အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၄၃) “ကြယ်သီးပုံပြင်”

ကြယ်သီး ပုံပြင်

 

“ခါလီပဲ..ကုန်ပြီ..တော်တော့..”ကျွန်တော် ခပ်ပြတ်ပြတ်ပဲ။တစ်လုံးမေး တစ်လုံးဖြေ။

 “ဝီစကီ လည်း မရှိတော့ဘူး..ဘားလည်း ပိတ်ပြီ..အိမ်ပြန်ပါတော့..”

  “ဟေ..အဲ့လို မပြောဘာ..နဲ့..ကွာ..လုပ်ပါဦး..နောက်တစ်ပက် လောက်..နောက်..နောက်ဆုံး တစ်ခွက်.

.နောက်ဆုံးတစ်ခွက်..နော်”

သူ့ခွက်ထိုးပေးပြီး တောင်းပန်နေတယ်။ကျွန်တော် လက်က နာရီကို ငုံ့ကြည့်တော့ ည ဆယ့်နှစ် လေးဆယ့်ငါး။ ပုံမှန်ကတော့

ဆိုင်က ည တစ်နာရီထိ ဖွင့်တာပါ။ကျွန်တော်လည်း မတတ်သာဘူး။ စိတ်လေလေနဲ့ ခွေးနက် ရမ် ပုလင်းသွားဆွဲရတော့တာပေါ့။

“ရူးပီးတစ်ရာ ကျတယ်”

သူ့ ရှပ်အင်္ကျ ီအိတ်ကပ်ထဲက ကြေမွနေတဲ့ အကြွေလေးတွေ ထုတ်ပေးတယ်။ပိုက်ဆံသိမ်းပြီးမှ သူ့ခွက်ထဲကို အရက်တစ်ပက်

သေချာချိန်ထည့်ပေးလိုက်တယ်။

“ကျေး..ကျေးဂျူး..တင်..ဒယ်နော်..ညီလေး..”

ပြောပြီး ဂွပ်ခနဲမော့ချ။ ပြီးတော့ စားပွဲပေါ်ကို ခေါင်းစိုက်ကျသွားတော့ပဲ။လက်ထဲက ဖန်ခွက်လည်း ကြမ်းပြင်ပေါ်ကျပြီးကွဲသွား

တယ်။စားပွဲပေါ်က ဆိုဒါပုလင်းက လဲပြီး ဖိတ်ကုန်တယ်။ချတ္တနီး ပုဂံလုံးလည်း မှောက်ပြီး စားပွဲပေါ်မှာ ပေပွသွားတော့တာပေါ့။

စက္ကန့်ပိုင်းအတွင်း ငတိ ကျိုးသွားပြီ။သူကျိုးသွားပေမဲ့ ကျွန်တော်ကတော့ သူဖွခဲ့တဲ့ အညစ်အကြေး အမှိုက်သရိုက်တွေ ရှင်းရဦးမှာ။

ပြီးရင် ငတိကိုမပြီး တက်စီပေါ်တင်ပေးရဦးမယ်။အရက်ဖိုးလေး လူလည်လုပ်ပြီးပိုတောင်းထားပေမဲ့သူ့ဆီက ဘောက်ဆူးကျတော့

တောင်းဖို့တော့ မေ့သွားပြီ။

ကျွန်တော် ကိုယ့်နားရင်းကိုယ်သာ အုပ်ဖို့ကောင်းတော့တယ်။ ဒီငတိ မိနစ်ပိုင်းအတွင်း ဒေါင်းတော့မယ့် အနေအထားရှိနေ

တာတောင် နောက်တစ်ပက်လောက်တော့ ဆံ့ကောင်းပါရဲ့ဆိုပြီး ထပ်ပေးလိုက်တော့ ခုလိုဖြစ်တော့တာပဲ။ထုံးစံအတိုင်း မှန်းတိုင်း

လွဲ နေတော့တာ။

ဂျင်မီ အရက်ဆိုင်မှာ လုပ်တာ နှစ်လကြာတဲ့ အထိ အရက်သမားတွေရဲ့ ရေချိန်ကို အတိအကျ ကျွန်တော် အကဲမဖြတ်နိုင်သေး

ဘူး။အဲ..ဒါပေမဲ့အကြမ်းဖျင်းတော့ အရက်သမား အတန်းအစားခွဲထားတယ်။ထိပ်ဆုံးက မြင်း လိုကောင်တွေ။အဲဒီ မြင်းတွေက

ရှစ်ပက်လောက်ထိ အေးဆေးပဲ။ရုပ် မပျက်ဘူး။စကားပီသေးတယ်။ နောက် မြည်း လို ကောင်တွေ။သူတို့ကျတော့ နှစ်ပက် သုံး

ပက်လောက်ဆို လူက မဟန်နိုင်တော့ဘူး။စကားတွေက ဗလုံးဗထွေး ဖြစ်နေပြီ။ပြီးရင် ဘာတွေပြောပြောပြီး ငိုရမှန်းမသိဘူး။

ငိုပြီ။ နောက် ခွေး လိုကောင်တွေ။သောက်လေ သောက်စကားများလေ။ ရန်ဖြစ်ချင်လေပဲ။တစ်ခါတစ်လေကျတော့ ပို မြူးလာ

တတ်တယ်။သူ့နောက်က ဝက်ဝံတွေ။ဒီငတိတွေကျတော့ သောက်..သောက်..။ပြီးရင် မှောက်။ဒါပဲ။နောက်ဆုံးကတော့

ဝက်တွေပဲ။သူတို့ရေချိန် နောက်ဆုံး တစ်ပက် သောက်ပြီး အန်တော့တာပဲ။အမျိုးအစားခွဲထားတာ ပြည့်စုံတယ်လို့တော့

ဘယ်ပြောလို့ရမလဲဗျာ..။မြင်ဖူးတယ်။တစ်ချို့ စသောက်တော့ မြင်း။နောက်ဆုံး ဝက် ဖြစ်ပြီး နိဂုံးချုပ်သွားတာ။ တစ်ချို့

ကျတော့ ခွေး။ဝူးဝူးဝါးဝါး နဲ့ နောက်ဆုံးကျတော့ ဝက်ဝံဖြစ်သွားပြီး မှောက်သွားတော့တာပဲ။တော်သေးတာ ခု ငတိက

ဝက်လိုမအန်ဘဲ ဝက်ဝံလို မှောက်သွားပေလို့ပေါ့။ နို့မို့ဆို အန်ဖတ်ပါ ကျုံးနေရဦးမယ်။

အဲဒီလူ ကိစ္စရှင်းပြီးလို့ နာရီမော့ကြည့်တော့ တစ်နာရီဆယ်မိနစ်။ရိုစီနဲ့ သူ့အဖေတို့ သားအဖနှစ်ယောက် အားလပ်

ရက်ယူပြီး ဂိုအာ ကို သွားနေကတည်းက ညဆို ဒရာဗီမှာရှိတဲ့ ကျွန်တော့်အခန်းပြန်ရောက်တဲ့အချိန်က သန်းခေါင်ကျော်ပဲ။ည

တိုင်းဗျာ..ဆိုင်ကထွက်တဲ့အချိန်တောင်တစ်နာရီကျော်နေတာ။အင်း..ကျွန်တော့်အမှားလည်းပါတယ်။အရက်စပ်တတ်တဲ့

အကြောင်း၊ချိန်တတ်တဲ့အကြောင်း၊နောက်ပြီး ကမ်ပရီနဲ့ဆိုဒါ ရယ် ဘလက်ဒီးမာရီ အကြောင်းတွေရယ်သာ ကျွန်တော်

အာမချောင်မိရင် ခုလိုတော့ဖြစ်မယ်မထင်ဘူး။ပြီးတော့ အဲဖရက်ဒ် မရှိလို့ ကျွန်တော့်ကို ကြီးကြပ်ပါဆိုပြီး တရားဝင်လည်း

ပြောထားတာမဟုတ်ဘူး။လုပ်တတ်လို့ လုပ်ခိုင်းနေတဲ့ သဘောပဲ။

 ဂျင်မီ အရက်ဆိုင်က ကိုလာဘာ မှာရှိတာ။ အရက်ဆိုင်ဆိုပေမဲ့ အရက်ချည်း သီးသန့်တော့မဟုတ်ဘူး။စားသောက်

ဆိုင်လို့လည်း ပြောလို့ရမယ်။ နံရံတွေပေါ်မှာ အရောင်လွင့်နေတဲ့ ပိုစတာတွေ ဝေါလ်ပေပါတွေကပ်ထားတယ်။အရက်

ဘားကောင်တာနောက်မှာ မှန်တွေရှိသဗျ။ပရိဘောဂတွေကတော့ အခိုင်အခန့်ကြီးတွေ။မွမ်ဘိုင်း တောင်ဘက်ပိုင်းမှာတော့

အစားအသောက်လေးတွေ ကောင်းလှရဲ့ဆိုပြီး နာမည်လေးတော့ ရထားတယ်။အရသာရှိတယ်။ ဈေးသက်သာတယ်။

အဲဒီတော့ အလွှာစုံက လူတွေ လာကြတာပဲ။လခထုတ်ရက်များ လာကြည့်ရင် ကုမ္ပဏီတစ်ခုခုက ထိပ်သီးမန်နေဂျာက

နေ အောက်ခြေ စက်ရုံအလုပ်သမားထိ ဆက်ရက်(ဇရက်)မင်းစည်းစိမ်လေး ကိုယ်စီခံစားနေကြတာ တွေ့ရပါလိမ့်မဗျာ။

ကုမ္ပဏီက လူကြီးတွေ၊ သူဌေးတွေဆို ကျွန်တော်တို့ မန်နေဂျာ ပျာနေတာပဲ။ကျွန်တော်တို့ကိုလည်း သူတို့နဲ့ အတင်း

သွားပြီး ပွားခိုင်းတော့တာပဲ။ ရိုစီ့ အဖေ အဲဖရက်ဒ် ဒီစူဇာ ကအရက်ကောင်တာကို ကြီးကြပ်ရတဲ့ ဘားမင်း ဆိုပါတော့။

လူကသာ တုန်ချိချိရယ်..အရက်သမားအထာအကုန်ညက်တယ်။ဘယ်လို ပွားရမယ်။ဘယ်လို စကားခွန်းထောက်ခံ

ရမယ် ဆိုတာ အရမ်းနပ်တယ်။လာနေကျ ဖောက်သည်တွေ နာမည်နဲ့တကွသေသေချာသိတယ်။ သူတို့ပြောတာ

ဆိုတာ ငိုတာညည်းတာနားထောင်ပေးတယ်။ခေါင်းလေး တညိတ်ညိတ်နဲ့နားထောင်ပေး..အရက်ဖိုးဘေလ် က

တအိအိတက်။အဲ..သူ့သမီး ရိုစီကလည်း မခေဘူး။ သူ့ အဖေခြေရာ နင်းဦးမဲ့ မိန်းကလေး။ဘားကောင်တာနောက်

မှာ ဘလောက်စ် အင်္ကျ ီလည်ဟိုက်ဟိုက်နဲ့ စကတ်တိုတိုကြပ်ကြပ်လေးဝတ်ပြီးပဲကလေးနဲ့ထိုင်နေ။အရက်ကောင်း

ဝယ်သောက်တဲ့ ငနဲတွေရှေ့ဆို ခါးလေးကိုင်းကိုင်းပြီး..အဟေးဟေး..ဝန်ဆောင်မှုကောင်းတာ ပြောပါတယ်။ပြည်

တွင်းဖြစ်သောက်တဲ့ကောင်တွေတော့ ဘယ်ပြ..အဲလေ..အဲလောက်ကြီး မဖော်ရွေဘူးပေါ့။တစ်ခါတစ်လေ

အဲဒါပြဿနာဗျ။တစ်ချို့ငတိတွေက ပိုက်ဆံတော့ ရှိပါရဲ့။စိတ်ဓာတ်ကျတော့ သိပ်ကောင်းတာမဟုတ်ဘူး။ဟယ်..

ဒီလူကတော့ ဘောစိထင်တယ် ဆိုပြီး ရိုစီတစ်ယောက် ကလူ၏သို့ မြှူ၏သို့သွားလုပ်။ဟိုငတိတွေ ကလည်း

ဟ.အချိုချောင်လေး ထင်ပါရဲ့ဆိုပြီး ရဲရဲတင်းတင်း ကြံကုန်တော့ အကုန်ကို့ရို့ကားယားဖြစ်ကုန်တော့တာပဲ။ဪ..

အဲဒီလိုအချိန်မျိုးကျတော့ကျွန်တော်က ဘားဆိုင် လူမိုက်ဖြစ်တော့တာပဲ။အဲဒါကျတော့ တရားဝင် တောင်းဆိုထားတာ

ဗျ။“ဟေ့..ရမ်းကားတဲ့ကောင်တွေ မင်းထိန်းနော်..”ဒါမျိုး လာတာ။

ဦး အဲဖရက်ဒ်ကြီးက သူ့သမီးကို ကျွန်တော်က ကြောင် နေသယောင် ထင်နေတာဗျ။သူ့သမီး အနားသွားမိလို့ကတော့

သိမ်းငှက်မျက်လုံးနဲ့နည်းနည်းမှ အလွတ်မပေးဘဲ ရှိုး နေတာ။အဲဒါ..လုံးဝမှားတာ။ရိုစီလေးက ချစ်စရာပါ။အရပ်ကလေးကတော့

ခပ်ပျပ်ပျပ်ပဲ။ ရင်ကလေးတော့ ထွားသဗျ။ထားပါတော့။သူကလည်း လာတယ်။ခေါင်းလေးငဲ့လို့ မျက်စိမှိတ်ပြရတာနဲ့ ဘာနဲ့။

ကျွန်တော့်ကို အထာပေးနေတာ(ဖြစ်မှာပါ)။ဒါပေမဲ့ ကျွန်တော်ရင်မခုန်ဘူး။ကျွန်တော့်ခေါင်းထဲမှာ တစ်ယောက်ပဲ စိုးမိုးထား

တာ။နီတာ..နီတာရယ်လေ။အက်ဂရာက ဆရာဝန်တွေပြောတာတော့ သူ နာလန်ထ ဖို့ လေးလလောက်တော့ အနည်းဆုံး

နားနေရမှာပဲတဲ့။ပြီးတော့ ရှရမ်ဆိုတဲ့ကောင်ကလည်း ကျွန်တော့်ကို နီတာ နဲ့တွေ့ခွင့်ပေးမှာ မဟုတ်ဘူး။ကျွန်တော် သိတယ်။

ကျွန်တော် မွမ်ဘိုင်း ကိုပြန်လာရတဲ့ အကြောင်းအရင်းက..ခုတော့ ခင်ဗျားတို့ နားလည်ကြဦးမယ်မထင်ဘူး။အက်ဂရာ က

မကောင်းဆိုးဝါးတွေကို နှင်ထုတ်ဖို့။အပြီးအပိုင် မောင်းထုတ်ဖို့။သေသွားတဲ့သူတစ်ယောက်ရယ် ရှင်နေတဲ့သူ တစ်ယောက်ကို

ပါ ပူးကပ်နှောင့်ယှက်ခဲ့တဲ့ မိစာ္ဆကောင်။ပြောသာပြောရတယ်။ကျွန်တော်လည်း ဒီမှာ ရင်တထိတ်ထိတ်နဲ့။ဘယ်အချိန်

ဘာပြဿနာတက်မလဲ စိုးရိမ်နေရတဲ့ ဘဝ။တစ်ခါတစ်လေ လမ်းကြိုလမ်းကြားထဲကနေ ကျွန်တော်ဖြတ်ပြန်တဲ့အချိန်မျိုး

ရှမ်တာရမ်ကြီး ရဲ့ ရယ်မောသံကို ကြားမိသလိုလို။ ညပိုင်း မြို့ပတ်ရထားပေါ် အိပ်ငိုက်နေတုန်း နီးလိမာ ကုမ္မာရီ

ရဲ့ အော်ခေါ်သံကို ကြားမိသလိုလို။စိတ်ထဲမှာ ချောက်ချောက်ခြားခြားတွေ ဖြစ်နေမိတာ။ဆလင်း တစ်ယောက်ဖြင့်

ကျွန်တော့်ကို နေရာတကာမှာရှာနေတော့မှာလား…။ဒါပေမဲ့ သူနဲ့ မတွေ့ဖို့ ကျွန်တော် သတိထားနေတယ်။ဘာလို့

ဒီလိုဆုံးဖြတ်တာလည်း ဆိုတာ နောက်တော့ သဘောပေါက်လာမှာပါလေ။ဝဲဩဃ တွေ၊လှိုင်းတံပိုးတွေနဲ့ ခက်ထန်တဲ့

ကျွန်တော့်ဘဝရဲ့ ဒုက္ခတွင်းထဲ သူ့ကို ကျ မလာစေချင်ဘူး။နောက် ကျွန်တော့်ရဲ့ ရူးသွပ်တဲ့ အကြံအစည်ကြားမှာ သူ့ကို

ညပ် မသွားစေချင်ဘူး။ဒါပေမဲ့ သူ့ကိုထားခဲ့လို့ ..ပစ်ထားခဲ့လို့ နောင်တရမိတဲ့စိတ်ကတော့ ရင်ထဲမှာ ဆူး တစ်ချောင်းလိုပဲ။

******************************