည်သို့ပင်ရှိပါစေ၊ ပါဠိအဘိဓမ္မပိဋကကို ဝေဖန်ဆန်းစစ်ကြရာ၌ နှိုင်းယှဉ်လေ့လာဖွယ် သက္ကတအဘိဓမ္မပိဋကတဆူ ရှိနေသေးသည်ဟူသော အချက်ကိုသတိထားမိကြလျှင် ဤစာတမ်း၏ရည်ရွယ်ချက် ပြည့်ဝပြီး ဖြစ်ပါသည်။

    ——————————————————————————————————————————
    ဤစာတမ်းအပေါ် စာရေးကူးသူ၏ တွေ့ရှိသုံးသပ်ချက်(မှတ်စု)

    ၁။ ယနေ့ရှိနေသော အဘိဓမ္မပိဋကကို ယနေ့ လေ့ကျက်၊သင်ယူမှတ်သား၊ ရွတ်ဖတ်သရဇ္ဗာယ်မှု ပြုနေကြသည့်အတိုင်း ဗုဒ္ဓဘုရားရှင် ကိုယ်တိုင်ကိုယ်ကျ ဟောကြားခဲ့ခြင်း အထောက်အထား မတွေ့ရ ကြောင်း။

    ၂။ ဗုဒ္ဓဝင်အဋ္ဌကထာများလာ သတ္တသတ္တာဟရှိ ရတနာဃရသတ္တာဟဟူသည် မရှိကြောင်း၊ ဝိနည်းစူဠဝါအရပင် ထင်ရှားနေသဖြင့်ဗုဒ္ဓဘာသာဝင်အများ ယနေ့ယုံကြည်နေသကဲ့သို့ အဘိဓမ္မာခုနစ်ကျမ်းကို ဘုရားရှင် သုံးသပ်ရာတွင် ပဋ္ဌာန်းကျမ်းသုံးသပ်သဖြင့် ရောင်ခြည်တော်ခြောက်သွယ်ပေါ်ထွက်ခါ စကြာဝဠာတံတိုင်းသို့ယနေ့ထိ ပြေးသွားနိုင်ဖွယ် ရှိနိုင်မည် မဟုတ်ပါကြောင်း။

    ၃။ ပါဠိအဘိဓမ္မပိဋက(ဝါ) အဘိဓမ္မာခုနစ်ကျမ်းကို ပဌမသံဂါယနာ၊ဒုတိယသံဂါယနာတွင် သံဂါယနာတင်ထေရ်အရှင်တို့က စုစည်းခဲ့ခြင်းလည်း မရှိ၊ တတိယသံဂါယနာတွင်မှ ရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် ဦးဆောင်၍ ပကရဏခုနစ်ကျမ်းအဖြစ် ရွတ်ဆိုကြောင်းသံဂါယနာသမိုင်းကြောင်းအရ စိစစ်တွေ့ရှိရသဖြင့် ဗုဒ္ဓဘာသိတအစစ်ဟုမဆိုနိုင်ပါကြောင်း။

    ၄။ ရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌသာလိနီနိဒါန်းပါ ဘုရားရှင်ခုနစ်ဝါမြောက် သာဝတ္တိပြည် ကဏ္ဍဥယျာဉ်မှူး၏ သရက်ဖြူပင်ရင်း၌ရေမီးအစုံအစုံ ယမကပြာဋိဟာပြပြီး တာဝတိံသာနတ်ပြည်သို့ နှစ်လှမ်း (သုံးဖဝါး)ဖြင့် ြွကသွား၍၊ ဝါတွင်းသုံးလပတ်လုံး မယ်တော်နတ်သားအမှူးထားခါ အဘိဓမ္မာခုနစ်ကျမ်းကို ဟောကြားသည် ဟူသည်မှာလည်းအထောက်အကိုး မခိုင်လုံ၊ မိမိတို့အယူ ခိုင်မြဲစိမ့်သောငှာ ဘုရားရှင်ကိုအရှိထက် အလွန်အမင်း မြင့်တင်ပြီး အမှန်တရား ဖော်ပြသူတို့ကိုထိန်းချုပ်သည့်ဟန်တွေ့ရ၍ တရားမမြင်သဖြင့် ဘုရားရှင်အစစ်ပါပျောက်ဆုံးနေကြောင်း။ အဘိဓမ္မနိဒါန်းသည် လူကိုလွန်သော ထိုးဇာတ်ဖြစ်နေသဖြင့် တဆက်တည်းမှာပင် ဘုရားရှင်သည် ‘တန်ခိုးမပြရ’ဟူသော ကိုယ်တိုင်မြစ်သည့် ပညတ်ချက်ကိုလွန်၍ ယမကပြာဋိဟာပြသည်ဆိုသည်မှာလည်း ‘ယထာကာရီ တထာဝါဒီ၊ယထာဝါဒီ တထာကာရီ’ဟူသော ဘုရားရှင်၏ ဂုဏ်ကို ညှိုးနွမ်းစေသဖြင့် ယမကပြာဋိဟာပြ၍ တာဝတိံသာသို့ တန်ခိုးဖြင့် ြွကသည် ဆိုသည်မှာ အမှန်မယူနိုင်တော့ကြောင်း။

    ၅။ အဘိဓမ္မပိဋကသည် ထေရဝါဒဂိုဏ်းကွဲအသီးသီးတို့၏သီးခြားလက်ခံထားသော အဆိုအမိန့်များသာဖြစ်၍၊ သုတ္တပိဋကကို အများဆုံးမှီးကြောင်း။ အထူးသဖြင့် ဒီဃနိကာယဝင် ရှင်မဟာသာရိပုတ္တရာ ဟောကြားအပ်သော (ဘုရားကိုယ်တိုင်ဟောမဟုတ်) သင်္ဂီတိသုတ္တနှင့် ဒသုတ္တရသုတ္တတို့ကို ဖွင့်ဆိုချက်များ ဖြစ်ကြကြောင်း ဖော်ထုတ်နိုင်ပါသည်။

    ၆။ ဗုဒ္ဓဝစန=ဗုဒ္ဓဘာသိတအမှန်ကို စေ့ငုရှာဖွေ၍ ဓမ္မစစ်ကိုသိမြင် ကျင့်သုံးနိုင်ကြပါစေကုန်သတည်း။ ။
    ====================================================
    ====================================================
    ဒီကနေ အပေါ်က စာတွေက ..စာတန်းပါစာတွေဖြစ်ပါတယ်..။
    ကျုပ်အာဘော်တခုမှထည့်မထားပါဘူး..

    မြန်မာလိုမှ ဖတ်ချင်သူတွေအတွက်..စာတမ်းအပြည့်အစုံ (၁ဝခန်းလုံး)ကို .ဖတ်ချင်ရင်… အီးမေးလ်နဲ့ပို ့ပေးပါမယ်..။ ဒါက မြန်မာ နိုင်ငံတော်အဆင့် အသိအမှတ်ပြုထားတဲ့စာတမ်းပါ..။

    အဘိဓမ္မာအထူးပြုနဲ့.. အိန္ဒိယတက္ကသိုလ်က ဒေါက်တာဘွဲ ့ရထားတဲ့သူနဲ့ မေးမြန်းချင်ရင်လည်း သူ့အမည်ကို ပေးပါမယ်..။ မြန်မာလူမျိုးပါပဲ..။ အနိ္ဒယမှာဆရာလုပ်ခဲ့ပြီး အခု ယူအက်စ်မှာနေပါတယ်..။
    သူကတော့ ဒါတွေကိုမဖြေချင်ဘူးဆိုထားပေမဲ့.. သိပ်သိချင်နေရင်.. ကိုယ်တိုင် စုံစမ်းကြိုးစားမေးကြဖို့ပါပဲ..။ အိနိ္ဒယ၊ ယူအက်စ်အရောက်လာနေဖို့မလိုပါဘူး.။ အီးမေးလ်၊ ဖုံးနဲ့မေးလို့ရပါတယ်..။

    နောက်တဆင့်အနေနဲ့.. ဝိပဿနာ ဘာလည်းဘယ်လည်းရေးမလားလို့..။ 🙂 🙂
    ===============================================
    အထူးမှတ်ချက်။ ။ အဘိဓမ္မာ ဘုရားဟော မဟုတ်ဟု ထင်ရှားစေချင်းအတွက်.. (ဓမ္မာကို တကယ်နားလည်သူများအနေနှင့်).. ဂေါတမဘုရားရှင်၏ ဓမ္မတို့မှာ ပိုမို ထွန်းပြောင်သန့်ရှင်းသွားရန်သာရှိသည်ဟု ယုံကြည်ပါသည်။ ဗုဒ္ဓ၏ ဂုဏ်တော်တို့ တစိုးတစိမှ ပွန်းပဲ့ထိခို်က်သွားမည်မဟုတ်ဟု ခို်င်ခိုင်မာမာယုံကြည်ကြောင်း…။
    ဗုဒ္ဓဝစန=ဗုဒ္ဓဘာသိတအမှန်ကို စေ့ငုရှာဖွေ၍ ဓမ္မစစ်ကိုသိမြင် ကျင့်သုံးနိုင်ကြပါစေကုန်သတည်း။ ။

    • bigcat

      May 7, 2011 at 11:22 pm

      သဂျီး လက်တွေ့တရားမထိုင်သမျှ ဘာပြောပြော လက်မခံပါဗျို့…….

    • eros

      May 8, 2011 at 2:23 pm

      သူကြီးရေ ကျွန်တော့်ကိုလဲ ပို့ပါဗျိုး။ ဒါပေမယ့် အဲဒီလူက ဒါတွေ ဘာလို့ မဖြေချင်ရတာလဲ။ ပထမ သံဃာယနာတင်တာ ဘာတွေပဲပါတယ် သိချင်တယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 8, 2011 at 1:13 am

    ကျွန်တော့်ဆီကိုပို့ပေးစေလိုပါတယ်
    ဖတ်ကြည့်ပါဦးမယ်
    ဒီလိုဆို
    အဘိဓမ္မာရဲ့သဘောတွေက မှားနေတယ်လို့ဆိုလိုတာလား

  • nature

    May 8, 2011 at 12:38 pm

    (မြန်မာနိုင်ငံ၌ လက်ခံကျင့်သုံးနေသော ထေရဝါဒဗုဒ္ဓဘာသာသည်၎င်း၊ ပါဠိပိဋကတ်တော်သည်၎င်း ဗုဒ္ဓဘာသာဂိုဏ်းကွဲ၊စာပေကွဲတို့အနက် ရှေးအကျဆုံးနှင့် အခိုင်ခန့်ဆုံး၊ အမှန်ကန်ဆုံး ဖြစ်သည်မှာလည်း ယုံမှားဖွယ်မရှိ။ ) …
    အဲဒီစာလေးကတော်တော်ကောင်းပါတယ်၊အတိအကျမှန်ပါတယ်။

  • ဆူး

    May 8, 2011 at 1:53 pm

    မဇ္ဈိမဒေသဆိုတာ အတွေးအခေါ်ပေါင်းဆုံရာဒေသကြီးဖြစ်ခဲ့ဖူးပါတယ်။ ဗုဒ္ဓဟာ မဇ္ဈိမဒေသရဲ့ အတွေးအခေါ်အရဲရင့်ဆုံးအချိန်၊ လူတို့ သစ္စာတရားအဆာလောင်ဆုံးအချိန်မှာ ပွင့်ထွန်းပေါ်ပေါက်ခဲ့တယ်ရယ်လို့ ကမာ္ဘသမိုင်းပညာရှင်တွေ ဆိုစမှတ်ပြုကြတယ်။ သစ္စာတရား ရှာဖွေပုံရှာဖွေနည်းတွေလည်း မျိုးစုံအောင်များခဲ့တယ်။ အဲဒီခေတ်က အယူဝါဒတွေ မှိုလိုပေါက်နေကြတာ ဘယ်လောက်တောင် ဆွေးနွေးငြင်းခုံနေကြရမလဲဆိုတာ မှန်းကြည့်နိုင်လောက်ပါတယ်။ ဗုဒ္ဓလည်း အဲဒီ အယူဝါဒကွဲပြားသူတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရပါတယ်။ ဘာသာခြားတွေ၊ အယူဝါဒ ကွဲပြားသူတွေနဲ့ပါတ်သတ်လို့ ဗုဒ္ဓဘယ်လိုသဘောထားခဲ့သလဲဆိုတာ သူတို့နဲ့ထိပ်တိုက်တွေ့ဆုံတဲ့ ဆွေးနွေးခန်းတွေကို လေ့လာကြည့်ရင်သိနိုင်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓရဲ့ ဘာသာခြားရေးမူဝါဒလို့ ဆိုနိုင်မလားပဲ။ အခု နိဂြောဓပရိဗိုဇ် နဲ့ဆွေးနွေးခန်းမှာလဲ ဗုဒ္ဓရဲ့ ဘာသာခြားရေးမူဝါဒကို တစ်စိတ်တစ်ပိုင်းအနေနဲ့ လေ့လာနိုင်မယ်ထင်ပါတယ်။ နည်းနည်းတော့ ရှည်တယ်။ ဒါပေမယ့် ဆုံးအောင်ဖတ်ပြီးရင် အကျိုးတော့ရှိပါလိမ့်မယ်။

    ပထမဆုံး နိဂြောဓပရိဗိုဇ် ကိုမိတ်ဆက်ပေးဖို့လိုပါတယ်။ သူကနယ်နယ်ရရ ပုဂ္ဂိုလ်တော့မဟုတ်ဘူး။ ရာဇဂြိုလ်ပြည် ဥဒုမ္ဗရိကာ မိဖုရားကြီးကတောင်မှ ကျောင်းတော်အကြီးကြီးဆောက်လုပ်ပြီး အကိုးကွယ်ထားရ သူဖြစ်တယ်။ ကျောင်းနေတပည့်တပန်းတင်ပဲ သုံးထောင်ကျော်ရှိတယ်။ နိဂြောဓပရိဗိုဇ် ရဲ့အယူဝါဒကိုတင်ပြဖို့ အဲဒီခေတ်အခြေအနေနောက်ခံကိုပါ သိထားရင်ပိုကောင်းပါလိမ့်မယ်။ အဲဒီခေတ်က သစ္စာတရားရှာဖွေတဲ့ အယူဝါဒတွေ အမျိုးမျိုးရှိခဲ့တယ်ဆိုတာ အပေါ်မှာပြောပြခဲ့ပြီးပါပြီ။ သံသရာဆိုတာရှိတယ်ဆိုတဲ့အမြင် မရှိဘူးဆိုတဲ့အမြင်၊ နောက်ဘဝ ရှိတယ်ဆိုတဲ့အမြင် မရှိဘူးဆိုတဲ့အမြင်၊ ထာဝရတည်မြဲနေတဲ့ ဝိညာဏ် (ဗုဒ္ဓအဘိဓမ္မာမှာတော့ အတ္တ) ခန္ဓာကိုယ်ထဲမှာ ရှိတယ်ဆိုတဲ့အမြင်၊ အနတ္တပဲလို့ မြင်တဲ့အမြင် (ထာဝရတည်မြဲနေတဲ့ ဝိညာဏ်မရှိ၊ ဘာမှအမြဲမရှိ- တနည်းအားဖြင့် ဗုဒ္ဓဝါဒ)၊ ဘဝကို စည်းစိမ်ချမ်းသာခံစားရင်း ကုန်ဆုံးသင့်တယ်ဆိုတဲ့အမြင်၊ ဘဝကို တဏှာရာဂမှလွတ်မြောက်အောင် ကြိုးစားရင် ကုန်ဆုံးသင့်တယ်ဆိုတဲ့အမြင် စသည် စသည်ဖြင့် အမျိုးမျိုးပါပဲ။

    အဲဒီအမျိုးမျိုးထဲကမှ ရာဂ၊ ကိလေသာ၊ ဘဝတဏှာ တွေကနေ လွတ်မြောက်အောင်ဆိုပြီး မိမိကိုယ်ကိုညှဉ်းပန်းနှိပ်စက်တဲ့ အဝတ်မဝတ်၊ အစား ဝအောင်မစား၊ အိမ်မှာမနေပဲ တောမှာနေ၊ မြေကြီးမှာအိပ် စသဖြင့် အရမ်းပြင်းထန်တဲ့အကျင့်ကိုကျင့်ကြတဲ့ (ဂျိမ်းဘုရား – မဟာဝိရတို့လို) တပေါဇိဂုစ္ဆာဝါဒ ဆိုတာရှိခဲ့ဖူးတယ်။ အဲဒီခေတ်က လောကသစ္စာတရားရှာဖွေကြတဲ့သူတွေ တော်တော်များများကလည်း အလွန်ကျင့်ကြံနိုင်ကြသူတွေ၊ အားထုတ်နိုင်ကြသူတွေ၊ စွန့်လွတ်နိုင်ကြသူတွေပဲဆိုပြီး လေးစား အားကျကြတယ်။ ဗုဒ္ဓကိုယ်တိုင်တောင်မှ လမ်းမှန်မတွေ့သေးမှီ ကိုယ့်ကိုယ်ကိုညှဉ်းပန်းပြီး ပြင်းပြင်းထန်ထန်ကျင့်တဲ့အကျင့်၊ သာမန်လူတွေကျင့်နိုင်ခဲတဲ့အကျင့် ဒုက္ကရစရိယာကို ကျင့်မိခဲ့သေးတာဆိုတော့ ဘယ်လောက်တောင် ခေတ်စားပြီး အရာရောက်နေတဲ့ အကျင့်လဲဆိုတာ ခန့်မှန်းကြည့်နိုင်တယ်။ ဗုဒ္ဓဝါဒရဲ့ သစ္စာလေးပါး+မဂ္ဂင်ရှစ်ပါး အနှစ်သာရကို မတွေ့မသိဖူးတဲ့သူတွေကတော့ ဗုဒ္ဓဝါဒထက် တပေါဇိဂုစ္ဆာဂိုဏ်းကို ပိုပြီးမြင့်တဲ့နေရာမှာထားကြတယ်။ ဥဒုမ္ဗရိကာ မိဖုရာကြီးအပါအဝင်ပေါ့။ နိဂြောဓပရိဗိုဇ်ရဲ့ အယူဝါဒက တပေါဇိဂုစ္ဆာဝါဒလမ်းကိုလိုက်ပေမယ့် အဲဒီလောက်မပြင်းထန်ဘူး။ အဓိဇေဂုစ္ဆာဝါဒ လိုခေါ်တယ်။ လှူဒါန်းတဲ့ကျောင်းတော်မှာနေသေးတယ်၊ လှူဒါန်းတဲ့ ထမင်းဟင်းကိုစားသေးတယ်၊ လူတို့ကြားမှာနေပြီး လူတွေကို သစ္စာတရားဟောကြားဆုံးမကြသေးတယ်။ သို့ပေမယ့်လို့ တဏှာကင်းရာကင်းကြောင်း ကျင့်ကြံရာမှာတော့ တပေါဇိဂုစ္ဆာဝါဒီတွေအတိုင်း လိုက်နာကျင့်ကြံကြတယ်။ နောက်ပြီး နိဂြောဓပရိပိုဇ်က အဓိဇေဂုစ္ဆာဂိုဏ်းကို တည်ထောင်သူတော့မဟုတ်သေးဘူး။ ဂိုဏ်းခေါင်းဆောင်အဖြစ် အမွေဆက်ခံတဲ့သူသာဖြစ်တယ်။ ဒီလောက်ဆို ဇာတ်လမ်းစကြစို့ …. အရှင်အာနန္ဒာအဆိုအရ အကျွန်ုပ်သည် ဤသို့ဤပုံ ကြားနာခဲ့ရပါသည် –

    ဗုဒ္ဓမြတ်စွာဘုရား ရာဇဂြိုလ်ပြည် ဂိဇ္ဈကုဋ်တောင် မှာသတင်းသုံးနေတုန်းကပေါ့။ သန္ဓာနဆိုတဲ့ ဗုဒ္ဓတပည့် ရာဇဂြိုလ်သူဋ္ဌေးတစ်ယောက်က မြတ်စွာဘုရားကိုတွေ့ရအောင်ဆိုတဲ့ စိတ်ကူးနဲ့ မြို့ထဲကနေထွက်လာတယ်။ နောက်တော့ ဒီလိုအချိန်မျိုးဟာ မြတ်စွားဘုရားကော၊ ဘုရားတပည့် ရဟန်းသံဃာတွေပါ တစ်ပါးတည်း ဈာန်ဝင်စားနေတက်တဲ့အချိန်ဖြစ်တယ်။ ငါသွားရင် အနှောင့်အယှက်များဖြစ်နေမလားပဲ လို့စိတ်ကူးပြီး နိဂြောဓပရိပိုဇ်ဆီ စကားစမြည်းပြောဖို့ ထွက်လာခဲ့တယ်။ အဲဒီအချိန် နိဂြောဓပရိပိုဇ်က စားစရာသောက်စရာတွေအကြောင်း၊ ယာဉ်ရထားတွေအကြောင်း၊ ဆွေမျိုးတွေအကြောင်း၊ ပန်းတွေအကြောင်း စစ်ပွဲတွေအကြောင်း၊ စသည် စသည်ဖြင့် အမျိုးအစားစုံလင်အောင် ဆူဆူညံ့ညံ့စကားပြောနေကြတဲ့ တပည့်တပန်း ပရိပိုဇ်တွေအလယ်မှာထိုင်နေတယ်။ နိဂြောဓပရိပိုဇ်က သန္ဓာနသူဋ္ဌေးကိုလဲမြင်ရော သူ့တပြည့်တွေကိုပြောတယ်။ ဟေး အရှင်တို့ မင်းတို့တွေ တိတ်တိတ်နေကြ။ ဟိုမှာ ဂေါတမတပည့် ရာဇဂြိုလ်မြို့က သန္ဓာန ဆိုတဲ့သူဋ္ဌေးလာနေတာတွေ့တယ်။ ဂေါတမဟာ တိတ်ဆိတ်ခြင်းကို ချီးကျူးတယ်။ ဂေါတမတပည့်တွေကိုလဲ တိတ်တိတ်ဆိတ်ဆိတ်နေတက်အောင် သွန်သင်ထားကြတယ်။ အကယ်၍ငါတို့ တိတ်တိတ်နေတာတွေ့ရင် ငါတို့ဆိလာပြီး စကားပြောချင်ပြောလိမ့်မယ်ကွ။

    သန္ဓာနသူဋ္ဌေးလဲ ရုတ်တရက်အသံတိတ်သွားတာကိုတွေ့တော့ ငါလာတာကိုလိုလားကြပုံပဲ လို့သတ်မှတ်ပြီး ပရိဗိုဇ်ကျောင်းထဲဝင်သွားလိုက်တယ်။ အရှင်နိဂြောဓ ကျန်းမာပါရဲ့လား၊ ဆွမ်းဟင်းမျှတပါရဲ့လား စသဖြင့် နှုတ်ဆက်စကားဆိုလိုက်တယ်။ နိဂြောဓကလည်း ကျမ်းမာပါရဲ့၊ မျှတပါရဲ၊ ဒီနေရာကိုလာပါ သူဋ္ဌေးမင်း ဒီမှာ ခင်ဗျားအတွက် နေရာပြင်ထားပေးပါတယ် စသဖြင့် နှုတ်ဆက်စကားပြန်ဆိုတယ်။ သန္ဓာသူဋ္ဌေးလည် နေရာမှာထိုင်းပြီး ~

    “ဘာသာအယူဝါဒမတူတဲ့ အရှင်မြတ်တို့တတွေဟာ တော်တော်ထူးဆန်းတာပဲ။ သစ္စာတရားတွေနဲ့မဆိုင်တဲ့ ထွေရာလေးပါးစကားတွေကို အသံကျယ်ကျယ်လောင်လောင်နဲ့ ပြောဆိုနေကြတယ်နော်။ ဗုဒ္ဓမြတ်စွာနဲ့ သူတပည့်ရဟန်းတွေဆိုရင် စိတ်ငြိမ်ရာအရပ်မှာ တိတ်တိတ်ဆိတ်ဆိတ်နေကြတာပဲတွေ့ဖူးတယ်။ လူကြားသူကြားထဲမှာ မပျော်မွေ့ပဲ စိတ်ငြိမ်ရာ တောကျောင်းတွေမှာပဲပျော်မွေ့ကြတယ်။”

    နိဂြောဓ ~ “ !!! ခင်ဗျားသိရဲ့လား သန္ဓာနသူဋ္ဌေးမင်း … ခင်ဗျားတို့ ရဟန်းဂေါတမဟာ ဘယ်သူနဲ့များ ဆွေးနွေးငြင်းခုန်လို့တုန်း၊ ဘယ်သူနဲ့များ စကားပြိုင်ပြောပြီး ထင်ရှားကြော်ကြားအောင် လုပ်လို့တုန်း၊ ရဟန်းဂေါတမရဲ့ ပညာတွေဟာ တစ်ပါးတည်းနေနေပြီး ပျောက်ပျက်ကုန်တာပဲ။ ရဟန်းဂေါတမဟာ လူကြားထဲလာရဲသူမှမဟုတ်ပဲ။ လူကြားထဲ စကားပြောရဲသူမှမဟုတ်ပဲ။ အဲဒီတော့ တောကျောင်းကိုပဲပိုကြိုက်ပြီး တောကျောင်းမှာပဲနေရတာပေါ့။ ဥပမာပြောရရင် မျက်စီကန်းနေတဲ့နွားမဟာ နွားအုပ်အလယ်မှာ မကျက်စားနိုင်ပဲ အစွန်အဖျားမှာပဲကျက်စားရသလိုပေ့ါ။ အကယ်၍များ ရဟန်းဂေါတမ ဒီနေရာကိုရောက်လာမယ်ဆိုရင် ပြဿနာတစ်ပုဒ်လောက်မေးပြီး ရေမရှိတဲ့အိုးကို လှည့်ပတ်ချည်နှောင်သလိုမျိုး စွံ့အသွားအောင် စကားနဲ့ချည်နှောင်ပြလိုက်အုန်းမယ်။”

    သန္ဓာနသူဋ္ဌေး ~ !

    အဲအချိန် ဗုဒ္ဓမြတ်စွာလည်း ဂိဇ္ဈကုဋ်တောင်ကနေဆင်းလာပြီး နိဂြောဓပရိဗိုဇ်ရဲ့ကျောင်းနားမှာရှိတဲ့ သုမာဂဓာရေကန်ဘေးက ဒေါင်းတွေဘေးမဲ့ပေး၊ အစာကြွေးတဲ့လွင်ပြင်မှာ စင်္ကြလျှောက် နေတော်မူတယ်။ ဒါကိုနိဂြောဓပရဗိုဇ်ကတွေ့တော့ ခုဏလှုပ်လှုပ်ရွရွဖြစ်သွားတဲ့ ပရိတ်သတ်ကို ဟေး အရှင်တို့ အသံမထွက်ကြနဲ့၊ ဟိုမှာ ရဟန်းဂေါတမ စင်္ကြလျှောက်နေတယ်။ ဂေါတမဟာ တိတ်ဆိတ်ခြင်းကို ချီးကျူးတယ်။ တကယ်လို့ငါတို့ တိတ်တိတ်နေတာတွေ့ရင် ငါတို့ဆိလာပြီး စကားပြောချင်ပြောလိမ့်မယ်။ ရဟန်းဂေါတမရဲ့ တပည့်ရဟန်းတွေဟာ သူတို့ကိုယ်သူတို့ အရိယာဖြစ်ပြီ၊ စင်ကြယ်ပြီလို့ ဝန်ခံကြတယ်။ ဘယ်တရားဟောလို့များ အရိယာဖြစ်သွားကြ၊ ဘယ်နည်းဘယ်ပုံ စင်ကြယ်သွားကြတယ်ဆိုတာ ရောက်လာရင်မေးကြစို့ လို့ဆိုပြီး အသံတိတ်ပြီးစောင့်မျှော်နေကြတယ်။ ဗုဒ္ဓမြတ်စွာလဲ နိဂြောဓ ရဲ့ကျောင်းတိုက်ထဲဝင်လာတယ်။ နိဂြောဓကလည်း လာပါအရှင်ရဟန်း ဒီနေရာမှာထိုင်ပါ။ အရှင်ရဟန်းလာတာ အလွန်ပဲကောင်းပါတယ် စသဖြင့် လောဝတ်စကားဆိုပြီး မြင့်မြတ်တဲ့နေစရာနေရာတစ်ခုပေးတယ်။ နိဂြောဓကတော့ ယဉ်ကျေးသမှု့နဲနိမ့်တဲ့နေရာမှာ ပြောင်းထိုင်တယ်။ ဗုဒ္ဓမြတ်စွာလဲ ပေးထားတဲ့နေရာမှာထိုင်ပြီး ~

    “ဘာအကြောင်းအရာတွေများ ပြောနေကြတာတုန်း၊ ပြောလက်စ စကားကိုဆိုကြပါအုန်း။” ဆိုတော့

    နိဂြောဓ ~ “ပြောလက်စ စကားကတော့ ဗုဒ္ဓမြတ်စွာရဲ့ တပည့်ရဟန်းတွေဟာ သူတို့ကိုယ်သူတို့ အရိယာဖြစ်ပြီ၊ စင်ကြယ်ပြီလို့ ဝန်ခံကြတယ်။ ဘယ်တရားဟောလို့များ အရိယာဖြစ်သွားကြ၊ ဘယ်ပုံဘယ်နည်းနဲ့များ စင်ကြယ်သွားကြတယ်ဆိုတာ ဗုဒ္ဓမြတ်စွာ ရောက်လာရင်မေးကြဖို့ဖြစ်ပါတယ်”

    ဗုဒ္ဓ ~ “နိဂြောဓ ငါဆုံးမလိုက်လို့ ငါ့တပည့်ရဟန်းတွေ အရိယာဖြစ်ပြီ၊ စင်ကြယ်ပြီလို့ ဝန်ခံကြတယ်။ သို့ပေမယ့် ငါ့ရဲ့အဆုံးအမတရားကို ထင်ပုံမြင်ပုံ၊ နှစ်သက်ပုံ၊ သဘောကျပုံ၊ အားထုတ်ပုံ၊ လေ့လာပုံမတူတဲ့ အသင်နိဂြောဓအနေနဲ့ အရိယာဖြစ်ပုံ စင်ကြယ်ပုံကို သိနိုင်ဖို့ရာ ရုတ်တရက် ခဲယဉ်းလိမ့်မယ်။ အဲဒီတော့ အသင်နိဂြောဓ ယုံကြည်တဲ့ အဓိဇေဂုစ္ဆာအယူဝါဒနည်းအရသာ စင်ကြယ်ခြင်း မစင်ကြယ်ခြင်းတို့ကိုသာမေးပေတော့။” အလို ရဟန်းဂေါတမက သူ့ဝါဒကို အပထားပြီး သူတစ်ပါးဝါဒအကြောင်း ဆွေးနွေးဖို့ ဖိတ်ခေါ်တာပါလား။ သဘောထားကြီးပေစွ။ အဲဒီအချိန် နိဂြောဓပရိဗိုဇ်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ ပရိတ်သတ်ကို အသံတိတ်ခိုင်းပြီး ဗုဒ္ဓမြတ်စွာကို ဆက်လျှောက်တယ်။

    နိဂြောဓ ~ “ဗုဒ္ဓမြတ်စွာ … ကျွန်တော်တို့ အဓိဇေဂုစ္ဆာဝါဒီတို့ဟာ တပေါဇိဂုစ္ဆာဝါဒကို စကားနဲ့လဲချီးကျူးကြပါတယ်။ စိတ်မှလဲ အနှစ်သာရလို့ သဘောထားကြပါတယ်။ ကိုယ်တိုင်လဲ လိုက်နာ အတုယူကျင့်ကြံကြပါတယ်။ ဘယ်လိုနည်းနဲ့ တပေါဇိဂုစ္ဆာဝါဒဟာ စင်ကြယ်ပါသလဲ၊ ဘယ်လိုနည်းနဲ့ မစင်ကြယ်ပါသလဲ။”

    ဗုဒ္ဓ ~ “နိဂြောဓ … လောကမှာ တပေါဇိဂုစ္ဆာဝါဒီ ပုဂ္ဂိုလ်ဟာ တပ်မက်တွယ်တာမှာစိုးလို့
    အဝတ်မဝတ်ဘူး၊
    ဘာကိုမှအစွဲအလမ်းမထားပဲ လွတ်လပ်စွာကျင့်ကြံနေထိုင်တယ်၊
    အညစ်အကြေးကိုလည်း လက်နဲ့ပဲသုတ်သင်ရှင်းလင်းတယ်၊
    အရှင်လာပါအုန်း ဆိုတဲ့ ဆွမ်းကို မခံ၊
    အရှင်ရပ်ပါအုန်း ဆိုတဲ့ ဆွမ်းကို မခံ၊
    မရောက်သေးတဲ့အချိန် ကပ်လှူတဲ့ဆွမ်းကို မခံ၊
    ရည်စူးပြီးချက်ပြုတ်ထားတဲ့ ဆွမ်းကို မခံ၊
    ပင့်ဖိတ်တဲ့ဆွမ်းကို မခံ၊
    အိုးဝမှ ဆွမ်းဦးဆွမ်းဖျားကို မခံ၊
    တောင်းဝမှ ဆွမ်းဦးဆွမ်းဖျားကို မခံ၊
    တံခါးခုံခြားပြီးလောင်းတဲ့ဆွမ်းကို မခံ၊
    တုတ်ခြားပြီးလောင်းတဲ့ဆွမ်းကို မခံ၊
    ကျည်ပွေ့ခြားပြီးလောင်းတဲ့ဆွမ်းကို မခံ၊
    နှစ်ယောက်စားလက်စ ဆွမ်းကို မခံ၊
    ကိုယ်ဝန်ဆောင်မိန်းမလောင်းတဲ့ ဆွမ်းကို မခံ၊
    နို့တိုက်ဆဲမိန်းမလောင်းတဲ့ ဆွမ်းကို မခံ၊
    ယောက်ျားနှင့် နှီးနှောတဲ့ မိန်းမရဲ့ ဆွမ်းကို မခံ၊
    ဆော်အောစုဆောင်းပြီးရတဲ့ ဆွမ်းကို မခံ၊
    ခွေးမျှော်အရပ်ကနေ ဆွမ်းကိုမခံ၊
    ယင်အုံရာအရပ်ကနေ ဆွမ်းကိုမခံ၊
    ငါးမစား၊
    အမဲမစား၊
    အရက်သေစာ မသောက်၊
    ဆေးရည်မသောက်၊
    တစ်အိမ်မှာပဲ ဆွမ်းခံပြီး တစ်လုပ်ပဲစားတယ်၊
    နှစ်အိမ်မှာပဲ ဆွမ်းခံပြီး နှစ်လုပ်ပဲစားတယ်၊
    ခုနှစ်အိမ်မှာပဲ ဆွမ်းခံပြီး ခုနှစ်လုပ်ပဲစားတယ်၊
    ခွက်ငယ် တစ်ခုစာလောက်ကိုလဲ ရောင့်ရဲတယ်၊
    ခွက်ငယ် နှစ်ခုစာလောက်ကိုလဲ ရောင့်ရဲတယ်၊
    တရက်ခြားမှလဲ အစားစားတယ်၊
    နှစ်ရက်ခြားမှလဲ အစားစားတယ်၊
    ခုနှစ်ရက်ခြားမှလဲ အစားအစားတယ်၊
    တစ်လခွဲလောက်မှလဲ တစ်ခါစားတယ်၊
    ဟင်းရွက်အစိမ်းလိုက်ကိုလဲ စားတယ်၊
    ပြောင်းစေ့ကိုလဲ စားတယ်၊
    ကျိတ်သီးဆန်လောက်ကိုလဲ စားတယ်၊
    သားရေဖတ်အစအနကိုလဲ စားတယ်၊
    ရေမှော်လောက်ကိုလဲ စားတယ်၊
    ဖွဲနုလောက်ကိုလဲ စားတယ်၊
    ထမင်းရည်လောက်ကိုလဲ သောက်တယ်၊
    နှမ်းမှုန့်လောက်ကိုလဲ စားတယ်၊
    မြက်ကိုလဲစားတယ်၊
    နွားချေးလောက်ကိုလဲ စားတယ်၊
    တောသစ်မြစ်သစ်သီးလောက်ကိုလဲ စားတယ်၊
    ကြွေကျတဲ့အသီးပဲ စားတယ်၊
    လျှော်နဲ့လုပ်တဲ့ အဝတ်ကိုပဲဝတ်တယ်၊
    လျှော်နဲ့ရောလုပ်တဲ့ အဝတ်ကိုပဲဝတ်တယ်၊
    လူသေကောင်ဆီက အဝတ်ကိုပဲဝတ်တယ်၊
    ပိုင်ရှင်မရှိ ကောက်ရတဲ့အဝတ်ကိုပဲဝတ်တယ်၊
    သစ်ခေါက်အဝတ်ကိုပဲဝတ်တယ်၊
    သစ်နက်ရေအဝတ်ကိုပဲဝတ်တယ်၊
    သစ်နက်ရေမျှင်အဝတ်ကိုပဲဝတ်တယ်၊
    သမန်းမြက်အဝတ်ကိုပဲ ဝတ်တယ်၊
    လျှော်တေအဝတ်ကိုပဲ ဝတ်တယ်၊
    ပျဉ်ချပ်အဝတ်ကိုပဲ ဝတ်တယ်၊
    ဆံခြည်အဝတ်ကိုပဲ ဝတ်တယ်၊
    သားမြီးအဝတ်ကိုပဲ ဝတ်တယ်၊
    ငှက်အတောင်အဝတ်ကိုပဲ ဝတ်တယ်၊
    ဆံပင်မုတ်ဆိတ်ကိုလဲနုတ်တယ် (ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများလို ဓါးနဲ့မရိတ်၊ ပြာနဲ့လူးပြီး အစုလိုက်အစုလိုက် ဆွဲနုတ်ပစ်တက်ကြတယ်။)
    ဘယ်တော့မှမထိုင်ပဲ ရပ်ပဲရပ်နေတယ်၊
    ဆောင့်ကြောင့်ပဲထိုင်တယ်၊
    ဆူးအခင်းပေါ်မှာလဲ နေတယ်၊
    ဆူးအခင်းပေါ်မှာပဲ အိပ်တယ်၊
    ပျဉ်ပြားပေါ်မှာပဲ အိပ်တယ်၊
    ကြမ်းတမ်းတဲ့ မြေမှာပဲအိပ်တယ်၊
    နံပါးတစ်ဖက်ထဲနဲ့ပဲ အိပ်တယ်၊
    မြူအညစ်အကြေးတွေလဲ ကပ်ချင်ကပ်ပလေ့စေဆိုပြီးထားတယ်၊
    အရိပ်မရှိတဲ့နေရာမှာလဲ နေတယ်၊
    ကြုံရာနေရာမှာလဲ နေတယ်၊
    အညစ်အကြေးကိုလဲ စားတယ်၊
    ရေမသောက်ပဲလဲနေပြီးကျင့်တယ်၊
    အရမ်းအေးတဲ့အချိန်မှာလဲ ရေချိုးခြင်းပြုလုပ်တယ်။ ။
    ရာဂ၊ ကိလေသာ၊ ဘဝတဏှာ တွေကနေလွတ်မြောက်အောင်လို့ အဲဒီထဲကအချက်တွေကိုလိုက်နာပြီး ပြင်းပြင်းထန်ထန်ကျင့်ကြံ ကြိုးကုတ်တယ်။ ဘဝကိုမမက်မောအောင် ဒုက္ခခံပြီးကျင့်တယ်။ နိဂြောဓ … အဲဒီလိုကျင့်ကြံတဲ့ တပေါဇိဂုစ္ဆာဝါဒဟာ စင်ကြယ်သလား မစင်ကြယ်ဘူးလား။”

    နိဂြောဓ ~ “ဗုဒ္ဓမြတ်စွာ … အဲဒီလိုဆိုရင် တပေါဇိဂုစ္ဆာဝါဒ ဟာအမှန်တကယ် စင်ကြယ်ပါတယ်၊ မစင်ကြယ်ဘူးလို့ မပြောနိုင်ပါ။”

    ဗုဒ္ဓ ~ “နိဂြောဓ … အဲဒီလို ကိလေသာ တွေကနေ စင်ကြယ်ပါတယ်ဆိုတဲ့ တပေါဇိဂုစ္ဆာဝါဒမှာလဲ ညစ်ညူးခြင်းအမျိုးမျိုးတို့ကနေ မစင်ကြယ်နိုင်သေးဘူးလို့ ငါဟောတယ်။”

    နိဂြောဓ ~ “ ??? ။ ဗုဒ္ဓမြတ်စွာ … ဒီလောက်စင်ကြယ်တဲ့ တပေါဇိဂုစ္ဆာဝါဒမှာတောင် ဘယ်လိုမျိုး အကြောင်းတွေကြောင့် ညစ်ညူးခြင်းတွေ ဖြစ်နေနိုင်ပါသေးသလဲ ခင်ဗျား။”

    ဗုဒ္ဓ ~ “နိဂြောဓ … တပဿီပုဂ္ဂိုလ်တစ်ယောက်ဟာ အဲဒီ တပအကျင့်တွေကိုကျင့်တယ်၊
    အဲဒီအကျင့်တွေကို ပြီးပြည့်စုံပြီ၊ လုံလောက်ပြီ (တဏှာကင်းရာ ကင်းကြောင်းကျင့်ရာမှာ ခရီးလမ်းဆုံးပြီ။)လို့တွေးထင်နေတာလဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူးခြင်းလို့ မည်တယ်၊
    အဲဒီအကျင့်နဲ့ မိမိကိုယ်ကိုယ်မြှင့်တင်ပြီး သူတပါးကိုရှုတ်ချချင်လာရင်လဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်၊
    အဲဒီအကျင့်နဲ့ ပတ်သတ်ပြီး မာန်ယစ်တယ်၊ တွေဝေ မိန်းမောနေတယ် (ငါ့လောက်ဘယ်သူမှ မကျင့်နိုင်။) ဆိုရင်လဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်၊
    အဲဒီအကျင့်နဲ့ ပတ်သတ်ပြီး လူတွေရိုသေလာတဲ့အခါ လူတွေရဲ့ရိုသေမှု့ကိုတပ်မက်လာမယ်၊ သာယာလာမယ်ဆိုရင်လဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်၊
    လူတွေရဲ့ရိုသေမှု့ အလေးပေးမှု့နဲ့ပတ်သတ်ပြီး မိမိကိုယ်ကိုယ်မြှင့်တင်မယ်၊ သူတပါးကိုနှိမ့်ချချင်လာရင်လဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်၊
    လူတွေရဲ့ရိုသေမှု့ အလေးပေးမှု့နဲ့ပတ်သတ်ပြီး မာန်ယစ်တယ်၊ တွေဝေ မိန်းမောနေတယ်ဆိုရင်လဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်။

    နိဂြောဓ … ဒီအစားအစာဟာ အမဲသားဖြစ်တယ် ငါမနှစ်သက်၊ ဒီအစားအစာဟာ အမဲသားမဟုတ် ငါနှစ်သက်တယ် စသည်ဖြင့် အစားအစာတို့ကို ခွဲခြားရာရောက်ပြီး မနှစ်သက်တဲ့အစားအစာကို တဏှာစေစားတဲ့အတိုင်း စွန့်လွတ်ပြီး၊ နှစ်သက်တဲ့အစားအစာကို ပစ္စဝေက္ခဉာဏ်နဲ့ မဆင်ခြင်ပဲစားတာဟာလဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်။

    နိဂြောဓ … ဘုရင်များ မင်းမျိုးများ အမတ်ကြီးများ စစ်သူကြီးများ ပုဏ္ဏားများ သူဋ္ဌေးများ နှင့် ဂိုဏ်းဆရာများ ငါ့ကိုရိုသေကြလိမ့်မယ် စတဲ့ လာဘ်ရမှု့၊ ကျော်ကြားမှု့ တို့ကို နှစ်သက်ပြီး ကျင့်မယ်ဆိုရင်လဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်။

    နိဂြောဓ … တပဿီပုဂ္ဂိုလ်ရဲ့စိတ်မှာ ဒီလူဟာ အစားအစာကိုလဲ စုံအောင်စားတယ်၊ ဆွမ်းခံရာမှာလဲ ငါ့လောက်မခြိုးခြံနိုင်ဘူး ဒီလိုလူမျိုး သမဏ၊ ဗြာဟ္မဏ လို့ခေါ်နေလို့ ဘာအကျိုးရှိမှာလဲလို့ ကိုယ့်ကိုယ်မာန်ရစ်ပြီး သူတစ်ပါးအပေါ် ကဲ့ရဲ့ရှုပ်ချချင်လာရင်လဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်။

    နိဂြောဓ … တစ်ဦးဦးသော ပုဂ္ဂိုလ်က သမဏ၊ ဗြာဟ္မဏတွေအပေါ် အမြတ်တနိုးပူဇော်နေတာမြင်တဲ့အခါ အစားအစာကိုစုံအောင်စားတဲ့ သမဏ၊ ဗြာဟ္မဏတွေကိုတော့ သွားကြည်ညိုနေတယ် … ငါ့လိုခြိုးခြံခေါင်းပါးပြီး အကျင့်ကျင့်တဲ့သူကိုကျတော့ မပူဇော်ဘူး စတဲ့ မနာလိုဝန်တိုတာတွေဖြစ်လာမယ်ဆိုရင်လဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်။

    နိဂြောဓ … တပဿီပုဂ္ဂိုလ်ဟာ လူအထင်ကြီးခံချင်တဲ့စိတ်အရင်းခံပြီး မိမိဟာ ဘယ်လိုကျင့်ကြံနေထိုင်နေပါတယ်ဆိုတာ လူမြင်အောင်ပြလာရင်၊ ပြချင်စိတ်ရှိလာရင်လဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်။

    နိဂြောဓ … တပဿီပုဂ္ဂိုလ်ဟာ လူအထင်ကြီးခံချင်တဲ့စိတ်အရင်းခံပြီး ဒါကတော့ ငါ့အကျင့်ပဲ၊ ငါကတော့ဒီလိုကျင့်တယ်ဟေ့လို့ လူသိအောင်ပြောလာရင်၊ ပြောချင်စိတ်ရှိလာရင်လဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်။ (အဲဒါကြောင့် ဓုတင်ဆောင် ရဟန်းတွေဟာ ဓုတင်ဆောင်နေကြောင်း ဒကာ၊ ဒကာမတွေကို မပြောရပါဘူး။)

    နိဂြောဓ … အရာရာတိုင်းကို လျှို့ဝှက်ပြီး ဒီအရာကို ကြိုက်လား လို့မေးလာခဲ့လို့ရှိရင် ကြိုက်တာကို မကြိုက်ဘူး၊ မကြိုက်တာကို ကြိုက်တယ် စသည်ဖြင့် သိလျက်နဲ့ မဟုတ်မမှန်စကား ပြောတက်ခြင်းသည်လဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်။

    နိဂြောဓ … မှန်ကန်သော တရားတို့ကို သိမြင်ခံစားသူတို့က အကျိုးအကြောင်းဖြင့် တင်ပြလာတဲ့အခါ၊ ဟောပြောဆုံးမလာတဲ့အခါ၊ ဟုတ်မှန်နေတယ် ဟုတ်မှန်ကြောင်းလဲ သိနေလျက်နဲ့ ဝန်ခံသင့်တာကို ဟုတ်မှန်ပါတယ်လို့ မဝန်ခံ၊ ဤဟာလဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်။ *

    နိဂြောဓ … တပဿီပုဂ္ဂိုလ်ဟာ ဒေါသထွက်တယ်၊ ရန်ငြိုးဖွဲ့တယ် အဲဒီလိုဆိုရင်လဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်။

    နိဂြောဓ … တပဿီပုဂ္ဂိုလ်ဟာ သူတစ်ပါးဂုဏ်ကိုခြေဖျက်မယ်၊ သူတစ်ပါးနဲ့ ဂုဏ်ပြိုင်မယ်၊ မနာလိုစိတ်ရှိနေမယ်၊ နှမြောတွန့်တိုတဲ့စိတ်ရှိနေမယ်၊ ကောက်ကျစ်စဉ်းလဲမယ်၊ လှည့်စားမယ်၊ စိတ်ခက်ထန်မယ်၊ မာန်မာနထောင်လွှားမယ်၊ ယုတ်မာတဲ့ လိုချင်တပ်မက်စိတ်ရှိမယ်၊ ယုတ်မာတဲ့ စိတ်နောက်လိုက်မယ်၊ ကောင်းမှု မကောင်းမှု အားလုံးတို့သည် ပြုလုပ်မိသော်လည်း ဘာအကျိုးမှရှိမှာမဟုတ်ဆိုတဲ့အယူအဆရှိနေမယ်၊ သေရင်ပြီးပြီ ဆိုရင်အယူအဆရှိနေမယ်၊ မိမိအယူအဆကိုလဲ အမြဲ အကျိုးအကြောင်းဆီလျှော်စွာ မစမ်းစစ်မဝေဖန်ဘူး၊ အကျိုးအကြောင်းမဆီလျှော်တဲ့အယူအဆကိုပဲ ကြိုက်နှစ်သက်နေမယ်၊ အဲဒီအယူအဆကိုလဲ စွန့်နိုင်ခဲနေမယ်၊ အဲဒီလိုအမှားအမျိုးမျိုးကနေ မရုန်းထွက်နိုင်တာလဲပဲ အဲဒီပုဂ္ဂိုလ်ရဲ့ ညစ်ညူခြင်းလို့ မည်တယ်။

    နိဂြောဓ … အဲဒီလိုစိတ်ထားတွေရှိနေရင် တပေါဇိဂုစ္ဆာဝါဒ ဟာ ညစ်ညူးသလား မညစ်ညူးဘူးလား။”

    နိဂြောဓ ~ “ဗုဒ္ဓမြတ်စွာ … ဒီအချက်တွေရှိနေလို့ကတော့ တပေါဇိဂုစ္ဆာဝါဒလို တဏှာကို ပြင်းပြင်းထန်ထန်နှိပ်ကွတ်တက်တဲ့ဝါဒမှာတောင်မှ ညစ်ညူးနိုင်သေးတာ၊ လောကမှာရှိတဲ့ ကျန်လူများစွာတို့မှာ ညစ်ညူးခြင်း၊ မစင်ကြယ်ခြင်းကနေ လွတ်မြောက်ပြီလို့ ဘယ်လိုနည်းနဲ့ ဆိုနိုင်ပါတော့မလဲ ဗုဒ္ဓမြတ်စွာ။”
    ဗုဒ္ဓ ~ “နိဂြောဓ … တပဿီပုဂ္ဂိုလ်တစ်ယောက်ဟာ အဲဒီ တပအကျင့်တွေကိုကျင့်တယ်၊
    အဲဒီအကျင့်တွေကို ပြီးပြည့်စုံပြီ၊ လုံလောက်ပြီလို့မတွေးမထင်ဘူး။ ဝမ်းမမြောက်ဘူး။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။
    အဲဒီအကျင့်နဲ့ မိမိကိုယ်ကိုယ်မမြှင့်တင်(ဘဝင်)၊ သူတပါးကိုလဲမရှုတ်ချ၊ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။
    အဲဒီအကျင့်နဲ့ ပတ်သတ်ပြီး မာန်မယစ်ဘူး၊ မတွေဝေဘူး၊ မမိန်းမောဘူး။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။
    အဲဒီအကျင့်နဲ့ ပတ်သတ်ပြီး လူတွေရိုသေလာတဲ့အခါ၊ ကျော်ကြားလာတဲ့အခါ၊ လာဘ်လာဘရလာတဲ့အခါ အဲဒီအရိုအသေ၊ ကျော်ကြားမှု့၊ လာဘ်လာဘတို့မှာ ပြည့်စုံပြီလို့မထင်၊ ဝမ်းမမြောက်။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။
    လူတွေရဲ့ရိုသေမှု့ အလေးပေးမှု့၊ လာဘ်လာဘ၊ ကျော်ကြားမှုတို့နဲ့ ပတ်သတ်ပြီး မိမိကိုယ်ကိုယ်မမြှင့်တင်(ဘဝင်)၊ သူတပါးကိုမနှိမ့်ချ။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။
    လူတွေရဲ့ရိုသေမှု့ အလေးပေးမှု့၊ လာဘ်လာဘ၊ ကျော်ကြားမှုတို့နဲ့ ပတ်သတ်ပြီး မာန်မယစ်ဘူး၊ မတွေဝေဘူး၊ မမိန်းမောဘူး။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။

    နိဂြောဓ … ဒီအစားအစာဟာ ငါမနှစ်သက်၊ ဒီအစားအစာဟာ ငါနှစ်သက်တယ် စသည်ဖြင့် အစားအစာတို့ကို မခွဲခြားပဲ မနှစ်သက်တဲ့အစားအစာကိုလဲ တဏှာဦးဆောင်ပြီးမစွန့်၊ နှစ်သက်တဲ့အစားအစာကိုလဲ မမက်မော၊ မတွေဝေ၊ မငြိတွယ်ပဲ ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး စားသုံးမယ်ဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။

    နိဂြောဓ … ဘုရင်များ မင်းမျိုးများ အမတ်ကြီးများ စစ်သူကြီးများ ပုဏ္ဏားများ သူဋ္ဌေးများ နှင့် ဂိုဏ်းဆရာများ ငါ့ကိုရိုသေကြလိမ့်မယ် စတဲ့ လာဘ်ရမှု့၊ ကျော်ကြားမှု့ တို့ကို နှစ်သက်မျှော်မှန်းပြီး မကျင့်။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။

    နိဂြောဓ … တပဿီပုဂ္ဂိုလ်ရဲ့စိတ်မှာ ဒီလူဟာ အစားအစာကိုလဲ စုံအောင်စားတယ်၊ ဆွမ်းခံရာမှာလဲ ငါ့လောက်မခြိုးခြံနိုင်ဘူး ဒီလိုလူမျိုး သမဏ၊ ဗြာဟ္မဏ လို့ခေါ်နေလို့ ဘာအကျိုးရှိမှာလဲလို့ ကိုယ့်ကိုယ်မာန်မရစ်။ သူတစ်ပါးအပေါ် ကဲ့ရဲ့ရှုပ်ချခြင်းမျိုးမလုပ်။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။

    နိဂြောဓ … တစ်ဦးဦးသော ပုဂ္ဂိုလ်က သမဏ၊ ဗြာဟ္မဏတွေအပေါ် အမြတ်တနိုးပူဇော်နေတာမြင်တဲ့အခါ အစားအစာကိုစုံအောင်စားတဲ့ သမဏ၊ ဗြာဟ္မဏတွေကိုတော့ သွားကြည်ညိုနေတယ် … ငါ့လိုခြိုးခြံခေါင်းပါးပြီး အကျင့်ကျင့်တဲ့သူကိုကျတော့ မပူဇော်ဘူး စတဲ့ မနာလိုဝန်တိုတာတွေမဖြစ်။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။

    နိဂြောဓ … တပဿီပုဂ္ဂိုလ်ဟာ မိမိဟာ ဘယ်လိုကျင့်ကြံနေထိုင်နေပါတယ်ဆိုတာ လူမြင်အောင်ဟန်ဆောင်မပြ၊ ပြချင်စိတ်လဲမရှိ။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။

    နိဂြောဓ … တပဿီပုဂ္ဂိုလ်ဟာ ဒါကတော့ ငါ့အကျင့်ပဲ၊ ငါကတော့ဒီလိုကျင့်တယ်ဟေ့လို့ လူအထင်ကြီးခံချင်စိတ်ရှေ့တန်းတင်ပြီး သိအောင်မပြော၊ ပြောချင်စိတ်လဲမရှိ။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။

    နိဂြောဓ … တပဿီပုဂ္ဂိုလ်ဟာ လျှို့ဝှက်ပြီးလည်းမကျင့်။ ဒီအရာကို ကြိုက်လား လို့မေးလာခဲ့လို့ရှိရင် မကြိုက်တာကို မကြိုက်ဘူး၊ ကြိုက်တာကို ကြိုက်တယ် စသည်ဖြင့် မှန်သောစကားကိုသာကိုပဲပြောတယ်။ သိလျက်နဲ့ မဟုတ်မမှန်ဘယ်တော့မှမပြော။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။

    နိဂြောဓ … မှန်ကန်သော တရားတို့ကို သိမြင်ခံစားသူတို့က အကျိုးအကြောင်းဖြင့် တင်ပြလာတဲ့အခါ၊ ဟောပြောဆုံးမလာတဲ့အခါ၊ ဟုတ်မှန်နေလို့ ဟုတ်မှန်တယ်လို့လဲ သိတဲ့အခါ ဟုတ်မှန်ပါပေတယ်လို့ ဝန်ခံတယ်။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။

    နိဂြောဓ … တပဿီပုဂ္ဂိုလ်ဟာ ဒေါသမထွက်တက်၊ ရန်ငြိုးမဖွဲ့တက်။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။

    နိဂြောဓ … တပဿီပုဂ္ဂိုလ်ဟာ သူတစ်ပါးဂုဏ်ကိုမခြေဖျက်၊ သူတစ်ပါးနဲ့ ဂုဏ်မပြိုင်၊ မနာလိုစိတ်မရှိ၊ နှမြောတွန့်တိုတဲ့စိတ်မရှိ၊ မကောက်ကျစ် မစဉ်းလဲ၊ မလှည့်စား၊ စိတ်ဓါတ်မခက်ထန်၊ မာန်မာနမထောင်လွှား၊ ယုတ်မာတဲ့ လိုချင်တပ်မက်စိတ်မရှိ၊ ယုတ်မာတဲ့ စိတ်နောက်မလိုက်၊ ကောင်းမှု မကောင်းမှု အားလုံးတို့သည် ပြုလုပ်မိသော်လည်း ဘာအကျိုးမှရှိမှာမဟုတ်ဆိုတဲ့အယူ မရှိ၊ သေရင်ပြီးပြီ ဆိုတဲ့အယူ မရှိ၊ မိမိအယူအဆကိုလဲ အမြဲ အကျိုးအကြောင်းဆီလျှော်စွာ စမ်းစစ်ဝေဖန်မယ်၊ အကျိုးအကြောင်းဆီလျှော်တဲ့အယူအဆကိုပဲ ကြိုက်နှစ်သက်နေမယ်၊ အယူအဆအမှားတွေ မစွဲမမြဲ၊ အယူအဆအမှားတွေကို မှားမှန်းသိတာနဲ့ စွန့်လွတ်ဖို့ လွယ်ကူနေမယ်။ အဲဒီလိုဆိုရင် အဲဒီသူဟာ ဒီအဆင့်မှာ စင်ကြယ်ပါတယ်။

    နိဂြောဓ … အဲဒီလိုစိတ်ထားတွေရှိနေရင် တပေါဇိဂုစ္ဆာဝါဒ ဟာ ညစ်ညူးသလား မညစ်ညူးဘူးလား။”

    နိဂြောဓ ~ “ဗုဒ္ဓမြတ်စွာ … အဲဒီလိုဆိုရင်တော့ တပေါဇိဂုစ္ဆာဝါဒ ဟာအမှန်တကယ်ပဲ စင်ကြယ်ပါတယ်။ ညစ်ညူးတယ်လို့ မဆိုနိုင်ပါ။ စင်ကြယ်တာမှ အထွဋ်အထိပ်ပါပဲ။ တပေါဇိဂုစ္ဆာဝါဒရဲ့ တကယ့်အနှစ်သာရကို တွေ့မြင်ရပါပြီ။”

    ဗုဒ္ဓ ~ “နိဂြောဓ … ဒီလောက်နဲ့ စင်ကြယ်တာဟာ အထွဋ်အထိပ်လဲမရောက်သေးဘူး။ တကယ့်အနှစ်သာရလဲ မဟုတ်သေးဘူး။ တကယ်တမ်းပြောရရင် အခွံအပွေး နဲ့တူတဲ့ အဆင့်လောက်ပဲ ရောက်သေးတယ်။”

    နိဂြောဓ ~ !
    နိဂြောဓ ~ “ဗုဒ္ဓမြတ်စွာ … အဲဒီလိုဆိုရင် အထွဋ်အထိပ် စင်ကြယ်ခြင်းကို ဘယ်လိုနည်းနဲ့ ရောက်နိုင်ပါလဲ။ အနှစ်သာရကို ဟောကြားတော်မူပါ။ ရိုသေစွာ တောင်းပန်လျှောက်ထားပါတယ် ဗုဒ္ဓမြတ်စွာ။ အထွဋ်အထိပ်၊ အနှစ်သာရတရားကို ဟောကြားတော်မူပါ။” နိဂြောဓ … သေချာနားထောင်။ တပေါဇိဂုစ္ဆာဝါဒ ရဲ့ အထွဋ်အထိပ် စင်ကြယ်ခြင်း၊ အနှစ်သာရတရားကို ငါဟောတော့မယ်။

    ဗုဒ္ဓ ~ “နိဂြောဓ … တပအကျင့်တွေကိုကျင့်တဲ့ တပဿီပုဂ္ဂိုလ်ဟာ စောင့်စည်းခြင်း လေးမျိုးကို စိတ်အားထက်ထက်သန်သန်နဲ့စောင့်စည်းတယ်။ သီလကိုလဲတိုးပွားစေတယ်။ လူ့ဘောင်ကိုလဲ ပြန်မဝင်။ စိတ်ငြိမ်ရာအရပ်မှာပဲနေတယ်။ နီဝါရဏ တရားငါးပါးကိုလဲ ကျော်လွန်ပြီး မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာနဲ့ ယှဉ်တဲ့စိတ်ထားပဲ မွေးမြူနေတယ်။ အဲဒီအခါ ရှေးဘဝတွေကိုလဲ ပြန်လည်အောက့်မေ့နိုင်လာမယ်။ တစ်ဘဝ၊ နှစ်ဘဝ၊ သုံးဘဝ၊ လေးဘဝ၊ ငါးဘဝ၊ ဆယ်ဘဝ၊ ဘဝသုံးဆယ်၊ ဘဝလေးဆယ်၊ ဘဝတစ်ထောင်၊ ဘဝတစ်သောင်း၊ ဘဝတစ်သိန်း၊ များပြားတဲ့သာဖြစ်ကပ်၊ များပြားတဲ့ပျက်ကပ်၊ များပြားတဲ့ ဖြစ်ကပ်ပျက်ကပ်၊ များပြားတဲ့ ကမာ္ဘပေါင်း ဘယ်လောက်ဘယ်လောက်စသဖြင့် ဘယ်ဘဝမှာ ဘာအမည်၊ ဘာအမျိုးအနွယ်၊ ဘယ်လိုဆင်းရဲမျိုးရှိခဲ့တယ်၊ ဘယ်လိုအစားအစာရှိခဲ့တယ်၊ ဘယ်လိုအသက်အပိုင်းအခြားရှိခဲ့တယ်၊ အဲဒီဘဝကနေ ဘယ်လိုသေလွန်ပြီး ဘယ်ဘဝကိုရောက်တယ်၊ ဘာအမည်ရှိခဲ့တယ်၊ ဘာအမျိုးအနွယ်ရှိခဲ့တယ် စသည် စသည်ဖြင့် ရှေးဘဝတွေကို ထင်ထင်ရှားရှားပြန်ပြီး အောက်မေ့လာနိုင်မယ်။

    အဲဒီသူမှာ လူတို့မျက်စီထက်သာလွန်တဲ့ တန်ခိုးကြီးတဲ့ နတ်တွေရဲ့မျက်စီနဲ့တူတဲ့ ဒိဗ္ဗစက္ခု ဉာဏ်နဲ့ သေဆဲသတ္တဝါ၊ ဖြစ်ဆဲသတ္တဝါ၊ ယုတ်တဲ့သတ္တဝါ၊ မြတ်တဲ့သတ္တဝါ၊ အဆင်းလှတဲ့ သတ္တဝါ၊ အဆင်းမလှတဲ့ သတ္တဝါ၊ ကောင်းတဲ့ လားရာရှိတဲ့ သတ္တဝါ၊ မကောင်းတဲ့ လားရာရှိတဲ့ သတ္တဝါ၊ ကံအကျိုးပေး ခံစားနေရတဲ့သတ္တဝါတွေကို မြင်လာနိုင်မယ်။

    ̀ဒီသတ္တဝါကတော့ဖြင့် ကိုယ်ထိလက်ရောက် မကောင်းမှု့ကျူးလွန်တဲ့ ကာယဒုစရိုက် ရှိတယ်၊ ဒီသတ္တဝါကတော့ဖြင့် နှုတ်နဲ့ မကောင်းမှု့ကျူးလွန်တဲ့ ဝစီဒုစရိုက် ရှိတယ်၊ ဒီသတ္တဝါကတော့ဖြင့် စိတ်နဲ့ မကောင်းမှု့ကျူးလွန်တဲ့ မနောဒုစရိုက် ရှိတယ်၊ အရိယာပုဂ္ဂိုလ် (တဏှာကင်းပြတ်ပြီးသောသူ၊ ကံအကျိုးပေးခံစားစရာမရှိတော့သောသူ၊ သံသရာလည်စရာအကြောင်း မရှိတော့သောသူ။) ကိုလဲ မဟုတ်မမှန်တွေ စွပ်စွဲပြောကြားတက်ကြတယ်၊ အယူအဆအမှားတွေလဲရှိတယ်၊ အယူအဆအမှားနဲ့ ပြုလုပ်ကြတဲ့ မကောင်းတဲ့ကျူးလွန်မှု့တွေရှိကြတယ်၊ အဲဒီသူတွေသေကြေပျက်စီးကြတဲ့အခါ ချမ်းသာစရာနဲနဲလေးမှမရှိတဲ့ မကောင်းတဲ့လားရာ ငရဲဟာ အထင်အရှားဖြစ်ပေါ်နေပါရောလား။ ဒီသတ္တဝါကတော့ဖြင့် ကိုယ်တိုင်ကိုယ်ကျပြုလုပ်တဲ့ ကောင်းတဲ့ ကာယသုစရိုက် ရှိတယ်၊ ဒီသတ္တဝါကတော့ဖြင့် နှုတ်နဲ့ ပြုလုပ်တဲ့ ကောင်းတဲ့ ဝစီသုစရိုက်ရှိတယ်၊ ဒီသတ္တဝါကတော့ဖြင့် စိတ်နဲ့ ပြုလုပ်တဲ့ ကောင်းတဲ့ မနောသုစရိုက် ရှိတယ်၊ အရိယာပုဂ္ဂိုလ်တွေကိုလဲ မစွပ်စွဲတက်၊ အယူအဆလည်း ဖြောင့်မှန်တယ်၊ မှန်တဲ့အယူအဆနဲ့ ပြုလုပ်ကြတဲ့ ကောင်းတဲ့ကိစ္စတွေလဲရှိတယ်၊ အဲဒီသူတွေသေကြေပျက်စီးကြတဲ့အခါ ကောင်းတဲ့လားရာဖြစ်တဲ့ နတ်ပြည်ဟာ အထင်အရှားဖြစ်ပေါ်နေပါရောလား။ ́ စသည် စသည်ဖြင့် သတ္တဝါတွေပြုလုပ်ကြတဲ့ ကံနဲ့ လားရာတွေကိုပါ ဒိဗ္ဗစက္ခု ဉာဏ်နဲ့မြင်နေမယ်။

    နိဂြောဓ … ဒီလိုနည်းနဲ့ တပေါဇိဂုစ္ဆာဝါဒ ဟာ ညစ်ညူးသလား မညစ်ညူးဘူးလား။”

    နိဂြောဓ ~ “ဗုဒ္ဓမြတ်စွာ … အဲဒီလိုဆိုရင်တော့ တပေါဇိဂုစ္ဆာဝါဒ ဟာအမှန်တကယ်ပဲ စင်ကြယ်ပါတယ်။ ညစ်ညူးတယ်လို့ မဆိုနိုင်ပါ။ စင်ကြယ်တာမှ အထွဋ်အထိပ်ပါပဲ။ တပေါဇိဂုစ္ဆာဝါဒရဲ့ တကယ့်အနှစ်သာရကို တွေ့မြင်ရပါပြီ။”

    ဗုဒ္ဓ ~ “နိဂြောဓ … ဗုဒ္ဓမြတ်စွာရဲ့ တပည့်ရဟန်းတွေဟာ သူတို့ကိုယ်သူတို့ အရိယာဖြစ်ပြီ၊ စင်ကြယ်ပြီလို့ ဝန်ခံကြတယ်။ ဘယ်တရားဟောလို့များ အရိယာဖြစ်သွားကြ၊ ဘယ်ပုံဘယ်နည်းနဲ့များ စင်ကြယ်သွားကြတယ်ဆိုတာ မေးခဲ့တယ်မဟုတ်လား။ ငါ့တပည့် ရဟန်းတွေကိုဟောတဲ့၊ ဆုံးမတဲ့တရားတွေဟာ တပေါဇိဂုစ္ဆာဝါဒ ရဲ့ အထွဋ်အထိပ် အနှစ်သာရတရားတွေထက်ကို အဆပေါင်းများစွာ လွန်ကဲမွန်မြတ်ပါသေးတယ်။ အရိယာဖြစ်ပြီလို့ ဝန်ခံကြတဲ့ ငါ့တပည့် ရဟန်းတွေရဲ့ စင်ကြယ်ခြင်းဟာ တပေါဇိဂုစ္ဆာဝါဒ ရဲ့ အထွဋ်အထိပ် စင်ကြယ်ခြင်းထက်ကို အဆပေါင်းများစွာ လွန်ကဲမွန်မြတ်ပါသေးတယ် နိဂြောဓ။” အဲဒီအချိန် နိဂြောဓပရိဗိုဇ်နဲ့ တပည့်ပရိဗိုဇ်တွေအားလုံး ငါတို့ဟာ တပေါဇိဂုစ္ဆာဝါဒ ရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ ဒိဗ္ဗစက္ခု ဉာဏ်ထက်သာလွန်တဲ့ မွန်မြတ်တဲ့ အဆင့်ကိုမသိနိုင်ကြ၊ မရောက်နိုင်ကြတော့ပါလား ဆိုပြီးဝမ်းနည်းပန်းနည်းပြောဆိုနေကြတော့တယ်။

    သန္ဓာနသူဋ္ဌေးလဲ နိဂြောဓပရိဗိုဇ်ကို ~ “အရှင်နိဂြောဓ … အရှင်ကကျွန်တော့ကို ̀ခင်ဗျားသိရဲ့လား သန္ဓာနသူဋ္ဌေးမင်း ခင်ဗျားတို့ ရဟန်းဂေါတမဟာ ဘယ်သူနဲ့များ ဆွေးနွေးငြင်းခုန်လို့တုန်း၊ … … … ပြဿနာတစ်ပုဒ်လောက်မေးပြီး ရေမရှိတဲ့အိုးကို လှည့်ပတ်ချည်နှောင်သလိုမျိုး စွံ့အသွားအောင် စကားနဲ့ချည်နှောင်ပြလိုက်အုန်းမယ်။ ́ လို့ဆိုခဲ့တယ်မဟုတ်လား။ အခုတော့ ဘယ်လိုလဲ အရှင်နိဂြောဓ။” နိဂြောဓပရိဗိုဇ်လဲ သန္ဓာနသဋ္ဌေးရဲ့စကားကြောင့် ခေါင်းငိုက်စိုက်ကျပြီး ဘာမှမပြောနိုင်ပဲရှိနေတယ်။ ဗုဒ္ဓမြတ်စွာကလည်း ~ “နိဂြောဓ … အဲဒီလိုပြောခဲ့သလား” လို့မေးတယ်။ နိဂ

  • ဆူး

    May 8, 2011 at 1:57 pm

    ဗုဒ္ဓ ~ “ဘယ်လိုလဲနိဂြောဓ သင့်ဆရာတွေဘယ်လိုသင်ကြားခဲ့ကြတာ ကြားဖူးသလဲ၊ လောကမှာ တဏှာကင်းပြတ်ပြီးတဲ့သူ သူတပါး တဏှာကင်းပြတ်အောင်လဲ ဟောကြားဆုံးမနိုင်စွမ်းရှိတဲ့ ရှေးရှေးတုန်းက (ဆည်းကပ် ကိုးကွယ်ထိုက်တဲ့) ဘုရားတွေဟာ လူကြားသူကြားတွေမှာ သစ္စာတရားနဲ့မဆိုင်တဲ့ ထွေရာလေးပါးတွေကို အသံကျယ်ကျယ်လောင်လောင်တွေနဲ့ပြောဆိုနေကြပြီး မွေ့လျှော်ခဲ့ကြတယ်လို့ ကြားဖူးသလား၊ ရာဂ တဏှာတွေရဲ့ ကင်းဝေးရာ စိတ်ငြိမ်ရာ တောကျောင်းတွေမှာပဲ မွေ့လျှော်ခဲ့ကြတယ်လို့ ကြားဖူးသလား။” နိဂြောဓ ~ “သစ္စာတရားနဲ့မဆိုင်တဲ့ ထွေရာလေးပါးတွေကို အသံကျယ်ကျယ်လောင်လောင်တွေနဲ့ ကျွန်တော့လိုမျိုး ပြောဆိုနေကြပြီး မွေ့လျှော်ခဲ့ကြတယ်လို့ မသင်ကြားခဲ့ရဖူးပါ၊ ရာဂ တဏှာတွေရဲ့ ကင်းဝေးရာ စိတ်ငြိမ်ရာ တောကျောင်းတွေမှာပဲ မွေ့လျှော်ခဲ့ကြတယ်လို့ သင်ကြားခဲ့ရဖူးပါတယ်”

    ဗုဒ္ဓ ~ “နိဂြောဓ သင်ဟာ အသက်ကြီးတဲ့သူ၊ ပညာရှိတဲ့သူဖြစ်ပါရဲ့သားနဲ့ ဗုဒ္ဓမြတ်စွာဟာ ရှေးဘုရားတို့လိုမျိုး စိတ်ငြိမ်ရာအရပ်မှာမွေ့လျှော်တယ်၊ သစ္စားလေးပါးကိုလဲ ကိုယ်တိုင်သိမြင်ပြီး သူတစ်ပါးသိမြင်အောင်လဲ ဆုံးမတယ်၊ ကိုယ်တိုင်ယဉ်ကျေးသိမ်မွေ့ပြီး သူတပါးယဉ်ကျေးသိမ်မွေ့အောင်လဲ ဆုံးမတယ်၊ ကိုယ်တိုင်ငြိမ်းအေးပြီး သူတပါးငြိမ်းအေးအောင်လဲ ဆုံးမတယ်၊ ကိုယ်တိုင်လွတ်မြောက်ပြီး သူတပါးလွတ်မြောက်အောင်လဲ ဆုံးမတယ်၊ ကိုယ်တိုင်နိဗ္ဗာန်ရောက်ပြီး သူတပါးနိဗ္ဗာန်ရောက်အောင်လဲ ဆုံးမတယ်ရယ်လို့ ဘာကြောင့်များမတွေးမိတာပါလဲ။”

    နိဂြောဓ ~ “မလိမ္မာပဲမိုက်မိလို့ မဆင်မခြင်ပြောဆိုခဲ့မိပါတယ်။ တွေးထင်ခဲ့မိပါတယ်။ အဲဒီအပြစ်ကို သည်းခံတော်မူပါ။ နောက်တစ်ခါ မဖြစ်ရအောင် စောင့်ထိန်းပါ့မယ်။”

    ဗုဒ္ဓ ~ “နိဂြောဓ သင်ဟာစကားကိုမဆင်မခြင်ပြောဆိုခဲ့တယ်။ အမှားကိုအမှားမှန်းသိပြီး ပြန်ဝန်ခံကုစားတယ်။ အဲဒီအပြစ်ကိုလဲ ငါသည်းခံပါတယ်။ သင်ဟာ နောက်တစ်ခါ မဖြစ်ရအောင်လဲ စောင့်ထိန်းတယ်။ အဲဒီလို အမှားကိုအမှားမှန်းသိ ဝန်ခံကုစား စောင့်ထိန်းတက်တဲ့ အလေ့အကျင့်ဟာ အရိယာခရီလမ်းမှာ ပိုပြီးတိုးတက်ကြီးပွားမယ့် အလေ့အကျင့်တွေပဲဖြစ်တယ်။ ပညာရှိတွေရဲ့ အပြုအမူပဲဖြစ်တယ်။ ငါအာမခံတယ် နိဂြောဓ … အဲဒီလို ပညာရှိပြီး ရိုးသားဖြောင့်မတ်တဲ့သူမျိုးဆိုရင် လာပါစေ။ ငါ့ဆီလာခဲ့စမ်းပါ။ တဏှာကင်းပြတ်ရာကင်းပြတ်ကြောင်း၊ အေးငြိမ်းရာအေးငြိမ်းကြောင်း စင်ကြယ်ခြင်းရဲ့ အထွဋ်အထိတ်ဖြစ်တဲ့ အမွန်မြတ်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်+ဖိုလ် ကို ရနှစ်အတွင်းလဲ ရအောင်ဆုံးမသွန်သင်နိုင်တယ်။ ပညာရှိပြီး ရိုးသားဖြောင့်မတ်တဲ့သူမျိုးဆိုရင် လာပါစေ။ ရလအတွင်းလဲ ရအောင်ဆုံးမသွန်သင်နိုင်တယ်။ ပညာရှိပြီး ရိုးသားဖြောင့်မတ်တဲ့သူမျိုးဆိုရင် လာပါစေ။ ရရက်အတွင်းလဲရအောင် ဆုံးမသွန်သင်နိုင်တယ်။” ဗုဒ္ဓမြတ်စွာက အဲဒီလိုရဲရဲရင့်ရင့်ဖိတ်ခေါ် ပေမယ့် နိဂြောဓနဲ့ပရိဗိုဇ်တွေဟာ မှိုင်တွေဝမ်းနည်းလို့ပဲနေတယ်။ တစ်ဦးတစ်ယောက်ကမှ ဗုဒ္ဓပြောတဲ့ ရရက်အတွင်းရနိုင်မရနိုင် စမ်းကြည့်မှပဲဆိုတာမျိုး၊ ရရက်လောက် စမ်းကြည့်တာ မနစ်နာလောက်ပါဘူး ဆိုတာမျိုး မတွေးမိကြဘူး။

    ဗုဒ္ဓ ~ “နိဂြောဓ
    ရဟန်းဂေါတမဟာ သူ့ဆီမှာ တပည့်ခံစေလိုလို့ အဲဒီ လာပါစေ ဆိုတဲ့စကားကိုပြောတာဖြစ်မယ် လို့တွေးကောင်းတွေးမိလိမ့်မယ်။
    အဲဒီစကားကို အဲဒီလိုမထင်မှတ်သင့်ဘူး။ သင်တို့ရဲ့ ဆရာသာလျှင် သင်တို့ရဲ့ဆရာပဲဖြစ်နေပါစေ။
    (သင်တို့ရဲ့ဆရာကို နဂိုအတိုင်းပဲ လေးစားပါ။ ယုံကြည်ပါ။ ကိုးကွယ်ဆည်းကပါ။ ပြောဆိုဆုံးမတာတွေကို လိုက်နာပါ။ ပြောင်းစရာမလိုပါ။)
    ရဟန်းဂေါတမဟာ ငါတို့ဘာသာရဲ့ကျမ်းစာတွေကို ငါတို့ပစ်ပယ်သွားအောင်လို့ အဲဒီ လာပါစေ ဆိုတဲ့စကားကိုပြောတာဖြစ်မယ် လို့တွေးကောင်းတွေးမိလိမ့်မယ်။
    အဲဒီစကားကို အဲဒီလိုမထင်မှတ်သင့်ဘူး။ သင်တို့ရဲ့ ကျမ်းစာသာလျှင် သင်တို့ရဲ့ကျမ်းစာအတိုင်းပဲဖြစ်နေပါစေ။
    (သင်တို့ရဲ့ကျမ်းစာကို နဂိုအတိုင်းပဲ လေးစားပါ။ ရိုသေပါ။ မြတ်နိုးပါ။ လေ့လာ သင်အံကြပါ။ ပြောင်းစရာမလိုပါ။)
    ရဟန်းဂေါတမဟာ ငါတို့ရဲ့ကျင့်စဉ်တွေကို ငါတို့ပစ်ပယ်သွားအောင်လို့ အဲဒီ လာပါစေ ဆိုတဲ့စကားကိုပြောတာဖြစ်မယ် လို့တွေးကောင်းတွေးမိလိမ့်မယ်။
    အဲဒီစကားကို အဲဒီလိုမထင်မှတ်သင့်ဘူး။ သင်တို့ရဲ့ ကျင့်စဉ်သာလျှင် သင်တို့ရဲ့ကျင့်စဉ်အတိုင်းပဲဖြစ်နေပါစေ။
    (သင်တို့ရဲ့ကျင့်စဉ်တွေကို နဂိုအတိုင်းပဲ လေးစားပါ။ လိုက်နာကျင့်ကြံကြပါ။ ပြောင်းစရာမလိုပါ။)
    ရဟန်းဂေါတမဟာ ငါတို့သတ်မှတ်ထားတဲ့ အကုသိုလ်စံနှုန်းတွေကို ပျက်ပြားသွားရအောင် အဲဒီ လာပါစေ ဆိုတဲ့စကားကိုပြောတာဖြစ်မယ် လို့တွေးကောင်းတွေးမိလိမ့်မယ်။
    အဲဒီစကားကို အဲဒီလိုမထင်မှတ်သင့်ဘူး။ သင်တို့သတ်မှတ်ထားတဲ့ အကုသိုလ်တွေသာလျှင် သင်တို့သတ်မှတ်ထားတဲ့အတိုင်းပဲဖြစ်နေပါစေ။
    (ဤအရာကတော့ဖြင့် အကုသိုလ်ဖြစ်စေတယ်လို့ နဂိုတုန်းကတည်းက သတ်မှတ်ထားတဲ့အတိုင်း သတ်မှတ်ကြပါ။ ရှောင်ရှားကြပါ။ ပြောင်းစရာမလိုပါ။)
    ရဟန်းဂေါတမဟာ ငါတို့သတ်မှတ်ထားတဲ့ ကုသလိုလ်စံနှုန်းတွေကို ပျက်ပြားသွားရအောင် အဲဒီ လာပါစေ ဆိုတဲ့စကားကိုပြောတာဖြစ်မယ် လို့တွေးကောင်းတွေးမိလိမ့်မယ်။
    အဲဒီစကားကို အဲဒီလိုမထင်မှတ်သင့်ဘူး။ သင်တို့သတ်မှတ်ထားတဲ့ ကုသိုလ်တွေသာလျှင် သင်တို့သတ်မှတ်ထားတဲ့အတိုင်းဖြစ်နေပါစေ။
    (ဤအရာကတော့ဖြင့် ကုသိုလ်ဖြစ်စေတယ်လို့ နဂိုတုန်းကတည်းက သတ်မှတ်ထားတဲ့အတိုင်း သတ်မှတ်ကြပါ။ ပြုလုပ်ကြပါ။ ပြောင်းစရာမလိုပါ။)

    ငါ့ဆီမှာ တပည့်ခံစေလိုလို့လဲ လာပါစေလို့ ငါပြောတာမဟုတ်။
    သင်တို့ရဲ့ ကျမ်းစာတွေ ပစ်ပယ်စေလိုလို့လဲ လာပါစေလို့ ငါပြောတာမဟုတ်။
    သင်တို့ရဲ့ ကျင့်စဉ်တွေ ပစ်ပယ်စေလိုလို့လဲ လာပါစေလို့ ငါပြောတာမဟုတ်။
    သင်တို့ သတ်မှတ်ထားတဲ့ အကုသိုလ်စံနှုန်းတွေကို ပစ်ပယ်စေလိုလို့လဲ လာပါစေလို့ ငါပြောတာမဟုတ်။
    သင်တို့ သတ်မှတ်ထားတဲ့ ကုသိုလ်စံနှုန်းတွေကို ပစ်ပယ်စေလိုလို့လဲ လာပါစေလို့ ငါပြောတာမဟုတ်။

    အမှန်တကယ်တော့ … မပယ်ရသေးတဲ့ ကိလေသာတွေကိုပယ်နိုင်အောင်၊ မဆုံးနိုင်တဲ့ သံသရာ-နောက်ဘဝအသစ်တစ်ခုကိုပေးတက်တဲ့ ပူပန်စေတက်တဲ့ ဆင်းရဲစေတက်တဲ့ ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်း တွေကိုဖြစ်စေတက်တဲ့ ညစ်ညူးခြင်းတွေကိုပယ်နိုင်အောင် သာ ငါပြောတယ်။ ငါပြောတဲ့အတိုင်း ကျင့်ကြရင် သင်တို့မှာရှိတဲ့ ညစ်ညူးခြင်း ကိလေသာတရားတွေ ပယ်ပျောက်လိမ့်မယ်။ စင်ကြယ်ခြင်းကို ဖြစ်စေတဲ့ သမထဝိပဿနာတရားတွေ တိုးပွားလိမ့်မယ်။ မဂ်ပညာရဲ့ ပြည့်စုံပုံ ဖိုလ်ပညာရဲ့ပြန်ပြောပုံကိုလဲ (နောင်ဘဝနဲ့မမြူစွယ်ပဲ။) အခုလက်ရှိဘဝမှာတင် တွေ့သိခံစားကြရလိမ့်မယ်။” အဲဒီလောက်ထိ ပွင့်ပွင့်လင်းလင်းနဲ့ ဖိတ်ခေါ်ပေမယ့်လည်း နိဂြောဓအပါအဝင် ပရိဗိုဇ်တွေအကုန်လုံး ခေါင်းငိုက်စိုက်ကျပြီး မှိုင်တွေငေးမောနေကြတယ်။ တိတ်ဆိတ်ညှိုးငယ်နေကြတယ်။ တစ်ဦးတစ်ယောက်ကမှ ဗုဒ္ဓပြောတဲ့ ရရက်အတွင်းရနိုင်မရနိုင် စမ်းကြည့်မှပဲဆိုတာမျိုး၊ ရရက်လောက် စမ်းကြည့်တာ မနစ်နာလောက်ပါဘူး ဆိုတာမျိုး မတွေးမိကြဘူး။ စကားလဲမဆိုပဲ တွေတွေကြီးတွေဖြစ်နေကြတယ်။

    ဗုဒ္ဓမြတ်စွာဘုရားဟာ ဘာသာအယူဝါဒမတူသူတွေရဲ့နေရာ၊ ဘာသာအယူဝါဒမတူသူတွေကြားမှာ၊ အဲဒီဘာသာအယူဝါဒမတူသူတွေကို ဒီလိုမျိုး ရဲရင့်တဲ့စကားတွေ ကျူးရင့်ပြီးတော့ (မှိုင်တွေနေတဲ့ ပရိဗိုဇ်တွေကိုထားခဲ့ပြီး) ဂိဇ္ဈကုဋ်တောင်ဆီ ပြန်ကြွသွားတော်မူပါတယ်။

    အဲဒီခဏမှာပဲ သန္ဓာနသူဋ္ဌေးလဲ ရာဇဂြိုလ်မြို့ထဲကို ပြန်သွားပါတော့တယ်။
    ~ ပြီးပါပြီ။ ~

Leave a Reply