မန်းမြို့တော်ကဗုံးပေါက်ကွဲမှု့ဓတ်ပုံများ
ဇွန်လ ၂၄ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မန္တလေးမြို့ ဈေးချိုဟိုတယ်ရှေ့တွင် ရပ်ထားသော ကားတစ်စီးပေါ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြင်းထန်သော ပေါက်ကွဲမှုကြောင့် အဆိုပါကားမှာ လုံးဝပျက်စီးသွားသည်။ သေဆုံးမှု့မရှိသော်လည်း ဒဏ်ရာရရှိသူရှိတယ်လို့သိရပါတယ်ရှင်။ လုပ်နေကြတာရှင်….လူမဆန်စွာသတ်ဖြတ်ဖို့ အကြမ်းဖက်ဖို့ပဲ။ ဒီလောက်ဗုံးခွဲချင်နေကြရင် တပ်ထဲမှာသွားခွဲပေါ့။ ဘာမဆိုင်ညာမဆိုင် ပြည်သူကြားမှာလာခွဲနေတယ်။ ပြီးရင်တော့ပြောကြအုံးမယ်……လွတ်လပ်ပြီးတရားမျှတ တဲ့ဒီမိုကရေစီရဖို့တိုက်ပွဲဝင်နြေ့ကတာ ပေါ့။ အရှက်မရှိအော်ကြအုံးမှာပါ။ ကြောက်ပါပြီ….
4 comments
weRone
June 25, 2011 at 2:42 am
တပ်က လူတွေ ကိုယ့်ဟာ ခွဲတာရော မဖြစ်နိုင်ဘူးလား. ? တွေးကြည့်တာပါ။
intro
June 25, 2011 at 10:57 am
ဘယ်သူခွဲခွဲ၊ ဘာကြောင့်ပဲ ခွဲခွဲ၊ အားမပေးပါဘူး၊ မလုပ်သင့်တာကို လုပ်တာပဲ လို့ ထင်မိပါတယ်..
winnmyo
June 25, 2011 at 12:42 pm
ကျွှန်မကလဲဘယ်သူခွဲတယ်မသိပါဘူးရှင်…သတင်းလေးရလို့တင်တာပါ။ ဒါပေမယ့် တပ်ကတော့မခွဲဘူး ထင်ပါတယ်။ ချစ်လွန်းလို့ပြောနေတာတော့မဟုတ်ပါဘူး။ သူတို့ခွဲကြည့်ပါလား…ဒီခေတ်မှာကမီဒီယာက တအားကောင်းနေတာ ဆွေမျိုးတောင်ပြုတ်သွားအုံးမယ်….
monmon
June 26, 2011 at 7:24 am
ဗုံးမခွဲရင် ခေတ်မမီတဲ့ ခေတ်ကြီးများ ရောက်နေပြီလား…….