Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘီလူး….အမြင်။။။။။။။။။

ကျွန်တော့ရဲ…ပို့စ်သုံးခုတောင်ပျောက်သွားပါသည်။။
ဘယ်အမှိုက်ပုံကိုလွင်ပစ်လိုက်ကြလဲမသိပါ။။
တစ်ရက်တစ်ပုဒ်တောင်မနည်းရေးထားရတာ။။
ရွာထဲကိုဝင်လာထဲက စာရေးမယ် လူမှုဘဝခံစားရတာတွေ ကိုယ်အတွေကြုံလေးတွေ စာအဖြစ် ချရေးမယ်ဆိုပြီဝင်လာတာပါ
ရွာထဲကိုရောက်ရောက်ချင်းပဲ ကိုကြောင်ကြီးနဲဖိုက်တင်ချရတော့တာပဲ သူကလဲတော်တော်စွာတာဗျ ကို့အကြောင်းနဲ့ကို
စာရေးပေမယ် သူကလိုက်ရန်စောင်နေတာနဲ့ သူနဲရန်ဆက်ဖြစ်တာပွဲကတော်တော်ကြမ်းတယ်။။။
ကျွန်တော်လည်းတတ်သမျှမှတ်သမျှ ပညာနဲ ဖနှောင့် ပေါက် အံကြိတ် ဆယ်နှစ်ကြိုးကုန်အောင်သုံးပြီး ဖိုက်လိုက်ရတာ
သူကောမက်တွေထဲမှာတော့ ကျွန်တော်ကစစ်ဗိုလ်ကြီးဖြစ်လိုက် ရုရှားပြန်ကြီးဖြစ်လိုက် ကြံဖွတ်ဖြစ်လိုက် ထောက်လှမ်းရေး
ဖြစ်လိုက်နဲ့ ရာထူးလည်းတော်တော်စုံစုံရခဲ့ပါတယ် ဒါပေမယ့် သူက ရာထူး သာပေးတာဗျ လစာကျတော့ဘယ်မှာထုတ်ရမှန်းမသိဘူး
ကျွန်တော့ဆီမှာတော့ စစ်ဆိုလို့ရေစစ်တောင်ကောင်းကောင်းမရှိဘူး ဘယ်နိုင်ငံမှလဲမရောက်ဖူးဘူး ကြံဖွတ်လည်းမယုံဘူး
ဒေါ်စုလဲမထောက်ခံပေါင် ကိုယ့်ဘာသာနားအေးပါးအေးနေတယ် မန်ဂေးဇက်ကိုမန်ဘာဝင်ရင်ဒေါ်စုကိုထောက်ခံရမယ်လို့
စည်းကမ်းမထုတ်ထားတော့ တစ်ချို့ မြင်တာလေးရေးရင်ပဲ ဖွတ်လိုလို ထောက်လိုလို ဗိုလ်လိုလို ။။။လိုလိုလိုလို တွေအထင်
ခံရသေးတယ်။။
အမြင်ကိုရေးလို့အမှားပါရင်ရင် နားလည်သူများက မသင့်တော်ရင်ပြင်ပေးအကြံပြုဆွေးနွေး ဒီလိုထင်ထားတာ အခုရေးလိုက်တာနဲ့
ပိုစ်မဆုံးသေးဘူး ကော့မက် ကတက်နေပြီ မင်းကဘာကောင်လဲ စစ်အစိုးရထောက်ခံတာလား လူကြီးကိုလူကြီးမှန်မသိဘူးလား
ရွာထဲကထုတ်ပေး အဲဒီကောင်ကိုမထားနဲ့ ဆိုတဲကောမက်ပဲလာတယ်။။အင်းတာနက်ခေတ်ကြီးမှာ အမြင်တူလူနည်းစုနဲ့ စုဖွဲ့ထားတဲ
ဆိုဒ်ကြီးလားလို့ထင်ရတယ် ။။အဲဒီကောင်ကို ကောမက်မပေးကြနဲ့ သူတင်တာတွေ အလိုလိုပျက်သွာလိမ်မယ်ဆိုတဲ့ အခြင်းခြင်း
ညာညှိ တဲ့လူတွေကလည်း ရှိသေးတယ် ။။
ကျွန်တော်ကောမက် ပေးခဲ ပါတယ် တော်ရုံကောမက်မရေးပါ ပွိုင်လဲမလိုချင်ပါ ဘယ်တော့ရမယ်မှန်းမသိတဲ့ တစ်သိန်းကြီးလဲ
မလိုခြင်ပါ…..
ဒါပေမယ်မန်းဂေးဇက်မှာရေးတဲ့ပိုစ် စုံအောင်တော့ဖတ်တယ် ဓါတ်ပုံတစ်ပုံနဲလဲ တင်တဲသူရှိတယ်။ စာတစ်ကြောင်းနဲလဲ တင်တဲ့သူ
ရှိတယ်။ တိုင်စာရေးတဲ့သူလဲရှိတယ်။ အရေယူပေးပါဆိုပြီးရေးတဲ့သူလဲရှိတယ်။အခြင်းခြင်းဆော်တဲစာလည်းရှိတယ်။ဆဲတဲ့စာလည်းရှိတယ်။
ဒီကြားထဲစမ်းကြည်တာနော် ဆိုတဲ့သူတွေလည်းပါတယ်။ ပုဂ္ဂိုလ် ရေးတိုက်ခိုက်တာလဲပါတယ်။
ကောမက်နဲ့တွယ်တဲ့သူလည်းရှိတယ်။ ကျွန်တော့ကိုတွယ်တဲ့သူကတော့ ကိုကြောင်ကြီးပေါ့ သူလဲသူအမြင်နဲ့သူပါ သူများကိုတွယ်လို့
ကိုယ်ကိုပြန်တွယ်ရင်စိတ်မဆိုးကြေး ကျွန်တော်လည်းစိတ်မဆိုးတတ်ပါ ။။။
ဒီဆိုဒ်ထဲမှာရေးသားသူ မန်ဘာများကို ကျွန်တော်နဲ့ပြင်ပမှာခင်မင်သူလူသိပ်မရှိပါ ဒါပေမယ့်သူတို့ တွေရဲ ကောမက်တွေကိုကြည်လိုက်ရင်
ဝါရင်နိုင်ငံရေးသမားကြီးတွေလိုလို။ စာပေလောကမှာအောင်မြင်နေတဲ့စာရေးဆရာတွေလိုလို။ နိုင်ငံရေးလုပ်ဘို့ပြည်ပမှာရောက်နေတဲ့သူတွေလိုလို
တစ်ကယ့်ဝေဖန်ရေးဆရာကြီးတွေလိုလို။ ကျွန်တော်စိတ်မှာထင်တာပါ နှိပ်ချပြောဆိုခြင်းမဟုတ်ပါ ကျွန်တော်လည်းဘာကောင်မှမဟုတ်ပါ ။
ဆရာကြီးတွေများတယ်လို့ ထင်ပါတယ်။။။အဲဒီလိုထင်တာဟာလည်း ကျွန်တော့ရဲ့ အတွေကြုံနုနယ်မှုကြောင့်လို့ထင်ပါတယ်။
နောက်ပြီးတော့ ဒီဆိုဒ်ထဲကနေပြီး အရေးအသားကြိုက်လွန်းလို့ မှတ်သားစရာကောင်းလွန်းလို့ အခြားဆိုဒ်ကလူတွေကကော်ပီးကူးပြီးတင်ကြတယ်
လို့ ဒီပြင်ဆိုဒ်တွေမှာတွေ့ရခဲတဲ့ အချက်ပါပဲ တစ်ခြားဆိုဒ် များက သာ ကော်ပီ ယူ လာပြီးဒီဆိုဒ်မှာတင်တာတွေပဲတွေ့နေရတယ် ဒီအချက်ကို
ပြန်လည်သုံးသပ်ခြင်းအားဖြင့်…ဟင်းဟင်း …အားမနာတမ်းပြောမယ်နော်။။ကျွန်တော်အပါအဝင် ကျွန်တော်တို့မန်ဘာတွေ အဆင့်မရှိသေးဘူး။။။
အင်တာနက် မဂ္ဂဇင်း မို့လို့ပါ ပုံနှိပ်ပြီးထုတ်ဝေတဲ့မဂ္ဂဇင်းဆို စာရွက်လွတ်တွေ ထပ်ပြီး မန်ဂေးဇက် မျက်နှာဖုံးတပ်ရလိပ်မယ်။။။
ကျွန်တော်ကစလို့ ဗိုလ်ကျခြင်တဲ့စိတ်။ဝိုင်းသမချင်တဲ့စိတ်။အုပ်စုဖွဲလိုတဲ့စိတ်။တွေဖျောက်ပြီး။။။။
လက်တွဲခေါ်ယူလိုတဲစိတ်။ဖေးမတဲ့စိတ်။အပြုသဘောဆောင်တဲစိတ်တွေနဲ့ အခြင်းခြင်းပြုပြင်ပေးသင့်ပါတယ်။။
။။။။အမြင်ကို တင်ပြအပ်ပါတယ်။။။။။
အပြုသဘောဆွေးနွေးအကြံပြုနိုင်ပါတယ် မည်သူ့ကိုမျှပုတ်ခတ်ရေးသားခြင်းမဟုတ်ပါ။။မန်းဂေဇက်ပေါ်ကျွန်တော့အမြင်သာလျျှင်ဖြစ်ပါတယ်
ပျောက်သွားတဲ့ပိုစ်တွေအတွက်….တော့ဝမ်းနည်းမိတယ်။။။။။ကူညီနိုင်ကကူညီကြပါ။။။

16 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 18, 2011 at 7:38 am

    သိပ်လည်းအတွေးမနက်ပါနဲ့
    ကိုရင် ဘီလူး ရဲ့
    တစ်ယောက်နဲ့တစ်ယောက် တွေ့ဘူးတာလဲမဟုတ်ဘဲနဲ့
    ဘယ်သူဘာပြောပြော လိုက်ခံစားတာကတော့
    ကိုယ့်ဒေါသနဲ့ကိုယ် ဆိုသလိုဖြစ်ပေမပေါ့
    ကိုယ့်ကိုယ်ကိုယ်ဘဲ နည်းနည်း ပြန်တည်ကြည်စေခြင်ပါတယ်
    ကိုယ့်ကိုလာကစ်ရင် ကစ်ထည့်ပလိုက်ပါ
    ဘာမှမပူနဲ့
    အားမငယ်နဲ့
    အဲ့သည် bigcat ဆိုတဲ့လူကို မကြောက်နဲ့
    ကျုပ်ခြံထည်းမှာ ဘဒဲကော ပင်တွေအများကြီးစိုက်ထားတယ်
    ဒါပေမယ့် နည်းနည်းတော့သတိထား
    သူက တကယ်မိုက်တာမဟုတ်ဘူး
    ဟို
    fatty ဆိုတဲ့
    ပြန်ကြားရေးက ရွှေဘိုသားကမှ
    ဒဂယ့်လူမိုက်
    မနိုင်ရင် အပီကိုက်တယ်
    ဒီနေ့တောင် သူတို့ စစ်တီမာ့ထ် မှာ လူစုနေတယ်လို့
    ကျုပ်သတင်းကြားတယ်

  • ogre

    June 18, 2011 at 8:12 am

    ဗိုလ်ဆန်အောင်..ကိုဂျော်နီ လို့ခါ်လိုက်မယ်…
    ကြောက်လို့ မဟုတ်ပါ…ညီညွတ်စေချင်တာပါဗျာ
    ဒီဆိုဒ်ထဲမှာ..သူအမြင်ကို့အမြင်ဖလှယ်..
    ကိုယ်အတွေ့အကြုံ..သူအတွေ့အကြုံလေးတွေရေး
    ကွန်ပြူတာရှေ့ကနေ…ဘယ်ဒေသမှမရောက်ဖူးတဲသူတွေအတွက်
    ဗဟုသုတ..တွေချပြ…
    ထူးခြာသတင်းလေးတွေတင်ပြ..ဘယ်လောက်လှလိုက်တဲ့မန်ဂေးဇက်လဲ
    ကျွန်တော်ဖြစ်ချင်တာပါ….
    နိုင်ငံခြားတော့ မရောက်ဖူးဘူးဗျာ…မြန်မာပြည် တနံတလျှားတော့နေရာစုံအောင်ရောက်ဖူးတယ်
    ကြောက်မွှေးပါရင်…အသက်ရှင်ရက်..ပြန်မလာနိုင်တဲ့
    ဒေသကတောင်ပြန်လာဖူးခဲ့ပြီ။။။
    စာရေးဆရာမဟုတ်ပေမယ့်……စာရေးချင်လွန်လို့…ကိုရေးတဲစာလေးတွေကောင်းမကောင်းဝေဖန်ကြတာလေးတွေ..ကြည့်ရင် ပီတိဖြစ်ချင်ရုံ သက်သက် …မန်းဂေးဇက်ကိုရောက်လာတာပါ။။ဒီဆိုဒ်ကိုမန်ဘာဝင်ပြီး
    ထဲက ..အခြာဆိုဒ်တွေမှာတောင်..စာမရေးဖြစ်တော့ဘူး…မန်းဂေးဇက်ကိုအဲလောက်ကြိုက်တယ်။။

  • kai

    June 18, 2011 at 8:59 am

    ဘယ်ပို့စ်တွေပျောက်သွားသလည်းတော့မသိ…။
    သာမန်အားဖြင့်တေ့ာ..ကျုပ်က.. ပို့စ်တွေ အလွန်ဖျက်ခဲပါတယ်..။ ကိုယ့် Draft ထဲလည်းပြန်ကြည့်ပါဦး..။
    တချို ့ကတော့ … Front page မှာမပေါ်ရင်..မတက်ဘူးထင်နေတတ်ပါတယ်..။
    ဒါမျိုးကျ.. ကိုယ်တင်တဲ့ Category နေရာသွားကြည့်မှ ရပါလိမ့်မယ်…။

    အင်း..
    …ပြောချင်တာက..
    ဒီရွာမှာ… ကိုယ့်အယူအဆ..ခံယူချက်..(သူတပါးမထိခိုက်ရင်၊ တာဝန်ယူရဲရင်..)ကြိုက်တာ ရေးတင်လို့ရပါတယ်..။ Do & Don’t (Rules) နဲ့ မငြိစွန်းတာ အကုန်တင်လို့ရပါတယ်..။
    .. စိစစ်ဖြတ်တောက်နေတာ..မရှိပါဘူး..။ ပို့စ်ကို..publish လုပ်တင်တာနဲ့ တက်မှာပါပဲ..။
    သူများတွေ ဝိုင်းပြောလို့လည်း.. ဂရုစိုက်စရာမလိုပါဘူး..။
    လွတ်လပ်စွာ… ရေးသားခွင့်ရှိပါတယ်..။

    ဆိုတော့..
    .. အများကဝိုင်းပြောနေရင်.. ကိုယ့်ကိုယ်ကိုယ်တော့ပြန်စစ်ဆေးကြည့်ပါ..။
    ခေါင်းဆောင်အရည်အချင်းနဲ့..လူမှုရေးပိုကျွမ်းကျင်သူတွေဟာ.. ကိုယ့်အတွေးအခေါ်…အယူအဆကို..လူအများလက်ခံလာအောင် စည်းရုံးနိုင်ပါတယ်..။
    ရန်သူတွေမတိုးပဲ..မိတ်ဆွေတွေတိုးအောင်… စွမ်းနိုင်ပါတယ်..။
    ဒါမျိုးတွေလုပ်နိုင်ဖို့လည်း.. ဒီဝက်ဘ်ဆိုက်က..အခွင့်ပေးထားကြောင်းပါ…။

    • ogre

      June 18, 2011 at 9:17 am

      ကျေးဇူးပါ သဂျီးရေ..
      အခုပိုစ်တင်လိုက်မှ အရင်ရက်ကတင်တာတွေပါပြန်တက်လာတယ်
      ဘာဖြစ်မှန်မသိဘူး..တနံနက်လုံး စိတ်ညစ်နေတာ
      အခုပြန်ပေါ်နေပြီ….
      အများပြောတာမဟုတ်ပါ
      တစ်ယောက်ထဲလာ ညှော်နေလို့ ပါ..ရွာထဲကရန်စပေါ့။။
      ကျေးဇူး။။။။။။။။။။။။။။။

  • PinkCandy

    June 18, 2011 at 10:57 am

    ကျောင်းတော်ကြီးက ရန်စတွေထင်ပါရဲ့ 😀

  • fatty

    June 18, 2011 at 12:02 pm

    ကိုရင်အောင်ပုရေ … ငါ့ဘက်လှည့်လာပြန်ပြီလား … တညင်ဘက်က ထန်းတောမှာတုန်းကတော့
    မူးမူးနဲ့ ထိုင်ထိုင် ကတော့လိုက်တာ… အခုမမူးတော့တမျိုး … အေးအေးနေပါရစေကွာ..။
    လူစုနေတာက အလှုခံထွက်ဖို့ပါ။

    • king

      June 18, 2011 at 12:35 pm

      ကိုဖက် အလှူခံထွက်ဖို့အတွက်ဆိုတော့
      စိတ်ဝင်စားတယ်ဗျ
      မနက်ဖြန် …..

  • winnmyo

    June 18, 2011 at 12:22 pm

    ကိုကြီးအောင်ပုပြောတာမှန်ပါ့… ဒါပေမယ့် မီးလဲအဲဒီလိုအတွယ်အဖိုက်တွေ ဆိုရင်ကြောက်တယ်။ မီးက
    အသစ်လေးပါ။ မီးကိုတော့ ဖိုက်နဲ့နော်……..

    • king

      June 18, 2011 at 12:33 pm

      မီးကိုဖိုက်ဘူးးးး
      ဒါပေမယ့် …. အကျိုးမပြုတဲ့မီးဆိုရင်တော့
      ဟင်း ဟင်း ငှဲ ငှဲ (မြန်မာဗွီဒီယိုဇာတ်လမ်း ထဲမှ လူကြမ်းနေရာသရုပ်ဆောင်သူများ၏ အမူအရာဖြင့်)
      ရေနဲ့ လောင်းပါ့မယ် ….. 😛

      • PinkCandy

        June 18, 2011 at 1:27 pm

        ရေလောင်းတာကယ်သွားလို့ပေါ့ကွာ
        အဲလိုမဟုတ်ရင် ငါထင်တာမှန်တယ်ကွ
        (မီးသတ်ဆေးဗူးနဲ့ဖျန်းမယ်လို့ ထင်ထားတာပါ) 😛

  • ပုပုနော်
    သူများတွေကို မြောက်ထိုးပင့်ကော်လိုက်လုပ်မနေနဲ့။
    ogre ရေ
    ကိုယ်ကြိုက်တာ ကိုယ့်စိတ်ထဲရှိတာကိုယ်ရေး
    နှစ်သက်သူက ဖတ်မယ်။
    သူများအတင်းအသားလွတ်အုပ်တဲ့စာမဟုတ်ရင်ပြီးရောကွာ
    သဘောတူလား?

    • ogre

      June 18, 2011 at 1:13 pm

      တူတယ်..သဘောကိုပြောတာနော်
      ကောင်းပါ့ ..အကိုပေါက်ရယ်။။

  • ရွှေဘိုသား

    June 18, 2011 at 3:20 pm

    ကြိုပြောထားမယ်နော်ကျွန်တော်က ဘာကောင်မှမဟုတ်ပါဘူး
    ရွှေဘို ကနေရန်ကုန်မြို.ကြီး ကိုမျက်စိသူငယ် နားသူငယ်နဲ. ကျောင်းလာတက်နေတဲ.
    အဝေးသင်က ကျောင်းသားလေးပါနော် သူငယ်ချင်းတို.

  • captainamerica

    June 18, 2011 at 5:34 pm

    ဗိုလ်(ဘို)ဆန်အောင်ကို ဂျော်နီဆိုပဲ။ ခွဲရေးလား တွဲရေးလားမသိ ။ဂျော်နီကတော့ကရင်သူပုန်ခေါင်းဆောင်

    ပဲ။ဒီလူကြီး ကိုအောင်ပုလို.ပဲသိထားတာ။မနောက်ပါနဲ.ဂျာ….

  • bigcat

    June 18, 2011 at 7:42 pm

    အဲဒါတွေတော့ သိဘူးကွာ၊ မနေ့ကတော့ ကော်ဖီဖိုးကုန်သွားတယ်၊ ငါစောင့်နေတဲ့သူလည်း မလားဘူး…တနင်္ဂနွေနေ့ ထပ်စောင်အုံးမယ်ဟေ့….. 👿

  • nature

    June 19, 2011 at 3:01 am

    ကျနော်ကတော့ဘီလူးအမြင်ထက် ဘီလူးပစ်ချာပိုကြိုက်သဗျ။

Leave a Reply