ရွာသားများအတွက် မြတ်ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးမူ (၅) ချက်
မဟာသမယသုတ်တော်မှာ ဟောကြားခဲ့တော်မူသော် မြတ်ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးမူ လေးတွေကို ပြန်ဖော်ပြအပ်ပါတယ်။
ကျွန်တော်တို့အတွက်လိုအပ်မယ်ထင်
လို့ ပါ။
၁။ အရာမဟုတ်သည် ၌ အငြင်းအခုံမပြုသင်။့
၂။တဆင့် စကားဖြင့် အငြင်းအခုံမပြုသင့်။
၃။အားရှိသူတိုင်း အားငယ်သူကို နိုင်မည်မဟုတ်။
၄။စည်းလုံးမှုမရှိလျင် ပျက်စီးတက်သည်။ စည်းလုံးမှုရှိမှ ကြီးပွားမည်။
၅။မိမိကိုယ် မိမိ နစ်မွန်းသော ဒုက္ခ မပေးသင့်ခြင်း။
6 comments
bigbird
June 23, 2011 at 1:23 pm
တိုပေမယ့် ထိရောက်ပါတယ်။
zaw min
June 23, 2011 at 3:09 pm
အင်း..အာဂ တို့၊ကိုဌက်တို့ ရွာထဲမှာရှိနေသေးတာပဲ။ငြင်းခုံနေတာကိုက ဘုရားအဆုံးအမနဲ့မကိုက်ညီနိုင်တော့ပါ။လက်တွေ့ဘဝမှာ မိမိလုပ်နိုင်သလောက် လုပ်ကြတာကောင်းပါတယ်။
မင်းပြည့်ရှိန်
June 23, 2011 at 4:24 pm
မြတ်ဗုဒ္ဓရဲ့..
ငြိမ်းချမ်းရေးမူ (၅) ချက်ကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. လိုလည်း လိုအပ်ပါတယ်..
လတ်တလော ရွာထဲမှာကတော့..
ငြင်းခုန်နေကြတာထက်..
စကား စစ်ထိုးနေကြတာ
အယူအဆ မတူမျှတာတွေအတွက်..
တူမျှအောင် ညှိနေကြတာ..
ကိုယ်ပိုင်ခံစားချက်ကို …ကိုယ်ပိုင် သဘောထားများကို.. တင်ပြနေကြတာ..
ပြီးတော့..အဲပြီးတော့
ယဉ်ကျေးသိမ်မွေ့စွာ… တိုက်စစ်ဆင်နေကြတာ..
လို့…..ယူဆပါတယ်…ခင်ညား
R Ga
June 24, 2011 at 9:17 am
အဲဒီလိုလည်းမဟုတ်ဘူး ဗျာ..။ တိုက်စစ်လည်းမဆင်ပါဘူး။ ထိုးစစ်လည်းမဆင်ပါဘူး။ သိများသိသင့်သလားဆိုပြီး…တော့ ကူးထားတဲ့မှတ်စုစာအုပ်ထဲက ဗုဒ္ဒရဲ့ ဒေသနာကိုဖော်ပြ မိတာ ပါ။ ရွာထဲကဖြစ်သမျှ ကိစ္စအတွက်နဲ့တော့ မခိုင်းနှိုင်းသင့်ဘူးလို့ထင်ပါတယ်။ ဒီ စာလေးတွေက လူတစ်ယောက်၊နိုင်ငံတစ်နိုင်ငံ။လူမျိုးတစ်မျိုး စသဖြင့် အားလုံးအသုံးဝင်နိုင်ကြောင်းပါ။
chitpyae
June 24, 2011 at 12:27 am
ကိုမင်းပြည့်ှရှိန် ရေ …
ရွာထဲမှာက ယဉ်ကျေးသိမ်မွေ့စွာ တိုက်စစ် ဆင်နေကြတာ ဟုတ်ဖူး လေ ….
အမြင်ချင်း ၊ အသိချင်း ဖလှယ် နေကြတာပါ ။
လူကြီး တွေ အဲလို အသိချင်း ဖလှယ်ကြတော့ .. ရွာထဲက လူငယ်တွေ ၊ ကလေး တွေ
ဗဟုသုတ တိုးလာတယ်လို့ပဲ မှတ်ယူပါတယ် ….. 🙂 (ကောင်းတဲ့ ဘက်ကတွေး နော် … တော်ကြာ သူကြီး ထိပ်တုံးစာ မိတွားမယ် .. ဘာမှတ်နေလဲ ..ဟွန့် .. 🙂 🙂 🙂
weRone
June 24, 2011 at 10:07 am
ကျေးဇူးတင်ပါတယ်။ မြတ်ဗုဒ္ဓရဲ့.. စကားတွေ က ဘယ်တော့ မှ အချည်းအနှီး မဖြစ်ဘူး..