အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၃၄)
ကျွန်တော်တို့ ဂီတသင်တန်းနောက်ဆုံးရက်မှာ ဆလင်းက ဆာဒက်စ်ရဲ ့ဘာဂျန် တေးတစ်ပုဒ်ကို ဌာန်ကရိုဏ်းကျကျ
ပီပီပြင်ပြင် ဆိုနိုင်လို့ဂီတဆရာက အားရပါးရကို ချီးမွမ်းနေတော့တာ။ကျွန်တော်ကတော့ စိတ်ထဲမှာ လိပ်ခဲတည်းလည်း နဲ ့
ဘာကို မကျေလည်မှန်း မသိဘူးဗျ။မာမန်းရဲ ့ချာတိတ်တွေနဲ ့တွေ ့ပြီးနောက်ပိုင်းမှာတော့ ကျွန်တော့်ရင်ထဲမှာ
စိုးရိမ်သောက တစ်ခုအမြစ်တွယ်ပြီး ကျန်ခဲ့တာပဲ။ ဒီလိုဗျာ..ကလေးဆိုတာဘုရားသခင်နဲ ့ပိုနီးတဲ့သူတွေ၊ နတ်ဘုရား
ငယ်တွေကလည်း သူတို့သားသမီးတွေလို ချစ်ခင်စောင့်ရှောက်တယ်လို့ ကျွန်တော်တို့စိတ်ထဲမှာယုံကြည်ပေမဲ့ ကျွန်တော်
တို့နဲ ့အင်တာဗျူးခဲ့တဲ့ မာမန်းရဲ ့ကောင်လေးတွေခမျာမှာတော့..ဘုရားသခင်ကပဲ မမြင်လေသလား ၊နတ်တွေကပဲ
မချစ်လေသလား မသိပါဘူး..ဆိုးလိုက်တဲ့ ဘဝတွေဆိုတာ..။
ပန်နူးစ် အခန်းထဲဝင်လာပြီး ကျွန်တော်တို့ ဂီတဆရာနဲ ့စကားပြောကြတယ်။လေသံနှိမ့်ပြီး ခပ်တိုးတိုးပြော
ကြတာ။နောက်တော့ ပန်နူးစ်ကသူ ့ပိုက်ဆံအိတ်ဖွင့်ပြီး ငွေတွေထုတ်ရေသဗျ။ပြီးတော့ ဂီတဆရာကို ပေးတယ်။
ဂီတဆရာကလည်း ကျေးဇူးအထူးတင်တဲ့ပုံစံမျိုးနဲ ့ပေးတဲ့ငွေကို ယူပြီးသူ့ ကွတ်ရ်သာအင်္ကျီ ရှေ့အိတ်ထဲ ထည့်
ထားလိုက်တယ်။အဲဒါနဲ့ သူတို့နှစ်ယောက် အတူတူထွက်သွားတော့ ကျွန်တော်နဲ့ ဆလင်းပဲ အခန်းထဲမှာ ကျန်
ခဲ့တာပေါ့။
“ငါတော့ကွာ ဒေလီမှာနေတာမှ အကောင်းသား..ဒေလီကခွာလာတာ ငါ့အတွက်တော့ မကောင်းဘူး..
မင်းကမှ အနည်းဆုံးကွာ..အဆိုကောင်းတစ်ယောက်..အဆိုတော်တစ်ယောက် ဖြစ်လာဦးမယ်..ငါကတော့
ဒီခရီးမှာ ဘာရသလဲ ..ခါလီပဲ..”
ကျွန်တော် အဲဒီလိုဆလင်းကိုပြောနေတုန်း ကြမ်းပြင်ပေါ်မှာ ရူးပီး တစ်ရာတန်တစ်ရွက်ကျနေတာ သတိထားမိတယ်။
ငွေထုတ်ရေနေတုန်း ပန်နူးစ် ကျခဲ့တာဖြစ်မယ်ဗျ။ကျွန်တော့် အလိုသာဆိုရင်တော့ အိတ်ထဲကောက်ထည့်ဖို့ပဲ။ဒါပေမဲ့
ဆလင်းက ဆတ်ခနဲ ပိုက်ဆံကိုဆွဲယူသွားပြီး ပြန်ပေးရမယ်လို့ အတင်းပြောတော့တာပဲ။ကျွန်တော်လည်း သူ့ကို
အလျှော့ပေးလိုက်ပြီး မာမန်းတို့ ရုံးခန်းလုပ်ထားတဲ့ အခန်းလေးကိုသွားဖို့ ကော်ရစ်ဒါကနေအောက်ကိုဆင်းချလာတယ်။
အခန်းနားရောက်တော့ အခန်းထဲက အသံတွေကြားရတာနဲ ့အသာရပ်ပြီး နားထောင်မိတယ်။မာမန်း က
ပန်နူးစ် ကိုပြောနေတာဗျ။
“ကဲ..ခု ဂီတသင်တန်းပြီးသွားပြီဆိုတော့ ဂီတဆရာက ဘာပြောသေးလဲ..ချာတိတ် က
ပိုတန်ဖိုးတက်လာသတဲ့လား”
“အင်း..သူပြောတာတော့ အကြီးကောင်လေးက ဘာမှသုံးစားလို့မရဘူးတဲ့..အငယ်ကောင်လေးကတော့
အလားအလာအများကြီးရှိတယ်တဲ့..ဒီလောက်ပါရမီရှိတဲ့ကလေး တစ်ခါမှ မသင်ဖူးဘူးလို့လည်း ပြောသေးတယ်ဗျ။”
“ဒီတော့..မင်းအထင် ဒီ ချာတိတ်က သုံးရာလောက်တော့ သယ်နိုင်မယ်ပေါ့လေ..”
“အမယ်..ဘာသုံးရာလဲ ဆရာရယ်..သူ့သီချင်းဆိုသံက မှော်ဆန်သဗျ..နောက် သူ့မျက်နှာဗျာ..
ကောင်လေး မျက်နှာ ဘယ်သူလွန်ဆန် နိုင်မတုန်း..။ဒီတော့ဗျာ..သူ့သီချင်းသံလေးနဲ ့သူ့ချစ်စရာ သနားစရာ
မျက်နှာလေးရယ်သာဆိုရင် အနည်းဆုံး လေးငရာ(လေးငါးရာ) တော့ ဘယ်ပြေးလွတ်လိမ့်မတုန်း..
ဟဲဟဲ..ကျွန်တော်တို့တော့ မုတ်ဆိတ်ပျားဆွဲတာပေါ့ဗျာ..နော မာမန်း..”
“အဲ..ဟို နောက်ကောင်လေး..အကြီးကောင်လေးကရော..”
“အာ..ဒီငနဲလေး ဘယ်သူ ဂရုစိုက်မှာလဲ..သောက်ကလေး သူ့ဝမ်းစာ သူ့ဟာသူ ဖြစ်အောင်ဖန်တီးပေရော့ပဲ..
တစ်ညတစ်ရာ ရရင်ရ ပေါ့..မရရင်တော့ အငတ်ပဲ..”
“အိုခေ ကွာ..နောက်တစ်ပတ်လောက်တော့ သူတို့ကို ရထားပေါ်လွှတ်ကြည့်ရမယ်..ကနေ့ည ထမင်းစားပြီးတော့ သူတို့ကို
စီမံကြတာပေါ့..”
*********************
သူတို့ပြောတဲ့ စကားတွေကြားလိုက်တော့ ကျွန်တော့် ကျောရိုးထဲမှာ စိမ့်တက်လာတာပဲ။ ဆလင်းလက်ကိုဆွဲပြီး
ကျွန်တော်တို့အခန်းကိုချက်ချင်းပြန်ပြေး လာခဲ့တာပေါ့။ ဆလင်းကတော့ အူတူတူနဲ့ပေါ့ဗျာ။သူတို့ပြောတဲ့ စကားတွေရယ်
ကိန်းဂဏန်းတွေရယ်က ဘာတွေလဲဆိုတာ သူ့စိတ်ထဲ အထာမပေါက်ဘူး။ ဒါပေမဲ့ ကျွန်တော့် ခေါင်းထဲမှာတော့ သိခဲ့သမျှ
အပိုင်းအစလေးတွေက သူ့ဟာသူ အံဝင်ဂွင်ကျ ဆက်စပ်မိသွားပြီလေ။
“ဆလင်း..တို့ ဒီက ပြေးမှ ဖြစ်မယ်..ခုပဲ ပြေးရမှာ..”
“ဘာ..ဘာလို့လဲ”
“ဒီနေ့ည ညစာ စားပြီးတဲ့အချိန် တို့ ပိုးစိုးပက်စက် တစ်ခုခု ဖြစ်မှာ သေချာပေါက်ပဲကွ..”
“ဘာလဲ..ငါ နားမလည်ဘူး..”
“အေး ငါတော့ အကုန်သိသွားပြီ..တို့ကို ဘာလို့ ဆာဒက်စ် ရဲ ့ဘာဂျန်တေးတွေသင်ပေးလဲ သိလား..”
“ဟ..သူက တကယ့် နာမည်ကြီး မဟာကဗျာဆရာကြီး မို့လို့ပေါ့ဟ”
“ဟုတ်ပါလိမ့်မယ်..အားကြီးကြီး..သူက အကန်းကြီးမို့လို့ကွ..အေး သူ့လို ဘလိုင်းကောင်လေးတွေ တို့ ဒီည
ဖြစ်တော့မှာ..ပြီးရင် မြို့ပတ်ရထားပေါ်မှာ တောင်းစားခိုင်းတော့မှာ မင်း သိလား..ဒီမှာ တို့နဲ့ တွေ့ပြီး စကားပြော
ခဲ့တဲ့ ဒုက္ခိတ ကောင်လေးတွေအကုန်လုံးက မာမန်းနဲ့ သူ့ဂိုဏ်းသားတွေ လက်ချက်ပဲ..သူတို့က ကလေးတွေကို
ဒုက္ခိတ ဖြစ်အောင်လုပ်ပြီး တောင်းစားခိုင်း..၊ရတဲ့ပိုက်ဆံ သူတို့ယူ ၊မသေရုံလေး ကျွေးထား..ဒါပဲ ..မင်း နားလည်လား”
ကျွန်တော်ပြောသာပြောနေရတာ။ ဒီလောက်ကြီးတောင် ရက်စက်တယ် ဆိုတာ ဆလင်း လက်မခံနိုင်ရှာဘူး။ဟုတ် ..
ဟုတ်ပါ့မလား ဆိုပြီး သူ့စိတ်ထဲ ထင်နေရှာပုံပဲ။သူ ထွက်မပြေးချင်ဘူး။ သူ့အိပ်မက်ကလေးကို လက်လွှတ်ပြီး ထွက်မပြေးချင်
ဘူးလေ။သူ ခဏတွေ နေပြီး ကျွန်တော့်ကိုတစ်ချက်ကြည့်တယ်။နောက် ခေါင်းလေးငုံ့ပြီး မပွင့်တပွင့်နဲ့ –
“မင်း ဘာသာ မင်း ဘာလို့ တစ်ယောက်ထဲ မပြေးတာလဲ…”
ကျွန်တော် စိတ်ထဲ ဆလင်းကို စိတ်မဆိုးမိဘဲ သနားသွားတယ်။သူ့ပုခုံး ကို ကျွန်တော်ဆုပ်ပြီး-
“မင်း မပါဘဲ ငါမပြေးဘူးကွာ..မပြေးနိုင်ဘူး”
“ဘာ..ဘာဖြစ်လို့လဲ..”
“ငါက မင်းရဲ ့ ကိုယ်စောင့်နတ်လေကွာ..မင်းနဲ့ငါက နှစ်ကိုယ့်တစ်စိတ် မဟုတ်လား ဆလင်း..”
ဆလင်း ကျွန်တော့်ကို မော့ကြည့်တယ်။ တွယ်ရာမဲ့တဲ့ တစ်ကောင်ကြွက်လေး နှစ်ကောင်..ဒီတစ်ယောက်နဲ့ဒီတစ်ယောက်ပဲ
တွယ်တာစရာရှိပါလား။ ဆလင်း က ကျွန်တော့်ကို ဖက်လိုက်တယ်။စိတ်ထဲမကောင်းပေမဲ့ ကျွန်တော်လွမ်း မနေနိုင်ဘူး။
(ရုပ်ရှင်တွေထဲ ဆို ဒီလိုအခန်း သိပ်မုန်းတာ..ရန်သူက ဖင်နားကပ်နေပြီး သူတို့က လွမ်းကောင်းတုန်းလေ။)ကျွန်တော့် တစ်ရူးပီးတန်
အကြွေစေ့လေးကို အိတ်ကပ်ထဲက ထုတ်ပြီး-
“ဒီမှာကြည့် ဆလင်း..ငါပြောမယ်..မင်း ကံတရားကိုယုံတယ်မို့လား..ဟုတ်ပြီ..ဒါဆို ဒီအကြွေစေ့လေးကို
တို့အနာဂတ်အတွက်ဆုံးဖြတ်ခိုင်းမယ်..ခေါင်း ဆို တို့ပြေးမယ်..ပန်း ဆို တို့နေမယ်..ဟုတ်ပြီနော်..”
ဆလင်း ခေါင်းလေးငြှိမ့်ပြတယ်။ကဲ လာထား အကြွေစေ့လေးကို လှည့်ပြီး ကြည့်လိုက်တော့ ..ခေါင်း ကျတယ်။
နောက်ဆုံးတော့ ဒီ သားရဲတွင်းက ထွက်ပြေးဖို့ကို သဘောတူလိုက်ရတယ်။ဒါပေမဲ့ သံသယရှင်းတာတော့မဟုတ်ဘူး။
“နေပါဦး တို့ဘယ်ပြေးကြမှာလဲ..ဘာလုပ်ကြမှာလဲ..ဒီမြို့ကြီး မှာ တစ်ယောက်နဲ့မှ တို့ သိတာမဟုတ်ဘူး..”
“ဘယ်ပြေးရမလဲ ငါသိတယ်..ရာဒေးပြောဖူးတဲ့ မင်းသမီးကြီး နီးလိမာ ကုမ္မာရီ ကို မှတ်မိလား..သူ က အိမ်စေလေး
တစ်ယောက်လိုတယ် ဆိုတာလေ..သူ့လိပ်စာလည်း ငါ့ဆီမှာရှိတယ် ..ဘယ်မြို့ပတ်ရထားနဲ့သွားရမလဲ ဆိုတာလည်း
ငါသိတယ်..”
“အင်း..တို့ ရဲသွားတိုင်ရင် ကောင်းမလား..”
ဒီတစ်ခါတော့ မောင်ဆလင်း ကို နည်းနည်း ဖု သွားတယ်။
“ဟကောင်..မင်း ဂေါက်သီးထမနေနဲ့..ဒေလီမှာကတည်းက မင်း နားမလည်ဘူးလား..မင်းဘာသာ ဘာလုပ်လုပ်
ဘယ်သွားသွား အဲဒီ ရဲ တွေဆီတော့ ဘယ်တော့မှ မသွားနဲ့ဆိုတာလေ”
*****************************
One comment
MaMa
July 11, 2011 at 3:46 pm
ခုရက်မှ ရွာထဲရောက်၊ ရောက်တာနဲ့ ထွက်ပြေးတာနဲ့ ဆုံနေတယ်။
🙂