Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူကြီး သို ့အစာကြေဆေး တောင်းခြင်း

မောင် ပေAugust 4, 20111min87152

ဂေဇက် မှာ မန်ဘာ အသစ်တွေ တိုးလာပါတယ်

ဝမ်းသာစရာပါပဲ

ပထမ ဆုံး ပြောချင်တာ က

ဒီဆိုက် မှာ စာရေးရင် ပိုက်ဆံ ပေးတယ် ဆိုတဲ့ ဟာပါပဲ ၊ ၁ သိန်း ပြည့်ရင် ထုတ်ပေးမယ် လို ့ကြေငြာထားပါတယ်

အခု ဒီစာ ကို ရေးနေတဲ့ သူ ဟာ အဲဒီ တစ်သိန်းပြည့်အောင် ရေးဖူးသူ မဟုတ်ပါ ။ သို ့သော် အခု ဖတ်နေတဲ့ စာကို ရေးနေသူ ကျွန်တော် ဟာ

အရင် က ဘယ်ဆိုက်မှာ မှ စာမရေးခဲ့ဖူးပါ ။ ယခု ဖတ်နေတဲ့ ဂေဇက် ကို စတွေ ့ပြီး မှ ၊ အွန်လိုင်း တွင် စာစရေးဖူးခြင်း ဖြစ်ပါသည် ။

ပထဦးစွာ ပြောချင်တာ က တော့

ဒီဆိုက် မှာ ရှိနေပြီးသား သူတွေ ဟာ အသက် ၄ဝ ကျော် ၅ဝ ကျော် တွေ များပါတယ် ။ ဒုတိယ အများ ဆုံး က ၃ဝ တန်းတွေ ပါ

ဒုတိယ အချက် ပြောချင်တာ က တော့

ဒီဆိုက် ကို နိုင်ငံပေါင်းစုံ မှ မြန်မာ များ က ဖတ်ရှု နေကြ တယ်လို ့ဆိုပေမယ့်

အဓိက ဖတ်နေတဲ့ စာဖတ်သူရဲ  ့ထက်ဝက် လောက်က  မြန်မာနိုင်ငံ က ဖြစ်ပါတယ်

မြန်မာနိုင် ငံ က လို ့ဆိုလိုက်တာ နဲ ့

နှေးကွေးတဲ့ အင်တာနက် လိုင်း ကို အရင်ဆုံး သတိပြု မိကြမှာပါ

အခု စာရေးနေတဲ့ ကျွန်တော် ဟာ စာဖတ် ရတာ အရမ်း ဝါသနာ ကြီး ပြီး ၊ စာရေးဖို ့ကြိုးစားနေသူ တစ်ဦးပါ ။

ပြောချင်တာ က တော့

အင်တာနက် ဆိုင် ကို ရောက်လို ့၊ ကွန်ပျူတာ ရှေ   ့ကို ရောက်လို ့၊ ဂေဇက် ကို ဘာလို ့အန်းတား ခေါက်တာလဲ ဆိုရင်

နိုင်ငံရေး သတင်းထူးသော်လည်းကောင်း ၊ ပြည်တွင်း သတင်း များ ကို သော်လည်းကောင်း

ကိုယ်ပိုင်တွေးခေါ ် ရေးသားထားသော ဝတ္ထု ၊ ကဗျာ ၊ ဘာသာပြန် များ ကို သော်လည်းကောင်း ၊

ဘာသာရေး စာပေများ ကို သော်လည်းကောင်း ၊ နိုင်ငံ တစ်ကာ တွင် ဖြစ်ပျက်နေသော အကြောင်းအရာ များကို သော်လည်း ကောင်း

new version လုပ်ထားတဲ့ စာများ ကို သော်လည်းကောင်း (တုစုပြု)

ဖတ်ရှု လိုသဖြင့်  ဝင်ရောက်တာပါ ။ အင်မတန် နှေးကွေးတဲ့ ကွန်နက်ရှင် ကို သောက်ဂရု မစိုက်ပဲ ။ကုန်ကြမယ့် အင်တာနက် အသုံးပြု ခ ကို သောက်ဂရု မစိုက်ပဲ

ကိုယ် ဖတ်ချင်တဲ့ ပို ့စ် ( ဒီမှာတင်ထားတဲ့ ခေါင်းစဉ်တိုင်း ) ကို new tab ဖွင့် ပြီး  ကျမလာ မခြင်း စောင့်ဖတ်တာပါ

ဒီတော့ ကိုယ် သုံးရတဲ့ အချိန်၊ ကိုယ်ပေး လိုက်ရတဲ့ အချိန် နဲ ့တန် တဲ့ စာတော့ ဖတ်ချင်ပါတယ် ။

ရသ သော်လည်းကောင်း ၊ သတင်း သော်လည်းကောင်း တစ်ခုခု တော့ ရချင်မိတယ် ။

အခုရက်ပိုင်း အတွင်း တွေ  ့နေရတာ က

ဘာမှလည်း မဟုတ်ဘူး ။ စာလေး ဆယ်ကြောင်းလောက် ကို ၊ အများသူငှာ စိတ်ဝင် စားသွားပြီး ဝင်ဖတ်ချင်အောင် မြူဆွယ် ခေါင်းစဉ်ပေးထားတဲ့ ပို ့စ် တွေ ကို ပဲ

တကူးတက အချိန်အကြာကြီး ပေးပြီး ၊ စောင့်ဖတ် မိတော့ ။ ရှင်းရှင်း ပြောရရင် စိတ်ခု တာပေါ့နော် ။

ဒီအတိုင်း သာ ဆက်မြင်နေရမယ် ဆိုရင်

ကျွန်တော် လည်း ထိုနည်းတူ လုပ်မိသွားနိုင်တယ် ။ ကျွန်တော် ဒီလို လိုက်လုပ်ရင် ကျွန်တော် ဘာဖြစ်သွားမလဲ

ကျွန်တော် သောက်ပေါ ဖြစ်သွားမှာပေါ့ ။ ဒါကြောင့် မလုပ်ပါဘူး ။ စိတ်ထိန်းပါတယ် ။

အခု ဒီစာ ကို ရေးရတာ က လည်း

အများသူငှါ မြင်တွေ ့နေရတဲ့ ၊ ဘာမဟုတ် ညာမဟုတ် တဲ့ စာ၁ဝကြောင်းလောက် ပို ့စ်မျိုး ကို နေ ့စဉ် ရက်ဆက် တွေ ့ရပါ များလားလို ့

စိတ်ထဲ မှာ ခါးသလိုလို ရှိလာလို ့

နောက်ပြီး ဆိုက်ပိုင်ရှင် သူကြီး ကိုခိုင် သိစေချင်လို ့

ကောက်ရေးမိတာပါ ။ သူ တစ်ကယ် ကို မျက်နှာလွှဲနေပြီလား ။

ဒီကနေ ့ဂေဇက် ကို အသစ်ဝင်လာတဲ့ ညီညီ ကိုကို ဦးဦး ညီမငယ် မမ ဒေါ ်ဒေါ ်တို ့အားလုံး ကို လေးစားပါတယ် ၊ ကိုယ်လို သူလို စာဖတ်ဝါသနာ ပါသူတွေ လို ့

မှတ်ထင်ပြီး လေးစားမိပါတယ်

သို ့သော် ၊ အနည်းစု ဖြစ်တဲ့ အချို  ့သော အသစ် ၊ အသစ် များ ရဲ  ့

လုပ်ချင်သလို လုပ်တင်နေတဲ့ ပို ့စ်များ ကို တော့

အလွန်အင်မတန် စိတ်ပျက်မိတာ အမှန်ပါပဲ

တော်ပြီလေဗျာ ၊ မသိလို ့တစ်ခါ နှစ်ခါ တင်မိတာ ကို ဂရုမစိုက်ပါဘူး ။ ၃ ခါ ၊ ၄ ခါ အဆက်မပြတ် ဖြစ်လာရင်တော့ …..

စီနီယာ များ လည်း ဘာမှ ဝင်မပြောကြတော့ဘူး လား လို  ့

အံ့ဩမိတယ်

သူကြီး ကိုခိုင်ရေ ၊ ကိုခိုင် ့အနေ နဲ ့အချိန်ပြည့် မတည်းဖြတ် ၊ မကြီးကြပ် နိုင်တာ ကို သိနားလည်ပါတယ်

ခင်ဗျား အိုင်ယာလန် ထီ ပေါက် ထားတယ် ထင်တယ်

သို ့သော်ငြားလည်း

အရှိန်အဟုန်မြင့်မား ၊ တောက်ပ လင်းလက်နေတဲ့

ကိုယ့် ဆိုက် ကို တော့

စည်းမျဉ်းစည်းကမ်း များ ပြန်လည် တင်းကြပ်ပေးပါဦး လို ့

ဒီပို ့စ်ကနေ အများ အမြင် ကို လည်း ၊ တောင်းယူရင်း လေးစားသမှု နဲ ့တင်ဆက်လိုက်ပါတယ်နော် ။

52 comments

  • thit min

    August 4, 2011 at 12:45 am

    It is good comment. I a gree and appreciate this post. I also wanted to say before like that about kinds of “nonsence or meaningless posts”. And, some posts carry only one tiny messege, but author has been writing a very very lone meaningless “background”.Next, the older posts or previous posts also appear again.Moreover, some author posted normal story or own feeling.
    I am not dare to say stop these kinds of matters, it is just my own opinion.

  • ပြောရမယ်ဆိုရင်တော့ ကျွန်တော့်ကိုလဲ လူဟောင်းအနည်းအကျဉ်းလောက်ကပဲ မှတ်မိတော့မှာပါ.. မြန်မာနိုင်ငံကို တစ်လပြန်ရောက်ခဲ့စဉ်က ရေးသားစရာ ကုန်ကြမ်းတွေကို တွေ့ခဲ့ပေမယ့် Copy Right အကြောင်းကိုပြောရင်း ပြောရင်းနဲ့ ညောင်းသွားလို့လားမသိ၊ ကိုယ်ကိုယ်တိုင်ရေးချင်စိတ် ကုန်ခမ်းသွားတာ ခုထိ ဘာမှကိုမရေးဖြစ်တော့ဘူး.. ဘာပဲပြောပြော ကျွန်တော်လဲ ဒီဆိုက်မှာပဲ စာရေးဖြစ်ပါတယ်.. နောက်ဆိုက်တစ်ခုကတော့ Gmail မှာပေါ့လေ (ဒါတော့သဘောပေါက်) 😀 ခုလိုမျိုး သောင်းပြောင်းထွေလာဖြစ်နေတာကိုတော့ ဖတ်ရတဲ့သူတွေကိုလဲ အားနာသလို ကိုယ်ကိုယ်တိုင်ဖန်တီးလိုက်တဲ့ စာတစ်ပုဒ်ကလဲ သူများတွေလို ပေါပေါပဲပဲ ဖြစ်သွားမှာစိုးတဲ့အတွက် မရေးဖြစ်တော့ပါကြောင်း… နောင်များ အလျဉ်းသင့်လျင်တော့ဖြင့် ပြန်လည်ပြီး……………….

    • ကြောင်ကြီး

      August 4, 2011 at 7:48 am

      အိုက်လိုဒေါ့ လုပ်ပါနဲ့ကွယ်၊ မောင်ရှုံးရှိနေလို့ ရွာထဲမှာ ကိုယ်နိုင်မဲ့သူတယောက်တော့ ရှိသေးတယ်ဆိုပြီးပျော်နေတာ… အခုတော့ 🙁

    • hmee

      August 5, 2011 at 1:49 pm

      ရှုံး….လူရေ အကြွေးကျန်သေးတယ်နော်။ ပေးသွားပါဦး မေ့ချင်ယောင်မဆောင်နဲ့နော်။ KFC ကြက်ကြော်နည်းလေး ရေးမယ်ပြောပြီးတော့ ဒီလို မေ့ချင်ယောင်ဆောင်လို့ မရဘူး။ ဒီအကြွေးကတော့ တွေ့တိုင်း တောင်းမှာနော်။ 😛

  • Foreign Resident

    August 4, 2011 at 6:46 am

    Agree
    Windtalker

  • ogre

    August 4, 2011 at 7:36 am

    ကျွန်တော်ဆိုရင် တစ်နေကုန်မန်းဂေဇက်ကိုဖွင့်ထားတာပါ
    ဒီရက်ပိုင်း တက်လာတဲဟာတွေကို တစ်ခါတစ်လေဖွင့်ကြည်ချင်စိတ်ကုန်လာတယ်
    မန်ဘာသစ်နာမည်ဆိုရင်
    အလုပ်မအားတဲ့ကြားထဲက အချိန်ကုန်ခံဖွင့်မနေတော့ဘူး
    ခေါင်းစဉ်ပဲဖတ်လိုက်တော့တယ်
    ““တစ်ချို့ဟုတ်တဲလူတွေလည်းဟုတ်လာကြပါတယ် လုပ်တဲ့လူတွေလည်းလုပ်နေကြတုန်းပါပဲ”””
    အပေါ်က တစ်ခါမှမနိုင်တဲ့လူကြီးပြောသလို…ပေါပေါပဲ ဖြစ်သွားမှာ….စိုးရိမ်မိပါတယ်

  • MaMa

    August 4, 2011 at 8:05 am

    သဂျီးကိုယ်တိုင်ကလည်း ဒါမျိုးတွေကို ဖိုရမ်မှာပဲ တင်ပါလို့ ပြောလိုက်တာပဲ။ အသစ်တွေအနေနဲ့ စည်းကမ်းကို မဖတ်မိပဲ လုပ်လိုက်တာလဲ ဖြစ်နိုင်ပါတယ်။ သိသွားလို့ ဆက်မလုပ်ရင် ပြီးတာပေ့ါ။ ဆက်လုပ်နေရင်တော့လဲ မစိုးရိမ်ပါနဲ့။ ဆိတ်ကျောင်း၊ နွားကျောင်းဖူးတဲ့ အတွေ့အကြုံတွေ သဂျီးမှာ အပြည့်ပါ။

  • koyinmaung

    August 4, 2011 at 8:25 am

    ပြည်တွင်းကမန်းလေးကိုဝင်ကြည့်တဲ့လူတွေကိုအလွန်လေးစာမိပါတယ် လွန်ခဲ့တဲ့၄လလေါက်ကပြည်တွင်းကိုခဏပြန်ရောက်ခဲ့တယ် အင်တာနက်ဆိုင်မှာဆိုက်တွေကိုဝင်ကြည့်မိတယ်ဗျာ တခါတခါတက်လါဘို့ စောင့်လိုက်ရတာ ကြာတော့စိတ်မရှေလို့ ပြန်ခဲ့တယ် မသွားတော့ဘူး ဘယ်ဆိုက်မဆိုကောင်းတာဆိုးတာရှိမှာပါဘဲ ကျွန်တော်တို့ကအပြင်မှာနေတော့ကောနက်ရှင်ပြဿာနာသိပ်မရှိပါဘူး မန်းလေးကိုကြိုက်ရတဲ့အကြောင်းက စာရေးယင် email ပြန်မလာတာပါ စာရိုက်လေ့ကျင့်လို့ရတယ် ကြိုက်မယ်ထင်တာလေးဝင်ဖတ်တယ် comment ရေးတယ် .။။

  • pan pan

    August 4, 2011 at 9:05 am

    မန်းလေးဂေဇက်ကို ရုံးမှာအမြဲဖွင့်သုံးတယ်
    တခြားဆိုဒ်တောင် သိပ်မဖွင့်ဖြစ်ဘူး
    ဒီမှာ တနေရာတည်းမှာ ရသစုံ သုတစုံရတယ်ဆိုပြီး ဝင်ဖတ်နေတာ(အလုပ်တောင်ပျက်အောင်ပါပဲ)
    ကိုယ်လည်းရေး၊ ဖတ်လည်းဖတ်ပေ့ါ
    သဂျီးအရင်ကလို ပိုစ့်တစ်ပုဒ်တင်ရင် ၁၀ဝပွိုင့်
    ကွန့်မန့်ကို ၁ဝပွိုင့်
    နေ့စဉ်ပွိုင့် ၂ဝပွိုင့်
    မပေးနိုင်တော့ဘဲ လျှော့ချစိစစ်လာရတာ ကိုတော်ကာကြီးပြောတဲ့ကိစ္စတွေနဲ့ များစွာပတ်သက်တယ်လို့
    ထင်မိပါကြောင်း
    ဖတ်တဲ့လူတွေမှာလည်း တစ်ပေ့(a page)ပေါ်ဖို့အရေး မေ့လောက်အောင်စောင့်ပြီး ဘာမှမဟုတ်တဲ့ပေ့ဆိုရင် စောင့်လေသမျှ အဖတ်မတင် သဲထဲရေသွန်ဖြစ်ပြီး စိတ်ပိန်ကျန်ခဲ့ပါကြောင်း

  • aungnng87

    August 4, 2011 at 9:45 am

    အင်း…. ကိုယ့်ဖက်ကကြည့်တော့ လက်ဖဝါး။ သူ.ဘက်က ကြည့်တော့ လက်ဖမိုး။ တို.လည်းသိတော့ဘူး။ ဘာပြောရမှန်း.။

    • susunosuki

      August 6, 2011 at 2:57 pm

      ကျုပ်ဖက်ကျတော့ လက်ဝါးဇောင်းလာတယ်ဗျ။

  • nozomi

    August 4, 2011 at 10:00 am

    ဒီရက်ထဲ သတိထားမိထားတာလေး တစ်ခုရှိတယ်
    နာမည် တစ်ခုထဲကနေ လွန်ခဲ့တဲ့ ၁၊၂ နှစ် လောက်က ပို့စ် အဟောင်းတွေကို ပြန်မန်းထားတယ်
    Comments By Post အောက်မှာ တစ်ခုလုံး သူမန်းထားတာတွေနဲ့ ပြည့်သွားတယ်
    မန်းထားတာ ကြည့်တော့လဲ ဘာမှာထူးခြားတာ မဟုတ်
    “ ဟုတ်လား” “တကယ်ပေါ့” ဆိုတာမျိုးလောက်လေးနဲ့
    ပို့စ်ကလဲ ထူးထူးခြားခြားမဟုတ်
    ရည်ရွယ်ချက်ရှိရှိ လုပ်နေသလိုပဲ

  • yaungchikha

    August 4, 2011 at 10:28 am

    အခုလို ရေးပြပေးတဲ့ အတွက် windtalker ကိုကျေးဇူးတင်ပါတယ်ရှင်၊ တကယ်တော့ ကျမက ဝင်တာမကြာသေးတဲ့အသစ်ပါ၊ တခြားသူတွေရေးထားတာလေးတွေဝင်ဖတ်ရင်း ဝါသနာအလျှောက်စမ်းရေးကြည့်မိတာပါရှင်၊ ပိုက်ဆံပေးတယ်ဆိုတာလည်း မသိပါဘူးရှင်၊ အခု windtalker ရေးပြမှသိတာပါ၊ စည်းကမ်းတွေလည်း မဖတ်မိတာဝန်ခံပါတယ်၊ ဘာပဲဖြစ်ဖြစ်အလို မသိသေးတာလေးတွေ သိလိုက်ရလို့ လမ်းညွှန်ပေးတဲ့ windtalker ကိုကျေးဇူးတင်ပါတယ်ရှင်………….

  • စုံ စုံ

    August 4, 2011 at 10:29 am

    ကျမတို့လို့စာမရေးတတ်ဘဲဖတ်ဘဲဖတ်တတ်တဲ့သူတွေအတွက်က
    စာကောင်းကောင်းတွေဖတ်ရဖို့အလွန်အရေးကြီးပါတယ်
    အခုတော့ကွန်နရှင်မကောင်းတဲ့ကြားထဲ
    အလုပ်မအားတဲ့ကြားထဲက
    စာဖတ်သူကိုဘာတခုမှအကျိုးမဖြစ်ထွန်းစေတဲ့
    စာမျိုးကတော့ အချိန်ကုန်ခံပြီးပို့စ်တင်နေကြမယ့်အတူတူ
    လက်အညောင်းခံပြီးစာရိုက်မနေပါနဲ့လို့ဘဲပြောချင်တယ်
    ဘာမှတ်သားစရာဘာဗဟုသုတမှမရတဲ့ပို့စ်တွေကိုတင်ရင်း
    ၁သိန်းကိုမျှော်လင့်နေမယ်ဆိုရင်တော့စာတကယ်ရေးချင်တဲ့သူမဟုတ်ဘဲ
    ငွေ၁သိန်းလိုချင်တဲ့သူသာဖြစ်မယ်လို့ထင်ပါတယ်

  • PaukPhaw

    August 4, 2011 at 10:42 am

    သူကြီးကိုယ်တိုင်လဲ ဒီလိုပြောကြလွန်းလို ့ ဖိုရမ်ပါ ထပ်ဖွဲ ့၊…စည်းကမ်းတွေလဲ လူမြင်သာတဲ့ နေရာမှာ ထုတ်ထားပေးလျက်နှင့်..အဘယ်ကြောင့်..နားမလည်ကြလေသနည်း.

  • AKKO

    August 4, 2011 at 11:45 am

    wintalker ရေ ပြောလျှင် မောတာပဲ ရှိတာမို ့… ဘာမှ မပြောပဲနေတော့မယ် ။ ဒီလိုအကြောင်းရာတွေ အရင်ကလည်း ခဏခဏ ထအော်ကြပေမဲ့ … မဖြုံတဲ့လူကလည်း မဖြုံပါဘူး … ။ ဒီအတိုင်းပါပဲ ။ ပြောတဲ့လူပဲ ငပွကြီးဖြစ်တယ် 🙁

  • ရွှေအိမ်စည်

    August 4, 2011 at 11:47 am

    အစာကြေဆေးတော့တောင်းသင့်ပါတယ်…မှန်ပါတယ်ဗျာ…
    ကွန်ပြူတာရှေ ့အချိန်ကုန်ခံထိုင်နေပေမယ့်..
    အသစ်ဆိုလို ့တက်လာတဲ ့စာဖွင့်မိရင်ပိုဒေါ်သထွက်တယ်ဗျာ…
    ကျနော်ကောမက်ရေးလိုက်မလို ့ပါဘဲ..တန်ဘိုးမရှိတဲ ့စာတွေနဲ ့…
    မေလ်းထဲ ကလူတိုင်းဖတ်ပြီးသားစာတွေဗျာ…ဆိုပါစို ့မှော်ဆရာတို ့အလင်းစေတမာန်ကစာတွေ

    ကျနော်မှာဆိုဒ်ထောင်ဘူးတော့ကိုယ်ချင်းစာတယ်ဗျာ
    တဘက်ကကြည့်တော့လည်း…သူကြိးအနေနဲ ့တစ်ယောက်ထဲ လုပ်ရတာလေ…
    ကျနော်ကတော့..ဒီMGထဲ ရောက်တာ…
    ကျနော်ကူးသွားတဲ ့ပိုစ့်တစ်ခုကိုကောမက်ရေးချင်လို ့(ယနေ့ လူငယ်နဲ ့ဗိုလ်ချုပ်အောင်းဆန်းအကြောင်း)
    Creditမပေးရသေးဘဲ ကျနော်မကူးချင်လို ့..ဝင်ရင်းရောက်လာတာပါ…
    ငွေကတော့8000ကျော်ရပြီ..ဒါတောင်သူကြီးကတပုဒ်5000ပေးထားတာပါနေလို ့..
    …………..
    ကျနော်အများကြီးတင်တဲ ့နေရာသိပါတယ်နော်…(သူဘဲကြိုက်တယ်ပြောပြီး)

    *************
    တကယ်တော့ဒါဟာလည်း….ဘလော့ဂါတင်သူ က ကျင့်ဝတ်ကိုမသိတာလား၊

    ကိုယ်တိုင်ရေးမဟုတ်ရင်တော့သူကြီးကလည်းပေးမှာမဟုတ်ပါဘူး..။
    တချို ့က..ကျနော်ခံရတာလေးပါကြုံတုံးပြောပြအုံးမယ်…

    ***သူကြီးကကျနော် ့စာတစ်ပုဒ်5000
    ဝယ်တဲ ့ ပိုစ့်လေ…..အံမယ်ဗျာရွှေအမြန်မာဥယာဉ်ဆိုဒ်မှာညနေပိုင်းကျနော်က
    မေလ်းစစ်နေတော့…ထက်ဦးဝေ အက်ဒမင်(အဲ ့ဒိဆိုဒ်ကပဲ)ကခေါင်းစဉ်ပြောင်းပြီးခပ်တည်တည်တင်ထားတယ်…
    စာရေးသူအမည်မှာသူ ့အမည်တောင်ပြောင်းတင်လိုက်သေးတယ်….

    ကျနော်သူကြီးအားနာမိတယ်..ကျနော်ကမနက်ကဘဲ5000 ရတယ်..
    သူကညနေ3နာရီလောက်..သူ ့ဟာဆိုပြီးရေးတင်တယ်…
    သွားပြောတော့…အိတ်ဖွင့်စာပေးပြီးစာတင်တာ….
    သူကအက်ဒမင်လေ…..ကျနော်ဘလော ့ကိုဖျက်ပြစ်တယ်….
    အရှက်မရှိတဲ ့အဲ ့ဒိဆိုဒ်ကစည်းကမ်းထုတ်ပြီးသူကိုယ်တိုင်တောင်အပြစ်လုပ်ထားတယ်…

    ကျနော်ကတော့..အဲ ့ဒိဆိုဒ်တွေမှာ ကလောင်အမည်မွန်ပျိုချောဆိုတော့…
    ရွှေအိမ်စည်မရှိဘူးဆိုပြီး..သမတာပေါ့…………

    ကျနော်ခံရတိုင်(စာပေနဲ ့ပါတ်သတ်လို ပေါ့) windtalker ကိုဘော်ဒီဂါတ်တောင်ဌားချင်လာပြီဗျာ

    • ဆူး

      August 4, 2011 at 12:47 pm

      ကွန်မန်းတွေ ဖတ်ရတာ လောကကြီးက တော်တော် ရီစရာ ကောင်းတာပဲ.. ဘယ်အရာမှ လွယ်လွယ် မရတာ အမှန်ပဲ.. အချိန်တွေ ဦးနှောက်တွေ ရင်းနှီးပြီးရေးထားသမျှ ဒီလို လွယ်လွယ် ကူးပြီး ဟိုလှည့်ဒီလှည့် လုပ်နေရင် လောကကြီးက ဘယ်တရားမလဲ.. ကာယကံ ရှင် မဟုတ်ပဲ ကွန်မန်း ဖတ်တာနဲ့ တင် စိတ်မကောင်းဖြစ်မိတယ်။ စာရေးသူ အချင်းချင်း ကိုယ်ချင်းစာပါတယ်။ အခုတော့ အရာရာကို စိတ်ကုန်လို့ ဘာမှ မရေးချင်တော့ဘူး။ ဒါကြောင့် ဆူး လည်း ပိုစ်မတင်တာ တော်တော် ကြာနေပြီ။ နောက်လည်း တင်ဖြစ်ဖို့တော့ သိပ်မလွယ်ဘူး။

    • etone

      August 4, 2011 at 1:54 pm

      အက်ဒမင်ခိုးတာ လူသိသွားလို့ … ရှက်ရမ်းရမ်းတာဖြစ်မယ် …. ။ 😀

    • hmee

      August 4, 2011 at 8:16 pm

      ရွှေအိမ်စည်ရေ အဲ့ဒီပို့စ် နာမည်လေး ပြောလို့ရရင် ပြောပေးပါလား ဖတ်ချင်လို့ပါ။

  • ရာဇဝင်လူဆိုး

    August 4, 2011 at 1:38 pm

    ကျနော် MG ရွာသားတစ်ယောက်မဟုတ်ပေမယ်. ရွာထဲကိုအမြဲဝင်ဖတ်နေတာ တော်တော်ကိုကြာခဲပါပြီ။ သုတ ရသ နိုင်ငံရေး အစုံကို အမြင် အမျိုးမျိးနဲ. ဆွေးနွးရေးသားကြတော. ကျနော် သဘာကျတယ်ဗျာ..နောက်တစ်ခု သတိထားမိတာက ရွာထဲမှာ စည်းကမ်းရှိကြတယ်။ စည်းကမ်းမရှိတဲ.သူ လာရင်လဲ စီနီယာ မန်ဘာတွေက ကွန်မန်.နဲ. ဝိုင်းထိန်းကြတော. နောက်ဆိုစည်းကမ်းရှိိသွားကြပေါ.ဗျာ။ MG ကို တစ်ကယ်တန်းဖို.ရှိတဲ. ဆိုဒ်တစ်ခုဖြစ်အောင် ရွာသူ ရွာသား အားလုံးမှာ တာဝန်ရှိပါတယ်။ ကိုခိုင်..ကိုကြောင်..ကိုအောင်ပု..ကိုပေါက်ကြီးနဲ. မဆူးတို.လို ရွာသူတွေလဲ အသစ်တွေကို ကြိုဆို တွဲခေါ်ရင်း MG ကိုမြှင်.တင်ပေးကြပါ။

    • …ကိုခိုင်..ကိုကြောင်..ကိုအောင်ပု..ကိုပေါက်ကြီးနဲ. မဆူးတို.လို ရွာသူတွေလဲ…
      လို့ပြောလိုက်တော့ အားလုံးတန်းတူ၊ ရွာသူတွေချည်းပဲ ဖြစ်ကုန်ပါလားကွဲ့ 😀 😛

    • ဆူး

      August 4, 2011 at 9:54 pm

      ဆူး တော့ အတော် မော နေပြီ.. ဘယ်သူကို မှ ဘာမှ ဝင်မပြောချင်တော့ဘူး။
      တော်တော် စိတ်ကုန်နေပြီ။ အားလုံး ပျော်ပျော် ရွင်ရွင်နဲ့ ရှေ့သာ ဆက်သွားကြဖို့ မျှော်လင့်ပါတယ်။ နာမည် တပ်ပြီး တွဲခေါ်ဖို့ ရေးခံရတဲ့ အတွက် ဝမ်းသာပါတယ်။ ဆူး လည်း နောက်ပိုင်း မျှော်မှန်း သလောက် လုပ်ပေးနိုင်တော့မယ် မထင်ဘူး။

  • manawphyulay

    August 4, 2011 at 2:15 pm

    ခုနောက်ပိုင်း တက်တဲ့ဟာတွေအတွက် စာမရေး၊ ကွန့်မတ်မပေး ဆိုင်းအင်မဝင်တဲ့သူတွေဆီကလည်း သတင်းတွေ ကြားခဲ့ရပါတယ်။ မန်းဂေဇက်ရဲ့ဆိုက်က အရင်တုန်း သတင်းထူး သတင်းဦးတွေ တင်သလို ထူးဆန်းထွေလာတွေတင်ကြပါတယ်။ နောက် အချိန်ကုန် ငွေကုန်ခံပြီး ကိုယ်သိတာလေးတွေ ဖြန့်ဝေတဲ့နေရာမှာ ခုနောက်ပိုင်း ကောမန့်က အစပေါ့လေ.. ဟုတ်ကဲ အင်းဆိုတာနဲ့ ကော့မန့်တစ်ခုဖြစ်သွားလောက်တဲ့ဟာတွေလည်း မြင်တွေ့လာရပါတယ်။ ခုနောက်ပိုင်း ဘာတွေတင်မှန်းမသိဘူးဆိုတဲ့ ဆိုင်းအင်မဝင်ပဲ အားပေးတဲ့စာဖတ်သူတွေလည်း ပြောလာကုန်ကြပါပီ။ တချို့ကျတော့လည်း အတွေ့အကြုံထက် လုပ်ဇာတ်လေးတွေလုပ်ရေးတာတွေလည်း မြင်တွေ့နေရတော့ တစ်နေ့လာလည်း သိပ်မထူးခြားတော့သလိုဖြစ်လာနေပါပြီ။ စာကောင်းပေကောင်းတွေဖတ်ဖို့ စောင့်မျှော်နေကြပါတယ်လို့ တစ်လက်စထဲ ပြောလိုက်ပါရစေနော်… အသစ်အသစ်တွေလည်း ဝမ်းသာအားရ ကြိုဆိုသလို အဟောင်းအဟောင်းတွေကလည်း ဆက်လက်တွေ့ကြုံရတာလေးတွေကို တင်ဆက်ပေးပါဦး လို့ ပြောပါရစေနော်…..

  • ရွှေအိမ်စည်

    August 4, 2011 at 2:23 pm

    ဘာဖြစ်တာမှတ်လို ့…တလောကတောင်ချစ်စရာလေးဆိုပြီး…လေယျာဉ်မယ်လေးလိုပြောင်းလိုက်
    ကုန်ကျစရိတ်ဂေဇတ်မှကျခံမည်ဆို….နစ်နာစရာမှမရှိတာ…
    ဟုတ်တယ်အိတုန်…အဲ ့ဒိဆိုဒ်…မှာသူပေချ့်မှာကိုတင်ခဲ ့တယ်…
    creditပေးဖိုးဝေးစွ…ကိုယ့်အမည်တောင်ဖျက်ပြီး…သူ့အမည်တကပ်ရေးလိုက်သေးတယ်…

    မရဘူး…ရွှေအိမ်စည် ကလူသိပ်မသိဘူး..ရွှေအိမ်ဆူမှပိုသိတာ..
    အိတ်ဖွင့်စာပေးပြီးကို…ရေးခဲ ့တာဘဲလေ…
    ကျနော်ကကလောင်ခွဲ များတယ်လေ..(နာမည်ကြီး)လို ့မဟုတ်ပါဘူး…
    ဘာဘာညာညာလေးတွေ ရေးတတ်တော့
    နိုင်ဆိုဒ်တိုင်း တွေ မှာ ကလောင်အမည်ရင်းဝင်တာရှားပါတယ်..

    • မိုက်ကယ်ဂျော်နီအောင်ပု

      August 4, 2011 at 3:11 pm

      ( ဘာဖြစ်တာမှတ်လို ့…တလောကတောင်ချစ်စရာလေးဆိုပြီး…လေယျာဉ်မယ်လေးလိုပြောင်းလိုက် )
      အဲ့ဒါ ဘာကိုဆိုလိုသဒုံး
      မရှင်းဘူး
      ချစ်စရာသတင်းလေးတစ်ပုဒ်ပါ (ဒါဘဲနော် ချစ်ရမယ်) ဆိုတဲ့ဟာကိုပြောတာလား?
      ဘာဒွေဖြစ်နေဂျဒါဒုန်း
      🙁 🙁 🙁

  • kai

    August 4, 2011 at 2:27 pm

    “ဟုတ်ကဲ့..အင်း..မင်္ဂလာပါ..ကျေးဇူးတင်ပါတယ်..” ကော်မန့်တွေဖျက်နေပါတယ်..။
    စည်းကမ်းကို နကိုက အင်္ဂလိပ်လိုရေးထားတာ..မသိမှာ.. သတိမထားမိမှာစိုးလို့..မြန်မာလိုပြန်ရေးထားပါတယ်..။
    12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။

    ဖျက်ရင်.. ဝက်ဆိုက်.. ပရိုဂရမ်စံနစ်အရ.. ပွိုင့်၂ဝ ပြန်နှုတ်သွားတာမို ့.. အဲဒါမျိုးတွေ… မရေးကြဖို့သတိထားပါလို့.. ပြောချင်တာပါပဲ..။

    နောက်တခုက.. ပိုစ့်တွေပါ..။
    ပို့တွေမှာ.. မင်္ဂလာပါ ..သာကြောင်းမာကြောင်း.. လုပ်ထားလို့.. ခုနတင်တခုဖျက်လိုက်ပါတယ်..။
    အဲ..ရွာသားတွေသတိပေးချင်တာခုက.. စံနစ်ပုံစံအရ.. ပို့စ်ကိုဖျက်ရင်..သူ့အောက်က ကော်မန့်တွေပါ..ပါသွားတာမို့.. ကော်မန့်ဖျက်သလိုဖြစ်ပြီး.. ပွိုင့်၂ဝ နှုတ်ခံရတာပါပဲ..။ ကြက်သွန်နဲ့ထဲ့ထောင်းခံရတဲ့..ငရုပ်သီး..ဖြစ်သွားတာပါ..။

    ဆိုတော့…
    အဓိပ္ပါယ်မရှိ.. စာဖတ်သူအတွက်မကျန်စေတဲ့..ပို့စ်တွေမှာ.. မန်းတာ မလုပ်ကြပါနဲ့လို့..နော…။

    • နွယ်ပင်

      August 4, 2011 at 2:53 pm

      သူဂျီးကတော့ တကယ်လုပ်နေပြီ
      နောက်ဆို မန်းတာတောင် သတိထားရတော့မယ်
      မဟုတ်ရင် ကြက်သွန်ထဲ ထဲ့ထောင်းခံရတဲ့..ငရုပ်သီး..ဖြစ်သွားဦးမယ် 😀

    • မိုက်ကယ်ဂျော်နီအောင်ပု

      August 5, 2011 at 12:13 am

      ဟုတ်

  • windtalker

    August 4, 2011 at 2:37 pm

    ဟိုက်ရော
    ဒါဆို ဟို “ မင်္ဂလာပါ ” ဆိုတဲ့
    တစ်ကြောင်းထဲ ပါတဲ့
    ပို ့စ်မှာ ဝင်မန်း မိသူ
    ကျွန်တော် မျိုးကြီး လည်း
    နှစ်ဆယ်ကျပ် မိုင်းသွားရှာရောပေါ့
    သေပြီ စန်းစန်းညွန် ့

    • pan pan

      August 4, 2011 at 2:43 pm

      ဟုတ်ပ
      “မင်္ဂလာပါ”မှာ မင်္ဂလာလိုက်တာ လာထားရပွိုင့်ဆိုပြီး ရှောသွားတာက ၂ဝပွိုင့် 🙁
      အထောင်းခံလိုက်ရပါပေ့ါ သဂျီးရယ် 😀

  • R Ga

    August 4, 2011 at 3:13 pm

    ကျွန်တော်ဒီအကြောင်းကို ပြောပြီးတာ ကြာပ..။ သူကြီးသို့ပေးစာ ဆိုပြီးတော့လေ..။
    ဒိလိုပိုစ်တွေ မြင်ရတာလည်း စိတ်ကုန်တယ်..။ စိတ်လေ..တယ်။ တစ်ခါတစ်ခါ ကိုယ့်ကို လိမ်ညာနေတယ်လို့ တောင်ထင်တယ်။ ဘာလဲ.. ကျော်ဟိန်းသတင်း တို့ ဘာတို့လိုပိုစ်တွေ ကျော်ဟိန်း သတင်းဆိုလို့ ဖတ်လိုက်ပါတယ်။ ကျော်ဟိန်း သတင်းမကြားတာကြာလို့တဲ့ သိရင်ရေးပေးကြပါဦးတဲ့..။
    ဒါမျိုး ပိုစ်တွေကို လူညာတွေရဲ့ပိုစ်လို့ ကျွန်တော်ကတော့ နာမည်တတ်မှာပဲ….။ ဝင်ဖတ်တဲ့လူအရူးကိုဖြစ်နေရော…။

  • Yan Shin

    August 4, 2011 at 7:01 pm

    ကိုတော်ကာ ဟုတ်ပါတယ်
    ကျွန်တော်လဲ စာဖတ်သူပါ
    ဖတ်ရင်း စာရေးခြင်စိတ်ပေါက်လို့ ဝင်ရေးမိပါတယ်
    တစ်ခါတစ်ခါတော့လဲ သိမ်ငယ်စိတ်ပေါက်မိပါတယ်
    ကျိုးတော့ကျိုးစားနေပါတယ်
    သေခြာစွာ ဝန်ခံခြင်တာကတော့ ဘယ်တော့မှပြည့်လာမလဲမသိတဲ့ ငွေတစ်သိန်းကို
    မျှော်ရေးနေမိခြင်းမဟုတ်ရပါ။
    ကျွန်တော်က တပည့်တူဆရာမို့ အ ပါတယ်
    မောင်ကျော်ထွေးအကြောင်းရေးမိတဲ့ ကျွန်တော်ကိုလည်း
    လိုအပ်မှု့တွေကို ပြစ်ပြစ်ခါခါ ဝေဖန်ပေးကြပါလို့
    ဒီနေရာက ကြော်ငြာမဟုတ်ပဲ
    တစ်ကယ့်ကို ရိုကျိုးစွာတောင်းခံပါတယ်။
    အားလုံးကိုပါပဲ

  • P zer

    August 5, 2011 at 1:16 am

    ကျမ MG ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကထဲက ဖတ်ခဲ့တဲ့ စာဖတ်သူပါ..
    ဒီ site မှာ Log In လုပ်ပြီး စာ စရေးဖြစ်တာတော့ ရလပိုင်း ၂၃ရက်နေ့ကမှမို့ member ဖြစ်တာ ၁၂ ရက်ပဲ ရှိပါသေးတယ်..ကျမရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်သိတဲ့ ဗဟုသုတနဲ့ အတွေ့အကြုံလေးတွေ မျှဝေချင်တာပါပဲ..ဒီနေ့ ဒီစာကို ဖတ်ရတော့ စာကောင်းဖတ်ချင်သူတွေ အတွက်ရော၊ စာကောင်းပေကောင်းရေးချင်သူတွေပါ (ခုလိုမျိုး သောင်းပြောင်းထွေလာဖြစ်နေတာကိုတော့ ဖတ်ရတဲ့သူတွေကိုလဲ အားနာသလို ကိုယ်ကိုယ်တိုင်ဖန်တီးလိုက်တဲ့ စာတစ်ပုဒ်ကလဲ သူများတွေလို ပေါပေါပဲပဲ ဖြစ်သွားမှာစိုးတဲ့အတွက် မရေးဖြစ်တော့ပါကြောင်း…) မရေးကြတော့တဲ့ အတွက် နှစ်ဦးနှစ်ဘက် နစ်နာလှပါတယ်…..တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်…

  • Foreign Resident

    August 5, 2011 at 3:12 am

    Dear old villagers,
    Please, be patient & be tolerant,
    unless these new authors deliberately (intentionally) make those mistakes repeatedly.
    First pace is really painful & difficult.
    Be considerate.
    – ဘယ်တော့မှပြည့်လာမလဲမသိတဲ့ ငွေတစ်သိန်းကိုမျှော်ရေးနေမိခြင်းမဟုတ်ပါ။
    – ဖတ်ရင်း စာရေးခြင်စိတ်ပေါက်လို့ ဝင်ရေးမိပါတယ်
    – ဖတ်ရတဲ့သူတွေကိုလဲ အားနာသလို မရေးကြတော့ရင်လဲ နှစ်ဦးနှစ်ဘက် နစ်နာလှပါတယ်

  • weiwei

    August 5, 2011 at 11:38 am

    အခုတလော မအားတာနဲ့ ရွာထဲကို ဝင်ချိန်သိပ်မရဘူး …
    အရင်တုန်းက မဝင်ရမနေနိုင်အောင် စွဲဆောင်မှုရှိခဲ့ပေမယ့် အခုတလောတော့ မဝင်ရလဲ ဘယ်လိုမှမနေတော့ဘူး …
    MG က စွဲဆောင်မှုအားနည်းလာတာ အမှန်ပဲ ….

  • char too lan

    August 5, 2011 at 2:42 pm

    နှုတ်လိုနှုတ် ရိတ်လိုရိတ် ပွိုင့်ကိုတိုးသွားလား လျော့သွားလား စိတ်ကိုမဝင်စားတာ ပိုက်ဆံလိုချင်သဖြင့် ပိုစ့်တွေတင်ကြတယ်လို့ ပြောတော့ မခံချင်ကြဘူး ခဏခဏလဲပြောခံရတယ် တကယ်ရေးရတဲ့လူတွေကတော့ နာစရာပေါ့ အဲ့ဒီစည်းကမ်းတွေလဲ အဲ့လို့ပိုစ့်တွေအောက်မှာကို လိုက်မန်းခဲ့တာ နောက်လူလာလဲ ထိုနည်းလည်းကောင်းပဲဆိုတော့ ကျနော်မန်းနေတာတွေတောင် ထပ်ထပ်သွားနိုင်တယ် ဆြာတော်ကာဆီမှာ လာမန်းထားတဲ့သူတွေ များတာတွေ ့ရတော့ တော်တော်ဆင်ခြင်မိကြပီထင်ပါရဲ ့

    • etone

      August 5, 2011 at 4:36 pm

      ဟုတ်တယ် အဲ့လို ခဏခဏပြောခံရတာ နားကြားပြင်းကတ်တယ် .. ပို့စ်တင်နေတဲ့လူတွေ တိုင်း ဒီလိုချည်းမှတ်နေတယ် … ။ သဂျီးရေ… .တပို့စ်ကို တပွိုင့်သာ ထားလိုက်.. ဒါဆို ရွာသရဲခြောက်သွားမယ် အဟဲ ။ 😀

  • nayminn

    August 5, 2011 at 4:30 pm

    ဘာပဲဖြစ်ဖြစ် အသစ်လေးတွေကိုတော့ နားလည်ပေးသင့်ပါတယ်…ဝင်ပြီး ဖတ်ယုံပဲဖတ်…Post မတင်နဲ့..တင်တာနဲ့ ဆော်မယ်ဆိုရင်တော့။

    • char too lan

      August 6, 2011 at 2:42 pm

      လာပြန်ပီ 🙄 ဘာတွေပြောနေတာလဲ ဝင်ပြီး ဖတ်ယုံပဲဖတ်…Post မတင်နဲ့..တင်တာနဲ့ ဆော်မယ်လို့ ဘယ်ကောင်ပြောခဲ့လို့လဲ
      သေချာပြန်ဖတ်အုံး ရှေ့ကထမင်းထုပ်ပဲမြင်ပီး နောက်ကဝါးရင်းတုတ်မမြင်တဲ့ လူတွေကိုပြောနေတာ အဲ့ဒါမျိုးလုပ်နေတာ အသစ်တွေမှ မဟုတ်ဘူးကွ

      • ဆူး

        August 6, 2011 at 7:12 pm

        ချာချာ ရေ.. ရော့ သံခမောက်.. အမ အတွက် အသုံးမလိုတော့ဘူး ထင်လို့ အပိုင်ပေးလိုက်မယ်။ အဲဒါလေး ဆောင်းထားရင် တောယုံ လောက်က အသေး အဖွဲလေးပဲ.. 😀

  • PaukPhaw

    August 5, 2011 at 4:39 pm

    နာလဲ ရ ပွိုင့် အချောင်ရမလားဆို ဝင်ပွားလိုက်တာ..
    ၂ဝ ပါတွားဒယ်ပေါ့
    တေချမ်း..

  • (တချို့ကျတော့လည်း အတွေ့အကြုံထက် လုပ်ဇာတ်လေးတွေလုပ်ရေးတာတွေလည်း မြင်တွေ့နေရတော့)
    လုပ်ဇာတ်လုပ်မရေးဘဲ ဒဲ့ရေးရင် ကာယကံရှင်လဲနစ်နာတယ်
    အတင်းပြောသလိုဖြစ်သွားမှာပေါ့ဗျာ။
    အဲတော့ ဆက်တင်တွေတော့ချိန်းရမှာပေါ့။။
    မြင်တဲ့အတိုင်း ဒဲ့ရေးရင် ဘယ်အနုပညာမြောက်ပါ့မလဲ။
    ဒီရွာမှာ အမှတ်ပေးတော့ ဒီကိစ္စအမြဲလိုလိုပြောနေကြတယ်။
    အကောင်းဆုံးက အမှတ်ပေးလို့ရေးနေတယ်လို့ထင်တာလေးကို မေ့ထားလိုက်ကြပါတော့။
    ဖြစ်သင့်တာကတော့ အားလုံးအတွက်အကျိုးရှိသော(နှစ်သက်တာ မနှစ်သက်တာနဲ့မဆိုင်ဘူးနော်)
    အတွေးစကလေးတွေချန်ထားပေးနိုင်သောစာမျိုးလေးတွေသာရေးနေမယ်။
    (တင်ပြီးသားကိုလဲ ခပ်တည်တည်နဲ့နာမည်ပြောင်းမတင်ဘို့လိုသလို
    သူများရေးထားတာကို ဖော်ဝပ်မေးအကြောင်းပြပြီး ကူးမချဘို့လဲလိုအပ်ပါတယ်။)
    ကိုယ်တိုင်စာရေးတယ်လို့ အမည်ခံမှတော့ ကိုယ်တိုင်ရေးတာသာတင်သင့်ပါတယ်။

    အနှစ်သာရလဲပါမယ်ဆိုရင် တိုတယ် ရှည်တယ်ဆိုတာလေးတွေ လဲချုပ်ငြိမ်းသွားမယ်ထင်ပါတယ်နော်။
    ရေးသူမှာလဲ အချိန် ငွေကြေး အတွေးတွေပေးရသလို
    ဖတ်သူမှာလဲ အချိန် ငွေကြေးနဲ့ မျက်လုံးကိုပေးရတော့ အားလုံး ကောင်းအောင်
    ကောင်းကောင်းလေးတွရေးကြဘို့လိုမယ်လိုမယ်ထင်ပါတယ်။
    ရွာထဲကိုဝင်သူတိုင်းးပျော်ရွှင်စေချင်ပါတယ်နော်။

  • naywoonni

    August 5, 2011 at 7:04 pm

    အဲဒိကိစ္စ ကို သူကြီးကို ဖိုရမ်မှာ ပြောဖူးတယ်လေ……… တင်လာတဲ့ တက်လာတဲ့ ပို့စ်တွေကို Like / dislike ပေးလို့ရတဲ့ ခလုပ်လေးတပ်ပေးပါလို့ ……… Dislike ဘယ်လောက်ဆိုရင် အဲဒိပို့ ဖြုတ်ပေါ့…….. အဲဒါ အများသဘောနဲ့ပဲလေ…။ ကြိုက်ရင်ရေး မကြိုက်ရင်မရေးနဲ့ပေါ့……..။ သူကြီးလည်း လူမုန်းမခံရတော့ဘူးပေါ့…..။ နို့မို့ဆို သူကြီး တစ်ယောက်ထဲသဘောနဲ့လုပ်တာ ဘာညာ ဖြစ်နေဦးမယ်..။ နော့…………

  • ရွှေဘိုသား

    August 5, 2011 at 8:30 pm

    အကြံကတော. ကောင်းပါတယ် ဒါပေမဲ.လည်း လေးပေါက်ပြောသလိုပဲ ဖြစ်သင်.ပါတယ်
    ကျနော်တို.လည်း စာကောင်းကောင်း မရေးတတ်သေးတော.
    ဖြစ်သလိုပဲ ရေးနေတာ ဝိုင်းပြီး အပြောခံရမှာလည်း ကြောက်နေရတယ်ဗျ

  • Mee2

    August 5, 2011 at 11:21 pm

    သူကြီးက တကယ်လုပ်တော့မယ်ဆိုတော့ ရွာထဲမှာသန် ့သန် ့လေးတွေဘဲကျန်တော့မှာ။ကောင်းပါတယ်။စာကောင်းပေကောင်းလေးတွေဘဲဖတ်ချင်တာပါ။တခါတလေ မလဲ ခံစားချက်လေးတွေနဲ ့ရပ်ကွက်ထဲက ဖြစ်ရပ်မှန်လေး တွေရဲ ့စကားနာထို းကြတာတွေ မကြားရမမြင်ရမှာ စိတ်တော့ပူသား။အခြေအမြစ်ရှိတဲ့သတင်းတွေမှာ နောက်က အဖျက်အမှောင့်ရှိလေတော့ သူကြီးရေ ခြင့်ချိန်ပြီး ဖျက်ပေးဖို ့တောငိးဆိုပါရစေ။

  • pannu

    August 6, 2011 at 1:46 am

    ကျနော်ကတော့ ဘယ်ဟာက ဘယ်လို ဘယ်ပုံ ရေးကြတယ် ဆိုတာတွေ နားမလည်ခဲ့ပါဘူး
    မတရား မှုလေးတွေကို ပဲ ရေးချင်မိပီး အားလုံးသိအောင်တင်ပြပေးနေချင်တဲ့ စာမရေးတတ်တဲ့
    စာရေးသူ မပန်းနု ပါ ။

  • True Answer

    August 6, 2011 at 9:37 am

    ပိုစ်လေးအတွက် ကျေးဇူးပါ။ ကျွန်တော်တော့ အဲဒီလို အချိန်ကုန်ပြီး ဖတ်စရာမရှိမဖြစ်ရအောင် အကြံပေးချင်တာက –
    MG ဖွင့်ရင် PAGE သုံးခုလောက် MG ကိုတပြိုက်နက်ဖွင့်ထားလိုက်တယ်။ တစ်ခု တက်ဖို့ စောင့်နေတုန်း တစ်ခုဖတ်တယ်။ တစ်ခုဖတ်နေတုန်း နောက် ပိုစ်တစ်ခုကို ကြို ကလစ်ခေါက်ထားတယ်။

  • ကျနော်လဲအဲလိုလုပ်ရတာဘဲ။
    တစ်ခုကပုံတွေတင်။
    တစ်ခုက ဖတ်။
    တစ်ခုက မန်း။
    အခုထိတော့ အိုကေနေပါသေးတယ်။

  • susunosuki

    August 6, 2011 at 3:24 pm

    ပိုက်ဆံကိစ္စပါကတည်းက ပြဿနာ များတာပါပဲ။ နောက်တစ်ကြိမ်ခြောက်လလောက်ပျောက်ချင်လာပြီ။

    တင်တိုင်းပိုက်ဆံမပေးပဲအက်မင်ကြိုက်မှ အများအတွက်အကျိုးရှိမှ ထိုက်ထိုက်တန်တန်ပေးစေလိုပါကြောင်း၊ တစ်ခါလာလည်းပွိုင့် တစ်ခါလာလည်း ပွိုင့် နဲ့တကယ်ပေးနိုင်တဲ့ ပိုက်ဆံကလည်း မဖြစ်စလောက်မို့ ပြဿနာဖြစ်ရတာနဲ့ မတန်ပါကြောင်း၊ ကျွန်တော် ပြောတာအမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးရန် မလိုပါကြောင်း၊ ပွင့်ပွင့်လင်းလင်းပဲ ဆဲလိုကဆဲနိုင်ကြောင်း၊ ဂေဇတ်စတင် ကတည်းက ရေးလိုက်ပျောက်လိုက်ဖြစ်နေတဲ့ ကျနော် ဝင်မန့်လိုက်ရပါကြောင်း……………။

  • pooch

    August 6, 2011 at 6:10 pm

    အနော်ကတော့ ဒီရက်ပိုင်းသိပ်မအားတာနဲ့ မဝင်ဖြစ်တာကြာပြီ ဟုတ်တော့လည်း ဟုတ်တယ် တခါတခါမအားတဲ့ ကြားကဝင်ဖတ်ရတာ့ စာကောင်းလေးတွေတော့ ဖတ်ချင်တယ် သူကြီးက နည်းနည်းပါးပါး ဒီထက်ပို ကြီးကြပ်ပေးနိုင်ရင် ပိုကောင်းမယ်ထင်တယ်…သူပြောတာကို အနော်လည်းသဘောတူတယ်…

  • htet way

    November 16, 2011 at 7:16 pm

    ကျွန်တော်ကတော့စာရေးတာဝါသနာပါလို့ရေးတာပါ
    တစ်သိန်းရဖို့ဆိုတာစိတ်မကူးရဲပါ
    တကယ်တော့ ဂေဇက်ကလူကြိုက်များပါတယ်
    ကျွန်တော်ကတော့တကယ်လေးလေးစားစားရေးနေတာပါ
    ါအရည်အချင်းနည်းလို့စာတွေကပေါ့နေရင်တော့တောင်းပန်ပါတယ်
    လောလောဆယ်wvmငွေချေးတဲ့ကိစ္စရေးမိတာတော့
    ပြဿနာအရှာခံရပါကြောင်း။

Leave a Reply