Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ယ္ခု သီတင်းပတ်အတွက် စိတ်ဝင်စားဖွယ်နှင့် မှတ်သားဖွယ်သတင်းများ (၁၇.၅.၂၀၁၁- ၂၄.၅.၂၀၁၁), interesting news (17.5.2011-24.5.2011)

erosMay 17, 20115min71915

ရန်ကုန်တိုင်းဒေသကြီးအစိုးရက မီဒီယာများနှင့် ပုံမှန်တွေ့ဆုံမည်

သတင်းထောက် ဆန်းဦး ရေးသားထားသော အထက်ပါ ခေါင်းစဉ်နှင့်သတင်းအား မြန်မာတိုင်း(မ်) မြန်မာဘာသာ သတင်းဆိုက်တွင်ဖော်ပြထားသည်။ သတင်းတွင် အစိုးရ အဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် မီဒီယာ သမားများပြောစကားကို ပါ ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.myanmar.mmtimes.com/2011/news/517/news02.html

ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ယခုထက် ပိုမိုမြန်ဆန်ရန်လိုအပ်

အထက်ပါ သတင်းခေါင်းစဉ်ဖြင့် သတင်းထောက် ဂျူးလိယက် ရေးသားထားသော သတင်းအား မြန်မာတိုင်း(မ်) မြန်မာဘာသာ သတင်းဆိုက်တွင်ဖော်ပြထားသည်။ သတင်းတွင်မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းများအတွက် ကုမ္ပဏီတည်ထောင်ရန် မှတ်ပုံတင်ရာတွင် ယခုထက်ပိုမို လျင်မြန်စွာ စီစဉ်ဆောင်ရွက်သင့်ကြောင်း၊မြန်မာနိုင်ငံတွင် လက်ရှိကုမ္ပဏီ မှတ်ပုံတင်ရန် ခြောက်လခန့် အချိန် ကြာမြင့်တတ်ပြီး ထိုသို့ ဖြစ်ရခြင်းမှာ လိုအပ်သည်ထက် ပိုမိုသည့် စစ်ဆေးမှုများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ ထောက်ခံချက် အဆင့်ဆင့်တို့ကို ရယူရခြင်း၊ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီ အတွက် ၎င်းနိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့် စုံစမ်းခြင်း စသည့် အခြေအနေ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ဒေသတွင်း နိုင်ငံများတွင် အချိန်တိုတွင်း လုပ်ငန်းပြီးစီးမှုများ နှင့် ကုမ္ပဏီများ၏ အရှုတ်တော်ပုံများကို ဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://www.myanmar.mmtimes.com/2011/news/517/news03.html

ပြည်ပအမှာ ထိုးကျသွားသောကြောင့် သစ်အခြေခံစက်ရုံ ၅ဝ ကျော် ရပ်နားလိုက်ရ

မြန်မာ့သစ်လုပ်ငန်းနှင့် ပုဂ္ဂလိက သစ်လုပ်ငန်းရှင်များအကြား ၂ဝဝ၄-၂ဝဝ၅ ခုနှစ်ခန့်မှ စတင်ပူးပေါင်း ဆောင်ရွက်ခဲ့သော ကုန်ကြမ်းပေး ကုန်ချောယူစနစ်မှာ ယခု နှစ်တွင် ပျက်ပြယ်သွားမှုကြောင့် သစ်အခြေခံစက်ရုံ ၅ဝ ကျော်ခန့် ရပ်နားလိုက်ရကြောင်း သတင်းကို ပေါ်ပြူလာမြန်မာ သတင်းဂျာနယ်ဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://popularmyanmar.com/mpaper/?p=18520

ထိုင်း-ကမ္ဘောဒီးယား ပြဿနာနှင့် မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌနေရာ ရယူရေး ဆုံးဖြတ်ချက် မချနိုင်သေးဘဲ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံး

အရှေ့တောင်အာရှ နိုင်ငံများ၏ ခေါင်းဆောင်များ တက်ရောက်ကြသော အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် အဓိက ကိစ္စနှစ်ရပ် ဖြစ်သော ထိုင်း-ကမ္ဘောဒီးယား ပြဿနာနှင့် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ နေရာရယူရေး

ညှိနှိုင်းမှုတို့မှာ ဆုံးဖြတ်ချက် မချနိုင်သေးဘဲ မေလ ၈ ရက်နေ့တွင် ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့ကြောင်းသတင်းကို Eleven Media Group ၏ သတင်းဂျာနယ် ဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8360:2011-05-11-08-09-01&catid=100:asean-summit&Itemid=114

ဒေါ်လာနှင့် ရွှေဈေး အတက်အကျကြမ်း

နိုင်ငံခြား ငွေလဲလှယ်နှုန်းများ အတက်အကျ များစွာ ဖြစ်ပေါ်ခဲ့၍ ပြည်တွင်း ရွှေဈေးနှုန်းများ မှာလည်း နာရီပိုင်း အတွင်း ကျပ် တစ်သောင်းနီးပါး မြင့်တက်ခဲ့ကြောင်း ရွှေဆိုင် လုပ်ငန်းရှင်များက ပြောကြားကြောင်း 7Day News မှ သတင်းအား ရတနာပုံ သတင်းစာမျက်နှာမှ တင်ဆက်ထားပါသည်။

သတင်းအကျယ်သို့

http://news.yatanarpon.com.mm/news/news-17481

မြို့နယ်အချို့၌ အဝီစိရေသန့်စင်မှု မရှိ၍ တစ်နိုင်တစ်ပိုင် သန့်စင်သုံးစွဲနေ

မြို့သစ်မြို့နယ် အချို့တွင် နေထိုင်သူများ သုံးစွဲသည့် အဝီစိရေမှာ ကြည်လင်သန့်စင်မှု မရှိ၍ တစ်နိုင် တစ်ပိုင် ရေသန့်စင်မှုများပြုလုပ်ကာ သုံးစွဲနေရကြောင်း သတင်းကို Eleven Media Group ၏ သတင်းဂျာနယ် ဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8400:2011-05-12-04-49-38&catid=43:2009-11-10-07-39-09&Itemid=111

ပြည်တွင်းမှ ခရီးသွားနှင့် ပြည်ပခရီးသည်များ အတွက် သံရုံးအသီးသီးမှ ဗီဇာရရှိမှုပိုင်းတွင် ကြန့်ကြာမှုများရှိ၊ မြန်မာနိုင်ငံ အခြေစိုက်သံရုံးများ၏ ဗီဇာတင်းကျပ်မှုသည်လည်း အဓိကအချက်ဖြစ်

ပြည်တွင်းမှ ခရီးသွားများနှင့် ပြည်ပမှ လာရောက်မည့် ခရီးသည်များအတွက် နိုင်ငံတကာ သံရုံးအသီးသီးမှ ဗီဇာရရှိမှုပိုင်းတွင် ကြန့်ကြာမှုများ ရှိကြောင်းနှင့် မြန်မာ့ခရီးသွား ကဏ္ဍဖွံ့ဖြိုးမှုတွင် အခြေခံကျသည့်ခရီးသွားဆိုင်ရာ ဝန်ဆောင်မှုများအပြင် သက်ဆိုင်ရာ သံရုံးအသီးသီး၏ ဗီဇာတင်းကျပ်မှုသည်လည်း အဓိကဖြစ်နေသည်ဟု ခရီးသွားများထံမှ စုံစမ်းသိရှိရကြောင်းသတင်းကို Eleven Media Group ၏ သတင်းဂျာနယ် ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါသတင်းတွင် နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် ဗီဇာယူရသည့် အခက်အခဲ၊ မြန်မာလူမျိုးများ ပြည်ပခရီးသွားရာတွင် မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများတွင် ဗီဇာလျှောက်ရာတွင် သံရုံးများမှ မလိုလားအပ်သည့် အခက်အခဲများကြုံတွေ့အောင် ဖန်တီးထားမှုအား ကာယကံရှင်များပြောဆိုထားချက်များအား ဖော်ပြထားပါသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8358:2011-05-11-07-03-29&catid=42:2009-11-10-07-36-59&Itemid=112

အစိုးရသစ်လက်ထက်တွင် ပိုမိုစနစ်ကျသည့် မြို့ကွက် သစ်များ ပြန်လည်ပြုပြင် တည်ဆောက်ပေးရန်လို

အထက်ပါ သတင်းခေါင်းစဉ်ဖြင့် သတင်းထောက် ကျော်ဆုမွန် ရေးသားထားသော သတင်းအား မြန်မာတိုင်း(မ်) မြန်မာဘာသာ သတင်းဆိုက်တွင်ဖော်ပြထားသည်။ သတင်းတွင် အစိုးရသစ်လက်ထက်တွင် ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး၏ မြို့တော်များကို ယခုထက်ပိုမို စနစ်ကျသော မြို့ကွက်သစ် များအဖြစ် ပြန်လည်ပြုပြင်တည်ဆောက်ရန် အထူး အလေးပေး ဆောင်ရွက်သင့်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းအသိုင်းအဝိုင်းက လိုလားလျက်ရှိနေကြောင်း၊ အဘယ်ကြောင့် လိုအပ်ပုံ၊ လက်ရှိအခြေအနေများကို သုံးသပ်ပြောကြားမှုများကိုပါ ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.myanmar.mmtimes.com/2011/property/517/buss10.html

မီးနီလည်း မရပ် ဖြတ်မောင်းသောကြောင့် ယာဉ်တိုက်မှုဖြစ်ပွား၊ တစ်ဦးတိမ်းပါး

မေလ ၅ ရက် နံနက်ပိုင်း ၅ နာရီခွဲအချိ်န်၌ ပန်းဘဲတန်းမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံရာ သိမ်ကြီးဈေး လူကူးခုံးကျော် တံတားအောက်၌ မီပွိုင့်မီးနီနေစဉ် ဖြတ်မောင်းသော ကြောင့် အခြားယာဉ်တစ်စီးနှင့် တိုက်မိကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ဖြစ်ဖြစ်ချင်း ၄၈ မီနီဘတ်စ်ယာဉ်လိုင်းခရီးသည်တင်ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ၄၈ မီနီဘတ်စ်ခရီးသည်တင် ယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ ခရီးသည် ၅ ဦးခန့်အနက် ၂ ဦးဒဏ်ရာရရှိခဲ့ပြီး အမည်မသိ အမျိုးသားတစ်ဦးမှာ ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်းPopular News မှ သတင်းအား ရတနာပုံ သတင်းစာမျက်နှာမှ တင်ဆက်ထားပါသည်။

သတင်းအကျယ်သို့

http://news.yatanarpon.com.mm/news/news-17672

ထူးကုမ္ပဏီ ဝက်ဘ်ဆိုက် အပါအဝင် ဝက်ဘ်ဆိုက်အချို့ တိုက်ခိုက်ခံရပြန်

အွန်လိုင်းမှ တစ်ဆင့် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများအား ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်နေသော BHG အဖွဲ့သည် ယခု ရက်ပိုင်းအတွင်း ထူးကုမ္ပဏီ အပါအဝင် ဝက်ဘ်ဆိုက်လေးခုခန့်အား ဝင်ရောက် ဖောက်ထွင်း သွားခဲ့ကြောင်း ထို့အပြင် ယင်းရက်ပိုင်းအတွင်း၌ cindrellahotel.com အမည်ရှိ ဝက်ဘ်ဆိုက်နှင့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ဝက်ဘ်ဆိုက်တို့ကိုပါ အလားတူ ဖောက်ထွင်း တိုက်ခိုက်မှုမျိုး ပြုလုပ်သွားခဲ့ကြောင်း သိရသည်။ ယင်းပြည်ပအခြေစိုက် BHG အမည်ရ ဟက်ကာတစ်စုသည် မကြာသေးမီကလည်း အစိုးရပိုင် ဝက်ဘ်ဆိုက်နှင့် ဝန်ကြီးဌာန ဝက်ဘ်ဆိုက်အများအပြားကို ဖောက်ထွင်းခဲ့သော အဖွဲ့ဖြစ်ကြောင်း7Day News မှ သတင်းအား ရတနာပုံ သတင်းစာမျက်နှာမှ တင်ဆက်ထားပါသည်။

သတင်းအကျယ်သို့

http://news.yatanarpon.com.mm/news/news-17463

ရန်ကုန်တွင် ထိုင်းဘတ်ငွေ အတုများ ဖမ်းဆီး

ထိုင်းနိုင်ငံသုံး ဘတ်ငွေ အတုများအား မေလ ၆ ရက် ၁၆ နာရီ ပန်းဘဲတန်း ရဲစခန်းမှ ဒုရဲအုပ် အောင်နိုင်မြင့်နှင့် အဖွဲ့ လှည့်ကင်း ဆောင်ရွက်နေစဉ် ဖမ်းဆီးရမိကြောင်း၊ ဖြစ်စဉ်မှာ ပန်းဘဲတန်းမြို့နယ် (၈) ရပ်ကွက်၊ အနော်ရတာလမ်းနှင့် လမ်း ၃ဝ ထောင့်တွင် မသင်္ကာဖွယ် လှုပ်ရှားနေသူမ . . အား ရှာဖွေရာ ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁,၀၀ဝ တန်ငွေ စက္ကူ အတု ၂၂ ရွက်အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပြီး ထိုအမျိုးသမီးအား စစ်ဆေး မေးမြန်းခဲ့ပြီး သတင်းအရ ခွင့်ယူထားသော ထောက်ကြံ့ ဘောလုံးကွင်းရပ်ကွက်နေ တပ်မတော်သား တစ်ဦးကို ရှောင်တခင် စစ်ဆေးရာ ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁,၀၀ဝ တန် ငွေစက္ကူအတု ၆၅ ရွက် ထပ်မံ သိမ်းဆည်းရမိကြောင်း 7Day News မှ သတင်းအား ရတနာပုံ သတင်းစာမျက်နှာမှ တင်ဆက်ထားပါသည်။

သတင်းအကျယ်သို့

http://news.yatanarpon.com.mm/news/news-17548

အဆင့်အတန်းမမီသော ကုန်ပစ္စည်းများကြောင့် စားသုံးသူများအား ကာကွယ်ပေးနိုင်မည့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးသွားမည်ဖြစ်

သတ်မှတ်ထားသည့် အဆင့်အတန်း မမီသော ကုန်ပစ္စည်းများကြောင့် စားသုံးသူများ နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သောကြောင့် စားသုံးသူများအား ကာကွယ်ပေးနိုင်မည့် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဝင်းအောင်က ၁-၅-၂၀၁၁ ရက်တွင် ပြောကြားလိုက်ကြောင်း ပြည်မြန်မာသတင်းဂျာနယ် မှ သတင်းအား ရတနာပုံ သတင်းစာမျက်နှာမှ တင်ဆက်ထားပါသည်။

သတင်းအကျယ်သို့

http://news.yatanarpon.com.mm/cp/pyimyanmar/review-17073

ပြောခွင့်ပေး၍ ရင်ဖွင့် ပြောကြားခဲ့ကြသည့် မထသယာဉ်လိုင်း (ပိုင်၊မောင်း၊ရောင်း)ဘက်မှ ရင်တွင်းစကားသံများ

ရန်ကုန် မြို့တွင်းမြို့ပြင် ခရီးသွား ပြည်သူများ အတွက်ပြေးဆွဲလျက် ရှိ သည့် မော်တော်ယာဉ် ထိန်းသိမ်းရေး လိုင်းပေါင်းစုံ (မထသ) ယာဉ်လိုင်းမှ ယာဉ်အမှုထမ်းများ၊ ယာဉ်ပိုင်ရှင်များသည် ၎င်းတို့၏ အခက်အခဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ပြန်လည်ရင်ဖွင့် ပြောကြားခဲ့ကြသည့်သတင်းကို လျှပ်တပြက် သတင်းဂျာနယ်ဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.snapshot-news.com/index.php?option=com_content&view=article&id=8275:2011-05-07-15-09-02&catid=567:vol3-no34&Itemid=120

မြန်မာအသင်း အောင်မြင်ဖို့ ဆိုလျှင်

အထက်ပါ ခေါင်းစဉ်ဖြင့် မြန်မာဘောလုံးအသင်း၏ လစ်ဟာချက်များ၊ အားနည်းချက်များ၊ လိုအပ်ချက်များ၊ လက်ရှိမြန်မာပရိသတ်၏ အခြေအနေကို သုံးသပ်တင်ပြထားသော ဆောင်းပါးကောင်းတပုဒ်ဖြစ်လေသည်။ အဆိုပါ The Voice Weekly မှဆောင်းပါးကို ရတနာပုံ သတင်းဆိုက်တွင် တင်ဆက်ထားပါသည်။

သတင်းအကျယ်သို့

http://news.yatanarpon.com.mm/cp/thevoiceweekly/article-15924

မြန်မာနိုင်ငံ ပညာရေး တိုးတက်ဖို့ အစိုးရသစ်က ဘာတွေ ဆောင်ရွက်ဖို့ လိုသလဲ

ယခုလက်ရှိမြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို သုံးသပ်တင်ပြထားသော Flower News Journal ၏ဆောင်းပါးကို ရတနာပုံသတင်းဆိုက်တွင် တင်ဆက်ထားပါသည်။

သတင်းအကျယ်သို့

http://news.yatanarpon.com.mm/cp/flowernewsjournal/article-11577

ရေသန့် အမှတ်တံဆိပ် ၃ဝ အား သန့်ရှင်းမှု မရှိသဖြင့် ပြန်ပြင်ထုတ်ရန် FDA မှ သတိပေး

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)မှ ဈေးကွက် ကောက်စစ်ဆေးခဲ့သည့် ရေသန့် အမှတ်တံဆိပ်ပေါင်း ၁၃ဝ အနက် အမှတ်တံဆိပ် ၃ဝ မှာသန့်ရှင်းမှုမရှိသဖြင့် ပြန်လည်ပြင်ဆင် ထုတ်လုပ်ရန် အတွက် FDA မှ ခေါ်ယူ သတိပေးခဲ့ကြောင်း သတင်းကို Weekly Eleven Media သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8432:——-fda–&catid=42:2009-11-10-07-36-59&Itemid=112

ရွှေတူးဖော်ရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများ မြစ်အတွင်းသို့ ရောက်ရှိမှုများပြား၍ မြစ်ဆုံဒေသ၌ ရေသယံဇာတ ထိခိုက်မှုဖြစ်ပေါ်

ရွှေတူးဖော်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ မြစ်ရေထဲသို့ ရောက်ရှိမှုများ ပြားနေသည့်အတွက် မြန်မာနိုင်ငံအထက်ပိုင်းရှိ မြစ်ဆုံဒေသတွင် ရေသယံဇာတကို ထိခိုက်မှုကြုံတွေ့လာ ကြောင်း သတင်းကို Weekly Eleven Media သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8436:2011-05-15-09-12-18&catid=42:2009-11-10-07-36-59&Itemid=112

ရာသီဥတု ဖောက်ပြန်မှုအပြင် အဆင့်မြင့် ငါးဖမ်းနည်းစနစ်များ အသုံးပြုဖမ်းဆီးလာခြင်း စသည်တို့ကြောင့် ပင်လယ်ပြင် ငါးသယံဇာတ လျော့နည်းလာ

ရာသီဥတုဖောက်ပြန်မှု အပြင် အဆင့်မြင့် ငါးဖမ်းစနစ်များ အသုံးပြု ဖမ်းဆီးလာခြင်းနှင့် ပြည်တွင်း တိုင်းရင်းသားအမည်ခံ တရုတ်ငါးဖမ်းသင်္ဘောများမှ မြန်မာ့ရေပြင်တွင် ဝင်ရောက်ဖမ်းဆီးနေမှု များကလည်း ပင်လယ်ပြင် ငါးသယံဇာတ လျော့ကျမှုကို ဖြစ်လာစေကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုးက သုံးသပ်ပြောကြားခဲ့ကြောင်း သတင်းကို Weekly Eleven Media သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8446:2011-05-15-10-21-49&catid=42:2009-11-10-07-36-59&Itemid=112

ဗဟိုစံပြငါးဈေးကြီး အကြီးစား ပြန်လည်ပြုပြင်မည်

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟို စံပြငါးဈေး ကြီးအား အကြီးစား ပြန်လည်ပြုပြင် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သတင်းရရှိ ခဲ့ကြောင်း သတင်းကို Weekly Eleven Media သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8442:2011-05-15-10-00-49&catid=43:2009-11-10-07-39-09&Itemid=111

ရန်ကုန်မြို့တွင်းရှိ တစ်ဝက်တစ်ပျက် ခင်းကျင်းထားသော ကွန်ကရစ်လမ်းများကို မိုးရာသီ မတိုင်မီ အပြီးသတ်နိုင်ရန် အတွက် တွန်းအားပေး ကြပ်မတ်သွားရန် ညွှန်ကြားထား

ရန်ကုန်မြို့တွင်းရှိ ယခင် ဘဏ္ဍာရေးနှစ်က တစ်ဝက်တစ်ပျက် ခင်းကျင်းထားသော ကွန်ကရစ်လမ်းများအား မိုးရာသီကာလ မတိုင်မီ အပြီးသတ် ခင်းကျင်းရန်နှင့် မိုးရာသီကာလ အတိုင်မီ လမ်းပေါက်များကို ဖာသွားရန်အတွက် တွန်းအားပေး ကြပ်မတ် ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သတင်းကို Weekly Eleven Media သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8440:2011-05-15-09-52-35&catid=43:2009-11-10-07-39-09&Itemid=111

ရန်ကုန်မြို့ရှိ ဈေးများတွင် စားသောက်ကုန်ပစ္စည်း ရောင်းချသူများ လက်အိတ်များ သုံးစွဲရန် အသိပညာပေး

ရန်ကုန်မြို့ရှိ ဈေးများတွင် စားသောက်ကုန် ပစ္စည်း ရောင်းချသူများ အနေဖြင့် လက်အိတ်များ အသုံးပြု၍ သန့်ရှင်းစွာ ရောင်းချနိုင်ရန်နှင့် စားသုံးသူများ သန့်ရှင်းသော အစားအသောက်များ စားသုံးနိုင်ရန် စားသောက်ကုန်ပစ္စည်း ရောင်းချသူများ လက်အိတ်များ သုံးစွဲရောင်းချရန် အသိပညာပေးမှုများ ပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဌာနများသို့ ညွှန်ကြားထားကြောင်း သတင်းကို Weekly Eleven Media သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8435:2011-05-15-08-57-11&catid=43:2009-11-10-07-39-09&Itemid=111

ခရီးသည်တင် ယာဉ်လိုင်းများအား ဗဟိုဘဏ်မှ တစ်ပတ်လျှင် ကျပ်သိန်း ၂၀ဝ ဖိုး အထိ ငွေအကြွေ တိုးမြှင့်လဲလှယ်ပေး ယာဉ်တစ်စီး တစ်ပတ်လျှင် ပျမ်းမျှ ငွေအကြွေ ကျပ် ၂၀၀ဝ ကျော်ခန့် ရရှိ

နေ့စဉ် ငွေအကြွေ အခက်အခဲနှင့် ကြုံတွေ့နေရသော ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများအား ဗဟိုဘဏ်မှ တစ်ပတ်လျှင် ကျပ်သိန်း ၂၀ဝ ဖိုး အထိ ငွေအကြွေ တိုးမြှင့် လဲလှယ်ပေးလျက် ရှိသည်ဟု

ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုကော်မတီမှ သတင်းရရှိကြောင်း သတင်းကို Weekly Eleven Media သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.news-eleven.com/index.php?option=com_content&view=article&id=8437:2011-05-15-09-17-41&catid=43:2009-11-10-07-39-09&Itemid=111

ထိုင်းမြောက်ပိုင်း ကြက်သား စက်ရုံ၌ မြန်မာ အလုပ်သမားများနှင့် လုံခြုံရေး ဝန်ထမ်းများ ခိုက်ရန် ဖြစ်ပွားမှု မြန်မာသံရုံး အကူအညီဖြင့် ဖြေရှင်း

မြန်မာ နိုင်ငံသား ရွှေ့ပြောင်းလုပ်သား အများဆုံး ရှိရာ ထိုင်းနိုင်ငံ မြောက်ပိုင်း ဖဲချဘွန် ခရိုင်ရှိ ကြက်သား စက်ရုံတွင် ဧပြီလ ၂ ရက်နေ့ညက လက်နက်ကိုင် လုံခြုံရေး ဝန်ထမ်းများနှင့် မြန်မာ လုပ်သားများ ခိုက်ရန် ဖြစ်ပွားခဲ့ရာ မြန်မာသံရုံး၏ ကူညီ ဆောင်ရွက်ပေးမှုကြောင့် အချင်း ဖြစ်ပွားမှုကို ရက်ပိုင်းအတွင်း ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ထုတ်ပြန်ချက်များအရ သိရှိရကြောင်းသတင်းကို The Voice Weekly သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=185:2011-05-15-18-24-35&catid=3:local&Itemid=34

ခေါင်းစဉ် သို့ စာပိုဒ်အား ကူးယူခြင်းမပြုပါရန် မေတ္တာရပ်ခံပါသည်။

15 comments

  • kai

    May 17, 2011 at 9:09 am

    အကျဉ်းကျများကို ပြစ်ဒဏ်လျှော့ လွတ်ငြိမ်းသက်သာခွင့်ပေးမည်
    အစိုးရသစ်က နိုင်ငံတဝန်းရှိ ထောင်များတွင် အကျဉ်းကျခံနေရသူ အားလုံးကို ထောင်ဒဏ် ၁ နှစ် လျှော့ပေါ့ပေးမည်ဖြစ်ပြီး သေဒဏ် ချမှတ်ခံထားရသူများကို တသက်တကျွန်း ပြစ်ဒဏ်သို့ လွတ်ငြိမ်းခွင့် ပေးမည်ဖြစ်ကြောင်း ယနေ့ ညနေတွင် အစိုးရပိုင် မြဝတီ ရုပ်မြင်သံကြားမှ ထုတ်လွှင့် ကြေညာသည်။
    http://www.irrawaddy.org/bur/index.php/news/2010-11-12-10-25-42/6394-2011-05-17-03-56-05

  • eros

    May 17, 2011 at 2:42 pm

    ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ယခုထက် ပိုမိုမြန်ဆန်ရန်လိုအပ်

    သူတို့လဲ လူ ကိုယ်တွေလဲ လူပဲ ဘာကြောင့်သူတို့ လို မြန်မြန် မလုပ်နိုင်ရတာလဲ။

    ပြည်တွင်းမှ ခရီးသွားနှင့် ပြည်ပခရီးသည်များ အတွက် သံရုံးအသီးသီးမှ ဗီဇာရရှိမှုပိုင်းတွင် ကြန့်ကြာမှုများရှိ၊ မြန်မာနိုင်ငံ အခြေစိုက်သံရုံးများ၏ ဗီဇာတင်းကျပ်မှုသည်လည်း အဓိကအချက်ဖြစ်

    ပြောတော့လူ့အခွင့်အရေးအပြည့်ဝရသော နိုင်ငံ၊ လူ့အခွင့်အရေးပေးတဲ့နိုင်ငံတွေပါတဲ့။ သူတို့ဆီ visa သွားလျှောက်တော့ ဒါတွေနဲ့ လားလားမှ မဆိုင်သလို လူကိုလူခြင်း သိက္ခာထားမဆက်ဆံပါဘူး။ သူတို့ရဲ့ လူ့အခွင့်အရေးဆိုတာ လိုတမျိုး မလိုတမျိုးလား။ ဒီကြားထဲ မြန်မာပြည်ထဲမှာရှိတဲ့ နိုင်ငံခြားသံရုံးတွေက visa session မှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတွေက ပိုဆိုးသေးတယ် ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲကဲ၊ အကြောင်းမရှိ အကြောင်းရှာ ပြဿနာရှာ၊ ဒုက္ခပေး ရစ်နဲ့ မျက်နှာကြောကလဲ တင်းမာပ။ သူတို့ဆီမှာ အို(overstay) ရင် ထောင်ချတာတို့ ဖမ်းတာဆီးတာတောင်လုပ်တယ်။ မြန်မာမှာတော့ overstay ကြေးလေး နှစ်ပဲ တပြားလောက်ပေးရင် အဆင်ပြေတာပါပဲ။မြန်မာက overstayမှာလူ့အခွင့်အရေးပိုရှိသလားလို့။ မြန်မာမှာလည်း သူတို့ နိုင်ငံများလို ရဲကလိုက်ဖမ်း ထောင်ချ၊ အဲဒီလို လုပ်ရင်ကောင်းမယ်။

  • eros

    May 17, 2011 at 3:03 pm

    ထူးကုမ္ပဏီ ဝက်ဘ်ဆိုက် အပါအဝင် ဝက်ဘ်ဆိုက်အချို့ တိုက်ခိုက်ခံရပြန်

    ကိုယ့်ကိုယ်ပိုင်ဆိုက်တောင် ကောင်းကောင်းမကာကွယ်နိုင်သေးဘူးဆိုရင်။ သူ့ဘဏ်က online banking, credit card, debit card တွေကို ဘယ်လို ယုံကြည်စိတ်ချစွာ သုံးရမလဲ။

    မြန်မာအသင်း အောင်မြင်ဖို့ ဆိုလျှင်
    မြန်မာအသင်းကို စိတ်လျှော့ပြီး၊ မမျှော်လင့် အားမပေးတော့တာ ကြာပြီပဲ။

    မီးနီလည်း မရပ် ဖြတ်မောင်းသောကြောင့် ယာဉ်တိုက်မှုဖြစ်ပွား၊ တစ်ဦးတိမ်းပါး

    အဲဒီသတင်းထဲမှာ ကားနံပါတ်၊ ယာဉ်မောင်းအမည် ကို သိလျက်နဲ့ မဖော်ပြပဲ ကွက်လပ်ချန်ခဲ့တယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတာ နားမလည်နိုင်ဘူး။ ဖော်ပြပေးရင် တရားခံ ယူဆရသူကို ပိုသတင်းပေးနိုင်တာပေါ့။ မီဒီယာတာဝန်တွေက ဘာတွေလဲ။

    ထိုင်းမြောက်ပိုင်း ကြက်သား စက်ရုံ၌ မြန်မာ အလုပ်သမားများနှင့် လုံခြုံရေး ဝန်ထမ်းများ ခိုက်ရန် ဖြစ်ပွားမှု မြန်မာသံရုံး အကူအညီဖြင့် ဖြေရှင်း

    ကောင်းသောနမိတ်ပုံပါပဲ။

  • zaw min

    May 17, 2011 at 5:13 pm

    သတင်းကောင်းပါကိုခိုင်..ဖြစ်နိုင်ရင်နိုင်ငံရေးအကျဉ်းသားတွေကို ဒီထက်ပိုပြီး လျှော့ရက်တွေပေးသင့်ပါတယ်။ပျားရည်လေး နည်းနည်းစမ်းပေးတဲ့သဘောပါပဲ။

  • nature

    May 17, 2011 at 6:44 pm

    လွတ်ငြိမ်းချမ်းသာခွင့် ပေးတာကလည်းထူးထူးဆန်းဆန်း၊ လွတ်ငြိမ်း ချမ်းသာခွင့်အမည်ခံပြီးလျှော့ရက်ပေးတာပဲ။ ခေါင်းစဉ်မှားနေတာဖြစ်မယ်။

  • eros

    May 18, 2011 at 1:52 am

    မည်ကာမတ္တ လွတ်ငြိမ်း ချမ်းသာခွင့်အပေါ် နိုင်ငံရေးသမားများ အကောင်းမမြင်

    အထက်ပါ သတင်းခေါင်းစဉ်ဖြင့် The Voice Weekly သတင်းဆိုက်တွင် အရပ်သား အစိုးရသစ် အာဏာရယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သော အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ၂၀၁ဝ ရွေးကောက်ပွဲဝင် နိုင်ငံရေးသမားများ ဝေဖန်ပြောဆိုမှုများကို ဖော်ပြထားပါသည်။

    http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=193:2011-05-16-15-01-57&catid=34:political-voice&Itemid=55

  • nozomi

    May 18, 2011 at 6:54 am

    “မြန်မာ နိုင်ငံက တင်ပြထားသည့် ၂၀၁၄ ခုနှစ် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေးကို အာဆီယံ ၁ဝ နိုင်ငံ ခေါင်းဆောင်များက ကန့်ကွက်ခြင်း မရှိဘဲ သဘောတူ လိုက်ကြပြီ ဖြစ်ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား သမ္မတ ဆူဆီလိုဘန်ဘမ်း ယူဒိုယူနို မေလ ၈ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။” လို့ The Voice ကပြောတယ်

    “ထိုင်း-ကမ္ဘောဒီးယား ပြဿနာနှင့် မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌနေရာ ရယူရေး ဆုံးဖြတ်ချက် မချနိုင်သေးဘဲ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံး” လို့ Eleven ကပြောတယ် ဘယ်ဟာ အမှန်လဲ သိသူများ ဖြေပေးကြပါဦး

    • eros

      May 18, 2011 at 7:34 am

      နောက်ဆုံး သတင်းအရ Eleven ကမှန်တယ်ပြောကြတာပဲ။ ပိုသိသူတွေ ပြောပါဦး။

  • nozomi

    May 18, 2011 at 8:27 am

    ဈေးကွက်အတွင်း ကားဈေးနှုန်းများ ပြန်လည်လှုပ်ရှားလာစေရန် ကားဈေးကွက်လှုပ်နိုင်သော အတည်မပြုနိုင်သည့် သတင်းအမျိုးမျိုး ထွက်ပေါ်နေ
    (http://www.news-eleven.com/index.php?option=com_content&view=article&id=8479:2011-05-18-07-06-41&catid=99:2011-04-10-07-08-41&Itemid=174)

  • eros

    May 19, 2011 at 3:01 am

    ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာသည့် အမှတ် (၃) အဆန်ရထား နေပြည်တော် တပ်ကုန်းမြို့နယ်၊ ဆင်သေဘူတာ အနီးတွင် ရထားပေါ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

    မေလ ၁၈ ရက်နေ့က ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာသည့် အမှတ် (၃) အဆန် ရထားပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ လူ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိကြောင်း သတင်းကို Weekly Eleven Media သတင်းဆိုက်တွင် တင်ပြထားသည်။

    http://www.news-eleven.com/index.php?option=com_content&view=article&id=8498:2011-05-18-12-50-06&catid=45:2009-11-10-07-45-41&Itemid=113

  • eros

    May 19, 2011 at 3:04 am

    အစိုးရဌာန အခမ်းအနားများသို့ တက်ရောက် သတင်းယူသူများ အနေဖြင့် မိမိနှင့်တစ်ပါတည်း ယူဆောင်လာမည့် လက်ကိုင်ဖုန်း၊ အသံဖမ်း ကိရိယာ စသည်တို့အား အသုံးပြုခွင့် ပေးထားသည် ဆိုသော သက်ဆိုင်ရာ အကြီးအကဲ၏ ထောက်ခံချက် ယူရမည်

    အစိုးရဌာနဆိုင်ရာပွဲများ၊ အခမ်းအနားများသို့ တက်ရောက် သတင်းယူသော သတင်းအယ်ဒီတာများ အနေဖြင့် မိမိနှင့်တစ်ပါတည်း ယူဆောင်လာမည့် လက်ကိုင်ဖုန်း၊ အသံဖမ်းကိရိယာနှင့် ကင်မရာ စသည်တို့အား အမှန်အတယ် အသုံးပြုခွင့် ပေးထားသည် ဆိုသော သက်ဆိုင်ရာ ဂျာနယ်တိုက် အကြီးအကဲ၏ ထောက်ခံချက် ယူရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် နိုင်ငံခြားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ လူဝင်မှုကြီးကြပ်ရေး ဌာနများ၏ ဝန်ကြီး ဖြစ်သူ ဦးဉာဏ်ထွန်းဦးက မေလ ၁ရ ရက်နေ့ ညနေပိုင်းက သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း၊ ထောက်ခံချက် ရယူစေခြင်းမှာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမို စီမံနိုင်ရန်နှင့် မှုခင်းကိစ္စရပ်များကို မဖြစ်ခင် ကြိုတင်တားဆီး စီမံနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း သိရှိရကြောင်းသတင်းကို Weekly Eleven Media သတင်းဆိုက်တွင် တင်ပြထားသည်။

    http://www.news-eleven.com/index.php?option=com_content&view=article&id=8503:2011-05-18-18-02-46&catid=42:2009-11-10-07-36-59&Itemid=112

  • nozomi

    May 20, 2011 at 5:58 am

    ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ် မကြာမီ ရောက်ရှိတော့မည် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်နှံရာ၌ ရန်ပုံငွေနှင့် အလှူငွေများ ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားထား၊ ကျောင်းအပ်နှံရာတွင် ရန်ပုံငွေများ အလှူငွေများ ကောက်ခံခြင်း မပြုလုပ်ရန် အတွက် ကျောင်းအပ်နှံရာတွင် ကျောင်းဝင်ကြေး အများဆုံး ကောက်ခံနေသည်ဟု နာမည်ထွက်နေသော ကျောင်း ၁၉ ကျောင်းမှ ကျောင်းအုပ်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးများ၊ တိုင်းဝန်ကြီးများကိုပါ ဖိတ်ကြားကာ တွေ့ဆုံဆွေးနွေးများ ပြုလုပ်ခဲ့
    http://www.news-eleven.com/index.php?option=com_content&view=article&id=8510:2011-05-19-04-11-39&catid=43:2009-11-10-07-39-09&Itemid=111

    ရာသီစာကြော်ငြာချက်တော့ ထွက်လာပါပြီ ဟိုအရင်ကထက်စာရင်တော့ အလှူခံကိစ္စတွေ နဲတန်သလောက်တော့ နဲလာပါတယ် ဒါပေမဲ့ အလှူခံလို့ မသုံးပဲ ချော့၊ခြောက်၊ဟန့်ပြီး အလှူခံနေတာတွေပါ နဲသွားရင်ပိုကောင်းပါမယ်

    • eros

      May 20, 2011 at 6:25 am

      မထင်ပေါင်ဗျာ။ သန်းခေါင်စာရင်းပါ နယ်မြေထဲကတောင် အလှူငွေ ကို ၅ သောင်းလောက်တောင်းတာ ကျောင်းပြောင်းမယ်ဆိုရင်။

  • xman

    May 21, 2011 at 3:16 am

    ၁၆ရက်နေ့က ကမာရွတ် ၁ ကိုသွားအပ်တာ ၆သိန်းကျော်ကုန်ပါတယ်။

  • winkyawaung

    May 21, 2011 at 8:56 am

    နယ်က ကျောင်းတွေကိုလည်း လုပ်ပေးကြမယ်ထင်ပါတယ်နော်…။

Leave a Reply