Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗေဒင်ခန်းမှ ရယ်စရာဇာတ်လမ်း(၂)

etoneMay 18, 20111min45817

နောက်တယောက် အလှည့်ကျတော့ ….ရာထူးတိုးပြီး နယ်ချထားခံရတာကြောင့် မပြောင်းရွှေ့ချင်လို့ ဓါတ်ရိုက်ဓါတ်ဆင်လာလုပ်တာပါ…

ဆရာမမှာ အထူးစပယ်ရှယ် အော်ဒါမှာထားပုံရတဲ့ ခုံဖိနပ်တွေ အများကြီးတွေ့ပါတယ်… ဖိနပ်ပေါ်မှာ ကာယကံရှင်ရဲ့ နေ့နံ အသက်တွေ ရေးပြီး စမတွေ ဆွဲပါတယ်… ဘာဆွဲတာလဲတော့ကျမလည်း မသိပါဘူး ကောက်ကွေးတွေများလွန်းလို့ ဘာစာလုံးမှန်း သေချာမှန်းလို့မရပါဘူး … ။ ပါးစပ်ကလည်း ပွစိပွစိ ရွတ်ပါတယ်… ။ သူ ရွတ်လို့လည်း အားရရော… ရော့အင့်ဆိုပြီး ခုံဖိနပ်ကို ကာယကံရှင်လက်ထဲ ထည့်လိုက်ပါရော… ဟိုအမျိုးသမီးခမျာ ပါးစပ် အဟောင်းသားနဲ့ …. ဖိနပ်ပေးတော့ ချစီးရမလိုလို… ခေါင်းအုံးလုပ်ပြီး အိပ်ရမလို အူတူတူနဲ့ မျက်လုံးလေးကလည်လည်နဲ့ ဆရာမကို ပြန်ကြည့်တယ်ပေ့ါ…။ အထာနပ်တဲ့ ဆရာမက …ဖိနပ်ကို ကိုင်ပြီး ဘာလုပ်ရမှန်း မသိဘူးဖြစ်နေတယ်မဟုတ်လား …အဲ့ဒါက တီးရမှာတဲ့… ပြီးတော့ ဆက်ပြောပါတယ်… ဖိနပ်ဦးချွန်ကို အရှေ့ဘက်ကိုလှည့်ပြီး … ဖိနပ်နောက်ပိတ်ကို ကိုယ့်ဘက်ကို ညွှန်တဲ့ပုံနဲ့ တီးရမှာတဲ့ … ဆရာမက ပြောပြတာ … ဖိနပ်ထိပ်ဦးကို ကိုယ့်ဘက်မလှည့်ရဘူးတဲ့… ။ ဒီအထိ ရယ်စရာမကောင်းသေးဘူး… အရမ်းတော့ စိတ်ဝင်စားတယ်ပေါ့… ရာထူးတိုးပြီး နယ်ရွှေ့ခံထားရတာ ခုံဖိနပ်တီးတာနဲ့ အမိန့်စာ ပြောင်းပြန်ကျတယ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လားပေါ့… ။

ပြသနာကတော့ စပါပြီ…။ ဆရာမက သမီး အစမ်းတီးကြည့်စမ်းတဲ့…. သူကလည်း လူအများကြီးရှေ့မှာ ကြောက်ကြောက်လန့်လန့်နဲ့ တီးလိုက်တာ… ဖိနပ်တစ်ဘက်ဦးချွန်က ထိပ်ဘက်လှည့်ပြီး တစ်ဘက်ဦးချွန်က ကိုယ့်ဘက်ပြန်ထိုးနေပါတယ်… အဲ့ဒီအဖြစ်ကို မြင်တဲ့ဆရာမမှာ ပါးစပ်ဟပြီး ဆဲမလို့ကြံတုန်း … ပြိုင်တူမြင်တွေ့ကြတဲ့ ကျမတို့ တဖွဲ့လုံး ဟန်မဆောင်နိုင်ပဲ ဝါးလုံးကွဲ ထရယ်မိပါတော့တယ်… ။ ကျမတို့ရယ်တာ နှစ်မိနစ်လောက်ကြာကောင်းကြာပါလိမ့်မယ်… အဲ့ဒီအချိန်အတွင်း ဒေါသထွက်ချင်နေတယ် ဆရာမက သူ့ဒေါသကို မိနစ်ပိုင်း ထိန်းထားပုံရတယ်… ကျမတို့လည်း ရယ်သံဆုံးရော…  ရယ်စရာဘာပါလို့လဲလို့ ဘုတောပါရော… လူကြားထဲ အဆဲခံရမှာစိုးလို့ အားလုံး မတိုင်ပင်ထားပဲ ပါးစပ်လေးတွေကို လက်နဲ့ အုပ်ပြီး အရှိန်သပ်လိုက်ရတယ်… ။ ကျမတို့ကို ဟောက်ပြ ီး ဆရာမက ခုံဖိနပ်မှားတီးမိတဲ့ အမျိုးသမီးကို ယခုလို တီးပုံနဲ့ဆို နင် သွားပြီးမှ ပြန်လာရလိမ့်မယ်လို့ တချက်လွှတ်ဟောကိန်းထုတ်လိုက်ပါသတဲ့… ။ နောက်တယောက်လာတိုင်း မရိုးနိုင်အောင်ပါပဲ … ရယ်စရာလည်းကောင်းပါတယ်… ။ ဒါနဲ့ပဲ ကျမအလှည့်ရောက်လာပါတယ်… ဆရာမက ကျမကို မှတ်မိနေပါလိမ့်မယ်… အသံပြဲကြီးနဲ့ နှစ်ခါ ထရယ်ခဲ့ဖူးတယ်လေ…. ။

ဘာမှ မဟောခင် ကျမကို ခြေဆုံးခေါင်းဆုံး အကဲခတ်ပြီးတော့ …. ကျမဝတ်လာတဲ့ ထမိန်အရောင်ကို စပြောပါတယ်… အမည်းကြီး ဘာလို့ ဝတ်လာတာလဲဟယ် အမည်းဆိုတာ မကောင်းဘူးတဲ့… ကျက်သရေမရှိဘူးဆိုလားပဲ …  ။ စပ်စုယုံတင်မက ဆင်ခြေဆင်လက်မရိုးနိုင်အောင် ပေးတတ်တဲ့ ကျမကတော့ … ဆရာမသေချာကြည့်ပါဦး ကျမဝတ်လာတာ အမည်းမှ မဟုတ်တာလို့ စောဒက ပြန်တက်လိုက်တယ်… ။ သူကလည်း အပိုင်ဆိုတဲ့ မျက်လုံးနဲ့….. ငါဒီလောက်မျက်စိမမွဲသေးပါဘူး နင်ဝတ်လာတာ အမည်းပါဟယ်လို့ ပြောပြီး တခြား ဗေဒင်လာတွက်တဲ့လူတွေကို စစ်ကူတောင်းကာ အမည်း စစ်မှန်ကြောင်း approve လုပ်ခိုင်းတယ်ပေါ့… ဟိုလူတွေကလည်း သူတို့ဗေဒင်အဟော မခံရမှာစိုးလို့ တညီတညာတည်း အမည်းကြီး ဟုတ်တယ်လို့ ထောက်ခံကြတယ်လေ … ။ ကျမက စောဒက ထက်တတ်ပြန်တယ်… ဆရာမရယ် ကျမဝတ်လာတာ အမည်းဆိုပေမဲ့ ကျမက အမည်းအနေနဲ့ မဝတ်ပါဘူးလို့ … ။ အနက်အနေနဲ့ ဝတ်တာပါလို့ ပြန်ခံပြောတယ်… ဆရာမ စိတ်ထဲနည်းနည်းအချဉ်ပေါက်လာပြီလေ… မလောက်လေးမလောက်စား ကောင်မလေးက ငါ့ဟောခန်းလည်းလာသေး …ငါ့ကို အနက်တွေ အမည်းတွေလည်း လာပြောနေသေးလို့ စိတ်ထဲတွေးနေမိမယ် ထင်တယ်…။  ပြောတော့ ပြောချင်နေပုံပါ …ဘယ်က စပြောရမလဲ သူတွေးနေပုံရပါတယ်… အဲ့ဒီအချိန်ကျမက ဆရာမရယ် … အမည်းနဲ့ အနက်က မတူပါဘူးလို့… ။ အမည်းဆိုတာ မှောင်မိုက်တဲ့သဘော ၊ ကျက်သရေမရှိတဲ့သဘော ဆောင်ချင်လည်း ဆောင်မှာပေ့ါ …. ဒါကတော့လူသတ်မှတ်တာပါ.. အနက်ဆိုတာတော့ ကျမက ပြောင်းပြန် အဓိပါ္ပယ်ဆောင်ချင်တယ်လေ… ။ ကျမကို စကားကြီး စကားကျယ်နဲ့ပါလားလို့ မျက်မှောင်ကုတ်ပြီး ကျမပြောတာ ဘဝင်မကျသလိုပြန်ကြည့်ပါတယ်… ။ အနက်ဆိုတာ ပညာတစ်ခုရဲ့ အနက်ရှိုင်းဆုံး အနေထားကို ကိုယ်စားပြုတဲ့ အရောင်ပါလို့ အထွန့်တတ်တော့ … သူက စိတ်မဝင်စားသလိုလို ၊ လက်မခံနိုင်သလိုလို ငခူပြုုံးနဲ့ ဆိုစမ်းပါဦးတဲ့ … ။

ကျမပြောတာလည်း ဟုတ်တယ်လေဆရာမစဉ်းစားကြည့်ဆိုတာနေ အစချီလို့ ပြောပြပါတော့တယ်… ။ ကျက်သရေမရှိတဲ့ အရောင် အဖြစ် သတ်မှတ်လျှင် ဘာလို့ ဘွဲ့ပေးတဲ့အခါ အနက်ရောင်ကို ဝတ်ဆင်စေတာလဲ …. သိုင်းမှာတောင် ဆရာကြိးတွေဆိုလျှင် ခါးပတ်အနက်တွေဘာတွေ သတ်မှတ်တယ်လို့ပြောတော့ ဆရာမက … ဒေါကြီးပြီး… တော်ပြီတော်ပြီ … မဟောတော့ဘူး …. နောက်တယောက်တဲ့ ရှင် 😛

 

17 comments

  • etone

    May 18, 2011 at 10:23 am

    edit လုပ်ရတာ ခဏခဏပဲ ပို့စ်အကုန်မပါပဲ ပြတ်နေလို့ .. … ငါးကြိမ်တောင်မကဘူး စိတ်ပိန်တယ်… 🙁

  • paukpauk

    May 18, 2011 at 10:48 am

    ဟာ ဟ ဟ..
    ကိုယ်တွေ့လား ခုံဖိနပ်စာ မမိတာ တော်သေးတာပေါ့
    :))

    • etone

      May 19, 2011 at 3:57 am

      ခုံဖိနပ်ပျံ ဝင်လာလို့ကတော့ တခါတည်းကောက်ပြီး အိမ်တန်းပြေးမယ်စိတ်ကူးထားတယ်… ဗေဒင်ဟောခ မပေးရသေးခင် နောက်ဖေးမှာ စီးဖို့ ဖိနပ်တရံအလကားရတယ်လို့ မှတ်ယူမှာပါ 😛

  • eros

    May 18, 2011 at 11:33 am

    သေချာတာကတော့ ဒေါသတွေ ကြီးနေမှ တော့ အမှန်အမှား မဝေခွဲနိုင်တော့ပါဘူး။

  • king

    May 18, 2011 at 11:36 am

    ဟ ဟ ရီ လိုက် ရ
    အ အမေ တို့တိုင်းပြည်
    ငါတို့ ချစ်တဲ့မြေ
    ( ^ _ * )

    • etone

      May 19, 2011 at 3:36 am

      ငါးနှစ်အောက်ကလေးတွေ မဖတ်ရ … 😛 😛 😛

      • king

        May 19, 2011 at 12:51 pm

        ဒါချို ဘယ်နနစ်ရောက်ရင်
        ဖက်ရမှာလဲဂျ
        ကြောကြ

  • ဆူး

    May 18, 2011 at 1:03 pm

    ပြောပုံအရကတော့ ဗေဒင်ဆရာမ က မာန်တက်နေသလိုပဲ။

  • mihninlay

    May 18, 2011 at 5:13 pm

    မူဆယ်ကရှမ်းဆရာကြီးတစ်ယောက်ကျတော့ဖယောင်းတိုင်တွေအကုန်စာရွက်ပတ်ထားပြီးလာသမျှတစ်တိုင်၁ထောင်နဲ ့ဟောတော့တာပဲ….

  • KIMURA

    May 19, 2011 at 5:09 pm

    ကျနော်ထင်တယ်စမ်းချောင်းထဲကဆရာမ လိုထင်ပါတယ်

    • etone

      May 20, 2011 at 5:01 am

      ဟုတ်ပါတယ်… ကျမနာမည် မထည့်ချင်လို့ပါ… ။

  • kai

    May 19, 2011 at 7:00 pm

    အင်း…
    ဒီလိုရွာသူစိတ်နဲ့..လူတွေသာ..မြန်မာပြည်မှာများလာပြီး.. မဂျောရတီဖြစ်လို့ကတော့…
    စင်္ကာပူ ၁ဝနှစ်နဲ့ မှီသွားမယ်..။

    • eros

      May 20, 2011 at 1:09 am

      သူကြီး တဆိတ်ရှိ ဒီ စင်္ကာပူုပဲ။ ဒို့ အဘ အခါတော်ပေး၊ အကြားအမြင်ခေါ်တာ စင်္ကာပူက လို့ တီးတိုးစကားကြားမိတယ်။

    • ဆူး

      May 20, 2011 at 7:14 am

      သဂျီး နဲ့ လီရှင်လွန်း နဲ့ အမျိုးတော်တယ်။

  • eros

    May 20, 2011 at 1:30 am

    ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် ရဲ့ မြန်မာတွေ တိုးတက်ဖို့ရာလိုအပ်ချက်တွေ ရေးထားတဲ့ ဆောင်းပါးပါဗျိုး ဖတ်ကြည့်ကြပါ။
    http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=153:2011-05-13-16-39-27&catid=35:perspective&Itemid=56

  • athaylay

    May 20, 2011 at 9:50 am

    ဒီလို ဆရာမမျိုးလည်း ရှိသေးတယ်။

  • unclegyi1974

    May 20, 2011 at 3:47 pm

    သူကြီးရေပြည်သူတွေဘယ်လောက်စိတ်
    ပြောင်းပြောင်း
    ပြောင်းရမယ့်သူမပြောင်းရင်၁ဝနှစ်
    မဟုတ်ဖူး
    နှစ်၂ဝလည်းမမှီပါဖူးလို့ပြောချင်ပါရဲ့

Leave a Reply