Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နေဝန်းနီ…အိပ်မက်

naywoon niJuly 15, 20111min46014

“ Xxxxx အိုး——— ကော်နီ အိပ်မက်မက်တယ်လေ……….x ) x x x x ဘယ်သူ့………. မှလည်း ပြောပြမရအောင်ပဲ……. ကော်နီ တစ်ယောက်ထဲ ကြိတ်ပြုံးရုံသာ x x x x x အိုးးးးးးးးး ကိုကိုအရမယ်ဆိုတာပဲ……….. ????????????? အိပ်မက်မို့ တို့ သက်သာတာ…………”
အိုး ဟိုးးးးး နေဝန်းနီ အိပ်မက်ဆိုပြီး ဘယ်နဲ့ ကော်နီ့ အိပ်မက်က ရောက်လာပါလိမ့်…။ ခေါင်းစဉ်ချင်းဆင်လို့ လင့် ခ် ပေးလိုက်ပုံရပါတယ်…။ ငယ်ငယ်က ကော်နီ့ အိပ်မက်ဆိုတဲ့သီချင်းလေးပါ…။ ခုတော့ နေဝန်းနီလည်း မငယ်တော့ သလို မကော်လည်း 45 လောက်တော့ ရှိရော့မယ်…။ ကိုယ့်က်ုကိုယ်သာ အသက်နှစ်ဆယ်ကျော်ကတည်း ကဆက်မမှတ်တော့တာ….။ အင်း အသက်နျစ်ဆယ်ကျော်ခဲ့ တာတော်တော်ကြာရောပေါ့…။ ဒါကြောင့်ထင်ရဲ့ ညက အိပ်မက်ထဲမှာ ယမမင်းနဲ့တွေ့ခဲ့ရတာ….။ အင်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ လွဲမှာစွာ ယုံကြည်သက်ဝင်မှု ထုံးစံအတိုင်း သေလွန်တဲ့ အခါ ပိုးလောက်လန်းသဖွယ် ဝိညာဉ် မတွယ်နိုင်သေးပဲ လမ်းကြားခုလပ်မှာ ယမမင်းရဲ့ အစစ်အဆေး ခံရချေသေးသည် တစ်မုံ……….။
အင်း…။ ကြားဖူးနေကြ အတိုင်းပါပဲ… ယမမင်းကြီးက …။ ခန့်ခန့်ထည်ထည်နဲ့…။ စိတ်ထဲမှာ ကိုခိုင်များဖြစ်နေမလားထင်လိုက်မိသေးတယ်…။ အိုး……။ နေဝန်းနီမှ ကိုခိုင့်ကိုမမြင်ဘူးတာ….။ ဘာမှမဟုတ်ဘူး အားကိုးရှာတာ…။ ဘာပဲဖြစ်ဖြစ် ကိုခိုင်သာဆိုရင်တော့ လျော့လျော့ ပေါ့ပေါ့လေး မေးပြီး နတ်ပြည်သွားစေလို့များနှင်လိုက်မလားလို့…။ ဒါပေမဲ့ စစ်ဆေးတာက မညှာပါဘူး..။ ထုံးစံအတိုင်း စစ်ဆေးတာပဲ…။ လာဘ်လည်း ထိုးလို့ မရဘူးတဲ့လေ….။ ပြောကြတာပဲ..။ လူ့ပြည်မှာတောင် ဒီလောက် ခေတ်စားနေတာ ယမမင်းဆီ မကူးသေးတာ အံ့ရော….။
ယမမင်းက မေးတယ်….။
=မောင်မင်း လူပြည်မှာဘာတွေ လုပ်ခဲ့သလဲ….။
X လုပ်ခဲ့တာတွေကအများကြီး ဘာက စပြီးဖြေရမှန်းမသိဘူး
== မောင်မင်း လူ့ပြည်တုံးက အွန်လိုင်းပေါ်တက်ပြီး ဘာတွေလုပ်ခဲ့သလဲ….။
အမယ်…. ယမမင်းကလည်း 21 ရာစု ယမမင်းပေပဲ….။ သူတောင် ဝိုင်ဖိုင်ချိတ်ထားပုံရတယ်…။
Xx ကျွန်တော်မျိုး ဘလောဂါဖြစ်ချင်လို့ ဝက်ဆိုဒ်တွေမှာစာတွေရေးခဲ့ပါတယ်….။
== ဘာစာတွေလဲ မောင်မင်းရဲ့ အရူူးချီးပန်း အရက်သမားအကြောင် း တစ်ဖွဲ့တစ်နွဲ့ ရေးခဲ့တာလား …။
Xx ယမမင်းကြီးထင်သလို မဟုတ်ရပါ…။ အရက်မကောင်းကြောင်း အရက်မသောက်ဖြစ်ဖို့ တိုက်တွန်းနှိုးဆော်ရေးသားခဲ့ကြောင်းပါ…။ ယမမင်းကြီးခေါ်လို့ ပြီးအောင် မရေးသား ရသေးပါ…။
== အောင်မာ အောင်မာ ရာရာစစ ကိုယ့်ဖာသာကို စာအကြမ်းရေးပြီး တိုက်ပ်ရိုက်ရမှာ အပျင်းထူပြီး ဆိုင်ထဲမှာ ဆူလို့ ဟိုလူဒီလူ လာလာပြီး စပ်စုလို့ အကြောင်းပြပြီး ဂိမ်းဆော့နေတာ ဟိုဟာ ဒီဟာ လျှောက်ကြည့်နေတာ ငါမသိဘူးများ အောင့်မေ့နေသလား…။ အဲဒါနဲ့ပဲ အရက်သမားကောင်းကြောင်းကနေ ဘယ်တော့ အရက်နဲ့ ပါတ်သက်ပြီး အမှားတွေ့နိုင်မလဲ…။
Xx ယမမင်းရယ်….။ အဲဒါလေးနဲ့ပဲ ကျွန်တော်မျိုး ဒီမှာလာ အစစ်ခံရရောလား ? တစ်ချို့မင်ဘာတွေဆို ပို့စ်တွေ အရေမရ အဖတ်မရ ပွိုင့်ပေးတိုင်းလျှောက်တင်နေတာ…။ ဆရာဝန်မဟုတ် ဘာမဟုတ် ကျန်းမာရေးကိစ္စ လည်း အသိပေးတာမဟုတ်ပဲ ဟို နာမယ်သုံးလုံးနဲ့ ကောင်တင်ထားတဲ့ ပို့ စ် ဆိုဘယ်နဲ့လုပ်မလဲ ? အနှစ်မရှိတဲ့တောမှာ ကြက်ဆူပင်မင်းဖြစ် ဆိုလား ဘာမှ မယ်မယ်ရရမပါဘဲ လိင်ကိစ္စနှိုးဆွနေသလားအောင့်မေ့ရတယ်….။ သတင်းဆိုဒ်နဲ့ sexy ဆိုဒ်မှားတင်သလားတောင်ထင်ရတယ်…။ ဟိုတစ်ယောက်ဆိုလဲ အချစ်အကြောင်းကိုချည့် တစ်ချစ်ထဲချစ်နေတာ အပြင်က ဘက်စ်ဆဲလားဆရာရေးဆရာမတောင် အရှူံးပေးရတယ်…။ ကျွန်တော်မျိုးက အရက်မကောင်းကြောင်းရှေ့က ခံထားပြီးမှ ကောင်းကြောင်းဆိုးပြစ်ရေးသားနေတာပါ…..။ သူများရေးထားတာတွေလည်း ကိုယ့် အရေးလုပ်ပြီးညာမတင်ပါဘူး…။ ဂိုဂဲလ်ထဲက ပုံတွေလည်း ရှာပြီး ပရိုမလုပ်ပါဘူး….။
ဒီအချိန်မှာ နေဝန်းနီရဲ့ စိတ်ထဲမှာ ယမမင်းကြီးကို ကိုခိုင်လို့ သဘောထားပြီး ကပ်ချွဲနေမိတာပါ…။ တတ်နိုင်ဘူးလေ…။ ဒီလိုစကားမျိုး ပြောထွက်ဖို့က ကိုယ့်ပြောမဲ့သူနဲ့ ကို ယ် သိနေဖို့လိုတာ နာမယ်လေးဖြစ်ဖြစ်ပေါ့……….။ အဲဒိတော့ ယမမင်းကြီးက ဘာပြန်ပြောတယ်ထင်သလဲ…..။
=== မောင်မင်းက ဘာ သူများရေးတာကူးမတင်ရမှာလဲ…။ စာလုံးရေပြည့်အောင် အိုမာခယမ်ရဲ့ အရက်ကဗျာ ယူဘိုင်းရတ် ကဗျာတစ်ပိုဒ်လုံးမောင်ရင့် ပို့ထဲမှာထည့်ရေးထားတယ်လေ…။ နောက်တင်မဲ့ပို့စ်ထဲမှာလည်း မဂ္ဂဇင်းထဲက ကဗျာတွေ တစ်ပုဒ်လုံး ကူးရိုက်ထားတာကော…။ ဘာပြောဦးမလို့လဲ…။ သူများကိုလိုက်ပြီးလက်ညှိုးမထိုးပါနဲ့ကွ…။ သူများကိုလက်ညှိုးထိုးရင် ကျန်တဲ့လက်လေးချောင်းက ကိုယ့်က်ုကိုယ် ပြန်ထိုးပြီးသားဖြစ်နေတာ သတိရစမ်းပါ…။
Xx အဲသဟာကဖြင့် ကျွန်တော်မျိုးရေးတယ်ဆိုပြီး မပြောကြောင်းပါ…။ ကဗျာရေးသူကော မူရင်းခေါင်းစဉ်ကော အမှန်တင်ပြပြီး ရေးသားခြင်းပါ….။ တစ်ချို့ အကြောင်းအရာတွေက ပြောရမှာ ရှည်လျားလို့ ထင်ရှားပြီး ကဗျာ နဲ့ ဖတ်တဲ့သူနားလည်လွယ်အောင်ပြောရခြင်းပါ…။
=== အဲဒိလိုပြောလိုက်ရေးလိုက်တော့ မောင်မင်း ပြောလိုက်တဲ့ ကဗျာကို ဒီနေ့ သူငယ်လေးတွေက ကြားဖူးမယ်ျမားထင်နေသလား ….။ ဒီနေ့ ရေးဖွဲ့နေတဲ့ ကဗျာနဲ့ပြောပါရော့လား…။ ဒါမှ မဟုတ် သူတို့ ဆိုနေတဲ့ ဟစ်ဟော့တ် တစ်ပုဒ်လောက်နဲ့ ရှင်းလို့ မရဘူးလား …။ ခုတော့ 19 ရာစုလောက်က ကဗျာ တွေ 1970 လောက်က ကဗျာတွေန့ပြောနေတော့ သူတို့ နားလည်ပါ့မလား…။
Xx ဒါက ဒီလိုရှိပါတယ်.. ယယမမင်းကြီး …။ ဒီနေ့ရေးဖွဲ့နေတဲ့ ကဗျာတွေက အရင်တုန်းက ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေလောက် မကျစ်လစ် ဖွယ်တယ်တယ် ဖြစ်နေတာက တစ်ကြောင်း မဖတ်ဖူးသေးတဲ့ သူတွေလည်း အရင်တုန်းက ကဗျာတွေ ဒီလိုရေးခဲ့ကြပါလားလို့ ဖတ်စေချင်တာ တစ်ကြောင်းကြောင့် ပါ…။ ဟစ်ဟော့တ် ကသီချင်းတွေက တော့ ရန်ဖြစ်သလို ဖျစ်တောက်တောက် ဆိုနေကြတော့ ကျွန်တော်မျိုး နားထောင်လို့ကို နားမလည်လို့ပါ..။
=== အင်း မောင်မင်းက စေတနာ ဘလော့ဂ်ဂါ ကိုး…။ သူများကို အပြစ်မပြောနဲ့…။ ကိုယ့်အလုပ်ကို ပြီးအောင်လုပ်…။ အခုတော့ ဂိမ်းဆော့နေတာနဲ့ အချိန်ကုန်နေပြီ…။ ပြီးတော့ ဟိုဟာ ဒီဟာကလည်း လျှောက်ကြည့်နေသေးတယ်…။ ဆိုင်ကထွက်လာမှ မင်းက ဟိုလူ့ကြောင့် ဒီလူ့ကြောင့် တိုက်ပ် မရိုက်လိုက်ရဘူးပြော….။ အချိန်ရှိတုန်း လုပ်စရာရှိတာ မလုပ်ဘူး…။ မောင်မင်းရဲ့ အဆုံးမသတ်ရသေးတဲ့ ပို့စ်ကို ပြီးဆုံးအောင် အဆုံးသတ်ဦး ပြီးမှ ဟို……. ခုရုပ်ရှင်ဒါရိုက်တာ ဖြစ်နေတဲ့ ကဗျာ ဆရာရေးတဲ့ ကဗျာထဲကလို……..
ဟဲလို …နေဝန်းနီ
သင်နှင့်ကျွန်ုပ်
လမသာတဲ့ညတစ်ည
အင်းလျားကန်စပ်တစ်နေရာမှာ
ရမ်(သို့မဟုတ်)ဝီစကီ
ဂျေနီဝါးကားကို သောက်ရင်း
ဆေးလိပ်တို ဖွာရှိုက်မြည်းရင်းနဲ့..
စာအကြောင်းပေအကြောင်း
နဲနဲ ဆွေးနွေးကြည့်ကြရအောင်..။ ပေါ့….။
ခုတော့ မောင်မင်းကို ပြန်လွှတ်လိုက်ဦးမယ်….။ နောက်ကို ကိုယ့်အလုပ်ကိုယ်လုပ် မတွင်ကျယ်တာ လုပ်မနေနဲ့တော့ လူဘဝဟာတိုတိုလေး…။ မောင်မင်း သေသွားရင် မောင်မင်းရေးခဲ့တဲ့ စာတွေပဲ အွန်လိုင်းပေါ်မှာ ကျန်ရစ်ခဲ့မှာ….။ ဒီတော့ အပေါစားတွေ ထားခဲ့မှလား မှတ်မှတ်သားသား အတွေးအခေါ် အယူအဆ message တွေထားခဲ့မလား …။ တစ်ခါပဲ အဖတ်ခံချင်သလား အကြိမ်ကြိမ် ဖတ်တာခံချင်သလား စဉ်းစား……….။
အဲဒိလိုပြောလိုက်တော့ နေဝန်းနီကို ငရဲသားနှစ်ယောက်က လာတွဲပါတယ်…။ နေဝန်းနီလည်း သူတို့ခေါ်ဆောင်ရာလိုက်မလို့ ခြေလှမ်းအားယူတုန်းရှိသေး…။ ဝူးးး ဝူးးးး ဝေါ……………… ဆိုတဲ့အသံနဲ့ မီးခိုးလုံးတွေကြားထဲက ဖြတ်ကနဲ့လန့်နိုးလာတော့ ခေါင်းရင်းလမ်းက ဆိုင်ကယ်သံဖြစ်နေတယ်…။ ညက အိပ်တာလည်းနောက်ကျတာမို့ ပြန်အိပ်ဖို့ကြိုးစားပေမဲ့ ခဏပဲ…။ စောစောက ဆိုင်ကယ်သံပြန်ကြားရတယ်…။ နေဝန်းနီက အနားမှာဆူနေရင် အိပ်မရပါဘူး…။ နားနား ခြင်ကောင် ပျံနေရင်တောင် မရပါဘူး…။ အဲဒိခြင် ထသတ်ပြီးမှ အိပ်လို့ရပါတယ်…။ လေးငါးခေါက်ပြန်သွားသံကြားနေရတော့ မထူးတော့ပါဘူး ဆိုပြီး အိပ်ယာက ထလိုက်ရတော့တယ်…။ နာရီ ကြည့်လိုက်တော့ ငါးနာရီ သာသာပဲရှိပါသေးတယ်..။ အနားက မကြာသေးခင်ကမှ ပြောင်းလာတဲ့ စာေးလိုလို သူဌေးလိုလို ခွေးလိုလို အိမ်ကကောင်တွေ ဆိုင်ကယ်စီးသင်နေတာ တွေ့လိုက်ရတယ်…။ အဲဒါနဲ့ မျက်နျာသစ်ပြီး လ္ဘက်ရည်ဆိုင်ထလာရတာပေါ့……။ ဒီနေ့ ဝါဆိုလပြည့်နေ့ အင်တာနက်ဆိုင် ကိုအစောကြီးရောက်သွားတယ်…။ ဖြစ်ချင်တော့ မျက်မှန်ကပါမလား စာကို Zoom ဆွဲ ပွိုင့်ရှေ့တိုး ပြီး မှန်းရိုက်ရတာ ……။ အိမ်ပြန်မယူချင်လို့…။
ကဲ…။ ရွသားရွာသူ…..။ အာာာ ခေါ်နေကြအတိုင်းပဲကောင်းပါတယ်…။ ရွာသူရွာသားတွေကော နေဝန်းနီလို အိပ်မက် မက်ဘူးလားလို့…။ ကဗျာဆရာမကြီး ကြည်အေးကဗျာလိုလိုဘာလိုလိုမေးလိုက်ချင်ပါရဲ့……….။

နေဝန်းနီ(15-7-2011)

14 comments

  • windtalker

    July 15, 2011 at 1:19 pm

    သိချင်လို ့ပါ ဗျာ
    အဘ ရေ ဒါဟာ အွန်လိုင်းစာပေ ဆိုပေမယ့် တစ်ကမ္ဘာလုံးက လူတွေ ဖတ်နိုင်တဲ့ နေရာ တစ်ခု မို ့ ပြည်တွင်းမှာ ပုံနှိပ်ထုတ်ဝေတဲ့ ဂျာနယ် စာအုပ်တွေ ထက် ပို ထိရောက်တယ် လို ့ဆိုနိုင်မလား လို ့ ။
    အဘပြောတဲ့ ကြက်ဆူပင် မင်းဖြစ် ဆိုတဲ့ ပို ့စ်လေးဟာ လိင်ကိစ္စ နှိုးဆွ တဲ့ ဆိုတဲ့ အကြောင်းအရာ နဲ ့ပတ်သက်လို ့ပြောချင်တာက တော့ အဘ အနေ နဲ ့တူအရွယ် သားအရွယ် များ ရှိခဲ့ လို ့ ၉တန်း ၁ဝ တန်း အရွယ်များ ရောက်ခဲ့လို ့အိမ်နဲ ့ခွဲပြီး ဘော်ဒါလို ၊ စာကျက်ဝိုင်း လို နေရာမျိုး မှာ ထားခဲ့မယ် ဆိုရင် ဒါမျိုးလေး တွေ ဖြစ်တတ်တယ် ရှိတတ်တယ် ဆိုတာ မျိုး များ မှတ်ယူ ပြီး ကိုယ့်တူ ကိုယ့်သား ကို တင်ကြို ပြောဆို ဆုံးမ ဖို ့အိုင်ဒီယာ လေးများ မရနိုင်ဘူးလား လို ့။
    သိချင်ရုံသပ်သပ် ပါနော် ။ အဘ တို ့က ကျွန်တော် တို ့ထက် ထမင်းအရင်စားခဲ့သူ တွေ ဆိုတော့
    ငယ်သူ က ကြီးသူ ကို ရိုသေလေးစား သမှု နဲ ့ သိချင်တာလေး တိုင်ပင် မေးမြန်းမိခြင်းပါ ခင်ဗျာ ။

  • naywoonni

    July 15, 2011 at 1:37 pm

    တော်ကာရေ…။ အွန်လိုင်စာပေဆိုပေမဲ့ သူ့နေရာလေးနဲ့သူ တူရာတူရာ အစုလေးတွေရှိတယ်ကွဲ့…။ သတင်းဦးစားပေတဲ့ ဝက်ဆိုဒ် လူမှုရေး ဝက်ဆိုဒ် ရသစာပေဦးစားပေးတဲ့ ဝက်ဆိုဒ် လိင်ကိစ္စတွေ ဦးစားပေးတဲ့ ဝက်ဆိုဒ် တစ်ချို့ဆိုဒ်ဆိုရင် အပြင်မှာ ဒိတ်လုပ်လုပ်တောင်ရတာပဲ..။ ကိုယ်လည်း လိုင်းပေါ်မှာ နေရာအနှံ့ ဆိုဒ်ပေါင်းစုံ သွားလာနေတာပဲ…။ ဒီမှာတင်တဲ့ ပို့စ်မျိုး ကျန်တဲ့ဝက်ဆိုဒ်မှာမတင်သလို ဟိုဘက်ကဝက်ဆိုဒ်မှာ တင့်တဲ့ပို့မျိုးလည်း ဒီဘက်ကိုယူမလာဘူး ဘယ်လိုပြောမလဲ Browser တစ်ခုထဲမှာ မတူတဲ့ဝက်ဆိုဒ်နှစ်ခု ယှဉ်ဖွင့်ထားပေမဲ့ တစ်ခုနဲ့တစ်ခု ရည်ရွယ်ချက်ချင်းမှမတူတာ..။ အဲဒိတော့ တင်တဲ့ပို့ မတူနိုင်ဘူး ပေးတဲ့ကွန်မန့် မတူနိုင်ဘူး တစ်ခြားစီပဲ..။ ကိုယ်တန်းဆယ်တန်းကျောင်းသားမပြောနဲ့ ကိုယ်က ရှစ်တန်းကျောင်းသားကထဲက သင်စရာရှိတာအကုန်သင်ယူပြီးခဲ့ပြီး …။ ဒါပေမဲ့ သူ့နေရာနဲ့သူအကန့်နဲ့သူ ထားတယ်..။ အဲဒါကြောင့် ပြောတာပေါ့… ။ဆိုဒ်လွဲပြီး ပို့စ်သလားလို့….။ အဲဒိထက် ကိုယ့်တူကိုယ့်သားလို ခပ်နာနာ ထောင်းရင် လူ့စည်း ဘီလူးစည်း ဆိုတာရှိတယ်…။ စကားတစ် ပုဒ်ဟာဖြင့် နေရာတစ်ကာမှာ အံဝင်ခွင်ကျမဖြစ်တတ်ဘူး..။ ဒီနေရာမှာ ဒီစကားက စတားဖြစ်ခဲ့ပေမဲ့ တစ်ရောမှာ နှာခေါင်း ရှုံ့စရာဖြစ်နေတတ်တယ်…။ အဲဒါ နှာခေါင်းရှုံ့တဲ့သူအပြစ်မဟုတ်ဘူး..။ ပြောတဲ့သူအပြစ်…။

  • kai

    July 15, 2011 at 2:47 pm

    ငရဲအကြောင်းလည်း မပြောလိုပါဘူး… နတ်ပြည်အကြောင်းလည်း ပြောမထွက်ပါဘူး..
    လက်တွေ့ကျကျ.. ဤဒွန္ဒယာ၊ကြီးမှာ… ငရဲနဲ ့နတ်ပြည်ကြား.. ပွဲစားလုပ်ရင်း ခွတုတ်နေသူတွေအကြောင်း… စဉ်းစားမိတာပါ..။
    ယူအက်စ်နဲ့.. ဂျပန်.. စင်္ကာပူ ဗီဇာပွဲစားတွေထက် ဆိုးများနေမလားရယ်လို့ပါပဲ…။

    ယမမင်းသာဖြစ်ရင်.. ပွဲစားလုပ်ပြီး လူ့ဘဝ..ဘဝတွေစားနေသူတွေကို… အဝီဇိမှာထောင်ချပစ်မယ်.. 🙂

    • manawphyulay

      July 16, 2011 at 11:11 am

      အဝီဇီရောက်ခါမှ ရောက်ရော ရှိနေတဲ့ဘဝလေးမှာ သံသရာကို မကြောက်ကြလို့ စားသောက် ယူငင် သိမ်းဆည်း နေကြတဲ့သူတွေကတော့ အဝီဇိမှာ ဂျိုးကပ်လည်း ကပ်ခါမှကပ် နောက်မှ ဘာဖြစ်ဖြစ်ပေါ့ ဆိုတာတွေ အများကြီးနော…

    • Foreign Resident

      July 17, 2011 at 2:33 am

      Dear Kai,
      Who do you mean ??? Do you mean some monks, Isn’t it ???
      ” ငရဲနဲ ့နတ်ပြည်ကြား.. ပွဲစားလုပ်ရင်း ခွတုတ်နေသူတွေ “

      • kai

        July 17, 2011 at 4:10 am

        စေ့စေ့တွေးသော် ရေးရေးပေါ်… 🙂

  • windtalker

    July 15, 2011 at 4:58 pm

    သူကြီး ရယ် ပွဲစားတိုင်း ကို တော့ အဝီဇိ မှာ ထောင် မချ လိုက်ပါနဲ ့ဦး ။
    ကျွန်တော့် မှာ လည်း ကြုံ ရင် ကြုံ သလို ပွဲစားလေး လည်း လုပ်ရတာမို ့ပါ ။ ဒါပေမယ့် ကျွန်တော် လုပ်တဲ့ ပွဲစား ဆိုတာ က ဘာမှ အညွန် ့မှ မခူး ၊ ဘာမှ ရိုက်စားမှု မရှိပဲ ၊ ရောင်းလိုသူ ရဲ ့တစ်စုံတစ်ခုခု ကို အမြန်ဆုံး ရောင်းထွက်အောင် ဝယ်လိုသူ ရှာပေးရတဲ့ အကျိုးဆောင် လုပ်ငန်းမျိုး ရယ်ပါ ။ ဝယ်သူ ဝယ်လိုတဲ့ ပစ္စည်းမျိုးကို လည်း ဝယ်သူ စိတ်တိုင်းကျ ရောင်းနိုင်တဲ့ သူ ရှာပေးရတဲ့ သူ ရယ်ပါ ။ အရောင်းအဝယ် ဖြစ်ပြီ ဆိုမှ ရောင်းသူ ၊ ဝယ်သူ ပေးတဲ့ စေတနာ ကြေး လေး ကိုပဲ နည်းတယ်များတယ် သဘောမထားပဲ ကျေကျေနပ်နပ် ယူ တဲ့ ပွဲစားလေး မို ့ ချမ်းသာပေးတော်မူပါ လို ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 15, 2011 at 9:27 pm

    အင်းးးးးးးးးးးးးးးးး
    ငရဲမင်းနဲ့သူနဲ့စကားပြောပုံကိုထောက်ရှုခြင်းအားဖြင့်
    ငရဲမင်းက မြန်မာလူမျိုးဖြစ်ပုံရတယ်
    ဆိုတော့ကာ
    ဆိုတော့ကာ
    မြန်မာမှန်ရင် အချင်းချင်းချတယ်လို့တော့ အဆိုရှိပေတယ်
    ဆိုတော့ကာ
    ဆိုတော့ကာ
    ( ကျန်ရှိနေသော ပညာရှင်မှား ဆိုတော့ကာရန် >>>>>>>

  • naywoonni

    July 15, 2011 at 10:26 pm

    အဲဒါ ဘီလိယက် အခေါ်က အင့် အော့ဖ် (In -0ff ) လို့ ခေါ်တာလားမသိဘူး…။ စာလုံးပေါင်းမှားရင်ပြင်ပေးကြပါ..။ နေဝန်းနီက ABCD မှာတောင် လက်နဲ့ရေးရင် Cနဲ့D အပေါက်မှားသေးတယ်..။

  • ကြောင်ကြီး

    July 16, 2011 at 10:22 am

    သဂျီးက ယမမင်းဖြစ်မဟုတ်ဘူး မရမင်းဖြစ်မှာ…ဒီဘဝမှ တရားရနိုင်မဲ့သူ မဖြစ်နိုင်လို့.. 😛

  • susunosuki

    July 16, 2011 at 12:53 pm

    နေဝန်းနီ တို့လို စာရေးသူတွေဟာ ကျွန်တော်ရဲ့ သင်ဆရာတွေပါပဲ။ အပြင်မှာ စာကောင်းကောင်းဖတ်ပေးမယ့် နက်ထဲမှာ စာရေးတဲ့ အခါ ကိုယ်ရေးတဲ့ စာကို စစ်ရမှာကို ကျွန်တော်တော်တော်ပျင်းတတ်ပါတယ်။ ကောင်းကောင်းမစစ်ဆေးထားတဲ့ အဲဒီစာမျိုးနဲ့ နေဝန်းနီ တို့လို စာရေးဆရာတွေရေးတဲ့ စာတွေက ဆီနဲ့ရေပါပဲ။ ကျွန်တော်တို့ အလေ့အကျင့်အများကြီး လိုပါသေးတယ်။

  • MaMa

    July 16, 2011 at 6:41 pm

    ကိုယ့်က်ုကိုယ်= ကိုယ့်ကိုကိုယ်
    အသက်နျစ်ဆယ်= အသက်နှစ်ဆယ်
    လွဲမှာစွာ= လွဲမှားစွာ
    ဘယ်နဲ့လုပ်မလဲ= ဘယ့်နှယ်လုပ်မလဲ
    အဲဒိတော့= အဲဒီတော့
    ကြားဖူးမယ်ျမား= ကြားဖူးမယ်များ
    ကဗျာတွေန့= ကဗျာတွေနဲ့
    နဲနဲ ဆွေးနွေး= နည်းနည်း ဆွေးနွေး
    စာေးလိုလို= စာရေးလိုလို
    မျက်နျာသစ်= မျက်နှာသစ်
    (စာလုံးပေါင်းမှားရင် ပြင်ပေးကြပါဆိုလို့ စာလုံးပေါင်းမှားတာ လိုက်ရှာပြီး တင်ပေးလိုက်ပါတယ်။ အလွယ်တကူ ပြင်နိုင်အောင်လို့ပါ။)

  • windtalker

    July 17, 2011 at 1:01 am

    အဘ ရေ အဘက ကျွန်တော့် ပို ့စ်လေး မှာ မှတ်ချက်ပေးတော့လည်း ကျွန်တော့်အနေနဲ ့ ပြန်လည် ဖြေရှင်းချက်ပေးဦးမယ် ဗျာ ။
    ဘာလဲဆိုရင်
    အဘ နေဝင်းနီ ဟာ ပြင်ပလောက မှာ စာရေးဆရာ တစ်ဦး ဖြစ်ရင် ဖြစ်မှာပေါ့
    သို ့သော်
    ကျွန်တော့် ကို အထင်လွဲနေတယ် ဗျာ
    ကျွန်တော် ရေးထားတဲ့ ပို ့စ်တွေ အကုန်လုံးလဲ သေချာ မဖတ်ဖူးလောက်ပါဘူး လို ့ကျွန်တော် ထင်ပါတယ်
    ကျွန်တော် ရေးသမျှ စာအားလုံ းဟာ လိင်စိတ်ကို နိုးကြားစေလို တဲ့ သဘောနဲ ့ရေးထားတာ တစ်ခု မှ မပါ ပါဘူး ။ သို ့သော် ကျွန်တော့် ပို ့စ်ကို ဖတ်မိလို ့အဘ နေဝင်းနီ အနေ နဲ ့လိင်စိတ် နိုးထ ခဲ့ရင်တော့ ရသ တစ်ခု ပေါ့ ။ ရတနာ ဝင်းတော်ကာ လို ့ ပြောတဲ့သူ က ပြောပါတယ် ။ ဘာမှ ပြန်မပြောခဲ့ပါ ။
    ဘာလို ့လဲ ဆိုတော့ စာရေးရတာ ဝါသနာပါတဲ့ ကျွန်တော့် အတွက် ဂေဇက် ဟာ လက်သွေးစရာ ဆိုက်တစ်ခု ဖြစ်လို ့ပါ ။
    ဒါပေမယ့် ဗျာ အဘ နေဝင်းနီ ဟာ
    ကျွန်တော့် တင်ထားတဲ့ ပို ့စ် ၂ ခု ၃ ခု လောက်သာ ဖတ်ဖူးပြီး
    ဇွတ်ကို ကျွန်တော့်ကို လိင်ကိစ္စ နိုးကြားစေသူ တစ်ယောက် အဖြစ် သတ်မှတ်တာကိုတော့ ကျွန်တော့် အနေနဲ ့ဝမ်းနည်း မိပါကြောင်း ။
    ကျွန်တော့် အနေ နဲ ့ကျွန်တော့် အရင် ဒီ ဂေဇက် ထဲ ရောက်နေတဲ့
    စီနီယာ တွေ အမြဲဆိုသလို အသိအမှတ်ပြု မှာ ဖြစ်လို ့ပါပဲ
    အဘ ပြောတဲ့ တန်းမြင့်တယ် ဆိုတာကိုလည်း ဝမ်းသာခြင်း မဖြစ်မိပါဘူး
    ဘာလို ့လဲ ဆိုတော့ အရင်ကတဲ က ကျွန်တော် က တန်းမနိမ့်ခဲ့ဘူး ဆိုတာ ကျွန်တော့် ကို ကျွန်တော် သိခဲ့လို ့ပါပဲ
    နောက်ပြီး တစ်ခု ရှိသေးတာ က ဒီဆိုက်မှာ ကျွန်တော် တင်သမျှ ပို ့စ်တိုင်း ဟာ
    စာဖတ်သူ ကို တစ်ခုခုပေးလိုတဲ့ ရည်ရွယ်ချက်နဲ ့ တင်ထားတာချည်းပါပဲ
    အဘ အနေနဲ ့သေချာ ဖတ်ကြည့်မယ် ဆိုရင် သိလာမှာပါ
    အဘတို ့လို ့စာဖတ်ဝါသနာ ပါသူတွေ အနေ နဲ ့
    မိုပါဆွန်းကို ဖတ်ဖူးမှာပါ
    ကျွန်တော် သူ ့ကို အရမ်းသဘောကျ ပါတယ်
    လူ တွေ ရဲ ့ဖြစ်ပျက်တတ်တဲ့ သဘောထား အားလုံး ကို သူ ့စာမှာ အကုန်ရေးထားပါတယ်
    ရှင်းရှင်းပြောရရင် ကျွန်တော် ဟာ မိုပါဆွန်း ကို အားကျ လေးစား ပြီး သူ ့လို မျိုး စာရေးတတ်ချင်သူ တစ်ဦးရယ်ပါ လို ့
    အဘ နေဝန်းနီ သိရှိစေရန် ဒီမှာ ကွန်မင့်အနေ နဲ ့ရေးပြီး သတင်းပို ့လိုက်ပါတယ်နော် ။
    sex ကိစ္စ ကို ဇောင်းပေး ရေးသားချင်တာ မဟုတ်ပါဘူး ။ ပတ်ဝန်းကျင်မှာ ဒါမျိုးတွေ ဒီလို တွေ ရှိနေတယ် ဖြစ်နေတယ် ဆိုတာ ကို ပြောချင်လို ့ရေးတင်လိုက်တာပါလို ့ နားလည်ပေးခဲ့မယ် ဆိုရင် အတိုင်းအထက် အလွန် ပျော်ရွှင် မိမှာ ဖြစ်တဲ့အကြောင်း ကို ဂျူနီယာ တစ်ယောက် က စီနီယာ ကို တစ်ယောက် လေးစားစွာဖြင့် report အနေ နဲ ့တင်လိုက်ပါတယ် ခင်ဗျာ ။
    စိတ်ချ ပါ
    ကျွန်တော် sex ကိစ္စ တစ်ခု ပဲ ရေးခဲ့တာ မဟုတ်သလို sex ကိစ္စ ကို ပဲ ဇောင်းပေး ရေးသွားမှာ မဟုတ်ပါဘူး ။ အခု တင်တဲ့ ပို ့စ်တွေ နဲ ့ပတ်သက်ပြီး ကျွန်တော့် မိန်းမ နဲ ့ကျွန်တော် ပြဿနာ တက်ရတာ ဆူး သိပါတယ် ။ အဓိက က တော့ စာရေးသူ ဆိုတာ စာဖတ်သူ ကို မညာ ရဘူး ဆိုတဲ့ ခံယူချက် နဲ ့ရှင်သန် နေသူ တစ်ဦးမို ့ နားလည် ပေးနိုင်လိမ့်မယ် လို ့မျှော်လင့်မိပါတယ် နော် ။
    ကျေးဇူးပါ အဘရေ ။ အဘရဲ ့ထင်မြင်ချက် ။ ဆိုဆုံးမ စကားလေးတွေ ကို လည်း အမြဲ မျှော်လင့်လျှက် ရှိပါကြောင်း ။

Leave a Reply