Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လိုင်းကားပေါ်မှာ အတ္တတွေကို ချိုးနှိမ်ပါ

ေရႊဘိုသားJuly 27, 20111min45716

ကျနော် မနေ.ကအလုပ်ကပြန် တာမွေဗလီထိပ်ဆင်းပြီး သုဝဏ္ဏဘက် သွားမယ်ဆိုပြီး ဗလီထိပ်ကနေ ကားနောက်တစ်ဆင်.ထပ်စီးပါတယ် ဒဂုံဘက်သွားတဲ. ၅၆ မှန်လုံကားပေါ.

အဲဒီကားပေါ်မှာ မျက်စိက ကိုယ်.အသိတွေများပါမလားလို. တစ်ချက်ဝဲကြည်.လိုက်တယ် မပါဘူး ဒါနဲ. ထိုင်ခုံကလည်း သိတဲ.အတိုင်းလေ ရုံးဆင်ချိန်ဆိုတော. မရပါဘူး ထုံးစံအတိုင်း

မက်တပ်ပေါ. Driver ရဲ့နောက်ကအခန်းမှာ မက်တပ်လိုက်လာတာပေါ. ဘေးမှာကြည်.လိုက်တော.လည်း လူကြီးတွေပါပဲ အသက်ကတော. ၅ဝ ကျော်တန်းတွေပေါ.

အကုန်ဗမာလူမျိုး တွေပါပဲအကုန်လုံး ကိုယ်.အသိလေးတွေကို ထိုင်ခုံပေါ်မှာ စကားတပြောပြောနဲ.ပေါ.

ကျနော်သတိထားမိတာတော. ဘယ်သူမှလည်း မအိပ်ကြမငိုက်ကြပါဘူး အသောက မှတ်တိုင်ရောကတော.

ဘုန်းကြီး တစ်ပါးတက်လာတယ် အကုန်စောစောကနဲ.ဆန်.ကျင်ဘက်ဖြစ်ကုန်တယ် ငိုက်တဲ.သူကငိုက် ပလက်ဖောင်း ကိုတစ်ချိန်လုံးငေးတဲ.လူကငေးပေါ. ကျနော် တော်တော်လည်း

ဒေါသဖြစ်မိတယ် ဒါပေမဲ.လည်း ကိုယ်.အဖေအရွယ်လောက် ရှိတဲ. လူတွေကို ထပေးပါဘုန်းကြီးကြွလာပါတယ်လို.လည်းမပြောချင်ဘူး သူတို.မှ မပေးချင်လို.အိပ်ချင်ယောင်ဆောင်တဲ.

လူကဆောင် ပလက်ဖောင်းငေးတဲ.လူကငေးဖြစ်နေတာကို ကိုယ်ကအလိုက်မသိ သွားပြောရင်လည်း သူတို.ကိုအရှက်ခွဲသလိုဖြစ်နေအုံးမှာ ဘုန်းကြီးကလည်း

ကျနော်.ကိုပဲ ကြည်.ပြီး ပြုံးပြတယ် ဘုန်းကြီးရဲ.အပြုံးတွေထဲမှာအဓိပ္ပါယ်တွေလည်း ပြည်.နေတယ်ဆိုတာကျနော်သိတယ် ကျနော်တောင် မြန်မာလူမျိုးတွေမှ ဟုတ်ကြသေးရဲ.လားလို.

တွေးမိသေးတယ် ဘုန်းကြီးဆိုပြောမနေနဲ. ကိုယ်.ထက်တောင် ပိုတွေးမိမှာ ရေစက်မှတ်တိုင်ရောက်တော.နှစ်ယောက်ခုံက အမျိုးသားတစ်ယောက်ဆင်းသွားတယ်

ကျနော်လည်းအကဲခတ်နေတာပေါ. ကျန်ရစ်တဲ.အမျိုးသမီးအန်တီကြီး ဘယ်လိုလုပ်မလဲပေါ. ထူးမခြားနားပဲ ဘုန်းဘုန်းထိုင်လေ ဆိုပြီး ဝတ်ကျေတန်းကျေ လောက်ပဲပြောတယ်

ဘုန်းကြီးကလည်း မထို်င်ဘူး ကျနော်လည်း ဆရာတော်ထိုင်ပါဘုရားဆိုတော. ဆရာတော်က လက်ကာပြတယ် ကျနောလည်းဘာ.လို.လည်းပေါ.စစချင်းတော. အတွေးမပေါက်သေးဘူး

ပြီးမှ ဪဘုန်ကြီး အတူတူထိုင်ရမဲ. ခုံကအမျိုးသမီး နဲ.မို. ဝင်မထိုင်တာပါလားလို. တွေးမိတော.တယ် ဘုန်းကြီးကတကယ်လို.ဝင်ထိုင်လိုက်ရင် ဘုန်းကြီးလည်း အာပတ်သင်.မယ်

အမျိုးသမီးလည်း ငရဲကြီးမှာ အဲဒီနှစ်ခုလုံး မဖြစ်ရအောင် ဘုန်းကြီးက ဝင်မထိုင်တာလို.ကျနော်သိသလောက်နဲ. တွေးကြည်.ပြီးသဘောပေါက်လာတယ်

အမျိုးသမီကြီးကလည်း ကိုယ်.ဘာသာတရားက ဘုန်းကြီးပဲဗျာ နေရာလေးထပေးလိုက်တော. သူ.အတွက် ဘာတွေနစ်နာမှာမို.လည်း သူလည်းအသက်က ၅ဝ ကျော်လောက်ရှိနေပြီ

တကယ်ဆို ဘုရားတရားလုပ်ရမဲ. တတိယအရွယ်ထဲ ဝင်နေပါပြီ ဒီလောက်လေးမှ မသိတာလား အဲဒိအမျိုးသမီးကြီးမှ မဟုတ်ဘူးနော် စောစောကထသွားတဲ.

အန်ကယ်ကြီးရော ဘေးနားခုံပေါ်က မြန်မာလူမျိုး အများစုရောကိုပြောတာ အဲဒီလောက်ထိ အတ္တတွေကြီးနေကြတာ ငရဲကတော. သေချာပေါက်ကိုရောက်မဲ.လူတွေပါပဲ

ဒါမျိုးလူတွေကျတော. အကောင်ကြီးပေမဲ. အချိန်မစီးဘူး ဆိုတဲ.အမျိုးထဲပါသွားပါပြီလို. ထင်ပါတယ်

အမျိုးသမီးကြီးကဒီလောက်လေး စောင်.ထိန်းရတယ် အမြင်မတင်.တယ်ပါလားဆိုတာ တကယ်ပဲမသိလို. ထမပေးပဲ ထိုင်ပါဘုရားလို. ပြောလိုက်တာလား ဒါလည်းမဖြစ်နိုင်ဘူး

သိသိကြီးနဲ. အတ္တကြီးပြီး ထမပေးတာပဲဖြစ်မှာလို. ကျနော်ထင်ပါတယ် ဒါလည်းကျနော်.အထင်ပါ သူထမပေးစရာ ဘာအခက်ခဲမှ မရှိဘူးနော် သန်သန်မာမာပဲ ဘာအလေးအပင်မှလည်း

မပါဘူး ဘေးနားမှာ သူ.ထက်အသက်ကြီးတဲ. လူတွေတောင်ပါတယ် အကုန်လုံးကလည်း သူတို.ဆီပဲ မျက်လုံးရောက်နေတာပါပဲ

ကျနော်လည်း ပေါ်ဆန်း မှတ်တိုင်ရောက်တော. ဆင်းလိုက်တယ် လမ်းလျှောက်ရင်းလည်း တွေးမိပါတယ် လူတွေ အထူးသဖြင်.ဒီရန်ကုန်ကလူတစ်ချို. ဒီကားပေါ်ကထိုင်ခုံလေးကို

ရွှေတွေငွေတွေအလား မက်မောကြတာ ခဏခဏတွေ.ဖူးတယ် တစ်ချို.လည်း ယောကျင်္ားရင်.မာကြီး တန်မဲ. မိန်းကလေးတွေနဲ. နေရာလုထိုင်တာတွေခဏခဏ တွေ.နေရတယ်

ကားပေါ်ကရေးထားတဲ.

အမျိုးသမီးများအား ဦးစားပေးပါ

စောင်.ရှောက်ပါ

တန်ဖိုးထားပါ

တို.

သံဃာတော်များ ဦးစားပေးပါ

ဆိုတဲ.ဆောင်ပုဒ်လေးတွေကလည်း ဒီလိုလူတွေ ရှိလို.ရေးကပ်ထားတာပဲ ဖြစ်မှာလို.လည်းတွေးမိပါတယ်

ဟုတ်လည်းဟုတ်ပါတယ် ကပ်လည်းကပ်ထားသင်.ပါတယ် အရိပ်အကဲနားမလည် ပြောမှသိ ထိမှနာ မဲ.လူမျိုးတွေ အတွက်ကျတော.လည်း ဒီလိုလေး ကပ်ထားတာ အသုံးဝင်ပါတယ်

ဒီလိုင်းကားပေါ်က ထိုင်ခုံလေးကိုဗျာ ဘယ်.နှယ် အာဏာရူးတွေ အာဏာမက်သလို မက်မက်မောမောဖြစ်နေကြတာ အာဏာမက်တာကမှ ထားပါအုံး လဒ်တွေစားရလို. မက်တာ

ဒီကားပေါ်က ထို်င်ခုံလေးက ဘာမှလည်း ရမှာမဟုတ်ပဲ မတ်မတ်မောမောဖြစ်နေကြတာ စဉ်းစားလို.တောင်မရဘူး တစ်ချို.ရှိသေးတယ် သူများဝင်ထိုင်မှာစိုးပြီး လူဝင်ထိုင်လို.မရသေးရင်

ပါတဲ. အိတ်တို. အထုပ်တို.ကို ထိုင်ခုံမှာ အရင်ပစ်ချထားလိုက်တာ ဘယ်သူမှဝင်မထိုင်အောင် လုပ်တာပေါ. ကိုယ်တွေများအဲလိုကြုံရရင် ငါ.ရုပ်ကများ ထိုင်ခုံလုထိုင်မဲ. ရုပ်ပေါက်နေလားလို.

တောင်တွေးမိပါသေးရဲ. ဒါ.မို.လည်း ထိုင်ခုံ ရရင်တောင် အတော်သင့်ဘယ်တော့မှလည်း မထိုင်ပါဘူး အလုပ်မှာလည်း တစ်နေကုန်ကွန်ပျူတာရှေ.ထိုင်နေရတာဆိုတော့ ထိုင်ရမှာတောင်

ပျင်းပါသေးတယ် ဟိုင်းလတ် ကားလေးတွေများစီရင် ဘယ်တုန်းကမှ ဝင်မထိုင်ဖူးပါဘူး မိန်းကလေးတွေလာရင် ပြန်ထပေးရမဲ.တူတူ အစကတည်းကမထိုင်တာပဲကောင်းပါတယ်

စပါယ်ယာလည်း လူပိုတင်လို.ရသေးတယ် နော.မို.ဆိုလူပြည်.နေပြီ ဆိုပြီး မိန်းကလေးတွေလည်း တက်တော.မှာမဟုတ်ဘူး တကယ်လို.တက်လာလည်းတက်လာမှ

ဖယ်ပေးရရင် ပိုလို.တောင်ရှက်စရာ ကောင်းပါတယ်အလိုက်မသိသလိုဖြစ်နေပါပြီ

စောစောကလူတွေထက်စာရင်တော. ထပေးတာကပိုကောင်းပါသေးတယ် ရွာသားတို.လည်း အဲဒီကျနော်.ပို.စ်ထဲကလူတွေလို စိတ်ရှိတဲ.လူ

မရှိလောက်ပါဘူးနော် ရှိရင်လည်းပြင်ကြဗျ သူများအထင်သေးတယ် ကိုယ်တိုင်လည်း တော်တော်ရှက်စရာကောင်းတယ်

ကုလားတွေမို. သူတို.ဘာသာမဟုတ်လို. ဖယ်မပေးတာဆိုလက်ခံတယ်

အခုဟာက မြန်မာတွေမှန်သိရက်နဲ. တမင်အိပ်ချင်ယောင်ဆောင် နေကြတာပေါ. တော်တော်ကြီးကို အတ္တဆန်လွန်းပါတယ် တစ်ခါတစ်လေလည်း ကုလားတွေကမှ ဖယ်ပေး

သေးတယ်ဗျ အဲလိုကျတော.  ကြည်.ပြီး ဝမ်းနည်းမိတယ် မြန်မာတွေ ဘေးနားမှာရှိတာတောင် ကုလားက နေရာဖယ်ပေးတယ် ဘေးနားကထိုင်ခုံပေါ်ကဗမာတွေ အရှက်ကိုမရှိကြပါလားလို.

တွေးမိသေးတယ် ကျနော်ပြောချင်တာက ကိုယ်.ဘာသာတရားရဲ.အကြီးအကဲ တွေဖြစ်တဲ. ဘုန်းကြီးတွေကို နေရာလေးတစ်နေရာ ပေးလိုက်တာနဲ. ကုသိုလ်တွေ အများကြီးရပါတယ်

ဘာမှလည်း ပင်ပင်ပန်းပန်းမလုပ်လိုက်ရပါဘူး ကိုယ်.နေရာလေး ထပေးရုံလေးပါ ငါ.နေရာ ငါ.ခုံ ဆိုတဲ. အတ္တကိုချိုးနှိမ်နိုင်ဖို.တော. လိုတာပေါ.ဗျာ အဲလိုလေးထပေးလိုက်တာနဲ.

ကျန်တဲ.နေရာ အတ္တတွေ ဘယ်လောက်ကြီးနေပါစေ လိုင်းကားပေါ်မှာ ကိုယ်.ရဲ.အတ္တလေးကိုချိုးနှိမ်ပြီး စပါယ်ယာတွေ ပြောသလို သွားရင်းလာရင်းကုသိုလ်ယူပါလို. ပြောချင်ပါတယ်

ကျန်တဲ.နေရာ အတ္တကြီးတာ ကိုယ်နဲ.ပတ်သတ်တဲ.လူတွေပဲသိမှာပါ လိုင်းကားပေါ်မှာတော. တစ်ကားလုံးရဲ. အထင်သေးတဲ. မျက်လုံးတွေနဲ.ကြည်.တာကို ခံရမှာဆိုတာ

သတိပြုစေချင်ပါတယ်

16 comments

  • naywoonni

    July 27, 2011 at 10:30 pm

    အဲသဟာကမှ အောက်တန်း မဟုတ်ဘူး….. ဟိုး အဝီစိ ကိုတူးပြီးဆင်တာ………. ရွှေရွှေရေ…….. ကိုယ်တွေကတော့ တောမှာနေရတာပဲ ဒါပေမဲ့ လိုင်းကားစီရင် အောက်က မစီးဘူး အပေါ်ထပ်က ပဲစီးတယ်…။ ငတို့ ဆီက လိုင်းကားတွေက အပေါ်ထပ် အောက်ထပ်ရှိတယ်…။ လေတစ် ဟူးဟူး နဲ့ ဇိမ်ပဲ…….

  • unclegyi1974

    July 27, 2011 at 10:52 pm

    ဒါတွေကဒီခေတ်မထသစီမံခန့်ခွဲမှုညံ့လို့ပြောရမယ်
    ကျွန်တော်တို့ငယ်တုန်းကလိုင်းကားစီးရင်ဘတ်စ်ကားရဲ့ရှေ့
    မောင်းသူအနားကခုံကသံဃာအတွက်ပဲ
    သံဃာမပါရင်ဝင်ထိုင်လို့ရတယ် သံဃာကားပေါ်တက်လာရင်ထိုင်နေသူကထပေး
    မထရင်လည်းစပယ်ယာဒရိုင်ဘာကထခိုင်တယ်
    အခုခေတ်လူတွေယဉ်ကျေးမှုပျောက်ကုန်တာကအမှန်ပဲဗျို့
    အောင်ဇေယျရေ

  • ogre

    July 28, 2011 at 7:44 am

    ဗုဒ္ဓဘာသာတွေတော့…ခက်ပြီ
    အဲဒီကားပေါ်သာ..ဘိုးဘိုးအောင်တို့
    ဦးရှင်ကြီးတို့ ..ကိုကြီးကျော်တို့တက်လာရင်
    နေရာတင်မကဘူးအောက်မှာဆင်းထိုင်ပြီ ဝိုင်းရှစ်ခိုးကြမှာ…ဗျ။။
    ရဟန်းသံဃာ..မပြောနဲ့ ကိုထက်အသက်ဂုဏ်ဝါကြီးသူတွေရှေ့မှာ
    ထိုင်ခုံမှာထိုင်နေဘို့ မပြောနဲ့ ..ဖြတ်လျှောက်ရင်တောင်
    ခါးလေးညွတ်ပြီး လျှောက်ရမယ်လို့ ..အဲဒီအသက်ကြီးလို့လူကြီးဖြစ်နေတဲ့သူတွေ
    ငယ်ငယ်ကသင်ရမှာပါ။။။။

  • xman

    July 28, 2011 at 10:00 am

    အခုလဲ လိုင်းကားတော်တော်များများမှာ ရှေ့ဆုံးတန်း ၂ ခုံကို “သံဃာတော်များ” ဆိုပြီးစာတမ်းကပ်ထားပါတယ်။ ပြဿနာက လူတွေက အဲဒါကို ဂရုမထားတော့တာပါ။ စပါယ်ယာကလဲ ဘုန်းကြီးတက်လာရင် ထိုင်နှင့်တဲ့သူတွေကို မဖယ်ခိုင်းတော့ဘူး။

    လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ပြန်သတိရတယ်။ မန္တလေး ဘုရားကြီးနားက ဂိတ်ထွက်တဲ့ ကားလိုင်းတခုဟာ ဘုန်းကြီးဆိုရင် “ကားခမယူပဲလှူပါတယ်” လုပ်လို့ (ဘုရားကြီးကျောင်းတိုက်ကလားမသိ) ဆရာတော်ကြီးတပါးကထွက်ပြီး နင်တို့ကား ဘုန်းကြီးပဲအစီးများတာ ဘုန်းကြီးမှပိုက်ဆံမယူရင် နင်တို့ကားဘယ်လိုထွက်မလဲ …လို့ ပြောဆိုကန့်ကွက်ခဲ့ရဘူးတယ်။

    အခုခေတ်နဲ့ သဒ္ဒါတရားတွေ ကွာခြားသွားပုံလေးပါ။

  • နွယ်ပင်

    July 28, 2011 at 10:17 am

    လိုင်းကားပေါ်မှာ တစ်ချို့လူတွေက နေရာရသွားပြီဆိုရင် တစ်သက်လုံးပဲ
    ထိုင်စီးရတော့ မလိုနဲ့ -င်ကျောက်ချထိုင်နေတက်ကြတာလေ
    ဘုန်းကြီးလာလဲ မထပေးဘူး ၊ သက်ကြီးရွယ်အိုလာလဲ မထပေး ၊
    ကိုယ်ဝန်ဆောင်သည်လာလဲ မထပေးနဲ့ တစ်သက်လုံးကိုယ်အပိုင်စားရမယ့်
    နေရကျနေတာပဲ …

  • MOEPWINTPHYU

    July 28, 2011 at 10:41 am

    ဟုတ်တယ် နေ့တိုင်လိုင်းကားစီနေရတော အမြဲကြုံရတယ် တစ်နေ့က ကားပေါ်မှာသန်မာတဲအလုပ်သွားတဲ ယောကျားတွေကတစ်ဝက်ကျော်တယ် ကားကအသေး3 ကားလေးတွေပါ အဲဒီမှာခုံကပြည်နေပြီ မိန်းကလေးတစ်ယောက်ကတက်လာတယ် သူဖိုတိုင်ခုံမရှိဘူး အဲဒါကိုဘယ်သူမှဖယ်လဲမပေးဘူး ဒီတိုင်ကြည်နေကြတယ် အဲဒီမိန်ကလေးက တွယ်စီးခဲရတာဘယ်လို လဲမသိတောဘူးအပြန်အလုပ်ကမိုဆိုလဲထားပါတော့အလုပ်ထဲမှာပင်ပန်လို မရပ်ချင်တောလို အခုက အသွားမနက်ဘက်ကြီး

  • ကြောင်ကြီး

    July 28, 2011 at 10:43 am

    ကိုကြောင်တို့ဆီက ဘတ်စ်ကားတွေမှာလည်း အဲလိုပြသနာရှိတတ်လို့ ရှေ့ဆုံးခုံနှစ်နေရာသုံးနေရာအပေါ်မှာကို စာလုံးအဖြူနဲ့ သည်နေရာသည် ကိုယ်လက်အင်္ဂါချို့ယွင်းသူများ၊ သက်ကြီးရွယ်အိုများအတွက် ဖြစ်သည်လို့ရေးထားတယ်။ (Should လို့မသုံးဘူးနော် Must လို့ပြတ်ပြတ်သားသား သုံးထားတယ်) ကားစီးသူတွေကလည်း သူတို့တက်လာရင် ဖယ်ပေးနေရမှာစိုးလို့ ထိုင်ခုံနေရာခြင်းတူတောင် အဲသလိုစာမရေးထားတဲ့ ခုံကိုရွေးထိုင်တယ်။ စာနဲ့ပေနဲ့ တိတိကျကျ ရေးသတ်မှတ်ထားတာ ပိုကောင်းတယ်လို့ထင်တာပဲ။

  • weiwei

    July 28, 2011 at 10:54 am

    တရုတ်မှာဆိုရင် ထိုင်ခုံအရောင်ခွဲထားပါတယ် … သက်ကြီးရွယ်အိုတွေအတွက် ဆင်းရတက်ရလွယ်တဲ့နေရာမှာ ထိုင်ခုံအနဲဆုံး ၄ လုံးစာလောက်ကို လိမ်မော်ရောင်နဲ့လုပ်ထားတာ သတိထားမိတယ် … လူကြီးတွေကိုဖယ်မပေးတာကို ဒရိုင်ဘာကမြင်ရင် သတိပေးတဲ့အသံကို စပီကာကနေ မဖယ်ပေးမချင်း ဖွင့်နေတော့တာပဲ …

  • zawthulay

    July 28, 2011 at 11:25 am

    အဲဒါတွေကလည်းတစ်မျိုး…နောက်တစ်ခုရှိသေးတယ်.. အခုပေါ်တဲ့အထူးတွေဆိုရင်. ရေးထားတော့လူပြည့်သာတင်ပါသည်..ပေါ့.. ဒါပေမယ့်.. အဲဒါကဂိတ်မှာပဲရှိတာ ဂိတ်ကျော်ပီဆိုတာနဲ့..အဟင်းတင်လိုက်တဲ့လူတွေက ငပိငချဉ်သိပ်အများကြီးပဲ.. ကျွန်တော်တွေ့ကြုံတာပြောပြတာ. .နောက်တစ်ခု.ရဲဖမ်းလဲသူတို့ကမကြောက်. ပိုက်ဆံပေးလိုက်တာနဲ့ပီးရောဖြစ်နေတယ်.မပြောချင်တော့ပါဘူး.. အရပ်ကတို့ရေ

  • thit min

    July 28, 2011 at 1:13 pm

    Good character is good morality. When you lose your morality, you will lose good character or being bad character. Bad character generates bad standard of living.

  • mzm

    July 28, 2011 at 2:40 pm

    ကျွန်တော်လည်းဒါမျိုးတွေခဏခဏကြုံရ မြင်ရဖူးတယ်တော်တော်အလိုက်ကန်းဆိုးမသိတဲ့လူတွေဗျာ
    ဒါနဲ့များဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကိုဦးထိပ်ထားတယ်ဆိုပဲ အကြီးကြီးတွေလျှောက်ပြောနေကြ
    တာအရှက်ကိုမရှိကြဘူး

  • good

    July 28, 2011 at 3:19 pm

    အဲဒါမျိုး ဆို တချို့ကား စပယ်ယာ တွေ က မကြား ကြး အောင် အော် ပြော ပေးတယ်။ သံဃာတော် ဘယ် (ညာ) ဘက်ထိုင်ခုံ က နေ ရာ လေး ကုလိုလ် ယူပေး ပါ ဘာ ညာ ပေါ့။ တချို့ကား စပယ်ယာ တွေ က တခွန်းလောက် ပဲ အော် တယ် တချို့ ဆို အော် ကို မအော်ဘဲ မသိလိုက်ဖာသာ လုပ်တတ်ကြ သေးတယ်။

  • kai

    July 28, 2011 at 3:38 pm

    ဒါမျိုးက ဥပဒေနဲ့လုပ်ရတာပါ..။
    တိုးတက်တဲ့ နိုင်ငံတွေမှာ.. ကိုယ်ခန္ဓာချို့ယွင်းနေသူတွေ၊ သက်ကြီးရွယ်အိုတွေကို.. ဦးစားပေးဖို့.. ဥပဒေကိုထုတ်ထားတယ်..။
    အယ်လ်အေဆို.. ကားရပ်တဲ့နေရာကအစ.. အပြာရောင်နဲ့သီးသန့်ကားပါကင်လည်းထားရတယ်..။
    Must ပဲ..။
    တန်းစီနေရင်လည်း.. ကိုယ်ခန္ဓာချို့ယွင်းနေသူတွေ၊ သက်ကြီးရွယ်အိုတွေက အထူးပဲ.. ကြိုက်သလိုဖြတ်ကျော်သွားလို့ရတယ်..။

    အဲ..
    ခရစ်ယန်နိုင်ငံတွေလို့ကြေငြာထားပေမဲ့.. ဘာသာရေးအရတော့.. မခွဲခြားဘူး..။
    ခရစ်ယန်ဘုန်းကြီးက.. အဲဒီအထူးအခွင့်အရေးထဲ ဘောင်မဝင်ဘူး..။

    မြန်မာပြည်က.. ဗုဒ္ဒဘာသာနိုင်ငံလို့တောင် မကြေငြာထားဘူး..။
    ဘုန်းတော်ကြီးတွေအတွက်.. .အထူးအခွင့်အရေးကို ဥပဒေအရ လုပ်လို့မရဘူး..။ မလုပ်သင့်ဘူး.။
    ဒါပေမဲ့..လူအများစုက.. အထူးအခွင့်အရေးပေးချင်တယ်..။ တချို ့က ဘာသာမတူလို့.. စိတ်ထဲကအပြင်းအထန်ကန့်ကွက်တယ်..။ တချို ့က.. သက်ကြီးတွေဒုက္ခိတတွေကို…အထူးအခွင့် ပေးချင်တယ်..။
    အဲဒီလိုမတင်မကျ.. ပဋိပက္ခတွေထဲ.. လူမှုဆက်ဆံရေးစံနစ်တွေ..လောကနီတိတွေ..ကြားညပ်သွားတယ်လို့ မြင်မိတယ်..။

  • zawana

    July 28, 2011 at 4:19 pm

    မြန်မာပြည်မှာ လိုင်းကားစီးရတာကလည်း တခါတခါတော့ မဆီမဆိုင် အကုသိုလ်ဖြစ်ရ၊ ကုသိုလ်ဖြစ်ရနဲ့ ပါဗျာ။ ကားစီးနေတယ်ဆိုတော့ ဘေးပါတ်ဝန်းကျင်ကိုလည်း သတိပြုမိတာပဲကိုး။ ကျနော်လည်း ကားစီးတိုင်း အဲလို အတ္တကြီးတဲ့ လူတွေ တွေ့ရလွန်းလို့ တစ်ခါမှာတော့ ကားပေါ်မှာ ရပ်စီးတဲ့လူ မကုန်မချင်း မတ်တပ်ရပ်စီးမယ်လို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။ စပယ်ရာတွေတောင် တစ်နေ့လုံး ရပ်နေနိုင်သားပဲ။ သာမာန် ကျန်းမာရေးကောင်းတဲ့လူဆို လုပ်နိုင်ပါတယ်။ ကြာတော့လည်း အကျင့်ပါသွားတာပါပဲ။ ပြောရဦးမယ်။ ဒိုင်နာကားတွေစီးရင် မတ်တပ်ရပ်တာတောင်မှ ဒီတိုင်းရပ်လို့ မရဘူးဗျ။ ဒူးလေးကို နည်းနည်းလေး ကွေးထားပေးရတယ်။ ဒါမှ ချိုင့်တွေဘာတွေထဲကျသွားရင် ကားခုန်ပေမဲ့ လူက လိုက်မခုန်တော့ဘူး။ ဒူးလေးပဲ ညွှတ်ညွှတ်သွားတာ။ မြန်မာပြည်က ကားစီးရပုံများ … ခုတောင် စဉ်းစားမိရင် ရယ်ချင်နေတုန်းပဲ။

  • pan pan

    July 29, 2011 at 9:28 am

    အဲဒါမျိုးပိုစ့် ရေးမယ်စဉ်းစားနေတာ
    ကိုယ်တိုင်လည်းကြုံဖူးတယ်
    မှတ်တိုင်မှာကားရပ်တဲ့အချိန်(ကားပေါ်မှာလည်း လူရှင်းနေရင်) မတရားလုတက်ကြတယ်
    မိန်းမတွေကတော့ ထားပါတော့
    တချို့ယောက်ျားရင့်မကြီးတန်မဲ့ မတရားလုတက်တာ
    ဆူးလေမှာ ညနေခင်းအိမ်ပြန်ချိန်ဆို အရမ်းဆိုးတယ်
    ဒဂုံပြန်တဲ့ ဘီအမ်ကားတွေပေ့ါ
    တော်ရုံမိန်းကလေးတွေ တိုးမတက်နိုင်ဘူးလေ
    တခါသားကျတော့ ၁၇၄ကားစီးတာ ယောက်ျားကြီးတစ်ယောက်(၃ဝကျော် သန်သန်မာမာကြီး)က အတင်းတိုးတက်တယ်
    ကားပေါ်မှာ နေရာလွတ်တွေကျန်သေးတာကိုး
    အဲဒါနဲ့ သူ့ပြိုင်မတိုးနိုင်တာနဲ့ သူတက်ပြီးမှတက်ရတယ်
    ကားပေါ်ရောက်တော့ နှစ်ယောက်ထိုင်တစ်လုံးလွတ်နေတယ်
    သူထိုုင်လိုက်တော့ ဘေးမှာတစ်ယောက်စာတော့ ကျန်သေးတာပဲဆိုပြီး ဝမ်းသာအားရပြေးထိုင်လိုက်တယ်
    အဲမှာအဲလူက ဘာလုပ်တယ်မှတ်လဲ သူကတစ်ယောက်တည်းမဟုတ်ဘူး
    သူ့အဖော်တစ်ယောက်ပါသေးတယ်
    ကျွန်မထိုင်ခါနီး အဲလူကို အတင်လှမ်းခေါ်တယ် “ကို—–လာထိုင်၊ လာထိုင်”တဲ့
    အလေးအပင် အထုတ်အပိုးလည်း ဘာမှပါတာမဟုတ်ဘဲနဲ့
    (အဲလူက နောက်မှတက်လာတာ၊ အစက တစ်ယာက်တည်းမှတ်တာ)
    အဲဒါနဲ့ ကိုယ်ကသူတို့နဲ့တော့ ပြိုင်လုမနေချင်တာရယ်၊ သူတို့လိုလူတွေနားမနေချင်တာရယ်ကြောင့် ထိုင်မယ်လုပ်ပြီးကာမှ ပြန်ဖယ်လိုက်ပြီး ခပ်ဝေးဝေးမှာသွားရပ်နေလိုက်တယ်
    ကားပေါ်ကလူတွေက သူတို့ကိုဝိုင်းကြည့်ကြတယ်
    အဲဒါလည်းမရှက်ဘူး၊ ခပ်တည်တည်ပဲ
    မနက်မနက် ရုံးတက်ခါနီး ဘတ်စ်စကားစီးတော့လည်း အဲလိုပဲ ယောက်ျားကြီးတွေအတင်းတိုးတက်တာ ကြုံရတယ်
    ရုံးဆင်းလည်းအဲလိုဘဲ
    ခုဟာက လူတိုင်းလိုလိုဖြစ်နေတာ
    အတင်းမတိုးဘဲ အမျိုးသ္မီးတွေဦးစားပေးတဲ့ယောက်ျားတွေတော့ တွေ့ဖူးပါတယ်
    အရမ်းရှားတယ်
    ရုံးရောက်တော့ ဓါတ်လှေကားစောင့်တော့လည်း အဲလိုပဲ
    ယောက်ျားကြီးတွေအရမ်းတိုးတယ်
    တခါက ရုံးကအစ်မကြီးတစ်ယောက်က မကြားတကြားအော်လိုက်တယ်
    “သူ့တို့က ယောက်ျားတွေပဲ။ တိုးနိုင်မှာပေ့ါ၊ အားရှိတာကိုး၊ ငါတို့ကမတိုးနိုင်လို့ ကျန်ခဲ့ရတာ”တဲ့
    တန်းစီစနစ်သတ်မှတ်ထားပေမယ့် မရပါဘူး
    တိုးကြတာပါပဲ
    (မြန်မာနိုင်ငံမှာတော့ ထိုင်ခုံ(နေရာ)လုတာ အဆန်းမဟုတ်တော့ပါဘူး၊ အကျင့်ဖြစ်နေကြပြီ)

  • KoNyeinChan

    July 29, 2011 at 10:43 pm

    တွေ ့ဖူး ကြုံဖူးတဲ့ ကိုကို ဦးဦး ဘဘတွေ ကတော့..
    ရန်ကုန်မြို ့ထဲကနေ အိမ်ပြန်ဖို ့ထွက်ဖို ့အချိန်စောင့်နေတဲ့ လိုင်းကားပေါ်တက်လိုက်ရော နှစ်ယောက်ခုံမှာ တစ်ယောက်စာလွတ်လို ့ကြည့်လိုက်ရင် အထုတ်ချထားပြီးတော့ လူရှိတဲ့ပုံဖမ်းထားတာ.. အသက်ကြီးကြီး၊ မသန်မစွမ်း၊ ကိုယ်ဝန်ဆောင် တွေလာလည်း နေရာမပေးသေးဘူး.. ကောင်မလေး/တွေ တက်လာမှ အထုတ်ဖယ်ပေးလိုက်တာတွေ တွေ ့ဖူးတယ်
    ခရီးဝေးသွားရမယ့် ဘတ်စ်ကားတွေဆိုရင်လည်း တချို ့ဆို မိန်းကလေးနာမည်နဲ ့ ဘွတ်ကင်လုပ်ထားတာ.. တချို ့သော ခရီးသွားမိန်းကလေးတွေက မိန်းကလေး အဖော်ချင်းဘဲ ထိုင်ချင်တာကိုသိထားလို ့လေ.. သူငယ်ချင်းမိန်းကလေးတစ်ယောက်ပြောပြတာက သူလက်မှတ်မဝယ်ခင် ထိုင်ခုံစာရင်းကြည့်လိုက်တော့ ဘေးမှာ မိန်းကလေးနာမည်နဲ ့မို ့ယူထားလိုက်တာ.. တကယ့်တကယ် ကားထွက်ခါနီးကျတော့ တက်လာလိုက်တာ အန်ကယ်ကြီးတဲ့.. သူ ့ကိုလည်းမြင်လိုက်ရော သွားကြီးကိုဖြီးလို ့တဲ့.. ဟီး ဟီး..

Leave a Reply