Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အိုဘယ့် အန်ဂျီအို NGO အပိုင်း (၂)

erosMay 18, 20111min3948

အိုဘယ့် အန်ဂျီအို NGO အပိုင်း (၁) https://myanmargazette.net/48357/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle ၏အဆက်

အိုဘယ့် အန်ဂျီအို NGO အပိုင်း (၂)

NGO များတွင် INGO များမှာ နားလည်မှုစာချွန်လွှာရှိမှ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိပြီး၊ LNGO များအတွက်တွင်မူ အသင်းအဖွဲ့ မှတ်ပုံတင်ရှိမှ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နားလည်မှုစာချွန်လွှာရနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ အဆင့်ဆင့်တင်ပြ၍ အခြားဝန်ကြီးဌာနအဆင့်ဆင့်ကို သဘောထားမှတ်ချက်တောင်းခံပြီးမှ နားလည်မှုစာချွန်လွှာချုပ်ဆို၍ရသည်။ ဤသည်မှာလည်း အချိန်များ ပေးရသော လုပ်ငန်းစဉ်တရပ် ဖြစ်သည်။ သို့ရာတွင် စီမံကိန်းလုပ်ဆောင်နေသော ဒေသမှ အာဏာပိုင်များကန့်ကွက်ပါက လုပ်ကိုင်ဆောင်ရွက်၍ မရကောင်းမရနိုင်ပါ။ ယေဘုယျအခြေအနေတွင် NGO များလုပ်ကိုင်ဆောင်ရွက်ပုံ မည်မျှထိရောက်ပါသနည်း။ ထိုသို့ထိရောက်ရန် NGO များကမည်မျှအရေးပါသနည်း။ eros လေ့လာတွေ့ရှိသမျှ ပြောရလျှင် NGO များသည် ၅၅%မှ ၆၀%အရေးပါ၍၊ ရပ်ရွာလူထုသည် ၃၀%မှ ၃၅% အရေးပါပြီး ကျန်အခြားကိစ္စများက ၁၀% အရေးပါလေသည်။
NGO များသည် ဒေသတခုတွင် ဖွံ့ဖြိုးရေုး စီမံကိန်းတခု လုပ်ဆောင်အကောင်အထည်ဖော်မည်ဆိုပါက ထိုဒေသအား အမြင်ဖြင့် ဆုံးဖြတ်ပြီး အကောင်အထည်ဖော်၍မရချေ။ ထိုဒေသသို့သွား၍ ကွင်းဆင်းလေ့လာရသည်။ လေ့လာရာတွင် ကျန်းမာရေး၊ ပညာရေးအခြေအနေ၊ စီပွားရေး၊လူမှုရေးအခြေအနေများ၊ ရေကောင်းရေသန့်ရရှိမှုအခြေအနေ၊ လမ်းပန်းဆက်သွယ်မှု ပထဝီဝင်အနေအထားမှ သည် မိမိအကောင်အထည်ဖော်မည့် အကြောင်းအရာအလိုက်လိုအပ်သည့် အရာများကို ကွင်းဆင်းလေ့လာရသည်။ အမြင်အရ ခန့်မှန်းသုံးသပ်၍ ရသော်လည်း အမှန်တကယ်လုပ်ဆောင်ရာတွင် အမှားများစွာတွေ့ရနိုင်လေသည်။ သို့မဟုတ်ပါက ခုတ်ရာတခြားရှရာတလွဲဖြစ်နိုင်လေသည်။ အခြား အဖွဲ့အစည်းများ တူညီသောကိစ္စရပ်အား ဆောင်ရွက်နေခြင်းရှိမရှိလဲ ဆန်းစစ်ရသေးသည်။ သို့မဟုတ်ပါက အမှန်တကယ်အလိုအပ်ဆုံးသော အကြောင်းအရာအား မကူညီမိပဲ အမှန်တကယ်မလိုအပ်သော အကြောင်းအရာများအား ကူညီမိပေလိမ့်မည် သို့မဟုတ် အခြားအဖွဲ့များ လုပ်နေသောတူညီသောကိစ္စရပ်များလုပ်နေပါက အချိန် ၊ငွေ ၊လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးစေပါသည်။ ဥပမာအားဖြင့် NGO အဖွဲ့တဖွဲ့သည် သေချာစွာလေ့လာကွင်းမဆင်းပဲ တောင်သာဟုခေါ်သောရွာတရွာအား အမြင်အားဖြင့် ရွာပတ်ဝန်းကျင်တွင် စမ်းရေအိုင်မျာရှိသောကြောင့် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှု အန္တရာယ်ရှိသဖြင့် သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးအတွက် ပညာပေးစာစောင်များပုံနှိပ်ခြင်း၊ ပညာပေးအစီအစဉ်များရေးဆွဲခြင်း၊ ခြင်ထောင်များဝေငှရန် ဝယ်ယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် အဆိုပါ တောင်သာရွာတွင် သွေးလွန်တုတ်ကွေးမှာဖြစ်ပွားခြင်း မရှိပဲ၊ လတ်တလောအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှုန်းများ၍ အချို့မှာ အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိနေပါသည်။ ထိုအချိန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ကာကွယ်ရန် မလုပ်ဆောင်နိုင်တော့ပေ။ ဤသည်မှာ သေချာစွာလေ့လာကွင်းမဆင်းသော ဆိုးကျိုးဖြစ်ပါသည်။ နောက်တခုမှာ ထိုဒေသတွင် အခြားအဖွဲ့မှ ပံ့ပိုးပေးနေခြင်းရှိမရှိ စစ်ဆေးရပါသည်။ အခြားအဖွဲ့မှ ပံ့ပိုးမှုများ လုပ်ဆောင်နေပါက မည်သည့်ပံ့ပိုးမှုများလုပ်ဆောင်နေပါသလဲ စစ်ဆေးရမည်ဖြစ်သည်။ အမျိုးအစားတူပံ့ပိုးမှုများလုပ်ပါက အဆိုပါရွာတရွာထဲတွင် သာပိုလျှံကာ အလဟဿဖြစ်ပြီး ဒေသတွင်းရှိ အခြားရွာများမှာ အကူအညီပံ့ပိုးမှုများမရပဲ ဖွံ့ဖြိုးမှုနှေးကွေးနေပါသည်။ အလှူငွေ၊ ပံ့ပိုးမှု၊ လူအင်အား အချိန်များ ဆုံးရှုံးစေပါသည်။ ဆိုလိုသည်မှာ ဒေသတခုထဲတွင် အဖွဲ့အစည်းများမှ တူညီသော ကူညီပံ့ပိုးမှုများ မပေးမိစေရန်ဖြစ်သည်။ မတူညီသော အကူအညီပေးမှုများပေးပါက အချိန်တိုအတွင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နိုင်ပါသည်။ သို့ရာတွင် ဒေသခံများ ယူတတ်၊ခံယူတတ်ရန်လည်းလိုအပ်ပါသည်။သို့မဟုတ်ပါက ဆိုးကျိုး ဖြစ်နိုင်ပေသည်။
ကွင်းဆင်းလေ့လာရာတွင် ၎င်းတို့သည် မည်သည်များကို လိုအပ်နေပါသနည်း၊ မည်သည်များကို အဖွဲ့မှ ပံ့ပိုးပေးလျှင်မည်မျှတိုးတက်လာနိုင်ပါသနည်း၊ သွားလာဆက်သွယ်ရေး အခြေအနေ၊ ရာသီအလိုက်ပြောင်းလဲတက်သော အခြေအနေများ၊ အခက်အခဲဒုက္ခများ၊ ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ အစရှိသည်တို့ဖြစ်သည်။ ဤသည်တို့ကို လုပ်ဆောင်ရန်မှာ ဒေသခံများနှင့်တွေ့၊ဟိုမေးဒီမေးဖြင့် မရပါချေ။ သေချာစနစ်ကျသောကွင်းဆင်းလေ့လာမှု နည်းစနစ်၊မေးခွန်းများမေးမှုပုံစံ၊ မေးခွန်းများ၊ စနစ်ကျသော သတင်းအချက်အလက်ကောက်ခံမှု နည်းစနစ်များအား အသုံးပြုရမည်ဖြစ်သည်။ ထိုကိစ္စရပ်များကို (statistic) စာရင်းအင်းပညာရှင်များပိုကျွမ်းကျင်ပါသည်။ ထို့အပြင် ၎င်းတို့ပြောကြားနေသည့်၊ အကူအညီတောင်းနေသည့် အချက်မှာ ၎င်းတို့အမှန်တကယ်လိုအပ်နေသည့် အချက်(needs)လား ၎င်းတို့လိုချင်နေသည့် အချက်(wants)လား ဆိုသည်ကိုလည်းလေ့လာရပါမည်။ NGO များကူညီပံ့ပိုးပေးရာတွင် ၎င်းတို့အမှန်တကယ်လိုအပ်နေသည့် အချက်(needs)များကို ပံ့ပိုးပေးမှသာ ပြဿနာ၊ အခက်အခဲများပြေလည်နိုင်ပြီး အကူအညီများသည်လည်း ထိရောက်နိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့်ဆိုသော် ရွာတရွာရှိကလေးများသည် ကျောင်းမှန်မှန်မတက်နိုင်ကြပေ။ ကျောင်းမှာ တခြားရွာတွင် ရှိလေသည်။ ကျောင်းသွားရာလမ်းတွင် စမ်းချောင်းတခုရှိပြီး အဆိုပါ စမ်းချောင်းတွင် ချောင်းကူးတံတားမရှိချေ။ မိုးရွာလျှင် ချောင်းရေစီးသန်ပြီး ရေလည်းနက်လေသည်။ NGO မှဝန်ထမ်းများက ထိုရွာရှိဒေသခံများအား ကလေးများပညာရေးအတွက်၊ ကျောင်းမှန်မှန်တက်နိုင်ရေးအတွက် ကူညီရမည့်အချက် ကိုမေးမြန်းရာ ကျောင်းသားများအတွက် စက်ဘီးတစီးစီပေးပါရန်နှင့် စာအုပ်များ၊ ထမင်းဘူးများ၊ ဖိနပ်များဝေပေးရန် အကူအညီတောင်းဆိုပါသည်။ အမှန်တကယ်မှာ ထို ရွာရှိကလေးများသည် ကျောင်းမှန်မှန်မတက်နိုင်ကြခြင်းမှာ ကျောင်းသွားရာလမ်းပေါ်ရှိစမ်းချောင်းမှာ မိုးရွာလျှင် ချောင်းရေစီးသန်ပြီး ရေလည်းနက်သောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းတို့အတွက် အဓိကလိုအပ်ချက်(needs) မှာ ချောင်းကူးတံတား တစင်းဖြစ်သည်။ သို့ရာတွင် ဒေသခံများမှ ၎င်းတို့ထံသို့ ပစ္စည်းများဝေငှစေလိုသောကြောင့် သို့မဟုတ် တဦးချင်းစီအလိုက် ပစ္စည်းများရလိုသောကြောင့် ၎င်းတို့လိုချင်မှု(wants) စက်ဘီး နှင့် အခြားပစ္စည်းများကို တောင်းဆိုခြင်းဖြစ်ပြီး၊ အမှန်တကယ်လိုအပ်ချက်(needs) စုပေါင်းအကျိုးရှိစေမည့် တံတားကို မတောင်းဆိုကြခြင်းဖြစ်သည်။ထိုကြောင့် လက်တွေ့အကောင်အထည်မဖော်မှီ ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ပါသည်။
ထိုသို့လုပ်ဆောင်ခြင်းဆိုသည်မှာ ဇာချဲ့ခြင်းဖြစ်သည်ဟု အချို့ကပြောဆိုပါသည် အမှန်တကယ်မှာ မဟုတ်ပါ။ အမှန်တကယ် လိုအပ်၍ဖြစ်ပါသည်။ ထိုသို့ ကွင်းဆင်းလေ့လာခြင်းဖြင့် အထက်တွင် ဖော်ပြထားသော ဥပမာများကဲ့သို့ အမှားများမရှိပဲ အကူအညီများကို အကျိုးရှိရှိ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ မိမိအဖွဲ့ပိုင်ရန်ပုံငွေဖြင့်လှုသည်ဖြစ်စေ၊ ကုန်ကျစားရိတ်များရှိလင့်ကစား အမှားများမကြုံစေရန် အကူအညီများအကျိုးရှိစေရန် ကွင်းဆင်းလေ့လာခြင်းအား ပြုလုပ်ရပါသည်။ နောက်တခုမှာ အပိုင်း(၁)တွင်ဖော်ပြသကဲ့သို့ နိုင်ငံတကာ အလှူရှင်များမှာ နိဗ္ဗာန ပစ္စယောဟောတု၊ လှူပြီး ပြီးရော လှူရန်သာအဓိက အလှူရှင်များမဟုတ်ပေ။အလှူသည် မည်မျှထိရောက်ကြောင်းသိလိုပေသည်။ လှူမည့်အလှူသည် မည်မျှလိုအပ်သော အလှူဖြစ်သည်ဆိုသည်မှာ သိလိုပေသည်။ အလိုအပ်ဆုံးသော အလှူ၊ အကူအညီသာ ပေးလိုပေသည်။ ထိုအတွက် စနစ်တကျစုစည်းထားသော မှန်ကန်သော သတင်းအချက်အလက်များ ပါသော ကွင်းဆင်းလေ့လာထားမှု အစီရင်ခံစာ သို့ စာတမ်းအားတောင်းဆိုပါသည်။ ဥပမာ အလှူရှင်တဦး သို့ အလှူရှင်တနိုင်ငံ သို့ အလှူရှင်အဖွဲ့အစည်း တခုမှ ငွေတသိန်းလှူရန် ရည်ရွယ်သည် ဆိုပါစို့။ သို့ရာတွင် မည်သည့်နေရာတွင် လှူရမည် မသိပါချေ။ သို့ဖြစ်ရာ အကူအညီပေးမည့်သူက NGO များအား သူ့ထံတွင် အလှူခံလွှာ (Proposal) တင်သွင်းခိုင်းပါသည်။၎င်း အလှူခံလွှာတွင် ကွင်းဆင်းလေ့လာထားမှု အစီရင်ခံစာသို့ စာတမ်းမှ အမှန်တကယ်လိုအပ်နေကြောင်း အချက်အလက်များပါမည် ဖြစ်သည်၊ ထိုအခက်အခဲများကို မည်သည့် အချိန်ကာလတွင် မည်သို့ကူညီမည်၊ မည်ကဲ့သို့ လုပ်ငန်းစဉ်အား စစ်ဆေးသုံးသပ်မည်။ မည်သို့ရလာဒ်များရလာမည်ကို ဖော်ပြထားသည်။ ထိုအတွက်ကြောင့် အလှူရှင်မှလည်း မိမိပေးမည့် အကူအညီသည် မည်မျှထိရောက်ကြောင်း၊ မည်မျှလိုအပ်ကြောင်း ကို စနစ်တကျစုစည်းထားသော မှန်ကန်သော သတင်းအချက်အလက်များ ပါသော ကွင်းဆင်းလေ့လာထားမှု အစီရင်ခံစာ သို့ စာတမ်း သို့ အလှူခံလွှာ (Proposal) မှတဆင့် သိနိုင်နေပေမည်။ အကူအညီပေးလိုသော အဖွဲ့အစည်းအနေဖြင့်လည်း မိမိအဖွဲ့ပိုင်ရံပုံငွေမှသာမက အခြားအလှူငွေများဖြင့်ပါ ဒေသကောင်းကျိုးကို ပိုဆောင်ရွက်နိုင်ပေမည်။ သို့ဖြစ်ရာ သေသေချာချာ ကွင်းဆင်းလေ့လာ ဆန်းစစ်ခြင်းသည် အရေးပါပြီး လိုအပ်ပေသည်။
အာဏာပိုင်များထံမှ ခွင့်ပြုချက်ရပြီး၊ သေသေချာချာ ကွင်းဆင်းလေ့လာ ဆန်းစစ်ပြီး၊ အကူအညီပေးရန်အတွက် ရန်ပုံငွေရရှိပြီး သို့ လျာထားပြီးပါက အကူအညီပေး ပံ့ပိုးရေးလုပ်ငန်းစဉ်၏ ၄၀%မှသည် ၅၀% ခန့်ပြီးမြောက်ပြီဟုဆိုနိုင်ပါသည်။

ဆက်ရန်

eros
၁ရ မေ ၂၀၁၁ (ဗုဒ္ဓဟူးနေ့)

ဝေငှချင်သူများ၊ ကူးယူသူများ မူရင်းစာရေးသူ ကျွန်ုပ်၏ အမည် နှင့် တင်ထားသည့် မန္တလေးဂေဇတ် ဆိုက်လိပ်စာ (credit/web address) အားမဖော်ပြပဲ၊ credit မပေးပဲ နှင့် ကူးယူခြင်းအား တင်းကျပ်ပြင်းထန်စွာတားမြစ်သည်။

8 comments

  • eros

    May 18, 2011 at 3:05 pm

    ကဲ စောင့်မျှော်သူများအား တောင်းပန်ပါတယ်။ ပထမပိုစ့်နဲ့ ဒုတိယပိုစ့်နဲ့လဲ ၁၁ရက်လောက်ကွာသွားတယ်။ အလုပ်များနေလို့ပါ။ ဒီရေးပုံနဲ့သာဆို ဒီအကြောင်းက ၅ပိုင်းလောက် ပါသွားမလားမသိဘူး။ အခုလဲ ရေးပြီးသလောက် တင်လိုက်ပါတယ်ဗျား။ ဆွေးနွှေးမှတ်ချက်ပြုစရာရှိရင် ပြုပါ ခင်ဗျား။

  • MaMa

    May 19, 2011 at 1:29 am

    (အမျိုးအစားတူပံ့ပိုးမှုများလုပ်ပါက အဆိုပါရွာတရွာထဲတွင်သာ ပိုလျှံကာ အလဟဿဖြစ်ပြီး ဒေသတွင်းရှိ အခြားရွာများမှာ အကူအညီပံ့ပိုးမှုများမရပဲ ဖွံ့ဖြိုးမှုနှေးကွေးနေပါသည်။) ကျမမြင်မိသလောက်ကတော့ ပြည့်စုံအောင်တောင် မနည်းပံ့ပိုးကြရတယ်။ ပိုလျှံတဲ့အထိ ရောက်ပါ့မလား။
    eros ပြောပြတဲ့ အောက်ပါအချက်တွေကိုတော့ သဘောကျတယ်။
    ၁။ NGO များလုပ်ကိုင်ဆောင်ရွက်ပုံ မည်မျှထိရောက်ပါသနည်း။ ထိုသို့ထိရောက်ရန် NGO များကမည်မျှအရေးပါသနည်း။ eros လေ့လာတွေ့ရှိသမျှ ပြောရလျှင် NGO များသည် ၅၅%မှ ၆၀%အရေးပါ၍၊ ရပ်ရွာလူထုသည် ၃၀%မှ ၃၅% အရေးပါပြီး ကျန်အခြားကိစ္စများက ၁၀% အရေးပါလေသည်။
    ၂။ စနစ်တကျစုစည်းထားသော မှန်ကန်သော သတင်းအချက်အလက်များ။
    ၃။ သေသေချာချာ ကွင်းဆင်းလေ့လာ ဆန်းစစ်ခြင်း။

    • eros

      May 19, 2011 at 2:40 am

      ဥပမာပေါ့ဗျာ ရွာတရွာမှာ အဖွဲ့တဖွဲ့က အိမ်သာဆောက်လုပ်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းတွေ ဝေငှနေတယ် ဆိုပါစို့။ ဒါကို အခြား အဖွဲ့က အဲဒီရွာမှာပဲ အိမ်သာဆောက်လုပ်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းတွေထပ်ေ ဝငှ နေပါတယ် ဆိုရင် ပိုလျှံနေပြီပေါ့။ဒါကြောင့် သေသေချာချာ ကွင်းဆင်းလေ့လာ ဆန်းစစ်ခြင်းလိုပါတယ်ဗျာ။

  • paukpauk

    May 19, 2011 at 1:38 am

    မြန်မာပြည်က NGO တွေ များဟာ လူထုလိုအပ်တာတွေဖြည့်ဆည်းပေးခြင်းကိစ္စကို ဆောင်ရွက်နိုင်ခြင်းနဲ့
    ကိုယ့်အဖွဲ့အစည်း ဝင်ငွေရရှိနေနိုင်ရေး ဘယ်ဘက်ကို အင်အားများနေသလဲ ပါ သုံးသပ်ချက်ထည့်ပေးပါလား။

    ကောင်းတဲ့သူ များသည်ဟုတော့ ယုံကြည်ပါသည်။
    eros ကပိုသိမလားလို့။
    စောင့်ဖတ်နေပါတယ်။

  • eros

    May 19, 2011 at 2:44 am

    ကိုယ့်အဖွဲ့အစည်း ဝင်ငွေရရှိနေနိုင်ရေး ဆိုတာ ဘာကိုဆိုလိုတာပါလဲ။

  • လင်းဝေကျော်

    May 19, 2011 at 4:22 am

    အခြေခံ ယူဆချက်များကတော့ ပြည့်စုံပါတယ်။
    သို့သော်လည်း တကယ် လုပ်တော့ ( ကွင်းဆင်း လေ့လာသူ၊ စစ်ဆေးသူရဲ့ ) သိမြင်နိုင်စွမ်း၊ စန်းဆစ်သုံးသပ်နိုင်စွမ်း၊
    တကယ် လုပ်ကိုင်ဆောင်ရွက်မှု (တစ်ချို့က ရွှီးတာပဲ၊ စာမေးပွဲခိုးချပြီးအောင်တဲ့မြန်မာစရိုက်ပေါ့လေ) စသည်စသည်တို့
    ကြောင့် အမှန်တကယ်လိုအပ်ချက်ကို ရည်ရွယ်နိုင်စွမ်းနည်းသွားကာ၊ အကောင်အထည်ဖော်သည့်အခါတွင်လည်း
    အထက်ပါ အရည်အသွေးများကြောင့် ထပ်မံလွဲပြန်သဖြင့် အန်ဂျီအိုများ လုပ်သင့်သည်မှာ ဝန်ထမ်းတွေသာ ခန့်ပြီး လခပေးထားလိုက်ပါလေ လို့သာ ဖြစ်ပါကြောင်း။

  • နီလေး

    October 19, 2011 at 4:35 pm

    NGOကဝန်ထမ်းတွေ လစာကောင်းတာတော့အမှန်ပါပဲ

  • Oakar Bo

    October 19, 2011 at 7:08 pm

    ဆရာတို့အားလုံးက INGO, LNGO ဝန်ထမ်းတွေလား ????? ကိုယ်ပေါက်ပေါက် ကကော ဆရာကြီးလား။

Leave a Reply