Field ထဲက Feel (3)-Poor ကျွဲ

Shwe EiAugust 24, 20111min26811

ကြက်တွေ၊ ဘဲတွေ ပြီးတော့ ဝက်တွေပါ။ ဝက်သားပေါက်လေးတွေ (နို့ခွဲပြီးခါစ) ၃ကောင်စီဝေပါတယ်။ ဒါပေမဲ့ စုန်းပြူးဆိုတာ နေရာတိုင်းမှာရှိတတ်တော့ ကိုယ်လိုချင်လို့တောင်းထားပြီးမှ မယူတော့ဘူးလို့ငြင်းတဲ့ အိမ်ထောင်စု သုံးစုလောက်တွေ့ ရပါတယ်။ ဒီဝက်တွေကို ကိုယ်တွေဘဲထိန်းသိမ်းရပြန်တာပေါ့။

အဲ ရှေ့ဆင့်နောက်ဆင့် ဆိုသလိုဘဲ ဟိုဘက်ရွာက ကျွဲဝယ်ပြီးပြန်လာတဲ့ ကောင်လေး၂ယောက်ကို အခြေနေသွားကြည့်ရပါတယ်။ ကျွဲ(၇)ကောင်ကို ချောင်းထဲကဖြတ်သယ်လာရတော့ ၂ယောက်လုံးကြည့်ရတာ အတော်ပြိုင်းနေပုံပါ။ ကမ်းပေါ်ရောက်လို့ ကြည့်လိုက်တော့ သူတို့ကျွဲတွေကခိုင်းလို့ မရသေးတဲ့အရွယ် ပိစိကွေးတွေ။ ဒွတ်ခဘဲ၊ ဒါကပြသနာဖြစ်လာအုံးမဲ့နောက်တခု။ အဲဒီ ကျွဲနဲ့အတူပါလာတဲ့ ပြသနာအကြီးကြီးက အုတ်ကဌ (သဂျီး) အိမ်ပေါ်ရောက်နေပြီ။
ရုံးကကောင်လေးတယောက်က” အမ၊ ခဏလိုက်ခဲ့အုံး၊ ကျွဲကိတ်စ ပြသနာတက်နေပြီ၊ ကျွဲဖြတ်သယ်လာတဲ့ရွာက လူမိုက်တယောက်ရောက်နေတယ် (ကြားဖူးတာတော့ လူ၃ယောက်သတ်ဖူးတယ်ဆိုဘဲ)။ သူ့ရွာကို ကျွန်တော်တို့ကျွဲတွေ ဖြတ်သယ်တာသူ့ခွင့်ပြုချက်မပါဘူးတဲ့။ ရွာခံတွေကျ ဘာမှမပေးဘဲနဲ့ ကျွဲတွေဖြတ်သယ်တုန်းကကျ ရွာမှာတထောက်နားတယ်တဲ့။” ဗုတ်ဒေါ (ဘုရားရေ)၊ အဲဒါ ငါကဘာလိုက်လုပ်ပေးရမှာတုံးဆိုတော့ နည်းနည်းပါးပါး စကားလေးဘာလေးပြောပြီး တောင်းပန်ရမယ်တဲ့။ ဟိုကောင်တွေ ဘာလုပ်လာမှန်းကလည်း သေချာမသိတော့ သွားတွေ့ဆိုလည်းတွေ့ရတာပေါ့။ ဒါပေမဲ့ ငါတယောက်ထဲတော့ သွားဘူးဆိုပြီး ရုံးကကောင်လေး၂ယောက်နဲ့ ချီတက်ခဲ့ကြတယ်။
အံမယ် ဦးလေးက သဂျီးအိမ်မှာ မိန့်မိန့်ကြီးအရက်ဝိုင်းနဲ့ငြိမ့်နေတာဗျာ။ အဲဒါနဲ့ ပါလာတဲ့ကောင်လေးတရောက်က သူ့ကိုယ်သူမိတ်ဆက်ပြီး ကျွန်တော့်ဦးလေးဘကြီးနဲ့ ဦးကြီးတို့အမျိုးဘကြီးနဲ့ အမျိုးတော်တယ်ဆိုလား၊ စပ်မိစပ်ရာတွေလျှောက်ပြောနေပါလေရော။ ဒီနေရာမှာ ကျွန်မလိုတနယ်သူက ရွာခံတွေလောက် အခြေနေကို ကျွမ်းကျင်စွာမကိုင်တွယ်နိုင်ဘူးဆိုတာ သဘောပေါက်ထားတော့ ကျွန်မက ပရောဂျက်တာဝန်ခံပါလောက်ပဲ ပြောပြီးငြိမ်နေလိုက်တာပေါ့။ ကျွန်မတို့ ဝန်ထမ်းကောင်လေး၂ယောက်အပြောကောင်းတာရော၊ သဂျီး ဧည့်ခံကောင်းတာရော ၂ခုလုံးရောပြီး အဲဒီ လူမိုက်ဦးလေးကြီး (အသားမည်းမည်း၊ ဒေါင်ကောင်းကောင်း၊ ဝဝတုတ်တုတ်) က ဘာပြောလဲဆိုတော့ ကလေးတွေမို့ နားမလည်သေးတာရော၊ ကိုယ့်ဒေသကိုလာရောက်ကူညီသူတွေဖြစ်နေတာကြောင့် သတိပေးရုံလောက်ဘဲ လုပ်တာပါဆိုပြီး ပြန်သွားပါလေရောရှင်။

အဲ၊ ကျန်ခဲ့တာကတော့ ရုံးကလေးရယ်၊ ဝက်ပေါက်လေး ၉ကောင်ရယ်၊ ဘဲအကောင်၂ဝလောက်ရယ်၊ ကျွဲရကောင်ရယ် ၊ ကျွန်မတို့ဝန်ထမ်းတွေရယ်ပေါ့ရှင်။ ကိတ်စတွေ အတော်အသင့်ရှင်းသွားတော့ ဝန်ထမ်းတယောက်ကဒီလိုပြောပါသေးတယ် ”ဒီကောင်တွေ ထမင်းထုပ်ပဲ မြင်တာ၊ ဝါးရင်းဒုတ်ကိုမမြင်ဘူး သိလားအမ” တဲ့။ ”အေးငါတို့လည်း ဝါးရင်းဒုတ်ကြီးမြင်ပြီး အရိုက်မခံရတာကံကောင်း”လို့။

ဆက်ရန်
Shwe Ei
24th Aug 2011

11 comments

  • hmee

    August 24, 2011 at 3:18 pm

    တော်သေးတာပေါ့ တောသားတွေက လုပ်ချင်ပြီဆို သိပ်တွေးတာမဟုတ်ဘူး နောက်မှ နောက်ရောက်ရာပဲ။ ကံကောင်းလို့ အရိုက်မခံရတယ်။ 🙂

  • Shwe Ei

    August 24, 2011 at 3:22 pm

    အား၊ First Comment ကမမှီဘဲ။ စိတ်ဝင်စားတဲ့လူနည်းတော့ မဖတ်ကျတော့ဘူးထင်တာ။ Thanks!
    ဟုတ်ပါတယ်၊ ကျွန်မတို့ ပုံစံတွေကလည်း ကလေးသာသာဒီဇိုင်းတွေဖြစ်နေလို့ လျှော်ပေးသွားတာဖြစ်ပါလိမ့်မယ်။

  • Shwe Ei

    August 24, 2011 at 3:55 pm

    ဒါပေမဲ့ တောသားအားလုံးကို သိမ်းကြုံးပြီး ပုတ်ခတ်စော်ကားခြင်းမဟုတ်ကြောင်း ကြိုပြီးတောင်းပန်ထားပါရစေ။ (အနီရောင်တွေ တွေ့နေရလို့ပါ)

  • pooch

    August 24, 2011 at 4:27 pm

    ဟယ ် ……..ဒါဆို ရွှေအိတို့ က ရှိသမျှ အကောင်ပလောင်လေးတွေ အကုန် စောင့်ရှောက်ရတာပေါ့ ….
    မလွယ်ဘူးနော် …. သူတို့ တာဝန်က လည်း မသေးဘူးရယ် …

  • Moe Z

    August 24, 2011 at 4:30 pm

    မရွှေအိက ခေတ်မှီတယ်နော်၊ ဇာတ်လမ်းတွဲလိုပဲ ဆက်ရန်တဲ့….
    just kidding 😛

    • Shwe Ei

      August 24, 2011 at 4:37 pm

      ဟုတ်ကဲ့ တကယ်ဆက်အုံးမှာပါ။

  • Shwe Ei

    August 24, 2011 at 4:36 pm

    ဟုတ်ပါတယ်၊ အိမ်ရှေ့ကဦးကြီးတွေ ကျေးဇူးကြီးပေလို့ပေါ့။ ဝက်ကလေးတွေ ချောင်းစပ်မှာထားတဲ့တညက ပရောဂျက်ထဲခဏလာတဲ့ စာရင်းကိုင်ညီမလေးနဲ့ စကားပြောနေတုံး ဝက်တွေအရမ်းအော်နေလို့ ဘာဖြစ်ပါလိမ့်စဉ်းစားနေတာ၊ သူကနယ်ခံဆိုတော့ သိတယ်ထင်ပါရဲ့ ဘာပြောတယ်မှတ်လဲ။ ”မိချောင်းဆွဲသွားရင် ဒုတ်ခဘဲ အမရေ” ဆိုတော့မှ ကိုယ်တွေ ရေဆင်းချိုးနေတုန်းက ကြောက်ရမှန်းမသိတဲ့ မိချောင်းရန်ကို ဝက်တွေအတွက်စဉ်စားပြီး အတော်လေးစိုးရိမ်သွားပါတယ်။ ဟိုဦးကြီးတွေ လာသိမ်းပေးသွားလို့တော်သေး။ မိချောင်းက ကိုယ့်အနီးအနားကရွာမှာ ငါးဖမ်းပိုက်တိုးမိပြီး အသေမိထားတာမကြာသေးတော့ အဲဒါကိုသတိရသွားတာလဲပါတာပေါ့။

  • မီးမီး သော်

    August 24, 2011 at 11:26 pm

    မရွှေအိတို ့ပရောဂျက် ကဘာများပါလိမ့်။အိမ်မွေးတိရစ္ဆာန်တွေတော့အများသားပါလား။အင်းဆက်ရန် ဆိုတော့ နောက်ပိုင်း ဇာတ်ကြမ်းလာမှာလား မရွှေအိရေ

    • Shwe Ei

      August 25, 2011 at 11:24 am

      ကျွန်မတို့ ပရောဂျက်က လူထုအခြေပြု မုန်တို်င်းအန်တရာယ်လျှော့ချရေး ပါ။ နောက်ပိုင်းနည်းနည်း ပိုကြမ်းပေမဲ့ တခန်းရပ် ပြဇာတ်လိုခဏပါဘဲ။

  • ကြောင်ကြီး

    August 25, 2011 at 8:54 am

    အဲဒီ့လူမိုက်ကြီးဆိုတာ ကျုပ်ရဲ့တပည့်ကျားကြီးဆိုသူပဲ။ ရွာထဲမှလည်း လူမိုက်မရှိဘူးထင်ရင် မှားသွားမယ်နော် မရွှေအိ၊ ကျုပ်ကစေတနာနဲ့ ပြောတာ၊ ရပ်ရွာကောင်းကျိုး ဘာညာကွကွ ဆင်ခြေဆင်လက် ဒီရွာမှာ သုံးလို့မရဘူး။ မနက်ဖြန်မနက် မျက်နှာသစ်ဖို့ ခေါင်းရှိနေသေးရင် အချိုးပြင်၊ ဒါပဲ…

  • Shwe Ei

    August 25, 2011 at 9:35 am

    သဘောပေါက်ပါတယ် ဦးကြောင်ကြီးရှင်။ ကျွန်မတို့အတတ်နိုင်ဆုံးလိုက်နာနေပါတယ်။:P

Leave a Reply