ငပွကြီး လွန်သလား ….
ဟိုတစ်နေ့ က သားအမိ သားအဖ သုံးယောက် မနက်စာ စားဖို. လက်ဖက်ရည်ဆိုင် သွားကြတယ်..ပုံမှန်ဆို အိမ်မှာပဲ မနက်စာ စားနေကျမို. ရံဖန်ရံခါ ဆိုင်မှာ စားတုန်းလေး တဝ ကြိတ်ကြပါတယ်.. အဲဒီဆိုင်က လက်ဖက်ရည်လဲကောင်း၊ စားစရာလဲ စုံပါတယ်..အာလူးပူတီ ၊နန်းကြီးသုတ် တစ်ယောက် တစ်ပွဲနဲ့ မဝလို့ နောက်တစ်ပွဲ ထပ်မှာ ၊ တစ်ယောက် တစ်ဝက်စားနဲ့ ဗိုက်တော်တော်လေးကားမှပဲ ပိုက်ဆံရှင်းတော. စားပွဲထိုးမလေး ရောက်လာပါတယ်..စားထားတာတွေ ကြည်.ပြီး ၅၀၀ဝ ကျတယ်တဲ့ … ကျမတို. က ပိုက်ဆံရှင်းခါနီးဆို ပြန်စစ်တတ်တဲ့ အကျင့်ရှိတော. ကောင်မလေးကို ဈေးတွေ ပြောခိုင်းပြီး ပြန်တွက်ပါတယ်..စားထားတာများပေမဲ့ ၅၀၀ဝ တော့ မကျဘူးလို.လဲထင်လို.ပါ.. တကယ်တွက်ပြီးတော့ ၃၈၀ဝ ပဲ ကျပါတယ်..ကဲ ဒီအထိထားဦး .. အမေက ၄၀၀ဝ ပေးလိုက်ပါတယ်… အကြွေ ၁၀ဝ မပါဘူးလားတဲ့…. ဟုတ်ပြီ ၁၀ဝ လဲပါတယ်… သူဘာလုပ်မလဲ ကြည့်ရအောင် အကြွေ ၁၀ဝ ပါပေးလိုက်တယ်.. ခဏနေတော့ ကောင်မလေး ပိုက်ဆံ ပြန်လာအမ်းပါတယ်… ၂၀ဝ တန် တစ်ရွက်နဲ့ ဘောပင် တစ်ချောင်းပါ… အဲတော့မှ အမေက ” သမီးရယ် ကျတာက ၃၈၀ဝ ၊ အန်တီက ၄၁၀ဝ ပေးတော့ သမီး ၃၀ဝ အမ်းရမှာလေ..ဘောပင်က ဘာလို.ပါလာတာလဲ “ဆိုမှ “အော် ” ဆိုပြီး တစ်ခါ ပြန်သွားယူပါတယ်… ပြီးတော့လာပြန်အမ်းတာက ခုနက အမေပေးလိုက်တဲ့ ၁၀ဝ တန်လေးပါပဲ…ကျမတို့ အားလုံးပြုံးဖြစ်ကြပါတယ်… ဒီနေရာမှာ သူက ၅၀၀ဝ ကျတယ်ဆိုကတည်းက ပြန်မစစ်ဘဲ ပေးသွားတဲ့ သူတွေ ရှိမှာပါ…ဒါကြောင့်လဲ ဒီလို လုပ်တယ်လို. ထင်ပါတယ်.. အကြွေ ပြဿနာကတော့ နေရာတိုင်းဖြစ်နေတာမို. မပြောလိုပေမဲ့ ဒီလို မဆီမဆိုင် ဘောပင်အမ်းတာတော့ စနိုးစနောင့်နဲ့ ..သူ့သဘောနဲ့သူပဲ လုပ်နေသလား ..ဆိုင်ရှင်ကပဲ သင်ထားသလား ..စဉ်းစားစရာပါ…ဒါက မနက်ခင်းဖြစ်တဲ့ ဇာတ်လမ်း…
အဲဒီနေ့ပဲ အိမ်မှာ အလုပ်များပြီး ဟင်းမချက်နိုင်တာနဲ. ညနေစာကိုလဲ အပြင်မှာပဲ စားဖြစ်ကြပါတယ်… ညနေခင်းဆိုတော့ အဖေကလဲ ဘီယာလေးသောက်ချင်တာနဲ့ တရုတ်ဟင်းလျာ စုံစုံနဲ့ ဘီယာရော ၊ အကင်ရော ရတဲ့ ဆိုင်တစ်ဆိုင်ဆီ သားအမိ သားအဖ သုံးယောက် ချီတက်ကြပြန်ပါတယ်..စားပွဲထိုးကောင်လေးရောက်လာတော့ အဖေက သူ့အတွက် တိုက်ဂါးတစ်ခွက်နဲ့ အကင်မှာပါတယ်.. ဒီနေရာမှာ ..မှာတဲ့ အကင်တွေကို ပြောပါရစေ… ကြက်တောင်ပံ —- ၁ ကင် ၊ ကြက်ဆီဘူး—- ၁ ကင် ၊ ရုံးပတီသီး ၂ကင် ၊ ကြက်သွန်ဖြူ ၂ ကင် ၊ အာလူး ၁ ကင် ပါ။ ဒါက အဖေ ဘီယာနဲ့စားဖို့ပါ .. ကျမတို. သားအမိက အဆီဘူးဆို အနံ့ မခံနိုင်လို့ မစားပါဘူး…နောက် ဟင်း ၃ ပွဲနဲ့ ထမင်းဖြူ ၃ ပွဲမှာ လိုက်ပါတယ်…စားပွဲထိုးလေးက ကျမတို့ မှာတဲ့အတိုင်းပြန်ရွတ်ပြသွားပါသေးတယ်….ခဏနေတော့ အကင်တွေ အရင်လာချပါတယ်… ရုံးပတီသီး ၊ အာလူး၊ ကြက်သွန်ဖြူ အားလုံး သူ့အရေအတွက် အတိုင်း မှန်ပါတယ်..ပြဿနာက ကြက်ကင်မှာ စပါတော့တယ်.. ကြက်တောင်ပံကင်ကို ပန်းကန်နဲ. အပြည့် တစ်ပွဲလာချပါတယ် .. အကင်ဆိုင်တွေမှာ အကင်ဆိုပေမဲ့တုတ်နဲ့မဟုတ်ဘဲ စားရလွယ်အောင် ပန်းကန်နဲ့ ပြင်ဆင်ပေးတာကြောင့် ကျမတောင် ကြက်တောင်ပံ တစ်ကင်က များသားပဲလို့ တောင်တွေးမိပါတယ်.. အမေကတော. ” ဟဲ့..ဒါ တစ်ကင်တည်းမဖြစ်နိုင်ဘူးနော်..မေးပါဦး “ဆိုလို. ဒီပွဲထဲ အဆီဘူးပါ ပါနေမလားဆိုပြီး သေချာကြည့်မိပါသေးတယ်.. စားပွဲထိုးကိုခေါ်တော့ ဆီဘူးတစ်ပန်းကန်နဲ့ ထပ်ရောက်လာပါတယ်…ဒါက ဘယ်လိုလဲလို. မေးတော.မှ “ဦးတို့မှာတဲ့ အတိုင်း တစ်ပွဲဆီပါ” တဲ့…ဒါနဲ့ တစ်ပွဲကို ဘယ်နှချောင်းပါလဲ ဆိုတော့ ၅ ချောင်း တဲ့ … ဒါနဲ့ပဲ အဖေက “မင်းကို တစ်ကင်ဆီပဲ မှာတာ ဘာလို့ တစ်ပွဲချလဲ ” ဆိုတော့ “ဦးလေးကို တစ်ကင်လား မေးတော့ တစ်ပွဲဆိုလို. တစ်ပွဲချပေးတာ ၊ ကျနော်တောင် ပြန်ရွတ်ပြလိုက်သေးတယ် ” တဲ့….စကားလုံးလေး တစ်လုံးနဲ့ အဲဒီလို မလိမ့် တစ်ပတ်လုပ်တာလောက် အသည်းယားတာ မရှိဘူး..ဒါနဲ့ အဖေက ” ဒါဆို မင်း အာလူးတို. ၊ ကြက်သွန်ဖြူတို့ကျ တစ်ကင်စီ ချပြီး တောင်ပံနဲ့ ဆီဘူးကျမှ ဘာလို့ ပွဲနဲ့ချလဲ” လို.မေးရော.. အဲလိုနဲ့ အငြင်းပွားရရော…နောက်တော့ အဖေက ‘မင်းကို ငါ တစ်ကင်မှာတာ တစ်ကင် ဖိုးပဲ ပေးနိုင်မယ်.. ကျန်တာ မင်းဟာမင်းရှင်း… မဟုတ်ရင်တော့ မင်းတို့ မန်နေဂျာနဲ့ ရှင်းရလိမ့်မယ် ” ဆိုမှ ဒါဆိုလဲ ပြန်လျှော့ပေးပါ့မယ်ဆိုပြီး ပွဲတွေ ပြန်ယူသွားပါတယ်..ခုတလော ကြုံတွေ့နေရတာကတော့ နေရာတိုင်းလိုလို မလည် ရှုပ်၊ မလိမ့်တပတ်နဲ့ ၊ ကိုယ်ကလဲ မမှန်တာဆို “ထားလိုက်ပါတော့လေ ” ဆိုပြီး လျစ်လျူမရှုနိုင်တော့လဲ ခက်ပေသားပဲ..
“ဟိုလူနဲ. မတည့် ဒီလူနဲ့ မတည့် မင်းတော့ ငပွကြီးဖြစ်နေပြီ ” ဆိုပြီး ပြောတတ်ကြတာ သတိရမိပါရဲ့… ဒါပေမဲ့ ဟိုလူ ဒီလူတွေက မဟုတ်တာတွေ မမှန်တာတွေ လုပ်နေလို့ အလိုလို ငပွကြီးဖြစ်မှန်း မသိဖြစ်နေရရင်တော့ ” ဒါ ငပွကြီး အလွန်လား ” လို့ပဲ မေးလိုက်ချင်ပါတော့တယ်။ ။
23 comments
chitpyae
July 30, 2011 at 6:57 am
ငပွကြီး မလွန်ပေါင် ….. 🙂 🙂 😛
PaukPhaw
July 30, 2011 at 9:53 am
စိတ်ထိန်းပါ တီတီ ငပွ ကြီးရယ်
ဒါမျိုးက…ဖြစ်တတ်ပါတယ်.
အဲလိုဆိုင်မျိုး..နောက်ခါ မသွားမိဖို ့ပဲ လိုပါတယ်..
ကျနော်တို ့လဲ ဘယ်နှခါခံခဲ့ရလဲ မရေတွက်နိုင်တော့ပါဘူး
လိုင်းကားခတွေ၊စားသောက်ခတွေ..ခဏခဏ ဂျင်းထဲ့ ခံရတယ်..
တီတီ ငပွလို ငပွ လုပ်တတ်ချင်ပေမဲ့ ရှည်ရှည်ဝေးဝေး စကားမပြောချင်တာကြောင့် အမျှဟူ၍သာ ပေါ့
MOEPWINTPHYU
July 30, 2011 at 10:03 am
ဟုတ်ပါတယ် အဲလိုပဲခံရပေါင်းများပြီ
တစ်ခါတစ်လေ ကိုယ်ကပဲ ညစ်ချင်စရာကောင်းတဲရုပ်ဖြစ်နေလိုလား
စိတ်ဓာတ်တွေပဲ မကောင်းကြလိုလား တွေးမိတယ်
Han Lin
July 30, 2011 at 10:11 am
လွန်ဘူး..
P zer
July 30, 2011 at 10:19 am
ဒါက တနေ့ထဲ ၂ ခါခံရလို့ ရေးပြလိုက်တာပါ.. မကြွေမရှိလို. ၃၅ဝ အမ်းရမှာ ၃၀ဝ ပဲအမ်းတာတို. ၊ ၅ဝ တန် တစ်ရှူးကို ၁၀ဝ အနေနဲ့ အမ်းတာတို. ၊ ၂၄၀ဝ ကျတာ အကြွေ မရှိမှာစိုးလို. ၂၅၀ဝ ယူလိုက်တယ်တို.နဲ့ ပါပေါင်းလဲ မနည်းပါဘူး။ အိတ်ထဲမှာလဲ သကြားလုံးတွေ ၊ တစ်ရှူးတွေ ၊ ဘောပင်တွေ မနည်းတော့ပါဘူး။ ဒီလိုလေးမှ ပွပွမပေးရင် ကြာရင်ကိုယ့်ဒေါသနဲ့ကိုယ် ပေါက်ထွက်သွားမှာ စိုးလို.ပါ ဦးဦးပေါက်ရယ်…. 😛
pan pan
August 1, 2011 at 3:03 pm
တကယ်ကိုအကြွေမရှိလို့ အစားထိုးအမ်းရင်လက်ခံတယ်
အဲလိုမဟုတ်ဘဲ အကြွေအမ်းတာကိုပါ ဈေးကွက်ချဲ့ထွင်တာတော့ မုန်းတယ်
ကိုယ့်ဆီလာဝယ်တဲ့လူကို တတ်နိုင်သလောက် ဝန်ဆောင်မှုကောင်းကောင်းပေးရမှာပေ့ါ
ညှပ်ချတိုင်းခံနေရမှာလား
မဟုတ်မခံလုပ်ရင် အလိုလိုနေရင်း ငပွကြီးနာမည်အတပ်ခံရတယ်
ဒီလိုသာဆိုရင် ငြိမ်ခံရတော့မှာလား
ပွသင့်ရင် ပွပစ်
နိုင်ကြီး
July 30, 2011 at 10:34 am
တလောကလုံးမှားတာပါ ငပွကြီးမှန်တယ်
ogre
July 30, 2011 at 11:34 am
ပွကြီးမလွန်ဘူးလွန်တာက
ကြီးပြီး ပွလာတဲပိုက်ဆံတွေကြောင့်ပဲ
စုံ စုံ
July 30, 2011 at 11:55 am
ဆိုင်တချို့ကတော့ယုံလို့ကိုမရဘူး
သူတို့ပြောတဲ့ဈေးကိုကိုယ်ကပြန်တွက်ရတယ်
မတွက်လို့ကတော့ပါမယ်သာမှတ်
ဟိုတလေကမှသူငယ်ချင်းတယောက်ပြောသေးတယ်
အင်းလျားလမ်းမှာမုန့်ဟင်းခါးသွားစားတာ
စားတာက၄ယောက်
စားတော့လဲပုံမှန်ဘဲအကြော်တခုစီထည့်ငါးဖယ်တခုစီထည့်စားတာပေါ့
ပိုက်ဆံရှင်းခါနီးတွက်ခိုင်းလိုက်တော့၂သောင်းတောင်ကျတယ်တဲ့
သူတို့လဲတော်တော်မျက်လုံးပြူးသွားကျတယ်
နောက်တော့မှလူပုံစံတွေကိုကြည့်ပြီးစာရင်းပိုတွက်ကြတာမှန်းသိသွားကြတယ်လေ
အခုဖြစ်တာကလဲ P zer တို့မိသားစုကမလွန်ပါဘူး
ကိုယ်တွေကဘောစိရုပ်ပေါက်နေလို့စာရင်းပိုတွက်တယ်လို့ဘဲသဘောထားလိုက် 🙂 🙂
Grace
July 30, 2011 at 6:21 pm
အဲဒီဆိုင်က မုန့်ဟင်းခါးရောင်းတာလား ရတနာစိန်ကျောက်ရောင်းနေတာလားတောင် မသိတော့ပါဘူး။ ပြန်တွက်ကြည့်ဖို့ ဘယ်ဟာဘယ်လောက်လဲ မေးကြည့်ရမှာတောင် ကြောက်နေရတယ်။ ကိုယ့်ကို ပိုက်ဆံမပါပဲ အလကားလာစားတဲ့လူလိုလို၊ မစားနိုင်ပဲလာစားသလိုလို ….:(
Foreign Resident
July 30, 2011 at 6:41 pm
I have been there (အင်းလျားလမ်းမှမုန့်ဟင်းခါးဆိုင်),
– ပြန်တွက်ကြည့်ဖို့ ဘယ်ဟာဘယ်လောက်လဲ မေးကြည့်ရမှာတောင် ကြောက်နေရတယ်။
– ကိုယ့်ကို ပိုက်ဆံမပါပဲ အလကားလာစားတဲ့လူလိုလို၊
– မစားနိုင်ပဲလာစားသလိုလို
– Moreover, decoration are bad
What a surprised saying, those funny rich people said :
“If you don’t like အင်းလျားလမ်းမှမုန့်ဟင်းခါး, then, you might be poor”
But, in fact, I don’t like the taste of this မုန့်ဟင်းခါး
Really, annoying. 🙂
TNO
July 30, 2011 at 7:50 pm
အဲဒီဆိုင်က စာရင်းပြန်တွက်ခိုင်းရင် ဘုဆတ်ဆတ်နဲ ့ရတယ် မပေးနဲ ့တော ့စားသွားလို ့ပြောတာလည်း ကြုံ ဘူးတဲ ့လူရှိတယ်၊ ကိုယ်တွေတော ့တခါမှ မရောက်သေးဘူး၊ စုပြီး တခါလောက်သွားစား၊ ပြီးရင် စာရင်းတွက်ခိုင်း ၊ ရတယ် မပေးနဲ ့စားသွားလို ့ပြောလို ့ကတော ့ပါဆယ်ပါ ဆွဲသွားလိုက်မယ်
mzm
July 30, 2011 at 12:37 pm
ကိုငပွကြီးမလွန်ပါဘူး လွန်တာကအောင်မင်းနေမှာပါနော့်
manawphyulay
July 30, 2011 at 1:01 pm
ဒါကတော့ ငပွကြီး မလွန်သင့်ပါဘူးလေ… သူတို့လွန်တယ် ဟွန်း ငပွကြီးပဲပြောနေကြတာပဲ…
ကိုပေါက်(မန္တလေး)
July 30, 2011 at 2:38 pm
ခင်ဗျာနဲ့ကျနော်စိတ်ခြင်းတူမယ်။
လူပါးဝတယ်ထင်ရင် မခံနိုင်တော့ချက်ခြင်း ပြန်တုန့်ပြန်တတ်တယ်။
အဲဒီအခါကျတော့လူတွေက တံဆိပ်ကပ်ပေးပါတယ်၊
ကိုပေါက်က သီးမခံဘူး အရေပါးတယ်ပေါ့။
P zer
July 30, 2011 at 4:41 pm
အရေပါးတယ်ဆိုတာကလဲ လူတွေကပဲ မပါး ပါးအောင် လာလုပ်နေကြတာကိုး…
တလောကလဲ ဆိုင်တစ်ဆိုင်မှာ ကင်းပုစွန်ကင် သွားစားကြတယ်.. မီနူးထဲမှာ ၅၀၀ဝ ရေးထားပြီး ဘီလ် ထွက်လာတော့ ၆၀၀ဝ ဖြစ်နေလို့ မေးတော့မှ … ကင်းပုစွန်က အရှင်ပဲ ရှိလို့ သတ်ပေးရလို.ပါတဲ့ ၊ အမတို့က အရှင်ဆိုရင် မစားရဲမှာ စိုးလို့ကြို မပြောတာ တဲ့… ကျေးဇူးကြီးပါပေ့ မောင်မင်းကြီးသားရယ်.. 🙁
windtalker
July 30, 2011 at 10:11 pm
ဆိုးတဲ့ ဆိုင် ကြ တော့ လည်း တော်တော် ကို ဆိုးတယ်
ဒါပေမယ့် အဲဒီလို စားသောက်ဆိုင် မျိုး နည်းလာပြီ လို ့ထင်ပါတယ်
တစ်ဆိုင်နဲ ့တစ်ဆိုင် ဝန်ဆောင်မှု တွေ အပြိုင်အဆိုင် ရှိလာတဲ့ အချိန်မှာ
ဒီလို ကြုံ ခဲ့ ရတဲ့
ငပွကြီး မလွန်ကြောင်း
unclegyi1974
July 30, 2011 at 10:38 pm
စားပွဲထိုးပဲစားသလားဆိုင်ရှင်ပဲစားသလား
မြန်မာပါးစပ်ကလည်းမေးရမှာကိုအလွန်ဝန်လေး
တကယ်ဆိုဆို်င်ရှင်ခေါ်ပြီးပြောလိုက်ပြီးရော
ဘတို့တော့တခါမှမကြုံဖူး
တခါမှသွားမစားလို့
ရွှေဘိုသား
July 30, 2011 at 10:41 pm
ကိုပွကြီးမလွန်ဘူး
PMP
July 30, 2011 at 10:54 pm
ကျုပ်လည်းပြောအုံးမယ်တော့…ရန်ကုန်မြို့က နံမည်ကြီး ဟော့ပေါ့ဆိုင်တစ်ဆိုင်ပေါ့..မှန်ရှေ့မှာကပ်ထားတာက ၄၀၀၊၅၀ဝ နောက်ရေခဲသေတ္တာတခုရဲ့မှန်မှာတော့ ၁၀၀၀၊၁၅၀ဝ တဲ့။ အဲ့ဒါနဲ့ ဈေးကြီးတဲ့ထဲက နည်းနည်းယူပြီး၊၄၀၀၊၅၀ဝတန်ထဲကများများယူလိုက်တယ်..၄၀၀၊၅၀ဝဆိုလို့အထင်မကြီးနဲ့..ပဲပြားလိပ်တို့ ကျောက်ပွင့်တို့တရုတ်မှိုတို့ပါ…ဟို၁၀၀၀၊၁၅၀ဝကတော့ ကဏန်းတွေ ပုဇွန်တွေပေါ့လေ… စားပြီးလို့ပိုက်ဆံရှင်းတော့ ၅သောင်းတောင် စားတာမှ ၃ယောက်ထဲ.. အဲ့ဒါနဲ့ ဟာ..ဘယ်လိုဖြစ်တာလဲဆိုတော့ ၄၀၀၊၅၀ဝတန်ဆိုတာ အရွက်တွေဘဲတဲ့..ဒီကျောက်ပွင့်တွေ ၊ ပဲလိပ်တွေ၊မှိုတွေက ၁၅၀ဝတဲ့…ဟိုဘက်မှာမဆန့်လို့ ဒီဘက်ထည့်ထားတာတဲ့…မလိမ့်တပတ်လုပ်မှန်းသိပေမယ့်လည်း ရှင်းပေးလိုက်ရတော့တယ်.. ငပွကြီးလုပ်တာမှန်တယ်။ဒါမှ သူတို့နောက်ထပ် ထပ်မလုပ်ရဲကျမှာ..:(
leonus007
July 30, 2011 at 11:30 pm
ဆိုင် နာမည် တွေပါ ထုတ်ပြောလိုက်ရင် ကောင်းမယ်ဗျ။ တခြားလူ တွေလဲ ဆင်ခြင်ရတာပေါ့။ ဆိုင်ရှင်တွေ ဖတ်မိ ရင်လဲ ဆင်ခြင် ရအောင်ပေါ့။
aungnng87
August 1, 2011 at 3:24 pm
ဟုတ်ပါတယ်.။ရေးမှတော့ တိတိကျကျသာရေးပါ။ကိုယ့်ဖက်ကမှန်နေတာဘဲ။အချိန်မရွေးရှင်းရဲတယ်လေ။
P zer
August 1, 2011 at 9:49 pm
မရှင်းရဲစရာ အကြောင်းတော့မရှိပါ။ တလောက Net Sky ဆိုတဲ့ internet ဆိုင်ရှင်က မတရားလုပ်တဲ့ အကြောင်းဖတ်လိုက်ရပါတယ်… Post တင်တဲ့ သူက စောင့်စည်းသောအားဖြင့် ဆိုင်နာမည် ထည့်မရေးပေမဲ့ သိတဲ့သူက သိလို့ ဘယ်ဆိုင်ဆိုတာ ပေါ်လာပါတယ်…ဆိုင်ရှင်မှားနေကြောင်း အားလုံးကထောက်ခံပြီး အမှန်ဘက်က ရပ်တည်ပေးကြပါတယ်….အဲမှာ Pa Tone ဆိုသူက ဆိုင်နာမည် ထည့်ရေးတော့ သူများ စီးပွားရေးကို ဘာဖြစ်တယ် ..ညာဖြစ်တယ်နဲ့ ဝင်မန်းပြီး မဆီမဆိုင်တာတွေ ဝင်ရေးသွားပါတယ်
ကျမက စာရေးဆရာ စစ်စစ်မဟုတ်တဲ့ အတွက် ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ နားမလည်သေးပါဘူး .. ဒါကြောင့် ရေးသင့် မသင့် ချင့်ချိန်နေရင်း ထည့်မရေးဖြစ်တာပါ…
အားလုံးက ဆိုင်နာမည်ရေးသင့်တယ်လို.ပြောရင် ရေးမှာပါ။