Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အောက်တန်းစား အဆင်.မရှိတဲ.ကျနော်

ေရႊဘိုသားJuly 26, 20111min71521

tediousgirl says:  စိတ်တော့မရှိပါနဲ့ ဒီပုံကိုupload လုပ်တဲ့ သူကတော်တော် နှမချင်းမစာမနာတဲ့ အောက်တန်းစား အဆင့်မရှိတဲ့ သူ့ပဲ ။ သူဘာသာသူဘယ်လိုပဲရိုက်ရိုက်ပေါ့ ကို်ယ်မြင်လဲမြင်တဲ့ အတိုင်းပဲနေလေ အဲလိုကြီးတင်တာတော့မကောင်းဘူး ။ ကို်ယ့်အမတွေ နှမတွေ အမေတွေနဲ့ နှိုင်းပြီး စဉ်းစားကြည့်ပေး ပါ။ အခုပုံကိုတင်တဲ့သူကတော့ တကယ့် တကယ် ့အောက်တန်းစားပါ။။။    

အခုလည်းကျနော် အပြောခံရတဲ. စကားနဲ.ပဲ ခေါင်းစဉ်ပေးလိုက်ပါတယ်

ကျွန်တော်ဒီဆိုဒ်ထဲကိုဝင်ပြီးစာရေးတာစာဖတ်တာ 1 နှစ်ကျော်လောက်ရှိနေပါပြီ အရင်စဝင်ဝင်ချင်းကတော. စာမရေးဖြစ်ပါဘူး ရေးရမဲ.နည်းစနစ်လည်းမသိလို.ဖြစ်ပါတယ်

နောက်ပိုင်းစာရေးချင်တယ် ကူညီပါဆိုပြီး Email လိပ်စာကိုမှတ်ချက်ထဲမှာရိုက်ထည်.ပေးလိုက်မှာ ဦးဝင်ကြည်ဆိုတဲ. နံမည်နဲ.အီးမေးတစ်စောင်ရောက်လာပြီး ရေးပုံရေးနည်း

ဘယ်လိုတင်ရမယ်ဆိုတာတွေကိုပို.ပေးထားတာပါ ကျွန်တော်ဒီပို.စ်ကနေပဲအီးမေးပို.ပေးတဲ.သူကို ကျေးဇူးအများကြီးတင်ပါတယ် နောက်ထပ်တစ်ယောက်ရှိပါသေးတယ် ဒီဆိုဒ်ထဲက

အရေးသားကောင်းကောင်းနဲ.စာပေရသ တွေအပြည်.ဝပေးတဲ.ရွှေမန်းသားကြီး ဦးပေါက်ပါ         ဦးပေါက်ပြောတဲ. လိုရင်းတိုရှင်း ပို.စ်တင်နည်းဆိုတာက ကျွန်တော်.လို. ငတုံးတစ်ယောက်ကို

တောင် တစ်ခါဖတ်တာနဲ. နားလည်လွယ်အောင် ကိုရေးထားတဲ.ပို.စ်တင်နည်းလေးတစ်ခုပါ ဦးပေါက်ကိုလည်း ကျေးဇူးတင်ပါတယ် ပို.စ်ထဲကနေ နံမည်အလွဲသုံးမိတာကိုလည်း ဒီပို.စ်ကနေ

ထပ်ပြီးတောင်းပန်ပါတယ် ရွာသားတွေအတွက်ရောကျနော်.အတွက်ပါ ဒီဆိုဒ်လေးကတော်တော်ကို ကောင်းကျိုးတွေအများကြီးပေးပါတယ် ကျွန်တော်       တော်တော်ကြိုက်ပါတယ်

ဘယ်ဆိုဒ်မှလည်း စာမရေးဖူးပါဘူး ဒီတစ်ဆိုဒ်ထဲကိုပဲ အစွဲလမ်းကြီးစွာရေးနေတာပါ ရွာလေးကလည်းဝင်ပြီးရင် ပြန်မထွက်ချင်လောက်အောင် ဆွဲဆောင်နိုင်လွန်းပါတယ်

အသိတရားတွေလည်းအများကြီးရမိပါတယ် ကိုယ်ချင်းလည်းတော်တော်ကိုစာတတ်လာပါတယ် ဒါကျနော်ရလိုက်တဲ. ဒီဆိုဒ်ထဲကကောင်းကျိုးတွေပါ ကျွန်တော်အရင်က

ဒီဆိုဒ်ထဲဝင်ဖတ်ပြီးရင်ဘာမှတ်ချက်မှမပေးပဲ ပြန်ထွက်ထွက်သွားတဲ. ရွာသားတစ်ယောက်ပါ နောက်ပိုင်းကျနော်ပို.စ်တင်တတ်တော. ပို.စ်လေးတစ်ပုဒ်တင်လိုက်ပါတယ်

ရွာသားတစ်ချို.လဲ မှတ်မိမယ်ထင်ပါတယ် ခေါင်းစဉ်က “တရားသဖြင်. စီးပွားရှာပါ” ဆိုတဲ.ခေါင်းစဉ်ပါ အဲဒီပို.စ်မှာ ကျနော်ညဘက်အိပ်တော. ဘယ်သူတွေများ ဘယ်လိုမှတ်ချက်ပေးကြမလဲပေါ.

ရင်တခုန်ခုန်နဲ.ပါပဲ ကိုယ်ပထမဆုံးစရေးလိုက်တဲ.ပို.စ်လေးတစ်ခုကို ရွာသားတွေအသိမှတ်မှပြုပါ.မလားပေါ. ရင်တခုန်ခုန်နဲ.ပဲအိပ်ယာဝင်ပြီး မနက်ရောက်တော. ဖွင်.ကြည်.လိုက်ပါတယ်

ဘယ်သူမှပေးထားတာတွေ.မိပါဘူး ကျနော်အရမ်းဝမ်းနည်းသွားမိတယ် ဒါအမှန်ပြောတာပါ အဲဒီနောက်ကျနော်လည်း ကိုယ်ချင်းစာတတ်ပြီး ငါလည်းအရင်ကသူများစာတွေကို

ဖတ်ရုံသာဖတ်တာတစ်ခါမှ မှတ်ချက်မပေးပဲ ပြန်လာခဲ.မိတယ် သူတို.လည်း ငါ.လို.ခံစားရမှာ ထင်တယ်ဆိုပြီး နောက်ပိုင်း ဖတ်လိုက်တဲ.ပို.စ်တိုင်းလိုလို မှတ်ချက်ပေးလေ.ရှိပါတယ်

ပေးချင်ပေးမပေးချင်နေ ငါရေးမယ်ဆိုတဲ. လူတွေလည်း ရှိမှာပါပဲ နေ.လည်ဘက်ကျတော. ဖွင်.ကြည်.လိုက်တယ် ၁၁ ယောက်တောင်ကျနော်.ပို.စ်လေးကို မှတ်ချက်ပေးထားတာတွေ.ရတယ်

ကျနော်အရမ်းပျော်သွားခဲ.တယ် အဒီပို.စ်လေးကို မှတ်ချက်ပေးတဲ. ရွာသားတွေကိုလည်း ကျနော်ကျေးဇူးတင်ပါတယ်ဗျာ အဲဒီ ၁၁ ယောက်ထဲမှာ ကျနော်.ပို.စ်လေးကို ၁ဝ ယောက်က

အပြုသဘောနဲ.ကောင်းတယ်လို.ပဲ ပြောပါတယ် သူတို.ထင်တာလေးတွေ မှတ်ချက်ပေးသွားပါတယ် တစ်ယောက်ကတော. ဝေဖန်သွားတာပါ ပတ်ပတ်စက်စက်ကို ဝေဖန်သွားတာပါ

အဲဒီတစ်ယောက်ဝေဖန်တာကပို.စ်ကိုမဟုတ်ပါဘူး ပိုဂ္ဂိုလ်ရေးအရဝေဖန်သွားလို. ကျနော်တော်တော်ဝမ်းနည်းမိပါတယ် အဲဒီနောက် စာရေးဆရာတွေကို တော်တော်လေးစားမိသွားတယ်

ငါလိုဘာမဟုတ်တဲ.လူတောင် ကိုယ်ရေးတာလေး အဲလောက်အပြောခံရတော.တော်တော်ဝမ်းနည်းမိတာ သူတို.ဆိုဘယ်လောက်တောင်

ခံစားရမလဲပေါ.ကို်ယ်ချင်းအစာဆုံးလေးစားဆုံးကတော.

ဟာသဝတ္ထုတွေရေးတဲ. အကြည်တော်ပေါ.ဗျာ သူဆို မိန်းမဋီကာကျမ်း ဆိုတဲ.စာအုပ်ရေးလိုက်တာ မိန်းကလေးတွေ အကုန်လုံးရဲ. ပတ်ပတ်စက်စက် ဝေဖန်မှုတွေခံလိုက်ရတယ်

ဒါတောင်ဆရာက ဝမ်းမနည်းပဲ နောက်ထွက်တဲ. စာအုပ်တွေမှာ ဒီဝေဖန်စာတွေကို ထည်.ဖော်ပြနိုင်တာတွေ.ရတယ် ကျနော်သူ.လောက် ဝေဖန်မှုကိုမခံနိုင်လို.ပါ

သူ.ကိုလေးစားမိတယ် အဲဒီအကြောင်းနဲ.ပတ်သတ်ပြီ ကျနော်ဆို ကိုယ်.ကိုကောင်းတာပြောတဲ.သူပဲ စကားထဲထည်.ပြောမိမှာအမှန်ပဲ ဝေဖန်မှုကိုမခံနိုင်ရင် မတိုးတက်နိုင်ဘူးဆိုတာသိပါတယ်

အခုအကြည်တော်က ဝေဖန်ခံရတာမဟုတ်ဘူး မိန်းမလေးတွေက ရန်တွေ.စာရေးတာကိုခံရတာပါ ဒါတောင်သူက စာဖတ်သူတွေကို အသိပေးတယ် နောက်ထွက်တဲ. စာအုပ်တွေမှာ ထည်.ရေး

သွားပါတယ် ကျနော်လည်းအဲလို ဖြစ်အောင်လေ.ကျင်.ရအုံးမှာပါ

ဟိုတစ်နေ.က ကျနော်ရေးတဲ.ပို.စ်လေးတစ်ခု “တောင်ငူက ကျောင်းသူလေးရဲ. သပတ်ပဲ ပတ်ထားတဲ.အလှ”  ဆိုတဲ.ပို.စ်မှာ တော်တော်များများ ဝင်မှတ်ချက်ပေးကြပါတယ်

သူကြီးကလည်းတားတဲ.အထိပါပဲ

ကျနော်လည်း အရပ်သူတစ်ယောက်ကို သိက္ခာကျစေချင်တဲ. ဆန္ဒတစ်စုံတစ်ရာ မရှိခဲ.ပါဘူး ရွာထဲက အစ်ကို Windtalker ရဲ.ပို.စ်ထဲမှာ ဝင်ပြီးတောင်းဆိုထားတာ

တွေ.မိတာပါ ရှိရင် တင်ပေးကြပါ ကြည်.လို.မရလို.ပါဆိုတာနဲ. ကျနော်လည်း တွေ.တာနဲ. တင်ပေးမိတာပါ ရွာရဲ.စည်းကမ်းကို ချိုးဖောက်တာလည်း မဟုတ်ပါဘူး

ရွာစည်းကမ်းထဲမှာ အဲလိုပုံမတင်ရဆိုတာလည်း မသိခဲ.ပါဘူး အဲဒီပို.စ်နဲ.ပတ်သတ်ပြီး စိတ်အနှောက်ယှက်ဖြစ်မိတဲ. ရွာသားတွေကို ကျနော်ဒီနေရာကနေ တောင်းပန်ပါတယ်

အဲဒီပို.စ်ကို ဝေဖန်တဲ.ရွာသားတွေထဲမှာ

Tediousgirl ဆိုတဲ.ရွာသူတစ်ယောက်က ကျနော်.ပို.စ်နဲ. ပတ်သတ်ပြီး ပြောထားတာတွေ.တော. အမှန်တကယ်ကို ဝမ်းနည်းမိပါတယ်

tediousgirl says:  စိတ်တော့မရှိပါနဲ့ ဒီပုံကိုupload လုပ်တဲ့ သူကတော်တော် နှမချင်းမစာမနာတဲ့ အောက်တန်းစား အဆင့်မရှိတဲ့ သူ့ပဲ ။ သူဘာသာသူဘယ်လိုပဲရိုက်ရိုက်ပေါ့ ကို်ယ်မြင်လဲမြင်တဲ့ အတိုင်းပဲနေလေ အဲလိုကြီးတင်တာတော့မကောင်းဘူး ။ ကို်ယ့်အမတွေ နှမတွေ အမေတွေနဲ့ နှိုင်းပြီး စဉ်းစားကြည့်ပေး ပါ။ အခုပုံကိုတင်တဲ့သူကတော့ တကယ့် တကယ် ့အောက်တန်းစားပါ။။။

အဲဒါကျနော်.ကို မှတ်ချက်ပေးသွားတာပါ ကျနော်လည်း ဖွင်.ကြည်.ပြီး တော်တော်ဝမ်းနည်းမိပါတယ် ကျနော်တကယ်ပဲ ထိခိုက်စေချင်တဲ. ဆန္ဒမရှိပါဘူးဆိုတာလည်း Tediousgirl  ကို

ဒီနေရာကနေ တောင်းပန်ပါတယ် ကျနော်လည်း တင်လို.ရမယ်ထင်ပြီး တင်မိတာပါ

ခဗျပြောသလို (ကိုယ်မြင်လဲမြင်တဲ. အတိုင်းပဲနေလေ အလိုကြီးတော မကောင်းဘူး ကို်ယ့်အမတွေ နှမတွေ အမေတွေနဲ့ နှိုင်းပြီး စဉ်းစားကြည့်ပေး ပါ ) ဆိုတာနဲ.ပတ်သတ်ပြီး

ကျနော်အရမ်းဝမ်းနည်းမိပါတယ် ကျနော်တင်လိုက်တဲ. ပို.စ်လေးတစ်ခုကြောင်. ရွာမှာနေတဲ. ကျနော်.အမေကို ထိခိုက်အောင် လုပ်မိတဲ. ကျနော်.ကို.ပဲ စိတ်မကောင်းဖြစ်မိတာပါ

တော်တော်လည်း ဝမ်းနည်းမိပါတယ် ခဗျပြောသလို ကိုယ်သိလည်း သိတဲ.အတိုင်းနေပါဆိုတာနဲ. ပတ်သတ်ပြီးပြောလိုက်အုံးမယ် အဲဒီဓါတ်ပုံက Facebook ကပရိုဖိုင်တစ်ခုထဲက ရတာပါ

သူတို.ကိုယ်တိုင် ဘာ.လို.တင်ထားတာလည်း အဲလိုအများသိချင်လို. တင်ထားမှတော. ကျနောတင်လိုက်လို. အဲလောက်ကြီးထိပြောဖို. မသင်.လောက်ဘူးလို. ကျနော်ထင်ပါတယ်

ဒါကလည်း ကျနော်ထင်တာကိုပြောတာပါ ကျနော်လုပ်လိုက်တဲ. ပို.စ်အတွက် အမေ.ကိုထိခိုက်တာကို အရမ်းပဲဝမ်းနည်းမိလို. ဖတ်မိမိချင်း မပြန်ပဲ ဒီပို.စ်ကို ရေးမိတာပါ

နောက်လည်း အဲလိုပို.စ်တွေ ဘယ်တော.မှလည်းမရေးတော.ပါဘူး မတင်တော.ပါဘူး Tediousgirlကိုထိခိုက်ရင်လည်း ဒီပို.စ်ကနေကျနော် တောင်းပန်ပါတယ်

ကျနော်ရေးတဲ. ပို.စ်တွေနဲ.ပတ်သတ်ပြီး စိတ်အနှောက်ယှက်ဖြစ်မိရင် ရွာသားအားလုံးကိုတောင်းပန်ပါတယ်

 

 

21 comments

  • bigbird

    July 26, 2011 at 9:42 pm

    ညီလေးရေ….. အောက်ကမြစ်ကို H (သို့) Shirt+ U နဲ့ ရေးလို့ရပါတယ်။

    အမှန်တကယ်ဆိုရင် ကောင်မလေးရဲ့ပုံတွေကို facebook ထဲကနေ ခွင့်ပြုချက်မရပဲ ယူပြီး တင်လိုက်မိ
    တာကိုက ညီလေးရဲ့အမှားပါ။
    နောက်တစ်ခုက ပို့စ်တစ်ခုအဖြစ်တင်ရအောင်လဲ အရေးမပါ စိတ်ဝင်စားစရာလဲမကောင်းလှပါဘူး။
    ကိုငှက်ကြီးရွာထဲဝင်စတုန်းကလဲ အရေးမပါတဲ့ ပိုစ်တွေ တင်မိဖူးပါတယ်။
    လူတိုင်းဟာ မှားဖူးကြတာပဲ… နောက်မဖြစ်အောင်ရှောင်ပေါ့….
    အထူးသဖြင့် တဖက်သားကို ထိခိုက်မိတာမျိုးပေါ့….
    ဘာပဲပြောပြော ညီလေးကို အားပေးနေပါတယ်..ဆက်ရေးပါ..

  • windtalker

    July 26, 2011 at 11:03 pm

    အိုဗျာ ရွှေဘိ်ုသားလေးရာ
    ကျွန်ုပ်ထက် အသက်ငယ်မယ် ထင်လို ့
    ` ကို ` တပ် မခေါ ်ထားဘူးနော် ( တစ်ကယ်လို ့အသက်ပိုကြီး ရင် ခွင့်လွှတ် )
    ရှင်းရှင်းပြောရရင် ကွာ
    ကိုယ်တို ့ဗမာနိုင်ငံ က ၊ အထူးသဖြင့် မိန်းကလေး တွေ ပေါ့ ၊ ယဉ်ကျေးမှု ဆိုတာ ကို တန်ဖိုးထားကြတယ် ။
    အဲဒါ ကို ကိုယ်တို ့ယောက်ျားတွေ က လည်း ကြိုက်တယ် ၊ ယဉ်ကျေးမှု ရှိတဲ့ မိန်းမ ကို ပဲ ယူချင်ကြတယ် ။ အခု နောက်ပိုင်း ပေါ့ ယဉ်ကျေးမှု ကျန်ရှိနေသေးတဲ့ မြို ့တော်တွေ ဆိုပြီးတောင် လူတိုင်း သတ်မှတ်ချက် ပေးလာကြတာ ကို လူတိုင်းသိပါတယ် ။ ရှင်းရှင်းပြောရရင် ငါ့ညီ ရာ ၊ ကိုယ်တို ့ယောက်ျား တွေ ဆိုတာ ကိုယ် က အပြင်မှာ ရှုပ်ပွေ ခဲ့သည် ထားဦး ၊ ကိုယ် ယူမယ့် မိန်းမ ၊ ကိုယ် တစ်သက်လုံး လုပ်ကိုင်ကျွေးမွေး ပေါင်းသင်းရမယ့် မိန်းမ ကို တော့ အပျို ဖြစ်စေချင်တာ ၊ ဇယား လုံးဝကင်းတဲ့ မိန်းမ မျိုး ဖြစ်စေချင်တာ ယောက်ျားတိုင်းရဲ ့ဆန္ဒပါ ( သည်စကား ကို လက်မခံ တဲ့ သူ တိုင်းအတွက် မြန်မာနိုင်ငံ ယဉ်ကျေးမှု အနေဖြင့် ပြန်လည် ဆွေးနွေးနိုင်ပါသည် ) ။ ရောမ ကို ရောက်ရင် ရောမ လို ကျင့်တဲ့ ။ ငါ့ညီတင် လို်က်တဲ့ ဓါတ်ပုံ ထဲ က မိန်းမ ကို နာမည် မသိပါ ။ ငါ့ညီ လဲ သိမယ် လို ့မထင်ပါဘူး ။ ဖေ့ဘုတ် မှာ အဲ့ပုံ ကို ဘယ်သူ အရင် စတင် သလဲ ဆိုတာတော့ ကိုယ် လဲ မသိပါဘူး ။ ကိုယ်စတွေ ့ တာ က တော့ ကိုရဲနိုင် ဆိုတဲ့ တစ်ယောက်ရဲ ့ ဖိုတို အယ်လ်ဘမ် မှာ စတွေ ့မိတာပါ ။ အဲဒီက စာတွေ အရ ဆိုရင် ပုံထဲ က အမျိုးသမီး ဟာ တောင်ငူ တက္ကသိုလ် မြန်မာစာ ဌာန က လို ့သိရပါတယ် ။ ဆရာမ တဲ့ ။ ညီလေး ရွှေဘိုသား လဲ ရည်းစားထာဖူးမှာပါ ။ ကိုယ့် ရည်းစားနဲ ့အတူ ဓါတ်ပုံ အတူ ရိုက်ဖူးမှာပါ ။ သို ့ပေသည့် သည်ပုံထဲ က မိန်းမ ရိုက်ထားတဲ့ အနေအထား အရ ဆိုရင်တော့ ပရိုဆန်နေပါတယ် ။ ( ရှင်းရှင်း ပြောရရင် ပြည်တန်ဆာ မ တစ်ယောက် လို ပါ ပဲ ) ဒါကို ကြည့်မိတဲ့ ယောက်ျား အားလုံး ဒီလို ပဲ ကောက်ချက်ပေးကြမှာပါ ။ ဒီတော့ ကွာ ။ ညီလေး ရွှေဘိုသားရေ ။ လုံးဝ ဝမ်းမနည်းပါနဲ ့ကွာ ။ မင်းတို ့ကိုယ်တို ့တင်တယ် ဆိုတာ ဆောင်ရန် ရှောင်ရန် ဆိုတဲ့ ရည်ရွယ်ချက် စေတနာ နဲ ့တင်ခဲ့တာပဲ ။ မင်း လုံးဝ ဝမ်းမနည်းပါနဲ ့လို ့ ဒီကွန်မင့် နဲ ့အားပေးလိုက်တယ်နော်

  • PaukPhaw

    July 26, 2011 at 11:20 pm

    ခန် ့မှန်းခြေ..
    ပြည့်တန်ဆာပုံတော့ မပေါက်ပါဘူး..ဒီလိုပဲ..သူ ့ရည်းစား သို ့ သူငယ်ချင်းတွေနဲ ့.အဆင်ပြေနေတုန်း.ပျော်စေပျက်စေရိုက်မယ်…
    အဲ.ခွာပြဲသွားတော့..အကျင့်ရုတ်ပြီး ဖွမယ်..အဲလိုပဲထင်တယ်..
    ဒီလိုဇာတ်လမ်းတွေ..ဗွီဒီယိုတွေ..ဓာတ်ပုံတွေ..များကြီးမိုလို ့ပြောတာပါ..
    ဟုတ်သော်ရှိ..မဟုတ်သော်ရှိ..သိဘူး..

    ဉာဏ်ရှိသလောက်ပြောရရင်တော့..

    နှစ်ဘက်လုံးမှန်ပါတယ်

    ဟုတ်တယ်လေ..
    သူတောင် တင်သေးတာပဲ..ကိုယ်လဲ ဖွမှာပေါ့..
    ခုလိုမဖြစ်စေချင်ရင် နောင် ဒါမျိုးမရိုက်နဲ ့..ရှင်းရှင်းလေး..
    ရိုက်တယ်.တင်တယ်..အဲတော့ ပွ တယ်..အဲတာပဲ.

    တစ်ခုရှိတာက MG က မှာ အဲလိုတွေတင်ပေးတာ မသင့်တော်ဘူးဗျ
    ဘာလို ့လဲဆိုတော့ စာဖတ်ပရိတ်သတ်က သူ ့ဟာနဲ ့သူ ရှိပြီးသားပဲ..
    သူသန်ရာ သန်ရာ ဝဘ်ဆိုက်ကို ရှာပြီး ဖတ်ကြမှာပဲ

    အဲလိုပုံ၊ဗွီဒီယို ရှိတဲ့ဆိုဒ် သူတို ့ဘာသာစိတ်ဝင်စားရင် ရှာကြည့်..များကြီးပဲဗျ.
    Celebrity ကော လမ်းဘေးက ဟာတွေကော စုံလို ့..တင်ထားပေးကြတာ..
    ကိုယ့်ဘာသာ ဒေါင်းလုဒ်ဆွဲပြီးပဲ ရှုရှု..အင်တာနက်နဲ ့ တိုက်ရိုက်ပဲ ခံစားခံစား…နောက်ဆုံး
    C-Box မှာ ဆဲပဲ ဆဲသွားဦး..ပြဿနာမရှိဘူးလေ..သူ ့အရပ်နဲ ့ သူ ့ဇာတ်..
    သူဆဲ..ကိုယ်ဆဲ..

    ဒီမှာအဆဲ မခံရတာ အများကြီးကံကောင်းတယ်..

    ဆက်မပြောတော့ဘူး..
    သောက်ချိန်ပျက်ဒယ်

    G’d night

    • PaukPhaw

      July 27, 2011 at 10:33 am

      သောက်ချိန်ဆိုတာ..သားသား သောက်နေတဲ့အချိန်ကိုကြောတာပါဂျာ

  • 007James

    July 27, 2011 at 7:45 am

    အပေါ်က(၃)ယောက်ပြောတဲ့အတိုင်းပဲ။

  • ogre

    July 27, 2011 at 7:55 am

    ရွှေဘိုသားရေ..
    ဒါမျိုးလေတွေက သူနေရာနဲ့သူ
    သူဆိုဒ်နဲ့သူရှိပြီးသားပါ…
    တင်တဲ့နေရာလွဲသွားလို့ ဝိုင်းဩဘာပေးကြတာပါ..
    သူဆိုဒ်နဲ့သူသာ လိုက်ဖက်အောင်တင်လိုက်ရင်
    မင်းကိုကျေးဇူးတောင်တင်ကြအုံးမယ်..
    မန်းဂေဇက်မှာတော့မလုပ်လိုက်ပါနဲ့ နော်..မကြည့်ရဲလို့။။။။

  • etone

    July 27, 2011 at 8:28 am

    ရွှေဘိုသားရေ …
    သူများအရှက်မရှိ အရိုက်ခံထားတဲ့ပုံ ဘယ်သူ့လက်ချက်နဲ့ အင်တာနက်ထဲရောက်လည်းမသိတဲ့ ပြသနာထဲ … အခန့်မသင့်လို့ မင်း ရောက်သွားတယ်ပဲ သဘောထားလိုက်ပါ … ။ လုံးဝ လုံးဝ စိတ်ဓါတ်ကျ၊ ဝမ်းနည်း ၊ စိတ်မကောင်းဖြစ်ရန် မလိုပါ ။ 🙂

  • mr.lone

    July 27, 2011 at 8:41 am

    ရွှေဘိုသားက စွတ်တင်တာကိုး ၊ အခုမှ ကြည့်မိတယ် ။ မိသားစု နဲ့ ခရီးသွားတုန်းရိုက်ထားတာလားမှ
    မသိတာ ။ ကလေး အမေနဲ့ တူတယ် ။ ပျော်ပွဲစားထွက်ရင်းရိုက်ထားတာလားမသိဘူး။ ခြေထောက်မှာလည်း
    tatoo ထိုးထားတာလား ။ sticker လား မသိဘူး တွေ့တယ်။
    tediousgirl says: စိတ်တော့မရှိပါနဲ့ ဒီပုံကိုupload လုပ်တဲ့ သူကတော်တော် နှမချင်းမစာမနာတဲ့ အောက်တန်းစား အဆင့်မရှိတဲ့ သူ့ပဲ ။ သူဘာသာသူဘယ်လိုပဲရိုက်ရိုက်ပေါ့ ကို်ယ်မြင်လဲမြင်တဲ့ အတိုင်းပဲနေလေ အဲလိုကြီးတင်တာတော့မကောင်းဘူး ။ ကို်ယ့်အမတွေ နှမတွေ အမေတွေနဲ့ နှိုင်းပြီး စဉ်းစားကြည့်ပေး ပါ။ အခုပုံကိုတင်တဲ့သူကတော့ တကယ့် တကယ် ့အောက်တန်းစားပါ။။။
    ဘယ်လိုပဲဖြစ်ဖြစ် ရွာသားအချင်းချင်းတော့ မစော်ကားသင့်ပါဘူး။ အခုလိုပြောတဲ့ tediousgirl ကလည်း ကိုယ့် အစ်ကိုတစ်ယောက်လိုသဘောထားပြီး အဆင့်တန်းမရှိသူ ၊အောက်တန်းစားလို့မပြောသင့်ပါဘူး။
    ပြီးတော့ အမေနဲ့ နှိုင်းပြီးပြောခံရလောက်တဲ့အထိမဟုတ်ပါဘူး။ မည်သူမပြုမိမိမှုပါ … တင်တဲ့ lady ကိုယ်
    တိုင်မိမိ ပုံကိုစဉ်းစားဆင်ခြင်ပြီးမှတင်သင့်ပါတယ်။

  • ကြောင်ကြီး

    July 27, 2011 at 9:00 am

    အမယ်လေးလေ့ ငါတို့ကြောင်တွေဆို ဘာအဝတ်အစားမှ မဝတ်ဘူး၊ ဓာတ်ပုံမကလို့ ဗီဒီယိုဖိုင်ပဲတင်တင် သောက်ဂရုကို မစိုက်တာ….။ 😎

  • ရွှေဘိုသား

    July 27, 2011 at 9:57 am

    ကိုကြောင်တကယ်ကြီးလား ကျနောတင်လိုက်မယ်နော် ခဗျတို. မင်္ဂလာဦးည ကတစ်ညလုံးမအိပ်ပဲ

    ဆက်ရန်ရှိသေးသည်

  • နွယ်ပင်

    July 27, 2011 at 10:20 am

    ရွေဘိုသားရယ် စိတ်မကောင်းမဖြစ်နေပါနဲ့ ။ သူ့ဘာသူ အရိုက်ခံတုန်းကရိုက်ထားပြီး အခုမှ ဟိုလူမြင်ဒီလူမြင်တာကို ရှက်နေတဲ့ပုံပဲ အစကတည်း စဉ်းစားသင့်တယ် ဒီလို အရိုက်ခံပြီး Facebook ပေါ်တင်ကတည်းက ဒီလိုမျိုး ဖြစ်လာနိုင်တာကို …

  • Shwemannmay

    July 27, 2011 at 10:36 am

    ပာယ် အဲဒါဆရာမလား
    မြန်မာစာဆရာမ ဆိုတာဂယ်လား အံ့ဩကုန်နိုင်ဘွယ်ပဲ….

  • thit min

    July 27, 2011 at 10:39 am

    စိတ်ဓါတ်ကျ၊ ဝမ်းနည်း ၊ စိတ်မကောင်းဖြစ်ရန် မလိုပါ……….. ဆင်ခြင်ပြီးှဲ်ဲတင်ပေါ့…….အောက်တန်းစားလို့အချင်းချင်းတော့ ့မပြောသင့်ပါဘူး။

  • ရွှေဘိုသား

    July 27, 2011 at 10:48 am

    ဝင်ပြီး အားပေးကြတဲ. အစ်ကို အစ်မတွေကို ကျေးဇူးတင်ပါတယ်
    ရွာမှာနေတဲ. အမေတို.အစ်မ တို.ကိုထိခိုက်လို. ဝမ်းနည်းပြီး တင်လိုက်တာပါ

  • moethidasoe

    July 27, 2011 at 11:06 am

    အမှားကင်းတဲ့လူ မရှိသလောက်ပါ .. ဘုရားတောင်မှ နုစဉ်ဘဝတွေမှာ အမှားတွေ များခဲ့သေးတာ ..
    အခုတော့ ပုထုဇဉ်လူသား ပဲ .. နောင် တခုခု တင်မယ်ဆိုရင် စဉ်းစားပြီးမှ တင်
    တို့တောင် comment တခုမှာ တော်တော် ရေးလိုက်လို့ ဝိုင်း အပြစ်တင် ခံရဖူးတယ် ..

  • pan pan

    July 27, 2011 at 11:22 am

    “အစ်ကို Windtalker ရဲ.ပို.စ်ထဲမှာ ဝင်ပြီးတောင်းဆိုထားတာ တွေ.မိတာပါ ရှိရင် တင်ပေးကြပါ ကြည်.လို.မရလို.ပါဆိုတာနဲ. ကျနော်လည်း တွေ.တာနဲ. တင်ပေးမိတာပါ ”

    ကြည့်လို့မရတဲ့လူတွေ ကြည့်ချင်တယ်ဆိုလို့ စေတနာနဲ့တင်ပေးတာပဲ
    ဒါပေမယ့် တဖက်က ဘာဖြစ်သွားနိုင်လဲဆိုတာ မတွေးလိုက်မိတော့ စေတနာက ဝေဒနာဖြစ်ရတာပေါ့နော်
    စိတ်မကောင်းအဖြစ်ပါနဲ့ ရွှေဘိုသားရေ….
    သူများပေါ်နစ်နာစေလိုလို့လုပ်တာမဟုတ်ရင် ပြီးတာပဲ
    နောက်အဲလိုမဖြစ်အောင် သတိထားရမှာပဲ

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 27, 2011 at 11:43 am

    အင်္ကျီချွတ် ရိုက်ကူးရသည့်အတွက် ရှက်ရွံ့မိကြောင်း ပက်တင်ဆန်ပြောကြား
    အသက်(၂၅)နှစ်ရှိ ဟောလီးဝုဒ် မင်းသားက မကြာခဏ အင်္ကျီကို ချွတ်ပစ်ရသည့်အတွက် စိတ်ရှုပ်မိကြောင်း ဖွင့်ဟခဲ့
    ………………………………….
    ရောဘတ် ပက်တင်ဆန်က Twilight ဇာတ်ကားသစ် Breaking Dawnတွင်
    အင်္ကျီချွတ်ပြီး ရိုက်ကူးရသည့်အခါ ရှက်ရွံ့မိကြောင်း ဝန်ခံ ပြောကြားလိုက်သည်။
    အသက်(၂၅)နှစ်ရှိ ဟောလီးဝုဒ် မင်းသားက မကြာခဏ အင်္ကျီကို ချွတ်ပစ်ရသည့်အတွက် စိတ်ရှုပ်မိကြောင်း ဖွင့်ဟခဲ့သည်။ ထိုဇာတ်ဝင်ခန်းများသည် ရိုက်ကွင်းပေါ်တွင် မိမိအား အခက်အခဲများ ဖြစ်စေခဲ့ကြောင်း ပက်တင်ဆန်က ပြောကြားသွားသည်။
    Sunday Mailနှင့် အင်တာဗျူးတွင် ပက်တင်ဆန်က “ဇာတ်ကားရိုက်ရတဲ့ တစ်ချိန်လုံးမှာ အဲဒါက အခက်ဆုံးပါပဲ။ ကျွန်တော့် အင်္ကျီကို ခဏခဏ ချွတ်နေရတယ်။ ဇာတ်ကားထဲမှာ ကျွန်တော် အင်္ကျီမပါတဲ့ အချိန်က များနေတယ်။ မူရင်း ဝတ္ထုထဲမှာ အက်ဒွပ်ကူလန်ရဲ့ ဇာတ်ကောင်ဟာ အဝတ်အစား မပါတဲ့အချိန်အတွက် စာမျက်နှာ (၃)ခုစာလောက်ပဲ နေရာပေးထားတာပါ။ ဒါပေမယ့် လက်တွေ့ရိုက်ရတော့ ကွဲလွဲမှုတွေ ရှိနေတာပါပဲ”ဟု ပြောဆိုခဲ့သည်။
    ထိုအခြေအနေသည် မိမိအား အသားမကျ ဖြစ်စေခဲ့ကြောင်းလည်း ပက်တင်ဆန်ကဆိုသည်။ “အရင်ဇာတ်ကားတွေနဲ့စာရင်တော့ ကွဲပြားမှုတွေ ရှိတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဒီဇာတ်ကားကို ကိုယ့်ဖာသာကိုယ်လည်း ပြန်ကြည့်မိသေးတယ်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်လို့တော့ ထင်ပါတယ်”ဟု ၎င်းက ဖွင့်ဟခဲ့သည်။ ထို့အပြင် ပက်တင်ဆန်က Breaking Dawnသည် Twilightဇာတ်လမ်းတွဲများ၏ အမာခံ ပရိသတ်ကို စိတ်ပျက်စေမည် မဟုတ်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားသွားသည်။
    http://www.planet.com.mm/news/read.cfm/id/17794
    ……………………….
    ပြောလို့သာပြောရတယ်
    လူ့အခွင့်ရေးတို့ ဥပဒေတို့ဆိုတာကတစ်မျိုးသွားမှာဖြစ်သလို
    မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု့ဆိုတာတွေကလည်း တစ်မျိုးသွားပြန်သဗျ
    သူ့ဖက် ကိုယ့်ဖက် အပြန်အလှန် ကိုယ်ချင်းစာခြင်းဆိုတာတွေကလည်း ရှိပြန်ရော

  • pisikway

    July 27, 2011 at 11:59 am

    ဘယ်လိုပဲဖြစ်ဖြစ် သူများသားသမီးကိုကွယ် အရှက်မရှိ ၊ ပြည့်တန်ဆာ မပြောကြပါနဲ့လား။ သူ့အကြောင်းလည်းကိုယ်မသိ ၊ ဒီလိုတွေရေးကြ ပြောကြတော့ရော ကိုယ့်အတွက် ဘာအကျိုးအမြတ်မှကျန်တာလည်း မဟုတ်ပဲနဲ့။ ပြောကြဆိုကြ အားပေးကြရင်းနဲ့ စကားတွေရင့်သီးနေကြတာ ဖတ်ရတာရုပ်ဆိုးလွန်းပါတယ်။ face book မှာတွေ့တဲ့ဓါတ်ပုံ သူများကိုလည်းကြည့်စေချင်ရင် face book မှာပဲ Share လိုုက်ပေါ့။ သူများကတောင်းဆိုတယ်ဆိုရင် Mail နဲ့ပဲဖြစ်ဖြစ် share ကြပေါ့။ သီးသန့်ကြီးလိုက်တင်နေတော့ပြောချင်စရာဖြစ်နေမှာပေါ့။ သူများတွေဘယ်လိုပဲ ပျက်စီးနေကြပါစေ၊ ကိုယ့်ကိုယ်ကို ၊ ကိုယ့်အသိုင်းအဝိုင်း ကို မပျက်စီးအောင် ထိမ်းသိမ်းနိုင်ဖို့ ကပိုအရေးကြီးတာပါ။ MG ကိုလှလှပပသန့်သန့်ရှင်းရှင်းလေးပဲထားကြရအောင်လား။

  • MOEPWINTPHYU

    July 27, 2011 at 12:07 pm

    ရွှေဘိုသားလုပ်တာမှန်တယ် တနယ်သားထဲချင်းဆိုတော ကိုယ်နယ်သားဘက်ပဲပါရမှာပေါ့
    စိတ်မကောင်းဖြစ်ပါနဲကွယ် အမှားသိရင် အမှန်ပြင်လိုက်ပြီးတာပဲ

  • hmee

    July 28, 2011 at 12:20 pm

    အဲ့ပုံက အရမ်းမလန်းပါဘူး။ ဒီမှာ ဂျုးမတွေ အပေါ်မှာ ဘာမှ မပါသလောက် ဖြစ်နေပြီ။ ပူလွန်းလို့။ ကမ်းခြေမှာများ အရောင်စုံ အသွေးစုံ အရွယ်စုံ ကြည့်ရလွန်းလို့ ရိုးဟိုးဟိုးးးးး နေပြီ။ ကိုယ်ဝန်သည်လည်း ရေကူးဝတ်စုံနဲ့ ဗိုက်ပူပူလေးများ သပ်သပ်ထွက်နေတာ ချစ်စရာတောင်ကောင်းသေး။ ရွှေဘိုသားရေ စိတ်ဓါတ်မကျပါနဲ့ အပင်မြင့်လို့ လေတိုက်ပိုခံရတယ် မှတ်ပါ။ အခုက သင်ခန်းစာ အသေးလေးလို့ စိတ်ထဲမှာ မှတ်ထားပြီး နောက်တခါ ဒီလိုမျိုး မမှားအောင် ဆင်ခြင်လို့ရတာပေါ့လို့ နှလုံးသွင်းပေါ့။ ဝါသနာပါလို့ စာရေးမယ် စိတ်ထဲမှာ တွေးထားရင် စာပဲသီးသန့်ရေးပါ။ တခြားဟာတွေကို မလုပ်နဲ့ပေါ့နော့် ဒါဆို ပိုအဆင်ပြေသွားပါလိမ့်မယ်။

Leave a Reply