တန်ဘိုး
ကျွန်တော်နားလည်သလောက်စိတ်ကူးနဲ့ တန်ဘိုးဆိုတာကို ဘာသာပြန်ကြည့်တာပါ။စာဖတ်သူတို့ဘက်မှလည်းမိမိနှစ်သက်သလို ယူဆနိုင်ပါတယ်။
တန်ဘိုး(VALUE)။ ။တစ်နေ့က ကျွန်တော်နားမှာ လူငယ်နှစ်ယောက်စကားအခြေအတင်ပြောကြရင်း။တစ်ယောက်က မင်းကငါ့ကို နှစ်ပြားမတန်အောင်ပြောတယ်နော်ဟုဆိုလေ၏၊ ကျန်တစ်ကောက်က အေးလေ..မင်းက ဘယ်နှစ်ပြားတန်လို့လဲဟု စကားထောင်သားလေသံနှင့်ပြန်မေးလိုက်လေရာ အနားမှာရှိသူအားလုံးပွဲကျသွားလေသည်။
အဲဒါနဲ့ ကျွန်တော့်ခေါင်းထဲကို တန်ဘိုးဆိုတာလေးဝင်လာပါတော့တယ်။တန်ဘိုးဆိုတာဘယ်ကစတာလဲ၊ဘယ်သူတွေကစတင်သတ်မှတ်ခဲ့တာလဲ။ရှေးပဝေသဏီ ကမ္ဘာဦးအစက တန်ဘိုးဆိုတာကိုသိတာဘာတွေလဲ…စသည်ဖြင့်ပေါ့ဗျာ တွေးမိတွေးရာတွေကြည့်မိတာပါ။မိမိနှစ်သက်ရာ ဘာသာရေးရူဒေါင့်မျိုးစုံကလည်းစဉ်းစားကြည့်နိုင်ပါတယ်။
ကျွန်တော့်ယူဆချက်ကတော့ အသုံးပြုနိုင်မူ၊အသုံးချနိုင်မူ ပေါ်မှာမူတည်တယ်လို့ထင်မိတယ်။တန်ဘိုးရှိလှပါတယ်ဆိုတဲ့ စိန်တွေ၊ရွေတွေဟာ ကန္တရထဲမှာ ရေငတ်နေသူကိုသွားပေးရင် သူ့အတွက်ရေတစ်ခွက်ကပိုပြီး တန်ဘိုးရှိလိမ့်မယ်လို့ထင်ပါတ
ကျောက်ခေတ်လူသားတွေသာ မီးကို အသုံးပြုနိုင်မှန်းမသိခဲ့ရင်၊ယနေ့ခေတ် ကွန်ပြူတာတွေ၊ဆက်သွယ်ရေးနည်းစနစ်တွေကို ကောင်းစွာ အသုံးမပြုတတ်၊အသုံးမချတတ်ရင်…တန်ဘိုးဆိုတာကိုသိနိုင်ဘာအုံးမလား…
မိမိကိုယ်တိုင်ရော တန်ဘိုးဖြတ်နိုင်ပီလား…မိသားတစ်စုအတွက်ကောင်းစွာတာဝန်ကျေတယ်ဆိုရင်တော့၊မိသားတစ်စုအတွက် တန်ဘိုးရှိတဲ့သူပေါ့၊လူအများကောင်စားဖို့၊အများအကျိုးကို ဆောင်ရွက်နေသူဆိုရင်တော့ လူအများအတွက်တန်ဘိုးရှိသောသူပေါ့။ကျွန်တော်ကတော့ မိသားစုအတွက်ပဲ တန်ပါသေးတယ်၊အများအတွက်တန်ဘိုးရှိသောသူဖြစ်အောင်ကြိုးစားနေပါတယ်။
ကျွန်တော်တို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက မနုဿတ ဒုလ္ဘ ဟုဆိုမိန့်တော်မူခဲ့ပါတယ်။လူဘဝဆိုတာ ရခဲလှပါတယ်။ရခဲလှသော ဤလူ့ဘဝ၌ လူ့ဘဝတန်ဘိုးသိဖို့ အရေးကြီးလှပါတယ်။
8 comments
ရွှေဘိုသား
July 1, 2011 at 9:56 am
တန်ဖိုးက ခံယူတဲ.သူအပေါ်မှာအများကြီးမူတည်ပါတယ်ဗျာ
ဥပမာ စာရေးဆရာတစ်ယောက်က သူရလာတဲ.ပထမဆုံးစာမူခ 1000 ပဲဖြစ်ဖြစ် 500 ပဲဖြစ်ဖြစ်
သူ.အတွက် တော်တော်ကို တန်ဖိုးကြီးမားပါတယ်။
ငါရတဲ. စာမူခဆိုပြီး မိန်းမကိုသွားပေးကြည်.ပါလား စုတ်ဖြဲပစ်ဖို.များတယ်။
ခံယူတဲ.သူကနှစ်ယောက်လေဗျာ
မိန်းမက ငွေတန်းဖိုးနဲ.ကြည်.မှာ
စာရေးဆရာကကျတော. သူ.ရဲ.ဝါသနာနဲ.စာရေးလို.ရတာမို..တန်ဖိုးထားတာ
pan pan
July 1, 2011 at 9:59 am
လူပြိန်းနည်းနဲ့ပြောမယ်
“ကိုယ့်အတွက်အသုံးဝင်ရင် တန်ဖိုးရှိတယ်”
“ကိုယ်အတွက်အသုံးမဝင်ရင် တန်ဖိုးမရှိဘူး”
😀
နွယ်ပင်
July 1, 2011 at 10:08 am
တန်ဖိုးဆိုတာ တစ်ယောက်နဲ့ တစ်ယောက်စံ သတ်မှတ်ပုံချင်းကွာမယ်ထင်တယ်
တစ်ယောက်နဲ့ တစ်ယောက်အမြင်မတူတဲ့ အခါမှာ သတ်မှတ်ထားတဲ့ တန်ဖိုးဆိုတာကလဲကွာ
သွားပြန်ရော ။ အဲတော့ ကိုယ့်အတွက်ပဲ ဖြစ်ဖြစ် သူများအတွက်ပဲ ဖြစ်ဖြစ်
ကိုယ်ပိုင်စံထားပြီး သတ်မှတ်ထားတဲ့ တန်ဖိုးလေးကတော့ ရှိသင့်တယ်ထင်ပါတယ်
unclegyi1974
July 1, 2011 at 4:00 pm
တန်ဖိုးသတ်မှတ်ပုံကတခုနဲ့တခု
တနေရာနဲ့တနေရာမတူနိုင်ပါဖူး
တန်ဖိုးသတ်မှတ်တာသက်ရှိလူကသတ်မှတ်တာပါ
အခြားသက်ရှိဘယ်သတ္တဝါမှဘာတန်ဖိုးညာတန်ဖိုးမသတ်မှတ်ပါဖူး
တခါတန်ဖိုးသတ်မှတ်တဲ့လူတွေထဲမှာမှ
ဆင်းရဲ ချမ်းသာ ပညာ ကွာပြီးသတ်မှတ်ပုံကွာပါတယ်
ဒါကြောင့်ဘာဘယ်လောက် ဘယ်သူဘယ်လောက်
ဆိုတာသတ်မှတ်ချက်ပါ
တကယ်ဆို အားလုံးသုညပါ
ဆူး
July 1, 2011 at 4:21 pm
ကိုယ့်တန်ဖိုး ကိုယ် သတ်မှတ်တာပဲ ဆိုတဲ့ စကားလေး နားထဲ ပြန်ကြားမိတယ်။
တန်ဖိုး ရှိသော လူသား ဆိုတာ အများ အကျိုး အတွက် သယ်ပိုးသူလို့ ထင်ပါတယ်။
ဒီလို လူမျိုးမှ.. သေပြီး နှစ်ပေါင်း များစွာ ကြာတဲ့ အထိ လူအများ တသသ ပြောဆို တမ်းတ တတ်ကြသည်။
မင်းပြည့်ရှိန်
July 1, 2011 at 4:57 pm
တန်ဘိုး ဆိုတာ ဘာမှန်းတော့ မသိဘူး
လောလောဆယ်..
တန်ဘိုး နဲ့ တန်ဖိုး ဘာကွာလဲသိချင်လို့ပါဂျာ..
ဘဝကို တန်ဘိုးရှိအောင်နေကြ….
အချိန်ကို တန်ဖိုးရှိအောင် အသုံးချ..
ရွာထဲမှာလည်း တန်ဖိုးရှိတာလုပ်… ကိုယ့်ရွာကိုယ် တန်ဖိုးထား ချစ်မြတ်နိုးရမယ်..
ကိုယ့်ရွာသူ ရွာသား အချင်းချင်း တစ်ယောက်ကို တစ်ယောက် လေးစားတန်ဖိုးထား တတ်ရမယ်..
ဆိုတော့ကာ..
တန်ဘိုးဆိုတာ…. မိမိကိုယ်တိုင်လည်း အသုံးဝင်စေ… မိမိနဲ့ ပတ်သက်သည့် အရာကိုလည်း ဂုဏ်တက်စေ နိုင်မှသာလျှင်.. တန်ဘိုး ရှိသည်ဟု ယူဆနိုင်မယ်လို့ ထင်ပါတယ်…
မိမိရဲ့ အပြုအမူလေးကို မိမိက တန်ဖိုးထားသော အားဖြင့်..
ကောင်းသော အကျိုးရှိသော အပြုအမူများကို ပြုမူမယ်…
ဒါကို အခြားသူများကလည်း (သူတို့ အပေါ်ကောင်းကျိုးသက်ရောက်သည့်အတွက်)
(တန်ဖိုးထား) အသိအမှတ်ပြုမယ်..
ဘဝကိုလည်း ဒီလိုပဲလို့ထင်ပါတယ်..
မိမိကိုယ်ကို ကောင်းအောင် ကြိုးစားခြင်းဖြင့်..
မိမိ မိသားစုနဲ့ ပတ်ဝန်းကျင်က အားကိုးရသူ. အသုံးတည့်သူ.. အကျိုးဆောင်သူ ဖြစ်လာတဲ့အခါ
သူကိုယ်တိုင်ရဲ့ ဖြစ်တည်မှုကော.. သူနဲ့ အတူရှိနေတဲ့သူတွေရဲ့ ဖြစ်တည်မှုကိုပါ ကောင်းကျိုးသက်ရောက်စေပါတယ်..
ဒါကိုပဲ တန်ဘိုးရှိတယ် ဆိုတယ်လို့ ထင်ပါတယ်..
စိန်တွေ.. ရွှေတွေ ရဲ့ တန်ဘိုးကလည်း ထို့အတူပါပဲ..
သူတို့ကိုယ်တိုင်ရဲ့ properties (ဂုဏ်သတ္တိ) ကိုက ထူးခြားနေတာပါ..
ပြီးတော့ သူတို့နဲ့ ပတ်သက်တဲ့ သူတွေ၊ အရာတွေရဲ့ အခြေအနေကိုလည်း အနေမြင့်စေပါတယ်….
အဲဒီ စိန်.. ရွှေ ဟာ.. ကန္တာရထဲမှာ ရေငတ်နေသောသူအတွက်… ရေတစ်ခွက်လောက်မျှ အသုံးမကျရုံဖြင့်တော့ အဲဒီ အချိန်မှာ သူ့ကို တန်ဘိုး လျော့တယ်လို့ဖြင့် ပြောလို့မရပါဘူး..
ဖေါင်တိန် တစ်ချောင်းဟာ.. ခိုက်ရန်ဖြစ်ပွါးနေချိန်မှာ ဒုတ် တစ်ချောင်းလောက်မျှ အသုံးမကျရုံမျှဖြင့်.. အဲဒီ အချိန်မှာ သူ့ကို တန်ဘိုးလျော့တယ်လို့ဖြင့် ပြောလို့မရပါဘူး..
အစစ်အမှန်တန်ဘိုး = ကိုယ်ပိုင်တန်ဘိုး + သွယ်ဝိုက်(သက်ရောက်)တန်ဘိုး
လို့ ထင်မြင်မိပါတယ်..
သို့ပါသောကြောင့်..
ထမင်းတစ်လုပ်ဟာ အသက်ကို ဖြစ်စေတာကြောင့် ကြီးသော တန်ဘိုး ဖြစ်စေသကဲ့သို့
အဲဒီ ထမင်းတစ်လုပ် ကြောင့်ပဲ.. သက်ဆိုးရှည်စေတာကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်ပါသဖြင့် ပြောင်းပြန်တန်ဘိုး သက်ရောက်စေနိုင် ပါတယ်လို့..
ထင်မိ…မြင်မိ.. ယူဆမိပါသည်.. ခင်ဗျား..
zaw min
July 1, 2011 at 5:49 pm
ဝိုင်းဝန်းဝေဖန်ဆွေးနွေးကြတဲ့ ရွာသူ၊ရွာသားအားလုံးကို အထူးလေးစားခင်မင်မိပါတယ်၊ကျွန်တော့်ရဲ့ အဓိကတငြ်ပချင်တာက လက်ရှိရောက်ရှိနေသော သုကတိဘုံ ဒီလူ့ဘုံ၊လူ့ဘဝမှာ နေခွင့်ရခိုက်လေးမှာ သတိမမေ့၊မပေါ့ဆပဲ လူ့ဘဝတန်ဘိုး၊အချိန်ရဲ့တန်ဖိုး တွေကို သိရှိနားလည်သဘောပေါက်စေချင်တဲဆန္ဒပါ။ငွေဆိုတာ ကုန်သွားရင် ဆုံးရူံ့းသွားခဲ့ရင် ပြန်ရှာလို့ရနိုင်ပါတယ်၊ကုန်ဆုံးသွားခဲ့တဲ့ အချိန်တွေကိုတော့ ဘယ်တော့မှပြန်ရမှာ မဟုပ်တော့ဘူးဆိုတာကို ဘဝနဲ့ရင်းပြီးနားလည်သဘောပေါက်ခဲ့ရပါတယ်။နောင်တတွေဆိုတာ နောင်မှရလာ၊သိလာခဲ့တဲ့ အမှန်တရားတွေပါပဲ။
bigcat
July 2, 2011 at 4:14 am
သဂျီးစိတ်ချမ်းသာအောင် မတူတဲ့ အမြင်နဲ့ ဆွေးနွေးကြည့်မယ်ဗျာ။ တန်ဖိုးဆိုတာ အရာရာတိုင်းမှာရှိတယ်။ ယုတ်စွအဆုံး မစင်အညစ်အကြေးတွေတောင် သုံးတတ်ရင် သဘာဝ မြေဩဇာကောင်းဖြစ်တယ် မဟုတ်လား။ အသိညဏ်ဆိုတာ တန်ဖိုးပါဘဲ။ ကိုယ့်အတွက် အချည်းအနှီးဖြစ်နေတဲ့ အရာကို အသုံးဝင်တဲ့ အရာနဲ့ ဖလှယ်ယူတတ်ရင် တန်ဖိုးဖြစ်လာမှာပေါ့။ အနောက်တိုင်းသားတွေက အဲဒီအသိညဏ်နဲ့ ကြွယ်ဝချမ်းသာ တိုးတက်လာကြတယ် မဟုတ်လား။ သိလေ တိုးတက်လေ တိုးတက်လေ ပိုသိလေပေါ့။ အရှေ့တိုင်းကတော့ သိလေဖွက်လေ ဖွက်လေငတ်လေ ပြောင်းပြန်သွားခဲ့လို့ သူများကိုလိုနီ နယ်ချဲ့ခံခဲ့ရတယ် ထင်ပါတယ်။
အီကော်နောမစ်စ်မှာတော့ ကိုယ်သန်ရာကိုယ်လုပ်ပြီး အပြန်အလှန်လဲလှယ်ကြဖို့ အားပေးပါတယ်။ (ဘာသာရပ်အသုံးအနှုန်းမေ့နေတယ် :D) ။ ဥပမာ – အာဆီယံမှာ မြန်မာပြည်အတွက် ပဲစိုက်ခွင့်ပေးထားသလိုပေါ့။ အစုံလျောက်လုပ်မဲ့အစား မိမိကျွမ်းကျင်တာကို အာရုံစိုက်လုပ်၊ ကိုယ့်မှာမရှိတာကို သူများဆီက ဝယ်စားပေါ့။ ဦးဇော်မင်းပြောသလို ကိုယ်က မိသားစုအတွက် အသုံးမကျရင် အသုံးကျမယ့်နေရာမှာ အလဲအလှယ်သဘောမျိုးနဲ့ဝင်လုပ်၊ ဒါဆိုရင်လည်း တန်ဖိုးတခုကို ဖန်တီးနိုင်ပါတယ်။ လက်တွေ့မှာလည်း ကျနော်တို့တတွေ ဒီလိုပဲလုပ်နေကြတာပါပဲ။ အဝေးမှာ ပိုက်ဆံရှာသူ၊ အိမ်မှာ မိဘကိုစောင့်ရှောက်ကျန်ရစ်သူ တန်ဖိုးအမျိုးမျိုးပါ။ အသိညဏ်မဲ့သူကတော့ ကိုအောင်ပုတို့လို မြူးတူးပျော်ပါးပြီး သားမေ့မယားမေ့ ပျော်မွေ့နေကြသူ တန်ဖိုးမရှိသူများပေါ့။ :angry: