အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၂၇)

နောက်ပိုင်းကျတော့ ဆလင်းနဲ ့ကျွန်တော်က တကယ့်သူငယ်ချင်းကောင်းတွေ ဖြစ်သွားတာပဲ။

ရုပ်ရည်ကတော့ ထားပါတော့။တခြားဟာတွေသူနဲ့ကျွန်တော် တူတာတော်တော်များတော့ ရှိသဗျ။

ကျွန်တော်တို့ နှစ်ယောက်စလုံးက မိဘမဲ့တွေ။ဒီဂေဟာကနေ ကျွန်တော်တို့ကို ပြန်ခေါ်ထုတ်သွားမဲ့

သူ မျှော်လင့်စရာမရှိဘူး။နှစ်ယောက်စလုံး ဂေါ်လီရိုက်တာ နှစ်သက်ကြတယ်။ရုပ်ရှင်ကြည့်တာလည်း

ဝါသနာပါကြတယ်။သီးသန့်ဆောင်ကနေ ဆင်းတော့ ကျွန်တော့်ရှိတဲ့ ဩဇာလေး(အဟဲ..ပြောရတာ

တော့ရီစရာပဲ ဒီလိုစကားလုံးသုံးရတာ)နဲ့ ဆလင်းကို ကျွန်တော့်ဘေးမှာ နေရာချပေးအောင် လုပ်

ရတာပေါ့။

တစ်ညတော့ ဂုတ်ပတားက ဆလင်းကို သူ့အခန်းလာခဲ့ဖို့ ခေါ်ခိုင်းလိုက်တယ်။တော်တော်တောင်

ညဉ့်နက်နေပြီ။ ဒီ ဂုတ်ပတားဆိုတဲ့ ငနဲကြီးက မုဆိုးဖိုဗျ။ဒီဂေဟာဝင်းထဲမှာ တစ်ယောက်ထဲ သီးသန့်

နေတာ။ဆလင်း နည်းနည်းတော့ ထိတ်လန့်နေတယ်။

“သူ ဘာလို့ ငါ့ ခေါ်တာလဲ မသိဘူးနော်..”

“သိဘူးလေ..ငါတော့ သူ့အခန်းတစ်ခါမှ မရောက်ဖူးဘူးဟ..အေး ဒီနေ့တော့ သိအောင်လုပ်ရမပေါ့ကွာ..”

ဆလင်းက ဂုတ်ပတား အခန်းဘက် ဆင်းသွားတော့ ကျွန်တော်လည်း နောက်က အသာလေး

ခြေဖျားထောက်လိုက်ခဲ့တာပေါ့။ဆလင်း တံခါးခေါက်တဲ့အချိန်မှာ ဂုတ်ပတားက တွန့်ကြေနေတဲ့

ညဝတ်ဘောင်းဘီကိုဝတ်ပြီး သူ့အခန်းထဲမှာ ငုတ်တုတ်ထိုင်လို့။

“အဲ..အေး ..ဝင်ခဲ့လေ ဆလင်း..”

ငနဲကြီးက ဗလုံးဗထွေးနဲ့ ပြန်ပြောတယ်။လက်ထဲမှာ ရွှေရောင်အရည်တွေ အပြည့်ထည့်ထားတဲ့

ဖန်ခွက်တစ်လုံးကို ကိုင်ထားသဗျ။ဆလင်း ဝင်လာတော့ဂလု ဆိုအကုန်သောက်ပစ်လိုက်ပြီး

နှုတ်ခမ်းကို လျှာနဲ့သပ်နေသေးတယ်။ကြယ်သီးကြီးတွေနဲ့ တူတဲ့ သူ့မျက်လုံးတွေက ဆလင်း ကို

ပြူးကြည့်နေတာ။ ကျွန်တော်က တံခါးဝနားမှာကပ်ပြီး လိုက်ကာစနှစ်ခုကြားထဲက

ချောင်းကြည့်နေတာလေ။ငနာကြီးက ဆလင်း မျက်နှာကို သူ့လက်ကြီးနဲ့ လျှောက်ကိုင်

ပွတ်သပ်ကြည့်ပြီး ရုတ်တရက်ပဲ မင်းအဝတ်တွေ ချွတ်စမ်းကွာ ဆိုပြီး ခပ်ပြတ်ပြတ် အမိန့်ပေး

လိုက်တာ။ဆလင်းက ငြင်းတာပေါ့။

“သောက် ကလေး ငါပြောတဲ့အတိုင်းလုပ်စမ်း..ဖြတ်ရိုက်ပစ်လိုက်မယ်..ဘာမှတ်လဲ

..ဟေ့ကောင်.. ချွတ်.။”

ငနဲကြီးက စွတ်ကြိမ်းတော့ ဆလင်းလန့်သွားတယ်။မလုပ်ချင်လုပ်ချင်နဲ့ သူ့အဝတ်လေးတွေ

ချွတ်ဖို့ ကြိုးစားရှာတယ်။ကျွန်တော် မျက်နှာလွှဲထားလိုက်ရတာပေါ့ဗျာ။

ငနဲကြီးက ထလာပြီး ဆလင်းနောက်မှာ လာရပ်တယ်။ရွှေဆွဲကြိုးတောင် တချွင်ချွင်မြည်

သွားသေးတယ်။ ဂွတ်တယ် လို့သူပြောတာကြားလိုက်သေးတယ်။ရှုံ့ကြိုးချည်မထားတဲ့ သူ့

ညဝတ်ဘောင်းဘီကို အောက်ချွတ်ချ နေတာ ကျွန်တော်မြင်တယ်။ဆလင်းကတော့ခုထိ ဘာမှ

မသိရှာသေးဘူးဗျာ။ဒါပေမဲ့ ငနဲကြီး ဘောင်းဘီချွတ်ချတာ မြင်တော့ ကျွန်တော့်ခေါင်းထဲမှာ ဖျိုးခနဲ

ဖျစ်ခနဲဖြစ်သွားပြီး ကျောတွေစိမ့်တက်လာတယ်။ချက်ချင်းပဲ ဖာသာဂျွန့်အခန်းထဲမှာ မြင်ခဲ့ရတာ

သွားသတိရတယ်။ပြီးတော့ နောက်ဆက်တွဲ ချောက်ချားစရာ ဖြစ်ရပ်ကြီး။ဟား..ဒါဆို..။

ကျွန်တော့်ရဲ့ ငယ်သံပါအောင် အော်ထည့်လိုက်တဲ့ အသံက တိတ်ဆိတ်နေတဲ့ ညကို ဖောက်ခွဲ

ပစ်လိုက်တာပေါ့။အိပ်ဆောင်ထဲမှာ အေးအေးလူလူအိပ်နေတဲ့ ချာတိတ်တွေ အကုန်နိုးကုန်တယ်။

မီးဖိုခန်းထဲမှာ ဟောက်ပြီး အိပ်ပျော်နေတဲ့ ထမင်းချက်ကြီး လန့်နိုးသွားတယ်။အိပ်ယာထဲမှ နှပ်နေတဲ့

အဆောင်မှူး ဖြုန်းခနဲ နိုးလာတယ်။နောက်ဆုံး အိပ်နေတဲ့ ခွေးလေခွေးလွင့်တွေတောင် လန့်ဖျတ်ပြီး

တောင်ဟောင် မြောက်ဟောင် ထဟောင်နေကြတာ။

ဂုတ်ပတားကတော့ ဘာဖြစ်သွားတာလဲ ဆိုပြီး အူကြောင်ကြောင်ဖြစ်နေတာပေါ့။နောက်တော့

သူ့ဘောင်းဘီကို ကပျာကယာ ဆွဲတင်ပြီးဆလင်းကို သူ့အခန်းထဲက မောင်းထုတ်ဖို့ကြိုးစားတာပေါ့။

ဒါပေမဲ့ အဆောင်မှူးရော၊ ဂေဟာအစောင့်တွေရော၊ နောက်ဆုံး ထမင်းချက်တောင် ပါတယ်။

ဂုတ်ပတား အခန်းကိုရောက်ချလာတာ။အဲဒီကျမှ ဒီငနဲကြီးရဲ့ စုတ်ပဲ့တဲ့ သောက်ကျင့်ကို သိသွား

ကြတာလေ။(ဒါပေမဲ့ ဘာမှကို အရေးမယူဘူးဗျာ..။)အဲ..ငနဲကြီးလည်း လိုက်ကာနောက်မှာ

ပြူးတူးပြာတာဖြစ်နေတဲ့ ကျွန်တော့်ကို တွေ့သွားတော့တာပေါ့။အဲဒီကစလို့ ဂုတ်ပတားကြီးနဲ့

ကျွန်တော် ကမာ္ဘမကြေရန်သူတွေ ဖြစ်လာတာပဲ။ဆလင်း ကတုန်ကယင် ဖြစ်နေပေမဲ့ ဘာမှ

အနာတရ မဖြစ်ပါဘူး။အင်း..ဟိန္ဒူတွေအပေါ်ထားတဲ့ သူ့မုန်းတီးမှုက အတော်လေး

ပြေလျော့သွားပြီးကာမှဗျာ..။ခုလိုဖြစ်တော့.. အကြမ်းဖက်စော်ကားမှုကို ကြောက်ရွံ့တဲ့ စိတ်က

ဖျောက်ဖျက်လို့မရအောင် တစ်သက်လုံး စွဲသွားရှာတယ်။

 

*****************************

 

အဲဒီနေ့လေးကတော့ တကယ်သာယာတဲ့ နွေဦးပေါက်နေ့လေးတစ်ရက်ဗျ။အဲ..ကျွန်တော့်စိတ်ထဲပို

လို့တောင် လှနေတယ်လို့ထင်ရအောင်ပျော်စရာ အကြောင်းလေးကလည်း ရှိသကိုး။အပြည်ပြည်ဆိုင်ရာ

အန်ဂျီအို အဖွဲ့အစည်းတစ်ခုက တာဝန်ယူပြီး ကျွန်တော်တို့ကလေးတွေကို ဂေဟာကနေ အပြင်ကိုခေါ်

ထုတ်လို့ တစ်နေကုန် လျှောက်လည်ခွင့်ရနေတာဆိုတော့ လှပါတယ် သာယာပါတယ်ဆိုတဲ့ နွေဦးနေ့လေး

က ပိုလို့တောင် လှပနေတယ်လို့ ကျွန်တော်ထင်မိနေတာပဲ။အဲယားကွန်း ဘတ်စ်ကားကြီးနဲ့နော် ဒေလီ

တမြို့လုံးပတ်ရတာ။နေ့လည်ထမင်းစားတော့ တိရိစာ္ဆန်ရုံမှာ။နောက်မမြင်ဘူးတဲ့ အကောင်ဗလောင်တွေ

လိုက်ကြည့်ကြတယ်။ရေမြင်းတို့၊ သားပိုက်ကောင်တို့၊သစ်ကုလားအုတ်တို့၊ မျောက်ကြီးမျိုးထဲပါမယ်ထင်

တဲ့ မျောက်မောင်းမ လိုအကောင်မျိုးတွေကို ပထမဆုံးအကြိမ် တွေ့ဖူး မြင်ဖူးတာပဲ။ငှက်ကြီးဝန်ပိုတို့၊

ကြိုးကြာနီတို့၊ဘဲတူ ဖျံတူတို့လည်း တွေ့ရတယ်။ပြီးတော့ ကျွန်တော်တို့ အိနိ္ဒယရဲ့ အမြင့်ဆုံးလို့

ဆိုလောက်တဲ့ ကူတု(ဘ်) မီနာ မျှော်စင်ကြီးဆီ ပို့တယ်။ကျွန်တော်တို့လည်း ဟီးဟီးဟားဟားနဲ့

တွန်းဝှေ့အော်ဟစ်ပြီးလှေကားထစ်တွေပေါ် ပြေးတက်ကြတယ်။ပထမထပ်လသာဆောင်ကပဲ

အောက်ကို ငုံ့ကြည့်တာ လူတွေက ပုရွက်ဆိတ်လောက်လေးတွေပဲ မြင်ရတော့တယ်။မျှော်စင်ပေါ်

မှာ ဟူး..ဟေး နဲ့ အော်ပြီး ကိုယ်အော်တဲ့ အသံ အောက်မရောက်ခင် မှိန်ဖျော့ သွားတာ ပြန်

နားထောင်ကြသေးတာ။နောက်ဆုံး အိနိ္ဒယဂိတ်ဘက်မှာ ပွဲတော်ကြီး ရှိလို့ အဲဒီကို ခေါ်သွားတယ်။

အဲဒီရောက်တော့ ကျွန်တော်တို့ကို သုံးချင်ရာ သုံးဖို့ ရူးပီး ၁ဝစီ ပေးတယ်ဗျ။ကျွန်တော်က ရဟတ်တို့

ဘာတို့စီးချင်တာ။ ဆလင်းက ကျွန်တော့် အင်္ကျီလက်ကို ဆောင့်ဆွဲပြီး တခြားရုံတစ်ခုကို

အတင်းခေါ်သွားတယ်။ရုံရှေ့အဝင်က ဆိုင်းဘုတ်မှာ-

“ကမာ္ဘကျော် လက္ခဏာဆရာကြီး ပန်ဒစ် ရာမရှန်ကာ သျှတ္တရိ လက္ခဏာတစ်ခါကြည့် ရူးပီး ၁၀” တဲ့။

အထဲမှာ အဘိုးကြီးတစ်ယောက် ဒိုတီလေးဝတ်လို့ ငုတ်တုတ်လေး ထိုင်နေတယ်။နှုတ်ခမ်းမွှေးတွေက

လည်း ဆွတ်ဆွတ်ဖြူနေပြီ။အသက်ဘယ်လောက်ရှိပြီဆိုတာတော့ ကျွန်တော် မမှန်းတတ်ဘူး။

ပုဏ္ဏားကြီးဗျ။နဖူးမှာလည်း ဟင်္သာပြဒါးနဲ့ အစက်တို့ထားသေးတယ်။ကတုန်းပြောင်ကိုမှ

နောက်စေ့တည့်တည့်မှာ ဆံပင်ရှည်လေးက တွဲလောင်းနဲ့။

ဆလင်းက-

“ကျွန်တော် လက္ခဏာ ကြည့်ချင်လို့ပါ ခင်ဗျာ”

“ရူးပီး ၁ဝ ထဲပါ”

ကျွန်တော် မနေသာတော့ဘူး ဆလင်းကို ကပ်ပြောရတယ်။

“ဟကောင် သောက်ရူးထမနေနဲ့။ဒီလို ဗေဒင်ဟောဆိုတဲ့ ငနဲကြီးတွေက အလကား အာဖျံကွီးတွေပဲ။

သူတို့က မင်း အနာဂတ်ကို ဘယ်လိုလုပ်သိမလဲ..ဖြီးမှာ..ပြီးတော့ကွာ မင်းအနာဂတ်ကို သိတော့ရော

ဘာထူးမှာလဲ..မတန်ဘူး ဟေ့ကောင်”

မရပါဘူး။ဆလင်းက အပြင်းအထန်ပဲ။

“ငါကြည့်ချင်လို့ပါကွာ..ဘာဖြစ်ဖြစ်”

“ကြည့်ကွာ ကြည့်..အေး ငါတော့ ဒီလို အရေမရ အဖတ်မရကိစ္စမှာ ငါ့ပိုက်ဆံ ၁ဝ ကို

မသုံးဘူး ဟေ့ကောင်..လုံးဝပဲ..”

ဆလင်းက အရမ်း စိတ်ထက်သန်နေတော့ ကျွန်တော်မတားတော့ဘူး။သူ့ပိုက်ဆံ ၁ဝ ကို

ချက်ချင်းချပေးပြီး သူ့ဘယ်ဘက်လက်ကို ဆန့်ပြီး အဘိုးကြီးကိုထိုးပြတယ်။အဘိုးကြီးက

ခေါင်းခါပြီးတော့-

“ဘယ်လက် မဟုတ်ဘူး လူလေးရဲ့..ဘယ်လက်က မိန်းကလေးတွေကို ကြည့်ရတာ။

ယောက်ျားလေးက ညာလက်..”

ဆလင်းက ဪ ဆိုပြီး သူ့ညာလက်ကို ခပ်သွက်သွက်ထိုးပြတယ်။အဘိုးကြီး က မှန်ဘီလူးနဲ့

သေသေချာချာ အားစိုက်ပြီး ဆလင်း လက္ခဏာတွေကိုကြည့်နေတာများ ရတနာမြေပုံကို

ကြည့်နေတဲ့ အတိုင်းပဲ။နောက်ဆုံး မှန်ဘီလူးကို ချပြီး ဆလင်းလက်ကို လွှတ်လိုက်တယ်။ကျေ

နပ်သွားတဲ့ အမူအရာနဲ့ သက်ပြင်းတစ်ချက်ချပြီး ဆလင်းကို ပြောတယ်။

“လူလေးရေ.. မင်းလက္ခဏာက တကယ့်ကို ထူးခြားတာပဲကွဲ့..ဒီလို ကံလမ်းကြောင်းကောင်း

တဲ့ လက်မျိုး အဘတော့ မတွေ့ဘူးသေးတာအမှန်ပဲ။မင်း အနာဂတ်က တော်တော်တောက်ပ

လိမ့်မယ် ဆိုတာ အဘတော့ မြင်ရသကွဲ့..”

ဆလင်း ပီတိတွေဖြာထွက်သွားပြီး-

“တ..တကယ်လား အဘ..ဟင်..ကျွန်တော် ဘာဖြစ်မှာလဲ..”

ဘိုးတော်ကြီး က သေချာမမြင်သေးလို့ထင်တယ်။ဆယ်စက္ကန့်လောက် မျက်လုံးမှိတ်ပြီး

အာရုံခံကြည့်နေတာလား ဘာလားတော့မသိဘူး။တော်ကြာတော့မျက်လုံးဖွင့်ပြီး ရှင်းရှင်းကြီး

ပြောချလိုက်တာ ကျွန်တော်တောင် ဖိန့်သွားတယ်။

“လူလေး မျက်နှာက ကြည်လင် ချောမောသကွဲ့..နောင်တစ်ချိန်မှာ လူလေးဟာ နာမည်ကျော်

ရုပ်ရှင်မင်းသားဖြစ်လိမ့်မကွဲ့ မှတ်ထား..”

ဆလင်းဆို ပြာထွက်သွားပြီး စကားတောင် မပီချင်သလိုဖြစ်သွားတယ်။

“ဟို..ဟို. အာမန်းအလီ လိုမျိုးလား အဘ”

“ဟမ်..လူလေးကတောင် သာလိမ့်ဦးမယ်..ဟုတ်ပလား”

တွေ့ပြီ။ဘုန်းကြီးရူးနဲ့ လှေလူး။ဆလင်းက ပါးစပ်ကြီးဟ ပြီး သူ့လက်ကို တစိမ့်စိမ့်ကြည့်နေတုန်း

အဘိုးကြီးက ကျွန်တော့်ဘက်ကို လှည့်ပြီး-

“လူလေးရော လက္ခဏာကြည့်ဦးမလားကွဲ့..၁ဝ ထဲပါ..။”

“ဟင့်အင်း ကြည့်တော့ပါဘူး” ပြောပြီး ကျွန်တော်လစ်မလို့လုပ်တုန်း ဆလင်းက ကျွန်တော့်ကို

ပိတ်တားလိုက်တာ။

“မရဘူး..မိုဟာမက်..မင်းကြည့်ပါကွာ ..ငါ့ကိုခင်တယ်ဆိုရင် မင်းလည်းကြည့်..”

သူ့မျက်လုံး အကြည့်ကို ကျွန်တော်မလွန်ဆန်နိုင်တော့ဘူး။ဖြစ်ချင်ရာ ဖြစ်ဟ ဆိုပြီး ရှိတဲ့ ၁၀

အိပ်ကပ်ထဲက ခုန်ထွက်သွားပါရောလား။ဘိုးတော်ကြီးကမျက်နှာ သိပ်မကြည်ဘူး။

ရှစ်ခေါက်လောက် ချိုးချင်နေပြီ။နောက် ဆလင်းကိုကြည့်သလိုပဲ မှန်ဘီလူးနဲ့ ကျွန်တော့်

လက်ဝါးကို သေချာကြည့်ရောဗျ။ဘိုးတော်ကြီး ချွေးတွေတောင် စိမ့်ထွက်လာတဲ့ အထိပြူးပြဲပြီး

ကြည့်နေတာ ၅ မိနစ်မကတော့ဘူး။စာအုပ်လေးမှာလည်း ဟိုမှတ်သည်မှတ်လုပ်သေး

တယ်။တွက်တာ ချက်တာတွေလည်း ပါသေးတယ်။ ဆလင်းက လန့်နေတယ်။

အဘိုးကြီး ဘာများပြောမလဲပေါ့လေ..။သူမနေနိုင်တော့ပဲ အဘိုးကြီးကို မေးလိုက်တယ်။

One comment

  • MaMa

    June 18, 2011 at 8:25 am

    မောင်ဘလှိုင်ရေ- အကြာကြီး စောင့်ခို်င်းထားပြီး ကောင်းခန်းကျမှ ဖြတ်လိုက်လိုက်ရလား ကွယ်။

Leave a Reply