မျောက်တစ်ကောင်နှင့် မိတ်ဆက်ခြင်း

ဂ်စ္စူSeptember 3, 20111min2989


ဦးစွာပထမ မိတ်ဆက်ရလျင် ကျွန်ုပ်သည် ခြေအငြိမ်မနေ၊လက်အငြိမ်မနေ၊ဦးနောက်လဲ အငြိမ်မနေတဲ့ မျောက်တစ်ကောင်ဖြစ်ပေသည်။
အကျွန်ုပ်အကြောင်း မသိသေးသော ရောင်းရင်းမိတ်ဆွေများ ကျုပ်ကိုလူလား မျောက်လား သိအောင် ငယ်စဉ်ကမျောက်ကျခဲ့တာလေးတွေ
နဲ ့အရင် မိတ်ဆက်ပေးလိုက်ပါ့မယ်။ကျွန်ုပ်ဘဝ တစ်စိတ်တစ်ဒေသကို ဤရွာထဲတွင် မြှုပ်နှံ၍ လုပ်ကြံပြီးရေးရင်းဖြင့် အကျွန်ုပ်သည်လူစင်စစ်မှ မျောက်ဖြစ်ခဲ့ရလေပြီ။ 😛
ရှိစေတော့..ရှိစေတော့,,ငယ်စဉ်က မျောက်ကျခဲ့တာလေးတွေ..ရှုပါလော့.မိတ်ဆွေ။

မျောက်-၁

မှတ်မိပါသေးတယ်။ငယ်ငယ်က ကျုပ်အရမ်းလိုချင်တဲ့ Walk Man ဆိုလား ဘာလားမသိ။စက်ထဲက အသံတွေထက်တယ်လေ..
အင်း..အင်း..
အဲတာ လိုချင်လွန်းလို ့ ရွာထဲမှာ တောက်တိုမယ်ရလျှောက်လုပ် ၊ပြီး ရလာတဲ့ အသပြာလေးစုပြီး သကာလ တစ်လတစ်ခါ
မြို ့တက်ပြီး ရှေားပင်း ထွက်တတ်တဲ့ ကာလသားကြီး ကိုရင်ကြောင့်ကို မှာလိုက်ပါရော။ကိုရင်ကြောင်လဲ ခြေကြွခဆိုပြီး ဝါးခကို
ထက်ဝက်လောက်ပိုတောင်းပြီးသကာလ မြို ့အပြန်မှာ အဲဒီစက်ကလေး ဝယ်လာပေးရှာပါတယ်။

“မောင်မင်း လူကလေး..
ဒါကဓာတ်ခဲ၊ဒါကဓာတ်တိပ်ခွေ၊ဒါက ဓာတ်နားကြပ် လို ့ခေါ်သကွဲ ့၊တစ်ယောက်ထဲ နားထောင်ချင်ရင် ဒီဓာတ်နားကြပ်ကို
နားမှာ ချိတ်ပြီး နားထောင်ကွဲ ့၊ဓာတ်ခဲကုန်သွားရင်တော့ အသစ်ဝယ်လဲရမယ်ကွဲ ့.အဲတာမှ စက်က လည်ပြီး ဓာတ်သံ..အဲ..အဲ.
သီချင်းသံ ထွက်လာမကွဲ ့။”

ကျုပ်လဲ ခေသူမဟုတ်။သူပြောတာ အကုန်မှတ်မိ။ ပြတဲ့အတိုင်း အကုန်လိုက်လုပ် အားလုံး အမှားမရှိ
အိုကီပဲ။ဒါပေမဲ့ ကျုပ်က မျောက်ဆိုတော့ အဲဒီ ဓာတ်စက်လဲ သုံးရက်ထက်ပိုမခံပါ။ခေသူမဟုတ်တဲ့ မျောက်ဆိုတော့ လက်ကလဲ
အငြိမ်မနေ၊ဦးနှောက်ကလဲ အငြိမ်မနေ၊ခဏခဏ ဝယ်ထည့်ရတဲ့ ဓာတ်ခဲကို ကပ်စေးနဲ ချင်လာပြီ။ကိုရင်ကြောင်ပြောတာတော့
အဒပ်ပတာ ဆိုလား ဘာလားတော့ မသိပါဘူး အဲတာရှိရင် ဓာတ်ခဲ မလိုဟုပြောပါတယ်။ဒါပေမဲ့ ရွာမှာက သူကြီးဘခိုင်က လွဲပြီး
ဘယ်အိမ်မှ လျှက်စစ်မီး မရှိကြဘူးလေ။သဂျီးဘခိုင်က သဂျီးဆိုတော့ အဲဒီသဂျီးအရှိန်အဝါထောက်ပြီး တခြားဂြိုလ်ကနေ VIP အဖြစ်
သီးသန် ့မီးသွယ်ပေးထားတယ်ပြောတယ်။အဲတာ..နဲ ့ ဓာတ်မရှိပဲ အဒပ်ပတာ ဝယ်ရင် အလကားပဲလေ။
အဲတော့  အဒပ်ပတာ ဝယ်ဖို ့ အစီအစဉ်မရှိ..အသပြာလဲ ဗလာနတ္ထိ၊ဓာတ်ခဲကလဲ ဂွိနေလေရဲ့ဆိုတော့ ဓာတ်သီချင်း နားထောင်
ရန်အလို ့ငှာ ဒီနည်းသာရှိပေတော့တာပေါ့။ဟုတ်တယ်..အဲဒိ အစီအစဉ်နဲ ့ဆို အိုကီမှာ စိုပြည်ပဲ။

သဂျီး မိတင်(Meeting)ဆီသွားရင် ကျုပ်ကို အိမ်စောင့်ထားနေကျ၊သဂျီးဆီမှာ ဓာတ်မီး
အဲ..လျှပ်စစ်မီး ရှိတယ်ဆိုတော့..အိုကီပေါ့ဗျာ။တစ်နေ ့ သဂျီးမိတင်ဆီ ဒိုးနေတုန်း..ဓာတ်သံထွက်ဖို ့ရာ ကောင်းကောင်း ကလိပါတော့တယ်။
စက်က ဓာတ်ခဲ အဖုံးကိုဖြုတ်၊အားကုန်နေတဲ့ ဓာတ်ခဲတွေထုတ်၊ပြီးတာနဲ ့ မီးပိတ်ထားတဲ့ ဓာတ်ကြိုး စ နှစ်ဘက်ကို ယူပြီး
ဓာတ်ခဲဖြုတ်လိုက်တော့ ပေါ်လာတဲ့ စက်က စပလိန်(Spring)နဲ ့ ဆက်ပါတော့တယ်။ပြီးတော့ တိပ်ခွေလေးထည့်ပြီး အဖုံးလေး
ပြန်ပိတ်၊ပြီးတော့ ပိတ်ထားတဲ့ မီးခလုတ်ကိုသွားဖွင့် ပါတယ်။မီးခလုတ်လေး ဂျလောက်ဆို ဖွင့်လိုက်တာနဲ ့ ကျုပ်ဓာတ်စက်က “ဖုန်း”
ဆိုအသံမြည်ပြီး  မီးခိုးလေးတွေထွက်လာပါရော၊အဲတာနဲ ့ မီးခလုတ်ကိုပြန်ပိတ်။ဓာတ်စက်လေးကိုပြန်ကြည့်တော့ မီးခိုး တလူလူနှင့်၊

ဓာတ်ခဲဖုန်းလေးဖွင့်ကြည့်ပြန်တော့လဲ အငွေ ့လေးတွေထက်လာပြီး ညှော်နံ ့ လေးပါရလာပါတယ်။သေချာပြီ..ကျုပ်ဓာတ်စက်လေး မအိုကီ
တော့ဘူး..ကြွသွားချေပြီ။ကလိချင်ဦးဟဲ့..မျောက်လောင်းရဲ့..လို ့သာ ကိုယ့်ကိုယ်ကိုယ် အပစ်တင်ယုံကလွဲပြီး ဘာမှမတတ်နိုင်။ကုန်ခဲ့လေပြီ။
ဒါတင်ဘဲလားဆို..မကသေးပါ။ကျွန်ုပ် မောင်ပိစိသည် မြောက်ဦးနှောက် နှင့် မြောက်လက် ပေါင်းစပ်ပြီးသကာလ ကျွန်ုပ် ငမျောက်လက် ဆီသို ့
ရောက်ရှိကြကုန်သော Walk man,Mp3,Mp4,Mp5,TV,CD Player,Camera,Computer,Scanner,Printer,Flash Drive,လက်ပက်နာရီ၊
တိုင်ကပ်နာရီ၊အောက်စက်၊ဖိနပ်၊ခါးပက်၊စက်ဘီး၊တီရှပ်၊ဂျင်းဘောင်းဘီနှင့်  ထီးတို ့သည်လဲ သက်တမ်းစေ့ မနေရဘဲ အနိစ္စသဘောနှင့်
လျင်မြန်စွာ ကိစ္စ ချောခဲ့ပေါင်းလည်း မနည်းလှကြောင်းပါခင်ဗျား။

မျောက်-၂

တစ်ဂယ်ချောင်ခဲ့သည် 😀

မျောက်ဆန်စွာ ခုန်ပျံကျော်လွှား အလုပ်ကောင်းမှုကြောင့် ဒူးချောင်ခဲ့ရဖူးလေရဲ့။အနှီတရားခံမှာ သဂျီးပင်ဖြစ်ပေမည်။
ဟုတ်ပါသည်။ညဘက်ညဘက်ဆို.. 😀 သဂျီးက ကျန်ကျောင်း ဇာတ်လမ်းတွဲပြချင်သလိုလို၊ထန်းလျက် ကျွေးချင်သလိုလိုနှင့် ခေါ်ခေါ်
နှိပ်ခိုင်းလေ့ရှိတယ်လေ။ရွာမှာက ဓာတ်ရှင်ဆိုလို ့ သဂျီးတစ်ယောက်သာ ကြည့်နိုင်တာဆိုတော့ ကျုပ်လဲ ကျန်ကျောင်း
ဇာတ်လမ်းတွဲကြည့် ချင်တာနဲ ့ ပဲ အချိန်တန်ရင် သဂျီးဆီသွားပြီး နှိပ်ပေး၊နင်းပေး ရတော့တာပေါ့ဗျာ။
အင်မတန်ပေရှည်ပြီး ကပ်စေးနဲလှသောသဂျီး။ကျန်ကျောင်း လူဆိုးဖမ်းပြီးလို ့ ဓာတ်ရှင် ပိတ်သွားလဲ သဂျီးက အနင်းခံလို မပြီးသေး၊
အိုဗာတိုင် ဆက်ဆင်းနေရသေးတယ်။ပြီးတော့..ထန်းလျက်ဆိုလဲ သုံးခဲထက် ပိုနှိုက်ခိုင်းတာမဟုတ်။ဘာတဲ့..များကြီးနှိုက်စားရင်
ဘားကျက်ဆိုလား ထိခိုက်လို ့တဲ့ဗျာ။ကျုပ်လက်ကလဲ မျောက်လက်၊ပြီးတော့  ရွာဦးကျောင်းမှာ ကပ္ပိယ မောင်ဘုလုနဲ ့လဲ
ဘော်ဒါတော်တယ်ဆိုတော့ သဂျီးလစ်တာနဲ ့ ၂ခဲ ၃ခဲ လောက်က လက်ထဲ အသာလေးပါပြီးသား..
”ဟဟ..ဘယ်ရမတုန်း..သဂျီးရဲ့..ဒါကတော့ အိုဗာတိုင်ကြေးပေါ့ကွယ်.ငှဲငှဲငှဲ..”ဟုလဲ စိတ်ထဲက ကျိတ်ပျော် ရတာပေါ့ဗျာ။
(ထန်းလျက် ဘတ်တာ သဂျီးမိသွားလျင်တော့ တစ်ခဲကို ၁ဝ မိနစ် အိုဗာတိုင် ဆက်နင်းပေးရပါတယ်)

တစ်နေ ့…ကျန်ကျောင်းကြည့်ဖို ့ကလဲ.အချိန်လိုသေးတာနဲ ့မောင်ဘုလု ဆီ ဂေါ်လီကြွေး တောင်းရန် ရွာဦးကျောင်းသို ့
ထွက်လာမိပါတယ်။ကျောင်းရောက်တော့ ဘုလုကို ပတ်ရှာတာ မတွေ ့၊အိပ်တဲ့နေရာလဲမရှိ၊ဂေါ်လီရိုက်တဲ့နေရာလဲ မတွေ ့နဲ ့၊
ဆွမ်းချိုင့်ဆွဲရန် ရွာထဲလဲ မလာသေး၊ဆိုတော့..သေချာပြီ..ဘဘုန်းကြီး က ဘုလုကို ဘုရား ဝဋ်တက် ခိုင်းနေတာပဲ ဖြစ်မယ်ဆိုပြီး
ဘုရားရှိခိုးတဲ့ အဆောင်ဘက်သို ့စတင် ခြေလှမ်းမိပါတယ်။

ဘုရားရှိခိုးဆောင်နားအရောက် ကျုပ် စိတ်တွေရုတ်ချည်းပြောင်းသွားလေပြီ။အကြောင်းမှာ အဆောင်ပေါက်ဝနား မရောက်ခင်
ဆန်ထည့်ရန်လားမသိ..တိုင်ကီပိုင်းတွေ ၁ဝလုံးနီးပါးခန် ့.ချထားတာမြင်မိပြီးသကာလ ဘယ်လိုမှ ထိန်းမနိုင်၊မျက်စိရှေ ့မှာ တန်းစီ
နေတဲ့ စည်ပိုင်းတွေပေါ် ရုတ်တရက် ခုန်တက်မိပြီး ပါးစပ်မှလဲ “ကျန်ကျောင်းကွ”ဟုအော်ကာ ကျန်ကျောင်း လေထဲမှာ
ပျံတာကိုမြင်ယောင်ပြီး ခုန်ပေါက် ကျော်လွှားမိလေ၏။စိတ်ထက် လုပ်ရပ် ကမြန်နေတော့ ကျုပ်လဲ ဘာမှ မတတ်နိုင်၊တဘုန်းဘုန်းနဲ ့
၅ လုံးလောက်ထိ ခုန်တက်ပြီးမှ ဘဘုန်းကြီး ကျိန်လုံးကို သတိရမိလေ၏။
ဒါပေမဲ့လဲ အလုံးစေ့အောင်တော့ ခုန်တက်လိုက်ပါသေးတယ်။

သို ့နှင့် နောက်ဆုံး တိုင်ကီပေါ်ကခုန်အဆင်း မသင်္ကာလို ့ ဘုရားကျောင်းဘက်
တစ်ချက်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ ဘဘုန်းကြီး ဦးဝိစိတ်တို ကျုပ်ကို မြင်ပြီး ထွက်လာချေပြီ။

“အလို..မောင်ပိစိ..တံမြက်စည်း လှည်းခိုင်း..ထင်းခွေခိုင်းတော့ ဖင်နာသလေး..ခေါင်းနာသလေးနဲ ့.ထွက်ထွက်ပြေးသွားတယ်
ပြီးတော့  ငါ့ကျောင်းထဲလာလာပြီး ဘောလုံးခိုးကန်၊ရေခိုးကူး၊ဂေါ်လီခိုးရိုက်တဲ့အပြင် ဘုလုကိုပါ လာလာဖျက်စီးတဲ့ကောင်
ခုလဲ ဘုလုကို ငါ ဘုရားရှိခိုး သင်ပေးနေတာ..မင်းက မျောက်ရှုံးအောင် လာဆော့ပြနေတာ့ ဘယ်လို ဆက်သင်လို ့ရတော့မတုံး.
လုပ်စမ်း..ထိုင်ထ အခါ တစ်ရာ”

ကြိမ်တစ်ရာဆိုလျင်တော့ ကျွန်ုပ် မောင်ပိစိ.. စိစိညက်ညက်ကြေသွားနိုင်သည်..ထိုင်ထ.တစ်ရာဆိုတော့ အပျော့ဆိုတွေးပြီး
“တင်ပါ့ဘုရား”ဆိုပြီးထိုင်ထလုပ်ရပါတော့တယ်။နားရွက်ကလေးဆွဲပြီး တစ်.နှစ်.ဆိုပြီး ထိုင်ထ. လုပ်ရာ အခါ
လေးဆယ်လောက်ရောက်တော့ ချွေးပျံလာပြီ၊ရှစ်ဆယ်လောက်ရောက်တော့ ထိုင်ပြီး ပြန်မထ.နိုင်တော့.၊
ဒါပေမဲ့..ကြိမ်စာမမိခင် ပြီးအောင်လုပ်ရမည်မို ့ လိမ်ဖယ်လိမ်ဖယ်နှင့် အခါ ၁၀ဝ ပြည့်အောင် လုပ်ပြီးသောအခါ ကွှန်ုပ်
မောင်ပိစိသည်လဲ နှုတ်ခမ်းတွေဖြူ၊မျက်လုုံးတွေပြာ၊ခေါင်းတွေခဲ၊ချွေးတွေရွှဲပြီး လမ်းပင် ကောင်းကောင်း မလျှောက်နိုင်တော့။
(နေကောင်းခါစ၊နာလန်ထကာစ နေ ့လဲဖြစ်၏)
အဲနေ ့ကတော့ ဘုလုဆီက ဂေါ်လီအကြွေးလဲမရ၊သဂျီးဘခိုင်ကိုလဲ မနင်း ပေးနိုင်တော့လို ့ ကျန်ကျောင်းလဲ သွားမကွ နိုင်၊
ယိုင်တိုင်တိုင်နှင့် အိမ် ပြန်ခဲ့ရပါကြောင်းခင်ဗျား။ အင်း..ဘခိုင်တော့ ထန်းလျက်ကျွေးဖို  ့မျှော်နေလေရော့မည်။ 😛

 

အပျော်ပါ  😀

9 comments

  • yetazar

    September 3, 2011 at 7:36 pm

    ရယ်ရတယ်ဗျ ။ ကြိုက်တယ် ။ ဟားဟား မျောက်မူးလဲဆိုတာမျိုးပေါ့ ။ ဟာသစာလေးတွေဖတ်ချင်ပါသေးတယ် ။

  • windtalker

    September 3, 2011 at 7:50 pm

    ကိုပေါက်ဖော် က အိုမျောက်ခေါ်
    အိုအခြောက်လိုသနော် တဲ့ဗျ
    ိဘာတဲ့…လာစမ်းဟဲ့ မာမီပု
    ပေါက်ဖော် နင့်ကို ထု….ပု

    • ပေါက်ဖော်

      September 3, 2011 at 8:08 pm

      အုန်းပင်အောက်ရောက်သွားတဲ့ အမောင်ပေက ကျွန်ုပ်ရေးဖူးတဲ့ အခြောက်အကြောင်း မှတ်မိသကိုးဗျ
      😀

  • MaMa

    September 3, 2011 at 7:51 pm

    ကောင်းလိုက်တဲ့ မျောက်လက်။ တံခါးရွက်ချိတ်ဖို့ သုံးရမယ်။
    🙂
    (အလကား နောက်တာနော်။ မျောက်ဦးဏှောက်နဲ့ စဉ်းစားပြီး မျောက်လက်နဲ့ ရေးထည့်လိုက်တာ သူများနဲ့မတူ တမူထူးခြားလို့ ဝင်အားပေးတာပါ။)

  • ဆူး

    September 3, 2011 at 8:37 pm

    တခါတုန်းက တရားစခန်းဝင် မဝင်ချင် ဝင်ချင်နဲ့ လိုက်သွားတာ.. စိတ်ကလည်း မပါတော့ ပျင်းပျင်းနဲ့ ကျောင်းမှာ ရှိတဲ့ မျောက်ကို တနေကုန် ထိုင်ကြည့်လိုက်တာ မျက်စိတော်တော်နောက်ပြီး မူးသွားတယ်။ နားကြားကောင်းအောင် စကားလှလှ သုံးတော့ မျောက်ကသိုဏ်းရှုတယ်ပေါ့။ အဟဲ..

  • mzm

    September 3, 2011 at 8:46 pm

    ရီရတယ်ဗျာ ထပ်တင်ပေးပါဦး

  • မီးမီး သော်

    September 4, 2011 at 12:37 pm

    ဟယ် ပေါက်ဖော်တို ့ကတော့ကြံကြံဖန်ဖန် ရေးတတ်လိုက်တာ။မျက်လက်တော့ မီးစမအပ်မိစေနဲ ့နော် ပေါက်ဖော်ရေ။

  • zaw min

    September 4, 2011 at 2:15 pm

    မျောက်မူးလဲပေါက်ဖော်….ဟိုးအရင်နှစ်ပေါင်းသုံးဆယ်လောက်က မျောက်မူးသေဆိုတာတကယ်တွေ့ဘူးတယ်၊
    အရေပြားအထူးကုဆရာဝန်ကြီးရဲ့သားပါ…အဲဒီတုန်းက ထိုသူငယ်အသက်(၆)နှစ်(၇)နှစ်ဝန်းကျင်လောက်ရှိမယ်ထင်တယ်….ဆရာဝန်ကြီးတို့မိသားစု ပုပ္ပါးကိုဘုရားဖူးသွားတဲ့ အချိန်ပါ၊သူတို့ရဲ့သားငယ်ဟာ ပုပ္ပါးမှာတွေတဲ့မျောက်တွေကိုလိုက်ပြီးဖမ်းပါတော့တယ်…မျောက်တွေကထွက်ပြေး အပင်ပေါ်တက်ပြေးပေါ့..အပင်ပေါ်ရောက်သွားတဲ့မျောက်နောက်ကိုဆက်မလိုက်နိုင်လို့ အပင်ကိုပတ်ပြီးပြေးပါတယ်…မျောက်ကလဲထိုသူငယ် အပင်ပေါ်တက်လာမှာကိုစိုးရိမ်တဲ့အတွက် သူကိုလိုက်ပြီးမျက်ခြေမပျက်ကြည့်နေပါတယ်…ထိုသူငယ်ကလဲ အပင်ကိုမရက်မနားပတ်ပြီးပြေးနေပါတယ်…ခဏကြာတော့ ဘုန်းဆိုပြီးမျောက်တစ်ကောင်ပြုတ်ကျလာပါ….ပြုတ်ကျပြီးပြီးချင်းပဲ မျောက်ခမျာသေသွားပါတယ်….အဲဒီနေ့မှစပြီးထိုသူငယ်လေးရဲ့ အမည်ဟာလည်း မျောက်မူးသေလို့ခေါ်တွင်သွားပါတော့တယ်…

    • ပေါက်ဖော်

      September 4, 2011 at 2:24 pm

      အဲဒီသူငယ်ကတော့ ကျနော့ထက် ဆိုးတာပဲ
      မျောက်တောင် မူးပြီးပြုတ်ကျသေ အောင်ကို အငြိမ်မနေတာဆိုတော့ 😀

Leave a Reply